ဒီတင်းမာမှုရဲ့အကျိုးဆက်အဖြစ်နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထရမ့် တွေ့ဆုံမှုတွေကို ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာကျင်းပခဲ့တဲ့ရဟတ်
ယာဉ်ကွင်းသစ် ဖဲကြိုးဖြတ်ဖွင့်ပွဲကိုလည်း အိမ်ဖြူတော်ရဲ့ ဝဘ်ဆိုက်ကနေသာ Live (တိုက်ရိုက်)ထုတ်လွှင့် ခဲ့ရပြီး၊ ထရမ့်ရဲ့ ပြော
စကားတွေကိုလည်း အသံမပါဘဲ ထုတ်လွှင့်ခဲ့ရပါတယ်။
AFP အပါအဝင် အိမ်ဖြူတော်သတင်းဓာတ်ပုံ ရယူခွင့်ရှိတဲ့ ဓာတ်ပုံသတင်းဌာန အများအပြားကလည်း ပိတ်ပင်ခံထားရတဲ့ သတင်းဌာန ၃ ခုနဲ့အတူ ရပ်တည်တဲ့အနေနဲ့ ရဟတ်
ယာဉ်ကွင်းမှာ ရိုက်ကူးထားတဲ့ ထရမ့်ရဲ့ ဓာတ်
ပုံတွေကို ထုတ်ပြန်ပေးမှု ရပ်ဆိုင်းခဲ့ကြပါတယ်။
ထရမ့်ကတော့ ဒီကိစ္စအပေါ် နောင်တရတဲ့ အရိပ်အယောင် မပြသဘဲ မီဒီယာတွေကို “ကင်ဆာရောဂါ” နဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေအဖြစ် ပြန်လည်စွပ်စွဲထားပါတယ်။
“အိမ်ဖြူတော်အနေနဲ့ ကျွန်တော် အမြဲတမ်း တန်ဖိုးထားတဲ့ ‘လွတ်လပ်တဲ့ မီဒီယာ’ တွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါလို ပျံ့နှံ့လာနေတဲ့ ‘သတင်းတု/သတင်းမှား’ (FAKE NEWS) တွေကိုသာ တိုက်ခိုက်နေတာပါ”လို့ ထရမ့်က သူ့ရဲ့ Truth Social ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ထရမ့်ဟာအခု ပိတ်ပင်မှုရဲ့ အသေးစိတ်အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေမယ့် သောကြာနေ့က Oval Office အတွင်း AFP သတင်းထောက်ရဲ့ မေးမြန်းမှုကိုဖြေကြားရာမှာတော့ “လွန်ခဲ့တဲ့ ၂ နှစ်အ
တွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ တဖြည်း
ဖြည်း စုပုံလာတာကြောင့်”လို့ပြောခဲ့ပြီး၊ တ
ခြားသတင်းဌာနတွေလည်း အလားတူ အရေး
ယူခံရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
အလားတူ အိမ်ဖြူတော်ဟာ “Gulf of Mexico” ကို “Gulf of America” လို့ သုံးစွဲရမယ်ဆိုတဲ့ မူဝါဒကို မလိုက်နာတဲ့အတွက် AP သတင်းထောက်တစ်ဦးကိုလည်း Oval Office အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။
နိုင်ငံရေးလောကထဲ မဝင်ရောက်မီ CNN ရဲ့ သတင်းသုံးသပ်သူအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ ဒုတိယသမ္မတ JD Vance ကလည်း သတင်းဌာနတွေဟာ “လက်ဝဲယိမ်း ဝါဒဖြန့်မှုတွေ”ကို ဖြန့်ဝေနေတယ်လို့ စွပ်စွဲခဲ့ပါတယ်လို့ CNA က ထောက်ပြထားပါတယ်။
“သူတို့အနေနဲ့ သတင်းဆက်ရေးနိုင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်လည်း ရှိနေပါသေးတယ်။ဒါပေမယ့် အိမ်ဖြူတော်အတွင်းမှာ သီးသန့်ရုံးခန်း ရရှိတော့မှာ မဟုတ်တာပဲ ရှိပါတယ်” လို့ Vance က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တနင်္လာနေ့ညနေပိုင်းမှာ အိမ်ဖြူတော်က “Trump TV”ဆိုတဲ့တိုက်ရိုက်ထုတ်လွှင့်ရေး လိုင်းတစ်ခုကို စတင်လိုက်ပြီး အဆိုပါလိုင်းမှာ“ထိပ်တန်းဗီဒီယိုတွေ၊ အရေးကြီး မိန့်ခွန်းတွေနဲ့ ကြည့်ရှုသင့်တဲ့ အကြောင်းအရာတွေကို ၂၄ နာရီပတ်လုံး အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်သွားမယ်”လို့ဆိုပါတယ်။
ဒါပေမယ့် လိုင်းစတင်ထုတ်လွှင့်ချိန်မှာတော့ ဇူလိုင် ၃ ရက်က ရပ်ရှ်မိုးတောင်မှာ ထရမ့် ပြောခဲ့တဲ့ မိန့်ခွန်းဟောင်းတွေကိုပဲ ပြန်လည်ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ သမ္မတထရန့်ရဲ့ ရုတ်တရက် ပိတ်ပင်လိုက်တဲ့ ကြေညာချက်ကြောင့် မီဒီယာတွေတင် မကဘဲ သူ့ရဲ့အစိုးရအဖွဲ့အတွင်းရှိ အရာရှိအများအပြားပါ အံ့အားသင့်ခဲ့ကြရပါတယ်။
ဘီလျံနာသူဌေးကြီးနဲ့ ရုပ်သံကြယ်ပွင့်ဟောင်းဖြစ်တဲ့ ထရမ့်ဟာရွေးကောက်ပွဲ စည်းရုံးရေးကာလကတည်းကအစိုးရတာဝန်ယူပြီးနောက်ပိုင်းအထိ မိမိကို ဝေဖန်ရေးသားတဲ့ မီဒီယာတွေကို “ပြည်သူ့ရန်သူ” လို့ ခေါ်ဆိုပြီး တိုက်ခိုက်လေ့ရှိပါတယ်။
