People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ရဲဘော်တချို့က ပြောပါတယ်။ မင်းတုန်းမြို့နယ်က ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈)ကုန်းပတ်ဝန်းကျင်နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက် အပြင်းအထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ရဲ့ ရုပ်အလောင်း ၃၀ကျော်ရပြီး စစ်တပ်စစ်ကြောင်း နောက်ပြန်ဆုတ်သွားရတယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းတွေမှ အဓိက အသုံးပြုနေပြီး စစ်မှုထမ်းထဲ မပါဖို့ ကြိုတင်ဂရုစိုက်ကြဖို့ မင်းတုန်းအနောက်ခြမ်းက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အထိနာတဲ့ စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားတာကြောင့် မြေပြင်အခြေအနေမှာ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သူက အသိပေးပါတယ်။ ဒါပေမဲ့ စစ်တပ်က တိုက်လေယာဥ်တွေနဲ့ လေကြောင်းကနေ ဗုံးလာကြဲနေတယ်လို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ စက်တင်ဘာ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဆီက လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာ၂၂ရက်က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

◾️အင်းတော်မြို့နယ်က ကျေးရွာတွေ စစ်တပ်ဗုံးကြဲ အရပ်သား ၂ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းနဲ့ ဆက်စပ်တဲ့ မဲဇာ-စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကို ဒီနေ့ စက်တင်ဘာ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်‌တပ်က Y-12နဲ့ ဗုံးကြဲတာပါ။ ဒေသခံတွေပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေပေါ် ကြဲချလို့ ဆီကားတချို့မီးလောင်ခဲ့သလို ယာဉ်မောင်း ၁ဦးနဲ့ယာဥ်နောက်လိုက် ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အင်းဝောာ်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ဗုံးလာကြဲသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

◾️နွားထိုးကြီးမြို့နယ် စစ်တပ် လေကြောင်းတိုက်မှု အဘွားအို ၂ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ၂၂ရက် မနေ့ညနေပိုင်းမှာ စစ်တပ်က မန်လည်ကျေးရွာတွင်းကို Mi-35 ၂စီး၊ Gyrocopter ၂စီးနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုကြောင့် အသက် ၇၅နှစ်အရွယ် ဒေါ်ခင်ဒေါင်းညို၊ ဒေါ်သိန်းပိုင်တို့ ၂ဦး ဗုံးဆံထိမှန် သေဆုံးပြီး ဦးအောင်ကို၊ ဦးမင်းနဲ့ ဒေါ်ယဉ်မာစန်းတို့ ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ ဒဏ်ရာရသူတွေအနက် ပြင်းထန်သူတွေလည်းရှိပြီး စစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

◾️၈လတာအတွင်း လက်နက်ချအလင်းဝင် စစ်ကောင်စီတပ်သား ၁၄၀၀ ခန့်ရှိ

စစ်ကောင်စီတပ်သားတွေ အလင်းဝင်တာ၊ တိုက်ပွဲမှာ လက်နက်ချတာတွေ စတဲ့ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ အခုနှစ် ၈လတာအတွင်း စစ်တပ်ကနေ အလင်းဝင်သူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၄၀၀ ခန့်ရှိကြောင်း ပြည်သူပန်းတိုင်က အသိပေးထားပါတယ်။ ပြည်သူ့ပန်းတိုင်က ဒီနေ့ စက်တင်ဘာ ၂၃ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၆ ဇန်နဝါရီ ကနေ ဩဂုတ်လကုန်အထိ ၈လတာအတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စာရင်းများ လေ့လာဆန်းစစ်ချက် အစီရင်ခံစာနဲ့ အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် ဖော်ပြချက်တွေအရ အခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀ ခန့်ဟာ လက်နက်ချတာ၊ အလင်းဝင်တာ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးတပ်တွေနဲ့ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်၊ ဖော်ပြချက်တွေကို စုစည်းထားတာဖြစ်လို့ မြေပြင်မှာ အရေအတွက် ပိုများနိုင်ပါတယ်။

◾️အမေရိကန်နဲ့ ဆက်ဆံရေး ပြန်တည်ဆောက်လိုကြောင်း Time မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ မင်းအောင်လှိုင်ပြော

