People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုလူထုသပိတ်
❤40👍10🥰4🖕4😁1🤣1
အယ်လ်နီညို အပြင်းထန်ဆုံးအဆင့် မရောက်သေးတာ​တောင် အပူချိန် မြင့်တက်မှု စံချိန်သစ်တွေထပ်တင်နေ

■စူပါအယ်လ်နီညို​ကြောင့်နှစ်ပေါင်း ၁,၀၀၀
အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်းပညာရှင်​တွေခန့်မှန်း

-People's Spring

ကမ္ဘာပေါ်မှာလက်ရှိကြုံတွေ့နေတဲ့အယ်လ်နီညိုအပူလှိုင်းဖြတ်မှုဟာအမြင့်ဆုံးအဆင့် (peak) အခြေအနေ မရောက်သေးတာတောင် အပူဒဏ်နဲ့ ပတ်သက်လို့ စံချိန်ဟောင်းတွေကို ဆက်တိုက် ချိုးဖျက်နေကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

"အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ပြင်းထန်တယ်"လို့တချို့မိုးလေဝသပညာရှင်တွေကရည်ညွှန်းပြီးတချို့ကတော့ ‘ဂေါ်ဇီလာ အယ်လ်နီညို’လို့တင်စားသုံးနှုန်းတဲ့အပူလှိုင်း
ဖြတ်မှု ဖြစ်စဉ်ဟာအမြင့်ဆုံး၊အပြင်းထန်ဆုံး အခြေအနေကိုရောက်လာဖို့ လအတော်ကြာ
လိုပါသေးတယ်။ အဲဒီလို အမြင့်ဆုံး အဆင့်ကိုမရောက်သေးတာတောင်မှ အယ်လ်နီညို
ဒဏ် အဓိက သက်ရောက် ခံစားရတဲဲ့ နယ်မြေတွေမှာ အပူချိန်အမြင့်ဆုံး စံချိန်အသစ်တွေကို တင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးတိုင်းတာရရှိမှုတွေအရပစိဖိတ် သ
မုဒ္ဒရာထဲက အယ်လ်နီညို အားအကောင်းဆုံး ဇုန်တွေမှာ အပူချိန် မြင့်တက်နှုန်းဟာ ၃.၀၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် တိုးလာနေပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက စံချိန်တင်ခဲ့ဖူးတဲ့အပူချိန်တိုးနှုန်း ၃.၀၂ ဒီဂရီဆဲလ်ဆီးရပ်စ်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ ပြီးတော့နှစ်ပေါင်း၁၅၀အတွင်းသိပ္ပံနည်းကျ
တိုင်းတာရရှိဖူးသမျှအမြင့်ဆုံးအပူချိန်လည်း ဖြစ်လာပါတယ်။

မိုးလေဝသ ပညာရှင်တွေက ကမ္ဘာ့အပူချိန်ကို တိုင်းတာတဲ့ အခါမှာ လူလုပ် သက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန် ပမာဏတိုးမှုကိုပါထည့်သွင်းတွက်ချက်ကြပါတယ်။ ONIလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီလူလုပ်အပူချိန် မြင့်တက်မှု ညွှန်ကိန်းကလည်း စံချိန်သစ်တင်ဖို့ အရမ်းနီးကပ်နေပြီး ၂၀၁၅ ခုနှစ် စံချိန်ဟောင်းထက်၀.၀၁ ဒီဂရီဆဲလ်ဆီးရပ်စ်ပဲ နိမ့်ပါတော့တယ်။

ပညာရှင်တချို့ကတော့ကမ္ဘာပေါ်မှာအယ်လ်နီညိုဖြစ်စဉ်တွေ အခါအားလျော်စွာကြုံရတတ်ပေမယ့် လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်း
ထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်း ပြောပါတယ်။မိုးလေဝသနဲ့ရာသီဥတုကြောင့်
ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို လူသားတွေရဲ့စနက်ကြောင့် ပိုပြီး အပူဖြည့်ပေးသလိုလည်း ဖြစ်နေပါတယ်။အဲဒီအခြေအနေနှစ်
ခု ပေါင်းစပ်သွားတဲ့အခါ လာမယ့် ၂၀၂၇ ခုနှစ်ဟာ ကမ္ဘာပေါ်မှာကြုံဖူးသမျှ အပူချိန် မှတ်
တမ်းဟောင်းတွေကို ချိုးဖျက်ပြီး အပူဆုံးနှစ် ဖြစ်လာဖို့ တာစူနေတယ်လို့လည်း သိရပါတယ်။

ရုပ်ကြွင်းလောင်စာတွေအလွန်အကျွံသုံးစွဲမှုကနေထွက်ပေါ်လာတဲ့အပူကလည်းကမ္ဘာ့ရာ
သီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကိုပိုမို ဆိုး
ရွားစေပြီးလူသားတွေရဲ့အသက်ကိုပါ ရေ
ရှည်မှာ ခြိမ်းခြောက်လာနေပါတယ်။အယ်လ်နီညိုကတော့အဲဒီ ခြိမ်းခြောက်မှုကိုမီးစာထပ်ဖြည့်ပေးနေတယ်လို့ Guardian သတင်းဌာနရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အယ်ဒီတာ ဒေမီယန် ကာရင်တန်က သူ့ရဲ့ ဆောင်းပါးထဲမှာ သတိပေး ရေးသားထားပါတယ်။

ရာသီဥတုအခြေအနေကကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေကို လေ့လာနေတဲ့ သုတေသီ ဇီကီ ဟော့စ်ဖာသာက ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ ပြင်းထန်အယ်လ်နီညို ဖြစ်စဉ်နှစ်ခုကြောင့်ကမ္ဘာအနှံ့မှာဒေါ်လာဘီလီယံပေါင်း ရာနဲ့ချီတဲ့ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ဖူးကြောင်း၊လက်
ရှိ အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေက အဲဒီနှစ်တွေထက် ကျော်တက်သွားပြီးပြီလို့ ယုံ
ကြည်ရကြောင်း ပြောပါတယ်။

