People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်က အဓမ္မစု​ဆောင်းထားတဲ့လူငယ်​တွေစစ်သင်တန်း​ကျောင်း​ရောက်လာလို့
ကြိုဆို​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ
👎29👍5🖕3😢1🤮1🫡1
■သတင်း​ဆောင်းပါး

CNNအပါအဝင်မီဒီယာသုံးခုပိတ်ပင်ခံရမှုကြောင့်ထရမ့်ကိုတရားစွဲဆို

■ အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထ
ရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

- သီဟံ ရေးသားသည်။

တနင်္လာနေ့ကဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးအ
ကြိမ် ဒေါသပေါက်ကွဲပြီး ချမှတ်ခဲ့တဲ့ ဆုံး
ဖြတ်ချက်ကြောင့် CNN၊ MS NOW နဲ့ Politico သတင်းဌာနတွေက သတင်းထောက်တွေ အိမ်ဖြူတော်အတွင်း ဝင်ရောက်သတင်းယူခွင့် ပိတ်ပင်ခံခဲ့ရပြီး၊သတင်းထောက်အသိ
အမှတ်ပြုကတ် (press badge) တွေကိုပါ ပိတ်သိမ်းခံခဲ့ရပါတယ်။ အဆိုပါ ဝင်ရောက်ခွင့်များ ပြန်လည်ရရှိရန် ရည်ရွယ်ပြီး သတင်းဌာန​တွေက သမ္မတဒေါ်နယ်ထရမ့်နဲ့ ထရမ့်ရဲ့ အကြီးတန်းအကြံပေး ၃ ဦးကို တရားစွဲဆိုလိုက်ကြောင်း The Washington Post က ဖော်ပြထားပါတယ်။

တရားစွဲဆိုမှုနဲ့အတူထုတ်ပြန်ခဲ့တဲ့ပူးတွဲကြေ
ညာချက်မှာ CNN၊ MS NOW နဲ့ Politico တို့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုတ်တရက် သတင်းဖော်ပြခွင့် ပိတ်ပင်ခံခဲ့ရမှုဟာ “သတင်းလွတ်လပ်ခွင့်ကို အာမခံထားတဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်
ဆင်ချက် (First Amendment) စည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာလည်း ဖြစ်တယ်"လို့ ဖော်ပြခဲ့ပါတယ်။

အခုလိုတရားစွဲဆိုမှုဟာသတင်းလွတ်လပ်ခွင့်
ကို ကာကွယ်ဖို့အတွက်သင့်လျော်မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး၊နောက်ဆုံးမှာအနိုင်
ရနိုင်ခြေရှိနေကြောင်းThe Guardian ကလည်း သုံးသပ်ထားပါတယ်။

မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေကျွမ်း
ကျင်သူတွေကတော့အခုလို သတင်းရယူခွင့် ပိတ်ပင်မှုဟာ "viewpoint discrimination" လို့ခေါ်တဲ့ (အမြင်သဘောထားအပေါ် အခြေ
ခံ၍ ခွဲခြားဆက်ဆံမှု) ဆိုတဲ့ ဥပဒေချိုးဖောက်မှုနဲ့ ကိုက်ညီနိုင်ကြောင်း ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်တော့ အဆိုပါ ပိတ်ပင်မှုဟာ ထရမ့်က သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို မနှစ်သက်တာကြောင့် အိမ်ဖြူတော်သတင်းဖော်ပြခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNA ကဖော်ပြထားရာမှာအဆိုပါတရားဆွဲဆိုမှုအပြင် မီဒီယာလောကအတွင်းမှာလည်း ထရမ့်ရဲ့ လုပ်
ရပ်အပေါ် ဆန့်ကျင်တုံ့ပြန်မှုတွေ ပေါ်ပေါက်လာကြောင်း ​​ဖော်ပြထားပါတယ်။ အမေရိကန် ရုပ်သံလိုင်းတွေကလည်း ယင်းလုပ်ရပ်ကို မကျေနပ်ကြတဲ့အတွက် တနင်္လာနေ့ (စက်တင်ဘာ ၂၁) မှာ စုပေါင်းပြီး သမ္မတထရမ့်ရဲ့ သတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်ဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ယခုအကြိမ်ထရမ့်ရဲ့ပိတ်ပင်မှုဟာရုံးခန်းနေ
ရာတွေ ပြန်လည်ရုပ်သိမ်းလိုက်တာထက် ပိုမိုပြင်းထန်ခဲ့ပါတယ်။ CNN၊ MS NOW နဲ့ Politico တို့ရဲ့ သတင်းထောက်တွေဟာ စနေ
နေ့ကတည်းက အိမ်ဖြူတော်ဝင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး သတင်းထောက်ကတ်တွေကိုပါသိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်သတင်းဌာန​တွေကတရားရုံးလျှောက်လွှာမှာ ဒီပိတ်ပင်မှုဟာ သတင်းမီဒီယာတွေရဲ့ အိမ်ဖြူတော်သတင်းရယူခွင့်ကို ကန့်သတ်ခြင်းသာမက၊ အစိုးရရဲ့ လုပ်ရပ်များကိုလွတ်လပ်စွာစောင့်ကြည့်ဖော်ပြနိုင်ရေးအတွက် အခြေခံကျတဲ့ သတင်းလွတ်
လပ်ခွင့်ဆိုင်ရာ အခြေခံမူများကို ထိခိုက်စေကြောင်း ရေးသားခဲ့ကြပါတယ်။

