People's Spring
✔
59.9K subscribers
71.7K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤣45❤5🔥4👎1👌1
ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးနဲပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး သေဆုံး

စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် ပလိုခီး(ဇီးပြောင်း)ကျေးရွာ အုပ်စုအတွင်းကို စစ်တပ်က စက်တင်ဘာ ၂၂ရက်မှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂၀၇)နဲ့ အမြောက်တပ်(၃၁၀) တပ်ရင်းတို့က အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်းကျေးရွာ အုပ်စု ကညင်အိုင်ရွာအနီးဝန်းကျင်နဲ့ ဝက်ဝန်တောင်ကြိုးတိုင်း အတွင်း ပြည်သူလူထု လုပ်ငန်းခွင်နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရာဘာခြံလုပ်သား ၁ဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ဦးသေဆုံးခဲ့သလို အသက် ၅၂နှစ်အရွယ် အမျိုးသား ၁ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့သူဟာ ဧရာ၀တီတိုင်းကနေ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ်ဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းက ကျေးရွာတွေ အပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်း အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ရက် ညသန်းခေါင်ကလည်း KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄လုံးကြဲချခဲ့လို့ စာသင်ကျောင်းဆောင် ၃လုံး၊ ဝန်ထမ်းအိမ်ရာနဲ့ နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
🤬19👎6❤4👏4🔥1🤮1
🤬31🔥2👏2👎1😢1
ခေါင်လန်ဖူးက ရဟတ်ယာဉ်ပါတပ်စခန်းနေရာ ပြန်ရဖို့ စစ်တပ် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေဟု KIA ပြော

စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

စက်တင်ဘာ ၂၃ရက်ညပိုင်း သတင်းဖော်ပြချက်မှာ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ နယ်ခြားမှတ်တိုင် ၃၀ အနီးရှိ အမတ်ပေါ် ရဟတ်ယာဉ်ကွင်း လုံခြုံရေးတပ်စခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်တပ်ဘက်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာလို့ ဆိုပါတယ်။

မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀) ဒေသအတွက် အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIAက စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ခဲ့တာပါ။

အဲဒီလို သိန်းပိုက်ခံရပြီးနောက် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက တပ်နေရာ ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်လာတာ လို့ KIAက အသိပေးပါတယ်။

ဒါ့အပြင် စစ်တပ်က အင်အားဖြည့်တင်းဖို့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း အနီးတ၀ိုက်ရွာတွေက လူငယ် ၁၉၀ ကျော်ကို စုဆောင်းရေးခေါ်သွားသလို ပစ္စည်းသယ်ပို့ရန် ဒေသတွင်း ကျေးရွာတွေကို ပေါ်တာဆွဲနေတာရှိကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီ ဒေသမှာ တိုက်ပွဲဖြစ်လာရတာဟာ KIAနဲ့ စစ်တပ်အကြား တကျော့ပြန် စစ်မဖြစ်ခင် ငြိမ်းချမ်းရေးကာလ ၁၉၉၇ ခုနှစ်မှ စတင်ပြီး ဒေသတွင်း KIO လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လုပ်ဖို့ ရောက်လာတဲ့ KIA တပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့စစ်နဲ့ စစ်တပ်က ခုခံတိုက်ခိုက်တာကြောင့် ဖြစ်တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဇူလိုင် ဒုတိယပတ်မှာ နယ်ခြားမှတ်တိုင် (၃၀)က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ပြီးနောက် အခုစက်တင်ဘာပါ ဒေသတွင်း အရေးပါတဲ့ တခုတည်းသော ရဟတ်ယာဉ်ကွင်းပါ စစ်စခန်းကို ထပ်မံ သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ရုပ်သံ - Kachin Soldiers


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ခေါင်လန်ဖူးတိုက်ပွဲ #KIAထိုးစစ် #စစ်ကောင်စီထိုးစစ် #ကချင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း
👍37❤3🔥2🥰2👏2👎1🎉1
Media is too big
VIEW IN TELEGRAM
❤18🥰5👎2🔥2👏1🤬1
ကလေးထောင်မှာ နိုင်ကျဥ်း ၅၀ ဦး အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေ

စက်တင်ဘာ-၂၄၊၂၀၂၆။ဇေအောင်/People's Spring

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်း
သား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်
မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

​ကလေးအကျဉ်းထောင်မှာ အရေးပေါ် ပြင်ပဆေးရုံတက် ကုသဖို့လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ နီးပါး ရှိနေပေမဲ့ ထောင်အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ဆေးကုသခွင့် မရဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်
ရက် (PPNM) ကစက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

​ပြီးခဲ့တဲ့ဇူလိုင်၂၂ ရက်တုန်းကလည်း ကလေး
မြို့၊ ဆေးရုံကြီးက ပါရဂူအထူးကု ဆရာဝန်တွေ ထောင်အတွင်းလာစစ်စဉ် အရေးပေါ် ဆေးရုံတက်ရမယ်လို့ အတည်ပြုထားတဲ့အ
ထဲမှာ အကျဥ်းသား ၈ဝဦးအနက် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ပါဝင်ခဲ့တာပါ။ ဒါပေ
မဲ့ လက်ရှိအချိန်ထိ ၉ ဦးပဲ ပြင်ပဆေးရုံ တက်ခွင့်ရခဲ့ပြီး အဲဒီအထဲမှာ နိုင်ကျဉ်း ၄ဦးပဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

