People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မန္တလေးမှာ မီးသတ်ကားရဲ့ ဆီထုတ်ခွင့် QR ကိုပွားပြီး ဆီထုတ်သွား

စက်တင်ဘာ ၂၄၊ ၂၀၂၆။ ဟာနာဆန်/People's Spring

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

မနေ့က စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီလောက်မှာ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက် အရန်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်ဟာ ၇၈ လမ်းနဲ့ ၄၀ လမ်းထောင့်မှာရှိတဲ့ Regency (MEC) ဆီဆိုင်မှာ ဒီဇယ်ဆီ သွားရောက်ဝယ်ယူခဲ့ပါတယ်။ အဲဒီလို ဝယ်ယူစဉ် ကားရဲ့ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ကို စကန်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ဒီမီးသတ်ကားနံပါတ် (7K-6714) နဲ့ပဲ လွန်ခဲ့တဲ့ နာရီဝက်ခန့်က ချမ်းမြသာစည်မြို့နယ်ထဲက "လိုတရ ၂" ဆီဆိုင်မှာ ဒီဇယ် ၁၉၆ လီတာ (ဂါလံ ၅၀ နီးပါး) ထုတ်ယူပြီးသားဖြစ်နေလို့ ဆီဝယ်ယူခွင့်မရှိတော့ဘူးဆိုပြီး ပြသနေခဲ့ကြောင်း မဟာအောင်မြေမြို့နယ်အရန်မီးသတ်တပ်ရင်းရုံးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

ဒါ့ကြောင့် မီးသတ်ဌာန ကယ်ဆယ်ရေးယာဉ် နံပါတ် 7K-6714 ရဲ့ ယာဉ်သက်သေခံလက်မှတ်ကို အပွား၊ မိတ္ထူ ဒါမှမဟုတ် အတုအပ လုပ်ပြီး လိမ်လည်ထုတ်ယူနေကြတာဖြစ်လို့ သက်ဆိုင်ရာကနေတစ်ဆင့် ဆက်သွယ်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က စက်သုံးဆီ ချွေတာရေးဆိုပြီး ယခုနှစ် မတ်လက စတင်ကာ မော်တော်ယာဥ်တွေကို QR ကုတ်လုပ်ပေးကာ စက်သုံးဆီအကန့်အသတ်နဲ့ စတင်ရောင်းချပြီးနောက်ပိုင်း QR ကုတ် ပွားကာ စက်သုံးဆီထုတ်ယူမှုတွေ အဖြစ်များနေကြောင်း မန္တလေးဒေသခံအချို့က ပြောပါတယ်။

"ဆိုင်မှာ CCTV ရှိတာတောင် ဖော်ထုတ်လို့မရဘူးဖြစ်နေတယ်။ သူ့အရင် ဦးအောင်ဆီထည့်နေရတာ"လို့ QR အပွားခံထားရတဲ့ မော်တော်ယာဥ်ပိုင်ရှင်တစ်ဦး​က ပြောပါတယ်။

မီးသတ်ကား လိုင်စင်နံပါတ်ပွားပြီး ဆီထုတ်ခံရတဲ့ မဟာအောင်မြေမြို့နယ်အရန်မီးသတ်တပ်ရင်းရုံးကတော့ စက်သုံးဆီဆိုင်တွေအနေနဲ့လည်း အဆိုပါ မီးသတ်ကားရဲ့ 7K-6714 နံပါတ်တပ်ထားတဲ့ အရပ်သုံးကားနဲ့ လာရောက်ဝယ်ယူပါက စက်သုံးဆီ ရောင်းချပေးခြင်းမပြုဘဲ မဟာအောင်မြေမြို့နယ် အရန်မီးသတ်တပ်ရင်းရုံးသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးကြဖို့ မီးသတ်တပ်ဖွဲ့က မေတ္တာရပ်ခံ အသိပေးထားပါတယ်။
😁35❤18👎2🔥1🤣1
(ဆီထုတ်လို့မရခဲ့တဲ့ မီးသတ်ယာဥ်၊ ဆီထုတ်ယူပြီးကြောင်း ဆီဆိုင်၏ ဖုန်းထဲတွင် ပေါ်နေစဥ်။ ဓါတ်ပုံံ-မဟာအောင်မြေမြို့နယ်အရန်မီးသတ်တပ်ရင်းရုံး)
🤔19😁11❤7👍4🔥3👎2💩2🤣2
မြန်မာဒုက္ခသည်တွေပြန်ပို့ရေးနဲ့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံရေးအစီအစဥ်ကို မလေးရှားရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ

စက်တင်ဘာ ၂၄၊၂၀၂၆။သုည/People's Spring

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ယင်းဆန္ဒပြပွဲကို မလေးရှားနိုင်ငံ Putrajaya မြို့မှာရှိတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရုံးရှေ့မှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြ​သူတွေက လုံခြုံမှုမရှိသေးတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်တန့်ပေးဖို့၊ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစီအစဉ်ကိုလည်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Suhakam၊ UNHCR၊ လူထုအခြေပြုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး သဘောတူညီချက်ရတဲ့အထိ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ကိုလည်း မလေးရှားရောက် မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။
👍35❤5👏3🤣2🖕2👎1🥰1🤮1
ဓာတ်ပုံ - COBEM
👏32👍5❤3🥰2🖕2👎1🤮1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဘကကျောင်းကို စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)က ဘုန်းတော်ကြီးသင်ပညာရေးကျောင်း-ဘကကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။ စက်တင်ဘာ ၂၃ရက် မနေ့က မြင်းခြံမြို့ အရှေ့ မြောက်ဘက်အထွက်မှာရှိတဲ့ ခမရ(၁၅)ဟာ မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဒါးကျွန်းရွာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ အသက် ၇နှစ်အရွယ် KG တန်းကလေးငယ် သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် အသက် ၁၅နှစ်အရွယ် ကျောင်းသူ ၁ဦး ပေါင်ကျိုးသွားသလို အသက် ၈နှစ်အရွယ် ဒုတိယတန်း ကလေးငယ် ၁ဦးလည်း ပေါင်ထိသွားပါတယ်။ အသက် ၁၅နှစ်ရွယ်ကျောင်းသူရဲ့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ လေကြောင်းကနေ ဒရုန်းတွေ၊ Mi-35 တွေနဲ့ တိုက်ခိုက်သလို မြေပြင်ကလည်း စစ်ကြောင်းထိုးနေတယ်လို့ မြင်းခြံ မြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အခုတလော အခြေအနေ တော်တော်ဆိုးနေတယ်လို့လည်း သူက ဆိုပါတယ်။

◾️ကန့်ဘလူက ပျူစခန်းတစ်ခုကို ​တော်လှန်​ရေးတပ်​တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပျဉ်းတော်ကျေးရွာက အာဏာသိမ်းစစ်တပ်ရဲ့ကြံစိုက်ပျိုးရေးတပ်ကို ကာပေးထားတဲ့ ပျူစောထီးကာကင်းစခန်းကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၂၄ရက် ဒီ​နေ့ မနက်အစောပိုင်းမှာ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပျူစခန်းဝင်တိုက်မှုအတွင်း ပျူစောထီး ၇ ဦး ‌​သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဇီးကုန်းတိုက်နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာ၂၄ ရက် မနက် ၂နာရီလောက်မှာ ပျဉ်းတော်ရွာရဲ့ မြောက်ဘက်က ပျူစောထီး​တွေရဲ့ကာကင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနဲ့ လက်နက်တချို့သိမ်းယူနိုင်ခဲ့တာပါ။ စစ်တပ်ရဲ့ ဇီးကုန်းအမှတ်(၁)သကြားစက်ရုံကို ကာပေးထားတဲ့ ပျူစခန်းတစ်ခုဖြစ်ပြီး အရေးပါတဲ့ကာကင်းတစ်ခုဖြစ်တယ်လို့လည်း ဇီးကုန်းတိုက်နယ်ပကဖ တာဝန်ခံက ပြောပါတယ်။ ပျဉ်းတော်ရွာမှာ စစ်တပ်လက်​အောက်ခံ ပျူစောထီး​​အဖြစ် ရွာသား ၅၀ ဦး ရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​​တွေက​ ပြောပါတယ်။