အမေရိကန်ခရိုင်တရားသူကြီးတစ်ဦးကလည်း ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ကြား
နာပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ ရက်ချိန်းပေးထားပြီလို့ သတင်းဖေါ်ပြချက်တွေအရ သိပါတယ်။

ဒီလို အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ထရမ့်ရဲ့ အိမ်ဖြူတော် ရဟတ်ယာဉ်ကွင်းသစ် ဖွင့်ပွဲနဲ့ ကုလသမဂ္ဂအထွေထွေညီ
လာခံ တက်ရောက်တဲ့ ခရီးစဉ်တွေကိုလည်း တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုမရှိဘဲ ဖြတ်သန်းခဲ့ရပါတယ်။

"ရှားရှားပါးပါး လုပ်ဆောင်မှုတစ်ခုအနေနဲ့ အမေရိကန်ရဲ့ထိပ်တန်း ရုပ်သံလိုင်း ၅ လိုင်းဟာ တနင်္လာနေ့မှာCNN နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အိမ်ဖြူတော် သတင်းတွေကို တစ်လှည့်စီ ပူးပေါင်းရိုက်ကူးပေးရတဲ့ (Pool Coverage)လုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ကြပါတယ်"။

တကယ်တော့ တနင်္လာနေ့မှာ အိမ်ဖြူတော် သတင်းရိုက်ကူးရေး တာဝန်ကျတဲ့ သတင်းဌာနဟာ CNN ဖြစ်ပါတယ်။

“ပြည်သူတွေဟာ မိမိတို့အစိုးရအဖွဲ့နဲ့ ပတ်
သက်ပြီး တိကျမှန်ကန်တဲ့ လွတ်လပ်သော သတင်းအချက်အလက်တွေကို ရရှိပိုင်ခွင့်ရှိပါတယ်။ဘယ်အစိုးရအဖွဲ့မဆိုသူတို့နဲ့ပတ်
သက်တဲ့ သတင်းဖော်ပြချက်တွေကို သဘောမကျတာတစ်ခုတည်းနဲ့ သတင်းအဖွဲ့အစည်းတစ်ခုကို ပိတ်ပင်တားဆီးခွင့်မရှိပါဘူး။” လို့ ABC၊ CBS၊ CNN၊ Fox နဲ့ NBC သတင်းဌာနတို့ကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြတာပါ။

ဒီဖြစ်စဉ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်၊ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေတဲ့ တရုတ်သမ္မတရှီးကျင့်ဖျင် အိမ်ဖြူတော်ကို လာရောက်လည်ပတ်မယ့် အရေး
ကြီးတဲ့ သတင်းပတ်အတွင်း တိုက်ဆိုင်စွာ ဖြစ်ပေါ်လာခဲ့ပြီး ထရန့်အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာတွေကြားမကြုံစဖူး တင်းမာမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
👍26❤7🤮3👏1💩1🖕1
ဒီတင်းမာမှုရဲ့အကျိုးဆက်အဖြစ်နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထရမ့် တွေ့ဆုံမှုတွေကို ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာကျင်းပခဲ့တဲ့ရဟတ်
ယာဉ်ကွင်းသစ် ဖဲကြိုးဖြတ်ဖွင့်ပွဲကိုလည်း အိမ်ဖြူတော်ရဲ့ ဝဘ်ဆိုက်ကနေသာ Live (တိုက်ရိုက်)ထုတ်လွှင့် ခဲ့ရပြီး၊ ထရမ့်ရဲ့ ပြော
စကားတွေကိုလည်း အသံမပါဘဲ ထုတ်လွှင့်ခဲ့ရပါတယ်။

