အင်္ဂါတွေကို ဆေးလိပ် ဒါမှမဟုတ် မီးရှို့ထားတဲ့ ပစ္စည်းတွေနဲ့ ထိုးမီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်
ရာ ကိုင်တွယ်ခြင်း ဒါမှမဟုတ် အဝတ်အစားတွေကို အပြည့်အဝဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေ အဓမ္မ ချွတ်ခိုင်းခြင်း၊ အရှက်ရစေဖို့ ရည်ရွယ်တဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးခြင်း၊ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေကို စော်ကားတဲ့ ဆဲဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အ
ကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုတွေ၊ လိင်နဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် အခြေခံတဲ့ အ
ကြမ်းဖက်မှုတွေနဲ့ မျိုးဆက်ပွားဆိုင်ရာ အ
ကြမ်းဖက်မှုတွေ (အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်) ပါ ဝင်ပါတယ်။”
‘အကျဉ်းထောင်အတွင်းကိုယ်ဝန်ဆောင်အ
မျိုးသမီးများနှင့် ကလေးများ ရင်ဆိုင်နေရသည့် အခြေအနေများ'
Human Rights Watchကို၂၀၂၅ ခုနှစ် ဇူလိုင်
လမှာ ပြောပြခဲ့တဲ့ ကိုယ်တွေ့အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသူ ၁၂၅ ဦးခန့်ဟာ ကလေးတွေနဲ့အတူ ဒါမှမဟုတ် ကိုယ်ဝန်
ဆောင်ထားစဉ် ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။ ကလေးအချို့ဟာ မိခင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး အချို့ကတော့ ထောင်အတွင်းမှာ မွေးဖွားခဲ့ကြပါတယ်။ ကလေး
သူငယ်တွေကိုမိဘတွေအတွက်ဓားစာခံအ
ဖြစ် မတရား ဖမ်းဆီးထားခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။
နိုင်ငံတကာ စံနှုန်းတွေအရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်မှုတွေကို အထူးစီစဉ်ပေးရမှာဖြစ်ပြီး၊ ကလေးတွေကိုလည်း အကျဉ်းထောင်အပြင်ဘက် ဆေးရုံမှာ မွေးဖွားနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ မိခင်တွေနဲ့အတူ ကျန်ရှိနေတဲ့ ကလေးတွေ အတွက်လည်း ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
နွေနီဝင်း (၄၁ နှစ်) ဟာ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြီးဖြစ်ပွားချိန်မှာ အိုးဘိုထောင်အ
တွင်း ဒဏ်ရာရခဲ့ပြီး အဲဒီအချိန်မှာ ကိုယ်ဝန်ရှစ်လ ရှိနေပြီ ဖြစ်ပါတယ်။
ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သူမရဲ့ ဆေးကုသခွင့် တောင်းဆိုမှုတွေကို နှစ်ပတ်ကျော် ငြင်းပယ်ခံခဲ့ရပြီး အဲဒီကာလအ
တွင်း သူမရဲ့ သန္ဓေသားဟာ သားအိမ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ နွေနီဝင်းဟာ ကလေးအသေ မွေးဖွားပြီးနောက် မကြာမီ ပိုးဝင်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။
ခိုင်ဇာဟာ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံရချိန်က အသက် ၂၂ နှစ်ရှိပြီး ကိုယ်ဝန်ရှိမှန်း သိရှိပြီး တစ်ပတ် အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
“စစ်ကြောရေးမှာ မေးမြန်းသူတွေဟာ ကျွန်မမှာ ကိုယ်ဝန်ရှိမှန်း သိလျက်နဲ့ ကျွန်မကို ရိုက်နှက်ခဲ့၊ ကျောနဲ့ ပေါင်တွေကို လျှပ်စစ်ရှော့ခ်ရိုက်ခဲ့ကြတယ်” လို့ သူမက ပြောပါတယ်။
ခိုင်ဇာဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် ခင်ပွန်းဖြစ်သူရဲ့ မိ
သားစုက ထောင်ဝန်ထမ်းတွေကို လာဘ်ပေးပြီး ကိုယ်ဝန်ဆောင် ဗီတာမင်တွေနဲ့ ဖြည့်စွက်စာတွေ ပေးပို့နိုင်ခဲ့ပါတယ်။ အာထရာဆောင်း စက်မရှိတာကြောင့် အင်းစိန်ထောင်ဝန်ထမ်းတွေက သူမရဲ့ ဗိုက်အရွယ်အစားကို တိုင်းတာပြီး ကလေးမွေးမယ့်ရက်ကို ခန့်မှန်းခဲ့ကြပါတယ်။ “ထောင်ဝန်ထမ်းတွေက ညဘက် က
လေးမမွေးဖို့၊ တံခါးဖွင့်ရတာ ကြာတယ် ဆိုပြီး ကျွန်မတို့ကို ဆဲဆိုကြတယ်” လို့ ခိုင်ဇာက ပြောပြပါတယ်။
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဝင်းကြည်ဟာ အခြား နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ကလေးကို ပစ္စည်းသိုလှောင်ခန်းအတွင်း မီးဖွားပေးခဲ့ရပါတယ်။ “ကလေးမွေးဖို့ ဘာကိရိယာမှ မရှိဘူး” လို့ သူမက ပြောပါတယ်။ “ဒါကြောင့် အကျဉ်းသူတွေ အားလုံး ဝိုင်းကူကြရတယ်။ ပစ္စည်းသိုလှောင်ခန်းကို ရှင်း
လင်းပေးခဲ့ပြီး ကလေးကို ဖုန်တွေကြားထဲမှာ မွေးခဲ့ရတာ။ ကလေးမွေးပြီးတာနဲ့ သူမကို အခန်းထဲ ပြန်လမ်းလျှောက်ခိုင်းတယ်။ မီးဖွားပြီးတာနဲ့ ချက်ချင်း ပြန်ပိတ်ခံရတယ်။ ဆေးရုံပို့ပေးတာ ဒါမှမဟုတ် တခြား ဆေးဝါးကုသမှု မရှိခဲ့ဘူး” လို့ သူမက ပြောပါတယ်။
ထောင်တွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ပြုစုစောင့်ရှောက်မှုနဲ့ ကုသမှု မရှိတာကြောင့် မေဖြိုးမောင်ဟာ ဖမ်းဆီးခံထားရတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သူမရဲ့ ခင်ပွန်းက ထောင်ဝန်ထမ်းတွေကို လာဘ်ပေးပြီး ဆေးဝါးနဲ့ ဗီတာမင်တွေ ပို့ပေးခဲ့သလို၊ ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်နဲ့တစ်ကြိမ် ပြသခွင့် ရခဲ့ပါတယ်။ ဗိုက်ခွဲမွေးရန် လိုအပ်တာကြောင့် ဆေးရုံမှာ မီးဖွားနိုင်ဖို့ ခင်ပွန်းဖြစ်သူက ကျပ် ၃ သိန်း ပေးခဲ့ရပါတယ်။
