ရှေ့တန်းစစ်မျက်နှာတစ်ခုမှာAA တပ်ဖွဲ့၀င်တွေထမင်းစားနေစဥ်/ မင်းတုန်းတိုက်ပွဲက
သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သားအလောင်းတွေ။ ဓါတ်ပုံ - Mrat Shaun's FB ၊AA Info Desk

❤44👍26🥰4👏4😁3🤣2👎1🤬1🖕1
မိခင်နဲ့တွေ့ခွင့်ရဖို့၊ လွှတ်ပေးဖို့ ကင်မ်က မင်းအောင်လှိုင်ဆီကို စာရေးသားပေးပို့
စက်တင်ဘာ-၂၂၊၂၀၂၆။တေဇ/People's Spring
မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပေးဖို့ ၊လွှတ်ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။
"ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ကျွန်တော့်မေမေကို လွှတ်ပေးပါ။" လို့ ကင်မ်ကတောင်းဆိုခဲ့တာပါ။
ICRC ကိုယ်စားလှယ်နဲ့ တွေ့ခဲ့ပေးခဲ့တာကြောင့် မိခင်ဖြစ်သူ အသက်ရှင်နေကြောင်းသိခဲ့ရပေမယ့် လက်ရှိအချိန်အထိ စကားပြောခွင့် ၊ တွေ့ခွင့်မရသေးဘူးလို့ ကင်မ်ကပြောပါတယ်။
"မေမေ့လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကျွန်တော်ဟာ ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် အခုထက်ထိလဲ ထပ်ပြီး တောင်းဆိုနေရပါတယ်။မေမေ အသက် ၈၁ နှစ် ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီးပါပြီ။" လို့ ကင်မ်က ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိခဲ့တာကြောင့် ကင်မ်ဦးဆောင်ကာမိခင်ဖြစ်သူအသက်ရှင်ကြောင်းပြသဖို့ Proof Of Life ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့တာပါ။
ကမ်ပိန်း ရက် ၁၀၀ ကျော်လာချိန်မှာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး အသက်ရှင်ကြောင်း ပြသခဲ့ပါတယ်။ဒါပေ့မယ် ICRC နဲ့တွေ့ခွင့်ရတာက မိသားစုနဲ့ တွေ့ခွင့်ရတာမဟုတ်သလို၊မိသားစုတွေ့ခွင့်ရယုံနဲ့လည်း လွတ်လပ်ခွင့်ရတာမဟုတ်ဘူးလို့ပြောပါတယ် ။
"အခု ကျွန်တော် မေမေကို မြင်ချင်တယ်။မေမေနဲ့စကားပြောချင်တယ် ။ ကျွန်တော်တို့မိသားစု ပုံမှန်ဆက်သွယ်ခွင့်ရချင်တယ်။" လို့လည်း သံရုံးရှေ့မှာစာပို့ရင် ပြောကြားခဲ့ပါတယ်။
ကင်မ်က မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အကြောင်းကိုပြောရင်း ကမ်ပိန်းမှာပါဝင်ပေးကြဖို့ ပြည်သူတွေကိုတောင်းဆိုထားပါတယ်။
ရုပ်သံ/ဓါတ်ပုံ- Kim Aris's FB

👍42❤9🥰4🤣2🖕2😢1🤮1
Media is too big
VIEW IN TELEGRAM
မိခင်နဲ့တွေ့ခွင့်ရဖို့၊ လွှတ်ပေးဖို့ ကင်မ်က မင်းအောင်လှိုင်ဆီကို စာရေးသားပေးပို့
❤63👍12🥰2😁2😢2💩2🖕2
ဟွန်ဒီကို နှိမ်နင်းပြီး စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်လမ်းကြောင်းတွေထဲ မဖြစ်မနေ ဝင်ရောက်အသုံးပြုစေခြင်းက စစ်အုပ်စုရဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းကို ပိုအားကောင်းလာစေပြီး၊ ပြည်သူများရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုမူ လျှော့ကျစေပါတယ်။ အာဆီယံနိုင်ငံတွေအတွက်လည်း ဒီနှိမ်နင်းမှုဟာ တကယ့်ငွေကြေးခဝါချမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်တာ မဟုတ်ဘဲ၊ ရွှေ့ပြောင်းလုပ်သားတွေကိုသာ ပိုမိုထိခိုက်စေပြီး၊ မြန်မာ့ဘဏ်စနစ်အပေါ် စစ်အုပ်စုရဲ့ ချုပ်ကိုင်နိုင်စွမ်း ပိုမိုခိုင်မာစေမယ့် အန္တရာယ်တွေကိုသာ ဖြစ်ပေါ်စေပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်း၎င်းတို့ထိန်းချုပ်ထားတဲ့ဘဏ်စနစ်အပြင်ဘက်က ငွေလွှဲပေးနေတဲ့ ဟွန်ဒီစနစ်ဟာ စစ်အုပ်စုရဲ့ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုနှိမ်နင်းရတဲ့ ရည်ရွယ်ချက်က စီး
ပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ၊ အထူးသ
ဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဘဏ်စနစ်ထဲ ပြန်လည်ဝင်ရောက်အသုံးပြုစေဖို့နဲ့ နိုင်ငံခြားငွေ စီးဆင်းမှုတွေကို စစ်အုပ်စုက ပိုပြီးထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီလုပ်ရပ်ရဲ့ အကျိုး
