ဓာတ်ပုံ - ယင်းမာပင်သပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်လူထုသပိတ်
❤39👍11🥰3👏3🖕2🤮1💩1🤣1
ခရီးသွားတွေရဲ့ ဖုန်းတွေမှာ စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမေးမြန်းနိုင်တဲ့ ဓါတ်ပုံနဲ့ ရုပ်သံတွေ ထည့်မလာဖို့ ခရီးသွားဝန်ဆောင်မှုအသင်း ကြေညာချက်ထုတ်
▪️စစ်တပ် အလိုကျထုတ်ပြန်တာဖြစ်ပြီး ပိုကျပ်တည်းအောင်ခြိမ်းခြောက်နေဟု ပြည်သူအချို့ပြော
စက်တင်ဘာ ၂၃၊ ၂၀၂၆။ဇေအောင်/People's Spring
ခရီးသွားပြည်သူတွေရဲ့ ဖုန်းတွေမှာ စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမေးမြန်းနိုင်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေ ထည့်မလာဖို့ တားမြစ်ထားတဲ့ အချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းက ထုတ်ပြန်လိုက်ပါတယ်။
ခရီးသွားများတဲ့ရာသီဖြစ်တဲ့ သီတင်းကျွတ်ကာလ ရောက်ကာနီးအချိန်မှာ ပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားဝန်ဆောင်မှုအသင်းကနေ ဘုရားဖူးယာဉ်တွေ ဘေးကင်းလုံခြုံစွာထွက်ခွာနိုင်ရေးနဲ့ လမ်းခရီးစဉ်အတွင်း လိုက်နာရှောင်ကြဉ်ရမည့်အချက်အလက်တွေဆိုပြီး စက်တင်ဘာ ၂၁ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ ခရီးသည်တွေရဲ့ ဖုန်းထဲမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ မပါရှိစေရန်ဆိုတဲ့ ညွှန်ကြားချက်ကို ထည့်သွင်းရေးသားထားပါတယ်။ ဘယ်လို ဥပဒေနဲ့မညီညွတ်တာတွေဆိုတာကိုတော့ ရှင်းပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် ခရီးသည်အားလုံး နိုင်ငံသားစိစစ်ရေးကတ်နဲ့ ရဲစခန်းကနေ ခရီးသွားထောက်ခံစာကိုလည်း ယူဆောင်လာဖို့ ညွှန်ကြားထားပါတယ်။
စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေဟာ ယခင်ကတည်းက ၎င်းတို့မသင်္ကာသူတွေရဲ့ ဖုန်းတွေကို ယူစစ်လေ့ရှိကြောင်း၊ ဒီထုတ်ပြန်ချက်တွေဟာ စစ်ကောင်စီအလိုကျ ခရီးသွားတွေကို ပိုမိုကျပ်တည်းအောင် စီစဥ်နေတာသာဖြစ်ကြောင်း ခရီးသွားလာနေကျ ပြည်သူအချို့က ပြောပါတယ်။
"ဒီထုတ်ပြန်ချက်တွေ မတိုင်ခင်ကလည်း တော်တော်လေးကိုကျပ်တယ်။ ခုနောက်ပိုင်းဆိုရင် မျက်လုံး Scan ဖတ်တာတွေ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို သွားတဲ့ ကားတွေမှာလည်း လာသမျှ လူတွေကို
မျက်လုံး Scan တွေဖတ် မှတ်ပုံတင်တွေဖတ် စာရင်းတွေသွင်းနေတာ။ တဖြည်းဖြည်းနဲ့ လူထုကို ချုပ်ကိုင်လာတဲ့ သဘောပေါ့ဗျာ"လို့ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ခရီးသွားလာနေသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းကတော့ Guide ဧည့်လမ်းညွှန်တွေကိုလည်း လမ်းခရီးစစ်ဆေးရေးအဖွဲ့တွေနဲ့ အဆင်ပြေစွာ ပြောဆိုဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံညွှန်ကြားထားပါတယ်။
ယာဉ်ထွက်ချိန် မနက်(၅)နာရီနဲ့ နောက်ပိုင်းစတင်ထွက်ခွာဖို့နဲ့ ည ၈ နာရီကနေ ၁၀ နာရီအတွင်း စုရပ်သို့ ပြန်ရောက်ဖို့၊ ခရီးသွားစဉ် လမ်းခရီးထူးခြားဖြစ်စဉ်တွေကို အသင်းဝင်ဂိတ်အချင်းချင်း အသိပေးတာနဲ့ DPTOA Member Group ထဲစာရေးသားပို့ပြီး အသိပေးဖို့ ထပ်မံညွှန်ကြားထားပါတယ်။