ဥရောဟာအယ်လ်နီညိုဂယက်ကြောင့်အလွန်
အကျွံပူပြင်းတဲ့နွေရာသီကိုကြုံတွေ့ဖြတ်သန်း
ခဲ့ရပါတယ်။လောလောဆယ်အင်ဒိုနီးရှားမှာ တောမီးတွေ လောင်ကျွမ်းနေပြီး လူ့အသက်တွေကိုပါ ခြိမ်းခြောက်နိုင်တဲ့လေထုညစ်ညမ်း
မှုတွေ ဖြစ်ပေါ်နေပါတယ်။အိန္ဒိယမှာတော့ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် အင်မတန် အရေးကြီးတဲ့ မုတ်သုံမိုး ရွာသွန်းမှုဟာ ကျရိပ်ပြလာနေပါတယ်။ အမေရိကန် အလယ်ပိုင်းနဲ့ ကာရေဘီယန် ဒေသတွေမှာ မိုးခေါင်ပြီးသီးနှံတွေပျက်စီးနေသလိုပနားမား တူး
မြောင်းမှာ ရေစူးအနက် လျော့ကျလာလို့ ကုန်သွယ်ရေး နှေးကွေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့ကလည်း အယ်လ်နီညို ဂယက်ကြောင့် လူပေါင်း သန်း ၅၀ လောက်ဟာ စားနပ်ရိက္ခာ မဖူလုံတဲ့ဒဏ် အပြင်းအထန် ခံစားရပြီး အစားအသောက်စျေးတွေမြင့်တက်လာနိုင်ကြောင်း ဩဂုတ်
လမှာ သတိပေးထားပါတယ်။

အယ်လ်နီညိုဟာ အပူချိန် လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင် ပြောင်းလဲ သက်ရောက်စေပါတယ်။တောင်အမေရိက ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ပီရူးနဲ့ ချီလီတို့ဟာ အယ်လ်နီညိုကြောင့်ဖြစ်တဲ့ ရေကြီးမှုတွေနဲ့ ရုန်းကန်နေရပြီး အာဖရိက ဦးချိုဒေသမှာလည်း မိုးသည်းသည်းမည်းမည်း ရွာချတာတွေ ပိုဆိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
👍25❤11🔥2👎1🤣1
အမေရိကန် အမျိုးသား လေထုလေ့လာရေးဌာန ပါမောက္ခ ကီဗင် ထရန်းဘက်သ်ကတော့ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှတိုက်တွေ အပါအဝင် ကမ္ဘာ့မြောက်ခြမ်း ဒေသတွေမှာ အယ်လ်နီညိုကြောင့်နွေရာသီအပူချိန် အလွန်
အမင်းမြင့်တက်လာတာ၊တောမီးလောင်ကျွမ်းမှုတွေ ပိုဆိုးလာတာတွေဟာ ရှေ့ဆက် ကြုံလာဦးမယ့်အခြေအနေဆိုးတွေရဲ့ အစလောက်သာ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုးကား-The Guardian


#စူပါအယ်လ်နီညို #အပူချိန်စံချိန်သစ်တင်
#၂၀၂၇အပူဆုံးနှစ် #အပူလှိုင်း
#peoplesspring #ludunwayoo
👍22❤3🔥3👎2🤣1
ဓါတ်ပုံ-Guardian ၊ Getty ၊AFP
👍24😢4🔥2🖕2👎1
ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။

ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။

ငါးထပ်အဆောက်အအုံရဲ့အပေါ်ဆုံး နှစ်ထပ်မှာ အာဏာသိမ်း မြန်မာစစ်တပ်ကို သစ္စာခံတဲ့ အရာရှိတွေ နေထိုင်နေပါတယ်။ အောက်က သုံးထပ်ကတော့ အာဏာသိမ်း စစ်တပ်ကို တရားဝင် အစိုးရအဖြစ် လက်မခံဘဲအာဏာ ဖီဆန် ရပ်တည်နေတဲ့ သံအရာရှိ တစ်ဦးရဲ့ ပိုင်နက်လို့ သတ်မှတ်နိုင်ပါတယ်။

အဲဒီ သံအရာရှိကြီးကတော့ ဦးကျော်မိုးထွန်းပါပဲ။သူဟာ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရော
ဂါဆိုးကြီးဖိစီးနေတဲ့ကာလထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ် အနေနဲ့ နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ လပိုင်းလောက်အကြာမှာတော့ သူကိုယ်စားပြုတဲ့ ရွေးကောက်ခံမြန်မာအစိုးရကိုစစ်တပ်ကဖယ်ရှားပြီး အာဏာသိမ်းလိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး ဦးကျော်မိုးထွန်းဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအတွက် အလုပ်လုပ်ပေးဖို့ အစဉ်တစိုက်ဖီဆန်ပြီး ငြင်းဆိုခဲ့ပါတယ်။

သူဟာ စစ်ခေါင်းဆောင်တွေကိုအာခံရပ်တည်ရင်းကုလသမဂ္ဂမှာရှိနေတဲ့သူ့ရဲ့ရာထူးနေရာကိုရော၊သူနေထိုင်ရာနေရာကိုပါ အလျှော့မပေးစတမ်း ကာကွယ်ထားခဲ့ပါတယ်။ အဲဒီ ခိုင်မာမြဲမြံတဲ့အားထုတ်မှုကပဲ မြန်မာနိုင်ငံရဲ့ ရှည်လျားကြမ်းတမ်းတဲ့ ဒီမိုကရေစီရေး ရုန်းကန်မှုတွေအတွက် ပြတင်းပေါက် တံခါးတစ်ချပ် ဖြစ်နေခဲ့ပါတယ်။