ဆက်ကိုတော့ အကျပ်အတည်း ကြုံနေရတဲ့ ဒေသတွေက အကြီးမားဆုံး ခံစားနေရပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအထိပါ နောက်
ဆက်တွဲ သက်ရောက်မှုတွေ ရောက်ရှိလာနေပါတယ်။
မြန်မာနိုင်ငံမှာ ဟွန်ဒီစနစ်ကို ကိုလိုနီခေတ်ကတည်းကအသုံးပြုလာခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။အဲဒီအချိန်က ဘဏ်ဝန်ဆောင်မှုတွေ လူတိုင်းအလွယ်တကူ မရရှိနိုင်တာကြောင့် ပြည်သူတွေဟာငွေလွှဲ
ပြောင်းမှုတွေအတွက် ဘဏ်စနစ်ပြင်ပက ကွန်ရက်တွေကို အားထားခဲ့ကြ ရပါတယ်။
ယနေ့အချိန်မှာလည်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားဟာ မိသားစုဆီ ငွေပြန်ပို့ရာမှာ ဟွန်ဒီစနစ်ကို အ
သုံးပြုနေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ပွဲနဲ့ အကျပ်အတည်းကြောင့် ပုံမှန်ဘဏ်ဝန်ဆောင်မှု မရရှိနိုင်တဲ့ ဒေသတွေမှာ ဟွန်ဒီကွန်ရက်တွေဟာ ငွေကြေးစီးဆင်းမှုကို ဆက်
လက်ထိန်းသိမ်းပေးနေတဲ့ အရေးပါတဲ့ လမ်း
ကြောင်းတစ်ခု ဖြစ်နေပါတယ်။
ဒါ့အပြင် ပုံမှန်ဘဏ်စနစ်ကနေ ဆောင်ရွက်ရန် ခက်ခဲတဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ
ကူအညီပေးပို့မှုတွေမှာလည်း ဟွန်ဒီစနစ်က အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ပါဝင်နေပါတယ်။
မြန်မာစစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်စနစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဟွန်ဒီစနစ်မှာ အားသာချက်တွေ များစွာရှိပါတယ်။အစိုးရဘဏ်စနစ် မရောက်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားအထိ ဟွန်ဒီကွန်ရက်တွေက ရောက်ရှိနိုင်သလို၊ စစ်အုပ်စု သတ်မှတ်ထားတဲ့ တရား
ဝင်ငွေလဲနှုန်းထက် ပိုကောင်းတဲ့ ငွေလဲနှုန်းကိုလည်း ပေးနိုင်ပါတယ်။ ဒေသတွင်း ငွေ
ကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ကတောင် ဟွန်ဒီစနစ်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားဝင်ငွေလွှဲမှုတွေကို အထောက်အကူ ပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုထားပါတယ်။
တစ်ဖက်မှာလည်း ဟွန်ဒီကွန်ရက်တွေမှာ အန္တရာယ် မရှိတာတော့ မဟုတ်ပါဘူး။ အချို့ကွန်ရက်တွေဟာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေလို တရားမဝင် စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေပေးချေမှုတွေကို ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ဒီကွန်ယက်တွေဟာ စစ်အုပ်
စုရဲ့ ဖိနှိပ်မှုကို စိုးရိမ်ရတာကြောင့် ဘဏ္ဍာရေးမှတ်တမ်းတွေကိုလည်း မပြည့်မစုံသာ ထားရှိကြပြီး၊ ပမာဏကြီးမားတဲ့ ဒါမှမဟုတ် သံသ
ယဖြစ်ဖွယ် ငွေလွှဲမှုတွေကို စစ်အုပ်စုဆီ အစီ
ရင်ခံတာမျိုးလည်း မလုပ်ကြပါဘူး။
ဒါပေမယ့် ဟွန်ဒီကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းအချို့ကတော့ ဝန်ဆောင်မှုမယူခင် သေချာစွာ စိစစ်အကဲဖြတ်မှုတွေ (due diligence) ပြုလုပ်ပြီး ဒီလိုစွန့်စားရမှု တွေကို တတ်နိုင်သမျှ လျှော့
ချနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။
ဟွန်ဒီကွန်ရက်တွေကို တရားဝင်အသုံးပြုနေတဲ့ အခြေအနေတွေ ရှိနေသော်လည်း မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီစနစ်ကို ပိုမိုပြင်းထန်စွာ နှိမ်နင်းခြင်းနဲ့အတူ “တရားမဝင်” လို့ သတ်မှတ်ခဲ့ပြီး၊ သူတို့ရဲ့ အရေးယူမှုတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်
မာနိုင်ငံမှာ ငွေကြေးခဝါချမှု အန္တရာယ်တွေ ဘာကြောင့် ပိုမိုကြီးထွားလာသလဲဆိုတာ၊အရင်က တရားဝင်အသုံးပြုနေခဲ့တဲ့ ဟွန်ဒီစနစ်ကို ဘာကြောင့်အခုမှတရားမဝင်အဖြစ်သတ်
မှတ်လာရသလဲဆိုတာကိုတော့စစ်အုပ်စုဘက်
က ရှင်းလင်းတဲ့ အကြောင်းပြချက် မပေးနိုင်သေးပါဘူး။
