People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

ကုလသမဂ္ဂကလည်းအယ်လ်နီညိုဖြစ်စဉ်ဟာ “ကျွန်တော်တို့ မျက်စိရှေ့မှာတင်အဆမတန် ကြီးမားလာနေပါတယ်”ဟုပြောကြားပြီးနောက်ဗြိတိန်အစိုးရကလျှပ်စစ်မီးသို့မဟုတ် ရေပြတ်တောက်မှုတွေ ကြုံလာရရင်ရက်အနည်းငယ်ကြာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ဖို့ ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့သောက်သုံးရေကိုကြိုတင်စုဆောင်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မိုးလေဝသ ခန့်မှန်းသူတွေကတော့ နှစ်ပေါင်း ၁,၀၀၀ အတွင်း အကြီးမားဆုံး အယ်လ်နီညိုဖြစ်စဉ်ကို ရင်ဆိုင်ရတော့မယ်လို့ ဆိုပါတယ်။ ဗြိတိန်ပတ်ဝန်းကျင်ရေးရာဝန်ကြီးအန်ဂျလာ အီဂဲလ် (Angela Eagle)ကThe Guardian ကို ပြောရာမှာ “ကျွန်မတို့ဟာ စံချိန်တင် အကြီးမားဆုံး ဖြစ်လာနိုင်တဲ့ အယ်လ်နီညိုကို ရင်ဆိုင်ရတော့မှာပါ။ဒါဟာနွေရာသီမှာ ပိုမိုခြောက်သွေ့ပြီး ဆောင်းရာသီမှာ မိုးပိုရွာကာ မုန်တိုင်း ပိုမိုပြင်းထန်တာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

သူမက ဆက်ပြီး “အာရှဒေသတွေမှာတော့ ရေကြီးမှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုဆိုးကျိုးတွေ ပိုများနိုင်ပြီး ဒီအခြေအနေကို အလေး
ထားကြဖို့ လိုပါတယ်” လို့လည်း သတိပေးပါတယ်။

သဘာဝဘေး ရင်ဆိုင်ရချိန် “အရေးပေါ် ကူညီရေးအဖွဲ့တွေ ရောက်မလာသေးခင်စားသောက်ဖို့၊အစားအသောက်အနည်းငယ် စုဆောင်းထားမယ်ဆိုရင် ဘာမှပြင်ဆင်မထားတာထက်စာရင် အများကြီး အဆင်ပြေမှာပါ။ ဒါကြောင့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ဒီလိုမျိုးကြိုတင်ပြင်ဆင်တာတွေလုပ်သင့်တာ ဖြစ်ပါတယ်”လို့လည်းသူမကဆိုပါတယ်။

အယ်လ်နီညို (El Niño)ဆိုတာပစိဖိတ်သမုဒ္ဒရာပေါ်က လေထုလည်ပတ်မှု ပြောင်း
လဲရာကနေပင်လယ်ရေပြင်မှာ စုဆောင်းထားတဲ့ အပူဓာတ်တွေကို လေထုထဲ ပြန်လည်ဖြန့်ဝေစေတဲ့ သဘာဝ ရာသီဥတုဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။

နောက်ဆုံး အချက်အလက်တွေအရအယ်လ်နီညို ရဲ့ အဓိကနေရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရေဟာ နှစ် ၃၀ ပျမ်းမျှထက် ၂.၆ ဒီဂရီဆဲလ်စီးယပ် (2.6°C) ပိုပူနေပါတယ်။

ဒါဟာ ဂြိုဟ်တုမှတ်တမ်းတင်ခေတ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်၏ ၃.၁ ဒီဂရီ ဆဲလ်စီးယပ် (3.1°C) အဆင့်ကို ရောက်ရှိဖို့ အလွန်နီးကပ်နေပြီ ဖြစ်ပါတယ်။

စံနမူနာ ၁၄ ခုရဲ့ ပျမ်းမျှခန့်မှန်းချက်အရ လာမယ့် နိုဝင်ဘာလမှာ အပူချိန်ဟာ ၄ ဒီဂရီစင်တီဂရိတ် (4°C)အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇီးခ်ဟောက်စ်ဖက်သာ က သန္တာကျောက်တန်းတွေ၊ သစ်ပင်စည်အတွင်း နှစ်စဉ်ဖြစ်ပေါ်လာသော အကွင်းမှတ်များ (Tree Rings) နဲ့ သမိုင်းမှတ်တမ်းတွေကို လေ့လာပြီး အချက်အလက်တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ အတွင်း ဘယ်အယ်လ်