ထိန်းသိမ်းခံထားရစဉ် မီးဖွားခဲ့ရတဲ့ အမျိုး
သမီးတွေဟာ သူတို့ရဲ့ ကလေးကို ထောင်ထဲမှာပဲ ထားရှိမွေးမြူမလား၊ ဒါမှမဟုတ် မိသား
စုထံ လွှဲပြောင်းပေးမလားဆိုတဲ့ နာကျင်ဖွယ် ရွေးချယ်မှုကို ပြုလုပ်ရပါတယ်။ ၂၀၂၅ ခုနှစ်မှာ သမီးလေး မမွေးခင်ကတည်းက မေဖြိုးမောင်ဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သူမဟာ ကလေးကို ထောင်ထဲမှာ မထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး မီးဖွားပြီး တစ်ပတ်အကြာမှာ ကလေးနဲ့ ခွဲခွာခဲ့ရပါတယ်။
“ဒါက ရွေးချယ်ဖို့ အလွန်ခက်ခဲတဲ့ အခြေ

❤20🤬6😢3🖕3🔥1
အနေတစ်ခုပါပဲ” လို့ သူမရဲ့ ခင်ပွန်းက ပြောပါတယ်။ “ကျွန်တော့်ကလေးကို ကျွန်တော့်မိန်းမနဲ့ အတူရှိစေချင်ပေမဲ့ လွတ်လပ်စေချင်တာလည်း ပါတာပေါ့”လို့ ဆိုပါတယ်။ ခင်ပွန်း
ဖြစ်သူဟာ ဖမ်းဆီးခံရမှာ စိုးရိမ်ရတာကြောင့် နိုင်ငံပြင်ပကို ထွက်ပြေးခဲ့ရပြီး သူတို့ရဲ့ ဆွေ
မျိုးတွေက ကလေးကို မွေးမြူပေးခဲ့ကြပါတယ်။
ခိုင်ဇာဟာ ၂၀၂၂ ခုနှစ်မှာ ကလေးမွေးဖွားပြီး ၂၈ ရက်အကြာမှာ သမီးလေးကို မိသားစုထံ လွှဲပြောင်း ပေးခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက် သုံးနှစ်အကြာမှသာ သမီးနဲ့ ပြန်
လည်ဆုံစည်းခဲ့ရပါတယ်။
“ကျွန်မသမီးက ကျွန်မနဲ့ ဘာသံယောဇဉ်မှ မရှိတော့ဘူး။ကျွန်မကို အိမ်လာလည်တဲ့ ဧည့်
သည် တစ်ယောက်လို့ပဲ ထင်နေခဲ့တာ” လို့ ခိုင်ဇာက ဝမ်းနည်းစွာ ပြောပြပါတယ်။
အကျဉ်းသူဟောင်းတွေရဲ့ ပြောကြားချက်အရ ကလေးတွေနဲ့ ခွဲခွာပြီးနောက် မိခင်နို့ ညှစ်ထုတ်နိုင်တဲ့ ကိရိယာတွေ မရှိတာကြောင့် နို့ချောင်းပိတ်ခြင်းနဲ့ ကူးစက်ရောဂါတွေ ဖြစ်
ပွားနိုင်တဲ့ နာကျင်ဖွယ် နို့သီးခေါင်း ရောင်ရမ်းမှုတွေကို ခံစားခဲ့ကြရပါတယ်။
အချို့အကျဉ်းထောင်တွေမှာ ကလေးငယ်တွေဟာ မိခင်တွေနဲ့အတူ အခြားအကျဉ်းသူတွေနဲ့ ရောနှော နေထိုင်ခဲ့ရပြီး၊ ညောင်ရွှေလို အချို့ထောင်တွေမှာတော့ သီးသန့်အခန်းတွေ ရှိပါတယ်။ နန္ဒာလှိုင်က ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြား အင်းစိန်ထောင်မှာ ရှိနေစဉ် အမျိုး
သမီး ၁၀၀ ခန့်အနက် ၁၃ ဦးဟာ ကလေးငယ် တွေနဲ့အတူ အခန်းကြီးတစ်ခန်းထဲမှာ နေထိုင်ခဲ့ရတယ်လို့ ပြောပါတယ်။
ဝင်းကြည်က ၂၀၂၂ ခုနှစ် အိုးဘိုထောင်မှာ ရှိစဉ် အကျဉ်းသူ ၈၀ ရှိတဲ့ အခန်းတစ်ခန်းထဲမှာ အသက် ၆ နှစ်အောက် ကလေး ၁၂ ဦး နေ
ထိုင်ခဲ့တယ်လို့ ပြောပါတယ်။
“သူတို့ကိုလည်း အကျဉ်းသားတွေလိုပဲ ဆက်
ဆံတာ” လို့ သူမက ဆိုပါတယ်။ ကစားစရာတွေ၊ နေရာ အပို ဒါမှမဟုတ် နို့မှုန့်တွေ မရှိခဲ့ပါဘူး။
“မိခင်တွေနဲ့ ကလေးတွေ ပိုဒုက္ခရောက်ကြရတယ်။ မိခင်တွေက ကလေးတွေ အိပ်နိုင်အောင်၊ မငိုအောင် တစ်ညလုံး ယက်တောင် ခတ်ပေးနေကြရတာ” လို့ သူမက ပြောပါတယ်။
●မန္တလေးငလျင်ကြီးနှင့် အိုးဘိုထောင် အခြေအနေ
နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ဖြစ်ပွားချိန်မှာ အိုးဘိုထောင် (ငလျင်ဗဟို
ချက်အနီး) အတွင်း နိုင်ငံရေးအကျဉ်းသား ၅၉ ဦး (အမျိုးသမီး ၂၆ ဦးပါဝင်) သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ငလျင်ဖြစ်ပြီးချိန်မှာ လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာတွေအတွက် ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့သူတွေလည်း ပါဝင်ပါတယ်။
ပြည် အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ မချိုချိုဝင်းကတော့ ငလျင်လှုပ်ချိန်မှာ ဝန်ထမ်းတွေဟာ အကျဉ်းသားတွေကို အခန်းတွေအတွင်း သော့ခတ်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ပြောပါတယ်။ ဒဏ်ရာအချို့ ရရှိခဲ့ပေမယ့် နောက်ဆက်တွဲ ဆေးဝါးကုသမှု မရရှိခဲ့ဘူးလို့လည်း သူမက ပြောပါတယ်။
Human Rights Watch ရဲ့ အာရှဒုတိယညွှန်ကြားရေးမှူး ဘရိုင်အိုနီလော ကတော့ “မြန်မာ
နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ပြောပြချက်တွေဟာ အလွန်ထိတ်လန့်စရာ ကောင်းပါတယ်။ အကျဉ်းထောင်စနစ်တစ်ခုလုံးအတွင်းမှာ ဒုက္ခပေးတာနဲ့ လျစ်လျူရှုတာတွေကို တမင်
တကာ လုပ်ဆောင်နေကြပြီး ဒီလိုလုပ်ရပ်တွေဟာ ပုံမှန်လို ဖြစ်လာနေပါတယ်” လို့ ပြောကြားပါတယ်။
(အပိုင်း ၂ ဆက်ရန်)
ကိုးကား - Human Rights Watch
သရုပ်ဖော်ပုံ- Human Rights Watch

❤19👍9🤬4🖕3🔥1🤮1
ကသာမြို့ကို စစ်တပ်ဗုံးကြဲ၊ သီလရှင် ၁ပါး ကွယ်လွန်
စက်တင်ဘာ၂၄၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။
မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ဆက်စပ်တဲ့ အင်းတော်မြို့နယ်က မဲဇာ၊စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကို စက်တင်ဘာ ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်တပ်က Y-12နဲ့ ဗုံးကြဲပြီး ညနေမှာလည်း တံခွန်တိုင်ကျေးရွာသစ်ကို ထပ်မံ ဗုံးကြဲခဲ့ပါတယ်။