အမှန်တကယ်မှာတော့ စစ်အုပ်စုရဲ့ ဟွန်ဒီကွန်ရက်အပေါ် အာရုံစိုက်မှုဟာ ဒီစနစ်မှာရှိနေတဲ့အန္တရာယ်ပမာဏနဲ့ နှိုင်းယှဉ်ရင်အလွန်
အမင်း လွန်ကဲနေပါတယ်။ တကယ်လိုအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ အိမ်ခြံမြေကဏ္ဍတွေထဲမှာ ရှိနေတဲ့လူသိများတဲ့ငွေကြေးခဝါချမှုပြဿနာ
တွေဖြေရှင်းဖို့ကိုတော့ယခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်သေးပါဘူး။

🔥18🖕7👍3❤1👎1🤬1💩1
ဒါ့အပြင် ကျားဖြန့်စင်တာတွေနဲ့ ငွေကြေးခဝါချမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကရင်အမျိုးသားတပ်မတော် (KNA/BGF) နဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ စစ်အုပ်စုဟာ ကျားဖြန့်လုပ်ငန်းတွေကနေ အကျိုးအမြတ် ရရှိနေတယ်လို့ စွပ်စွဲခံနေရသလို၊ စစ်အုပ်စုနဲ့ဆက်နွယ်သူအချို့ဟာ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှုဆိုင်ရာ
လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်း
ကြောင်းတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ဟွန်ဒီကွန်ရက်တွေကို အလွန်
အမင်း အာရုံစိုက်နှိမ်နင်းနေခြင်းဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ မသမာသော အခြားရည်ရွယ်ချက်တစ်ခု ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲဒါကတော့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုစစ်အုပ်စု ထိန်းချုပ်
ထားတဲ့ ဘဏ်စနစ်ကို အသုံးပြုလာအောင် ဖိအားပေးပြီး နိုင်ငံခြားငွေ စီးဆင်းမှုတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံတကာ ငွေကြေးစနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသမာတဲ့နည်းနဲ့ အသုံးချနေတဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ပြည်ပရောက် မိသားစုဝင်တွေထံက ရရှိတဲ့ငွေဟာ စစ်အုပ်စု သတ်
မှတ်ထားတဲ့ ငွေလဲနှုန်းတွေကြောင့် တန်ဖိုးလျော့နည်းသွားပြီး၊ ဝင်ငွေကို မှီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အခြေအနေကို ပိုမို ခက်ခဲသွားစေပါတယ်။
ပြည်ပက ပြန်လွှဲပို့တဲ့ ငွေကြေးနဲ့ မိသားစုတွေရဲ့ နေထိုင်မှုအခြေအနေကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိပါတယ်။ ပြည်ပက ငွေလွှဲရရှိတဲ့ အိမ်ထောင်စုတွေဟာ အစားအသောက်သုံးစွဲမှု ပိုမိုကောင်းမွန်ပြီး အာဟာရပြည့်ဝမှုလည်း ပိုမိုရရှိနိုင်ကြပါတယ်။ဒါ့အပြင် နိုင်ငံ
တကာက ငွေလွှဲရရှိတဲ့ အိမ်ထောင်စုတွေဟာ ဆင်းရဲနွမ်းပါးမှု ကြုံတွေ့ရနိုင်ခြေ ၂၅ ရာခိုင်
နှုန်းအထိ လျော့နည်းကြောင်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။
ဟွန်ဒီကွန်ရက်တွေကို အသုံးပြုပြီး ငွေလွှဲပို့ရတာဟာ တစ်ခုတည်းသော ရွေးချယ်စရာလို ဖြစ်နေတဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာတော့ ဒီနှိမ်နင်းမှုရဲ့ သက်ရောက်မှုက ပိုမိုပြင်းထန်ပါတယ်။ ရခိုင်ပြည်နယ်လို ဒေသတွေမှာ ပုဂ္ဂလိကဘဏ်အများစုဟာ ပိတ်ထားရပြီး၊ ပုံမှန်ဘဏ်ဝန်ဆောင်မှုတွေရရှိဖို့ အလွန်ခက်ခဲနေပါတယ်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်တဲ့ နေရာအချို့ ရှိနေသေးပေမယ့် ငွေသား ထုတ်ယူခတွေ မြင့်မားလာတာ၊ စစ်အုပ်စုက ငွေကြေးလှုပ်ရှားမှုတွေကို ပိုမိုနီးကပ်စွာ စောင့်ကြည့် နေတာတွေကြောင့် ပြည်သူတွေအတွက် အခက်အခဲတွေ ပိုများလာပါတယ်။
ဟွန်ဒီကွန်ရက်တွေကို နှိမ်နင်းလိုက်ခြင်းဟာ ဒီလိုဒေသတွေဆီ ငွေကြေးပို့ဆောင်ဖို့ ကုန်
ကျစရိတ် ပိုမိုမြင့်တက်လာစေပြီး လုပ်ရကိုင်ရ ပိုမိုခက်ခဲစေပါတယ်။ ဒါ့အပြင် အကျပ်အ
တည်းဖြစ်နေတဲ့ ဒေသတွေမှာ အရေးပေါ် ငွေသားအကူအညီတွေ ပေးပို့ဖို့ ဒီကွန်ရက်တွေကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။
https://www.ludunwayoo.com/feature-mm/2026/09/23/169005/

LuduNwayOo