နီညိုဖြစ်စဉ်မှဒီအဆင့်အထိမရောက်ဖူးကြောင်း တွေ့ရှိထားပါတယ်။ ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် ၀.၅ ဒီဂရီစင်တီဂရိတ် (0.5°C) ကျော်လွန်လာတာနဲ့ အယ်လ်နီညိုဖြစ်စဉ်အဖြစ်သတ်မှတ်ကြပါတယ်။

ဒီအယ်လ်နီညိုကြောင့် ပိုမြင့်တက်လာမယ့် အပူစွမ်းအင်ဟာလက်ရှိမှာတောင် ပူနွေးနေတဲ့ ကမ္ဘာ့လေထုထဲကို ထပ်မံဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ခုနှစ်ဟာ ယခင်စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး ကမ္ဘာ့အပူဆုံးနှစ် (Hottest Year on Record) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂူတာရက်စ်က ကမ္ဘာကြီးဟာလွန်ကဲတဲ့ ရာသီဥတုအန္တရာယ်ဇုန်ထဲ ရောက်နေပြီဖြစ်ပြီး မြင့်တက်လာတဲ့ အန္တရာယ်တွေနဲ့ ရာသီဥတုကာကွယ်ရေး လုပ်ဆောင်ချက်များကြား အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO)ရဲ့ အတွင်းရေးမှူးချုပ် ဆီလက်စတီ ဆောလို (Celeste Saulo) ကလည်း “အယ်လ်နီညိုဟာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကြီးအကျယ် ရိုက်ခတ်နိုင်ခြေ ရှိပါတယ်။ မိုးခေါင်တာနဲ့ ရေကြီးတာတွေကြောင့် ပျက်စီးဆုံးရှုံးမှု တွေကို မြင်တွေ့နေရပြီဖြစ်ပြီး အယ်လ်နီညို ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီသက်ရောက်မှုတွေဟာ ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အယ်လ်နီညို ရဲ့ သက်ရောက်မှုတွေကြောင့် အင်ဒိုနီးရှားမှာတောမီး ပိုဆိုးလာနိုင်ပြီး၊ အိန္ဒိယ မှာ အရေးကြီးတဲ့ မုတ်သုံမိုး အားနည်းလာနိုင်ပါတယ်။ဩစတြေးလျမှာ တောမီး
လောင်မှုအန္တရာယ်လည်း ပိုတက်လာနိုင်ပြီး၊ တောင်အမေရိက မှာ ရေကြီးမှု ပိုပြင်းထန်လာနိုင်ပါတယ်လို့ ထောက်ပြထားပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒီအယ်လ်နီညိုဖြစ်စဥ်ကြောင့် လူဦး‌ရေ သန်း ၅၀ ခန့်ဟာ ပြင်းထန်တဲ့ အစာရေစာမလုံလောက်မှု ကြုံရနိုင်တယ်လို့ယင်းအခြေအနေရဲ့ အန္တရာယ်ကို သတိပေး ထားပါတယ်။



https://www.ludunwayoo.com/feature-mm/2026/09/09/167770/
👍28❤6😱4👎1🔥1🤣1
စစ်တပ်က ရန်ကုန်- ဧရာဝတီလမ်းပိုင်း အသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေ ကားနဲ့သယ်နေ

စက်တင်ဘာ၂၂၊၂၀၂၆။မိထက်/People's Spring

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းက မြို့တွေကို ကားလမ်းအဓိက အသုံးပြုသွားလာကြရပြီး စစ်တပ်က စက်တင်ဘာလလယ်က စတင်ကာ စစ်လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူပို့ဆောင်နေတာလို့ ဆိုပါတယ်။