အမေရိကန်နဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ ဖန်တီးထားတဲ့ရွေးကောက်ပွဲတစ်ခုကို အသုံးချကာသမ္မတရာထူးကို ရယူပြီး နောက်ပိုင်းမှာ မင်းအောင်လှိုင်ဟာ ပထမဆုံးအကြိမ် အနောက်ကမ္ဘာက မီဒီယာတစ်ခုနဲ့ အင်တာဗျူးဖြေကြားခဲ့ရာမှာ အခုလို ပြောဆိုသွားတာပါ။ သူဟာ Time မဂ္ဂဇင်းနဲ့ အင်တာဗျူးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက သူ့အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ကူညီ ဖော်ဆောင်ပေးမယ်ဆိုရင် အကောင်းဆုံး ဖြစ်လာမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝန်းထဲ ပြန်ဝင်ဆံ့ဖို့ သူ့ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး Time ရဲ့ မေးခွန်းတွေကို ဖြေဆိုရာမှာ သူ့ရဲ့ တချို့ အဖြေတွေက မေးခွန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိနိုင်တာကိုလည်း မင်းအောင်လှိုင်က ဝန်ခံခဲ့ပါတယ်။
🖕10🤮5👍4❤2
◾️ဒုက္ခသည်တွေ မြန်မာသို့ ပြန်မပို့ခင် ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ IIMM ထုတ်ပြန်

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လတ်တလော ဒေသတွင်းအစိုးရတွေက ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများ နေရပ်သို့ပြန်ပို့နိုင်ရေးနဲ့စပ်လျဥ်းတဲ့ ထုတ်ပြန်ကြေညာချက်များကို သတိပြုမိကြောင်းနဲ့ အဲဒီ နေရပ်ပြန်ပို့ခြင်းများ မတိုင်မီ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုများ ပြင်းထန်စွာခံစားနေရတဲ့ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမှာဖြစ်တယ်လို့ IIMM က ဖော်ပြပါတယ်။ IIMM က စုဆောင်းထားတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ရှိ အနေအထားမှာ ပြည်သူလူထုများအတွက် မတည်ငြိမ်ဘဲ အလွန်အမင်း အန္တရာယ်ရှိနေဆဲလို့ သတိပေးထားပါတယ်။ ပဋိပက္ခများအကြား ပြည်သူလူထုအနေနဲ့လည်း မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ နှိပ်စက် သတ်ဖြတ်ခြင်းများရဲ့သားကောင်များ ဖြစ်ကြရတယ်လို့ IIMMက ဖော်ပြပါတယ်။

◾️စစ်ကောင်စီက သံဃာတော်တွေကို UID နံပါတ်ထုတ်ပေးပြီး ထိန်းချုပ်ဖို့ စီစဥ်

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သာသနာဝင်၊သာသနာနွယ်ဝင်တွေကို e-ID စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) (ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းသံဃနာယကအဖွဲ့ထံ လျှောက်ထားလိုက်တာပါ။ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနရဲ့ စက်တင်ဘာ ၁၇ ရက်စွဲပါ ညွှန်ကြားချက်အရ မန္တလေးတိုင်း လဝက ရုံးက စက်တင်ဘာ ၁၉ ရက်မှာ တိုင်းသံဃနာယကဆရာတော်ကြီးတွေထံ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပြီး၊ လိုအပ်တာတွေ ပံ့ပိုးပေးဖို့ မြို့နယ် သံဃနာယကအဖွဲ့တွေကို ညွှန်ကြားပေးဖို့ပါ တောင်းဆိုထားပါတယ်။ စစ်ကောင်စီဟာ UID စနစ်ကိုသုံးပြီး ပြည်သူတွေရဲ့ သွားလာမှု၊ ငွေကြေးသုံးစွဲမှု၊ ဆက်သွယ်ရေးနဲ့အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ဖို့ အဓိက ဦးတည်အသုံးချနေတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။ ​စစ်ကောင်စီဟာ ဒီ e-ID နဲ့ Unique ID စနစ်ကို အသုံးပြုပြီး ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်နေသလို ခုလို သံဃာထုဆီပါ တိုးချဲ့လာတာဟာ သံဃာတော်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုပါ စောင့်ကြည့်စိစစ် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ကြောင်း သံဃာအချို့က မိန့်ပါတယ်။