" အင်းတော်ကို ညနေ ၄နာရီ ၄၅မိနစ်မှာ ထပ်ကြဲတာ။ ပြီးတော့ အဲ့ဒီ လေယာဉ်က ကသာကို ညနေ ၅နာရီမှာ ထပ်ကြဲတာ။ ကသာမြို့နယ်၊ ညောင်ခြေထောက်ဘုန်းကြီးကျောင်းကိုကြဲလို့ သီလရှင်တစ်ပါးကွယ်လွန်တယ်။ ပြီးတော့ အခုမနက်လည်း လေယာဉ် ထပ်ဝဲနေတယ်"လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ၂၃ရက် မနက်က အင်းတော် မြို့နယ်ကို ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။ဒေသခံတွေ ပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေကို ကြဲချလို့ ဆီကားတချို့မီးလောင်ခဲ့သလို သေဆုံးသူ ၂ဦးက ယာဉ်မောင်းနဲ့ယာဥ်နောက်လိုက်ဖြစ်တဲ့လို့ ဒေသခံတွေက ပြောပါတယ်။
" ဒဏ်ရာရလို့ ဆေးကုနေတဲ့ဆယ်ဦးကလည်း စိုးရိမ်နေရဆဲပဲ။ အရေးပေါ်ကုနေရတာပါ။ အခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းတယ်"လို့ အင်းတော်မြို့ခံ အမျိုးသမီးတစ်ဦးက ဒီနေ့စက်တင်ဘာ၂၄ရက် မနက်ပိုင်းမှာ
ပြောပါတယ်။
အင်းဝောာ်နဲ့ ရွှေဘိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်နဲ့ဗုံးလာကြဲသွားတာလို့ မြို့ခံတွေက ပြောပါတယ်။
အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ်မတော်( ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်မှာသိမ်းယူခဲ့တာပါ။
၂၀၂၆ ဧပြီမှာ စစ်တပ်စစ်ကြောင်းတွေပြန်ဝင်လာပြီး မြို့ပေါ်ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ဘေးပတ်ဝန်းကျင်ရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လကုန်မှာ နဘားလမ်းဆုံအပါအဝင် အင်းတော်၊ မော်လူးနဲ့ ကသာမြို့အနီးက စစ်တပ် တပ် စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်တပ် စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားပါတယ်။
အင်းတော်နဲ့ဆက်စပ်နေတဲ့ ကသာမြို့မှာလည်း စစ်တပ်က မြို့ပေါ်မှာပဲတပ်စွဲထားနိုင်ပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။
စစ်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်ထဲက ရွှေကူ၊ရှမ်းပြည် မြောက်ပိုင်းက မဘိမ်းမြို့နယ်ထဲကို လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေပါတယ်။ စက်တင်ဘာလလယ်က ဖြစ်ပွားခဲ့တဲ့ ရွှေကူမြို့နယ်ကတိုက်ပွဲတွေမှာ စစ်တပ် အထိနာခဲ့တဲ့အတွက် အရပ်သားတွေကိုပစ်မှတ်ထားပြီးဗုံးကြဲနေတာလို့ ဒေသခံတွေကပြောပါတယ်။
KIAကတော့ လက်ရှိစစ်ရေး တင်းမာနေတဲ့ဒေသတွေအပြင် အရပ်သားနေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နိုင်တဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ သတိပေးထားပါတယ်။

🤬27❤8👏3👎2👍1🔥1
■Photo News
တိုင်းမ်မဂ္ဂဇင်းအတွက် မင်းအောင်လှိုင်နဲ့ ပြည်သူတဦးကို ဓါတ်ပုံရိုက်ပေးခဲ့တဲ့အတွေ့အကြုံကို ဓါတ်ပုံသတင်းထောက်မျှဝေ
စက်တင်ဘာ-၂၄၊၂၀၂၆။People's Spring
တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်
ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေး
ခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကိုသွားပြီးမင်းအောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’
ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။ ‘သမ္မတ တစ်ယောက်နဲ့ ကိုက်ညီတဲ့ပုံ’လို့ ကျွန်တော်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေခဲ့ပါတယ်။ သူက ကျွန်တော့်ကို အေးစက်စက်နဲ့စိုက်ကြည့်လိုက်
တဲ့ အချိန်မှာတော့ကျွန်တော်လိုချင်တဲ့ပုံကို ရပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။
တိုင်းမ်မဂ္ဂဇင်းအတွက် မင်းအောင်လှိုင်ကိုဓါတ်ပုံရိုက်ခဲ့တဲ့ ဓါတ်ပုံသတင်းထောက်Jes Aznarကသူ့အတွေ့အကြုံကို လူမှုကွန်ယက်မှာရေးထားတာပါ။
တိုင်းမ်မဂ္ဂဇင်းကရေးသားတဲ့ဆောင်းပါးအ
ဖွင့်မှာလည်း မင်းအောင်လှိုင်ကို ဓါတ်ပုံရိုက်တဲ့အတွေ့အကြုံနဲ့ စတင်ရေးသားပါတယ်။
"မှန်တစ်ချပ် အရင်ရောက်လာပါတယ်။ ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အနောက်နိုင်ငံ အ
ခြေစိုက် မီဒီယာ တစ်ခုနဲ့ အင်တာဗျူးမယ့် အခန်းထဲ မဝင်ခင် သူ့ကိုယ်သူ ‘သ’နိုင်အောင် သူ့လူတွေက မင်းအောင်လှိုင်အတွက် မှန်ကြီးတစ်ချပ်ကို စီစဉ်ပေးထားတာပါ။ သူ့ကို ဓာတ်
ပုံရိုက်ရင် ဘယ်ဖက်က ရိုက်ပေးဖို့လည်း တောင်းဆိုထားကြပါတယ်။ ဒါမှသာ ဆံပင်တွေ ပါးလာတဲ့ နဖူးစပ်နားကို သိပ်မမြင်ရ
အောင် ဖုံးကွယ်နိုင်မှာမို့ပါ။အာဏာသိမ်းစစ်တပ်ကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်က ခုတော့သူ့ကိုယ်သူသမ္မတလို့သုံးနှုန်းပါတယ်။စစ်တပ်ယူနီဖောင်းအစား ပိုးထည်လုံချည်ကို ဝတ်ထားပေမယ့် သူ့ရဲ့ စစ်သားဟန်ကတော့ မပျောက်သေးပါဘူး"လို့ရေးထားတာပါ ။
နောက်တစ်နေ့မှာတော့ မန္တလေးမြို့က လမ်းဘေး ခနော်နီခနော်နဲ့ တဲလေးတစ်လုံးမှာ ကလေးနှစ်ယောက်နဲ့ အတူနေတဲ့ အမျိုးသမီး တစ်ယောက်ကို ကျွန်တော် တွေ့ခဲ့ပါတယ်။ အိမ်က နံရံရယ်လို့တောင် သတ်သတ်မှတ်မှတ် မရှိသလို သူတို့တွေ ပိုင်ဆိုင်တာဆိုလို့ ပြောင်တလင်းခါနေတဲ့ ဟင်းအိုးလေး တစ်
လုံး၊ ရေပုံးတစ်ပုံး၊ ကလေးတွေ ဆော့နေကျ အတော်လေးညစ်ပတ်ပေရေနေတဲ့အရုပ်လေး