ဒါပေမယ့် ယခုတစ်ကြိမ် လုပ်ရပ်ဟာ ထရမ့်ရဲ့ထောက်ခံမှုနှုန်းထားတွေစံချိန်တင်ကျဆင်းနေချိန်၊ နိုဝင်ဘာလ ကြားဖြတ်ရွေး
ကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်ထိန်းချုပ်ခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေချိန်နဲ့ အီရန်စစ်ပွဲ အဆုံးသတ်မယ့် အရိပ်အ
ယောင် မမြင်ရသေးတဲ့အရေးကြီးတဲ့ အချိန်ကာလအတွင်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးဖိအားများနေတဲ့အချိန်ကာလအတွင်းပေါ်ပေါက်လာတဲ့အတွက်အခုဖြစ်ရပ်ဟာ ထရမ့်နဲ့ မီဒီယာတွေကြား အငြင်းပွားမှုတစ်ခုသာမကဘဲ၊ အမေရိကန်နိုင်ငံမှာ အစိုးရအာဏာနဲ့ သတင်းလွတ်လပ်ခွင့်ကြား ဆက်
နွယ်မှုအပေါ် ထပ်မံစောင့်ကြည့်ရမယ့် အရေး
ကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကိုးကား - The Washington Post, The Guardian, CNA

👍31❤12🤮1💩1🖕1
ဂွမြို့နယ်မှာ ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
▪️ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား
စက်တင်ဘာ-၂၂၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ အသက် ၃နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်မရှိခိုက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြပြီး လက်ရှိမှာ အဲဒီအမျိုးသားနှစ်ဦးကို အာရက္ခတပ်တော်(AA) ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားတယ်လို့ ဒေသခံတွေနဲ့ ရဲဌာနက ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်က ဂွမြို့နယ် ရဟိုင်းဖျားကျေးရွာမှ မိန်းကလေးငယ်ကို အဲဒီရွာမှ အသက်(၅၅)နှစ်အရွယ် ခင်မောင်ဌေးနဲ့ အသက်(၃၆)နှစ်အရွယ် စည်သူဝင်းဆိုသူတို့က အဓမ္မပြုကျင်ခဲ့ကြတာလို့ AAရဲ့ ရဲဌာနက ဖော်ပြပါတယ်။
“ကလေးအမေက ကယ်ဆယ်ရေးဆန်ထုတ်ဖို့ သွားနေတုန်း ကလေးကို အရက်သမားနှစ်ယောက်က အဓမ္မကျင့် သွားတာလို့ ပြောကြတယ်။ ကလေးအမေရောက်မှ အဓမ္မကျင့်ခံရမှန်းသိရတာ။ ဟိုနှစ်ကောင်ကိုတော့ ဒီလပ်က ဖမ်းထားပါပြီ”လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
မိခင်ပြန်ရောက်လာချိန် မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်မှာ သွေးတွေ တွေ့ရတာကြောင့် အုပ်ချုပ်ရေးနဲ့ ရဲကို တိုင်ကြားခဲ့ရာ ရဲက စုံစမ်းပြီး ကျူးလွန်နှစ်ဦးဖြစ်တဲ့ ခင်မောင်ဌေးနဲ့ စည်သူဝင်းတို့ကို စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီကျူးလွန်သူနှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲဌာနက ပြောပါတယ်။ “လိုအပ်တာတွေ ဆက်လုပ်နေကြတယ်။ အဲ့ဘက်တရားရုံးမှာပဲ တရားစွဲတင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်” လို့ ရဲဌာဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ရာဇသတ်ကြီးဥပဒေအရ အသက် ၁၂ နှစ်အောက်ကလေးငယ်တွေကို အဓမ္မပြုကျင့်သူတွေဟာ ဥပဒေအရ သေဒဏ်အထိ ချမှတ်ခံရနိုင်ပြီး ရဲက တရားစွဲတင်တဲ့အခါမှာလည်း ထိထိရောက်ရောက်အရေးယူနိုင်စေဖို့ စနစ်တကျတရား စွဲတင်သင့်တယ်လို့ ရခိုင်ဒေသခံ အထက်တန်းရှေ့နေတစ်ဦးက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်၊ လူသတ်မှုမှာတော့ ကျူးလွန်သူတရားခံကို AA တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်းက အဓမ္မ ပြုကျင့်မှုတခုမှာလည်း ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော်ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံးထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာနတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။