◾️မင်းလှမှာ အညံ့ခံသူသတင်းပေးလို့ ပြည်သူတစ်ဦး သတ်ဖြတ်ခံရ၊ ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်က မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းက အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ရုပ်အလောင်းကို စက်တင်ဘာ၂၀ ရက် ညပိုင်းက မီးသဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။ ကိုဝေဖြိုးဟာ PDF ကို ထောက်ပံ့မှုနဲ့ စစ်တပ်လှုပ်ရှားမှု ကို ဖြန့်ဝေနေတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် သေနတ်လုခုခံလို့ ပစ်ခတ်စဉ်သေဆုံးခဲ့ရတာလို့ စစ်တပ်က မင်းလှမြို့ပေါ်မှာ သတင်းဖြန့်ထားပါတယ်။ ကိုဝေဖြိုးနဲ့ အတူ မင်းလှမြို့ဒေသခံ ၅ဦးထက်မနည်း ဖမ်းဆီးခံရမှုဟာ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်းက ထွက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားသူ ရဲဘော် အောင်ကိုကို(ခ)ရေခဲနဲ့ သက်ဆိုင်တယ်လို့ အခြေအနေကို သိရှိသူတချို့က ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ တော်လှန်ပြည်သူတွေက (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
👍13🖕4❤2
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ကျေးရွာအလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ အားပေးထောက်ခံမှု ပြသခဲ့ပါတယ်။
လက်ကမ်းစာစောင်တွေမှာ ကုလသမဂ္ဂ စင်မြင့်ကနေ မြန်မာပြည်သူတွေရဲ့ အသံနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
👍20🖕3🤮2❤1
👍22🤮2🤣2❤1👎1😁1💩1
❤17👎3🤮2🤣2👍1🤬1
လူမှု‌ကွန်ရက်ပေါ်မှာ​ရေးသားတာနဲ့ စစ်တပ်ရဲ့ဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိလာ

စက်တင်ဘာ-၂၃၊၂၀၂၆။တေဇ/People's Spring

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ကိုဝေဖန်ဆန့်
ကျင်ပြီး လူထုလှုပ်ရှားမှုတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအာပေးတဲ့ရေးသားမှုတွေ နဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၂၀၂၉ ဦးရှိတယ်လို့ ဒီနေ့(စက်တင်ဘာ၂၃) သတင်းထုတ်ပြန်ပါတယ်။

ဒီလိုဖမ်းဆီးအရေးယူမှုတွေကိုစစ်တပ်က ၂၀၂၂ ဖေဖော်ဝါရီမှာ စတင်ခဲ့တာဖြစ်ပြီး
၂၀၂၂ နှစ်အတွင်းမှာပဲ ဖမ်းဆီးခံရသူ ၈၇၄ ဦးထိရှိတယ်လို့ D4M က​ဖော်ပြထားပါတယ်။

ဒါ့အပြင်၂၀၂၃ မှာ ၆၁၄ ဦး ၊ ၂၀၂၄ မှာ ၃၇၅ ဦး ၊ ၂၀၂၅ မှာ ၁၄၀ ဦးနဲ့ ၂၀၂၆ခုနှစ်မှာတော့ ဩဂုတ်လကုန်အထိ ၂၆ ဦး ဖမ်းဆီးခံရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုင်းနဲ့ပြည်နယ်တွေအနက်ရန်ကုန်နဲ့ မန္တလေး
က ဖမ်းဆီးခံရမှု အများဆုံး​ဒေသ​တွေဖြစ်ပြီး ရန်ကုန်မှာ ၅၀၄ ဦးနဲ့ မန္တလေးမှာ ၄၆၅ ဦးရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၃၁၅ နဲ့ အမျိုးသမီး ၇၁၄ ဦးပါဝင်ပြီး ဖေ့စ်ဘွတ်ခ်မှာရေးသားတာကြောင့် ဖမ်းဆီးခံရသူ ၁၈၄၇ ဦး ၊ Tik Tok မှာရေးသားတာကြောင့် ဖမ်းဆီးခံရသူ ၁၅၁ ဦး ၊ Viber နဲ့ Telegram ‌အသုံးပြုသူ ၈ ဦးနဲ့ ၂၃ ဦးကတော့ အွန်လိုင်းပလက်ဖောင်း တစ်ခုထက်ပိုပြီးရေးသားမှုတွေကြောင့် ဖမ်း
ဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆ မှာဆိုရင် လုံခြုံရေးထိပါးဝာာမဟုတ်ပဲ နိုင်ငံရေး အမြင်မတူတဲ့ မှတ်ချက်ပေးတာတွေ မျှဝေတာတွေအထိ အရေးယူမှုတွေရှိလာတယ်လို့ D4M ကထောက်ပြထားပါတယ်။

စစ်တပ်က လူမှုကွန်ရက်ကနေ လှုံ့ဆော်တာ ၊ ဝါဒဖြန့်တာ ၊ ခြိမ်းခြောက်ဝာာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ၅၀၅-က ၊ အီလက်‌ထရောနစ်ဥပဒေပုဒ်မ ၃၃(က) တို့ရဲ့ အရေးယူဆောင်ရွက်မယ်လို့ ၂၀၂၂ ဇန်နဝါရီ မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