ဟွန်ဒီငွေလွှဲစနစ် နှိမ်နင်းမှုက မြန်မာပြည်သူများသာမက အာဆီယံကိုပါ ထိခိုက်စေနိုင် | LuduNwayOo
မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့…
👍32🔥4🖕3❤1👎1🤬1
မင်းတုန်းမြို့နယ်တိုက်ပွဲ စစ်မှုထမ်းတပ်သားတွေ အများအပြား သေဆုံးနေ
စက်တင်ဘာ -၂၃၊၂၀၂၆။ဖိုးသား/People's Spring
ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။
မင်းတုန်းမြို့နယ်က ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ ၂ရက်ဆက် အပြင်းအထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်က စစ်သား ရုပ်အလောင်း ၃၀ကျော်ရပြီး စစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွားရတယ်လို့ ဆိုပါတယ်။
"ထွက်မပြေးတဲ့ကောင်တွေ သေကြတာပေါ့။အဓိကကတော့ သူတို့ တပ်ရင်း ၁ရင်းမှာ အများစုက ပစ(စစ်မှုထမ်း)တွေပါ။ တပ်ရင်းတွေက များတယ်။ အသေမခံချင်ရင် စစ်မှုထမ်းထဲမပါဖို့ ကြိုဂရုစိုက်ကြပါ"လို့ မင်းတုန်းအနောက်ခြမ်းက တော်လှန်ရေးရဲဘော်တစ်ဦးက လက်ရှိမြေပြင်အခြေအနေကို ပြောပါတယ်။
အထိနာတဲ့ စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားတာကြောင့် မြေပြင်အခြေအနေမှာ တိုက်ပွဲတွေငြိမ်နေတယ်လို့ သူက အသိပေးပါတယ်။
"၂၁ရက်နေ့ သူတို့ လန်ကျသွားပြီးနောက်မှာ နေပြည် တော် တံတားဦး ရှမ်းတဲလေတပ်တက် ဖိုက်တာတွေနဲ့ နေ့ည အချိန်ပြည့် လာတိုက်ခိုက်နေတယ် ခု မနက် ထိပဲ"လို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ စက်တင်ဘာ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိတယ်လို့အာရက္ခတပ်တော်(AA)က စက်တင်ဘာ၂၂ရက်က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာ ၂၂ရက်ညမှာ ထုတ်ပြန်ခဲ့တာမှာ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအများအပြားသိမ်းရတာ တွေ့ရပါတယ်။
ဒါ့အပြင် မင်းတုန်းမြို့ကို စစ်တပ်သင်းချိုင်းနဲ့ သာသနာ့ဗိမာန် စစ်တပ်ဆေးရုံအဖြစ် နာမည်ပြောင်းရမယ့်အခြေအနေဖြစ်နေတယ်လို့လည်း မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
မင်းတုန်းမြို့ရောက်ရှိနေတဲ့ စစ်ကြောင်းတွေ တပ်မ(၅၅)လက်အောက်ခံစစ်ကြောင်းတွေ ဖြစ်ပါတယ်။စက်တင်ဘာလဆန်းတိုက်ပွဲမှာလည်း တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တိုက်ပွဲမှာသေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက် ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေ သေဆုံးဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ပဲ လန်ကျနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများအလွန်ပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။

👏31❤4🥰2🤣2🖕2👎1😁1
စစ်ဘေးနဲ့ သဘာဝဘေးခံစားနေရတဲ့ ပြည်သူတွေကူညီဖို့ လန်ဒန်မှာ တစ်ကိုယ်တော်ပွဲလုပ်မယ့် ချမ်းချမ်း
စက်တင်ဘာ-၂၃၊၂၀၂၆။ဆဏ်း/People's Spring
စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ အညာဒေသအပါအဝင် တိုင်းရင်းသားဒေသကပြည်သူတွေကို ကူညီပေးဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် အဆိုတော် ချမ်းချမ်းက အသိပေးထားပါတယ်။
"အောက်တိုဘာ ၃၁ မှာ လန်ဒန် UK မှာ Chan Chan in London Tour လေးလုပ်ဖို့ရှိပါတယ်။ အဲဒီ့မှာအားလုံးလာပြီး ပါဝင်အားဖြည့်လို့ရပါတယ်" လို့ ချမ်းချမ်းက ဖိတ်ခေါ်ထားပါတယ်။
အဆိုတော်ချမ်းချမ်းက ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက နှလုံးဖောက်ပြီးဆေးကုသမှုခံယူခဲ့ရပေမယ့် လက်ရှိမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပရိသတ်တွေကို Live လွှင့်ပြီး အသိပေးထားပါတယ်။
လန်ဒန်ပွဲမှာဧည့်သည်အဆိုရှင်အနေနဲ့ တော်လှန်အနုပညာရှင် ဝင်းနိုင်စိုးလည်း ပါဝင်မှာဖြစ်ပါတယ်။