🤬41👍7❤2💩2👏1😡1
UFC ရဲ့ ဝိတ်တန်းစုံအကောင်းဆုံးဖိုက်တာ အဆင့်သတ်မှတ်ချက် ဗန် ၅ ဆင့် ခုန်တက်
■ကမ္ဘာကျော်ဖိုက်တာတွေနဲ့အတူထိပ်ဆုံး အဆင့် ၆ ရောက်လာ
စက်တင်ဘာ ၂၂၊၂၀၂၆။ သုည/People's Spring
UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်ကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ရာ ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ၅ ဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။
ဗန်ဟာ အသက် ၂၅ နှစ် မပြည့်ခင် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ကစားခဲ့ပြီး နှစ်ကြိမ်စလုံး အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် အမေရိကန်ဖိုက်တာ ဂျွန်ဂျုံးစ် အောင်မြင်မှု (၃ ကြိမ်) ရဲ့နောက် အဆင့် ၂ နေရာမှာ ရှိနေပါတယ်။
ပန်တိုဂျာနဲ့ မကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန် ပြိုင်ဘက်တွေအပေါ် ထိရောက်တဲ့ လက်သီးထိုးချက်ပေါင်း ၁၄၁၁ ကြိမ်နဲ့ ဘရန်ဒန်မိုရေနို ၁၃၇၅ ကြိမ်ကို ကျော်ဖြတ်ပြီး UFC ဖလိုင်းဝိတ်တန်းမှာ ထိချက်အများဆုံးကစားသမား ဖြစ်လာပါတယ်။
ဒါ့အပြင် ဗန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့အတွက် UFC မှာ ၈ ပွဲဆက် အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ အချိန်အကြာဆုံး နိုင်ပွဲရရှိမှုမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။ ပထမနေရာမှာတော့ ဖလိုင်းဝိတ်တန်းရဲ့ အမေရိကန်ဖိုက်တာ ဂျွန်ဆင်က ၁၃ ပွဲဆက် နိုင်ပွဲဆက်ကာ ဦးဆောင်နေပါတယ်။
UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။
အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

👍36❤14👏4🥰1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မင်းလှနဲ့ လက်ပံတန်းတိုက်ပွဲတွေမှာ စစ်တပ် အထိနာ
ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှနဲ့ လက်ပံတန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က သေဆုံးသူ ၃၀ ကျော်ရှိပြီး စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းမှူးပါ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ မင်းလှနဲ့ လက်ပံတန်းမြို့နယ်မှာ စစ်တပ်၊ ရဲကွန်မန်ဒို၊ ပြည်သူ့စစ်တို့က စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဩဂုတ်လလယ်ကစပြီး တိုက်ပွဲတွေဖြစ်နေကာ လက်ရှိအထိလည်း စစ်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲ ၇ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရဲကွန်မန်ဒို စစ်ကြောင်းမှူး သေနတ်ဒဏ်ရာ အပြင်းအထန်ရတယ်လို့ သာယာဝတီခရိုင် စစ်ရေးဝာာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်တပ်က သတင်းဖုံးထားပြီး ၃၂ ဦး ၀န်းကျင်သေဆုံးတယ်လို့ အဲဒီစစ်ရေးတာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် စစ်တပ် ဒရုန်းအဖွဲ့က ကိုယ့်အဖွဲ့ကို ဗုံးပြန်ကြဲမိလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ကလည်း ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၁ဦး စစ်တပ်ရဲ့ ဒရုန်းကြောင့် သေဆုံးရပါတယ်လို့ သိရပါတယ်။
◾️အမြန်လမ်းဘေး တောင်ငူ-အုတ်တွင်းလမ်းပိုင်း တိုက်ပွဲဖြစ်