◾️ကသာမြို့ကို စစ်တပ်ဗုံးကြဲ၊ သီလရှင် ၁ပါး ကွယ်လွန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။ မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းနဲ့ဆက်စပ်တဲ့ အင်းတော်မြို့နယ်က မဲဇာ၊ စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကို စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်‌တပ်က Y-12နဲ့ ဗုံးကြဲပြီး ညနေမှာလည်း တံခွန်တိုင်ကျေးရွာသစ်ကို ထပ်မံ ဗုံးကြဲခဲ့ပါတယ်။ အင်းတော်ကို ညနေပိုင်းဗုံးကြဲတဲ့လေယာဥ်ကပဲ ကသာကို ထပ်မံဗုံးကြဲခဲ့တာကြောင့် သီလရှင်တစ်ပါးကွယ်လွန်ခဲ့တာ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ကသာမြို့ပေါ်ကို လေယာဥ်ပျံဝဲမှု ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။ မနေ့ မနက်ပိုင်းက အင်းတော်မြို့နယ်ကို ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေ ပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေပေါ် ကြဲချလို့ ဆီကားတချို့ မီးလောင်ခဲ့သလို သေဆုံးသူ ၂ဦးက ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ဟုမ္မလင်းမှာ တိုက်ပွဲဖြစ်ပြီး ရွှေပြည်အေးကို စစ်တပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၀ရက်က ဟုမ္မလင်းမြို့နယ် တနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ SNA ဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေရှိသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်က ဟုမ္မလင်းမှာ လေယာဉ်တွေနဲ့ နေ့တိုင်းကင်းထောက်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၃ရက် မနေ့ကတော့ ရွှေပြည်အေးမြို့ကို ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုက လူမထိပေမယ့် အဆောက်အအုံတွေပျက်စီးတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ရွှေပြည်အေးမြို့ကို ဟုမ္မလင်းလေဆိပ်ကနေတက်လာတဲ့ Gyrocopter ၂စီးနဲ့ ဗုံး ၄လုံးကြဲသွားတာလို့ သိရပါတယ်။

◾️ဖားကန့်ကို စစ်တပ်က ဗုံးအလုံး ၂၀ကျော် ကြဲ
🔥18❤4👎3🤬2🖕2👍1🤣1
ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်၊ ဆည်ဇင်းကျေးရွာဘက်ကို ဒီနေ့ စက်တင်ဘာ၂၄ရက်ညနေ ၃နာရီခန့်မှာ ဗုံးကြဲသွားတာလို့ သိရပါတယ်။ မြေပြင်မှာ လူထိခိုက်မှုမရှိဘူးလို့ သတင်းရင်းမြစ်ကပြောပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။ စစ်တပ်က ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့ကို လေကြောင်းကင်းထောက်မှုတွေအပြင် ဗုံးကြဲတာတွေလည်း ပြုလုပ်နေပါတယ်။

◾️KIA ဌာနချုပ်လိုင်ဇာကို စစ်တပ်လေယာဉ် ထပ်မံကင်းထောက်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီနေ့ စက်တင်ဘာ ၂၄ရက်နေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၃ရက်မှာ စစ်တပ်က ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ်တိုင် လိုင်ဇာအပါအဝင် နယ်စပ်တကြောကို ကင်းထောက်ခဲ့ပြီးနောက် ဒီနေ့ ထပ်မံပြုလုပ်လာတာပါ။ အဲဒီစစ်တပ်လေယာဥ်တွေ ကင်းထောက်ပျံသန်းပြီးနောက် တရုတ်နိုင်ငံဘက်က သတိပေးပစ်ခတ်တဲ့အခြေအနေရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၃ရက် မနေ့ကလည်း စစ်တပ် လေယာဉ်တွေ နယ်စပ်တကြော ကင်းထောက်စဉ် တရုတ်ဘက်က လေယာဉ်ပျံတက်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အရင်ကလည်း စစ်တပ်လေယာဉ်တွေ နယ်စပ်ကိုလာတာ၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ရင် တရုတ်ဘက်က သတိပေး ပစ်ခတ်တာ ဒါမှမဟုတ် တရုတ်ဘက်ခြမ်းမှာ လေယာဉ်ပျံသန်းတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

◾️ခေါင်လန်ဖူးမှာ စစ်တပ် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ နယ်ခြားမှတ်တိုင် ၃၀ အနီးရှိ စစ်တပ်ရဲ့ ရဟတ်ယာဉ်ကွင်း လုံခြုံရေးတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်တပ်ဘက်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာလို့ KIA သတင်းပြန်ကြားရေးက စက်တင်ဘာ ၂၃ရက် မနေ့ ညပိုင်းက ဖော်ပြပါတယ်။ မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀) ဒေသအတွက် အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါ စစ်တပ်၊ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIAက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ခဲ့တာပါ။ အဲဒီလို သိမ်းပိုက်ခံရပြီးနောက် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက တပ်နေရာ ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်လာတာဖြစ်တယ်လို့ KIAက အသိပေးပါတယ်။