တစ်ချိန်တုန်းကဦးကျော်မိုးထွန်းရဲ့လက်
အောက်ကအမှုထမ်းတွေဖြစ်ခဲ့ပြီး အခုတော့ စစ်တပ်ကို သစ္စာခံသွားတဲ့ အရာရှိတွေရော၊ ဦးကျော်မိုးထွန်းရဲ့ အဖွဲ့သားတွေကပါ သူတို့ ထိန်းသိမ်းထားတဲ့ အဆောက်အအုံ အစိတ်
အပိုင်း နေရာတွေမှာ လူမရှိဘဲ ထွက်မသွားရဲကြပါဘူး။ ပြိုင်ဘက်တွေက ဒါကို အခွင့်
ကောင်းယူပြီး သော့ပြောင်းခတ်သွားတာမျိုး လုပ်မှာကိုနှစ်ဖက်စလုံးကစိုးရိမ်နေကြပါတယ်။

“သော့ကတော့ကျွန်တော်တို့ကိုင်ထားတာပါ”လို့ မကြာသေးခင်က စာရေးသူက ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ် ရုံးဆီ သွားရောက်ချိန်မှာ ဦးကျော်မိုးထွန်းက ပြောပြပါတယ်။ အပေါ်ထပ်က မလိုလားစရာ အိမ်နီးချင်းတွေနဲ့ပတ်သက်လို့တော့“သူတို့က ကျွန်တော်တို့ ဘာလုပ်သလဲဆိုတာကို တောက်လျှောက် စောင့်ကြည့်နေတာဗျ။ ဒီနေ့ ခင်ဗျားလာတဲ့ အကြောင်းကိုလည်း သူတို့ အစီရင်ခံကြလိမ့်မယ်”လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းဖယ်ရှားလိုက်တဲ့ အရပ်သား အစိုးရကို ကုလသမဂ္ဂက တရား
ဝင် မြန်မာ အစိုးရအဖြစ် သတ်မှတ်ထားဆဲပါ။ တစ်ဖက်မှာတော့အခုသီတင်းပတ်မှာကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင် ဦးကျော်မိုးထွန်းရဲ့ နေရာကို ဖိအားပေးဖို့ မြန်မာစစ်တပ်က ပိုပြီး အရှိန်မြှင့် ကြိုးစားလာပါတယ်။

နိုင်ငံတကာ အသိအမှတ် ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ ရွေး
ကောက်ပွဲ တစ်ခုကို အသုံးချပြီး သူ့ကိုယ်သူ သမ္မတဂုဏ်ပုဒ် ကောက်တပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့လို နိုင်ငံခေါင်းဆောင်တွေနဲ့ ကော်ဇောနီ လျှောက်လမ်းပေါ် အတူလျှောက်ပြတဲ့ ပုံရိပ်တွေကို ဖန်တီးယူလာနေပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာတော့အရပ်သားအစိုးရ မျက်နှာဖုံး တပ်ထားတဲ့ အာဏာသိမ်း စစ်တပ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ ဆက်ရှိနေခွင့်ရဖို့ ဒေါ်လာ ၂.၆ သန်းလောက်ကို မလျော်မကန် အသုံးပြုခဲ့ကြောင်း စွပ်စွဲရေးသားထားပါတယ်။ စစ်တပ်ဟာ ဦးကျော်မိုးထွန်းကို ဝရမ်းပြေး၊ သူခိုး၊ သစ္စာဖောက်စတဲ့ အသုံးအနှုန်းတွေနဲ့လည်း အမျိုးစုံ ပုတ်ခတ်ခဲ့ဖူးပါတယ်။ ဒီလထဲမှာတော့ အဲဒီ အပုပ်ချ ဝေါဟာရတွေကို စစ်တပ်က ပိုပြီး ဖောဖောသီသီ သုံးစွဲလာသလို ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)နဲ့ပါ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

“ဒီနှစ်မှာသူတို့ကအစွမ်းကုန် ပုံအောပြီး ကြိုး
စားလာတာဗျ”လို့ ၂၀၂၁ ကတည်းက စစ်
တပ်က အသိအမှတ် မပြုကြောင်း ကြေညာတာ ခံထားရတဲ့ ဦးကျော်မိုးထွန်းက​ပြောပါတယ်။ ၂၀၂၁ နောက်ပိုင်း စစ်တပ်ဟာ သူ့ပတ်စ်ပို့တ်ကို ပယ်ဖျက်ခဲ့သလို ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ဘဏ်အကောင့်ကို ထိန်းချုပ် ပိတ်ဆို့ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူက ရှင်းပြပါတယ်။

စစ်တပ်ကို ဖီဆန်ခဲ့တဲ့ သူ့ရဲ့ အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့် တစ်ခုကတော့ ၂၀၂၁ ခုနှစ်တုန်းက ကုလသမဂ္ဂ ဌာနချုပ်ထဲမှာမိန့်ခွန်း​ပြောရင်းစစ်အာဏာသိမ်းမှုကိုဆန့်ကျင်​ကြောင်းလက်သုံး​ချောင်း​ထောင်ခဲ့တာ ဖြစ်ပါတယ်။
❤33🖕3😢1🤮1🤣1
ပြီးခဲ့တဲ့ ဇွန်လတုန်းက လုံခြုံရေး ကောင်စီ မိန့်ခွန်းမှာ ဦးကျော်မိုးထွန်းက လုံခြုံရေး ကောင်စီဟာ မြန်မာနဲ့ ပတ်သက်ပြီး အပ်နှင်းခံထားရတဲ့တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ထည့်သွင်းစွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့အဲဒီနောက်ပိုင်းနှစ်တွေနည်းတူ ဒီလမှာကျင်း
ပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်းပဲ ဦးကျော်မိုးထွန်းဟာ မိန့်ခွန်းပြော
ခွင့် ရဖွယ် မရှိပါဘူး။