ဒါ့အပြင် အသင်းဝင်ကတ်နဲ့ လုပ်ငန်းလိုင်စင်တွေကို မိတ္တူဆွဲပြီး ထွက်ခွာမယ့် ယာဉ်ပေါ်ယူဆောင်သွားဖို့၊ လုပ်ငန်းရှင်တွေအားလုံး ဟိုတယ်ခရီးရဲ့ ခရီးလှည့်လည်ရေး လိုင်စင် DPTOA ရဲ့ထောက်ခံချက်နဲ့ တိုင်းဒေသကြီးက ထုတ်ပေးတဲ့ လိုင်စင်ရယူထားဖို့၊ လုပ်ငန်းလိုင်စင်တွေ၂လအတွင်းလျှောက်ထားကြဖို့၊ ခရီးသည်တွေ အိမ်အပြန် အငှားယာဥ်ငှားပေးဖို့နဲ့ အဆက်အသွယ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။

👎28❤6😁4👍3🤣2🔥1👏1💩1💔1😡1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေရဲ့ ဆုံးရှုံးမှုအပေါ် စိတ်မကောင်းဘူးလို့ KIA ဗိုလ်ချုပ်ဂွန်မော်ပြော
အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မခေါ်ယူ ချောဆွဲလို့ ကချင်ပြည်နယ် ဗန်းမော်ကို လိုက်ပါခဲ့ရပြီး သင်္ဘောတွေ ဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်တွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဒီနေ့ စက်တင်ဘာ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။ သင်္ဘောပိုင်ရှင်းများသို့ ဆိုပြီး လိပ်မူထားတဲ့ စာကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က စက်တင်ဘာ ၂၃ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ဖော်ပြခဲ့တာပါ။ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ နွေဦးတော်လှန်ရေးကာလရဲ့ အရင်းအနှီးဖြစ်တာကြောင့် စီးပွားများ ပြန်လည်တိုးပွားနိုင်ကြပါစေကြောင်း ဗိုလ်ချုပ်ဂွန်မော်က ဆုမွန်ကောင်းတောင်းထားပါတယ်။ စစ်တပ်ချောဆွဲခဲ့တဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တွေအနေနဲ့ သင်္ဘော၄စီးအထိ ဆုံးရှုံးရသူများပါရှိကြောင်း သိရတယ်လို့လည်း ဖော်ပြထားပါတယ်။ သင်္ဘောတစ်စီးတန်ဖိုးမှာ သိန်းပေါင်း ရှစ်ထောင်ကနေ သိန်းပေါင်း နှစ်သောင်းအထိ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါကြောင့် သင်္ဘော ၄စီးရှင်မှာ ကျပ်သိန်းသောင်းချီ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ တဖက်မှာလည်း စစ်တပ်ကို အခုလို သင်္ဘောတွေပေးအသုံးပြုတဲ့ လုပ်ငန်းရှင်တချို့မှာ စစ်တပ်ဆီက အကျိုးခံစားခွင့်ရသူတွေရှိတယ်လို့ တော်လှန်ရေးရဲဘော်အချို့က ပြောပါတယ်။
◾️ရွှေကူနယ်မှာ စစ်သင်္ဘောလုံခြုံရေးလာတဲ့ စစ်တပ်စစ်ကြောင်းတွေ ပြန်ဆုတ်ခွာ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်သင်္ဘော လုံခြုံရေးလာတဲ့ စစ်တပ်စစ်ကြောင်းတွေ ဒီနေ့ ပြန်လည်ဆုတ်ခွာ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ်လကုန်ပိုင်းမှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ စစ်တပ်က ကြိုးပမ်းစဉ် ရွှေကူနယ်နဲ့ ဗန်းမော်မြို့နယ်မှာ စစ်တပ်က သင်္ဘောလမ်းကြောင်း လုံခြုံရေးအတွက် စစ်ကြောင်းတွေနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်စစ်ကြောင်းတွေထဲက ရွှေကူမြို့နယ် ဝဲမဒေသအနီးရှိ တပ်မ(၃၃) လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်တွေဟာ ဒီနေ့ ဆုတ်ခွာသွားပြီး ရွှေကူ-ငါးအိုးလမ်းအတိုင်း ကာအစီးရေ ၃၀ကျော်နဲ့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ အဲဒီလို စစ်တပ်က ဆုတ်ခွာသွားလို့ KIA ပူးပေါင်းတပ်က နေရာယူတပ်စွဲထားတယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။