အမြန်လမ်းက တောင်ငူ-အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမြန်လမ်းဘေးက ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ စက်တင်ဘာ ၁၅ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၁ရက်မှာတော့ ပဲကြီးခုံကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေလောင်း၊ ဘိုကုန်းနဲ့ ပဲကြီးခုံကျေးရွာတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။ အဲဒီရွာတွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဇီးကုန်း၊ ကမ်းဘနီ၊ အင်းဝိုင်းနဲ့ ကရင်ရွာကြီးရွာတွေကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးတွေလည်းပစ်ခတ်နေလို့ ဒေသခံတွေဟာ တောင်ငူနဲ့ အုတ်တွင်းမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုတော့ ပဲခူးတိုင်းစစ်ဌာနဗျူဟာ-၂၂က သတင်းမထုတ်ပြန်သေးပါဘူး။ ဒေသခံတွေကတော့ စက်တင်ဘာ ၂၁ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းပျံသန်းသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။
◾️သပိတ်ကျင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းသင်တန်းဖွင့်ဖို့ ပြင်ပြီး ပေါ်တာပိုဆွဲနေ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ ပြင်ဆင်နေပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုလုပ်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။ တွင်းငယ်ရွာမှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)မှာ စစ်မှုထမ်းအပတ်စဉ် ၂၈ ကို စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး စစ်တပ်က ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါ်တာဆွဲခံရသူအများစုဟာ ရွှေလုပ်ကွက်တွေ အများအပြားရှိတဲ့ ချောင်းကြီး၊ နွယ်ရုံ၊ ကျည်ထောက်ပေါက်ရွာတွေက ဖြစ်ပါတယ်။ ပြစ်မှုနဲ့ ဖမ်းဆီးခံရသူတွေကိုပါ စစ်မှုထမ်းသင်တန်းကို ပို့ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုလုပ်လာပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ ညမထွက်ရ အမိန့်ပါ ထုတ်ပြန်တာတွေလည်းရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ စဉ့်ကူးမြို့နယ်မှာလည်း စက်တင်ဘာ ၁၃ ရက်က ဒေသခံတွေ ပေါ်တာဆွဲခံရပြီး ကားလမ်းနဲ့ နီးတဲ့ရွာတွေကို စစ်မှုထမ်းမဲနှိုက်ဖို့ မိုက်နဲ့ အော်တာတွေရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️ဆောက်လုပ်ရေးလောက အကျပ်အတည်းတွေ့

🔥9👍5🖕4❤2
ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးတဟုန်ထိုးတက်လာတာ၊ လုပ်သားရှားပါးလာတာစတဲ့ ပြဿနာတွေကြောင့် ရန်ကုန်မြို့က ဆောက်လုပ်ရေးကုမ္ပဏီတချို့ ဖျက်သိမ်းနေသလို ကွန်ဒိုတွေမှာ ကြိုပွိုင့်၀ယ်ယူထားသူတွေ ငွေသွင်းပြီးပေမယ့် အခန်းမရတာ၊ ငွေထပ်မံတောင်းခံတာတွေ ဖြစ်ပေါ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က သွင်းကုန်ပါမစ် ပိတ်ဆို့မှုကြောင့် ဈေးအဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကတဆင့် နှစ်အလိုက်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် ဆောက်လုပ်ရေးလောက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင်တချို့က ဆိုပါတယ်။ အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်းတွေသွင်းခွင့်မရတော့ဘဲ အရင်က တစ်တန် ၁၆ သိန်းကနေ လက်ရှိ သိန်း ၆၀ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒါကြောင့် သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာ ပစ္စည်းတွေ ၀ယ်မရတာ၊ ရှားပါးတာ ကြုံနေရတဲ့အပြင် လုပ်သားအင်အားထု ရှားပါးနေတာကလည်း ဆောက်လုပ်ရေးလောကကို ပိုမိုဆိုးရွားစေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်း စာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာထားပြီး ဆောက်လုပ်ရေးလောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။ တဖက်မှာလည်း ကွန်ဒိုတွေမှာ ကြိုပွိုင့်၀ယ်ယူထားသူတွေက သတ်မှတ်ငွေအပြည့်ပေးသွင်းပြီးတဲ့အထိ အခန်းမရတဲ့ ဖြစ်စဉ်တွေ ရှိလာပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးကွန်ဒိုတွေဖြစ်တဲ့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 နဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းတို့မှာ အဲဒီလိုဖြစ်စဥ်တွေ ရှိတယ်လို့ ကြိုပွိုင့်၀ယ်ယူထားပြီး ငွေပေးသွင်းပြီး အခန်းမရသေတဲ့သူတွေက အသိပေးထားပါတယ်။