တစ်ရုပ်လောက်ပဲရှိပါတယ်။ကျွန်တော် ဓာတ်
ပုံရိုက်ခွင့်တောင်းတော့ အမျိုးသမီးက ခွင့်ပြုခဲ့ပါတယ်။ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ ခွန်အား နဲ့ ဒီနိုင်ငံမှာ ရှိနေတဲ့ ထင်ရှားမြင်သာလွန်းတဲ့ အခက်အခဲ ဝန်ပိမှုတွေက ကျွန်တော့်အတွက် မေ့ဖျောက်လို့မရမယ့်ခံစားချက်တွေအဖြစ် စွဲထင်ကျန်နေတော့မှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ Time မဂ္ဂဇင်းဟာ အင်တာဗျူးပုံစံမဖော်ပြဘဲ ဆောင်းပါးအနေနဲ့ဖော်ပြပြီး မင်းအောင်လှိုင်ပြောတာတွေကို မထင်ဟပ်ဘူးဆိုပြီး Time မဂ္ဂဇင်းဟာမီဒီယာကျင့်ဝတ်ကို ချိုးဖောက်တယ် ၊ပြစ်တင်ရှုတ်ချတယ်လို့ စက်တင်ဘာ ၂၃ ရက်ညမှာထုတ်ပြန်ပါတယ် ။မြန်မာပြည်သူအများစုကတော့ မင်းအောင်လှိုင်ကို ဘယ်လိုပြင်ဆင်ပြီး ဓါတ်ပုံရိုက်ပေးရိုက်ပေး ဥပဓိရုပ်ညံလွန်းတဲ့သူလို့ ပြောဆိုနေကြသလို ၊Time ကို စစ်တပ်က ရှုတ်ချတဲ့အပေါ် ကမ္ဘာ့သြဇာကြီး Time မဂ္ဂဇင်းဟာ စစ်တပ်ဝါဒဖြန့် ကြေမုံ ၊မြန်မာ့အလင်းသတင်းစာတွေလို မင်းအောင်လှိုင် ဘုန်းတော်ဘွဲ့တွေရေးပေးမယ့်သတင်းဌာနမဟုတ်ဘူးလို့ လူမှုကွန်ယက်မှာပြောဆိုနေကြပါတယ်။
ဓါတ်ပုံ-Jes Aznar/Time
#Time #မင်းအောင်လှိုင် #JesAznar
#peoplespring #လူထုနွေဦး

👍42❤11🖕4🥴3😭2👎1🔥1🥰1
ကျိုက်ထိုမှာ စစ်တပ် လက်နက်ကြီးနဲပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး သေဆုံး
စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် ပလိုခီး(ဇီးပြောင်း)ကျေးရွာ အုပ်စုအတွင်းကို စစ်တပ်က စက်တင်ဘာ ၂၂ရက်မှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂၀၇)နဲ့ အမြောက်တပ်(၃၁၀) တပ်ရင်းတို့က အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ ဇီးပြောင်းကျေးရွာ အုပ်စု ကညင်အိုင်ရွာအနီးဝန်းကျင်နဲ့ ဝက်ဝန်တောင်ကြိုးတိုင်း အတွင်း ပြည်သူလူထု လုပ်ငန်းခွင်နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရာဘာခြံလုပ်သား ၁ဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ဦးသေဆုံးခဲ့သလို အသက် ၅၂နှစ်အရွယ် အမျိုးသား ၁ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။
လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့သူဟာ ဧရာ၀တီတိုင်းကနေ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်တယ်လို့ဆိုပါတယ်။
စစ်တပ်ဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းက ကျေးရွာတွေ အပါအဝင် KNU အုပ်ချုပ်နယ်မြေအတွင်း အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
စက်တင်ဘာ ၁၉ရက် ညသန်းခေါင်ကလည်း KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄လုံးကြဲချခဲ့လို့ စာသင်ကျောင်းဆောင် ၃လုံး၊ ဝန်ထမ်းအိမ်ရာနဲ့ နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

🤬19👎6❤4👏4🔥1🤮1
ခေါင်လန်ဖူးက ရဟတ်ယာဉ်ပါတပ်စခန်းနေရာ ပြန်ရဖို့ စစ်တပ် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေဟု KIA ပြော
စက်တင်ဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စက်တင်ဘာ ၂၃ရက်ညပိုင်း သတင်းဖော်ပြချက်မှာ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ နယ်ခြားမှတ်တိုင် ၃၀ အနီးရှိ အမတ်ပေါ် ရဟတ်ယာဉ်ကွင်း လုံခြုံရေးတပ်စခန်းများကို KIAက တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်တပ်ဘက်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာလို့ ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် (၃၀) ဒေသအတွက် အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းစခန်းကို KIAက စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ခဲ့တာပါ။
အဲဒီလို သိန်းပိုက်ခံရပြီးနောက် စစ်တပ်နဲ့ ပြည်သူ့စစ်တွေက တပ်နေရာ ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲပြင်းထန်လာတာ လို့ KIAက အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်က အင်အားဖြည့်တင်းဖို့ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း အနီးတ၀ိုက်ရွာတွေက လူငယ် ၁၉၀ ကျော်ကို စုဆောင်းရေးခေါ်သွားသလို ပစ္စည်းသယ်ပို့ရန် ဒေသတွင်း ကျေးရွာတွေကို ပေါ်တာဆွဲနေတာရှိကြောင်းလည်း ဖော်ပြထားပါတယ်။
အဲဒီ ဒေသမှာ တိုက်ပွဲဖြစ်လာရတာဟာ KIAနဲ့ စစ်တပ်အကြား တကျော့ပြန် စစ်မဖြစ်ခင် ငြိမ်းချမ်းရေးကာလ ၁၉၉၇ ခုနှစ်မှ စတင်ပြီး ဒေသတွင်း KIO လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လုပ်ဖို့ ရောက်လာတဲ့ KIA တပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့စစ်နဲ့ စစ်တပ်က ခုခံတိုက်ခိုက်တာကြောင့် ဖြစ်တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
KIA ပူးပေါင်းတပ်ဟာ ဇူလိုင် ဒုတိယပတ်မှာ နယ်ခြားမှတ်တိုင် (၃၀)က စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ပြီးနောက် အခုစက်တင်ဘာပါ ဒေသတွင်း အရေးပါတဲ့ တခုတည်းသော ရဟတ်ယာဉ်ကွင်းပါ စစ်စခန်းကို ထပ်မံ သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ရုပ်သံ - Kachin Soldiers