◾️KIO ဌာနချုပ် လိုင်ဇာအနီး နယ်စပ်တလျှောက် စစ်တပ်လေယာဉ်နဲ့ ၂ကြိမ် ကင်းထောက်၊ တရုတ်ဘက်ကလည်း နယ်စပ်တကြော လေယာဉ်ပျံသန်း
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့ စက်တင်ဘာ ၂၃ရက်မှာ ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ် ပျံဝဲခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၂၃ရက် နေ့လယ် ၁၂နာရီခွဲလောက်မှာ စစ်တပ်ဟာ နယ်စပ်တကြော ကင်းထောက်လေယာဉ် ပတ်ပျံသန်းခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်အနေနဲ့ မြန်မာ-တရုတ်နယ်စပ် လိုင်ဇာဒေသကို လေယာဉ်ပျံသန်းခြင်းမပြုမီ တရုတ်နိုင်ငံဘက်ကို အကြောင်းကြားထားတယ်ဆိုတဲ့ သတင်းတွေလည်းရှိပါတယ်။ စစ်တပ်လေယာဥ်တွေ ပျံသန်းအပြီး သိပ်မကြာခင်မှာလည်း တရုတ်ကလည်း သူ့နယ်စပ်ကို ကာကွယ်တဲ့ ပုံစံတွေနဲ့ နယ်စပ်တကြောလေယာဥ်ပျံသန်းတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️စစ်တပ် သေဆုံးမှုများနေချိန်ဖြစ်လို့ ပြည်သူတွေ လေကြောင်းရန်အထူးသတိပေးချက် KIO ထုတ်ပြန်

👍12❤6🖕3🤮2
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေက ပြည်သူတွေ လေကြောင်းရန် အထူးသတိရှိဖို့ KIO က ဒီနေ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။ ကချင်ဘာသာနဲ့ ရေးသားထားတဲ့ အဲဒီစာကို ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း လူမှုကွန်ရက်ပေါ် ရေးသားဖော်ပြတာတွေ တွေ့ရပါတယ်။ ထုတ်ပြန်စာကို KIO ဗဟို အုပ်ချုပ်ရေးက ထုတ်ပြန်တာလို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ လေယာဉ်သတိပေးချက်နဲ့ လူစုလူဝေး မလုပ်ကြဖို့ ထုတ်ပြန်တာလို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ထုတ်ပြန်စာပါအကြောင်းအရာကို ပြောပြပါတယ်။ ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အဲဒီစာဟာ KIO ဗဟို အုပ်ချုပ်ရေးရုံးချုပ်ကနေ လက်အောက်ရှိ ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ လိုင်ဇာအထူးအုပ်ချုပ်ရေးရုံးတွေကို စက်တင်ဘာ ၂၂ရက်က ပေးပို့ခဲ့တဲ့ လေကြောင်းသတိပေးချက်နဲ့ ပတ်သက်တဲ့ ညွှန်ကြားစာလို့ ရှင်းပြပါတယ်။ နေအိမ်တိုင်းမှာ ကတုတ်ကျင်းတွေ တူးထားဖို့၊ သေရေးရှင်ရေး အရေးကြီးကိစ္စ မရှိရင် အဝေးခရီးသွားလာတာမလုပ်ဖို့။ လေကြောင်း သတင်းကို ကွန်ရက်အချင်းချင်း အချိန်မီသတင်းပေးဖို့ ကြဖို့ စတဲ့ အချက် လေးချက်ကိုညွှန်ကြားထားကြောင်း ရှင်းပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရ အာဏာသိမ်းအကြမ်းဖက်အဖွဲ့ဟာ စစ်ဆင်ရေးအကျ အရူံးများနေသောအချိန်ကာလဖြစ်လို့ KIO/KIA ထိန်းချုပ်နယ်မြေက ပြည်သူတွေအနေနဲ့ လေကြောင်း စစ်ဆင်ရေးနဲ့ ဒရုန်းဗုံးကြဲချခြင်းများအတွက် အထူးသတိပေးထားတာလို့ ဆိုပါတယ်။