၂၀၂၁ တုန်းက ဦးကျော်မိုးထွန်းဟာ သူ့အသက်ကို လုပ်ကြံမယ့် အခြေအနေ တစ်ခုကို ကြုံတွေ့ခဲ့ရဖူးပါတယ်။နောက်တော့သူ့အတွက် လပေါင်း အတော်ကြာအောင် အမေရိကန် အစိုးရက လုံခြုံရေး စီစဉ်ပေးခဲ့ရပါတယ်။“Costco (လက္ကား စျေးဝယ်စင်တာ)ကိုတောင် ကျွန်တော်က ကျည်ကာ ဗင်ကားနဲ့ သွားခဲ့ရတာ”လို့ သူ့ရဲ့အပတ်စဉ်လိုအပ်တဲ့ ကုန်စုံတွေ သွားဝယ်ယူရတဲ့ အကြောင်းကို ဦးကျော်မိုးထွန်းက ပြောပြပါတယ်။


https://www.facebook.com/share/p/14mmSrcUM3Q/
👍28🥰7❤5😢2🖕2🤮1🤣1
တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေရောက်နေတဲ့ မင်းတုန်းမြို့အနောက်ခြမ်းကို စစ်ရေးနဲ့လုံခြုံရေး PDF သတိပေး

စက်တင်ဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/ People's Spring

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေရောက်ရှိနေပြီး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဒေသအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို သတိထားကြဖို့ကို အထူးသတိပေးလိုတယ်လို့သရက်ခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒေသခံတစ်ဦးက "ဒီရက်ထဲ လေကြောင်းကနေ ပစ်တာ ခပ်စိပ်စိပ်ဖြစ်နေတယ်။ အရင်ရက်ကလည်း အရပ်သားထိခိုက်သေဆုံးတာတွေရှိထားတော့ နေ့ရောညပါပေါ့ဆလို့မရဘူး"လို့ ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာကနေ ပြီးခဲ့တဲ့သြဂုတ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားကိုအသုံးချပြီး စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သြဂုတ်၂၉ရက်ကတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၅ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ၆ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့ပါတယ်။
👍30❤4🤣2🖕2🤬1💩1
(မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကို ၂၀၂၄ ဒီဇင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍17🤬7👎6🖕2🥰1👏1🤮1🤣1
မင်းလှနဲ့ လက်ပံတန်းမြို့နယ် တိုက်ပွဲတွေမှာ စစ်တပ် ထိခိုက်မှုများ၊ စစ်ကြောင်းမှူး ဒဏ်ရာရဟုဆို

စက်တင်ဘာ -၂၂၊၂၀၂၆။မိုမို/People's Spring

ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှနဲ့ လက်ပံတန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းမှူး အပါအ၀င် ထိခိုက်သေဆုံးသူ ၃၀ ၀န်းကျင်ရှိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

မင်းလှနဲ့ လက်ပံတန်းမြို့နယ်မှာ စစ်တပ်၊ရဲကွန်မန်ဒို ၊ ပြည်သူ့စစ် စုဖွဲ့ထားတဲ့ အင်အား ၄၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဩဂုတ်လလယ်ကစပြီး တိုက်ပွဲတွေဖြစ်နေကာ လက်ရှိအချိန်ထိလည်း စစ်ဆိုင်ထားတယ်လို့ာဆိုပါတယ်။

"ထိတွေ့တိုက်ပွဲ ၇ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ရဲကွန်မန်ဒို စစ်နိုင်(စစ်ကြောင်းမှူး) ဆီးခုံ ထိခိုက်သေနတ်ဒဏ်ရာ အပြင်းအထန်ရတယ်။ သတင်းဖုံးထားပါတယ်။ရန်သူဘက်က ၃၂ ဦး ၀န်းကျင်သေဆုံးတယ်"လို့ သာယာ၀တီခရိုင်က စစ်ရေးတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ် ဒရုန်းအဖွဲ့က ကိုယ့်အဖွဲ့ကို ဗုံးပြန်ပြီးကြဲမိလို့ သေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ကလည်း ရဲဘော် ၂ဦး ကျဆုံးပြီး ပြည်သူ ၁ဦး စစ်တပ်ရဲ့ ဒရုန်းကြောင့် သေဆုံးရပါတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ လက်ပံတန်းမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ထန်းပင်ချောင်ကျေးရွာ အထိုင်စခန်းက လက်နက်ကြီး(ဟောင်ဝှစ်ဇာ)နဲ့ ရေငံကျေးရွာအထိုင်ချစခန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့လည်း လက်ပံတန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းရဲ့အင်အားတချို့က မင်းလှမြို့နယ်က ဦတိုတာကလေးရွာကို ပြန်ဆုတ်ခွာထားတယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတချို့နဲ့ စစ်ရှောင် တောတိုက်တွေကို မီးရှို့တာ ၊အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ကျေးရွာတွေက ပြည်သူတွေကို အပြင်ထွက် စစ်ရှောင်ခွင့်မပြုဘဲ လူသားဒိုင်း ထားရှိတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"လက်ပံတန်းမြို့နယ်ကို ဝင်တဲ့အခါမှာ ရန်ကုန်ကျောင်း(ဘုန်းကြီးကျောင်) အနီးက စစ်ရှောင်တွေ စုနေကြတဲ့ ‌ရွာတန်းကို မီးရှို့ပါတယ်။ ရန်ကုန်ကျောင်း (ဘုန်းကြီးကျောင်း)ကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။ စစ်ရှောင်ဦးရေ က အနီးအနားရွာတွေရောဆိုရင် ၁ထောင်ကျော်ရှိပါလိမ့်မယ်။ ခန့်မှန်းပဲသိရပါတယ်"လို့ သူက ပြောပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမအနောက်ခြမ်းက လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်ကို နယ်မြေအသာစီးရယူဖို့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ကြိုးစားနေပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့က စခန်းတွေနဲ့ စစ်တပ်ဂိတ်စခန်းတွေ အပါအ၀င် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်မှာ စစ်တပ်က တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေ၊ ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေကို ခုခံတာနဲ့ တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်နေတာဖြစ်ပါတယ်။