AFP အပါအဝင် အိမ်ဖြူတော်သတင်းဓာတ်ပုံ ရယူခွင့်ရှိတဲ့ ဓာတ်ပုံသတင်းဌာန အများအပြားကလည်း ပိတ်ပင်ခံထားရတဲ့ သတင်းဌာန ၃ ခုနဲ့အတူ ရပ်တည်တဲ့အနေနဲ့ ရဟတ်
ယာဉ်ကွင်းမှာ ရိုက်ကူးထားတဲ့ ထရမ့်ရဲ့ ဓာတ်
ပုံတွေကို ထုတ်ပြန်ပေးမှု ရပ်ဆိုင်းခဲ့ကြပါတယ်။

ထရမ့်ကတော့ ဒီကိစ္စအပေါ် နောင်တရတဲ့ အရိပ်အယောင် မပြသဘဲ မီဒီယာတွေကို “ကင်ဆာရောဂါ” နဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေအဖြစ် ပြန်လည်စွပ်စွဲထားပါတယ်။

“အိမ်ဖြူတော်အနေနဲ့ ကျွန်တော် အမြဲတမ်း တန်ဖိုးထားတဲ့ ‘လွတ်လပ်တဲ့ မီဒီယာ’ တွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါလို ပျံ့နှံ့လာနေတဲ့ ‘သတင်းတု/သတင်းမှား’ (FAKE NEWS) တွေကိုသာ တိုက်ခိုက်နေတာပါ”လို့ ထရမ့်က သူ့ရဲ့ Truth Social ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ထရမ့်ဟာအခု ပိတ်ပင်မှုရဲ့ အသေးစိတ်အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေမယ့် သောကြာနေ့က Oval Office အတွင်း AFP သတင်းထောက်ရဲ့ မေးမြန်းမှုကိုဖြေကြားရာမှာတော့ “လွန်ခဲ့တဲ့ ၂ နှစ်အ
တွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ တဖြည်း
ဖြည်း စုပုံလာတာကြောင့်”လို့ပြောခဲ့ပြီး၊ တ
ခြားသတင်းဌာနတွေလည်း အလားတူ အရေး
ယူခံရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အလားတူ အိမ်ဖြူတော်ဟာ “Gulf of Mexico” ကို “Gulf of America” လို့ သုံးစွဲရမယ်ဆိုတဲ့ မူဝါဒကို မလိုက်နာတဲ့အတွက် AP သတင်းထောက်တစ်ဦးကိုလည်း Oval Office အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။

နိုင်ငံရေးလောကထဲ မဝင်ရောက်မီ CNN ရဲ့ သတင်းသုံးသပ်သူအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ ဒုတိယသမ္မတ JD Vance ကလည်း သတင်းဌာနတွေဟာ “လက်ဝဲယိမ်း ဝါဒဖြန့်မှုတွေ”ကို ဖြန့်ဝေနေတယ်လို့ စွပ်စွဲခဲ့ပါတယ်လို့ CNA က ထောက်ပြထားပါတယ်။

“သူတို့အနေနဲ့ သတင်းဆက်ရေးနိုင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်လည်း ရှိနေပါသေးတယ်။ဒါပေမယ့် အိမ်ဖြူတော်အတွင်းမှာ သီးသန့်ရုံးခန်း ရရှိတော့မှာ မဟုတ်တာပဲ ရှိပါတယ်” လို့ Vance က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တနင်္လာနေ့ညနေပိုင်းမှာ အိမ်ဖြူတော်က “Trump TV”ဆိုတဲ့တိုက်ရိုက်ထုတ်လွှင့်ရေး လိုင်းတစ်ခုကို စတင်လိုက်ပြီး အဆိုပါလိုင်းမှာ“ထိပ်တန်းဗီဒီယိုတွေ၊ အရေးကြီး မိန့်ခွန်းတွေနဲ့ ကြည့်ရှုသင့်တဲ့ အကြောင်းအရာတွေကို ၂၄ နာရီပတ်လုံး အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်သွားမယ်”လို့ဆိုပါတယ်။

ဒါပေမယ့် လိုင်းစတင်ထုတ်လွှင့်ချိန်မှာတော့ ဇူလိုင် ၃ ရက်က ရပ်ရှ်မိုးတောင်မှာ ထရမ့် ပြောခဲ့တဲ့ မိန့်ခွန်းဟောင်းတွေကိုပဲ ပြန်လည်ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ သမ္မတထရန့်ရဲ့ ရုတ်တရက် ပိတ်ပင်လိုက်တဲ့ ကြေညာချက်ကြောင့် မီဒီယာတွေတင် မကဘဲ သူ့ရဲ့အစိုးရအဖွဲ့အတွင်းရှိ အရာရှိအများအပြားပါ အံ့အားသင့်ခဲ့ကြရပါတယ်။