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #ခေါင်လန်ဖူးတိုက်ပွဲ #KIAထိုးစစ် #စစ်ကောင်စီထိုးစစ် #ကချင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း

👍37❤3🔥2🥰2👏2👎1🎉1
ကလေးထောင်မှာ နိုင်ကျဥ်း ၅၀ ဦး အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေ
စက်တင်ဘာ-၂၄၊၂၀၂၆။ဇေအောင်/People's Spring
ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်း
သား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်
မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ကလေးအကျဉ်းထောင်မှာ အရေးပေါ် ပြင်ပဆေးရုံတက် ကုသဖို့လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ နီးပါး ရှိနေပေမဲ့ ထောင်အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ဆေးကုသခွင့် မရဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်
ရက် (PPNM) ကစက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်၂၂ ရက်တုန်းကလည်း ကလေး
မြို့၊ ဆေးရုံကြီးက ပါရဂူအထူးကု ဆရာဝန်တွေ ထောင်အတွင်းလာစစ်စဉ် အရေးပေါ် ဆေးရုံတက်ရမယ်လို့ အတည်ပြုထားတဲ့အ
ထဲမှာ အကျဥ်းသား ၈ဝဦးအနက် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ပါဝင်ခဲ့တာပါ။ ဒါပေ
မဲ့ လက်ရှိအချိန်ထိ ၉ ဦးပဲ ပြင်ပဆေးရုံ တက်ခွင့်ရခဲ့ပြီး အဲဒီအထဲမှာ နိုင်ကျဉ်း ၄ဦးပဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
"ဒီလူတွေက ကျန်းမာရေးစောင့်ရှောက်ဖို့ ကုသခွင့်တွေ မရဘူးဆိုရင် အသက်တွေ မကျဆုံးသင့်ဘဲနဲ့ ကျဆုံးရတာတွေ ဖြစ်လာနိုင်တယ်။ နောက်ပြီး အခြေခံဆေးဝါးတွေကို မရရှိတာမျိုးတွေရှိတယ်။ ရောဂါဖြစ်ပြီဆိုက
တည်းက ကိုက်ခဲတာ၊ နာကျင်တာ၊ ထုံတာကျင်တာ ဒီလိုအသေးအမွှား ရောဂါလေးတွေတောင်မှ စောင့်ရှောက်မှုမပေးနိုင်ဘူးဆိုရင် ဒါတွေကလည်း ရေရှည်မှာ ကျန်းမာရေးထိ
ခိုက်နိုင်တယ်။ဒါတွေက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေမျိုးတွေမှာ ရှိပါတယ်"လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ထောင်တွင်းမှာ နှလုံးရောဂါ၊ သွေးအန်တာ၊ သွေးတိုးနဲ့ ဆီးချိုစတဲ့ နာတာရှည် ရောဂါ
သည်တွေ အများအပြား ရှိနေပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသား ၁,၀၀၀ အတွက် တစ်လကို ဆေးဖိုး ကျပ် ၁၀ သိန်း (တစ်ဦးကို ကျပ် ၁,၀၀၀ နှုန်း) ပဲ ဘတ်ဂျက် ခွဲဝေပေးထားပါတယ်။ ဒါကြောင့် ပါရာစီတမောနဲ့ စီဗစ်လို အခြေခံဆေးတွေကလွဲရင် လုံလောက်မှု မရှိတဲ့အပြင် အသက်အန္တရာယ်ရှိတဲ့ လူနာတွေအတွက် အဓိကလိုအပ်တဲ့ အရေးပေါ် အောက်ဆီဂျင်နဲ့ ကုသရေး အ
ထောက်အကူပြု ပစ္စည်းတွေ လုံးဝ မရှိဘူးလို့ PPNMက ဆိုပါတယ်။
နယ်ဝေးက လာရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ဆိုရင်မိသားစုနဲ့ အဆက်အသွယ် ပြတ်နေလို့ ဆေးဝါးနဲ့ စားသောက်စရိတ် ပိုခက်ခဲနေကြောင်း၊ အဆိုးရွားဆုံးမှာ ထောင်အတွင်း နှလုံးရောဂါဖောက်ပြန်တဲ့ အခြေအနေဆိုးရွားတဲ့ လူနာတွေ ကြုံတွေ့ရပါကလည်း အသက်
ရှူကိရိယာနဲ့ ကုသရေး အထောက်အကူပြု ပစ္စည်းတွေ မပါဘဲ ၁၃ မိုင်ခန့် ဝေးတဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာမှာ အောက်ဆီဂျင်ဗူးနဲ့ ပိုက်မျှသာ ပါလို့ လမ်းမှာတင် သေဆုံးရတဲ့ ဖြစ်စဥ်တွေ ရှိနေကြောင်း၊ မကြာမီကပဲ အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား ရာဇဝတ်အကျဉ်းသား တစ်ဦးမှာ အောက်ဆီဂျင်ပြတ်တောက်ကာပြင်ပဆေးရုံသို့အရောက်မှာအသက်ရှူကျပ်ပြီးသေဆုံးခဲ့ရကြောင်း PPNM က ဆိုပါတယ်။
PPNM ကတော့ ကလေးထောင်အတွင်း နိုင်
ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို လစ်လျူရှု၊ လာဘ်ငွေတောင်းခံပြီး ဆေး
ကုသခွင့် ငြင်းပယ်နေတာဟာ ကျူးလွန်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ အခွင့်အာ
ဏာအလွဲသုံးစားလုပ်နေတဲ့စစ်အုပ်စု၊အ
ကျဉ်းဦးစီးဌာနနဲ့ ထောင်အာဏာပိုင်တွေကို ပြန်လည်တာဝန်ယူခိုင်းရေးဆက်လက် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
ဆေးရုံတက်ခွင့်ရဖို့ ထောင်ဝန်ထမ်းတွေကစပြီး ထောင်အာဏာပိုင်တွေ ဖြစ်တဲ့ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ထောင်
ပိုင်၊ ထောင်ဆေးရုံအုပ်၊ သက်ဆိုင်ရာ အ
ဆောင်ကိုအုပ်ချုပ်သူတွေအထိ အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ လာဘ်ငွေ ပေးဆောင်နေရကြောင်း PPNM က ပြောပါတယ်။
ဒါကြောင့် အထက်အာဏာပိုင်တွေ ခွင့်ပြုမှ ပြင်ပဆေးရုံ တက်ခွင့်ရတဲ့ လုပ်ထုံးလုပ်နည်းကို အလွဲသုံးစားလုပ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ ထောင်ကျနေတဲ့ စီးပွားရေးသမားတွေနဲ့ ရာဇဝတ်အကျဉ်း