" ကားအများစုကို အမိုးတွေအုပ်ထားပေမယ့် ရပ်တဲ့နေရာမှာဆို တွေ့ရတယ်။ သစ်သားပုံးတွေအထပ်လိုက်သယ်ကြတာ။ သေနတ်ကိုင်ထားတဲ့စစ်သားတွေကလည်း တော်တော်လေးကို ရန်လိုတဲ့မျက်နှာထားတွေနဲ့တွေ့ရတယ်။ အဲဒီကားတွေနဲ့ဝေးဝေးနေပါ။ အမှတ်တမဲ့ပေါက်ကွဲတာပဲဖြစ်ဖြစ် သံသယရှိတယ်ဆိုပြီး ဖမ်းဆီး‌တာမျိုးပဲဖြစ်ဖြစ် အန္တရာယ်ကြီးပါတယ်။"လို့ ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ ပါဝင်တဲ့ ညောင်တုန်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကားတွေဂာ ဧရာဝတီတိုင်းဘက်ကို တစ်ပတ်သုံးကြိမ်ထက်မနည်းထွက်ခွာနေပြီး စစ်လက်နက်ပစ္စည်းတွေပါသယ်ယူနေတယ်လို့သတင်းရထားကြောင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်က ဒဂုံဧရာဘအဝေးပြေးဂိတ်အနီးမှာ အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ရှိပြီး စစ်တပ်က အဲဒီကနေတဆင့် ဧရာဝတီတိုင်းကို လူအင်အားနဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

" စစ်ကားတွေမှာ လက်နက်တွေသယ်လာတာ ဒီနောက်ပိုင်းမကြာခဏတွေ့ရတယ်။ ကျနော်တို့ကတော့ အဲဒီကားတွေနဲ့တွေ့ရင်ဝေးဝေးရှောင်တယ်" လို့ ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းအသုံးပြုသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ၂၁ရက် နေ့လယ်ပိုင်းက သစ်သားပုံးတွေတင်ထားတဲ့ စစ်ကားသုံးစီးဟာ ရန်ကုန်-ပုသိမ်လမ်းအတိုင်းအလျင်အမြန်မောင်းနှင်သွားတာကို တွေ့ခဲ့ရပါတယ်။

" လူကြီးချင်းချိတ်ဆက်ပြီး ကြိုသတင်းပို့တယ်။ လက်နက်တွေနဲ့ ဖြတ်မယ်လို့။ ဒီနောက်ပိုင်းအဲဒီလိုကားတော်တော်များများဖြတ်တယ်"လို့ ပုသိမ်မြို့အဝင် စစ်ဆေးဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်နဲ့ဧရာဝတီတိုင်း ချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းမတလျှောက်က စစ်ဆေးဂိတ်တွေမှာ မည်သူမဆို လက်နက်ကိုင်ဆောင်ပြီးဖြတ်မယ်ဆိုရင် တရားဝင်သတင်းပို့ကြဖို့ စစ်ကောင်စီကကညွှန်ကြားထားပြီး ဂိတ်တွေမှာလည်းဗီနိုင်းနဲ့ ချိတ်ဆွဲ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကုန်ခန့်ကလည်း အမိုးအုပ်စစ်ကားအစီးရေ ၂၀ကျော်ဟာ ရန်ကုန်ကနေ ဧရာဝတီတိုင်းဘက်ကိုထွက်ခွာသွားခဲ့ပြီး အဲဒီကားတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ လက်နက်ခဲယမ်း သေတ္တာတွေပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

" စစ်မှုထမ်းသင်တန်းဆင်းတွေကို လေးမျက်နှာနဲ့ရေကြည်ဘက်ကိုလည်းပို့တယ်။ တချို့ကို ညောင်တုန်းရေကာတာမှာ လုပ်အားပေးဖို့ထားခဲ့တယ်။ သေတ္တာတွေကိုတော့ ပုသိမ်ကိုပို့တယ်လို့ သိရတယ်။ သေတ္တာတွေထဲမှာ ကျည်ဆံတွေပါတာ တော့သိတယ်။ အသေးစိတ်တော့မေးလို့မကောင်းဘူး"လို့ ဧရာဝတီ တိုင်းထဲက သတင်းရင်းမြစ်တွေကပြောပါတယ်။

ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းက မြို့နယ်တွေကို ခရီးသည်တင်ကား၊ကုန်တင်ကားနဲ့ အိမ်စီးကားအပါအဝင်ကားအစီးရေ ထောင်ချီပြီး နေ့စဉ် ဖြတ်သန်းနေပါတယ်။ အဲဒီကားတွေကို စစ်တပ် ကစစ်ဆေးနေပြီး ငွေကြေးတောင်းခံနေတာတွေလည်းရှိနေပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နဲ့နယ်စပ်မြို့တွေဖြစ်တဲ့ လေးမျက်နှာ၊ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီမြို့နယ်တွေကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေလည်း စစ်ကောင်စီက အင်အားတွေ ပို့နေတယ်လို့ သတင်းရရှိပါတယ်။ပုသိမ်-မုံရွာလမ်းလမ်းပိုင်းကိုအသုံးပြုပြီး စစ်ကောင်စီကအင်အားတွေဖြည့် နေလို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုနေထိုင်ကြဖို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်က ပုသိမ်လေတပ် အသုံးပြုပြီး လေကြောင်းကနေအင်အားဖြည့်နေသလို ငဝန်မြစ်ကြောင်းကိုအသုံးပြုပြီး သင်္ဘောတွေနဲ့ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တွေဘက်ကို အင်အားတွေ ပို့ဆောင်နေပါတယ်။
👍22❤13👎5🔥5👏2🤬1🎉1
(မန္တလေး- မုံရွာလမ်းပိုင်းမှာ မန္တလေးမြို့ကနေ ရိက္ခာတွေ ပို့ဆောင်နေတဲ့ စစ်ကား တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👎22🔥6🤬3🥴3❤1👍1👏1🎉1
ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

စက်တင်ဘာ ၂၂၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ သပိတ်ရဲဘော်တွေ၊ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar"၊ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာ ရရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့ ၊ ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားပေးပါ နဲ့ ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအမတ်ဖြစ်တယ်" ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ရွာစဉ်အလိုက် ဖြန့်ဝေပေးခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထမ်းဆောင်ရေးကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေနဲ့ ပြည်တွင်းမှ တော်လှန်ပြည်သူတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
❤27👍8🥰3🫡3🤣2🖕2🤮1
ဓာတ်ပုံ - ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုလူထုသပိတ်
❤40👍10🥰4🖕4😁1🤣1
အယ်လ်နီညို အပြင်းထန်ဆုံးအဆင့် မရောက်သေးတာ​တောင် အပူချိန် မြင့်တက်မှု စံချိန်သစ်တွေထပ်တင်နေ

■စူပါအယ်လ်နီညို​ကြောင့်နှစ်ပေါင်း ၁,၀၀၀
အတွင်းကမ္ဘာကြီးမှာအပြင်းထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်းပညာရှင်​တွေခန့်မှန်း

-People's Spring

ကမ္ဘာပေါ်မှာလက်ရှိကြုံတွေ့နေတဲ့အယ်လ်နီညိုအပူလှိုင်းဖြတ်မှုဟာအမြင့်ဆုံးအဆင့် (peak) အခြေအနေ မရောက်သေးတာတောင် အပူဒဏ်နဲ့ ပတ်သက်လို့ စံချိန်ဟောင်းတွေကို ဆက်တိုက် ချိုးဖျက်နေကြောင်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

"အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ပြင်းထန်တယ်"လို့တချို့မိုးလေဝသပညာရှင်တွေကရည်ညွှန်းပြီးတချို့ကတော့ ‘ဂေါ်ဇီလာ အယ်လ်နီညို’လို့တင်စားသုံးနှုန်းတဲ့အပူလှိုင်း
ဖြတ်မှု ဖြစ်စဉ်ဟာအမြင့်ဆုံး၊အပြင်းထန်ဆုံး အခြေအနေကိုရောက်လာဖို့ လအတော်ကြာ
လိုပါသေးတယ်။ အဲဒီလို အမြင့်ဆုံး အဆင့်ကိုမရောက်သေးတာတောင်မှ အယ်လ်နီညို
ဒဏ် အဓိက သက်ရောက် ခံစားရတဲဲ့ နယ်မြေတွေမှာ အပူချိန်အမြင့်ဆုံး စံချိန်အသစ်တွေကို တင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးတိုင်းတာရရှိမှုတွေအရပစိဖိတ် သ
မုဒ္ဒရာထဲက အယ်လ်နီညို အားအကောင်းဆုံး ဇုန်တွေမှာ အပူချိန် မြင့်တက်နှုန်းဟာ ၃.၀၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် တိုးလာနေပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက စံချိန်တင်ခဲ့ဖူးတဲ့အပူချိန်တိုးနှုန်း ၃.၀၂ ဒီဂရီဆဲလ်ဆီးရပ်စ်ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။ ပြီးတော့နှစ်ပေါင်း၁၅၀အတွင်းသိပ္ပံနည်းကျ
တိုင်းတာရရှိဖူးသမျှအမြင့်ဆုံးအပူချိန်လည်း ဖြစ်လာပါတယ်။