ဘီလျံနာသူဌေးကြီးနဲ့ ရုပ်သံကြယ်ပွင့်ဟောင်းဖြစ်တဲ့ ထရမ့်ဟာရွေးကောက်ပွဲ စည်းရုံးရေးကာလကတည်းကအစိုးရတာဝန်ယူပြီးနောက်ပိုင်းအထိ မိမိကို ဝေဖန်ရေးသားတဲ့ မီဒီယာတွေကို “ပြည်သူ့ရန်သူ” လို့ ခေါ်ဆိုပြီး တိုက်ခိုက်လေ့ရှိပါတယ်။

ဒါပေမယ့် ယခုတစ်ကြိမ် လုပ်ရပ်ဟာ ထရမ့်ရဲ့ထောက်ခံမှုနှုန်းထားတွေစံချိန်တင်ကျဆင်းနေချိန်၊ နိုဝင်ဘာလ ကြားဖြတ်ရွေး
ကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်ထိန်းချုပ်ခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေချိန်နဲ့ အီရန်စစ်ပွဲ အဆုံးသတ်မယ့် အရိပ်အ
ယောင် မမြင်ရသေးတဲ့အရေးကြီးတဲ့ အချိန်ကာလအတွင်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဖိအားများနေတဲ့အချိန်ကာလအတွင်းပေါ်ပေါက်လာတဲ့အတွက်အခုဖြစ်ရပ်ဟာ ထရမ့်နဲ့ မီဒီယာတွေကြား အငြင်းပွားမှုတစ်ခုသာမကဘဲ၊ အမေရိကန်နိုင်ငံမှာ အစိုးရအာဏာနဲ့ သတင်းလွတ်လပ်ခွင့်ကြား ဆက်
နွယ်မှုအပေါ် ထပ်မံစောင့်ကြည့်ရမယ့် အရေး
ကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကိုးကား - The Washington Post, The Guardian, CNA
👍31❤12🤮1💩1🖕1
👍23❤1🔥1🤮1💩1🖕1
ဂွမြို့နယ်မှာ ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

▪️ကျူးလွန်သူ နှစ်ဦးကို ရဲက ဖမ်းပြီး မုဒိန်းမှုနဲ့ အမှုဖွင့်ထား

စက်တင်ဘာ-၂၂၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ အသက် ၃နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်မရှိခိုက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြပြီး လက်ရှိမှာ အဲဒီအမျိုးသားနှစ်ဦးကို အာရက္ခတပ်တော်(AA) ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားတယ်လို့ ဒေသခံတွေနဲ့ ရဲဌာနက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်က ဂွမြို့နယ် ရဟိုင်းဖျားကျေးရွာမှ မိန်းကလေးငယ်ကို အဲဒီရွာမှ အသက်(၅၅)နှစ်အရွယ် ခင်မောင်ဌေးနဲ့ အသက်(၃၆)နှစ်အရွယ် စည်သူဝင်းဆိုသူတို့က အဓမ္မပြုကျင်ခဲ့ကြတာလို့ AAရဲ့ ရဲဌာနက ဖော်ပြပါတယ်။

“ကလေးအမေက ကယ်ဆယ်ရေးဆန်ထုတ်ဖို့ သွားနေတုန်း ကလေးကို အရက်သမားနှစ်ယောက်က အဓမ္မကျင့် သွားတာလို့ ပြောကြတယ်။ ကလေးအမေရောက်မှ အဓမ္မကျင့်ခံရမှန်းသိရတာ။ ဟိုနှစ်ကောင်ကိုတော့ ဒီလပ်က ဖမ်းထားပါပြီ”လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။

