People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဟွန်ဒီကွန်ရက်တွေကို တရားဝင်အသုံးပြုနေတဲ့ အခြေအနေတွေ ရှိနေသော်လည်း မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီစနစ်ကို ပိုမိုပြင်းထန်စွာ နှိမ်နင်းခြင်းနဲ့အတူ “တရားမဝင်” လို့ သတ်မှတ်ခဲ့ပြီး၊ သူတို့ရဲ့ အရေးယူမှုတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု အန္တရာယ်တွေ ဘာကြောင့် ပိုမိုကြီးထွားလာသလဲဆိုတာ၊ အရင်က တရားဝင်အသုံးပြုနေခဲ့တဲ့ ဟွန်ဒီစနစ်ကို ဘာကြောင့် အခုမှ တရားမဝင်အဖြစ် သတ်မှတ်လာရသလဲဆိုတာကိုတော့ စစ်အုပ်စုဘက်က ရှင်းလင်းတဲ့ အကြောင်းပြချက် မပေးနိုင်သေးပါဘူး။

အမှန်တကယ်မှာတော့ စစ်အုပ်စုရဲ့ ဟွန်ဒီကွန်ရက်အပေါ် အာရုံစိုက်မှုဟာ ဒီစနစ်မှာရှိနေတဲ့ အန္တရာယ်ပမာဏနဲ့ နှိုင်းယှဉ်ရင် အလွန်အမင်း လွန်ကဲနေပါတယ်။ တကယ်လိုအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ အိမ်ခြံမြေကဏ္ဍတွေထဲမှာ ရှိနေတဲ့ လူသိများတဲ့ ငွေကြေးခဝါချမှု ပြဿနာတွေ ဖြေရှင်းဖို့ကိုတော့ ယခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်သေးပါဘူး။

ဒါ့အပြင် ကျားဖြန့်စင်တာတွေနဲ့ ငွေကြေးခဝါချမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကရင်အမျိုးသားတပ်မတော် (KNA/BGF) နဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ စစ်အုပ်စုဟာ ကျားဖြန့်လုပ်ငန်းတွေကနေ အကျိုးအမြတ် ရရှိနေတယ်လို့ စွပ်စွဲခံနေရသလို၊ စစ်အုပ်စုနဲ့ ဆက်နွယ်သူအချို့ဟာ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။

ဒါကြောင့် ဟွန်ဒီကွန်ရက်တွေကို အလွန်အမင်း အာရုံစိုက်နှိမ်နင်းနေခြင်းဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ မသမာသော အခြားရည်ရွယ်ချက်တစ်ခု ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲဒါကတော့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ကို အသုံးပြုလာအောင် ဖိအားပေးပြီး နိုင်ငံခြားငွေ စီးဆင်းမှုတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံတကာ ငွေကြေးစနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသမာတဲ့နည်းနဲ့ အသုံးချနေတဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် ပြည်ပရောက် မိသားစုဝင်တွေထံက ရရှိတဲ့ငွေဟာ စစ်အုပ်စု သတ်မှတ်ထားတဲ့ ငွေလဲနှုန်းတွေကြောင့် တန်ဖိုးလျော့နည်းသွားပြီး၊ ဝင်ငွေကို မှီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အခြေအနေကို ပိုမို ခက်ခဲသွားစေပါတယ်။

ပြည်ပက ပြန်လွှဲပို့တဲ့ ငွေကြေးနဲ့ မိသားစုတွေရဲ့ နေထိုင်မှုအခြေအနေကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိပါတယ်။ ပြည်ပက ငွေလွှဲရရှိတဲ့ အိမ်
ထောင်စုတွေဟာ အစားအသောက်သုံးစွဲမှု ပိုမိုကောင်းမွန်ပြီး အာဟာရပြည့်ဝမှုလည်း ပိုမိုရရှိနိုင်ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ငွေလွှဲရရှိတဲ့ အိမ်ထောင်စုတွေဟာ ဆင်းရဲနွမ်းပါးမှု ကြုံတွေ့ရနိုင်ခြေ ၂၅ ရာခိုင်
နှုန်းအထိ လျော့နည်းကြောင်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။

ဟွန်ဒီကွန်ရက်တွေကို အသုံးပြုပြီး ငွေလွှဲပို့ရတာဟာ တစ်ခုတည်းသော ရွေးချယ်စရာလို ဖြစ်နေတဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာတော့ ဒီနှိမ်နင်းမှုရဲ့ သက်ရောက်မှုက ပိုမိုပြင်းထန်ပါတယ်။ ရခိုင်ပြည်နယ်လို ဒေသတွေမှာ ပုဂ္ဂလိကဘဏ်အများစုဟာ ပိတ်ထားရပြီး၊ ပုံမှန်ဘဏ်ဝန်ဆောင်မှုတွေ ရရှိဖို့ အလွန်ခက်ခဲနေပါတယ်။

မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်တဲ့ နေရာအချို့ ရှိနေသေးပေမယ့် ငွေသား ထုတ်ယူခတွေ မြင့်မားလာတာ၊ စစ်အုပ်စုက ငွေကြေးလှုပ်ရှားမှုတွေကို ပိုမိုနီးကပ်စွာ စောင့်ကြည့် နေတာတွေကြောင့် ပြည်သူတွေအတွက် အခက်အခဲတွေ ပိုများလာပါတယ်။

ဟွန်ဒီကွန်ရက်တွေကို နှိမ်နင်းလိုက်ခြင်းဟာ ဒီလိုဒေသတွေဆီ ငွေကြေးပို့ဆောင်ဖို့ ကုန်ကျစရိတ် ပိုမိုမြင့်တက်လာစေပြီး လုပ်ရကိုင်ရ ပိုမိုခက်ခဲစေပါတယ်။ ဒါ့အပြင် အကျပ်အတည်းဖြစ်နေတဲ့ ဒေသတွေမှာ အရေးပေါ် ငွေသားအကူအညီတွေ ပေးပို့ဖို့ ဒီကွန်ရက်တွေကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။

