မင်းတုန်းတိုက်ပွဲ စစ်တပ်ထံမှလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းတွေသိမ်းရ
■စစ်သားအလောင်း၃၀ကျော်ရပြီးစစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွား
စက်တင်ဘာ-၂၂၊၂၀၂၆။နေ့သစ်/People's Spring
ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်မှာစက်
တင်ဘာလ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းအများအ
ပြားကိုသိမ်းဆည်းရရှိကြောင်းအာရက္ခတပ်တော်(AA)ကယနေ့ညမှာထုတ်ပြန်ပါတယ်။
မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက်တိုက်
ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာလ၂၂ရက်ညမှာ ထုတ်ပြန်ခဲ့တာမှာလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းပများအပြားသိမ်းရတာတွေ့ရပါတယ်။
"မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးမထိအရောက် ရဲ၀င်းဦးမှ တပ်မ(၅၅) အား တာဝန်ပေးကာလက်နက်ခဲယမ်းများ ပေးပို့လှူဒါန်းတာ"လို့ မြေပြင်စစ်ရေးသတင်းရင်း မြစ်က အာရက္ခ တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို ပြောပါတယ်။
ဒါ့အပြင် မင်းတုန်းမြိုကို စစ်တပ်သင်းချိုင်း နဲ့သာသနာ့ဗိမာန် စစ်တပ်ဆေးရုံအဖြစ် နာ
မည် ပြောင်းရမယ့်အခြေအနေလို့ သူက ဆက်လက်အသိပေးပါတယ်။
သဖန်ရောင်ကနေ ကံဂျိုးရွာဘက်ကို ရှေ့တိုးဖို့ကြိုးစားတဲ့ စစ်ကြောင်းကို AA ကကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်
ခဲ့ပြီးစစ်သားအလောင်း ၃၀ ကျော်ရတယ်လို့ AA သတင်းရင်း မြစ်ကလည်း ပြောပါတယ်။
“သူတို့ဘက်က စစ်ကြောင်းထိုးနေတာ သုံးရက်လောက်ရှိပြီ။ အရှေ့ကို သိပ်မတိုးတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ဘူး။ ဒီနေ့ကျမှ အင်အားနဲ့ တိုးလာလို့ ဖြစ်ကြတာ။ အထိနာတော့ နောက်ပြန်ဆုတ်သွားတယ်။ တိုက်ပွဲဖြစ် တုန်း”လို့AAသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပြီး ကုန် စည်သယ်ယူရေးလမ်းကြောင်းပိတ်သွားကာ အနီးဝန်းကျင်ကျေးရွာတွေမှ ဒေသခံတွေမှာဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေ တော်တော်များများ ပြေးကြရတယ်။ တိုက်ပွဲက ရှေ့ဆက် ပြင်းလာမယ့်အခြေအ
နေမှာရှိတယ်။စစ်တပ်ကအင်အားတော်တော်
ဖြည့်ထားတယ်၊နာရင်လည်း အင်အားဖြည့်ပြီးရှေ့တိုးမယ့်အနေအထားတွေ့ရတယ်” လို့ ရခိုင် - မင်းတုန်း ကုန်ကူးနေခဲ့တဲ့ ဒေသခံကုန်
သည်တဦးကဆိုပါတယ်။
စစ်တပ်က မင်းတုန်းမြို့နယ်ဘက်ကနေ ရခိုင်ရိုးမဘက်ကို ဦးတည်ပြီးစစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာကို AAနဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထိခိုက်သေဆုံးမှုတွေများပြားခဲ့တဲ့စစ်
ကြောင်းကို စစ်ကောင်စီဗျူဟာမှူးတစ်ဦးက ဦးဆောင်လာတာလို့ စုံစမ်းသိရပါတယ်။
မင်းတုန်းမြို့ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေ တပ်မ(၅၅)လက်အောက်ခံစစ်ကြောင်းတွေဖြစ်ပါတယ်။စက်တင်ဘာလဆန်းတိုက်ပွဲမှာလည်တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ဒုဗိုလ်မှူး
ကြီးတင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒုဗိုလ်မှူး
ကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တိုက်ပွဲမှာသေဆုံးတဲ့သတင်းကို စစ်
တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေး
သားထားကြပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူ
ဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်း
ဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)
တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူး
တိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများအလွန်ပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေကပြောပါတယ်။

👍31❤10🤣2🖕2👎1🥰1👏1
ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကော့သောင်းပကဖ ကယ်တင်
စက်တင်ဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring
ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခု စက်တင်ဘာအတွင်း ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းတပ်သားသစ်အဖြစ် ပေါ်တာဆွဲခံရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မောင်ကျော်မင်းဦး(၂၁)နှစ်နဲ့ မောင်ကျော်မင်းခန့် (၂၄)နှစ်ကို ကယ်တင်နိုင်ခဲ့သလို ခလရ(၂၆၂)တပ်ရင်းကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်း တပ်သား မောင်ဇော်ကိုကို ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ခလရ(၂၆၂)တပ်ရင်းဟာ ကော့သောင်းမြို့အခြေစိုက်ထားပါတယ်။
မောင်ဇော်ကိုကိုဟာ စစ်မှုထမ်းအပတ်စဉ်(၂၀)ဆင်းဖြစ်ပြီး စစ်တပ်က ရှေ့တန်းမှာ မူးယစ်ဆေးသုံးခိုင်းကြောင်းနဲ့ အရပ်သားပြည်သူတွေ သတ်ဖြတ်မှုတွေပြုလုပ်ခဲ့တာတွေ မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ၎င်းရဲ့ အစ်မနဲ့ညီဖြစ်သူကိုလည်း သူလျိုအဖြစ်စွပ်စွဲပြီး စစ်တပ်က သတ်ပစ်လိုက်တယ်လို့ ပြောပါတယ်။
" ဆေးတွေကျွေးပြီးတော့ ပြည်သူတွေကိုဓားပြတွေလိုပဲတိုက်ခိုင်းတယ်။ အဲ့လိုမလုပ်ပြန်ရင်လည်း ကျတော်တို့ကို ထိပ်တုံးခပ်တယ်။ ရိုက်တယ်"လို့ မောင်ဇော်ကိုကိုက ပြောပါတယ်။
ကယ်တင်ထားတဲ့ ၃ဦးစလုံးကို လူ့ဂုဏ်သိက္ခာနှင့်အညီ စောင့်ရှောက်ထားပြီး မောင်ဇော်ကိုကိုကတော့ ၎င်း၏ ဆန္ဒအရ တော်လှန်ရေးရဲဘော်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်လိုတာကြောင့် သက်ဆိုင်ရာ မြို့နယ်ပကဖတာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်အတွင်းကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းလူငယ်တွေအနေနဲ့ ဓားပြဂိုဏ်းအဆင့်သာရှိတဲ့ စစ်တပ်ထံကနေ ပြည်သူလူထုဘက်သို့ အမြန်ဆုံးဘက်ပြောင်းခိုလှုံဖို့လည်း ကော့သောင်းမြို့နယ်ပကဖ က တိုက်တွန်းထားပါတယ်။
ဘက်ပြောင်းခိုလှုံစဉ် လက်နက် ခဲယမ်းယူဆောင်လာပါက သတ်မှတ်ဆုကြေးငွေ ထိုက်တန်စွာချီးမြှင့်သွားမယ်လို့ အသိပေးထားပါတယ်။
ရုပ်သံ - ကော့သောင်း ပကဖ

👍39👏4🖕2❤1👎1💩1🤣1
စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သားအလောင်းတွေ ။ဓါတ်ပုံ-AA Infodesk
❤39👏9👍3👻3👎2🥰1🖕1
Media is too big
VIEW IN TELEGRAM
ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ ဦးကို ကော့သောင်းပကဖ ကယ်တင်
👍52❤5👎1🥰1👏1🤮1🤣1🖕1
စစ်တွေအပါအဝင်စစ်မျက်နှာသုံးခုမှာတိုက်ပွဲ
ပြင်းထန်၊တရက်အတွင်းစစ်သားအလောင်း
၅၀ ကျော်ရ
စက်တင်ဘာ-၂၂၊၂၀၂၆။ခိုင်မြတ်/People's Spring
အာဏာသိမ်းစစ်တပ်က အင်အားအများအ
ပြားနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ ရခိုင်
ပြည်နယ်စစ်တွေ၊ ရိုးမအရှေ့ဘက်ခြမ်း မင်းတုန်း၊ နတ်ရေကန်စစ်မျက်နှာသုံးခုမှာတိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့ တရက်တည်းမှာပဲစစ်သားအလောင်း ၅၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့အာရက္ခတပ်တော်(AA)နဲ့ နီးစပ်တဲ့သတင်း
ရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်စခန်းရဲ့ ချောင်းတဖက်ကမ်းရဲရိုးပြင်ရွာဝန်းကျင်၊ တောကန်ရွာဝန်းကျင် နဲ့ အမြင့်ကျွန်းရွာဝန်း
ကျင်တို့မှာစက်တင်ဘာ ၂၂ ရက်နေ့ တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအ
တွင်း စစ်သားအလောင်း ၁၀ ဝန်းကျင် သိမ်း
ဆည်းရမိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းအချို့က ပြောတယ်။
“တောကန်နားမှာတိုက်ပွဲပိုပြင်းတယ်။ အ
လောင်းရတာလည်း ဒီဘက်ကရတာပါ။ ကိုယ့်ဘက်ကလိုက်မသိမ်းနိုင်၊မှတ်တမ်းမယူနိုင်ဘဲကျန်ခဲ့တဲ့ (စစ်တပ်)အလောင်းတွေလည်း အများကြီး။နေကလည်းပူတော့အပုပ်
နံ့တွေ တော်တော်ရတယ်”လို့ မြေပြင်ကစစ်ရေးရင်းမြစ်တဦးက ပြောပါတယ်။
ရဲရိုးပြင်ရွာအနီးဝန်းကျင်မှာလည်း ဒီနေ့မနက်ပိုင်းမှာ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်း မှာ တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။ “ဟိုဘက်ဒီဘက် ဒရုန်းတွေနဲ့တော့လိုက်ချနေကြတယ်။ကိုယ့်ဘက်ကရွှေမင်းဂံထဲကို ဒရုန်းနဲ့ချတာ ထိသွားတယ်။ သေကြမယ်ထင်တယ်”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်းပဒါန်းမြို့နယ် နတ်ရေကန်စစ်မျက်နှာ နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်သဖန်ရောင်ရွာအနီးစစ်မျက်နှာတို့မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအလောင်း သုံးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်း
ဆည်းရမိတယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ကပြောပါတယ်။
“တိုက်ပွဲအခြေအနေတွေ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ကိုယ့်ဘက်ကတော့ အ
လောင်းသုံးဆယ်ကျော်ရတယ်။မင်းတုန်းဘက်မှာ သုံးဆယ်လောက် နဲ့ နတ်ရေကန်ဘက်မှာတဆယ်နီးပါး၊ ဒီနေ့ရတာ” လို့ AA သတင်းရင်းမြစ်ကပြောပါတယ်။
မင်းတုန်းမြို့နယ် သဖန်ရောင်ရွာကနေ ကံဂျိုးရွာဘက်ကို ရှေ့တိုးဖို့ကြိုးစားတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာပါ။
“သူတို့ဘက်က စစ်ကြောင်းထိုးနေတာ သုံးရက်လောက်ရှိပြီ။ အရှေ့ကို သိပ်မတိုးတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ဘူး။ ဒီနေ့ကျမှ အင်အားနဲ့ တိုးလာလို့ ဖြစ်ကြတာ။အထိနာတော့နောက်ပြန်ဆုတ်သွားတယ်။တိုက်ပွဲဖြစ် တုန်း”လို့ AAသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပြီး ကုန်စည်သယ်ယူရေးလမ်းကြောင်းပိတ်သွားပါတယ်။အနီးဝန်ကျင်ကျေးရွာတွေက ဒေသခံတွေဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေ တော်တော်များများ ပြေးကြရတယ်။ တိုက်ပွဲကရှေ့ဆက်ပြင်းလာမယ့်အခြေအနေမှာရှိတယ်။စစ်တပ်ကအင်အားတော်တော်ဖြည့်ထားတယ်၊နာရင်လည်း အင်အားဖြည့်ပြီး ရှေ့တိုးမယ့်အနေအထားတွေ့ရတယ်” လို့ ရခိုင်-မင်းတုန်းကုန်ကူးနေခဲ့တဲ့ဒေသခံကုန်
သည်တဦးက ပြောပါတယ်။
နတ်ရေကန်ဘက်မှာတော့အာဏာသိမ်းစစ်
တပ်ဟာ ပဇီရွာကနေ ရှေ့တိုးဖို့ကြိုးစားနေတာဖြစ်ပြီး AA ရဲ့ တိုက်ခိုက် မှုကြောင့် ပြန်ဆုတ်လိုက်၊ အင်အားဖြည့်ပြီးရှေ့တိုးလိုက်၊ ရှေ့တိုးနောက်ဆုတ်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။
“အင်အားတော်တော်ပြုန်းသွားပြီဒီဘက်မှာ။ ဒရုန်းနဲ့ စနိုက်ပါနဲ့ ချလို့ သေတာတာတောင် မနည်းဘူး”လို့ AA နဲ့ နီး စပ်တဲ့ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာတော့ တိုက်ပွဲစဖြစ်တဲ့ရက်ပိုင်းကတည်းက စစ်တပ်ဟာအထိနာပြီးတပ်စခန်းတခုလက်လွှတ်လိုက်ရအဲဒီနောက်ပိုင်း မြေပြင်တိုက်ပွဲမရှိဘဲ ငြိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်း ချုပ်ရာနေရာတွေကို စက်တင်ဘာ ၄ ရက်နေ့ကစကာအင်အားအများအပြားနဲ့ ထိုး
စစ်ဆင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
အဲဒီလို လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ ထိုး
စစ်ဆင်ဖို့ ကြိုးစားပေမယ့် လက်တွေ့မှာတော့ AA ရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့်အထိ
နာနောက်ပြန်ဆုတ်နေရပါတယ် ။ဒါ့အပြင်
စစ်တပ်ထိန်းချုပ်ထားတဲ့စခန်းတွေပါ လက်
လွှတ်နေရတာ ဖြစ်ကာ ၄၉၂၆ စစ်ဆင်ရေးစပြီးနှစ်ပတ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးတာရာနဲ့ချီရှိနေပြီဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ဒေသခံစစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။ AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြင်းအချို့ကပြောပါတယ်။

❤44👍15👏3👎2🥰2🤣2🤬1🖕1
ရှေ့တန်းစစ်မျက်နှာတစ်ခုမှာAA တပ်ဖွဲ့၀င်တွေထမင်းစားနေစဥ်/ မင်းတုန်းတိုက်ပွဲက
သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သားအလောင်းတွေ။ ဓါတ်ပုံ - Mrat Shaun's FB ၊AA Info Desk

❤44👍26🥰4👏4😁3🤣2👎1🤬1🖕1
မိခင်နဲ့တွေ့ခွင့်ရဖို့၊ လွှတ်ပေးဖို့ ကင်မ်က မင်းအောင်လှိုင်ဆီကို စာရေးသားပေးပို့
စက်တင်ဘာ-၂၂၊၂၀၂၆။တေဇ/People's Spring
မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပေးဖို့ ၊လွှတ်ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။
"ကျွန်တော့်မေမေနဲ့ တွေ့ခွင့်ပေးပါ။ကျွန်တော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ကျွန်တော့်မေမေကို လွှတ်ပေးပါ။" လို့ ကင်မ်ကတောင်းဆိုခဲ့တာပါ။
ICRC ကိုယ်စားလှယ်နဲ့ တွေ့ခဲ့ပေးခဲ့တာကြောင့် မိခင်ဖြစ်သူ အသက်ရှင်နေကြောင်းသိခဲ့ရပေမယ့် လက်ရှိအချိန်အထိ စကားပြောခွင့် ၊ တွေ့ခွင့်မရသေးဘူးလို့ ကင်မ်ကပြောပါတယ်။
"မေမေ့လွတ်မြောက်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့ရတုန်းက ကျွန်တော်ဟာ ကလေးတစ်ယောက်ပဲ ရှိပါသေးတယ်။ ဆယ်စုနှစ်တွေ ကြာပြီးတဲ့နောက် အခုထက်ထိလဲ ထပ်ပြီး တောင်းဆိုနေရပါတယ်။မေမေ အသက် ၈၁ နှစ် ရှိပါပြီ။ သူ့ဘဝရဲ့ နှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရပြီးပါပြီ။" လို့ ကင်မ်က ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိခဲ့တာကြောင့် ကင်မ်ဦးဆောင်ကာမိခင်ဖြစ်သူအသက်ရှင်ကြောင်းပြသဖို့ Proof Of Life ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့တာပါ။
ကမ်ပိန်း ရက် ၁၀၀ ကျော်လာချိန်မှာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး အသက်ရှင်ကြောင်း ပြသခဲ့ပါတယ်။ဒါပေ့မယ် ICRC နဲ့တွေ့ခွင့်ရတာက မိသားစုနဲ့ တွေ့ခွင့်ရတာမဟုတ်သလို၊မိသားစုတွေ့ခွင့်ရယုံနဲ့လည်း လွတ်လပ်ခွင့်ရတာမဟုတ်ဘူးလို့ပြောပါတယ် ။
"အခု ကျွန်တော် မေမေကို မြင်ချင်တယ်။မေမေနဲ့စကားပြောချင်တယ် ။ ကျွန်တော်တို့မိသားစု ပုံမှန်ဆက်သွယ်ခွင့်ရချင်တယ်။" လို့လည်း သံရုံးရှေ့မှာစာပို့ရင် ပြောကြားခဲ့ပါတယ်။
ကင်မ်က မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အကြောင်းကိုပြောရင်း ကမ်ပိန်းမှာပါဝင်ပေးကြဖို့ ပြည်သူတွေကိုတောင်းဆိုထားပါတယ်။
ရုပ်သံ/ဓါတ်ပုံ- Kim Aris's FB

👍42❤9🥰4🤣2🖕2😢1🤮1