မိခင်ပြန်ရောက်လာချိန် မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်မှာ သွေးတွေ တွေ့ရတာကြောင့် အုပ်ချုပ်ရေးနဲ့ ရဲကို တိုင်ကြားခဲ့ရာ ရဲက စုံစမ်းပြီး ကျူးလွန်နှစ်ဦးဖြစ်တဲ့ ခင်မောင်ဌေးနဲ့ စည်သူဝင်းတို့ကို စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီကျူးလွန်သူနှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲဌာနက ပြောပါတယ်။ “လိုအပ်တာတွေ ဆက်လုပ်နေကြတယ်။ အဲ့ဘက်တရားရုံးမှာပဲ တရားစွဲတင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်” လို့ ရဲဌာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရာဇသတ်ကြီးဥပဒေအရ အသက် ၁၂ နှစ်အောက်ကလေးငယ်တွေကို အဓမ္မပြုကျင့်သူတွေဟာ ဥပဒေအရ သေဒဏ်အထိ ချမှတ်ခံရနိုင်ပြီး ရဲက တရားစွဲတင်တဲ့အခါမှာလည်း ထိထိရောက်ရောက်အရေးယူနိုင်စေဖို့ စနစ်တကျတရား စွဲတင်သင့်တယ်လို့ ရခိုင်ဒေသခံ အထက်တန်းရှေ့နေတစ်ဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်၊ လူသတ်မှုမှာတော့ ကျူးလွန်သူတရားခံကို AA တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်းက အဓမ္မ ပြုကျင့်မှုတခုမှာလည်း ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်ခဲ့ရတဲ့ဖြစ်စဉ်တွေ ဆယ်ကျော်ထိ ရှိနေပြီး အချို့အမှုတွေမှာ တရားခံဖမ်းဆီးမရဘဲ လွတ်နေကာ တရားခံဖမ်းဆီးရမိတဲ့အမှုတွေမှာလည်း ထိထိရောက်ရောက်အရေးမယူတာ၊ အမိန့်ချဖို့ နှောင့်နှေးနေတာတို့ကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ AA ဟာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် DLEPS လို့ခေါ်တဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် သုံးထောင်နီးပါးနဲ့ လည်ပတ်နေရကာ ရဲအင်အားလိုအပ်ချက်နဲ့ အရည်အချင်းပြည့်မီမှုအားနည်းနေသေးတယ်လို့ ရဲဌာနတာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။
🤬41👍7❤2💩2👏1😡1
🤮30🤬15👍4👎2🤣2🖕1
UFC ရဲ့ ဝိတ်တန်းစုံအကောင်းဆုံးဖိုက်တာ အဆင့်သတ်မှတ်ချက် ဗန် ၅ ဆင့် ခုန်တက်

■ကမ္ဘာ​ကျော်ဖိုက်တာ​တွေနဲ့အတူထိပ်ဆုံး အဆင့် ၆ ရောက်လာ

စက်တင်ဘာ ၂၂၊၂၀၂၆။ သုည/People's Spring

UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်ကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ရာ ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ၅ ဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။

ဗန်ဟာ အသက် ၂၅ နှစ် မပြည့်ခင် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ကစားခဲ့ပြီး နှစ်ကြိမ်စလုံး အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် အမေရိကန်ဖိုက်တာ ဂျွန်ဂျုံးစ် အောင်မြင်မှု (၃ ကြိမ်) ရဲ့နောက် အဆင့် ၂ နေရာမှာ ရှိနေပါတယ်။

ပန်တိုဂျာနဲ့ မကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန် ပြိုင်ဘက်တွေအပေါ် ထိရောက်တဲ့ လက်သီးထိုးချက်ပေါင်း ၁၄၁၁ ကြိမ်နဲ့ ဘရန်ဒန်မိုရေနို ၁၃၇၅ ကြိမ်ကို ကျော်ဖြတ်ပြီး UFC ဖလိုင်းဝိတ်တန်းမှာ ထိချက်အများဆုံးကစားသမား ဖြစ်လာပါတယ်။

ဒါ့အပြင် ဗန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့အတွက် UFC မှာ ၈ ပွဲဆက် အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ အချိန်အကြာဆုံး နိုင်ပွဲရရှိမှုမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။ ပထမနေရာမှာတော့ ဖလိုင်းဝိတ်တန်းရဲ့ အမေရိကန်ဖိုက်တာ ဂျွန်ဆင်က ၁၃ ပွဲဆက် နိုင်ပွဲဆက်ကာ ဦးဆောင်နေပါတယ်။

UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။
👍36❤14👏4🥰1🤮1
👍34👏7❤3🤮3🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မင်းလှနဲ့ လက်ပံတန်းတိုက်ပွဲ​တွေမှာ စစ်တပ်​ အထိနာ

ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှနဲ့ လက်ပံတန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က သေဆုံးသူ ၃၀ ​ကျော်ရှိပြီး စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းမှူးပါ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။ မင်းလှနဲ့ လက်ပံတန်းမြို့နယ်မှာ စစ်တပ်၊ ရဲကွန်မန်ဒို၊ ပြည်သူ့စစ်တို့က စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဩဂုတ်လလယ်ကစပြီး တိုက်ပွဲတွေဖြစ်နေကာ လက်ရှိအထိလည်း စစ်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲ ၇ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရဲကွန်မန်ဒို စစ်ကြောင်းမှူး သေနတ်ဒဏ်ရာ အပြင်းအထန်ရတယ်လို့ သာယာဝတီခရိုင် စစ်ရေးဝာာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်တပ်က သတင်းဖုံးထားပြီး ၃၂ ဦး ၀န်းကျင်သေဆုံးတယ်လို့ အဲဒီစစ်ရေးတာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် စစ်တပ် ဒရုန်းအဖွဲ့က ကိုယ့်အဖွဲ့ကို ဗုံးပြန်ကြဲမိလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ကလည်း ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၁ဦး စစ်တပ်ရဲ့ ဒရုန်းကြောင့် သေဆုံးရပါတယ်လို့ သိရပါတယ်။

◾️အမြန်လမ်းဘေး တောင်ငူ-အုတ်တွင်းလမ်းပိုင်း တိုက်ပွဲဖြစ်

အမြန်လမ်းက တောင်ငူ-အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမြန်လမ်းဘေးက ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ စက်တင်ဘာ ၁၅ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၁ရက်မှာတော့ ပဲကြီးခုံကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေလောင်း၊ ဘိုကုန်းနဲ့ ပဲကြီးခုံကျေးရွာတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။ အဲဒီရွာတွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဇီးကုန်း၊ ကမ်းဘနီ၊ အင်းဝိုင်းနဲ့ ကရင်ရွာကြီးရွာတွေကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးတွေလည်းပစ်ခတ်နေလို့ ဒေသခံတွေဟာ တောင်ငူနဲ့ အုတ်တွင်းမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုတော့ ပဲခူးတိုင်းစစ်ဌာနဗျူဟာ-၂၂က သတင်းမထုတ်ပြန်သေးပါဘူး။ ဒေသခံတွေကတော့ စက်တင်ဘာ ၂၁ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းပျံသန်းသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။

◾️သပိတ်ကျင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းသင်တန်းဖွင့်ဖို့ ပြင်ပြီး​ ပေါ်တာပိုဆွဲ​နေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ ပြင်ဆင်နေပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုလုပ်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။ တွင်းငယ်ရွာမှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)မှာ စစ်မှုထမ်းအပတ်စဉ် ၂၈ ကို စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်​နေပြီး စစ်တပ်က ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုလုပ်နေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ ပေါ်တာဆွဲခံရသူအများစုဟာ ရွှေလုပ်ကွက်တွေ အများအပြားရှိတဲ့ ချောင်းကြီး၊ နွယ်ရုံ၊ ကျည်ထောက်ပေါက်ရွာတွေက ဖြစ်ပါတယ်။ ပြစ်မှုနဲ့ ဖမ်းဆီးခံရသူတွေကိုပါ စစ်မှုထမ်းသင်တန်းကို ပို့ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုလုပ်လာပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့ ​နေရာ​တွေမှာ ညမထွက်ရ အမိန့်ပါ ထုတ်ပြန်တာတွေလည်းရှိတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။ စဉ့်ကူးမြို့နယ်မှာလည်း စက်တင်ဘာ ၁၃ ရက်က ဒေသခံတွေ ပေါ်တာဆွဲခံရပြီး ကားလမ်းနဲ့ နီးတဲ့ရွာတွေကို စစ်မှုထမ်းမဲနှိုက်ဖို့ မိုက်နဲ့ အော်တာတွေရှိတယ်လို့ ​ဒေသခံအချို့က​ ပြောပါတယ်။