ပွဲအတွက် လက်မှတ်ခတွေအနေနဲ့ ယူရို ၃၀ ကနေ ယူရို ၈၀ အထိ သတ်မှတ်ထားပြီး လက်မှတ်တွေကို myanmarcharity.org/pages/seating-plan မှာ ဝင်ရောက်ဝယ်ယူနိုင်မယ်လို့ကြေညာထားပါတယ်။
"တော်လှန်ဒေပါဝလီ၊ တော်လှန်သီတင်းကျွတ် ပွဲတော်တို့ရဲ့ အလင်းရောင်တို့ နှင့်အတူ စစ်ဘေးနှင့် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံ ရုန်းကန်နေရသည့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကချင်၊ ကရင်နီ၊ ချင်း နှင့် ရခိုင်ဒေသတို့မှ တိုင်းရင်းသား သွေးချင်းများထံ လူသားချင်းစာနာမှု အကူအညီများ တိုက်ရိုက်ပေးအပ်နိုင်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။" လို့ ဒီပွဲနဲ့ပတ်သက်ပြီး ချမ်းချမ်းက အသိပေးထားပါတယ်။
ချမ်းချမ်းက ပြည်တွင်းကလိုအပ်တဲ့နေရာတွေကို ထောက်ပံ့ကူညီဖို့ တစ်ကိုယ်တော်ပွဲတွေပြုလုပ်ပြီး ရန်ပုံငွေတွေရှာဖွေပေးနေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်က ၃၈ နှစ် မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားနဲ့အတူ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာပြည်ရဲ့ လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ အသိပေးထားပါတယ်။

👏38👍8🥰6🖕4❤1🤮1
မုဒုံမြို့ဘောလုံးပွဲ မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံး
စက်တင်ဘာ ၂၃၊၂၀၂၆။သုည/People's Spring
မွန်ပြည်နယ် မုဒုံမြို့ ဘောလုံးကွင်းမှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။
ယမန်နေ့ ညနေ ၅ နာရီကျော်က မုဒုံမြို့ မြို့မ (၁) ရပ်ကွက် မီတာ ၄၀၀ အားကစားကွင်းမှာ မုဒုံအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆီမီးပွဲစဥ်အဖြစ် Lion City FC အသင်းနဲ့ တောင်ပေါ်သား FC အသင်းတို့ ယှဉ်ပြိုင်နေစဉ် မိုးကြိုးပစ်မှု ဖြစ်ပွားခဲ့တာပါ။
မိုးကြိုးပစ်မှုကြောင့် Lion City FC အသင်းရဲ့ ရှေ့တန်းကစားသမားဖြစ်သူ ကျောနံပတ် ၉ Sa Sa (ခ) သန်းတိုးအောင်ဟာ မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း မုဒုံမြို့ခံတစ်ဦးက ဆိုပါတယ်။
“မနေ့က ညနေပိုင်းက ဘောလုံးပွဲ ကျင်းပနေရင်း မိုးက ရွာလာတာပါ။ မိုးနဲ့အတူ မိုးကြိုးပစ်တာပါ ဖြစ်သွားတာပါ။ မိုးခြိမ်းပြီး မိုးကြိုးပစ်တာ သိလိုက်တော့ ကွင်းထဲက ကစားသမားတွေ လှဲချလိုက်ပါတယ်။ အဲ့ထဲမှာမှ ကျောနံပတ် ၉ Sa Sa က မိုးကြိုးထိမှန်ပြီး လဲကျသေဆုံးသွားတာပါ” လို့ မုဒုံမြို့ခံတစ်ဦးက ဆိုပါတယ်။
မိုးကြိုးပစ်ခံရတဲ့ ဘောလုံးသမားဟာ အသက် ၂၉ နှစ်အရွယ် သန်းတိုးအောင် (ခ) Sa Sa ဖြစ်ပြီး မော်လမြိုင်မြို့ စံပြအေးရပ်ကွက်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
မိုးကြိုးပစ်ခံရတဲ့ ကစားသမား သန်းတိုးအောင်ကို လူမှုကယ်ဆယ်ရေးအဖွဲ့က မုဒုံမြို့ ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ မြို့ခံပရဟိတ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

👍20😢15🔥3🤣2👎1
မင်းလှမှာ စစ်တပ်ထံအညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံရ
စက်တင်ဘာ -၂၃၊၂၀၂၆။မိုမို/People's Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်က မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းက အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ရုပ်အလောင်းကို စက်တင်ဘာ၂၀ ရက် ညပိုင်းက မီးသဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။
"မင်းလှရဲစခန်းမှာ။အလောင်းတောင်ပြန်မရဘူး။သဂြိုလ်မယ့်နေ့ညရောက်မှ မိသားစုကို ခေါ်တာ။နောက်ထပ် ဖမ်းခံထားရတဲ့ အမျိုးသမီးတွေရော အမျိုးသား ငါးဦး၊ခြောက်ဦးလောက်ထိ ရှိတယ်"လို့ မင်းလှ မြို့ခံတစ်ဦးက ပြောပါတယ်။