"ဒီလူတွေက ကျန်းမာရေး​​​စောင့်ရှောက်ဖို့ ကုသခွင့်တွေ မရဘူးဆိုရင် အသက်တွေ မကျဆုံးသင့်ဘဲနဲ့ ကျဆုံးရတာတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး အခြေခံဆေးဝါးတွေကို မရရှိတာမျိုးတွေရှိတယ်။ ရောဂါဖြစ်ပြီဆိုက
တည်းက ကိုက်ခဲတာ၊ နာကျင်တာ၊ ထုံတာကျင်တာ ဒီလိုအ​သေးအမွှား ရောဂါလေးတွေတောင်မှ စောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင် ဒါတွေကလ​ည်း ရေရှည်မှာ ကျန်းမာရေးထိ
ခိုက်နိုင်တယ်။ဒါတွေက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေမျိုးတွေမှာ ရှိပါတယ်"လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

​ထောင်တွင်းမှာ နှလုံးရောဂါ၊ သွေးအန်တာ၊ သွေးတိုးနဲ့ ဆီးချိုစတဲ့ နာတာရှည် ရောဂါ
သည်တွေ အများအပြား ရှိနေပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသား ၁,၀၀၀ အတွက် တစ်လကို ဆေးဖိုး ကျပ် ၁၀ သိန်း (တစ်ဦးကို ကျပ် ၁,၀၀၀ နှုန်း) ပဲ ဘတ်ဂျက် ခွဲဝေပေးထားပါတယ်။ ဒါကြောင့် ပါရာစီတမောနဲ့ စီဗစ်လို အခြေခံဆေးတွေကလွဲရင် လုံလောက်မှု မရှိတဲ့အပြင် အသက်အန္တရာယ်ရှိတဲ့ လူနာတွေအတွက် အဓိကလိုအပ်တဲ့ အရေးပေါ် အောက်ဆီဂျင်နဲ့ ကုသရေး အ
ထောက်အကူပြု ပစ္စည်းတွေ လုံးဝ မရှိဘူးလို့ PPNMက ဆိုပါတယ်။

နယ်ဝေးက လာရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ဆိုရင်မိသားစုနဲ့ အဆက်အသွယ် ပြတ်နေလို့ ဆေးဝါးနဲ့ စားသောက်စရိတ် ပိုခက်ခဲနေကြောင်း၊ အဆိုးရွားဆုံးမှာ ထောင်အတွင်း နှလုံးရောဂါဖောက်ပြန်တဲ့ အခြေအနေဆိုးရွားတဲ့ လူနာတွေ ကြုံတွေ့ရပါကလည်း အသက်
ရှူကိရိယာနဲ့ ကုသရေး အထောက်အကူပြု ပစ္စည်းတွေ မပါဘဲ ၁၃ မိုင်ခန့် ဝေးတဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာမှာ အောက်ဆီဂျင်ဗူးနဲ့ ပိုက်မျှသာ ပါလို့ လမ်းမှာတင် သေဆုံးရတဲ့ ဖြစ်စဥ်တွေ ရှိနေကြောင်း၊ မကြာမီကပဲ အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား ရာဇဝတ်အကျဉ်းသား တစ်ဦးမှာ အောက်ဆီဂျင်ပြတ်တောက်ကာပြင်ပဆေးရုံသို့အရောက်မှာအသက်ရှူကျပ်ပြီးသေဆုံးခဲ့ရကြောင်း PPNM က ဆိုပါတယ်။

​PPNM ကတော့ ကလေးထောင်အတွင်း နိုင်
ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို လစ်လျူရှု၊ လာဘ်ငွေတောင်းခံပြီး ဆေး
ကုသခွင့် ငြင်းပယ်နေတာဟာ ကျူးလွန်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ အခွင့်အာ
ဏာအလွဲသုံးစားလုပ်နေတဲ့စစ်အုပ်စု၊အ
ကျဉ်းဦးစီးဌာနနဲ့ ထောင်အာဏာပိုင်တွေကို ပြန်လည်တာဝန်ယူခိုင်းရေးဆက်လက် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆေးရုံတက်ခွင့်ရဖို့ ထောင်ဝန်ထမ်းတွေကစပြီး ထောင်အာဏာပိုင်တွေ ဖြစ်တဲ့ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ထောင်
ပိုင်၊ ထောင်ဆေးရုံအုပ်၊ သက်ဆိုင်ရာ အ
ဆောင်ကိုအုပ်ချုပ်သူတွေအထိ အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ လာဘ်ငွေ ပေးဆောင်နေရကြောင်း PPNM က ပြောပါတယ်။