◾️ဆောက်လုပ်​ရေး​လောက အကျပ်အတည်း​တွေ့
🔥9👍5🖕4❤2
​ဆောက်လုပ်​ရေးသုံးပစ္စည်း​တွေ​ ဈေးတဟုန်ထိုးတက်လာတာ၊ လုပ်သားရှားပါးလာတာစတဲ့ ပြဿနာ​တွေ​ကြောင့် ရန်ကုန်မြို့က ဆောက်လုပ်ရေးကုမ္ပဏီတချို့ ဖျက်သိမ်းနေသလို ကွန်ဒိုတွေမှာ ကြိုပွိုင့်၀ယ်ယူထားသူတွေ​ ငွေသွင်းပြီး​ပေမယ့် အခန်းမရတာ၊ ငွေထပ်မံတောင်းခံတာတွေ ဖြစ်​ပေါ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က သွင်းကုန်ပါမစ် ပိတ်ဆို့မှုကြောင့် ဈေးအဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကတဆင့် နှစ်အလိုက်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် ဆောက်လုပ်ရေးလောက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင်တချို့က ဆိုပါတယ်။ အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်းတွေသွင်းခွင့်မရတော့ဘဲ အရင်က တစ်တန် ၁၆ သိန်းကနေ လက်ရှိ သိန်း ၆၀ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒါကြောင့် သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာ ပစ္စည်းတွေ ၀ယ်မရတာ၊ ရှားပါးတာ ကြုံနေရတဲ့အပြင် လုပ်သားအင်အားထု ရှားပါးနေတာကလည်း ‌ဆောက်လုပ်ရေးလောကကို ပိုမိုဆိုးရွားစေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်း စာရင်းရှင်းလင်းဖျက်သိမ်း​ကြောင်း​ကြေညာထားပြီး ​ဆောက်လုပ်​ရေး​လောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ အဲဒီလုပ်ငန်းရှင်က​ ပြောပါတယ်။ တဖက်မှာလည်း ကွန်ဒိုတွေမှာ ကြိုပွိုင့်၀ယ်ယူထားသူတွေက သတ်မှတ်ငွေအပြည့်ပေးသွင်းပြီးတဲ့အထိ အခန်းမရ‌တဲ့ ဖြစ်‌စဉ်တွေ ရှိလာပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးကွန်ဒိုတွေဖြစ်တဲ့ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 နဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းတို့မှာ အဲဒီလိုဖြစ်စဥ်တွေ ရှိတယ်လို့ ကြိုပွိုင့်၀ယ်ယူထားပြီး ​ငွေ​ပေးသွင်းပြီး အခန်းမရ​သေတဲ့သူတွေက အသိပေးထားပါတယ်။

◾️ရန်ကုန်- ဧရာဝတီလမ်းပိုင်းကနေ စစ်လက်နက်ပစ္စည်းတွေ ကားနဲ့သယ်နေ

အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေ ကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေ သတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းက မြို့တွေကို ကားလမ်းအဓိက အသုံးပြုသွားလာကြရပြီး စစ်တပ်က စက်တင်ဘာလလယ်ပိုင်းကစတင်ကာ စစ်လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူပို့ဆောင်နေတာလို့ ဆိုပါတယ်။ အဲဒီကားအများစုကို အမိုးတွေအုပ်ထားပေမယ့် ရပ်တဲ့နေရာမှာဆို သစ်သားပုံးတွေအထပ်လိုက်တွေ့ရတယ်လို့ ညောင်တုန်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကားတွေဟာ ဧရာဝတီတိုင်းဘက်ကို တစ်ပတ်သုံးကြိမ်ထက်မနည်းထွက်ခွာနေပြီး စစ်လက်နက်ပစ္စည်းတွေပါ သယ်ယူနေတယ်လို့ သတင်းရထားကြောင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ လှိုင်သာယာမြို့နယ်က ဒဂုံဧရာဘအဝေးပြေးဂိတ်အနီးမှာ အမှတ်(၉)ရဲလေ့ကျင့်ရေးတပ်ရှိပြီး စစ်တပ်က အဲဒီကနေ ဧရာဝတီတိုင်းကို လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ၂၁ရက် မနေ့ နေ့လယ်ပိုင်းက သစ်သားပုံးတွေ တင်ထားတဲ့ စစ်ကားသုံးစီးဟာ ရန်ကုန်-ပုသိမ်လမ်းအတိုင်း အမြန်မောင်းနှင်သွားတာ တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ လူကြီးချင်းချိတ်ဆက်ပြီး လက်နက်တွေနဲ့ ဖြတ်မယ်လို့ ကြိုတင်သတင်းပို့ပြီး ဒီနောက်ပိုင်း အဲဒီလိုကားတော်တော်များများဖြတ်တယ်လို့ ပုသိမ်မြို့အဝင် စစ်ဆေးဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