ကိုဝေဖြိုးဟာ PDF ကို ထောက်ပံ့မှုနဲ့ စစ်တပ်လှုပ်ရှားမှု ကို ဖြန့်ဝေနေတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် သေနတ်လုခုခံလို့ ပစ်ခတ်စဉ်သေဆုံးခဲ့ရတာလို့ စစ်တပ်က မင်းလှမြို့ပေါ်မှာ သတင်းဖြန့်ထားပါတယ်။
ကိုဝေဖြိုးနဲ့ အတူ မင်းလှမြို့ဒေသခံ ၅ဦးထက်မနည်း ဖမ်းဆီးခံရမှုဟာ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်းက ထွက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားသူ ရဲဘော် အောင်ကိုကို(ခ)ရေခဲနဲ့ သက်ဆိုင်တယ်လို့ အခြေအနေကို သိရှိသူတချို့က ပြောပါတယ်။
"သူထွက်ပြေးတာ ၂ လကျော်လောက်ရှိပြီ။မင်းလှ တာကျိုးရွာသား။သူက တပ်ရဲ ရိက္ခာငွေတွေပါ ယူသွားတာ"လို့ သာယာ၀တီခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သာယာဝတီခရိုင် အမှတ် (၂)တပ်ရင်းထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်က ရဲကွန်မန်ဒိုနဲ့ ပြည်သူ့စစ်တွေအပါအ၀င် အင်အား ၄၀၀ ၀န်းကျင်နဲ့ မင်းလှနဲ့ လက်ပံတန်းမြို့နယ်တွေကို စစ်ကြောင်းထိုးနေတာကြောင့် မကြာခဏထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းမှူး အပါအ၀င် ထိခိုက်သေဆုံးသူ ၃၀ ၀န်းကျင်ရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောထားပါတယ်။

😡43❤5👎2👏2🤬2👍1🤣1
စစ်ကောင်စီက သံဃာတော်တွေကို UID နံပါတ်ထုတ်ပေးပြီး ထိန်းချုပ်ဖို့ စီစဥ်
စက်တင်ဘာ ၂၃၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သာသနာဝင်၊သာသနာနွယ်ဝင်တွေကို e-ID စနစ်ရဲ့ အခြေခံဖြစ်တဲ့ Unique ID (Unique Identification Number) (ဂဏန်း ၁၀ လုံးပါ အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းသံဃနာယကအဖွဲ့ထံ လျှောက်ထားလိုက်တာပါ။
အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနရဲ့ စက်တင်ဘာ ၁၇ ရက်စွဲပါ ညွှန်ကြားချက်အရ မန္တလေးတိုင်း လဝက ရုံးက စက်တင်ဘာ ၁၉ ရက်နေ့မှာ တိုင်းသံဃနာယကဆရာတော်ကြီးတွေထံ အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပြီး၊ လိုအပ်တာတွေ ပံ့ပိုးပေးဖို့ မြို့နယ် သံဃနာယကအဖွဲ့တွေကို ညွှန်ကြားပေးဖို့ပါ တောင်းဆိုထားပါတယ်။
စစ်ကောင်စီဟာ UID စနစ်ကိုသုံးပြီး ပြည်သူတွေရဲ့ သွားလာမှု၊ ငွေကြေးသုံးစွဲမှု၊ ဆက်သွယ်ရေးနဲ့အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ဖို့ အဓိက ဦးတည်အသုံးချနေတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ဒီ e-ID နဲ့ Unique ID စနစ်ကို အသုံးပြုပြီး ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းကျပ်စွာ စောင့်ကြည့် ထိန်းချုပ်နေသလို ခုလို သံဃာထုဆီပါ တိုးချဲ့လာတာဟာ သံဃာတော်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုပါ စောင့်ကြည့်စိစစ် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ကြောင်း သံဃာအချို့က မိန့်ပါတယ်။
"သက်သက် အနိုင်ကျင့်ဗိုလ်ကျဖို့ အရေးတွေ လုပ်နေကြတာပါ။ သာသနာမှတ်ပုံတင်တောင် လုပ်မပေးနိုင်တဲ့ မြို့နယ်သံဃာ့နာယကတွေ။ အခုက မြို့နယ်သံဃာ့နာယကတွေလို့သာ အမည်တပ်ခံရတာရယ်။ တံဆိပ်တုံးတွေဆို စစ်တပ်လက်အောက်ခံ ထွေအုပ်ရုံးတွေဆီမှာ ထားရတာ။ကကြိုးရုပ်တွေရယ်။ အဓမ္မ စစ်သားစုဆောင်းဖို့ လက်ကိုင်တုတ်အဖြစ် သုံးဖို့ပဲ ဖြစ်မှာပါ"လို့ ချောင်းဦးမြို့နယ်က သပိတ်ဆရာတော်က မိန့်ကြားပါတယ်။
လက်ရှိ မန္တလေးတိုင်းက ညွှန်ကြားစာတစ်ခုသာ ထွက်ပေါ်လာတာဖြစ်ပေမဲ့ တစ်နိုင်ငံလုံးက ရဟန်းသံဃာတွေအကုန်လုံး ပြုလုပ်ရမှာဖြစ်ကြောင်း သိရပါတယ်။
လဝကရဲ့ စာထဲမှာတော့ ဘုန်းကြီးနဲ့ သီလရှင်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် (Passport) လျှောက်တာ၊ ပြည်ပမှာ ဆေးကုတာ၊ ဘုရားဖူးထွက်တာနဲ့ ဘဏ်လုပ်ငန်းသုံးတာစတဲ့ ကိစ္စတွေမှာ အဆင်ပြေအောင် လုပ်ပေးတာလို့ အကြောင်းပြထားပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ အသက် ၁၀ နှစ်အထက် လူတိုင်းရဲ့ ကိုယ်ရေးအချက်အလက် (Biographical Data) နဲ့ မျက်လုံးစကင်၊ လက်ဗွေ စတဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တွေကို ကောက်ယူကာ Database စနစ်ထဲ ထည့်သွင်းတာ ဖြစ်ပါတယ်။