လူမှုကွန်ရက်မှာရေးသားဝာာတွေကို စောင့်ကြည့်အရေးယူတာရှိသလို စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးကာ အရေးယူတာတွေလည်းရှိတာကြောင့် အွန်လိုင်းအ
သုံးပြုသူတွေအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အ
လက်တွေကို လုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်ပြီး ခရီးသွားလာမယ်ဆိုရင် ကိုယ့်ရဲ့ အချက်အလက်လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံ
ရေးအတွက် သေချာပြင်ဆင်သင့်တယ်လို့ D4Mကအကြံပြုထားပါတယ်။
🤬28👎3🔥2
၂၀၂၅ ​အောက်တိုဘာလမှာလူမှုကွန်ယက်မှာ ပို့စ်​ရေးယုံနဲ့ မတရား ဖမ်းဆီး​ထောင်ချခံရတဲ့ ဒါရိုက်တာမိုက်တီး နဲ့ သရုပ်​ဆောင် ​ကျော်ဝင်းထွဋ် ၊ ဟာသသရုပ်​ဆောင် အုန်းဒိုင်း
😢30👎3🤣2❤1
“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဥရောပမှာ တောမီးတွေ၊ အာရှမှာ ရေကြီးမှုတွေနဲ့ အပူလှိုင်းတွေ ဖြစ်ပေါ်နေချိန်မှာ အမေဇုန်ဒေသကတော့ ပြင်းထန်တဲ့ မိုးခေါင်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရပါတယ်။ သိပ္ပံပညာရှင်တွေက အယ်လ်နီညို ရဲ့ အထွတ်အထိပ်ဟာ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း၊ အမေဇုန်အတွက် အဆိုးဆုံးအချိန်မှာ ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

အဲဒီကာလဟာ မိုးခေါင်ရာသီအဆုံးပိုင်းဖြစ်ပြီး မြစ်ရေတွေ အနိမ့်ဆုံးအခြေအနေကို ရောက်နေသလို သစ်တောအောက်ပိုင်းတွေကလည်း ခြောက်သွေ့ပြီး မီးလောင်လွယ်နေပါတယ်။

အမေဇုန်သစ်တောဟာကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးရာမှာ အရေးကြီးသလိုတောင်အမေရိကတစ်ဝန်း စိုက်ပျိုးရေးအတွက်မိုးရေရရှိစေဖို့လည်းအဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ဒါပေမယ့်လူသားတွေကကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ(ကျောက်
မီးသွေး၊ရေနံနဲ့ သဘာဝဓာတ်ငွေ့) နဲ့ သစ်တောတွေကို မီးရှို့အသုံးပြုတာကြောင့် ကမ္ဘာကြီးပူနွေးလာပြီး အပူလှိုင်း၊ မုန်တိုင်း၊ မိုးခေါင်မှုနဲ့ တောမီးတွေလို ပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေပိုမိုဆိုးရွားလာပါတယ်။ ဒီရေရှည်အခြေ
အနေအပေါ် အယ်လ်နီညို ဆိုတဲ့ သဘာဝရာ
သီဥတုဖြစ်စဉ် က ထပ်မံဖိအားပေးလာတာ ဖြစ်ပါတယ်။

ဒီအယ်လ်နီညို ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း အပြင်းထန်ဆုံးဖြစ်လာနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အစပြုနေဆဲအချိန်မှာတောင် ကမ္ဘာ့ဒေသအ
များအပြားမှာအပူချိန်မြင့်တက်မှု၊ မိုးခေါင်
မှု၊ တောမီးနဲ့ ရေကြီးမှုတွေ ဖြစ်နေပါပြီ။ဥရောပမှာအပူချိန်စံချိန်တွေချိုးဖောက်ခဲ့ပြီးပြင်သစ်၊ ဂရိနဲ့ မြေထဲပင်လယ်ဒေသတွေမှာတောမီးတွေ ပြင်းထန်ခဲ့ပါတယ်။အာရှမှာတောင်ကိုရီးယားနဲ့ ဂျပန်တို့ အပူလှိုင်းခံနေရပြီး တရုတ်နဲ့ အိန္ဒိယမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကနေဒါ၊ အင်ဒိုနီးရှားနဲ့ အမေရိကန်တို့မှာလည်း တောမီးကြီးတွေ ဖြစ်
ပွားနေပြီး အရှေ့အလယ်ပိုင်းမှာ အပူချိန်စံချိန်သစ်တွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကလည်း ယခင်မှတ်တမ်းတွေထက် အလွန်မြင့်တက်
နေပြီး သန္တာကျောက်တန်းတွေနဲ့ ပင်လယ်သတ္တဝါတွေကို ခြိမ်းခြောက်နေပါတယ်။ သမုဒ္ဒရာတွေဟာကမ္ဘာ့အပူကိုအဓိကစုပ်ယူပေးတဲ့ နေရာဖြစ်တာကြောင့်ပင်လယ်ရေအပူချိန်မြင့်တက်မှုဟာကုန်းမြေပေါ်မှာဆက်
လက်ဖြစ်လာမယ့် အပူဒဏ်တွေကို ကြိုတင်ပြသနေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