လက်ရှိ မင်းလှနဲ့ လက်ပံတန်းမြို့နယ် နေရာ ၂ခုကို စစ်ကြောင်း ဖြန့်ကျက်ထိုးနေတဲ့ စစ်တပ်ကို သာယာဝတီခရိုင်တပ်ရင်း (၃)ရဲ့ တပ်ခွဲ ၁၊တပ်ခွဲ ၂ ၊သာယာဝတီခရိုင်တပ်ရင်း (၂) တပ်ခွဲ ၂၊တပ်ခွဲ ၃ ၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရန်ကုန်စစ်ကြောင်း၊ မဟာစစ်ကြောင်းစတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းခုခံ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
👍35👏9❤5👎2🖕2🤣1
(ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှနဲ့ လက်ပံတန်းမြို့နယ်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - PDF)
👍46🥰7❤3🤣3🖕2👎1👏1👌1
သပိတ်ကျင်း၊တွင်းငယ်မှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းဖွင့်ဖို့ပြင်ပြီး​ပေါ်တာပိုဆွဲ​နေ

စက်တင်ဘာ၂၂-၂၀၂၆။ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာရှိတဲ့ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း(တတက-၁၃)မှာ စစ်မှုထမ်းအပတ်
စဉ် ၂၈ ကို စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်​နေပြီး စစ်တပ်ကကျေးရွာတွေ မှာပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုပ်နေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

ပေါ်တာဆွဲခံရသူအများစုဟာ ရွှေလုပ်ကွက်တွေ အများအပြားရှိတဲ့ချောင်းကြီး၊နွယ်ရုံ၊ကျည်ထောက်ပေါက် ရွာတွေကဖြစ်ပါတယ်။ ပြစ်မှုနဲ့ ဖမ်းဆီးခံရသူ တွေကိုပါ စစ်မှု ထမ်းသင်တန်းကိုပို့ထားတယ်လို့သိရပါတယ်။

"ဒီရွာတွေကစစ်တပ်ကပြန်ထိုင်လိုက်ပြီးပုံမှန်သွားလာနေတော့စစ်ကြောင်းလာရင်ပြေးတာ ရှောင်တာတွေမလုပ်ကြတော့ဘူး။အဲဒီရွာ တွေထဲလူငယ်တချို့အဖမ်းခံလိုက်ရတာလို့ သိထားရပါတယ်"လို့ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင်မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်တို့မှာလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုပ်လာပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့ ​နေရာ​တွေမှာ ညမထွက်ရ အမိန့်ပါထုတ်ပြန်တာ တွေလည်းရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စဉ့်ကူးမြို့နယ်မှာလည်း စက်တင်ဘာလ၁၃ ရက်နေ့က ဒေသခံတွေပေါ်တာဆွဲခံရပြီး ကားလမ်းနဲ့ နီးတဲ့ရွာတွေကို စစ်မှုထမ်းမဲနှိုက်ဖို့ မိုက်နဲ့ အော်တာ တွေရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ မန္တ​လေးမြို့က​ဂေါ်ဝိန်ဆိပ်ကမ်းက​နေ ဧရာဝတီမြစ်အတိုင်း ကချင်ပြည်နယ်ဗန်း​မော်မြို့ကို စစ်တပ်ကစစ်​ရေယာဥ်အုပ်စု​တွေနဲ့ စစ်ကူ ၊လက်နက်ခဲယမ်းရိက္ခာ​တွေပို့​ဆောင်ခဲ့စဥ် KIA နဲ့မဟာမိတ်​တွေက ​ရွှေကူနဲ့ ဗန်း​မော်ကြားမှာ စစ်​ရေယာဥ် အစီး ၂၀ ခန့်ကိုတိုက်ခိုက် နစ်မြှပ် ဖျက်ဆီးခဲ့ပါတယ် ။​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်လို့
စစ်တပ်​ရေယာဥ် ၂ စီး အလံဖြူ​ထောင်လက်
နက်ချခဲ့ပြီး စစ်သုံ့ပန်း နဲ့စစ်သားမိသားစုဝင် စုစု​ပေါင်း၁၅၀ ကျော်ရှိတာမှာစစ်မှုထမ်း(ပစ)
စစ်သားသစ်​တွေလည်းပါဝင်ပြီး မတ္တရာမြို့နယ်က​အဓမ္မစု​ဆောင်းခံရတဲ့စစ်သားသစ်​တွေလည်းပါဝင်တယ်လို့ သတင်းရရှိပါတယ်။


သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ် ။ဒါ​ပေမယ့်၂၀၂၅
ခုနှစ် အောက်တိုဘာလမှာ စစ်တပ်က ပြန်
လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က မြို့နယ်တခုလုံးကိုစိုးမိုးနိူင်ခြင်း
​တော့မရှိဘဲပါဘူး ။​ဒေသအချို့မှာတော်
လှန်ရေးတပ်​တွေနဲ့ စစ်တပ် တိုက်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကစစ်သားသစ်လိုအပ်
ချက်​တွေ များ​နေတာ​ကြောင့်အရင်ကပိတ်ထားတဲ့စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်​​နေပြီး အခုအခါ သင်တန်းကျောင်း (၂၇) ခုထိ ဖွင့်လှစ်​နေတယ်လို့မြန်မာ့စစ်ဘက်​ရေးရာနှင့် လုံခြုံ​ရေးဆိုင်ရာ ​လေ့
လာ​ရေးအဖွဲ့(MDSI)ကထုတ်ပြန်ပါတယ်။
ထပ်တိုးဖွင့်တဲ့စစ်မှုထမ်းစင်တန်း​ကျောင်း​တွေဟာ ကလေးမြို့အခြေစိုက်တတက(၁၀)
နဲ့ သပိတ်ကျင်းမြို့နယ်က တတက(၁၃) ဖြစ်တယ်လို့​ဖော်ပြပါတယ် ။