ဒါကြောင့် အထက်အာဏာပိုင်တွေ ခွင့်ပြုမှ ပြင်ပဆေးရုံ တက်ခွင့်ရတဲ့ လုပ်ထုံးလုပ်နည်းကို အလွဲသုံးစားလုပ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ ထောင်ကျနေတဲ့ စီးပွားရေးသမားတွေနဲ့ ရာဇဝတ်အကျဉ်း
သားအချို့ဟာ ဘာရောဂါမှ မရှိဘဲ ထောင်အာဏာပိုင်တွေကို လာဘ်ငွေပေးပြီး ဆေးရုံမှာ သွားနေထိုင်ခွင့် ရနေကြောင်း၊ ငွေမတတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ရောဂါ မသက်သာသေးဘဲ ထောင်ထဲ ပြန်ခေါ်တာ ခံရသလို၊ ဆေးကုသခွင့် လုံးဝမရဘဲ ၁ နှစ်ကနေ ၂ နှစ်အထိ စောင့်နေကြရကြောင်း PPNMက အသိပေးပါတယ်။

​ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်း
သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူ
ရှု၊ လာဘ်ငွေတောင်းပြီး ဆေးကုသခွင့် ငြင်း
ပယ်နေတာဟာ ကျူးလွန်မှုမြောက်တဲ့ လုပ်
ရပ်ဖြစ်ကြောင်း၊ ဒီလို အခွင့်အာဏာ အလွဲ
သုံးစားလုပ်နေတဲ့ စစ်အုပ်စု၊ အကျဉ်းဦးစီး
ဌာနနဲ့ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေဟာ တိုက်ရိုက်ကျူးလွန်သူတွေဖြစ်ပြီး၊ ဒီကျူးလွန်မှုတွေအတွက် ပြန်လည်တာဝန်ယူခိုင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ မြန်
မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
👍15❤8😢5🤮2👎1🤣1
စစ်တပ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံ
လောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)
က ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။



#ကလေးထောင် #ppnm
#နိုင်ကျဥ်း၅၀ဦးအရေးပေါ်ဆေးရုံတက်ကုသဖို့လိုအပ် #peoplessping #PS
🤬22👍4🤮2❤1👎1😢1🤣1
ကလေးအကျဥ်းထောင်အားတွေ့ရစဥ်။ဓာတ်ပုံ-CJ
👍13🤬10👎4🖕3🤮1🤣1
မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ ဗုံးကြဲ

စက်တင်ဘာ၂၄၊၂၀၂၆။ကတ်သရင်း/People's Spring

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်က အသေခံဒရုန်းတွေနဲ့ စတင်ကာ နေအိမ်အဆောက်အဦး ၁ခုကို စစ်တပ်က တိုက်ခိုက်လာပြီးနောက် Gyrocopter ၊Mi-35၊ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေတာလို့ သိရပါတယ်။

" ၁၅ရက်၊၁၆ ရက် တွေတိုက်ခိုက်မှုမှာ ပြည်သူတစ်ဦးက ပြင်းပြင်းထန်ထန် ခြေထောက်ကို ဒဏ်ရာရတယ်။အသေးစားဒဏ်ရာရတဲ့သူ ၅ဦး လောက်ရှိမယ်။မနေ့ညက တိုက်ခိုက်မှုမှာလည်း ၁ဦးဒဏ်ရာရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က နေ့စဉ်နီးပါးဗုံးကြဲ နေပြီး ည ၁နာရီ‌အချိန်တွေမှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက် မ‌နေ့ညပိုင်းမှာလည်း စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ် ၃လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

" တစ်မြို့လုံးကုန်ပြီ နေအိမ် ၃အိမ်ပဲ ကျန်နေတာ။ အဲဒီ ၃အိမ်ကို ဗုံးလာကြဲသွားတာ"လို့ မြစ်ခြေမြို့ခံ တစ်ဦးက ပြောပါတယ်။

အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူ ၉၀ရာခိုင်နှုန်းလောက် မြို့အပြင်ထွက် တိမ်းရှောင်မှုတွေပြုလုပ် နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