အမေဇုန်ဟာ ကမ္ဘာ့အကြီးဆုံးမြစ်နဲ့ မြစ်လက်
တက်များစွာကို ပိုင်ဆိုင်ထားပြီး သစ်ပင်တွေနဲ့ အပင်တွေကအစိုဓာတ်ကိုစုပ်ယူကာ လေထုထဲ ပြန်လည်ထုတ်လွှတ်ပေးတဲ့အတွက် မိုး
ကောင်းကင်ပေါ်က ရေငွေ့စီးကြောင်းများ (flying rivers) လို့ခေါ်တဲ့ ရေငွေ့စီးကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီစနစ်က တောင်အမေရိကတစ်ဝန်းကို အေးမြစေပြီး မိုးရေထောက်ပံ့ပေးပါတယ်။ဒါ့အပြင်အမေဇုန်သစ်တောက ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အမြားကို စုပ်ယူပေးတာကြောင့် ကမ္ဘာတစ်ဝန်းအတွက် အရေးကြီးပါတယ်။

ဒါပေမယ့်အမေဇုန်ဟာစိုက်ပျိုးရေး၊သတ္တုတူးဖော်ရေးနဲ့ လူသားကြောင့် ဖြစ်ပေါ်တဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သုံးပုံတစ်ပုံခန့်ပျက်စီးယိုယွင်းနေပါပြီ။အဲဒီအတွက် သစ်ပင်နဲ့သစ်တောအောက်ပိုင်းတွေဟာမီးလောင်လွယ်လာပြီး “megafire” လို့ခေါ်တဲ့ အလွန်ကြီးမားတဲ့ တောမီးတွေ ဖြစ်ပေါ်နိုင်
ခြေ မြင့်တက်လာပါတယ်။ အချို့ဒေသတွေဟာ သစ်တောက သူ့ဘာသာသူ ပြန်လည်ကောင်းမွန်နိုင်တဲ့အဆင့်ကို ကျော်လွန်သွားနိုင်မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

အရင် အယ်လ်နီညို သုံးကြိမ်—၁၉၉၇ – ၉၈၊ ၂၀၁၅ – ၁၆ နဲ့ ၂၀၂၃ – ၂၄ တို့ဟာ အမေဇုန်အတွက် ဆိုးရွားခဲ့ပါတယ်။ ၂၀၂၃ – ၂၄ အယ်လ်နီညိုကြောင့် မြစ်အချို့ စံချိန်တင်အနိမ့်ဆုံးရောက်ခဲ့ပြီး တောမီးကြီးတွေ ဖြစ်ပွားခဲ့သလို လင်းပိုင်နဲ့ ငါးတွေ အမြောက်အမြား သေဆုံးခဲ့ပါတယ်။ အခုတော့ သစ်တောဟာ အဲဒီပျက်စီးမှုကနေ ပြန်လည်ကောင်းမွန်ဖို့တောင်အချိန်မရသေးခင်နောက်ထပ်ပိုမိုပြင်းထန်တဲ့ အယ်လ်နီညိုကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒီအယ်လ်နီညို ကို “ဂေါ်ဇီလာအယ်လ်နီညို” လို့ တင်စားခေါ်ဆိုထားတာ ဖြစ်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/08/16/165749/
👍38❤4🖕4🔥2
■​ဆောင်းပါး

Human Rights Watch အစီရင်ခံစာက ပြောတဲ့ မြန်မာ့အကျဥ်းထောင်ငရဲခန်းထဲမှ အကျဉ်းသူများ

(အပိုင်း -၁)