နိုင်ငံအနှံ့စစ်မှုထမ်းသင်တန်းကျောင်း၂၇
​ကျောင်း ဖွင့်လှစ်ထားပြီး၊၂၄ ​ကျောင်းမှာပုံမှန်စစ်သင်တန်း​တွေလေ့ကျင့်ပေးနေတာတွေ့ရတယ်လို့လည်းဆိုပါတယ်။

စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း​တွေမှာထွက်ပြေးဖို့ကြိုးစားတဲ့ သင်တန်းသား​တွေကိုပစ်ခတ်ဖမ်းဆီးတာ၊ ပြန်ဖမ်းမိသူ​တွေကို အပြင်းအထန် နှိပ်စက်ရိုက်နှက်တာ​တွေ
ကြောင့် အသက်သေဆုံးသူ၊ကိုယ်လက်အင်္ဂါထိခိုက်သွားသူ၊ လစာဖြတ်တောက်ခေါင်းပုံ
ဖြတ်ခံရသူစတဲ့ လူ့အခွင့်အရေးချိုးဖောက် မှု​တွေကျူးလွန်ခံ​နေရတယ်လို့ MDSI က​အသိ​ပေးထားပါတယ်။
🤬28❤15👎4🖕2👏1😁1🤮1
စစ်တပ်က အဓမ္မစု​ဆောင်းထားတဲ့လူငယ်​တွေစစ်သင်တန်း​ကျောင်း​ရောက်လာလို့
ကြိုဆို​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ
👎29👍5🖕3😢1🤮1🫡1
■သတင်း​ဆောင်းပါး

CNNအပါအဝင်မီဒီယာသုံးခုပိတ်ပင်ခံရမှုကြောင့်ထရမ့်ကိုတရားစွဲဆို

■ အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထ
ရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

- သီဟံ ရေးသားသည်။

တနင်္လာနေ့ကဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးအ
ကြိမ် ဒေါသပေါက်ကွဲပြီး ချမှတ်ခဲ့တဲ့ ဆုံး
ဖြတ်ချက်ကြောင့် CNN၊ MS NOW နဲ့ Politico သတင်းဌာနတွေက သတင်းထောက်တွေ အိမ်ဖြူတော်အတွင်း ဝင်ရောက်သတင်းယူခွင့် ပိတ်ပင်ခံခဲ့ရပြီး၊သတင်းထောက်အသိ
အမှတ်ပြုကတ် (press badge) တွေကိုပါ ပိတ်သိမ်းခံခဲ့ရပါတယ်။ အဆိုပါ ဝင်ရောက်ခွင့်များ ပြန်လည်ရရှိရန် ရည်ရွယ်ပြီး သတင်းဌာန​တွေက သမ္မတဒေါ်နယ်ထရမ့်နဲ့ ထရမ့်ရဲ့ အကြီးတန်းအကြံပေး ၃ ဦးကို တရားစွဲဆိုလိုက်ကြောင်း The Washington Post က ဖော်ပြထားပါတယ်။

တရားစွဲဆိုမှုနဲ့အတူထုတ်ပြန်ခဲ့တဲ့ပူးတွဲကြေ
ညာချက်မှာ CNN၊ MS NOW နဲ့ Politico တို့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုတ်တရက် သတင်းဖော်ပြခွင့် ပိတ်ပင်ခံခဲ့ရမှုဟာ “သတင်းလွတ်လပ်ခွင့်ကို အာမခံထားတဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်
ဆင်ချက် (First Amendment) စည်းမျဉ်းတွေကို ဗြောင်ကျကျ ချိုးဖောက်တာလည်း ဖြစ်တယ်"လို့ ဖော်ပြခဲ့ပါတယ်။

အခုလိုတရားစွဲဆိုမှုဟာသတင်းလွတ်လပ်ခွင့်
ကို ကာကွယ်ဖို့အတွက်သင့်လျော်မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး၊နောက်ဆုံးမှာအနိုင်
ရနိုင်ခြေရှိနေကြောင်းThe Guardian ကလည်း သုံးသပ်ထားပါတယ်။

မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေကျွမ်း
ကျင်သူတွေကတော့အခုလို သတင်းရယူခွင့် ပိတ်ပင်မှုဟာ "viewpoint discrimination" လို့ခေါ်တဲ့ (အမြင်သဘောထားအပေါ် အခြေ
ခံ၍ ခွဲခြားဆက်ဆံမှု) ဆိုတဲ့ ဥပဒေချိုးဖောက်မှုနဲ့ ကိုက်ညီနိုင်ကြောင်း ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်တော့ အဆိုပါ ပိတ်ပင်မှုဟာ ထရမ့်က သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို မနှစ်သက်တာကြောင့် အိမ်ဖြူတော်သတင်းဖော်ပြခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNA ကဖော်ပြထားရာမှာအဆိုပါတရားဆွဲဆိုမှုအပြင် မီဒီယာလောကအတွင်းမှာလည်း ထရမ့်ရဲ့ လုပ်
ရပ်အပေါ် ဆန့်ကျင်တုံ့ပြန်မှုတွေ ပေါ်ပေါက်လာကြောင်း ​​ဖော်ပြထားပါတယ်။ အမေရိကန် ရုပ်သံလိုင်းတွေကလည်း ယင်းလုပ်ရပ်ကို မကျေနပ်ကြတဲ့အတွက် တနင်္လာနေ့ (စက်တင်ဘာ ၂၁) မှာ စုပေါင်းပြီး သမ္မတထရမ့်ရဲ့ သတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်ဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ယခုအကြိမ်ထရမ့်ရဲ့ပိတ်ပင်မှုဟာရုံးခန်းနေ
ရာတွေ ပြန်လည်ရုပ်သိမ်းလိုက်တာထက် ပိုမိုပြင်းထန်ခဲ့ပါတယ်။ CNN၊ MS NOW နဲ့ Politico တို့ရဲ့ သတင်းထောက်တွေဟာ စနေ
နေ့ကတည်းက အိမ်ဖြူတော်ဝင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး သတင်းထောက်ကတ်တွေကိုပါသိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်သတင်းဌာန​တွေကတရားရုံးလျှောက်လွှာမှာ ဒီပိတ်ပင်မှုဟာ သတင်းမီဒီယာတွေရဲ့ အိမ်ဖြူတော်သတင်းရယူခွင့်ကို ကန့်သတ်ခြင်းသာမက၊ အစိုးရရဲ့ လုပ်ရပ်များကိုလွတ်လပ်စွာစောင့်ကြည့်ဖော်ပြနိုင်ရေးအတွက် အခြေခံကျတဲ့ သတင်းလွတ်
လပ်ခွင့်ဆိုင်ရာ အခြေခံမူများကို ထိခိုက်စေကြောင်း ရေးသားခဲ့ကြပါတယ်။