သားအချို့ဟာ ဘာရောဂါမှ မရှိဘဲ ထောင်အာဏာပိုင်တွေကို လာဘ်ငွေပေးပြီး ဆေးရုံမှာ သွားနေထိုင်ခွင့် ရနေကြောင်း၊ ငွေမတတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ရောဂါ မသက်သာသေးဘဲ ထောင်ထဲ ပြန်ခေါ်တာ ခံရသလို၊ ဆေးကုသခွင့် လုံးဝမရဘဲ ၁ နှစ်ကနေ ၂ နှစ်အထိ စောင့်နေကြရကြောင်း PPNMက အသိပေးပါတယ်။
ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်း
သားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူ
ရှု၊ လာဘ်ငွေတောင်းပြီး ဆေးကုသခွင့် ငြင်း
ပယ်နေတာဟာ ကျူးလွန်မှုမြောက်တဲ့ လုပ်
ရပ်ဖြစ်ကြောင်း၊ ဒီလို အခွင့်အာဏာ အလွဲ
သုံးစားလုပ်နေတဲ့ စစ်အုပ်စု၊ အကျဉ်းဦးစီး
ဌာနနဲ့ သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေဟာ တိုက်ရိုက်ကျူးလွန်သူတွေဖြစ်ပြီး၊ ဒီကျူးလွန်မှုတွေအတွက် ပြန်လည်တာဝန်ယူခိုင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ မြန်
မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

👍15❤8😢5🤮2👎1🤣1
စစ်တပ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံ
လောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)
က ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
#ကလေးထောင် #ppnm
#နိုင်ကျဥ်း၅၀ဦးအရေးပေါ်ဆေးရုံတက်ကုသဖို့လိုအပ် #peoplessping #PS

🤬22👍4🤮2❤1👎1😢1🤣1
မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ ဗုံးကြဲ
စက်တင်ဘာ၂၄၊၂၀၂၆။ကတ်သရင်း/People's Spring
ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်က အသေခံဒရုန်းတွေနဲ့ စတင်ကာ နေအိမ်အဆောက်အဦး ၁ခုကို စစ်တပ်က တိုက်ခိုက်လာပြီးနောက် Gyrocopter ၊Mi-35၊ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေတာလို့ သိရပါတယ်။
" ၁၅ရက်၊၁၆ ရက် တွေတိုက်ခိုက်မှုမှာ ပြည်သူတစ်ဦးက ပြင်းပြင်းထန်ထန် ခြေထောက်ကို ဒဏ်ရာရတယ်။အသေးစားဒဏ်ရာရတဲ့သူ ၅ဦး လောက်ရှိမယ်။မနေ့ညက တိုက်ခိုက်မှုမှာလည်း ၁ဦးဒဏ်ရာရတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က နေ့စဉ်နီးပါးဗုံးကြဲ နေပြီး ည ၁နာရီအချိန်တွေမှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက် မနေ့ညပိုင်းမှာလည်း စစ်တပ် ဗုံးကြဲမှုကြောင့် နေအိမ် ၃လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
" တစ်မြို့လုံးကုန်ပြီ နေအိမ် ၃အိမ်ပဲ ကျန်နေတာ။ အဲဒီ ၃အိမ်ကို ဗုံးလာကြဲသွားတာ"လို့ မြစ်ခြေမြို့ခံ တစ်ဦးက ပြောပါတယ်။
အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူ ၉၀ရာခိုင်နှုန်းလောက် မြို့အပြင်ထွက် တိမ်းရှောင်မှုတွေပြုလုပ် နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
"အခုထိ ဗုံးခိုကျင်းထဲ ဝင်လိုက်ထွက်လိုက်ပါပဲ။ည၁နာရီ တွေပါလာကြဲတာ ။ဒီကောင်တွေတော်တော်မိုက်ရိုင်းတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မေလ ၁၁ရက်ကစတင်ကာ မြစ်ခြေမြို့ကို စစ်တပ် ဝင်ရောက်ပြီး အမျိုးသမီးတွေအပါအဝင် ပြည်သူ ၄၀ခန့်ကို မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအချိန်ကတည်းက ဒေသခံတွေတိမ်းရှောင်နေခဲ့ရပြီး မေလ ၃၁ ရက်မှာ စစ်ကြောင်းပြန်ထွက်ကာ နယ်မြေရှင်းလင်းပြီးတဲ့နောက်တော်လှန် ရေးတပ်တွေက ဇွန်လ၃ရက်မှာ ကျေးရွာအတွင်း ပြည်သူတွေကို ပြန်ဝင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇွန်လ၁၀ ရက်မှာ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက်စစ်တပ်က လေကြောင်းက နေဗုံးကြဲခဲ့သလို စစ်ကြောင်းတွေ မြို့ထဲပြန်ဝင်ရောက် တပ်စွဲထားတာမို့ ဒေသခံတွေဒီကနေ့အထိထပ်မံရှောင်တိမ်း နေရတာလို့ သိရပါတယ်။

🤬29❤6👍5👎3👏1🎉1
ဒီအယ်လ်နီညိုကြောင့် ပိုမြင့်တက်လာမယ့် အပူစွမ်းအင်ဟာလက်ရှိမှာတောင် ပူနွေးနေတဲ့ ကမ္ဘာ့လေထုထဲကို ထပ်မံဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ခုနှစ်ဟာ ယခင်စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး ကမ္ဘာ့အပူဆုံးနှစ် (Hottest Year on Record) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဂူတာရက်စ်က ကမ္ဘာကြီးဟာလွန်ကဲတဲ့ ရာ
သီဥတုအန္တရာယ်ဇုန်ထဲ ရောက်နေပြီဖြစ်ပြီး မြင့်တက်လာတဲ့ အန္တရာယ်တွေနဲ့ ရာသီဥတုကာကွယ်ရေး လုပ်ဆောင်ချက်များကြား အ
ချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးဟာ အရေး
ကြီးတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။
ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO)
ရဲ့ အတွင်းရေးမှူးချုပ် ဆီလက်စတီ ဆောလို (Celeste Saulo) ကလည်း “အယ်လ်နီညိုဟာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနဲ့ လူမှုအသိုင်း
အဝိုင်းတွေကို အကြီးအကျယ် ရိုက်ခတ်နိုင်
ခြေ ရှိပါတယ်။ မိုးခေါင်တာနဲ့ ရေကြီးတာတွေကြောင့် ပျက်စီးဆုံးရှုံးမှု တွေကို မြင်တွေ့နေရပြီဖြစ်ပြီး အယ်လ်နီညို ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီသက်ရောက်မှုတွေဟာ ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အယ်လ်နီညို ရဲ့ သက်ရောက်မှုတွေကြောင့် အင်ဒိုနီးရှားမှာတောမီး ပိုဆိုးလာနိုင်ပြီး၊ အိန္ဒိ