- ဥဂ္ဂါ ရေးသားသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံ
ရေးအကျဉ်းသူတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ခန္ဒာကိုယ်စစ်ဆေးမှုတွေ၊ အ
သက်အန္တရာယ် တွေ့နိုင်သည်အထိ ဆေးကုသခွင့် ငြင်းပယ်ခံရမှုတွေ အပြင် ကိုယ်ဝန်
ဆောင်မိခင်တွေနဲ့ ကလေးတွေရဲ့ နာကျင်ဖွယ် အခြေအနေတွေကို အောက်ပါ ကိုယ်တွေ့မှတ်တမ်းတွေအပေါ် အခြေခံပြီး လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ ၂၂ ရက်မှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာအရ အာဏာသိမ်းပြီးချိန်ကစပြီး ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး ၆,၆၀၀ ကျော်နဲ့ ကလေးသူငယ် ၆၄၀ ဦး ပါ
ဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း Human Rights Watch က နိုင်ငံရေးအကျဉ်းသူဟောင်း ၁၇ ဦး၊ မိသားစုဝင် ၃ ဦး၊ ရှေ့နေနဲ့ ကူညီစောင့်ရှောက်သူ ၄ ဦးတို့ကို တွေ့ဆုံမေး
မြန်းခဲ့ပါတယ်။ဖမ်းဆီးခံရချိန်ကတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ကျန်း
မာရေးဝန်ထမ်းတွေနဲ့ကူညီကယ်ဆယ်ရေးဝန်
ထမ်းတွေ ဖြစ်ခဲ့ကြတဲ့ဒီအကျဉ်းသူဟောင်း
တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်း
ထောင် ၁၁ ခုမှာ ထိန်းသိမ်းခံခဲ့ရ သူတွေ ဖြစ်ခဲ့ကြပြီး၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ အ
တွေ့အကြုံတွေကို အောက်ပါအတိုင်း ပြောပြကြပါတယ်။”

●လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ

လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အ
တွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တစ်ဦးက စစ်ကြောရေးအ
တွင်း မုဒိမ်းကျင့်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အ
ကြမ်းဖက်ခံရမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ပြောပြပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြား အင်းစိန်နဲ့ ဒိုက်ဦးထောင်တွေမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောကြားချက်အရ ထောင်ဝန်ထမ်းတွေဟာ ဆေးဝါး ဒါမှမဟုတ် အခြား လိုအပ်ချက်တွေနဲ့ လဲလှယ်ပြီး အကျဉ်းသူအချို့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကိုလက်ခံဖို့ စည်း
ရုံးဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်က အမျိုးသမီးတွေဟာ တရားရုံးကနေ ပြန်လာတဲ့အချိန်နဲ့ အပြင်မထွက်ခင် မူးယစ်ဆေး ဒါမှမဟုတ် ထောင်တွင်းမှ စာတွေပါ၊မပါ ရှာဖွေစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂုဏ်သိက္ခာကို ထိ
ခိုက်စေတဲ့ ခန္ဓာကိုယ်စစ်ဆေးမှုတွေ ပြုလုပ်ခံခဲ့ရကြောင်း ပြောပြကြပါတယ်။

“တရားရုံးကနေ ထောင်အတွင်းကို ပြန်လာတိုင်း အမျိုးသမီးဝန်ထမ်းတွေက ခန္ဓာကိုယ်စစ်ဆေးမှု လုပ်ကြတယ်။ ပြင်ပကို စာတွေ မပေးလိုက်အောင်ဆိုပြီး ကျွန်မတို့ ခန္ဓာကိုယ်ထဲကို သူတို့ လက်ချောင်းတွေ ထည့်စစ်တာ။ အဲဒါက ပုံမှန်လုပ်ထုံးလုပ်နည်းပဲ။ ရာသီလာနေတဲ့ အမျိုးသမီးတွေ ဆိုရင် လစဉ်သုံးဂွမ်းကတ်ကို အတွင်းခံကနေ ခွာပြီး ပြရတယ်” လို့ ခိုင်ဇာက ပြောပါတယ်။

အကျဉ်းထောင် ငါးခုမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေက ရေချိုးချိန် ဒါမှမဟုတ် အဝတ်အစား လဲချိန်တွေမှာ တိုက်ရိုက်ဖြစ်စေ၊ CCTV ကင်မရာတွေကတစ်ဆင့်ဖြစ်စေ စောင့်ကြည့်ခံခဲ့ရကြောင်းဖော်ပြကြပါတယ်။

“မျှော်စင်ပေါ်က ရဲတွေက စိုက်ကြည့်နေတော့ ရေချိုးရတာ လုံခြုံမှု မရှိဘူး” လို့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ကြား ပြည်အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရသူ မချိုချိုဝင်း (၂၁ နှစ်) က ပြောပါတယ်။