Unique ID ကို စိစစ်ရေးကတ်တွေ၊ ပတ်စပို့တွေ၊ ဖုန်း SIM ကတ်တွေ၊ ဘဏ်အကောင့်တွေမှာ မဖြစ်မနေ ချိတ်ဆက်ခိုင်းခြင်းဖြင့် လူတစ်ဦးချင်းစီရဲ့ ခရီးသွားလာမှု၊ ငွေကြေးစီးဆင်းမှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေရဲ့အသက်၊ နေရပ်လိပ်စာနဲ့ အခြားအချက်အလက်တွေကို Unique ID ဒေတာဘေ့စ်မှတစ်ဆင့် လွယ်ကူစွာ စိစစ်ပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းဖို့ ပစ်မှတ်ထား ရှာဖွေရာမှာ အသုံးချနေတယ်လို့ သိရပါတယ်။
အလားတူ CDM ဝန်ထမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေရဲ့ Unique ID၊ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ မြို့ဝင်/ထွက် ဂိတ်တွေနဲ့ လေဆိပ်တွေမှာ Unique ID မှတစ်ဆင့် ကိုယ်ရေးအချက်အလက် စစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

🤬34❤11👍3👎3🔥2👏1🤣1
စစ်တပ်ချောဆွဲလို့ ဗန်းမော်ပါလာပြီးဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဟုKIAဒုဗိုလ်ချုပ်ကြီးဂွန်မော်
ပြော
■တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ နွေဦးတော်လှန်ရေးရဲအရင်းအနှီးဟု အသိပေး
စက်တင်ဘာ-၂၃၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ချောဆွဲ(အတင်း
အဓမ္မခေါ်ယူ)လို့ ကချင်ပြည်နယ်ဗန်းမော်သို့ လိုက်ပါခဲ့ရပြီး သင်္ဘောတွေ ဆုံးရှုံးခဲံရတဲ့ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကချင်လွတ်
လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ
(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
သင်္ဘောပိုင်ရှင်းများသို့ ဆိုပြီးလိပ်မူထားတဲ့ စာကို ဒုဗိုလ်ချုပ်ကြီးဂွန်မော်က စက်တင်ဘာ ၂၃ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ကတဆင့် ဖော်ပြခဲ့တာပါ။
“ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များ နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ နွေဦးတော်
လှန်ရေးကာလရဲ့ အရင်းအနှီးဖြစ်သည်မို့ စီးပွားများ ပြန်လည်တိုးပွားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါသည်။ မေတ္တာဖြင့်” ဟု ဗိုလ်ချုပ်ဂွန်မော်က ရေးသားထားပါတယ်။
ဒါ့အပြင်ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအနေနဲ့ သင်္ဘော၄စီးအထိဆုံးရှုံးရသူများပါရှိကြောင်း သိရတယ်လို့လည်း ဖော်ပြထားပါတယ်။ သင်္ဘောတစီးတန်ဖိုးမှာသိန်းပေါင်း (ရှစ် ထောင်) မှ သိန်းပေါင်း (နှစ် သောင်း) အထိ ရှိကြောင်း လည်း ဖော်ပြထားပါတယ်။ဒါ
ကြောင့်သင်္ဘော၄စီးရှင်မှာ ကျပ်သိန်းသောင်းချီဆုံးရှုံးခဲ့တာဖြစ်ပါတယ် ။
အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်၊ဗန်မော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ ၂၀၂၆ ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာလအတွင်း သင်္ဘောအစီးရေများစွာ အသုံးပြု ကြိုးပမ်းခဲ့ရာ ကသာ-ရွှေကူကြား၊ ရွှေကူ -ဗန်းမော်ကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သလို့ စစ်သင်္ဘောတွေအပါအဝင် သင်္ဘော အစီး ၂၀ ဝန်းကျင်ပျက်စီးခဲ့ရပါတယ်။ စစ်ကတပ်ဟာ ဗန်းမော်ကနေ မန္တလေးပြန်တဲ့အခါ ကသာနဲ့ ရွှေကူမှာရှိတဲ့ အရပ်သားသင်္ဘောအများအပြားကို အသုံးပြုခဲ့တာလို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ အလားတူ မန္တလေးဂေါ်ဝိန်ဆိပ်ကမ်းကနေ ထွက်ခွာတဲ့အခါမှာလည်း ပုဂ္ဂလိက သင်္ဘောတွေကို ချောဆွဲအသုံးပြုခဲ့တယ်လို့ လည်းမန္တလေးကလုပ်ငန်းရှင်အချို့ကပြောပါတယ် ။

❤41👍8😢2🤮1🤣1🖕1