ယ မှာ အရေးကြီးတဲ့ မုတ်သုံမိုး အားနည်းလာနိုင်ပါတယ်။ဩစတြေးလျမှာ တောမီးလောင်မှုအန္တရာယ်လည်း ပိုတက်လာနိုင်ပြီး၊ တောင်အမေရိက မှာ ရေကြီးမှု ပိုပြင်းထန်လာနိုင်ပါတယ်လို့ထောက်ပြထားပြီး၊ကမ္ဘာ့စားနပ်ရိက္ခာ
အစီအစဉ် (WFP) ကလည်း ဒီအယ်လ်နီညိုဖြစ်စဥ်ကြောင့် လူဦးရေ သန်း ၅၀ ခန့်ဟာ ပြင်းထန်တဲ့ အစာရေစာမလုံလောက်မှု ကြုံရနိုင်တယ်လို့ယင်းအခြေအနေရဲ့ အန္တရာယ်ကို သတိပေး ထားပါတယ်။
ရာသီဥတုပြောင်းလဲမှု (Climate Change) ဟာလည်း ဒီအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ကျောက်မီးသွေး၊ရေနံ၊သဘာဝဓာတ်
ငွေ့စတဲ့ရုပ်ကြွင်းလောင်စာတွေကြောင့်ကမ္ဘာကြီး ပိုပူနွေးလာနေပြီးအပူလှိုင်း၊ရေကြီးမှုနဲ့ အခြားပြင်းထန်တဲ့ ရာသီဥတုတွေကို ပိုမိုများလာစေပါတယ်။
ယခုနွေရာသီမှာ ဥရောပကို စံချိန်တင် အပူ
လှိုင်း ရိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၃၅,၀၀၀ သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရကတော့ ပြင်းထန်လာတဲ့ ရာသီ
ဥတုကို ရင်ဆိုင်နိုင်ဖို့ အရေးပေါ်အစားအစာ သိုလှောင်ထားခြင်း၊ရေလုံလောက်အောင်ပြင်ဆင်ခြင်း၊ရာသီဥတုနဲ့ ကိုက်ညီမယ့် စိုက်
ပျိုးရေးနည်းလမ်း ပြောင်းလဲခြင်း၊ ရေလှောင်
ကန်အသစ်များတည်ဆောက်ခြင်းတို့ကို လုပ်
ဆောင်သွားမှာဖြစ်ပြီး ဒါဟာ ဗြိတိန်ကို နောင်လာမယ့် နှစ်တွေမှာ ကြုံတွေ့ရမယ့် လွန်ကဲတဲ့ ရာသီဥတုတွေအတွက်ပိုမိုပြင်ဆင်ပြီးသားဖြစ်စေမယ်လို့ ထောက်ပြခဲ့သည်။
အန်ဂျလာ အီဂဲလ်ကတော့ “အရင်က ရာသီ
ဥတုပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အ
ရေးပေါ် အခြေအနေတွေကို ရင်ဆိုင်ဖို့ လုံ
လောက်အောင် ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အခုတော့ ပြောင်းလဲလာတဲ့ ရာသီဥ
တုအခြေအနေတွေနဲ့ ကိုက်ညီအောင် စိုက်
ပျိုးရေးနည်းလမ်းတွေနဲ့ ရေစီမံခန့်ခွဲမှုစနစ်တွေကို ပြန်လည်ပြင်ဆင် ပြောင်းလဲရပါမယ်” လို့ ရှင်းလင်းပြောဆိုခဲ့သည်။
အနှစ်ချုပ်ရရင် ဒီတစ်ကြိမ် အယ်လ်နီညို ဖြစ်
စဉ်ဟာ သာမန်ရာသီဥတု သံသရာတစ်ခုထက်ကျော်လွန်ပြီးကမ္ဘာလုံးဆိုင်ရာအန္တရာယ်တစ်ရပ်အဖြစ် ပေါ်ပေါက်လာနေပါတယ်။
https://www.ludunwayoo.com/feature-mm/2026/09/09/167770/

LuduNwayOo
အဆမတန်ကြီးမားလာသည့် အယ်လ်နီညို ဖြစ်စဉ်၊ ကမ္ဘာတစ်ဝန်း ရာသီဥတုဆိုးကျိုးများ ပိုမိုပြင်းထန်လာနိုင် | LuduNwayOo
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။
👍21❤4😢3👎1🔥1🤣1
ဟုမ္မလင်းမှာ တိုက်ပွဲဖြစ်၊ ရွှေပြည်အေးမြို့ကို စစ်တပ် ဗုံးကြဲ
စက်တင်ဘာ၂၄၊၂၀၂၆။ ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ ၂၀ရက်က ဟုမ္မလင်းမြို့နယ် တနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ SNA ဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေရှိသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာလည်း ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံသတင်းမြစ်ကပြောပါတယ်။
" တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း လေယာဉ်တွေနဲ့ နေ့တိုင်းကင်းထောက်တယ်။ မနေ့ကတော့ ရွှေပြည်အေးမြို့ကို ဗုံးကြဲသွားပါတယ်။ ဗုံးကြဲတာက လူမထိဘူး။ ဒါပေမယ့် အဆောက်အအုံတွေပျက်စီးတယ်"လို့ အဆိုပါသတင်းမြစ်က ပြောပါတယ်။
ရွှေပြည်အေးမြို့ကို ဟုမ္မလင်းလေဆိပ်ကနေတက်လာတဲ့ Gyrocopter ၂စီးနဲ့ ဗုံး ၄လုံးကြဲသွားတာလို့ သိရပါတယ်။ဟုမ္မလင်းမြို့နယ်မှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့ဇွန်လကစတင်ပြီး စစ်တပ်က ချင်းတွင်းမြစ်ကြောင်းကိုအသုံးပြုပြီး ဟုမ္မလင်းမြို့အပါအဝင် အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ရိက္ခာနဲ့တပ်ဖွဲ့ဝင် အင်အားတွေ ပို့ခဲ့ပါတယ်။
စစ်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်နဲ့ ကသာမြို့နယ်ကိုလည်း လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
စက်တင်ဘာ ၂၃ရက်က အင်းတော်မြို့နဲ့ ကသာမြို့ကို Y12 လေယာဉ်နဲ့ဗုံးကြဲတာမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သလို သီလရှင် ၁ပါးလည်း ကွယ်လွန်ခဲ့ပါတယ်။
ဟုမ္မလင်းနဲ့ရွှေပြည်အေးမြို့နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလာနိုင်တဲ့အတွက် လုံခြုံရေးသသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေကြပါတယ်။
ဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးမြို့နယ်မှာလည်း တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုဖို့တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က စက်တင်ဘာ ၁၇ရက်မှာ သတင်းထုတ်
ပြန်ထားပါတယ်။

❤15🤬13👍5👎3🎉2👏1
■ဆောင်းပါး
ဒါးကျွန်းရွာက ငိုသံတွေကို ဖုံးလွှမ်းသွားစေခဲ့တဲ့ မြင်းခြံမြို့ပေါ်က ဘုရားပွဲ