“CCTV တွေက အဝတ်အစားလဲခန်းအပါ
အဝင် နေရာတိုင်းမှာ ရှိတယ်။ CCTV စောင့်ကြည့်တဲ့ သူတွေက အမျိုးသားတွေဖြစ်လို့ လုံခြုံမှု မရှိကြဘူး။ အချို့ အမျိုးသမီးတွေဆို ရေကို မချိုးရဲ ကြ‌တော့ဘူး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ ၂၀၂၅ ခုနှစ်တွေ့ရှိချက်မှာလည်း “ထိန်းသိမ်းရေးစခန်းတွေမှာ အသက်အရွယ်မျိုးစုံနဲ့ လိင်အမျိုးအစား မျိုးစုံရှိသူတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု အခြေ
ပြု ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒီရာဇဝတ်မှုတွေထဲမှာ မုဒိမ်းကျင့်မှု (အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ အကြိမ်ကြိမ် မုဒိမ်းကျင့်မှု)၊ စအိုနဲ့ မိန်းမကိုယ်အပေါက်တွေအတွင်း ပစ္စည်းတွေ ထည့်သွင်းခြင်း၊ ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်စေခိုင်းခြင်း၊ လိင်
❤14👍8🤬7🖕3😭1
အင်္ဂါတွေကို ဆေးလိပ် ဒါမှမဟုတ် မီးရှို့ထားတဲ့ ပစ္စည်းတွေနဲ့ ထိုးမီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်
ရာ ကိုင်တွယ်ခြင်း ဒါမှမဟုတ် အဝတ်အစားတွေကို အပြည့်အဝဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေ အဓမ္မ ချွတ်ခိုင်းခြင်း၊ အရှက်ရစေဖို့ ရည်ရွယ်တဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးခြင်း၊ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေကို စော်ကားတဲ့ ဆဲဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အ
ကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုတွေ၊ လိင်နဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် အခြေခံတဲ့ အ
ကြမ်းဖက်မှုတွေနဲ့ မျိုးဆက်ပွားဆိုင်ရာ အ
ကြမ်းဖက်မှုတွေ (အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်) ပါ ဝင်ပါတယ်။”

‘အကျဉ်းထောင်အတွင်းကိုယ်ဝန်ဆောင်အ
မျိုးသမီးများနှင့် ကလေးများ ရင်ဆိုင်နေရသည့် အခြေအနေများ'

Human Rights Watchကို၂၀၂၅ ခုနှစ် ဇူလိုင်
လမှာ ပြောပြခဲ့တဲ့ ကိုယ်တွေ့အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသူ ၁၂၅ ဦးခန့်ဟာ ကလေးတွေနဲ့အတူ ဒါမှမဟုတ် ကိုယ်ဝန်
ဆောင်ထားစဉ် ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။ ကလေးအချို့ဟာ မိခင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး အချို့ကတော့ ထောင်အတွင်းမှာ မွေးဖွားခဲ့ကြပါတယ်။ ကလေး
သူငယ်တွေကိုမိဘတွေအတွက်ဓားစာခံအ
ဖြစ် မတရား ဖမ်းဆီးထားခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

နိုင်ငံတကာ စံနှုန်းတွေအရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်မှုတွေကို အထူးစီစဉ်ပေးရမှာဖြစ်ပြီး၊ ကလေးတွေကိုလည်း အကျဉ်းထောင်အပြင်ဘက် ဆေးရုံမှာ မွေးဖွားနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ မိခင်တွေနဲ့အတူ ကျန်ရှိနေတဲ့ ကလေးတွေ အတွက်လည်း ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။

နွေနီဝင်း (၄၁ နှစ်) ဟာ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြီးဖြစ်ပွားချိန်မှာ အိုးဘိုထောင်အ
တွင်း ဒဏ်ရာရခဲ့ပြီး အဲဒီအချိန်မှာ ကိုယ်ဝန်ရှစ်လ ရှိနေပြီ ဖြစ်ပါတယ်။

ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သူမရဲ့ ဆေးကုသခွင့် တောင်းဆိုမှုတွေကို နှစ်ပတ်ကျော် ငြင်းပယ်ခံခဲ့ရပြီး အဲဒီကာလအ
တွင်း သူမရဲ့ သန္ဓေသားဟာ သားအိမ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ နွေနီဝင်းဟာ ကလေးအသေ မွေးဖွားပြီးနောက် မကြာမီ ပိုးဝင်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။

ခိုင်ဇာဟာ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံရချိန်က အသက် ၂၂ နှစ်ရှိပြီး ကိုယ်ဝန်ရှိမှန်း သိရှိပြီး တစ်ပတ် အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