စစ်အုပ်စုရဲ့ ဟွန်ဒီနှိမ်နင်းမှုဟာ အာဆီယံနိုင်ငံတွေအတွက်လည်း စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟွန်ဒီကွန်ရက်တွေကနေတစ်ဆင့် လွှဲပြောင်းပေးနေတဲ့ ငွေကြေးတွေဟာ မြန်မာနိုင်ငံအတွင်းမှာသာ သက်ရောက်မှုရှိတာ မဟုတ်ဘဲ အာဆီယံဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေနဲ့ပါ သွယ်ဝိုက်သောနည်းဖြင့် အကျိုးပြုနေပါတယ်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ငွေလွှဲပို့မှုတွေဟာ မြန်မာနိုင်ငံအတွင်းက မိသားစုတွေရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသလို၊ အဲဒီမိသားစုတွေကနေတစ်ဆင့် အာဆီယံနိုင်ငံတွေက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်စွမ်းလည်း တိုးမြင့်စေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေအတွက် မြန်မာပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းဟာ ဒေသတွင်း စီးပွားရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။
👍22❤5🖕3👎2🤮2
ဒါတင်မက ပြည်တွင်းမှာ မိသားစုတွေကို အထောက်အပံ့ပေးနိုင်ခြင်းဟာ လူတွေကို အန္တရာယ်ရှိတဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုတွေ၊ လူကုန်ကူးခံရနိုင်ခြေတွေကနေ လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဟွန်ဒီစနစ်ကို ပိတ်ပင်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို စစ်အုပ်စုထိန်းချုပ်ထားတဲ့ ငွေလွှဲလမ်းကြောင်းထဲ ဝင်ရောက်အသုံးပြုစေမယ်ဆိုရင် စစ်အုပ်စုရဲ့ အာဏာနဲ့ ထိန်းချုပ်မှုကိုသာ ပိုမိုခိုင်မာအား ကောင်းလာစေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်အပေါ် မြန်မာစစ်အုပ်စုရဲ့ ငြင်းဆန်မှုကို ပိုမိုအားပေးရာ ရောက်ပါလိမ့်မယ်။

အကြောင်းကတော့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးမယ့်အစား စစ်အုပ်စုရဲ့ ထိန်းချုပ်နိုင်စွမ်းကိုသာ ပိုမိုအားကောင်းစေနိုင်တာကြောင့် ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းမှုကို တားဆီးဖို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတာပေမယ့် လက်ရှိ ဟွန်ဒီနှိမ်နင်းမှုဟာ တကယ့် တရားမဝင် လုပ်ငန်းကြီးတွေကို ထိရောက်စွာ တားဆီးတာထက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားဝင် ငွေလွှဲမှုတွေကိုသာ ပိုမို ထိခိုက်စေပါတယ်။

နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စံနှုန်းတွေအရ ပုံမှန်မဟုတ်တဲ့ ငွေကြေးဝန်ဆောင်မှု ပေးသူတွေကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ စောင့်ကြည့်ထိန်းချုပ်ခြင်းတွေက ပိုမိုသင့်လျော်တဲ့ နည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဟွန်ဒီကွန်ရက်တွေကိုသာ အတင်းအကျပ် နှိမ်နင်းပြီး စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ထဲ တွန်းပို့လိုက်ခြင်းကတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်အုပ်စု သတ်မှတ်ထားတဲ့ မတရားတဲ့ ငွေလဲနှုန်းတွေအောက် ရောက်ရှိသွားစေ နိုင်ပါတယ်။

အာဆီယံနိုင်ငံများအနေနဲ့လည်း တရားဝင်ငွေလွှဲမှုများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ စီးဆင်းမှုများကို မထိခိုက်စေဘဲ၊ တကယ်အရေးကြီးတဲ့ အမှန်တကယ်ဖြစ်ပေါ်နေသော ငွေကြေးခဝါချမှုများကိုသာ ထိရောက်စွာ တားဆီးနိုင်ရေးအပေါ် အာရုံစိုက်သင့်ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေဟာ ကိုယ့်နိုင်ငံတွေရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး တရားဝင် ဟွန်ဒီငွေလွှဲစနစ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ခွင့်ပြုနိုင်မလဲဆိုတာ ရှာဖွေသင့်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်နဲ့ ငွေကြေးစနစ်တွေကို မယုံကြည်တော့ဘဲ ဟွန်ဒီစနစ်ကို ဘာကြောင့် အသုံးပြုနေရသလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ မြန်မာစစ်အုပ်စုကို ဖိအားပေးနိုင်ပါတယ်။

East Asia Forum ကတော့ အာဆီယံစီးပွားရေးအသိုက်အဝန်းနဲ့ ကိုက်ညီတဲ့ ပွင့်လင်းပြီး တည်ငြိမ်တဲ့ စီးပွားရေးစနစ်ကို ပြန်လည်တည်ဆောက်နိုင်မှသာ ဟွန်ဒီစနစ်အပေါ် ပြည်သူတွေရဲ့ မှီခိုအားထားမှုကို တားမြစ်နှိမ်နင်းမှုတွေထက် ပိုမိုထိရောက်စွာ လျှော့ချနိုင်မယ်လို့ သုံးသပ်ထားပါတယ်။

သို့သော် လက်ရှိ စစ်အာဏာရှင်စနစ်အောက်မှာတော့ ပြည်သူတွေ ယုံ
ကြည်အားထားနိုင်တဲ့ ပွင့်လင်းတည်ငြိမ်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက်လာနိုင်မယ့် အခြေအနေ မရှိပါဘူး။

ကိုးကား – East Asia Forum


#ပြည်ပရောက်မြန်မာလုပ်သား #ဟွန်ဒီ
#ငွေပြန်လွှဲ #ဘဏ်စနစ် #စစ်တပ်
#peoplesspring #ludunwayoo
❤18👍12🤮3🖕3🔥1
ထိုင်း​ဆောက်လုပ်​ရေးလုပ်ငန်းခွင် တခုမှ
မြန်မာအပါအဝင် ပြည်ပအလုပ်သမား​တွေ။
ထိုင်းနိုင်ငံဟာ မြန်မာအလုပ်သမား​တွေအများဆုံးအလုပ်လုပ်ကိုင်​နေတဲ့နိုင်ငံဖြစ်ပါတယ် ။ ။ဓါတ်ပုံ-Khaosod
👍24🖕4🔥3👎1🤬1
အမြန်လမ်း တောင်ငူ-အုတ်တွင်းလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ၂၂၊၂၀၂၆။အိမ်သွင်/People's Spring