◾️ရန်ကုန်- ဧရာဝတီလမ်းပိုင်းကနေ စစ်လက်နက်ပစ္စည်းတွေ ကားနဲ့သယ်နေ
အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေ ကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေ သတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းက မြို့တွေကို ကားလမ်းအဓိက အသုံးပြုသွားလာကြရပြီး စစ်တပ်က စက်တင်ဘာလလယ်ပိုင်းကစတင်ကာ စစ်လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူပို့ဆောင်နေတာလို့ ဆိုပါတယ်။ အဲဒီကားအများစုကို အမိုးတွေအုပ်ထားပေမယ့် ရပ်တဲ့နေရာမှာဆို သစ်သားပုံးတွေအထပ်လိုက်တွေ့ရတယ်လို့ ညောင်တုန်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကားတွေဟာ ဧရာဝတီတိုင်းဘက်ကို တစ်ပတ်သုံးကြိမ်ထက်မနည်းထွက်ခွာနေပြီး စစ်လက်နက်ပစ္စည်းတွေပါ သယ်ယူနေတယ်လို့ သတင်းရထားကြောင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ လှိုင်သာယာမြို့နယ်က ဒဂုံဧရာဘအဝေးပြေးဂိတ်အနီးမှာ အမှတ်(၉)ရဲလေ့ကျင့်ရေးတပ်ရှိပြီး စစ်တပ်က အဲဒီကနေ ဧရာဝတီတိုင်းကို လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ၂၁ရက် မနေ့ နေ့လယ်ပိုင်းက သစ်သားပုံးတွေ တင်ထားတဲ့ စစ်ကားသုံးစီးဟာ ရန်ကုန်-ပုသိမ်လမ်းအတိုင်း အမြန်မောင်းနှင်သွားတာ တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ လူကြီးချင်းချိတ်ဆက်ပြီး လက်နက်တွေနဲ့ ဖြတ်မယ်လို့ ကြိုတင်သတင်းပို့ပြီး ဒီနောက်ပိုင်း အဲဒီလိုကားတော်တော်များများဖြတ်တယ်လို့ ပုသိမ်မြို့အဝင် စစ်ဆေးဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
◾️မြန်မာတွေပါတဲ့ ငါးဖမ်းလှေ ထိုင်းကမ်းလွန်မှာ နစ်မြုပ်
ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ S. Kanchanawari 888 ငါးဖမ်းလှေဟာ စက်တင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် ည ၁၀နာရီခန့်က ချွန်ဘူရီ ပြည်နယ်တောင်ဖက် ကမ်းလွန်၊ ဆာမဲဆန်ကျွန်းနားက ဆာမဲဆန် ရေနက်တူးမြောင်းလို့ ခေါ်ဝေါ်တဲ့ ရေလမ်းကြောင်းမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်ဟာ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ ပင်လယ်ရေစီးကြောင်းတွေ တည်ရှိတဲ့ နေရာအဖြစ် လူသိများပါတယ်။ စုစုပေါင်း ရေယာဉ်ဝန်ထမ်း ၂၂ ဦး လိုက်ပါသွားတဲ့ ရေယာဉ်ဟာ ပင်လယ်ပြင်မှာ လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းတွေထန်နေတဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။ သင်္ဘောပေါ်မှာ ထိုင်း ၂ ဦးနဲ့ မြန်မာ ၂၀ ဦး လိုက်ပါသွားခဲ့ကြောင်း၊ ၁၅ ဦးကို အနီးတဝိုက်မှာ ရှိနေတဲ့ တခြား ငါးဖမ်းလှေတွေက ကယ်တင်နိုင်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေထဲမှာ ငါးဖမ်းလှေရဲ့ ရေယာဉ်မှူးလည်း ပါဝင်ခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
◾️UFC ကမ္ဘာကျော်ဖိုက်တာတွေနဲ့အတူ ဗန် ထိပ်ဆုံး အဆင့် ၆ ရောက်လာ

👍17😢3❤2🖕2🔥1
UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်ကို ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ရာ ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ငါးဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။ ဗန်ဟာ အသက် ၂၅ နှစ် မပြည့်ခင် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ကစားခဲ့ပြီး နှစ်ကြိမ်စလုံး အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် အမေရိကန်ဖိုက်တာ ဂျွန်ဂျုံးစ် အောင်မြင်မှု (၃ ကြိမ်) ရဲ့နောက် အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ ပန်တိုဂျာနဲ့ မကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန် ပြိုင်ဘက်တွေအပေါ် ထိရောက်တဲ့ လက်သီးထိုးချက်ပေါင်း ၁၄၁၁ ကြိမ်နဲ့ ဘရန်ဒန်မိုရေနို ၁၃၇၅ ကြိမ်ကို ကျော်ဖြတ်ပြီး UFC ဖလိုင်းဝိတ်တန်းမှာ ထိချက်အများဆုံးကစားသမား ဖြစ်လာပါတယ်။ ဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။
◾️မင်းတုန်းမြို့အနောက်ခြမ်း စစ်ရေးနဲ့ လုံခြုံရေး PDF သတိပေး
စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။ မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေ ရောက်ရှိနေပြီး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ ဒေသအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိထားကြဖို့ကို အထူးသတိပေးလိုတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာကနေ ပြီးခဲ့တဲ့သြဂုတ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
◾️ဂွမြို့နယ်မှာ ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ အသက် ၃နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်မရှိခိုက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြပြီး လက်ရှိမှာ အဲဒီအမျိုးသားနှစ်ဦးကို အာရက္ခတပ်တော်(AA) ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားတယ်လို့ ဒေသခံတွေနဲ့ ရဲဌာနက ပြောပါတယ်။ စက်တင်ဘာ ၂၀ ရက်က ဂွမြို့နယ် ရဟိုင်းဖျားကျေးရွာမှ မိန်းကလေးငယ်ကို အဲဒီရွာမှ အသက်(၅၅)နှစ်အရွယ် ခင်မောင်ဌေးနဲ့ အသက်(၃၆)နှစ်အရွယ် စည်သူဝင်းဆိုသူတို့က အဓမ္မပြုကျင်ခဲ့ကြတာလို့ AAရဲ့ ရဲဌာနက ဖော်ပြပါတယ်။ မိခင်ပြန်ရောက်လာချိန် မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်မှာ သွေးတွေ တွေ့ရတာကြောင့် အုပ်ချုပ်ရေးနဲ့ ရဲကို တိုင်ကြားခဲ့ရာ ရဲက စုံစမ်းပြီး ကျူးလွန်နှစ်ဦးဖြစ်တဲ့ ခင်မောင်ဌေးနဲ့ စည်သူဝင်းတို့ကို စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီကျူးလွန်သူနှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲဌာနက ပြောပါတယ်။
◾️စစ်ကိုင်းတိုင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်
စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
ကလေးမြို့မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ သပိတ်ရဲဘော်တွေ၊ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar"၊ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာ ရရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့ ၊ ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားပေးပါ နဲ့ ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအမတ်ဖြစ်တယ်" ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ရွာစဉ်အလိုက် ဖြန့်ဝေပေးခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထမ်းဆောင်ရေးကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

👍26❤4👏2🖕2🔥1
မင်းတုန်းတိုက်ပွဲ စစ်တပ်ထံမှလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းတွေသိမ်းရ