"အခုထိ ဗုံးခိုကျင်းထဲ ဝင်လိုက်ထွက်လိုက်ပါပဲ။ည၁နာရီ တွေပါလာကြဲတာ ။ဒီကောင်တွေတော်တော်မိုက်ရိုင်းတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မေလ ၁၁ရက်ကစတင်ကာ မြစ်ခြေမြို့ကို စစ်တပ် ဝင်ရောက်ပြီး အမျိုးသမီးတွေအပါအဝင် ပြည်သူ ၄၀ခန့်ကို မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအချိန်ကတည်းက ‌‌‌‌‌‌‌‌‌‌ဒေသခံတွေတိမ်းရှောင်နေခဲ့ရပြီး မေလ ၃၁ ရက်မှာ စစ်ကြောင်းပြန်ထွက်ကာ နယ်မြေရှင်းလင်းပြီးတဲ့နောက်တော်လှန် ရေးတပ်တွေက ဇွန်လ၃ရက်မှာ ကျေးရွာအတွင်း ပြည်သူတွေကို ပြန်ဝင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ၁၀ ရက်မှာ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက်စစ်တပ်က လေကြောင်းက နေဗုံးကြဲခဲ့သလို စစ်ကြောင်းတွေ မြို့ထဲပြန်ဝင်ရောက် တပ်စွဲထားတာမို့ ဒေသခံတွေဒီ‌ကနေ့အထိထပ်မံရှောင်တိမ်း နေရတာလို့ သိရပါတယ်။
🤬29❤6👍5👎3👏1🎉1
(မြစ်ခြေမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကို စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬17🤮11👎5😢4👏1🤩1
ဒီအယ်လ်နီညိုကြောင့် ပိုမြင့်တက်လာမယ့် အပူစွမ်းအင်ဟာလက်ရှိမှာတောင် ပူနွေးနေတဲ့ ကမ္ဘာ့လေထုထဲကို ထပ်မံဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ခုနှစ်ဟာ ယခင်စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး ကမ္ဘာ့အပူဆုံးနှစ် (Hottest Year on Record) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂူတာရက်စ်က ကမ္ဘာကြီးဟာလွန်ကဲတဲ့ ရာ
သီဥတုအန္တရာယ်ဇုန်ထဲ ရောက်နေပြီဖြစ်ပြီး မြင့်တက်လာတဲ့ အန္တရာယ်တွေနဲ့ ရာသီဥတုကာကွယ်ရေး လုပ်ဆောင်ချက်များကြား အ
ချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးဟာ အရေး
ကြီးတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO)
ရဲ့ အတွင်းရေးမှူးချုပ် ဆီလက်စတီ ဆောလို (Celeste Saulo) ကလည်း “အယ်လ်နီညိုဟာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနဲ့ လူမှုအသိုင်း
အဝိုင်းတွေကို အကြီးအကျယ် ရိုက်ခတ်နိုင်
ခြေ ရှိပါတယ်။ မိုးခေါင်တာနဲ့ ရေကြီးတာတွေကြောင့် ပျက်စီးဆုံးရှုံးမှု တွေကို မြင်တွေ့နေရပြီဖြစ်ပြီး အယ်လ်နီညို ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီသက်ရောက်မှုတွေဟာ ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အယ်လ်နီညို ရဲ့ သက်ရောက်မှုတွေကြောင့် အင်ဒိုနီးရှားမှာတောမီး ပိုဆိုးလာနိုင်ပြီး၊ အိန္ဒိ
ယ မှာ အရေးကြီးတဲ့ မုတ်သုံမိုး အားနည်းလာနိုင်ပါတယ်။ဩစတြေးလျမှာ တောမီးလောင်မှုအန္တရာယ်လည်း ပိုတက်လာနိုင်ပြီး၊ တောင်အမေရိက မှာ ရေကြီးမှု ပိုပြင်းထန်လာနိုင်ပါတယ်လို့ထောက်ပြထားပြီး၊ကမ္ဘာ့စားနပ်ရိက္ခာ
အစီအစဉ် (WFP) ကလည်း ဒီအယ်လ်နီညိုဖြစ်စဥ်ကြောင့် လူဦး‌ရေ သန်း ၅၀ ခန့်ဟာ ပြင်းထန်တဲ့ အစာရေစာမလုံလောက်မှု ကြုံရနိုင်တယ်လို့ယင်းအခြေအနေရဲ့ အန္တရာယ်ကို သတိပေး ထားပါတယ်။

ရာသီဥတုပြောင်းလဲမှု (Climate Change) ဟာလည်း ဒီအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ကျောက်မီးသွေး၊ရေနံ၊သဘာဝဓာတ်
ငွေ့စတဲ့ရုပ်ကြွင်းလောင်စာတွေကြောင့်ကမ္ဘာကြီး ပိုပူနွေးလာနေပြီးအပူလှိုင်း၊ရေကြီးမှုနဲ့ အခြားပြင်းထန်တဲ့ ရာသီဥတုတွေကို ပိုမိုများလာစေပါတယ်။

ယခုနွေရာသီမှာ ဥရောပကို စံချိန်တင် အပူ
လှိုင်း ရိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၃၅,၀၀၀ သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။

ဗြိတိန်အစိုးရကတော့ ပြင်းထန်လာတဲ့ ရာသီ
ဥတုကို ရင်ဆိုင်နိုင်ဖို့ အရေးပေါ်အစားအစာ သိုလှောင်ထားခြင်း၊ရေလုံလောက်အောင်ပြင်ဆင်ခြင်း၊ရာသီဥတုနဲ့ ကိုက်ညီမယ့် စိုက်
ပျိုးရေးနည်းလမ်း ပြောင်းလဲခြင်း၊ ရေလှောင်
ကန်အသစ်များတည်ဆောက်ခြင်းတို့ကို လုပ်
ဆောင်သွားမှာဖြစ်ပြီး ဒါဟာ ဗြိတိန်ကို နောင်လာမယ့် နှစ်တွေမှာ ကြုံတွေ့ရမယ့် လွန်ကဲတဲ့ ရာသီဥတုတွေအတွက်ပိုမိုပြင်ဆင်ပြီးသားဖြစ်စေမယ်လို့ ထောက်ပြခဲ့သည်။