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမြန်လမ်းဘေးက ရွှေလောင်းနဲ့ဘိုကုန်းကျေးရွာတွေမှာ စက်တင်ဘာ ၁၅ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၁ရက်မှာတော့ ပဲကြီးခုံကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွှေလောင်း၊ဘိုကုန်းနဲ့ ပဲကြီးခုံကျေးရွာတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။

အဲဒီရွာတွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဇီးကုန်း၊ ကမ်းဘနီ ၊ အင်းဝိုင်းနဲ့ ကရင်ရွာကြီးရွာတွေကိုလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးတွေလည်းပစ်ခတ်နေလို့ ဒေသခံတွေဟာ တောင်ငူနဲ့ အုတ်တွင်းမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်စစ်ကြောင်း‌ တွေဝင်လာပြီး တိုက်ပွဲစတင်ဖြစ်ပွားတဲ့ စက်တင်ဘာ ၁၅ ရက်က ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးအချို့အပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။။

" ဒီနေ့ဆိုသွားပြီး ကယ်ထုတ်လို့လည်းမရဘူး။ လမ်းတွေကလုံခြုံရေးတော်တော်စိတ်မချရဘူး။ ဆုတောင်းပေးနေရတယ်"လို့ တောင်ငူမြို့ခံတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်းအတွင်း အုတ်တွင်း၊ဖြူး၊ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်တွေထဲမှာ ၂၀၂၅ ဩဂုတ်နဲ့ နိုဝင်ဘာက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အရပ်သားတွေကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့လို့ အခုလည်း အထူးလုံခြုံရေးသတိပြုနေထိုင်ကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

၂၀၂၅ သြဂုတ် ၇ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း (၁၁၅)မိုင်အနီးက ဘုတရာဘုရားအနီးကိုစစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ကျီးမနိုးကျေးရွာမှာ ကိုယ်ဝန်ဆောင် မိခင် ၂ဦးအပါအဝင် ဒေသခံ ၁၁ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် ဌာနေကရင်လူမျိုး သားအမိ ၂ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနဗျူဟာ၂၂က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အုတ်တွင်းမြို့နယ်က ကျေးရွာတွေ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကလည်း ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျွန်းစိုက်ခင်း လုပ်သားမိသားစု ၅ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုတော့ အမှတ်-၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာနဗျူဟာ(၂၂)က အသေးစိတ်သတင်းမထုတ်ပြန်သေးပါဘူး။ မနေ့ ညနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းပျံသန်းသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
❤24👍17👎4👏2🤬2🥰1🥴1
(ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ကင်းစခန်းတစ်ခုကို ၂၀၂၄ ဒီဇင်ဘာက နွားထိုးကြီး အခြေစိုက် PDF တွေက တိုက်ခိုက်မှုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
❤41🖕6🥰5👍2😁1
ကလေးမြို့က ကွန်ပြူတာဆိုင်မီးလောင်မှု အမျိုးသမီး ၃ဦး သေဆုံး

စက်တင်ဘာ-၂၂၊၂၀၂၆။သတိုး/People's Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က ကွန်ပြူတာဆိုင်တစ်ဆိုင်မှာ စက်တင်ဘာ ၂၁ရက်ည ၁၁နာရီကျော်က မီးလောင်ခဲ့တာဖြစ်ပြီး နာရီဝက်လောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

မီးသတ်ကားတွေရောက်ရှိချိန်မှာ မီးလောင်အားအတော်ကောင်းနေပြီး မီးလောင်တဲ့အထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီး ၃ဦးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေကို ပုညကုသလ လူမှုကူညီရေးအသင်း နဲ့ ဂရုဏာလူမှူကူညီရေးအသင်းက ကလေးဆေးရုံကိုပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုအကြောင်းရင်း နဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က မထုတ်ပြန်ထားသလို လူသေဆုံးမှုရှိတဲ့အကြောင်းကိုလည်း မဖော်ပြထားပါဘူး။
😢26❤2🔥2👎1
(ကလေးမြို့က ကွန်ပြူတာဆိုင်မီးလောင်မှု မြင်ကွင်း။ ဓာတ်ပုံ - Myanmar Fire Services Department)
😢30👍3🔥2
ပြည်တွင်းဆောက်လုပ်​ရေး​လောက
အကျပ်အတည်း​တွေ့

■စစ်တပ်ကပြည်ပမှ​ဆောက်လုပ်​ရေးပစ္စည်းတင်သွင်းခွင့်တားမြစ်တာ၊​​ငွေ​ကြေး​ဖောင်းပွတာ၊စစ်မှုထမ်းစု​ဆောင်းမှု​ကြောင့်လုပ်သားရှားပါးတာစတာ​တွေကဆောက်လုပ်​ရေးလောကကိုအကြပ်အတည်း​တွေ့​​စေ

စက်တင်ဘာ -၂၂၊၂၀၂၆။ဇော်၀င်း/People's Spring

​ဆောက်လုပ်​ရေးသုံးပစ္စည်း​တွေ​ဈေးတဟုန်ထိုးတက်လာတာ ၊လုပ်သားရှားပါးလာတာစတဲ့ပြသာနာ​တွေ​ကြောင့်ရန်ကုန်မြို့ကဆောက်
လုပ်ရေးကုမ္ပဏီတချို့ဖျက်သိမ်းနေသလို ၊
ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေ​ငွေသွင်းပြီး​ပေမယ့် အခန်းမရတာ၊ငွေထပ်မံတောင်းခံတာ စတဲ့ပြသာနာ​တွေဖြစ်​ပေါ်နေပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က သွင်းကုန်ပါမစ်ပိတ်ဆို့မှုကြောင့်ဈေးအဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကတဆင့် နှစ်အလိုက်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့်ဆောက်
လုပ်ရေးလောက အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင် တချို့ကဆိုပါတယ်။

"အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံ
ချောင်းတွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်း ‌ဆောက်လုပ်ရေးလောက က ပိုဆိုးရွာလာတယ်"လို့ ဆောက်
လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါကြောင့်လည်း ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်း အခုရက်ပိုင်းမှာတင် စာရင်းရှင်းလင်းဖျက်သိမ်း​ကြောင်း​ကြေညာထားပြီး
​ဆောက်လုပ်​ရေး​လောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ အထက်ပါ လုပ်ငန်းရှင်က​ပြောပါတယ်။