မိုးလေဝသ ပညာရှင်တွေက ကမ္ဘာ့အပူချိန်ကို တိုင်းတာတဲ့ အခါမှာ လူလုပ် သက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန် ပမာဏတိုးမှုကိုပါထည့်သွင်းတွက်ချက်ကြပါတယ်။ ONIလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီလူလုပ်အပူချိန် မြင့်တက်မှု ညွှန်ကိန်းကလည်း စံချိန်သစ်တင်ဖို့ အရမ်းနီးကပ်နေပြီး ၂၀၁၅ ခုနှစ် စံချိန်ဟောင်းထက်၀.၀၁ ဒီဂရီဆဲလ်ဆီးရပ်စ်ပဲ နိမ့်ပါတော့တယ်။

ပညာရှင်တချို့ကတော့ကမ္ဘာပေါ်မှာအယ်လ်နီညိုဖြစ်စဉ်တွေ အခါအားလျော်စွာကြုံရတတ်ပေမယ့် လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀အတွင်းကမ္ဘာကြီးမှာအပြင်း
ထန်ဆုံးအပူလှိုင်းဖြတ်မှုဖြစ်နိုင်ကြောင်း ပြောပါတယ်။မိုးလေဝသနဲ့ရာသီဥတုကြောင့်
ကမ္ဘာ့အပူချိန် မြင့်တက်လာတာကို လူသားတွေရဲ့စနက်ကြောင့် ပိုပြီး အပူဖြည့်ပေးသလိုလည်း ဖြစ်နေပါတယ်။အဲဒီအခြေအနေနှစ်
ခု ပေါင်းစပ်သွားတဲ့အခါ လာမယ့် ၂၀၂၇ ခုနှစ်ဟာ ကမ္ဘာပေါ်မှာကြုံဖူးသမျှ အပူချိန် မှတ်
တမ်းဟောင်းတွေကို ချိုးဖျက်ပြီး အပူဆုံးနှစ် ဖြစ်လာဖို့ တာစူနေတယ်လို့လည်း သိရပါတယ်။

ရုပ်ကြွင်းလောင်စာတွေအလွန်အကျွံသုံးစွဲမှုကနေထွက်ပေါ်လာတဲ့အပူကလည်းကမ္ဘာ့ရာ
သီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကိုပိုမို ဆိုး
ရွားစေပြီးလူသားတွေရဲ့အသက်ကိုပါ ရေ
ရှည်မှာ ခြိမ်းခြောက်လာနေပါတယ်။အယ်လ်နီညိုကတော့အဲဒီ ခြိမ်းခြောက်မှုကိုမီးစာထပ်ဖြည့်ပေးနေတယ်လို့ Guardian သတင်းဌာနရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အယ်ဒီတာ ဒေမီယန် ကာရင်တန်က သူ့ရဲ့ ဆောင်းပါးထဲမှာ သတိပေး ရေးသားထားပါတယ်။

ရာသီဥတုအခြေအနေကကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေကို လေ့လာနေတဲ့ သုတေသီ ဇီကီ ဟော့စ်ဖာသာက ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ ပြင်းထန်အယ်လ်နီညို ဖြစ်စဉ်နှစ်ခုကြောင့်ကမ္ဘာအနှံ့မှာဒေါ်လာဘီလီယံပေါင်း ရာနဲ့ချီတဲ့ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ဖူးကြောင်း၊လက်
ရှိ အယ်လ်နီညိုရဲ့ သက်ရောက်မှုတွေက အဲဒီနှစ်တွေထက် ကျော်တက်သွားပြီးပြီလို့ ယုံ
ကြည်ရကြောင်း ပြောပါတယ်။