◾️မြန်မာတွေပါတဲ့ ငါးဖမ်းလှေ ထိုင်းကမ်းလွန်မှာ နစ်မြုပ်

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ S. Kanchanawari 888 ငါးဖမ်းလှေဟာ စက်တင်ဘာ ၂၁ ရက် ဒေသစံတော်ချိန် ည ၁၀နာရီခန့်က ချွန်ဘူရီ ပြည်နယ်တောင်ဖက် ကမ်းလွန်၊ ဆာမဲဆန်ကျွန်းနားက ဆာမဲဆန် ရေနက်တူးမြောင်းလို့ ခေါ်ဝေါ်တဲ့ ရေလမ်းကြောင်းမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်ဟာ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ ပင်လယ်ရေစီးကြောင်းတွေ တည်ရှိတဲ့ နေရာအဖြစ် လူသိများပါတယ်။ စုစုပေါင်း ရေယာဉ်ဝန်ထမ်း ၂၂ ဦး လိုက်ပါသွားတဲ့ ရေယာဉ်ဟာ ပင်လယ်ပြင်မှာ လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းတွေထန်နေတဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ရပြီး နစ်မြုပ်သွားခဲ့တာလို့ သိရပါတယ်။ သင်္ဘောပေါ်မှာ ထိုင်း ၂ ဦးနဲ့ မြန်မာ ၂၀ ဦး လိုက်ပါသွားခဲ့ကြောင်း၊ ၁၅ ဦးကို အနီးတဝိုက်မှာ ရှိနေတဲ့ တခြား ငါးဖမ်းလှေတွေက ကယ်တင်နိုင်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေထဲမှာ ငါးဖမ်းလှေရဲ့ ရေယာဉ်မှူးလည်း ပါဝင်ခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

◾️UFC ကမ္ဘာ​ကျော်ဖိုက်တာ​တွေနဲ့အတူ ဗန် ထိပ်ဆုံး အဆင့် ၆ ရောက်လာ
👍17😢3❤2🖕2🔥1
UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်ကို ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ရာ ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ငါးဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။ ဗန်ဟာ အသက် ၂၅ နှစ် မပြည့်ခင် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ကစားခဲ့ပြီး နှစ်ကြိမ်စလုံး အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီးနောက် အမေရိကန်ဖိုက်တာ ဂျွန်ဂျုံးစ် အောင်မြင်မှု (၃ ကြိမ်) ရဲ့နောက် အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ ပန်တိုဂျာနဲ့ မကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန် ပြိုင်ဘက်တွေအပေါ် ထိရောက်တဲ့ လက်သီးထိုးချက်ပေါင်း ၁၄၁၁ ကြိမ်နဲ့ ဘရန်ဒန်မိုရေနို ၁၃၇၅ ကြိမ်ကို ကျော်ဖြတ်ပြီး UFC ဖလိုင်းဝိတ်တန်းမှာ ထိချက်အများဆုံးကစားသမား ဖြစ်လာပါတယ်။ ဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။

◾️မင်းတုန်းမြို့အနောက်ခြမ်း စစ်ရေးနဲ့ လုံခြုံရေး PDF သတိပေး

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။ မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေ ရောက်ရှိနေပြီး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ ဒေသအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိထားကြဖို့ကို အထူးသတိပေးလိုတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာကနေ ပြီးခဲ့တဲ့သြဂုတ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

◾️ဂွမြို့နယ်မှာ ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မှာ အသက် ၃နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို မိခင်မရှိခိုက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြပြီး လက်ရှိမှာ အဲဒီအမျိုးသားနှစ်ဦးကို အာရက္ခတပ်တော်(AA) ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားတယ်လို့ ဒေသခံတွေနဲ့ ရဲဌာနက ပြောပါတယ်။ စက်တင်ဘာ ၂၀ ရက်က ဂွမြို့နယ် ရဟိုင်းဖျားကျေးရွာမှ မိန်းကလေးငယ်ကို အဲဒီရွာမှ အသက်(၅၅)နှစ်အရွယ် ခင်မောင်ဌေးနဲ့ အသက်(၃၆)နှစ်အရွယ် စည်သူဝင်းဆိုသူတို့က အဓမ္မပြုကျင်ခဲ့ကြတာလို့ AAရဲ့ ရဲဌာနက ဖော်ပြပါတယ်။ မိခင်ပြန်ရောက်လာချိန် မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်မှာ သွေးတွေ တွေ့ရတာကြောင့် အုပ်ချုပ်ရေးနဲ့ ရဲကို တိုင်ကြားခဲ့ရာ ရဲက စုံစမ်းပြီး ကျူးလွန်နှစ်ဦးဖြစ်တဲ့ ခင်မောင်ဌေးနဲ့ စည်သူဝင်းတို့ကို စက်တင်ဘာ ၂၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီကျူးလွန်သူနှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲဌာနက ပြောပါတယ်။

◾️စစ်ကိုင်းတိုင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
ကလေးမြို့မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ သပိတ်ရဲဘော်တွေ၊ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar"၊ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာ ရရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့ ၊ ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားပေးပါ နဲ့ ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအမတ်ဖြစ်တယ်" ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ရွာစဉ်အလိုက် ဖြန့်ဝေပေးခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထမ်းဆောင်ရေးကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
👍26❤4👏2🖕2🔥1
🔥16👍5🖕4❤2
👍25🖕4👏3❤1