တဖက်မှာလည်း ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေက သတ်မှတ်ငွေအပြည့်ပေးသွင်းပြီးတဲ့အထိ အခန်းမရ‌တဲ့ ဖြစ်‌စဉ်တွေရှိလာပါတယ်။

လတ်တလောလူထုနွေဦးက ရရှိထားတဲ့ အ
ချက် အလက်တွေ အရ ရန်ကုန်မြို့က နာ
မည်ကြီးကွန်ဒိုတွေ ဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 နဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းက အခန်းတွေ ဖြစ်တယ်လို့ ကြိုပွိုင့်၀ယ်ယူထားပြီး ​ငွေ​ပေးသွင်းပြီး အခန်းမရ​သေတဲ့သူတွေက အသိပေးထားပါတယ်။

"ငွေယူထားပြီး သတ်မှတ်ကာလ ရောက်တဲ့အထိ အခန်းမအပ်နိုင်ဘူးဆိုတာ ကျားဖြန့်တွေကို တရား၀င်ခွင့်ပြုထားသလို ဖြစ်နေတယ်"လို့ အိမ်ခြံမြေ ဥ‌ပဒေအကျိုးဆောင် အထက်တန်းရှေ့နေတစ်ဦးက ပြောပါတယ်။

The Central Tower 8 ကို တရုတ်နိုင်ငံသား အိမ်ခြံမြေကျွမ်းကျင်သူ စတီဖင် ဆိုသူပိုင်တဲ့ Marga Group က Marga Land mark Development ကုမ္ပဏီက တည်ဆောင်ဖို့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဆီက ခွင့်ပြုမိန့်ရခဲ့တာဖြစ်ပါတယ်။

စာချုပ်ပါ အချက်အလက်တွေအရ ကြိုပွိုင့်နဲ့၀ယ်ယူထားသူတွေကို ၂၀၂၀ မှာ အခန်းအပ်မယ်လို့ ကတိက၀တ်ပြုထားပေမယ့် ၂၀၂၆ ခုနှစ်အထိ အခန်းမအပ်နိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်
ငန်းရှင်များအသင်း ဥက္ကဌ ဖြစ်သူဦးရှိန်၀င်းရဲ့ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ ရှယ်ယာပါတဲ့ Emerald Bay ကွန်ဒိုမီနီယံစီမံကိန်း တာဝါနံပါတ် (၃) ကလည်း လုပ်ငန်းခွင့်ပြုချက်မရသေးဘဲ ကြိုပွိုင့်၀ယ်ယူထားသူတွေဆီက ငွေထပ်မံတောင်းခံနေတာကြောင့် အငြင်းပွားမှုတွေ ရှိနေပါတယ်။

Emerald Bay စီမံကိန်းကို စင်ကာပူအခြေ
စိုက် Golden Paragon Investment ကုမ္ပဏီက ဖော်ဆောင်နေခြင်းဖြစ် တရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေနဲ့ မြန်မာဘက်က တက်
လမ်းကုမ္ပဏီလည်း ပါ၀င်ထားတယ်လို့ သိရပါတယ်။

"ဆောက်လုပ်ရေးပစ္စည်းစျေးကတောက်​လျှောက်တက်လာတာ၊ဥပမာသံဆိုလည်းသွင်းခွင့်မရတော့ ပစ္စည်းပြတ်တယ်။ ရှိတဲ့ဟာကို စျေးချိန်ရောက်တော့ စျေးတွေကအလိုလိုတက်ကုန်တာပဲ။အပြင်က သွင်းတဲ့ သံတင်တက်တာလားဆိုတော့လည်းမဟုတ်ဘူး။ ပြည်တွင်းကထုတ်တဲ့အုတ်စျေးတွေကလည်းတက်တာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ၃၀၀ တန်အုတ်တလုံးက ခု ၄၅၀ ဖြစ်နေပြီ။ အဲဒီတော့၂၀၂၄ တုန်းကအိမ်ဆောက်ဖို့တွက်
ချက်ထားပြီး မဆောက်ဖြစ်ဘဲ ခုအချိန်မှာဆောက်မယ်ဆိုရင် အဲဒီတွက်ထားတဲ့ငွေက တစ်အိမ်စာမရတော့ဘူးဖောင်ဒေးရှင်းသာ
သာပဲရတော့မယ်။ခုကာလ က တကယ်နေဖို့
ဆောက်ချင်သူတွေလည်း အတော်မစားသာသလို ဆောက်လုပ်နေတဲ့သူတွေလည်း ရပ်မသွားအောင်သာဆက်နေကြရတဲ့သဘောမျိုးဖြစ်တယ်" လို့ဆောက်လုပ်ရေးလုပ်ငန်း​တွေမှာကြုံတွေ့နေရတဲ့အခက်အခဲကို ​​ဆောက်
လုပ်​ရေးလုပ်ငန်းရှင်တဦးကရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်လက်ထက်မှာ ကျပ်​​ငွေ​ဖောင်းပွမှု​ကြောင့် ​​ဆောက်လုပ်​ရေးပစ္စည်း​တွေ ​ဈေးကြီးကုန်တာ ၊ ပြည်ပမှ ​​ဆောက်လုပ်​ရေးပစ္စည်းတင်သွင်းမှု ​တွေပိတ်ထားတဲ့ သံအပါအဝင်​ဆောက်လုပ်​ရေးပစ္စည်း​တွေ​ဈေးကြီးကုန်တာ ၊စစ်တပ်က ​စစ်မှုထမ်းအတွက်လူငယ်​တွေကို အဓမ္မစစ်သားသစ်စု​​ဆောင်းတာ၊​ပေါ်တာဆွဲတာ​ကြောင့် ​ဆောက်လုပ်​ရေးအလုပ်သမား​တွေရှားပါးလာတာစတဲ့ ပြသာနာ​တွေ​ကြောင့် ​ဆောက်လုပ်​ရေး​လောကဟာ အကြပ်အတည်းကြုံ​နေရပြီဖြစ်တယ်လို့​​ဆောက်လုပ်​ရေးလုပ်ငန်းရှင်တဦးက​ပြောပါတယ် ။
👍19❤8🤬4🔥2🖕2
စစ်တပ်အာဏာသိမ်းမှု​ကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုနည်းပါးတာ၊ပြည်ပ​ချေး​ငွေမရတာ၊ကုန်သွယ်​ရေးကျဆင်းတာ စတာ​တွေ​ကြောင့် စစ်တပ်က နိုင်ငံခြား​ငွေနည်းပါးတာ​ကိုအ​
ကြောင်းပြပြီးပြည်ပကကုန်ပစ္စည်းတင်သွင်းမှု​တွေအားလုံးကို တင်းကြပ်ကန့်သတ်ထားတာဖြစ်ပါတယ်။စား​သောက်ကုန်၊​ဆေးဝါးကအစ ​​ဆောက်လုပ်​ရေးသုံးပစ္စည်း​တွေကိုပါ
ကန့်သတ်တားမြစ်​နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ ဘီလပ်​မြေတစ်အိပ် ၆၀၀၀ ကျပ်သာရှိ​ပေမယ့် အခုအခါ သုံးဆ​ကျော်​ဈေးတက်သွားပြီ တစ်အိတ် ၂၀၀၀၀ ​ကျော်ရှိ​နေပြီဖြစ်ပါတယ် ။နယ်​တွေမှာ​တော့ ​ဈေးနှုန်းကပိုကြီးပါတယ် ။