ရက္ခိုင်တိုက်ပွဲဒဏ်ရာရရဲဘော်တွေကို စစ်သုံ့ပန်းအဖြစ်မခံဘဲ အချင်းချင်းပစ်သတ်ဖို့ စစ်တပ်က အမိန့်ပေးထားဟု AA ဖမ်းမိထားသူ ထွက်ဆို
“ဆေးကုလို့ရတဲ့လူဆိုရင်ကုမယ် ခေါ်ခဲ့ ဆွဲခဲ့ ကုလို့မရတဲ့ သူဆိုရင် ရန်သူ့လက်ထဲ အပါမခံနဲ့ သတ်ပစ်လိုက် အဲဒီလိုမျိုးပြောပါတယ်” - စစ်မှုထမ်းတပ်သားသစ် ရန်ငြိမ်းအောင်
စက်တင်ဘာ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။
ရက္ခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AAက ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ရှိခဲ့ရာ စက်တင်ဘာ ၂၀ရက်က အမြင့်ကျွန်းကျေးရွာ မင်းချောင်းတံတားအနီးမှာ အဖမ်းခံရတဲ့ ပခုက္ကူအခြေစိုက်တပ်မ (၁၀၁) လက်အောက်ခံ ခလရ(၂၅၂)တပ်က တပ်သား ရန်ငြိမ်းအောင်က အခုလို ပြောပြတာဖြစ်ပါတယ်။
တပ်သား ရန်ငြိမ်းအောင်အနေနဲ့ ရှေ့ပြေးကင်းစောင့်နေချိန် အဖမ်းခံရတာလို့ ပြောပါတယ်။ သူ့ရဲ့ထွက်ဆိုချက်မှာ ကျည်ထိ ရဲဘော်တွေကို ဆေးကုမရတဲ့ အခြေအနေဆိုရင် အချင်းချင်း ပစ်သတ်ဖို့ စစ်ကောင်စီတပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ ပါရှိပါတယ်။
“ တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျည်ထိတဲ့သူတွေ ကျည်သင့်တဲ့သူတွေကိုလည်း ဆေးကုလို့ရတဲ့လူဆိုရင်ကုမယ် ခေါ်ခဲ့ ဆွဲခဲ့ ကုလို့မရတဲ့ သူဆိုရင် ရန်သူ့လက်ထဲ အပါမခံနဲ့ သတ်ပစ်လိုက် အဲဒီလိုမျိုးပြောပါတယ်။” လို့ တပ်သား ရန်ငြိမ်းအောင်က ပြောပါတယ်။
ရန်သူကို သတ်နိုင်ရင်သတ်နိုင်သလို ဆုကြေးပေးမယ် မုန့်ဖိုးပေးမယ် ရာထူးတိုးပေးမယ်လို့ စစ်တပ်က မက်လုံးပေးထားတယ်လို့လည်း ပြောပြပါတယ်။
စစ်တပ်ဟာ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲမှာ အထိနာတာကြောင့် အရာရှိတွေဟာ ပစတွေအပါအဝင် ငယ်သားတွေကို ကာကင်းအဖြစ်ထားပြီး ဆုတ်ခွာထွက်ပြေးတာတွေရှိတယ်လို့ စက်တင်ဘာ ၁၆ရက်က AA ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့က ထွက်ဆိုပါတယ်။
စစ်တပ်အရာရှိတွေဟာ ကိုယ်ချင်းစာစိတ်မရှိ ငယ်သားတွေရဲ့ အသက်ကို စတေးနေတယ်လို့လည်း ပြောပြပါတယ်။
“သူတို့ကတော့ စက်ထဲကနေ စကားလေးတလုံးတည်းနဲ့ ဟေ့ရောင်တွေ ဒီဟာကို ရအောင်တိုက်မယ် ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်တို့ ငါတို့တပ် နာမည်ရရမယ် တို့ အဲဒီလိုမျိုးတွေနဲ့ သူတို့ တိုက်တယ်ပေါ့” လို့ တပ်သား ရန်ငြိမ်းအောင်က ပြောပါတယ်။ ဒါပေမဲ့ တကယ်တိုးကြည့်တဲ့နေရာမျာ တိုးလို့မရဘဲ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ရကြောင်းလည်း သူက ပြောပြပါတယ်။
“ကျနော်တို့နေရာမှာ သူတို့ သားသမီးတွေ သူတို့ ညီအကိုတွေ ဆိုရင် ခင်ဗျားတို့ ဘယ်လိုခံစားမလဲ လို့ ကျနော်မေးကြည့်ရမယ်” လို့ တပ်သားသစ်ရန်ငြိမ်းအောင်က ပြောပါတယ်။
စစ်တပ်ဟာ တပ်သားတွေကို တိုက်ပွဲဝင်ခိုင်းရာမှာလည်း မူးယစ်ဆေးသုံး တိုက်ပွဲဝင်ခိုင်းကြောင်း၊ အရက်သမားတွေလည်း ပါကြောင်း ပြောပါတယ်။
“နောက်တန်းမှာ ရဲတွေလာရောင်းတဲ့ အပိုင်းတွေ ရှိတယ်” လို့ တပ်သား ရန်ငြိမ်းအောင်က စစ်ကောင်စီတပ်သားတွေ မူးယစ်ဆေးရရှိမှု အခြေအနေကို ပြောပြပါတယ်။
စစ်တပ်အတွင်း ဖိနှိပ်မှုတွေကြောင့် ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ကျန်းမာရေး ဂရုစိုက်ပြီး အခွင့်အခါ ကောင်းရင် ထွက်ပြေးကြဖို့လည်း တပ်သားသစ်ရန်ငြိမ်းအောင်က တိုက်တွန်းပါတယ်။
စစ်တွေ-ပုဏ္ဏားကျွန်း တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေအများအပြား သိမ်းရထားကြောင်း AAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်အသိပေးထားပါတယ်။
ရုပ်သံ - AA
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #စစ်သုံ့ပန်းအဖြစ်မခံရန်အမိန့် #AAဖမ်းဆီးရမိသူထွက်ဆိုချက် #ရခိုင်စစ်မျက်နှာ #စစ်ကောင်စီတပ်

❤31👍11🖕3🥴2👎1🔥1🤬1🤣1