■စစ်သားအလောင်း၃၀ကျော်ရပြီးစစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွား
စက်တင်ဘာ-၂၂၊၂၀၂၆။နေ့သစ်/People's Spring
ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်မှာစက်
တင်ဘာလ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းအများအ
ပြားကိုသိမ်းဆည်းရရှိကြောင်းအာရက္ခတပ်တော်(AA)ကယနေ့ညမှာထုတ်ပြန်ပါတယ်။
မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက်တိုက်
ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာလ၂၂ရက်ညမှာ ထုတ်ပြန်ခဲ့တာမှာလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်းပများအပြားသိမ်းရတာတွေ့ရပါတယ်။
"မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးမထိအရောက် ရဲ၀င်းဦးမှ တပ်မ(၅၅) အား တာဝန်ပေးကာလက်နက်ခဲယမ်းများ ပေးပို့လှူဒါန်းတာ"လို့ မြေပြင်စစ်ရေးသတင်းရင်း မြစ်က အာရက္ခ တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို ပြောပါတယ်။
ဒါ့အပြင် မင်းတုန်းမြိုကို စစ်တပ်သင်းချိုင်း နဲ့သာသနာ့ဗိမာန် စစ်တပ်ဆေးရုံအဖြစ် နာ
မည် ပြောင်းရမယ့်အခြေအနေလို့ သူက ဆက်လက်အသိပေးပါတယ်။
သဖန်ရောင်ကနေ ကံဂျိုးရွာဘက်ကို ရှေ့တိုးဖို့ကြိုးစားတဲ့ စစ်ကြောင်းကို AA ကကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်
ခဲ့ပြီးစစ်သားအလောင်း ၃၀ ကျော်ရတယ်လို့ AA သတင်းရင်း မြစ်ကလည်း ပြောပါတယ်။
“သူတို့ဘက်က စစ်ကြောင်းထိုးနေတာ သုံးရက်လောက်ရှိပြီ။ အရှေ့ကို သိပ်မတိုးတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ဘူး။ ဒီနေ့ကျမှ အင်အားနဲ့ တိုးလာလို့ ဖြစ်ကြတာ။ အထိနာတော့ နောက်ပြန်ဆုတ်သွားတယ်။ တိုက်ပွဲဖြစ် တုန်း”လို့AAသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပြီး ကုန် စည်သယ်ယူရေးလမ်းကြောင်းပိတ်သွားကာ အနီးဝန်းကျင်ကျေးရွာတွေမှ ဒေသခံတွေမှာဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေ တော်တော်များများ ပြေးကြရတယ်။ တိုက်ပွဲက ရှေ့ဆက် ပြင်းလာမယ့်အခြေအ
နေမှာရှိတယ်။စစ်တပ်ကအင်အားတော်တော်
ဖြည့်ထားတယ်၊နာရင်လည်း အင်အားဖြည့်ပြီးရှေ့တိုးမယ့်အနေအထားတွေ့ရတယ်” လို့ ရခိုင် - မင်းတုန်း ကုန်ကူးနေခဲ့တဲ့ ဒေသခံကုန်
သည်တဦးကဆိုပါတယ်။
စစ်တပ်က မင်းတုန်းမြို့နယ်ဘက်ကနေ ရခိုင်ရိုးမဘက်ကို ဦးတည်ပြီးစစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာကို AAနဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထိခိုက်သေဆုံးမှုတွေများပြားခဲ့တဲ့စစ်
ကြောင်းကို စစ်ကောင်စီဗျူဟာမှူးတစ်ဦးက ဦးဆောင်လာတာလို့ စုံစမ်းသိရပါတယ်။
မင်းတုန်းမြို့ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေ တပ်မ(၅၅)လက်အောက်ခံစစ်ကြောင်းတွေဖြစ်ပါတယ်။စက်တင်ဘာလဆန်းတိုက်ပွဲမှာလည်တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ဒုဗိုလ်မှူး
ကြီးတင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒုဗိုလ်မှူး
ကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တိုက်ပွဲမှာသေဆုံးတဲ့သတင်းကို စစ်
တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေး
သားထားကြပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူ
ဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်း
ဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)
တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူး
တိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများအလွန်ပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေကပြောပါတယ်။

👍31❤10🤣2🖕2👎1🥰1👏1