အမေရိကန်ခရိုင်တရားသူကြီးတစ်ဦးကလည်း ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး ကြား
နာပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ ရက်ချိန်းပေးထားပြီလို့ သတင်းဖေါ်ပြချက်တွေအရ သိပါတယ်။

ဒီလို အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ထရမ့်ရဲ့ အိမ်ဖြူတော် ရဟတ်ယာဉ်ကွင်းသစ် ဖွင့်ပွဲနဲ့ ကုလသမဂ္ဂအထွေထွေညီ
လာခံ တက်ရောက်တဲ့ ခရီးစဉ်တွေကိုလည်း တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုမရှိဘဲ ဖြတ်သန်းခဲ့ရပါတယ်။

"ရှားရှားပါးပါး လုပ်ဆောင်မှုတစ်ခုအနေနဲ့ အမေရိကန်ရဲ့ထိပ်တန်း ရုပ်သံလိုင်း ၅ လိုင်းဟာ တနင်္လာနေ့မှာCNN နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အိမ်ဖြူတော် သတင်းတွေကို တစ်လှည့်စီ ပူးပေါင်းရိုက်ကူးပေးရတဲ့ (Pool Coverage)လုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ကြပါတယ်"။

တကယ်တော့ တနင်္လာနေ့မှာ အိမ်ဖြူတော် သတင်းရိုက်ကူးရေး တာဝန်ကျတဲ့ သတင်းဌာနဟာ CNN ဖြစ်ပါတယ်။

“ပြည်သူတွေဟာ မိမိတို့အစိုးရအဖွဲ့နဲ့ ပတ်
သက်ပြီး တိကျမှန်ကန်တဲ့ လွတ်လပ်သော သတင်းအချက်အလက်တွေကို ရရှိပိုင်ခွင့်ရှိပါတယ်။ဘယ်အစိုးရအဖွဲ့မဆိုသူတို့နဲ့ပတ်
သက်တဲ့ သတင်းဖော်ပြချက်တွေကို သဘောမကျတာတစ်ခုတည်းနဲ့ သတင်းအဖွဲ့အစည်းတစ်ခုကို ပိတ်ပင်တားဆီးခွင့်မရှိပါဘူး။” လို့ ABC၊ CBS၊ CNN၊ Fox နဲ့ NBC သတင်းဌာနတို့ကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြတာပါ။

ဒီဖြစ်စဉ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်၊ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေတဲ့ တရုတ်သမ္မတရှီးကျင့်ဖျင် အိမ်ဖြူတော်ကို လာရောက်လည်ပတ်မယ့် အရေး
ကြီးတဲ့ သတင်းပတ်အတွင်း တိုက်ဆိုင်စွာ ဖြစ်ပေါ်လာခဲ့ပြီး ထရန့်အစိုးရအဖွဲ့နဲ့ သတင်းမီဒီယာတွေကြားမကြုံစဖူး တင်းမာမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
👍26❤7🤮3👏1💩1🖕1
ဒီတင်းမာမှုရဲ့အကျိုးဆက်အဖြစ်နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထရမ့် တွေ့ဆုံမှုတွေကို ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာကျင်းပခဲ့တဲ့ရဟတ်
ယာဉ်ကွင်းသစ် ဖဲကြိုးဖြတ်ဖွင့်ပွဲကိုလည်း အိမ်ဖြူတော်ရဲ့ ဝဘ်ဆိုက်ကနေသာ Live (တိုက်ရိုက်)ထုတ်လွှင့် ခဲ့ရပြီး၊ ထရမ့်ရဲ့ ပြော
စကားတွေကိုလည်း အသံမပါဘဲ ထုတ်လွှင့်ခဲ့ရပါတယ်။

AFP အပါအဝင် အိမ်ဖြူတော်သတင်းဓာတ်ပုံ ရယူခွင့်ရှိတဲ့ ဓာတ်ပုံသတင်းဌာန အများအပြားကလည်း ပိတ်ပင်ခံထားရတဲ့ သတင်းဌာန ၃ ခုနဲ့အတူ ရပ်တည်တဲ့အနေနဲ့ ရဟတ်
ယာဉ်ကွင်းမှာ ရိုက်ကူးထားတဲ့ ထရမ့်ရဲ့ ဓာတ်
ပုံတွေကို ထုတ်ပြန်ပေးမှု ရပ်ဆိုင်းခဲ့ကြပါတယ်။

ထရမ့်ကတော့ ဒီကိစ္စအပေါ် နောင်တရတဲ့ အရိပ်အယောင် မပြသဘဲ မီဒီယာတွေကို “ကင်ဆာရောဂါ” နဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေအဖြစ် ပြန်လည်စွပ်စွဲထားပါတယ်။