အာဏာသိမ်းစစ်တပ်လက်​အောက်မှာ ပြည်သူ​တွေဟာ ဘဏ်​တွေမှာ ​ငွေအပ်ထားရတာကိုမယုံကြည်တဲ့အပြင် ၊​ငွေ​ကြေး​ဖောင်းပွမှု​ကြောင့် ​ငွေသားအ​နေနဲ့မထားချင်ကြပဲ ​ရွှေလိုပဲ အိမ်ခြံ​မြေဝယ်ယူစု​​ဆောင်းသူ​တွေရှိတဲ့အတွက် ဝယ်လိုအားကရှိ​နေတယ်လို့စုံစမ်းသိရပါတယ် ။ဒါ့အပြင် အခုနာက်ပိုင်း ပြည်တွင်းမှာ ပိုမိုများပြားလာတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်း​ငွေလိမ်လုပ်ငန်း)​တွေကလည်း အိမ်ခြံ​မြေဝယ်ယူပြီး ​တရားမဝင်ရတဲ့​​ငွေ(​ငွေမည်း)
ကို တရားဝင်ဖြစ်​အောင်(​ငွေဖြူဖြစ်​အောင်)
အိမ်ခြံ​မြေဝယ်ယူတာ​တွေရှိတယ်လို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။

ဒါ့အပြင် ရန်ကုန်မြို့​ဆောက်လုပ်​ရေ​လောကမှာ ရပ်ကွက်​တွေထဲမှာ ကန်ထရိုက်တာ​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ ၊ရန်ကုန်စည်ပင် ယာအုံက အကျင့်ပျက်သူ​တွေ​ပေါင်းပြီး ​အများပြည်သူပိုင်မြေ​တွေမှာ​ရော ၊ ပုဂ္ဂလိကပိုင်​မြေ​တွေ​ပေါ်မှာ​ရော ကန်ထရိုက်တိုက်​တွေ​ကြိုပွိုင့်နဲ့ ​ရောင်းပြီး ဆောက်လုပ်​​နေကြတာမှာ အချင်းချင်းပြန်တိုင်တဲ့အတွက် စစ်တပ်လက်​​အောက်ခံ စရဖ နဲ့ စစစ တို့ကပါ လိုက်စစ်ပြီး ​ဆောက်ပြီးတိုက်​တွေကို တရာမဝင်​ဆောက်တယ်ဆိုပြီး ​နေထိုင်ခွင့်ချမ​ပေးဘဲ ပါဝင်သူ​တွေကို ဖမ်းဆီးစစ်​ဆေးတဲ့ အရှုပ်အ​ထွေး​တွေလည်းဖြစ်ပွားနေပါတယ် ။



#ဆောက်လုပ်ရေးလောအကျပ်အတည်းတွေ့
#TheCentralTower8 #EmeraldBay
#ဆောက်လုပ်ရေးပစ္စည်းသွင်းခွင့်ပိတ်
👍21🤬3🤮3🖕2❤1🔥1
စစ်တပ်အာဏာမသိမ်းခင်က ​ဆောက်လုပ်​ရေးလုပ်ငန်းခွင်တခု /​​ဆောက်လုပ်​ရေး​လောကအကျပ်အတည်း​ကြောင့်ကုမ္ပဏီတစ်ခုဖျက်သိမ်း​ကြောင်းကြညာချက်နဲ့ ကွန်ဒိုခန်းအ​ရောင်းအဝယ်​နောက်ဆက်တွဲပြသာနာ​​ကြေညာချက်တစ်ခု။ဓါတ်ပုံ-structurae.net
👍22🔥2🤬2❤1👎1🖕1
မန္တလေးမြို့မှာဆိုရင်TVတပ်ထားတဲ့ လက်
ဖက်ရည်ဆိုင်တွေ အကုန်နီးပါး ဗန် ရဲ့ ပွဲကို ပြသပေးခဲ့ကြပါတယ်။ စျေးတွေ၊ ရှော့ပင်းမောတွေမှာ လူတွေလုံးဝမရှိတော့တဲ့အထိ ခြောက်ကပ်သွားခဲ့ပြီး ပြည်သူတွေဟာ TV တွေရှေ့ စုပြုံသွားခဲ့ကြပါတယ်။

အားပေးကြတဲ့ပရိသတ်ဟာ ဆိုင်ထဲတင်မကဘဲ ဆိုင်အပြင်ဘက်ထိပါလျှံထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။လမ်းသွားလမ်းလာ ယာဥ်တွေပေါ်ကပါလှမ်းကြည့်ကြတာကြောင့် ယာဥ်ကြောတွေပါပိတ်ဆို့ကုန်တဲ့အထိ စိတ်
ဝင်စားခဲ့ကြတယ်လို့ သိရပါတယ်။