◾️ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးနဲပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် ပလိုခီး(ဇီးပြောင်း)ကျေးရွာ အုပ်စုအတွင်းကို စစ်တပ်က စက်တင်ဘာ ၂၂ရက်မှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂၀၇)နဲ့ အမြောက်တပ်(၃၁၀) တပ်ရင်းတို့က အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်းကျေးရွာ အုပ်စု ကညင်အိုင်ရွာအနီးဝန်းကျင်နဲ့ ဝက်ဝန်တောင်ကြိုးတိုင်း အတွင်း ပြည်သူလူထု လုပ်ငန်းခွင်နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရာဘာခြံလုပ်သား ၁ဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ဦးသေဆုံးခဲ့သလို အသက် ၅၂နှစ်အရွယ် အမျိုးသား ၁ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

◾️မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ ဗုံးကြဲ

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်က အသေခံဒရုန်းတွေနဲ့ စတင်ကာ နေအိမ်အဆောက်အဦး ၁ခုကို စစ်တပ်က တိုက်ခိုက်လာပြီးနောက် Gyrocopter၊ Mi-35၊ ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ စစ်တပ်ရဲ့ အဲဒီလို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ သိရပါတယ်။ စစ်တပ်က နေ့စဉ်နီးပါးဗုံးကြဲနေပြီး ည ၁နာရီ‌အချိန်တွေမှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာလည်း စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ် ၃လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

◾️ကလေးထောင်မှာ နိုင်ကျဥ်း ၅၀ ဦး အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေ
👍16❤6🔥3👎1🤬1🤣1🖕1
ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ​ကလေးအကျဉ်းထောင်မှာ အရေးပေါ် ပြင်ပဆေးရုံတက် ကုသဖို့လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ နီးပါး ရှိနေပေမယ့် ထောင်အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ဆေးကုသခွင့် မရဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ PPNMက စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ​ပြီးခဲ့တဲ့ဇူလိုင်၂၂ ရက်ကလည်း ကလေး
မြို့၊ ဆေးရုံကြီးက ပါရဂူအထူးကု ဆရာဝန်တွေ ထောင်အတွင်းလာစစ်စဉ် အရေးပေါ် ဆေးရုံတက်ရမယ်လို့ အတည်ပြုထားတဲ့အထဲမှာ အကျဥ်းသား ၈ဝဦးအနက် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ ၉ ဦးပဲ ပြင်ပဆေးရုံ တက်ခွင့်ရခဲ့ပြီး အဲဒီအထဲမှာ နိုင်ကျဉ်း ၄ဦးပဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

◾️မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံရေးအစီအစဥ်ကို မလေးရှားရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲကို မလေးရှားနိုင်ငံ Putrajaya မြို့မှာရှိတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရုံးရှေ့မှာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြ​သူတွေက လုံခြုံမှုမရှိသေးတဲ့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့မယ့်အစီအစဉ်ကို ရပ်တန့်ပေးဖို့၊ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစီအစဉ်ကိုလည်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
👍26❤2👎1🔥1🤣1🖕1
👍29❤2🖕2👎1🔥1🤬1🤣1
AAက စစ်တွေတိုက်ပွဲမှာ စစ်စခန်းနှစ်ခုထပ်သိမ်း

■စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

စက်တင်ဘာ -၂၄၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေတိုက်ပွဲအတွင်း အာရက္ခတပ်တော်
(AA)က စစ်တွေမြို့နယ်တောကန် နဲ့ ဝါဘိုရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းနှစ်ခုကို ဒီရက်ပိုင်းမှာ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ရဲ့ ကျားမသောက်တပ်ရင်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ အဓိ
ကကာကင်းတွေဖြစ်တဲ့တောကန်ရွာဝန်းကျင်
ရှိ ကာကင်းစခန်းတခု နဲ့ ဝါဘိုကျွန်း၊ ဝါဘိုရွာဝန်းကျင်က စခန်းတခုတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။