အန်ဂျလာ အီဂဲလ်ကတော့ “အရင်က ရာသီ
ဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အ
ရေးပေါ် အခြေအနေတွေကို ရင်ဆိုင်ဖို့ လုံ
လောက်အောင် ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အခုတော့ ပြောင်းလဲလာတဲ့ ရာသီဥ
တုအခြေအနေတွေနဲ့ ကိုက်ညီအောင် စိုက်
ပျိုးရေးနည်းလမ်းတွေနဲ့ ရေစီမံခန့်ခွဲမှုစနစ်တွေကို ပြန်လည်ပြင်ဆင် ပြောင်းလဲရပါမယ်” လို့ ရှင်းလင်းပြောဆိုခဲ့သည်။

အနှစ်ချုပ်ရရင် ဒီတစ်ကြိမ် အယ်လ်နီညို ဖြစ်
စဉ်ဟာ သာမန်ရာသီဥတု သံသရာတစ်ခုထက်ကျော်လွန်ပြီးကမ္ဘာလုံးဆိုင်ရာအန္တရာယ်တစ်ရပ်အဖြစ် ပေါ်ပေါက်လာနေပါတယ်။


https://www.ludunwayoo.com/feature-mm/2026/09/09/167770/
👍21❤4😢3👎1🔥1🤣1
ဟုမ္မလင်းမှာ တိုက်ပွဲဖြစ်၊ ရွှေပြည်အေးမြို့ကို စစ်တပ် ဗုံးကြဲ

စက်တင်ဘာ၂၄၊၂၀၂၆။ ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ ၂၀ရက်က ဟုမ္မလင်းမြို့နယ် တနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ SNA ဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေရှိသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းမြစ်ကပြောပါတယ်။

" တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း လေယာဉ်တွေနဲ့ နေ့တိုင်းကင်းထောက်တယ်။ မနေ့ကတော့ ရွှေပြည်အေးမြို့ကို ဗုံးကြဲသွားပါတယ်။ ဗုံးကြဲတာက လူမထိဘူး။ ဒါပေမယ့် အဆောက်အအုံတွေပျက်စီးတယ်"လို့ အဆိုပါသတင်းမြစ်က ပြောပါတယ်။

ရွှေပြည်အေးမြို့ကို ဟုမ္မလင်းလေဆိပ်ကနေတက်လာတဲ့ Gyrocopter ၂စီးနဲ့ ဗုံး ၄လုံးကြဲသွားတာလို့ သိရပါတယ်။ဟုမ္မလင်းမြို့နယ်မှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ။

ပြီးခဲ့တဲ့ဇွန်လကစတင်ပြီး စစ်တပ်က ချင်းတွင်းမြစ်ကြောင်းကိုအသုံးပြုပြီး ဟုမ္မလင်းမြို့အပါအဝင် အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ရိက္ခာနဲ့တပ်ဖွဲ့ဝင် အင်အားတွေ ပို့ခဲ့ပါတယ်။

စစ်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်နဲ့ ကသာမြို့နယ်ကိုလည်း လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

စက်တင်ဘာ ၂၃ရက်က အင်း‌တော်မြို့နဲ့ ကသာမြို့ကို Y12 လေယာဉ်နဲ့ဗုံးကြဲတာမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သလို သီလရှင် ၁ပါးလည်း ကွယ်လွန်ခဲ့ပါတယ်။

ဟုမ္မလင်းနဲ့ရွှေပြည်အေးမြို့နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။

ဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးမြို့နယ်မှာလည်း တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က စက်တင်ဘာ ၁၇ရက်မှာ သတင်းထုတ်
ပြန်ထားပါတယ်။
❤15🤬13👍5👎3🎉2👏1
(HOMALIN DDEFENSE FORCES HPDF124 က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - HPDF-124)
👍23😢3🖕2❤1👎1🔥1🤩1
■​ဆောင်းပါး


ဒါးကျွန်းရွာက ငိုသံတွေကို ဖုံးလွှမ်းသွားစေခဲ့တဲ့ မြင်းခြံမြို့ပေါ်က ဘုရားပွဲ

ထွန်းညိုဦး/People's Spring

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

၆ နှစ်တိတိ ပွဲလမ်းသဘင်တွေနဲ့ ဝေးခဲ့ရတဲ့ မြို့ခံတွေ၊ အာဏာသိမ်းကာလအစောပိုင်းမှာ မွေးဖွားခဲ့တဲ့ ကလေးသူငယ်တွေဟာ ဘုရားပွဲလှည့်တဲ့ယာဥ်တွေ၊ စတိတ်ရှိုးဖျော်ဖြေတာတွေကို မျက်လုံးအဝိုင်းသား ကြည့်နေခဲ့ကြတယ်။ မြင်းခြံမြို့ဟာ တကယ်ပဲ အေးချမ်းသွားပြီတဲ့လား။