ထွန်းညိုဦး/People's Spring
စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
၆ နှစ်တိတိ ပွဲလမ်းသဘင်တွေနဲ့ ဝေးခဲ့ရတဲ့ မြို့ခံတွေ၊ အာဏာသိမ်းကာလအစောပိုင်းမှာ မွေးဖွားခဲ့တဲ့ ကလေးသူငယ်တွေဟာ ဘုရားပွဲလှည့်တဲ့ယာဥ်တွေ၊ စတိတ်ရှိုးဖျော်ဖြေတာတွေကို မျက်လုံးအဝိုင်းသား ကြည့်နေခဲ့ကြတယ်။ မြင်းခြံမြို့ဟာ တကယ်ပဲ အေးချမ်းသွားပြီတဲ့လား။
တကယ်တော့ စတိတ်စင်ရှေ့မှာ ကခုန်နေတဲ့ လူငယ်တွေထဲက တစ်ယောက်ယောက်ကို ဆွဲခေါ်ပြီး မင်းနံပါတ်ဘယ်လောက်ပေါက်လဲလို့ မေးကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ စစ်မှုထမ်းမဲနှိုက်ထားကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ ဘုရားသုံးဆူပွဲကာလမှာတင် မြင်းခြံမြို့မှာ မြို့လုံးကျွတ် စစ်မှုထမ်း မဲနှိုက်ထားကြရပါတယ်။ အဝေးရောက်နေတဲ့ လူငယ်တွေကအစ မဲနှိုက်ထားကြရတာပါ။
"စည်ကားနေတာတွေပဲမြင်ရတာကိုး။ ကျမတို့တော့မပျော်နိုင်ဘူးရှင်။ စစ်မှုထမ်းတွေကမဲနှိုက်ရ ပေါ်တာတွေကဆွဲနဲ့ ပူပင်သောကတွေများနေလို့ မြင်းခြံသူဖြစ်ပေမဲ့ အဲ့ပွဲလည်းတစ်ခေါက်မှ မရောက်ပါဘူးရှင်။ ဘယ်လိုလူတွေကများပျော်နိုင်ရတာလဲ စဥ်းစားမရဘူးရှင်"လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုရေးသားထားတာ တွေ့ရတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလက စတင်ပြီး မြို့ကြီးအသီးသီးမှာ ပွဲလမ်းသဘင်တွေ၊ ဂီတဖျော်ဖြေပွဲတွေကို စစ်ကောင်စီက အားပေးကူညီပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ကျင်းပလာခဲ့ပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ သင်္ကြန်ကာလတွေဟာ သာမန်ကာလတွေလိုပဲ ပွဲတော်အများဆုံး ဖြစ်ခဲ့တယ်။
အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ မြို့ကြီးတွေမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပြီ၊ အေးချမ်းသာယာနေပြီဆိုတဲ့ ပုံရိပ်ကို ပြည်တွင်းနဲ့ နိုင်ငံတကာကို ပြသဖို့ ပွဲလမ်းသဘင်တွေကို စနစ်တကျ ဖန်တီးပြုလုပ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်ကြပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေစတဲ့ အထွေထွေကျပ်တည်းမှုတွေကြားကနေ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အာရုံစိုက်မှုတွေကို အပျော်အပါး ပွဲလမ်းသဘင်တွေဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အာရုံလွှဲပြောင်းဖို့ ကြိုးစားခဲ့တယ်။
သဘင်၊ ရုပ်ရှင်၊ဂီတလောကထဲက အနုပညာရှင်ဆိုသူတွေကလည်း အာဏာသိမ်းစစ်တပ်ရဲ့အလိုကျ ဝါဒဖြန့်မှုတွေမှာ အားတက်သရောနဲ့ ပါဝင်ခဲ့ကြတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေရဲ့ ပွဲလမ်းသဘင်တွေဟာ အာဏာသိမ်းစစ်တပ်အလိုကျ အောင်မြင်ခဲ့ပါတယ်။
မြင်းခြံမြို့ပတ်ပတ်မှာလည်း အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြင်းခြံနယ်ထဲက ပြည်သူတွေ အများအပြား သတ်ဖြတ်ခံထားရပါတယ်။ ကျေးရွာအများအပြားက နေအိမ်ထောင်ချီ မီးရှိူ့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီလို အခြေအနေကြားမှာပဲ
မြင်းခြံမြို့ပေါ်မှာ အားစမ်းတဲ့သဘော ပြန်လုပ်ခဲ့တဲ့ သုံးဆူဘုရားပွဲဟာလည်း အောင်မြင်ခဲ့ပါတယ်။ ကြိတ်ကြိတ်တိုးလည်း စည်ကားခဲ့ပါတယ်။ မနေ့က စက်တင်ဘာ ၂၃ ရက်မှာဆို သုံးဆူဘုရားပွဲ နောက်ဆုံးနေ့ဖြစ်တာကြောင့် လူတွေတိုးမပေါက်အောင် စည်ကားခဲ့တယ်။
မနေ့က မြင်းခြံမြို့ပေါ်မှာ ဘုရားပွဲနဲ့ စည်ကားနေတဲ့အချိန်ညနေ ၃ နာရီခွဲလောက်မှာ မြင်းခြံခမရ(၁၅)ကနေ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်လိုက်တယ်။ အဲဒီလက်နက်ကြီးတွေဟာ မြင်းခြံအနောက်မှာရှိတဲ့ ဒါးကျွန်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထဲ ကျပြီး အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံဆိုတဲ့ KG ကျောင်းသားလေး သေဆုံးခဲ့ရပါတယ်။ သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ အသက် ၈ နှစ်အရွယ် နှစ်တန်းကျောင်းသားလေး မောင်ဟိန်းဆက်နိုင်လည်း ပေါင်ကိုထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူ မအိခိုင်ကတော့ ခြေထောက်သွင်သွင် ကျိုးခဲ့ရပါတယ်။
ပွဲမစခင် လေးရက်လောက်အလို စက်တင်ဘာ ၁၇ ရက်ညနေပိုင်းကလည်း မြင်းခြံမြို့ ခမရ (၁၅) တပ်က ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့လို့ မြင်းခြံမြို့နယ် အရှေ့ခြမ်းက ကျေးရွာတစ်ရွာအတွင်း ကျရောက်ပြီး ဆေးလိပ်လိပ်နေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
ဒါးကျွန်းရွာ လက်နက်ကြီးကျတဲ့အသံကို မြင်းခြံမြို့ပေါ်က စတိတ်ရှိုးသံတွေက ဖုံးလွမ်းသွားခဲ့ပုံရပါတယ်။ နောက်ဆုံးညလည်း ဖြစ်တာကြောင့် ညသန်းခေါင်အထိ မြင်းခြံမြို့ပေါ်မှာ စည်ကားခဲ့တယ်လို့ သိရပါတယ်။ ဒါးကျွန်းရွာက ကလေးမိဘတွေကတော့ သေဆုံးတဲ့ကလေးအတွက် နာရေးပြင်ဆင်နေရလို့ ကျန်တဲ့ ဒဏ်ရာရ ကလေးနှစ်ဦးအတွက်လည်း ဆေးကုသဖို့ ကြိုးစားနေခဲ့ရပါတယ်။

😭23🤬9❤4👍3🖕3👎1🤔1🤮1🤣1