“တိုက်ပွဲပြင်းနေတာကတော့လေးရက်လောက်ရှိပြီ။စခန်းရတာကမနေ့ကနဲ့ ဒီနေ့ (စက်တင်ဘာ ၂၄) ရတာ။စခန်းကြီးတွေတော့ မဟုတ်ဘူး။အလောင်းတွေကတော့ရတာများတယ်။ လက်နက်တွေ၊ ဒရုန်းတွေလည်း ရတယ်” လို့ AA သတင်းရင်းမြစ်ကပြောပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ နှစ်မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ တောကန်ရွာအနီးက တပ်စခန်းကိုစက်တင်ဘာ ၂၄ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဝါဘိုကျွန်းက စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ AA ကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရွှေမင်းဂံရေတပ်စခန်းတဖက်ကမ်း ရဲရိုးပြင် ရွာဝန်းကျင်နဲ့ ကွမ်းတောင်ရွာဘက်မှာလည်း တိုက်ပွဲပြင်း
ထန်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ရဲရိုးပြင်ကကောင်တွေလည်းဆုတ်ပြေးနေကြတယ်။ကွမ်းတောင်နားကကောင်တွေလည်းဝါဘိုကျွန်းဘက်၊ င တောက်တက်(စစ်တွေမြို့နယ်)ဘက်တွေကို ဆုတ်ပြေးကြတယ်။ ကမန်းကတမ်းနဲ့ အကုန်ပတ်ပြေးနေကြလို့ဖမ်းမိတဲ့ကောင်တွေလည်းအများကြီး။ ပစတွေပေ့ါ၊ ဆေးကြောင်နေတဲ့ကောင်တွေ” လို့ အခြားမြေပြင်သတင်းရင်း မြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို တန်ပြန်ထိုးစစ်ဆင်ခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာပဲ အမြင့်ကျွန်းတံတားဝန်းကျင်က တပ်စခန်း ၁ ခု လက်လွှတ်ခဲ့ရပြီး စစ်တွေမြို့နယ် ကံ့ကော်ကျွန်းရွာဝန်း ကျင်က ကာကင်းစခန်း ၂ ခု၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ဆားပို့တောင်၊ ခမောင်းတော၊ ရဲရိုးပြင်ရွာဝန်းကျင် တို့က ခြေ ကုတ်နေရာ ၄ ခုတို့ကိုလည်း လက်လွှတ်ထားရပါတယ်။

ဒီရက်တည်းစခန်း၂ခုထပ်သိမ်းရတာ​ကြောင့် စစ်တွေမြို့နယ်နဲ့ ဆက်စပ်တိုက်ပွဲတွေအ
တွင်း စစ်တပ်ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာ ၉ ခု ထက် မနည်းကို AA က သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်နေရတဲ့ စစ်တပ်ဟာလေယာဉ်သုံးစီးထက်မနည်းနဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့ နယ်တို့ကိုဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲနဲ့ ဆက်စပ်နေရာတွေကိုကြဲနေတယ်။ ဒီနေ့လည်း ကြဲသွားတယ်။ အရပ်သားအထိအခိုက်ကတော့ ရှိမှာပဲ။ သိတော့မသိရသေး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတဦးက စက်တင်ဘာ ၂၄ ရက်ညနေပိုင်းမှာလူထု​နွေဦးကိုပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ကံ့ကော်ကျွန်းဝန်းကျင်၊ကျားမသောက်
တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲတွေ နေ့စဉ်ရှိနေပါတယ်။

“တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။တရက်ထက်တရက် အသံတွေပိုကျယ်လာသလို ခံစားရတယ်။ကျားမသောက်အနားကိုတောင် ရောက်နေပြီ၊ ကျားမသောက်ကိုလည်း သိမ်းတော့မယ်ဆိုပြီး သတင်းထွက်နေတယ်။ မြို့ထဲက ပိုက် ဆံရှိတဲ့သူတွေဆိုရင် ရန်ကုန်ကို သွားကြပြီ”လို့ စစ်တွေမြို့ထဲမှာနေထိုင်သူတဦးက ပြောပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက ၄၉၂၆ စစ်ဆင်ရေးလို့​ဝါဒဖြန့်နေကြတဲ့စက်တင်ဘာ ၄ ရက်ကပြန်စတဲ့ တန်ပြန်ထိုးစစ်မှာစစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီ ထိုးစစ်ဆင်ခဲ့​ပေမယ့် AA ရဲ့တိုက်ခိုက်မှု​ကြောင့်စစ်ကြောင်းတွေ နောက်ပြန်ဆုတ်ပြေးနေရပါတယ်။ ဒါ့အပြင်စစ်တပ်စခန်းတွေပါ လက်လွှတ်နေရတာဖြစ်တယ်လို့ ​မြေပြင်စစ်​ရေးရင်းမြစ်နဲ့​ဒေသခံ​တွေက​ပြောပါတယ်။စစ်တပ်က စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်
အားထောင်ချီသုံးပြီးမြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

စစ်တွေအပြင်ကျောက်ဖြူ၊ ရခိုင်ပြည်ဝင်
ပေါက် မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး
တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိ AA ထိန်းချုပ်ရာ နေ
ရာ တွေကို စက်တင်ဘာ ၄ ရက်နေ့ကစပြီး
တပြိုင်တည်း ထိုးစစ်ဆင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

အဲဒီလို လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ ထိုး
❤29👍13😁2👎1🔥1🥴1🖕1