တကယ်တော့ စတိတ်စင်ရှေ့မှာ ကခုန်နေတဲ့ လူငယ်တွေထဲက တစ်ယောက်ယောက်ကို ဆွဲခေါ်ပြီး မင်းနံပါတ်ဘယ်လောက်ပေါက်လဲလို့ မေးကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ စစ်မှုထမ်းမဲနှိုက်ထားကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ ဘုရားသုံးဆူပွဲကာလမှာတင် မြင်းခြံမြို့မှာ မြို့လုံးကျွတ် စစ်မှုထမ်း မဲနှိုက်ထားကြရပါတယ်။ အဝေးရောက်နေတဲ့ လူငယ်​​တွေကအစ မဲနှိုက်ထားကြရတာပါ။

"စည်ကားနေတာတွေပဲမြင်ရတာကိုး။ ကျမတို့တော့မပျော်နိုင်ဘူးရှင်။ စစ်မှုထမ်းတွေကမဲနှိုက်ရ ပေါ်တာတွေကဆွဲနဲ့ ပူပင်သောကတွေများနေလို့ မြင်းခြံသူဖြစ်ပေမဲ့ အဲ့ပွဲလည်းတစ်ခေါက်မှ မရောက်ပါဘူးရှင်။ ဘယ်လိုလူတွေကများပျော်နိုင်ရတာလဲ စဥ်းစားမရဘူးရှင်"လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုရေးသားထားတာ တွေ့ရတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလက စတင်ပြီး မြို့ကြီးအသီးသီးမှာ ပွဲလမ်းသဘင်တွေ၊ ဂီတဖျော်ဖြေပွဲတွေကို စစ်ကောင်စီက အားပေးကူညီပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ကျင်းပလာခဲ့ပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ သင်္ကြန်ကာလတွေဟာ သာမန်ကာလတွေလိုပဲ ပွဲတော်အများဆုံး ဖြစ်ခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ မြို့ကြီးတွေမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပြီ၊ အေးချမ်းသာယာနေပြီဆိုတဲ့ ပုံရိပ်ကို ပြည်တွင်းနဲ့ နိုင်ငံတကာကို ပြသဖို့ ပွဲလမ်းသဘင်တွေကို စနစ်တကျ ဖန်တီးပြုလုပ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်ကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေစတဲ့ အထွေထွေကျပ်တည်းမှုတွေကြားကနေ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အာရုံစိုက်မှုတွေကို အပျော်အပါး ပွဲလမ်းသဘင်တွေဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အာရုံလွှဲပြောင်းဖို့ ကြိုးစားခဲ့တယ်။

သဘင်၊ ရုပ်ရှင်၊ဂီတလောကထဲက အနုပညာရှင်ဆိုသူတွေကလည်း အာဏာသိမ်းစစ်တပ်ရဲ့အလိုကျ ဝါဒဖြန့်မှုတွေမှာ အားတက်သရောနဲ့ ပါဝင်ခဲ့ကြတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေရဲ့ ပွဲလမ်းသဘင်တွေဟာ အာဏာသိမ်းစစ်တပ်အလိုကျ အောင်မြင်ခဲ့ပါတယ်။

မြင်းခြံမြို့ပတ်ပတ်မှာလည်း အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြင်းခြံနယ်ထဲက ပြည်သူတွေ အများအပြား သတ်ဖြတ်ခံထားရပါတယ်။ ကျေးရွာအများအပြားက နေအိမ်ထောင်ချီ မီးရှိူ့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီလို အခြေအနေကြားမှာပဲ
မြင်းခြံမြို့ပေါ်မှာ အားစမ်းတဲ့သဘော ပြန်လုပ်ခဲ့တဲ့ သုံးဆူဘုရားပွဲဟာလည်း အောင်မြင်ခဲ့ပါတယ်။ ကြိတ်ကြိတ်တိုးလည်း စည်ကားခဲ့ပါတယ်။ မနေ့က စက်တင်ဘာ ၂၃ ရက်မှာဆို သုံးဆူဘုရားပွဲ နောက်ဆုံးနေ့ဖြစ်တာကြောင့် လူတွေတိုးမပေါက်အောင် စည်ကားခဲ့တယ်။

မနေ့က မြင်းခြံမြို့ပေါ်မှာ ဘုရားပွဲနဲ့ စည်ကားနေတဲ့အချိန်ညနေ ၃ နာရီခွဲလောက်မှာ မြင်းခြံခမရ(၁၅)ကနေ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်လိုက်တယ်။ အဲဒီလက်နက်ကြီးတွေဟာ မြင်းခြံအနောက်မှာရှိတဲ့ ဒါးကျွန်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထဲ ကျပြီး အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံဆိုတဲ့ KG ကျောင်းသားလေး သေဆုံးခဲ့ရပါတယ်။ သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ အသက် ၈ နှစ်အရွယ် နှစ်တန်းကျောင်းသားလေး မောင်ဟိန်းဆက်နိုင်လည်း ပေါင်ကိုထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူ မအိခိုင်ကတော့ ခြေထောက်သွင်သွင် ကျိုးခဲ့ရပါတယ်။