◾️စစ်သုံ့ပန်းအဖြစ်မခံဘဲ အချင်းချင်းပစ်သတ်ဖို့ စစ်တပ်က အမိန့်ပေးထား
ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ဆီ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတစ်ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။ ရက္ခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AAက ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ရှိခဲ့ရာ စက်တင်ဘာ ၂၀ရက်က အမြင့်ကျွန်းကျေးရွာ မင်းချောင်းတံတားအနီးမှာ အဖမ်းခံရတဲ့ ပခုက္ကူအခြေစိုက်တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၂)တပ်က တပ်သား ရန်ငြိမ်းအောင်က အခုလို ပြောပြတာဖြစ်ပါတယ်။ တပ်သား ရန်ငြိမ်းအောင်အနေနဲ့ ရှေ့ပြေးကင်းစောင့်နေချိန် အဖမ်းခံရတာလို့ ပြောပါတယ်။ သူ့ရဲ့ထွက်ဆိုချက်မှာ ကျည်ထိ ရဲဘော်တွေကို ဆေးကုမရတဲ့ အခြေအနေဆိုရင် အချင်းချင်း ပစ်သတ်ဖို့ စစ်ကောင်စီတပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ အထိနာတာကြောင့် အရာရှိတွေဟာ စစ်မှုထမ်းပြည်သူ့စစ်တွေအပါအဝင် ငယ်သားတွေကို ကာကင်းအဖြစ်ထားပြီး ဆုတ်ခွာထွက်ပြေးတာတွေရှိတယ်လို့ စက်တင်ဘာ ၁၆ရက်က AA ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့က ထွက်ဆိုပါတယ်။ စစ်တပ်အရာရှိတွေဟာ ကိုယ်ချင်းစာစိတ်မရှိ ငယ်သားတွေရဲ့ အသက်ကို စတေးနေတယ်လို့လည်း ပြောပြပါတယ်။
◾️မိခင်နဲ့တွေ့ခွင့်ရဖို့နဲ့ လွှတ်ပေးဖို့ ကင်မ်က မင်းအောင်လှိုင်ဆီကို စာရေးသားပေးပို့
မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့၊ လွှတ်ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးကတဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကို စာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။ ICRC ကိုယ်စားလှယ်နဲ့ တွေ့ခဲ့ပေးခဲ့တာကြောင့် မိခင်ဖြစ်သူ အသက်ရှင်နေကြောင်းသိခဲ့ရပေမယ့် လက်ရှိအချိန်အထိ စကားပြောခွင့် ၊ တွေ့ခွင့်မရသေးဘူးလို့ ကင်မ်က ပြောပါတယ်။ ကင်မ်က သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကလေးငယ်တစ်ဦးအဖြစ်သာ ရှိခဲ့ပြီး ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် အခုထက်ထိလည်း ထပ်ပြီး တောင်းဆိုနေရတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီးပါပြီလို့ ကင်မ်က ပြောပါတယ်။ ကင်မ်က မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေပြီး မိခင်ဖြစ်သူရဲ့ အကြောင်းကိုပြောရင်း ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။
◾️မင်းတုန်းတိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ အများအပြား သေဆုံးနေ

👍15🖕3🤮2❤1
ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ ရဲဘော်တချို့က ပြောပါတယ်။ မင်းတုန်းမြို့နယ်က ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈)ကုန်းပတ်ဝန်းကျင်နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက် အပြင်းအထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ရဲ့ ရုပ်အလောင်း ၃၀ကျော်ရပြီး စစ်တပ်စစ်ကြောင်း နောက်ပြန်ဆုတ်သွားရတယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းတွေမှ အဓိက အသုံးပြုနေပြီး စစ်မှုထမ်းထဲ မပါဖို့ ကြိုတင်ဂရုစိုက်ကြဖို့ မင်းတုန်းအနောက်ခြမ်းက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အထိနာတဲ့ စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားတာကြောင့် မြေပြင်အခြေအနေမှာ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သူက အသိပေးပါတယ်။ ဒါပေမဲ့ စစ်တပ်က တိုက်လေယာဥ်တွေနဲ့ လေကြောင်းကနေ ဗုံးလာကြဲနေတယ်လို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ စက်တင်ဘာ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဆီက လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာ၂၂ရက်က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
◾️အင်းတော်မြို့နယ်က ကျေးရွာတွေ စစ်တပ်ဗုံးကြဲ အရပ်သား ၂ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာပြင်းထန်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းနဲ့ ဆက်စပ်တဲ့ မဲဇာ-စက်တောကုန်း၊ နန့်သဲ၊ သံဘိုနဲ့ နောင်မိုးကျေးရွာတွေကို ဒီနေ့ စက်တင်ဘာ၂၃ရက် မနက် ၁၁နာရီခွဲခန့်မှာ စစ်တပ်က Y-12နဲ့ ဗုံးကြဲတာပါ။ ဒေသခံတွေပိုင်ဆိုင်တဲ့ စက်သုံးဆီဆိုင်တွေပေါ် ကြဲချလို့ ဆီကားတချို့မီးလောင်ခဲ့သလို ယာဉ်မောင်း ၁ဦးနဲ့ယာဥ်နောက်လိုက် ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အင်းဝောာ်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ဗုံးလာကြဲသွားတာလို့ မြို့ခံတွေက ပြောပါတယ်။
◾️နွားထိုးကြီးမြို့နယ် စစ်တပ် လေကြောင်းတိုက်မှု အဘွားအို ၂ဦး သေဆုံး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ၂၂ရက် မနေ့ညနေပိုင်းမှာ စစ်တပ်က မန်လည်ကျေးရွာတွင်းကို Mi-35 ၂စီး၊ Gyrocopter ၂စီးနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုကြောင့် အသက် ၇၅နှစ်အရွယ် ဒေါ်ခင်ဒေါင်းညို၊ ဒေါ်သိန်းပိုင်တို့ ၂ဦး ဗုံးဆံထိမှန် သေဆုံးပြီး ဦးအောင်ကို၊ ဦးမင်းနဲ့ ဒေါ်ယဉ်မာစန်းတို့ ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။ ဒဏ်ရာရသူတွေအနက် ပြင်းထန်သူတွေလည်းရှိပြီး စစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
◾️၈လတာအတွင်း လက်နက်ချအလင်းဝင် စစ်ကောင်စီတပ်သား ၁၄၀၀ ခန့်ရှိ
စစ်ကောင်စီတပ်သားတွေ အလင်းဝင်တာ၊ တိုက်ပွဲမှာ လက်နက်ချတာတွေ စတဲ့ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ အခုနှစ် ၈လတာအတွင်း စစ်တပ်ကနေ အလင်းဝင်သူ၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၄၀၀ ခန့်ရှိကြောင်း ပြည်သူပန်းတိုင်က အသိပေးထားပါတယ်။ ပြည်သူ့ပန်းတိုင်က ဒီနေ့ စက်တင်ဘာ ၂၃ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၆ ဇန်နဝါရီ ကနေ ဩဂုတ်လကုန်အထိ ၈လတာအတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စာရင်းများ လေ့လာဆန်းစစ်ချက် အစီရင်ခံစာနဲ့ အပတ်စဉ် တင်ဆက်နေတဲ့ စစ်တပ်ရဲ့ ပြေးဟပရောဂျက် ယခုတပတ် ဖော်ပြချက်တွေအရ အခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀ ခန့်ဟာ လက်နက်ချတာ၊ အလင်းဝင်တာ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးတပ်တွေနဲ့ မီဒီယာတွေရဲ့ ထုတ်ပြန်ချက်၊ ဖော်ပြချက်တွေကို စုစည်းထားတာဖြစ်လို့ မြေပြင်မှာ အရေအတွက် ပိုများနိုင်ပါတယ်။
◾️အမေရိကန်နဲ့ ဆက်ဆံရေး ပြန်တည်ဆောက်လိုကြောင်း Time မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ မင်းအောင်လှိုင်ပြော
အမေရိကန်နဲ့ဆက်ဆံရေး ပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ ဖန်တီးထားတဲ့ရွေးကောက်ပွဲတစ်ခုကို အသုံးချကာသမ္မတရာထူးကို ရယူပြီး နောက်ပိုင်းမှာ မင်းအောင်လှိုင်ဟာ ပထမဆုံးအကြိမ် အနောက်ကမ္ဘာက မီဒီယာတစ်ခုနဲ့ အင်တာဗျူးဖြေကြားခဲ့ရာမှာ အခုလို ပြောဆိုသွားတာပါ။ သူဟာ Time မဂ္ဂဇင်းနဲ့ အင်တာဗျူးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက သူ့အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေကို ကူညီ ဖော်ဆောင်ပေးမယ်ဆိုရင် အကောင်းဆုံး ဖြစ်လာမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝန်းထဲ ပြန်ဝင်ဆံ့ဖို့ သူ့ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး Time ရဲ့ မေးခွန်းတွေကို ဖြေဆိုရာမှာ သူ့ရဲ့ တချို့ အဖြေတွေက မေးခွန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိနိုင်တာကိုလည်း မင်းအောင်လှိုင်က ဝန်ခံခဲ့ပါတယ်။

🖕10🤮5👍4❤2
◾️ဒုက္ခသည်တွေ မြန်မာသို့ ပြန်မပို့ခင် ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ IIMM ထုတ်ပြန်
ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လတ်တလော ဒေသတွင်းအစိုးရတွေက ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများ နေရပ်သို့ပြန်ပို့နိုင်ရေးနဲ့စပ်လျဥ်းတဲ့ ထုတ်ပြန်ကြေညာချက်များကို သတိပြုမိကြောင်းနဲ့ အဲဒီ နေရပ်ပြန်ပို့ခြင်းများ မတိုင်မီ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုများ ပြင်းထန်စွာခံစားနေရတဲ့ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမှာဖြစ်တယ်လို့ IIMM က ဖော်ပြပါတယ်။ IIMM က စုဆောင်းထားတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ရှိ အနေအထားမှာ ပြည်သူလူထုများအတွက် မတည်ငြိမ်ဘဲ အလွန်အမင်း အန္တရာယ်ရှိနေဆဲလို့ သတိပေးထားပါတယ်။ ပဋိပက္ခများအကြား ပြည်သူလူထုအနေနဲ့လည်း မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ နှိပ်စက် သတ်ဖြတ်ခြင်းများရဲ့သားကောင်များ ဖြစ်ကြရတယ်လို့ IIMMက ဖော်ပြပါတယ်။
◾️စစ်ကောင်စီက သံဃာတော်တွေကို UID နံပါတ်ထုတ်ပေးပြီး ထိန်းချုပ်ဖို့ စီစဥ်
စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သာသနာဝင်၊သာသနာနွယ်ဝင်တွေကို e-ID စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) (ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းသံဃနာယကအဖွဲ့ထံ လျှောက်ထားလိုက်တာပါ။ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနရဲ့ စက်တင်ဘာ ၁၇ ရက်စွဲပါ ညွှန်ကြားချက်အရ မန္တလေးတိုင်း လဝက ရုံးက စက်တင်ဘာ ၁၉ ရက်မှာ တိုင်းသံဃနာယကဆရာတော်ကြီးတွေထံ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပြီး၊ လိုအပ်တာတွေ ပံ့ပိုးပေးဖို့ မြို့နယ် သံဃနာယကအဖွဲ့တွေကို ညွှန်ကြားပေးဖို့ပါ တောင်းဆိုထားပါတယ်။ စစ်ကောင်စီဟာ UID စနစ်ကိုသုံးပြီး ပြည်သူတွေရဲ့ သွားလာမှု၊ ငွေကြေးသုံးစွဲမှု၊ ဆက်သွယ်ရေးနဲ့အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ဖို့ အဓိက ဦးတည်အသုံးချနေတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ဒီ e-ID နဲ့ Unique ID စနစ်ကို အသုံးပြုပြီး ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်နေသလို ခုလို သံဃာထုဆီပါ တိုးချဲ့လာတာဟာ သံဃာတော်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုပါ စောင့်ကြည့်စိစစ် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ကြောင်း သံဃာအချို့က မိန့်ပါတယ်။
◾️မင်းလှမှာ အညံ့ခံသူသတင်းပေးလို့ ပြည်သူတစ်ဦး သတ်ဖြတ်ခံရ၊ ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံရ
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်က မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းက အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ရုပ်အလောင်းကို စက်တင်ဘာ၂၀ ရက် ညပိုင်းက မီးသဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။ ကိုဝေဖြိုးဟာ PDF ကို ထောက်ပံ့မှုနဲ့ စစ်တပ်လှုပ်ရှားမှု ကို ဖြန့်ဝေနေတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် သေနတ်လုခုခံလို့ ပစ်ခတ်စဉ်သေဆုံးခဲ့ရတာလို့ စစ်တပ်က မင်းလှမြို့ပေါ်မှာ သတင်းဖြန့်ထားပါတယ်။ ကိုဝေဖြိုးနဲ့ အတူ မင်းလှမြို့ဒေသခံ ၅ဦးထက်မနည်း ဖမ်းဆီးခံရမှုဟာ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်းက ထွက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားသူ ရဲဘော် အောင်ကိုကို(ခ)ရေခဲနဲ့ သက်ဆိုင်တယ်လို့ အခြေအနေကို သိရှိသူတချို့က ပြောပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်
စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ တော်လှန်ပြည်သူတွေက (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

👍13🖕4❤2
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ကျေးရွာအလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ အားပေးထောက်ခံမှု ပြသခဲ့ပါတယ်။
လက်ကမ်းစာစောင်တွေမှာ ကုလသမဂ္ဂ စင်မြင့်ကနေ မြန်မာပြည်သူတွေရဲ့ အသံနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ဆက်လက်ဖော်ပြနိုင်ရေးအတွက် ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

👍20🖕3🤮2❤1