ကလောမြို့လယ် နာရီစင်အနီးမှာဆိုရင် မြို့
သူမြို့သားတွေဟာ LED ဘုတ်ကနေ ပြတဲ့ ဗန် ရဲ့ပွဲကို ကားတွေဆိုင်ကယ်တွေ ရပ်တန့်ပြီး ယာဥ်တွေပေါ်ကာ ဆင်းကာ မြေပေါ်ငုတ်တုပ်ထိုင် အားပေးခဲ့ကြပါတယ်။

နိုင်ငံတစ်ဝန်းက​တော်လှန်​ရေးရဲ​ဘော်တွေလည်းဖုန်း​က​နေတဆင့် စု​ပေါင်းကြည့်ပြီး စိတ်လှုပ်ရှားစွာအား​ပေးကြတယ် ။

ဗန် ချုပ်ခံထားရချိန် ပြည်သူတွေဟာ စက္ကန့်ပါ အော်ဟစ်ရေတွက်ခဲ့ကြကာ ဗန်ရုန်းထွက်သွားချိန်မှာတော့ ပြည်သူတွေ ဟေးခနဲအော်ခဲ့ကြတယ်။ဗန်ရဲ့ထိုးချက်တွေတိုင်းမှာပရိတ်သတ်တွေဟာ အားတွေပါလာပြီး လက်နှစ်ဖက်လုံးခုန်မြှောက်တာ၊လက်သီးလက်
မောင်းတန်းတာ၊ လက်ခုပ်လက်ဝါးတီးတာတွေပါ ပြုလုပ်ကာ ဗန်ကို အားပေးခဲ့ကြတာပါ။

လူတွေတင်မကပါဘူး။ ရဟန်းသံဃာတော်တွေလည်း ဆွမ်းခံချိန်နဲ့ တိုက်ဆိုင်တာမို့ သပိတ်ဘေးချထားပြီး ဆွမ်းခံမသွားတော့ဘဲ ကျောင်းတိုက်မှာတင် အားပေးခဲ့ကြပါတယ်။ ကျေးရွာတစ်ရွာက အဒေါ်ကြီးနှစ်ယောက်ဆိုရင် ဗန်နိုင်သွားလို့ ဝမ်းသာအားရ လမ်းပေါ်ပြေးအော်ခဲ့ကြတယ်။အဒေါ်ကြီးတစ်ယောက်ကတော့ ကျွမ်းပါထိုးပစ်ခဲ့သေးတာ။

မြန်မာနိုင်ငံက ပြည်သူတွေဟာ လက်တလော သူတို့ခံစားနေရတဲ့ အာဏာရှင်ပေးတဲ့ ဒုက္ခတွေ၊ လေကြောင်းတိုက်ခိုက်မှူတွေ၊ နေအိမ်မီးလောင်ပြာကျထားတာတွေ၊ ဖမ်းဆီးခံထားရတာတွေ၊ စစ်မှုထမ်းတွေ စတဲ့ သောကတွေမှန်သမျှ ခေတ္တခဏမေ့ပျောက်သွားတဲ့အထိ ဗန်ကို အားပေးခဲ့ကြပါတယ်။ .

ဗန်ကလည်း မြန်မာပြည်သူ​တွေကို ဂုဏ်ယူရ​အောင် အစွမ်းပြခဲ့ပါတယ် ။ UFC ဖလိုင်းဝိတ်တန်းရဲ့ ဂန္တဝင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ဗန်က ပွဲစဥ်တ​လျှောက်လုံး အသာစီးကစားနိုင်ခဲ့ပါတယ် ။

ပွဲစကတည်းက ချုပ်ကွက်နဲ့ အနိုင်ယူဖို့ကြိုး
စားတဲ့ ပန်တိုဂျာကို ဗန်က အ​ကောင်းဆုံးခုခံပြီး ပန်တိုဂျာကျွမ်းကျင်လှပါတယ်ဆိုတဲ့​နောက်​ကျောက​နေ ချုပ်ခွင့်မသာ​အောင်ဗန်က ပါးပါးနပ်နပ်ခုခံခဲ့ပါတယ် ။ Stand Fight လို့​ခေါ်တဲ့ မတ်တပ်ရပ်ပြီး ထိုးသတ်တာမှာ​တော့ဗန်က အကြိမ်တိုင်အသာစီးက ကစားနိုင်ခဲ့ပါတယ် ။

ဗန် နဲ့ ပန်တိုဂျာတို့ရဲ့ငါးချီပြည့်အကြိတ်
အနယ်ထိုးသတ်ခဲ့တဲ့မ​ကျေပွဲဟာ UFC 331 ရဲ့ အ​ကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ​ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆု​ကြေး ​ဒေါ်လာတစ်သိန်းစီဆွတ်ခူးခဲ့ပါတယ်။

ဗန်ဟာ ဒီပွဲအတွက် ထိုးသတ်​ကြေး ​​ဒေါ်လာ ၅ သိန်းရပါတယ် ။ဒါ​ကြောင့် ထိုးသတ်​ကြေးနဲ့ ဆု​​ကြေးတင်ပဲ ​ဒေါ်လာ ​ခြောက်သိန်း​ရခဲ့ပါတယ် ။ မြန်မာ​ငွေနဲ့ဆို ​ကျပ်သိန်း(၂၅၀၀၀ ) ဝန်းကျင်ရတာဖြစ်ပါတယ် ။

အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံ​ဟောင်း ပန်တိုဂျာရဲ့ ဦး​ခေါင်းပိုင်းထိ​အောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာက​တော့ ဦး​ခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရှိခဲ့ပါတယ် ။စုစု​ပေါင်း ဗန်က ၁၈၁ ကြိမ်ထိ​ရောက်​အောင်ထိုးနိုင်ခဲ့ပါတယ်။ ပန်တိုဂျာက​တော့ ၁၄၇ ကြိမ်ပဲ ထိ​​အောင်ထိုးနိုင်တာပါ။

ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်ကအ​ကောင်းဆုံးခုခံပြီး​ဘောက်ဆင်စွမ်းရည်ဘယ်​လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်း​ပေါင်းစုံပြိုင်ပွဲအား
ကစားကျွမ်းကျင်သူ​တွေကသုံးသပ်ပါတယ်။

​နောက်ဆုံးအချီမှာ ဗန်က ပန်တိုဂျာကို လဲကျ​အောင်ထိုးနိုင်ခဲ့သလို ချုပ်ကွက်နဲ့ပါ ပွဲသိမ်းဖို့ ဗန်ကကြိုးစားပြလိုက်​သေးပါတယ်။

ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇ မှတ်နဲ့အနိုင်​ပေးခဲ့တာပါ ။ဒီနိုင်ပွဲ​ကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးမှတ်တမ်းရရှိထားပြီး ပန်တိုဂျာက ၁၉ ပွဲယှဥ်ပြိုင်ထားပြီး ၁၄ ပွဲနိုင် ၅ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။

အသက် ၂၄ နှစ်မှာပဲ UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာတာမို့ UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံး၊အာရှတိုက်ဖွား​​တွေထဲပထမဆုံးချန်ပီယံဆိုတဲ့မှတ်တမ်း​တွေကိုစိုက်ထူထားပါတယ် ။ဒါ့အပြင် ပန်တိုဂျာနဲ့မ​ကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန်မှာ ပြိုင်ဘက်​တွေအ​ပေါ် ထိ​ရောက်တဲ့လက်သီးထိုးချက်​ပေါင်း ၁၄၁၁ ကြိမ်နဲ့ UFC ဖလိုင်းဝိတ်တန်းမှာ အများဆုံးဆိုတဲ့မှတ်တမ်း ကိုပါစိုက်ထူလိုက်ပါတယ် ။

ပွဲအပြီးမှာဗန်က ပထမပွဲတုန်းကကံ​ကောင်းလို့အနိုင်ရခဲ့တာလို့ ​ဝေဖန်မှု​တွေကိုသက်​သေပြနိုင်ခဲ့ပြီလို့​ပြောပါတယ် ။

“ပထမပွဲတုန်းက​တော့ ကျွန်​တော်မ​တော်တဆအနိုင်ရခဲ့တာလို့ လူ​တော်​တော်များများ​ပြောကြတယ် ။အခု​​ရော သံသယဝင်ကြပါဦး” လို့​ပြောခဲ့ပါတယ် ။

ပန်တိုဂျာကိုလည်း ​လေးစားအသိအမှတ်ပြုတယ်လိုဗန်က​ပြောခဲ့ပါတယ် ။”သူ့အပေါ် ကျွန်တော့်ဘက်က လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး”လို့​ပြောတာပါ ။
👍34❤16🔥1🥰1👏1🖕1
စစ်တပ်အာဏာသိမ်းမှု​ကြောင့် ​ပျော်ရွှင် ဂုဏ်ယူစရာ အခိုက်အတန့်​တွေရှားပါးလှပြီး အ​ထွေ​​ထွေအကြပ်အတည်း​အောက်မှာ​နေရတဲ့မြန်မာပြည်သူ​​တွေအတွက်စက်တင်ဘာ ၂၀ က ချင်းတိုင်းရင်းသား ဗန်​ကြောင့် ​ပျော်ရွှင် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ် ။

ဗန်ကလည်း မြန်မာပြည်ကပရိတ်သတ်​တွေကို​အား​ပေးကြတဲ့အတွက်ကျေးဇူတင်ကြောင်းအမှတ်တရသတင်းစကားပါးထားပါတယ် ။


https://youtu.be/Xcc-y0dUJe4?si=XZQqHx6iWGt5AEGq
👍38🥰8🖕2❤1🔥1🤣1
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

ကုလသမဂ္ဂကလည်းအယ်လ်နီညိုဖြစ်စဉ်ဟာ “ကျွန်တော်တို့ မျက်စိရှေ့မှာတင်အဆမတန် ကြီးမားလာနေပါတယ်”ဟုပြောကြားပြီးနောက်ဗြိတိန်အစိုးရကလျှပ်စစ်မီးသို့မဟုတ် ရေပြတ်တောက်မှုတွေ ကြုံလာရရင်ရက်အနည်းငယ်ကြာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်ဖို့ ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့သောက်သုံးရေကိုကြိုတင်စုဆောင်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မိုးလေဝသ ခန့်မှန်းသူတွေကတော့ နှစ်ပေါင်း ၁,၀၀၀ အတွင်း အကြီးမားဆုံး အယ်လ်နီညိုဖြစ်စဉ်ကို ရင်ဆိုင်ရတော့မယ်လို့ ဆိုပါတယ်။ ဗြိတိန်ပတ်ဝန်းကျင်ရေးရာဝန်ကြီးအန်ဂျလာ အီဂဲလ် (Angela Eagle)ကThe Guardian ကို ပြောရာမှာ “ကျွန်မတို့ဟာ စံချိန်တင် အကြီးမားဆုံး ဖြစ်လာနိုင်တဲ့ အယ်လ်နီညိုကို ရင်ဆိုင်ရတော့မှာပါ။ဒါဟာနွေရာသီမှာ ပိုမိုခြောက်သွေ့ပြီး ဆောင်းရာသီမှာ မိုးပိုရွာကာ မုန်တိုင်း ပိုမိုပြင်းထန်တာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

သူမက ဆက်ပြီး “အာရှဒေသတွေမှာတော့ ရေကြီးမှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုဆိုးကျိုးတွေ ပိုများနိုင်ပြီး ဒီအခြေအနေကို အလေး
ထားကြဖို့ လိုပါတယ်” လို့လည်း သတိပေးပါတယ်။

သဘာဝဘေး ရင်ဆိုင်ရချိန် “အရေးပေါ် ကူညီရေးအဖွဲ့တွေ ရောက်မလာသေးခင်စားသောက်ဖို့၊အစားအသောက်အနည်းငယ် စုဆောင်းထားမယ်ဆိုရင် ဘာမှပြင်ဆင်မထားတာထက်စာရင် အများကြီး အဆင်ပြေမှာပါ။ ဒါကြောင့် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ဒီလိုမျိုးကြိုတင်ပြင်ဆင်တာတွေလုပ်သင့်တာ ဖြစ်ပါတယ်”လို့လည်းသူမကဆိုပါတယ်။

အယ်လ်နီညို (El Niño)ဆိုတာပစိဖိတ်သမုဒ္ဒရာပေါ်က လေထုလည်ပတ်မှု ပြောင်း
လဲရာကနေပင်လယ်ရေပြင်မှာ စုဆောင်းထားတဲ့ အပူဓာတ်တွေကို လေထုထဲ ပြန်လည်ဖြန့်ဝေစေတဲ့ သဘာဝ ရာသီဥတုဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။