ပွဲမစခင် လေးရက်လောက်အလို စက်တင်ဘာ ၁၇ ရက်ညနေပိုင်းကလည်း မြင်းခြံမြို့ ခမရ (၁၅) တပ်က ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့လို့ မြင်းခြံမြို့နယ် အရှေ့ခြမ်းက ကျေးရွာတစ်ရွာအတွင်း ကျရောက်ပြီး ဆေးလိပ်လိပ်နေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

ဒါးကျွန်းရွာ လက်နက်ကြီးကျတဲ့အသံကို မြင်းခြံမြို့ပေါ်က စတိတ်ရှိုးသံတွေက ဖုံးလွမ်းသွားခဲ့ပုံရပါတယ်။ နောက်ဆုံးညလည်း ဖြစ်တာကြောင့် ညသန်းခေါင်အထိ မြင်းခြံမြို့ပေါ်မှာ စည်ကားခဲ့တယ်လို့ သိရပါတယ်။ ဒါးကျွန်းရွာက ကလေးမိဘတွေကတော့ သေဆုံးတဲ့ကလေးအတွက် နာရေးပြင်ဆင်နေရလို့ ကျန်တဲ့ ဒဏ်ရာရ ကလေးနှစ်ဦးအတွက်လည်း ဆေးကုသဖို့ ကြိုးစားနေခဲ့ရပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
😭23🤬9❤4👍3🖕3👎1🤔1🤮1🤣1
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဒါးကျွန်းရွာဖြစ်စဉ် #မြင်းခြံဘုရားပွဲ #မန္တလေးတိုင်းသတင်း #မြန်မာ့ရေးရာသတင်း
👍7👎1🤮1🖕1
Media is too big
VIEW IN TELEGRAM
🤮11❤9👍4👎1🔥1🤔1😱1🎉1🤩1🖕1
KIA ဌာနချုပ်လိုင်ဇာကို စစ်တပ်လေယာဉ် ထပ်မံကင်းထောက်၊ တရုတ်ဘက်က သတိပေးပစ်ခတ်မှုပြုလုပ်

စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်မှာ စစ်တပ်က ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ်တိုင် လိုင်ဇာအပါအဝင် နယ်စပ်တကြော ဒေသကို ကင်းထောက်ခဲ့ပြီးနောက် ဒီကနေ့ ထပ်မံပြုလုပ်လာတာပါ။

“ကင်းထောက်လေယာဉ်တစီး ၁နာရီလောက်မှာ ဖြတ်ပျံသွားတဲ့ဟာပဲရှိပါတယ်။ သေနတ်သံတော့ ထွက်ပါတယ်။ အဲဒါ ပြည်သူတွေ အဲဒါကို အထင်မှားကြတာပါ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီလို ပစ်ခတ်သံကြောင့် လိုင်ဇာဒေသမှာ လေကြောင်း တိုက်ခိုက်ခံရတယ်လို့ ရေးသားပြောဆိုမှုတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်သံဟာ တရုတ်ဘက်က သတိပေး ပစ်ခတ်တဲ့ အခြေအနေလို့လည်း ပြောပြပါတယ်။

စက်တင်ဘာ ၂၃ရက် မနေ့ကလည်း စစ်တပ် လေယာဉ်တွေ နယ်စပ်တကြော ကင်းထောက်စဉ် တရုတ်ဘက်က လေယာဉ်ပျံတက်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။

အရင်ကလည်း စစ်တပ်လေယာဉ်တွေ နယ်စပ်ကိုလာတာ၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ရင် တရုတ်ဘက်က သတိပေး ပစ်ခတ်တာ ဒါမှမဟုတ် တရုတ်ဘက်ခြမ်းမှာ လေယာဉ်ပျံသန်းတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ လိုင်ဇာအပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သုံးသပ်မှုတွေရှိပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ " သတိနဲ့ နားစွင့်နေတယ်”လို့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်လာနိုင်မှုအပေါ် ပြောပြပါတယ်။

ဒါ့အပြင် KIO/KIA ဗဟို အုပ်ချုပ်ရေးရုံးကလည်း စစ်တပ်လေကြောင်းရန် အထူးသတိပေးချက်ကို စက်တင်ဘာ ၂၂ရက်မှာ စာထုတ်ပြန်ခဲ့ပြီး လူစုလူဝေး မလုပ်ဖို့၊ မလိုအပ်ဘဲ ခရီးသွားလာတာ မလုပ်ဖို့၊ နေအိမ်တိုင်း ကတုတ်ကျင်းတူးထားဖို့နဲ့ လေကြောင်းရန် သတင်းကို အချင်းချင်း အသိပေးဖို့ စတဲ့ အချက်တွေ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ဩဂုတ်နဲ့ စက်တင်ဘာအတွင်း ကချင်ပြည်နယ် တိုက်ပွဲတွေ မှာ အထိနာခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်လိုတဲ့ ဆန္ဒရှိနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အထူးသဖြင့် ကချင်ကို စစ်အင်အားဖြည့်ဖို့ ရေကြောင်းက သင်္ဘောတွေ လာရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘောအစီး ၂၀လောက်ထိခိုက်ပျက်စီးနစ်မြုပ် မီးလောင်ခဲ့တဲ့အပေါ် စစ်တပ်ဟာ လက်တုံ့ပြန်လိုတာလို့ သတင်းရင်းမြစ်တွေက ပြောပြပါတယ်။