“အိမ်ဖြူတော်အနေနဲ့ ကျွန်တော် အမြဲတမ်း တန်ဖိုးထားတဲ့ ‘လွတ်လပ်တဲ့ မီဒီယာ’ တွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာရောဂါလို ပျံ့နှံ့လာနေတဲ့ ‘သတင်းတု/သတင်းမှား’ (FAKE NEWS) တွေကိုသာ တိုက်ခိုက်နေတာပါ”လို့ ထရမ့်က သူ့ရဲ့ Truth Social ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ထရမ့်ဟာအခု ပိတ်ပင်မှုရဲ့ အသေးစိတ်အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေမယ့် သောကြာနေ့က Oval Office အတွင်း AFP သတင်းထောက်ရဲ့ မေးမြန်းမှုကိုဖြေကြားရာမှာတော့ “လွန်ခဲ့တဲ့ ၂ နှစ်အ
တွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ တဖြည်း
ဖြည်း စုပုံလာတာကြောင့်”လို့ပြောခဲ့ပြီး၊ တ
ခြားသတင်းဌာနတွေလည်း အလားတူ အရေး
ယူခံရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အလားတူ အိမ်ဖြူတော်ဟာ “Gulf of Mexico” ကို “Gulf of America” လို့ သုံးစွဲရမယ်ဆိုတဲ့ မူဝါဒကို မလိုက်နာတဲ့အတွက် AP သတင်းထောက်တစ်ဦးကိုလည်း Oval Office အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ဖူးပါတယ်။

နိုင်ငံရေးလောကထဲ မဝင်ရောက်မီ CNN ရဲ့ သတင်းသုံးသပ်သူအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ ဒုတိယသမ္မတ JD Vance ကလည်း သတင်းဌာနတွေဟာ “လက်ဝဲယိမ်း ဝါဒဖြန့်မှုတွေ”ကို ဖြန့်ဝေနေတယ်လို့ စွပ်စွဲခဲ့ပါတယ်လို့ CNA က ထောက်ပြထားပါတယ်။

“သူတို့အနေနဲ့ သတင်းဆက်ရေးနိုင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်လည်း ရှိနေပါသေးတယ်။ဒါပေမယ့် အိမ်ဖြူတော်အတွင်းမှာ သီးသန့်ရုံးခန်း ရရှိတော့မှာ မဟုတ်တာပဲ ရှိပါတယ်” လို့ Vance က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တနင်္လာနေ့ညနေပိုင်းမှာ အိမ်ဖြူတော်က “Trump TV”ဆိုတဲ့တိုက်ရိုက်ထုတ်လွှင့်ရေး လိုင်းတစ်ခုကို စတင်လိုက်ပြီး အဆိုပါလိုင်းမှာ“ထိပ်တန်းဗီဒီယိုတွေ၊ အရေးကြီး မိန့်ခွန်းတွေနဲ့ ကြည့်ရှုသင့်တဲ့ အကြောင်းအရာတွေကို ၂၄ နာရီပတ်လုံး အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်သွားမယ်”လို့ဆိုပါတယ်။

ဒါပေမယ့် လိုင်းစတင်ထုတ်လွှင့်ချိန်မှာတော့ ဇူလိုင် ၃ ရက်က ရပ်ရှ်မိုးတောင်မှာ ထရမ့် ပြောခဲ့တဲ့ မိန့်ခွန်းဟောင်းတွေကိုပဲ ပြန်လည်ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ သမ္မတထရန့်ရဲ့ ရုတ်တရက် ပိတ်ပင်လိုက်တဲ့ ကြေညာချက်ကြောင့် မီဒီယာတွေတင် မကဘဲ သူ့ရဲ့အစိုးရအဖွဲ့အတွင်းရှိ အရာရှိအများအပြားပါ အံ့အားသင့်ခဲ့ကြရပါတယ်။

ဘီလျံနာသူဌေးကြီးနဲ့ ရုပ်သံကြယ်ပွင့်ဟောင်းဖြစ်တဲ့ ထရမ့်ဟာရွေးကောက်ပွဲ စည်းရုံးရေးကာလကတည်းကအစိုးရတာဝန်ယူပြီးနောက်ပိုင်းအထိ မိမိကို ဝေဖန်ရေးသားတဲ့ မီဒီယာတွေကို “ပြည်သူ့ရန်သူ” လို့ ခေါ်ဆိုပြီး တိုက်ခိုက်လေ့ရှိပါတယ်။

ဒါပေမယ့် ယခုတစ်ကြိမ် လုပ်ရပ်ဟာ ထရမ့်ရဲ့ထောက်ခံမှုနှုန်းထားတွေစံချိန်တင်ကျဆင်းနေချိန်၊ နိုဝင်ဘာလ ကြားဖြတ်ရွေး
ကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်ထိန်းချုပ်ခွင့် ဆုံးရှုံးနိုင်ခြေ ရှိနေချိန်နဲ့ အီရန်စစ်ပွဲ အဆုံးသတ်မယ့် အရိပ်အ
ယောင် မမြင်ရသေးတဲ့အရေးကြီးတဲ့ အချိန်ကာလအတွင်းပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဖိအားများနေတဲ့အချိန်ကာလအတွင်းပေါ်ပေါက်လာတဲ့အတွက်အခုဖြစ်ရပ်ဟာ ထရမ့်နဲ့ မီဒီယာတွေကြား အငြင်းပွားမှုတစ်ခုသာမကဘဲ၊ အမေရိကန်နိုင်ငံမှာ အစိုးရအာဏာနဲ့ သတင်းလွတ်လပ်ခွင့်ကြား ဆက်
နွယ်မှုအပေါ် ထပ်မံစောင့်ကြည့်ရမယ့် အရေး
ကြီးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကိုးကား - The Washington Post, The Guardian, CNA
👍31❤12🤮1💩1🖕1
👍23❤1🔥1🤮1💩1🖕1