ဥရောဟာအယ်လ်နီညိုဂယက်ကြောင့်အလွန်
အကျွံပူပြင်းတဲ့နွေရာသီကိုကြုံတွေ့ဖြတ်သန်း
ခဲ့ရပါတယ်။လောလောဆယ်အင်ဒိုနီးရှားမှာ တောမီးတွေ လောင်ကျွမ်းနေပြီး လူ့အသက်တွေကိုပါ ခြိမ်းခြောက်နိုင်တဲ့လေထုညစ်ညမ်း
မှုတွေ ဖြစ်ပေါ်နေပါတယ်။အိန္ဒိယမှာတော့ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် အင်မတန် အရေးကြီးတဲ့ မုတ်သုံမိုး ရွာသွန်းမှုဟာ ကျရိပ်ပြလာနေပါတယ်။ အမေရိကန် အလယ်ပိုင်းနဲ့ ကာရေဘီယန် ဒေသတွေမှာ မိုးခေါင်ပြီးသီးနှံတွေပျက်စီးနေသလိုပနားမား တူး
မြောင်းမှာ ရေစူးအနက် လျော့ကျလာလို့ ကုန်သွယ်ရေး နှေးကွေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့ကလည်း အယ်လ်နီညို ဂယက်ကြောင့် လူပေါင်း သန်း ၅၀ လောက်ဟာ စားနပ်ရိက္ခာ မဖူလုံတဲ့ဒဏ် အပြင်းအထန် ခံစားရပြီး အစားအသောက်စျေးတွေမြင့်တက်လာနိုင်ကြောင်း ဩဂုတ်
လမှာ သတိပေးထားပါတယ်။

အယ်လ်နီညိုဟာ အပူချိန် လွန်လွန်ကဲကဲ မြင့်တက်စေပေမယ့် တချို့ဒေသတွေမှာတော့ မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးမှုတွေ ပိုဆိုးလာအောင် ပြောင်းလဲ သက်ရောက်စေပါတယ်။တောင်အမေရိက ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ပီရူးနဲ့ ချီလီတို့ဟာ အယ်လ်နီညိုကြောင့်ဖြစ်တဲ့ ရေကြီးမှုတွေနဲ့ ရုန်းကန်နေရပြီး အာဖရိက ဦးချိုဒေသမှာလည်း မိုးသည်းသည်းမည်းမည်း ရွာချတာတွေ ပိုဆိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
👍25❤11🔥2👎1🤣1
အမေရိကန် အမျိုးသား လေထုလေ့လာရေးဌာန ပါမောက္ခ ကီဗင် ထရန်းဘက်သ်ကတော့ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှတိုက်တွေ အပါအဝင် ကမ္ဘာ့မြောက်ခြမ်း ဒေသတွေမှာ အယ်လ်နီညိုကြောင့်နွေရာသီအပူချိန် အလွန်
အမင်းမြင့်တက်လာတာ၊တောမီးလောင်ကျွမ်းမှုတွေ ပိုဆိုးလာတာတွေဟာ ရှေ့ဆက် ကြုံလာဦးမယ့်အခြေအနေဆိုးတွေရဲ့ အစလောက်သာ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုးကား-The Guardian


#စူပါအယ်လ်နီညို #အပူချိန်စံချိန်သစ်တင်
#၂၀၂၇အပူဆုံးနှစ် #အပူလှိုင်း
#peoplesspring #ludunwayoo
👍22❤3🔥3👎2🤣1
ဓါတ်ပုံ-Guardian ၊ Getty ၊AFP
👍24😢4🔥2🖕2👎1
ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။

ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။

ငါးထပ်အဆောက်အအုံရဲ့အပေါ်ဆုံး နှစ်ထပ်မှာ အာဏာသိမ်း မြန်မာစစ်တပ်ကို သစ္စာခံတဲ့ အရာရှိတွေ နေထိုင်နေပါတယ်။ အောက်က သုံးထပ်ကတော့ အာဏာသိမ်း စစ်တပ်ကို တရားဝင် အစိုးရအဖြစ် လက်မခံဘဲအာဏာ ဖီဆန် ရပ်တည်နေတဲ့ သံအရာရှိ တစ်ဦးရဲ့ ပိုင်နက်လို့ သတ်မှတ်နိုင်ပါတယ်။

အဲဒီ သံအရာရှိကြီးကတော့ ဦးကျော်မိုးထွန်းပါပဲ။သူဟာ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရော
ဂါဆိုးကြီးဖိစီးနေတဲ့ကာလထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ် အနေနဲ့ နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ လပိုင်းလောက်အကြာမှာတော့ သူကိုယ်စားပြုတဲ့ ရွေးကောက်ခံမြန်မာအစိုးရကိုစစ်တပ်ကဖယ်ရှားပြီး အာဏာသိမ်းလိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး ဦးကျော်မိုးထွန်းဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအတွက် အလုပ်လုပ်ပေးဖို့ အစဉ်တစိုက်ဖီဆန်ပြီး ငြင်းဆိုခဲ့ပါတယ်။