စစ်တပ်ဟာ ဒေသအသီးသီးမှာ စစ်ရေးအရ အထိနာတိုင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။


ရုပ်သံ - CJ



𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #လိုင်ဇာကင်းထောက်လေယာဉ် #တရုတ်သတိပေးပစ်ခတ်မှု #KIOဌာနချုပ်လိုင်ဇာ #တရုတ်မြန်မာနယ်စပ် #မြန်မာ့စစ်ရေးသတင်း
❤20👍17🤣3👏2👎1🔥1🥰1💩1
Media is too big
VIEW IN TELEGRAM
❤15🖕8🤣5👎3👏3🥰1🎉1
မြင်းခြံရှိ ဘကကျောင်းကို စစ်တပ်လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁သေဆုံး၊ ၂ဦး ဒဏ်ရာရ

စက်တင်ဘာ၂၄-၂၀၂၆။ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

စက်တင်ဘာ ၂၃ရက်က မြင်းခြံမြို့ အရှေ့ မြောက်ဘက်အထွက်မှာရှိတဲ့ ခမရ(၁၅)တပ်ရင်းဟာ မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဒါးကျွန်းရွာက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ အသက်၇နှစ်အရွယ် KG တန်းကလေးငယ် သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ၁၅နှစ်အရွယ် ကျောင်းသူ ၁ဦး ပေါင်ကျိုးသွားသလို ၈နှစ်အရွယ် ဒုတိယတန်း ကလေး ၁ဦးလည်း ပေါင်ထိသွားပြီး ၁၅နှစ်ရွယ်ကျောင်းသူဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

"အခု‌‌တလော တော်တော်ဆိုး နေတယ်။ဝေဟင်ကလည်း ဒရုန်းတွေ ၊Mi-35တွေချတယ်။စစ်ကြောင်းထိုး နေတာတွေလည်းရှိတယ်"လို့ မြို့နယ်ပကဖ သတင်းပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းဟာ တခြားကျေးရွာတွေက ကလေးငယ်တွေပါ ကျောင်းလာတက်နေရပြီး ကျောင်းသားဦးရေ ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင်း ကျောင်းကို ယာယီပိတ်ထားရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မြင်းခြံမြို့နယ်ကို စက်တင်ဘာ ၁၅ ရက်ကစတင်ကာ စစ်တပ်က စစ်ကြောင်းတွေပြန်ထိုးနေပြီး ဒရုန်းနဲ့ ဗုံးကြဲတာ၊လက်နက်ကြီးပစ်ခတ် တာ ၊ပြည်သူ တွေဖမ်းဆီးတာ တွေ ဆက်တိုက်လုပ် နေတယ်လို့ သိရပါတယ်။
🤬31🔥5❤4👎3👏2🎉1
🔥15🤬15👎4👍2👏2🤩1
ဖားကန့်ကို စစ်တပ်က ဗုံးအလုံး ၂၀ကျော် ကြဲ

စက်တင်ဘာ၂၄၊၂၀၂၆။ဇော်ရမ်း/People's Spring

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆည်ဇင်းကျေးရွာဘက်ကို ဒီနေ့ စက်တင်ဘာ၂၄ရက်ညနေ ၃နာရီခန့်မှာ ဗုံးကြဲသွားတာလို့ သိရပါတယ်။မြေပြင်မှာ လူထိခိုက်မှုမရှိဘူးလို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

" ဗုံးအလုံး၂၀ကျော်ကြဲတာ။ လူမထိဘူး။ လေယာဉ်က ဖားကန့်တကြော ပတ်ဝဲပြီး ကြဲချသွားတာ။ သေနတ်ပစ်သံတွေလည်း ကြားတယ်"လို့ ဒေသခံသတင်းမြစ်က ပြောပါတယ်။

စင်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့ကို လေကြောင်းကင်းထောက်မှုတွေအပြင် ဗုံးကြဲတာတွေလည်း ပြုလုပ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။

နယ်မြေချင်းဆက်စပ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊ စစ်ကိုင်းတိုင်း အင်းတော်နဲ့ကသာမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

" ‌ဒီရက်တွေက ဂျက်ဖိုက်တာနဲ့ လာတာထက် Y12 နဲ့ ပိုပြီးကကြဲနေတယ်။ တစ်ခါကြဲရင် ဗုံး အလုံး ၂ဝ ကျော်ပါတယ်။ လေကြောင်းအန္တရာယ်ကတော့တောက်လျှောက်သတိပေးနေရတယ်"လို့ ကသာမြို့နယ်ထဲက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
🤬23❤11👍5🔥2👏2👎1🎉1