“စစ်ကြောရေးမှာ မေးမြန်းသူတွေဟာ ကျွန်မမှာ ကိုယ်ဝန်ရှိမှန်း သိလျက်နဲ့ ကျွန်မကို ရိုက်နှက်ခဲ့၊ ကျောနဲ့ ပေါင်တွေကို လျှပ်စစ်ရှော့ခ်ရိုက်ခဲ့ကြတယ်” လို့ သူမက ပြောပါတယ်။

ခိုင်ဇာဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် ခင်ပွန်းဖြစ်သူရဲ့ မိ
သားစုက ထောင်ဝန်ထမ်းတွေကို လာဘ်ပေးပြီး ကိုယ်ဝန်ဆောင် ဗီတာမင်တွေနဲ့ ဖြည့်စွက်စာတွေ ပေးပို့နိုင်ခဲ့ပါတယ်။ အာထရာဆောင်း စက်မရှိတာကြောင့် အင်းစိန်ထောင်ဝန်ထမ်းတွေက သူမရဲ့ ဗိုက်အရွယ်အစားကို တိုင်းတာပြီး ကလေးမွေးမယ့်ရက်ကို ခန့်မှန်းခဲ့ကြပါတယ်။ “ထောင်ဝန်ထမ်းတွေက ညဘက် က
လေးမမွေးဖို့၊ တံခါးဖွင့်ရတာ ကြာတယ် ဆိုပြီး ကျွန်မတို့ကို ဆဲဆိုကြတယ်” လို့ ခိုင်ဇာက ပြောပြပါတယ်။

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဝင်းကြည်ဟာ အခြား နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ကလေးကို ပစ္စည်းသိုလှောင်ခန်းအတွင်း မီးဖွားပေးခဲ့ရပါတယ်။ “ကလေးမွေးဖို့ ဘာကိရိယာမှ မရှိဘူး” လို့ သူမက ပြောပါတယ်။ “ဒါကြောင့် အကျဉ်းသူတွေ အားလုံး ဝိုင်းကူကြရတယ်။ ပစ္စည်းသိုလှောင်ခန်းကို ရှင်း
လင်းပေးခဲ့ပြီး ကလေးကို ဖုန်တွေကြားထဲမှာ မွေးခဲ့ရတာ။ ကလေးမွေးပြီးတာနဲ့ သူမကို အခန်းထဲ ပြန်လမ်းလျှောက်ခိုင်းတယ်။ မီးဖွားပြီးတာနဲ့ ချက်ချင်း ပြန်ပိတ်ခံရတယ်။ ဆေးရုံပို့ပေးတာ ဒါမှမဟုတ် တခြား ဆေးဝါးကုသမှု မရှိခဲ့ဘူး” လို့ သူမက ပြောပါတယ်။

ထောင်တွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ပြုစုစောင့်ရှောက်မှုနဲ့ ကုသမှု မရှိတာကြောင့် မေဖြိုးမောင်ဟာ ဖမ်းဆီးခံထားရတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သူမရဲ့ ခင်ပွန်းက ထောင်ဝန်ထမ်းတွေကို လာဘ်ပေးပြီး ဆေးဝါးနဲ့ ဗီတာမင်တွေ ပို့ပေးခဲ့သလို၊ ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်နဲ့တစ်ကြိမ် ပြသခွင့် ရခဲ့ပါတယ်။ ဗိုက်ခွဲမွေးရန် လိုအပ်တာကြောင့် ဆေးရုံမှာ မီးဖွားနိုင်ဖို့ ခင်ပွန်းဖြစ်သူက ကျပ် ၃ သိန်း ပေးခဲ့ရပါတယ်။

ထိန်းသိမ်းခံထားရစဉ် မီးဖွားခဲ့ရတဲ့ အမျိုး
သမီးတွေဟာ သူတို့ရဲ့ ကလေးကို ထောင်ထဲမှာပဲ ထားရှိမွေးမြူမလား၊ ဒါမှမဟုတ် မိသား
စုထံ လွှဲပြောင်းပေးမလားဆိုတဲ့ နာကျင်ဖွယ် ရွေးချယ်မှုကို ပြုလုပ်ရပါတယ်။ ၂၀၂၅ ခုနှစ်မှာ သမီးလေး မမွေးခင်ကတည်းက မေဖြိုးမောင်ဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သူမဟာ ကလေးကို ထောင်ထဲမှာ မထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး မီးဖွားပြီး တစ်ပတ်အကြာမှာ ကလေးနဲ့ ခွဲခွာခဲ့ရပါတယ်။

“ဒါက ရွေးချယ်ဖို့ အလွန်ခက်ခဲတဲ့ အခြေ
❤20🤬6😢3🖕3🔥1