သူဟာ စစ်ခေါင်းဆောင်တွေကိုအာခံရပ်တည်ရင်းကုလသမဂ္ဂမှာရှိနေတဲ့သူ့ရဲ့ရာထူးနေရာကိုရော၊သူနေထိုင်ရာနေရာကိုပါ အလျှော့မပေးစတမ်း ကာကွယ်ထားခဲ့ပါတယ်။ အဲဒီ ခိုင်မာမြဲမြံတဲ့အားထုတ်မှုကပဲ မြန်မာနိုင်ငံရဲ့ ရှည်လျားကြမ်းတမ်းတဲ့ ဒီမိုကရေစီရေး ရုန်းကန်မှုတွေအတွက် ပြတင်းပေါက် တံခါးတစ်ချပ် ဖြစ်နေခဲ့ပါတယ်။

တစ်ချိန်တုန်းကဦးကျော်မိုးထွန်းရဲ့လက်
အောက်ကအမှုထမ်းတွေဖြစ်ခဲ့ပြီး အခုတော့ စစ်တပ်ကို သစ္စာခံသွားတဲ့ အရာရှိတွေရော၊ ဦးကျော်မိုးထွန်းရဲ့ အဖွဲ့သားတွေကပါ သူတို့ ထိန်းသိမ်းထားတဲ့ အဆောက်အအုံ အစိတ်
အပိုင်း နေရာတွေမှာ လူမရှိဘဲ ထွက်မသွားရဲကြပါဘူး။ ပြိုင်ဘက်တွေက ဒါကို အခွင့်
ကောင်းယူပြီး သော့ပြောင်းခတ်သွားတာမျိုး လုပ်မှာကိုနှစ်ဖက်စလုံးကစိုးရိမ်နေကြပါတယ်။

“သော့ကတော့ကျွန်တော်တို့ကိုင်ထားတာပါ”လို့ မကြာသေးခင်က စာရေးသူက ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ် ရုံးဆီ သွားရောက်ချိန်မှာ ဦးကျော်မိုးထွန်းက ပြောပြပါတယ်။ အပေါ်ထပ်က မလိုလားစရာ အိမ်နီးချင်းတွေနဲ့ပတ်သက်လို့တော့“သူတို့က ကျွန်တော်တို့ ဘာလုပ်သလဲဆိုတာကို တောက်လျှောက် စောင့်ကြည့်နေတာဗျ။ ဒီနေ့ ခင်ဗျားလာတဲ့ အကြောင်းကိုလည်း သူတို့ အစီရင်ခံကြလိမ့်မယ်”လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းဖယ်ရှားလိုက်တဲ့ အရပ်သား အစိုးရကို ကုလသမဂ္ဂက တရား
ဝင် မြန်မာ အစိုးရအဖြစ် သတ်မှတ်ထားဆဲပါ။ တစ်ဖက်မှာတော့အခုသီတင်းပတ်မှာကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင် ဦးကျော်မိုးထွန်းရဲ့ နေရာကို ဖိအားပေးဖို့ မြန်မာစစ်တပ်က ပိုပြီး အရှိန်မြှင့် ကြိုးစားလာပါတယ်။

နိုင်ငံတကာ အသိအမှတ် ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ ရွေး
ကောက်ပွဲ တစ်ခုကို အသုံးချပြီး သူ့ကိုယ်သူ သမ္မတဂုဏ်ပုဒ် ကောက်တပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့လို နိုင်ငံခေါင်းဆောင်တွေနဲ့ ကော်ဇောနီ လျှောက်လမ်းပေါ် အတူလျှောက်ပြတဲ့ ပုံရိပ်တွေကို ဖန်တီးယူလာနေပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာတော့အရပ်သားအစိုးရ မျက်နှာဖုံး တပ်ထားတဲ့ အာဏာသိမ်း စစ်တပ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ ဆက်ရှိနေခွင့်ရဖို့ ဒေါ်လာ ၂.၆ သန်းလောက်ကို မလျော်မကန် အသုံးပြုခဲ့ကြောင်း စွပ်စွဲရေးသားထားပါတယ်။ စစ်တပ်ဟာ ဦးကျော်မိုးထွန်းကို ဝရမ်းပြေး၊ သူခိုး၊ သစ္စာဖောက်စတဲ့ အသုံးအနှုန်းတွေနဲ့လည်း အမျိုးစုံ ပုတ်ခတ်ခဲ့ဖူးပါတယ်။ ဒီလထဲမှာတော့ အဲဒီ အပုပ်ချ ဝေါဟာရတွေကို စစ်တပ်က ပိုပြီး ဖောဖောသီသီ သုံးစွဲလာသလို ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)နဲ့ပါ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

“ဒီနှစ်မှာသူတို့ကအစွမ်းကုန် ပုံအောပြီး ကြိုး
စားလာတာဗျ”လို့ ၂၀၂၁ ကတည်းက စစ်
တပ်က အသိအမှတ် မပြုကြောင်း ကြေညာတာ ခံထားရတဲ့ ဦးကျော်မိုးထွန်းက​ပြောပါတယ်။ ၂၀၂၁ နောက်ပိုင်း စစ်တပ်ဟာ သူ့ပတ်စ်ပို့တ်ကို ပယ်ဖျက်ခဲ့သလို ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ဘဏ်အကောင့်ကို ထိန်းချုပ် ပိတ်ဆို့ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူက ရှင်းပြပါတယ်။

စစ်တပ်ကို ဖီဆန်ခဲ့တဲ့ သူ့ရဲ့ အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့် တစ်ခုကတော့ ၂၀၂၁ ခုနှစ်တုန်းက ကုလသမဂ္ဂ ဌာနချုပ်ထဲမှာမိန့်ခွန်း​ပြောရင်းစစ်အာဏာသိမ်းမှုကိုဆန့်ကျင်​ကြောင်းလက်သုံး​ချောင်း​ထောင်ခဲ့တာ ဖြစ်ပါတယ်။
❤33🖕3😢1🤮1🤣1
ပြီးခဲ့တဲ့ ဇွန်လတုန်းက လုံခြုံရေး ကောင်စီ မိန့်ခွန်းမှာ ဦးကျော်မိုးထွန်းက လုံခြုံရေး ကောင်စီဟာ မြန်မာနဲ့ ပတ်သက်ပြီး အပ်နှင်းခံထားရတဲ့တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ထည့်သွင်းစွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့အဲဒီနောက်ပိုင်းနှစ်တွေနည်းတူ ဒီလမှာကျင်း
ပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်းပဲ ဦးကျော်မိုးထွန်းဟာ မိန့်ခွန်းပြော
ခွင့် ရဖွယ် မရှိပါဘူး။

၂၀၂၁ တုန်းက ဦးကျော်မိုးထွန်းဟာ သူ့အသက်ကို လုပ်ကြံမယ့် အခြေအနေ တစ်ခုကို ကြုံတွေ့ခဲ့ရဖူးပါတယ်။နောက်တော့သူ့အတွက် လပေါင်း အတော်ကြာအောင် အမေရိကန် အစိုးရက လုံခြုံရေး စီစဉ်ပေးခဲ့ရပါတယ်။“Costco (လက္ကား စျေးဝယ်စင်တာ)ကိုတောင် ကျွန်တော်က ကျည်ကာ ဗင်ကားနဲ့ သွားခဲ့ရတာ”လို့ သူ့ရဲ့အပတ်စဉ်လိုအပ်တဲ့ ကုန်စုံတွေ သွားဝယ်ယူရတဲ့ အကြောင်းကို ဦးကျော်မိုးထွန်းက ပြောပြပါတယ်။


https://www.facebook.com/share/p/14mmSrcUM3Q/
👍28🥰7❤5😢2🖕2🤮1🤣1
တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေရောက်နေတဲ့ မင်းတုန်းမြို့အနောက်ခြမ်းကို စစ်ရေးနဲ့လုံခြုံရေး PDF သတိပေး

စက်တင်ဘာ-၂၂၊၂၀၂၆။ဇော်ရမ်း/ People's Spring

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေရောက်ရှိနေပြီး စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ဒေသအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို သတိထားကြဖို့ကို အထူးသတိပေးလိုတယ်လို့သရက်ခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒေသခံတစ်ဦးက "ဒီရက်ထဲ လေကြောင်းကနေ ပစ်တာ ခပ်စိပ်စိပ်ဖြစ်နေတယ်။ အရင်ရက်ကလည်း အရပ်သားထိခိုက်သေဆုံးတာတွေရှိထားတော့ နေ့ရောညပါပေါ့ဆလို့မရဘူး"လို့ ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာကနေ ပြီးခဲ့တဲ့သြဂုတ်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားကိုအသုံးချပြီး စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သြဂုတ်၂၉ရက်ကတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၅ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ၆ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့ပါတယ်။
👍30❤4🤣2🖕2🤬1💩1