နောက်ဆုံး အချက်အလက်တွေအရအယ်လ်နီညို ရဲ့ အဓိကနေရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရေဟာ နှစ် ၃၀ ပျမ်းမျှထက် ၂.၆ ဒီဂရီဆဲလ်စီးယပ် (2.6°C) ပိုပူနေပါတယ်။

ဒါဟာ ဂြိုဟ်တုမှတ်တမ်းတင်ခေတ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်၏ ၃.၁ ဒီဂရီ ဆဲလ်စီးယပ် (3.1°C) အဆင့်ကို ရောက်ရှိဖို့ အလွန်နီးကပ်နေပြီ ဖြစ်ပါတယ်။

စံနမူနာ ၁၄ ခုရဲ့ ပျမ်းမျှခန့်မှန်းချက်အရ လာမယ့် နိုဝင်ဘာလမှာ အပူချိန်ဟာ ၄ ဒီဂရီစင်တီဂရိတ် (4°C)အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇီးခ်ဟောက်စ်ဖက်သာ က သန္တာကျောက်တန်းတွေ၊ သစ်ပင်စည်အတွင်း နှစ်စဉ်ဖြစ်ပေါ်လာသော အကွင်းမှတ်များ (Tree Rings) နဲ့ သမိုင်းမှတ်တမ်းတွေကို လေ့လာပြီး အချက်အလက်တွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ အတွင်း ဘယ်အယ်လ်

နီညိုဖြစ်စဉ်မှဒီအဆင့်အထိမရောက်ဖူးကြောင်း တွေ့ရှိထားပါတယ်။ ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် ၀.၅ ဒီဂရီစင်တီဂရိတ် (0.5°C) ကျော်လွန်လာတာနဲ့ အယ်လ်နီညိုဖြစ်စဉ်အဖြစ်သတ်မှတ်ကြပါတယ်။

ဒီအယ်လ်နီညိုကြောင့် ပိုမြင့်တက်လာမယ့် အပူစွမ်းအင်ဟာလက်ရှိမှာတောင် ပူနွေးနေတဲ့ ကမ္ဘာ့လေထုထဲကို ထပ်မံဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ခုနှစ်ဟာ ယခင်စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး ကမ္ဘာ့အပူဆုံးနှစ် (Hottest Year on Record) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂူတာရက်စ်က ကမ္ဘာကြီးဟာလွန်ကဲတဲ့ ရာသီဥတုအန္တရာယ်ဇုန်ထဲ ရောက်နေပြီဖြစ်ပြီး မြင့်တက်လာတဲ့ အန္တရာယ်တွေနဲ့ ရာသီဥတုကာကွယ်ရေး လုပ်ဆောင်ချက်များကြား အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်နေပြီလို့ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်(WMO)ရဲ့ အတွင်းရေးမှူးချုပ် ဆီလက်စတီ ဆောလို (Celeste Saulo) ကလည်း “အယ်လ်နီညိုဟာ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကြီးအကျယ် ရိုက်ခတ်နိုင်ခြေ ရှိပါတယ်။ မိုးခေါင်တာနဲ့ ရေကြီးတာတွေကြောင့် ပျက်စီးဆုံးရှုံးမှု တွေကို မြင်တွေ့နေရပြီဖြစ်ပြီး အယ်လ်နီညို ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီသက်ရောက်မှုတွေဟာ ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အယ်လ်နီညို ရဲ့ သက်ရောက်မှုတွေကြောင့် အင်ဒိုနီးရှားမှာတောမီး ပိုဆိုးလာနိုင်ပြီး၊ အိန္ဒိယ မှာ အရေးကြီးတဲ့ မုတ်သုံမိုး အားနည်းလာနိုင်ပါတယ်။ဩစတြေးလျမှာ တောမီး
လောင်မှုအန္တရာယ်လည်း ပိုတက်လာနိုင်ပြီး၊ တောင်အမေရိက မှာ ရေကြီးမှု ပိုပြင်းထန်လာနိုင်ပါတယ်လို့ ထောက်ပြထားပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒီအယ်လ်နီညိုဖြစ်စဥ်ကြောင့် လူဦး‌ရေ သန်း ၅၀ ခန့်ဟာ ပြင်းထန်တဲ့ အစာရေစာမလုံလောက်မှု ကြုံရနိုင်တယ်လို့ယင်းအခြေအနေရဲ့ အန္တရာယ်ကို သတိပေး ထားပါတယ်။



https://www.ludunwayoo.com/feature-mm/2026/09/09/167770/
👍28❤6😱4👎1🔥1🤣1
စစ်တပ်က ရန်ကုန်- ဧရာဝတီလမ်းပိုင်း အသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေ ကားနဲ့သယ်နေ

စက်တင်ဘာ၂၂၊၂၀၂၆။မိထက်/People's Spring

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းက မြို့တွေကို ကားလမ်းအဓိက အသုံးပြုသွားလာကြရပြီး စစ်တပ်က စက်တင်ဘာလလယ်က စတင်ကာ စစ်လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူပို့ဆောင်နေတာလို့ ဆိုပါတယ်။

" ကားအများစုကို အမိုးတွေအုပ်ထားပေမယ့် ရပ်တဲ့နေရာမှာဆို တွေ့ရတယ်။ သစ်သားပုံးတွေအထပ်လိုက်သယ်ကြတာ။ သေနတ်ကိုင်ထားတဲ့စစ်သားတွေကလည်း တော်တော်လေးကို ရန်လိုတဲ့မျက်နှာထားတွေနဲ့တွေ့ရတယ်။ အဲဒီကားတွေနဲ့ဝေးဝေးနေပါ။ အမှတ်တမဲ့ပေါက်ကွဲတာပဲဖြစ်ဖြစ် သံသယရှိတယ်ဆိုပြီး ဖမ်းဆီး‌တာမျိုးပဲဖြစ်ဖြစ် အန္တရာယ်ကြီးပါတယ်။"လို့ ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ ပါဝင်တဲ့ ညောင်တုန်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကားတွေဂာ ဧရာဝတီတိုင်းဘက်ကို တစ်ပတ်သုံးကြိမ်ထက်မနည်းထွက်ခွာနေပြီး စစ်လက်နက်ပစ္စည်းတွေပါသယ်ယူနေတယ်လို့သတင်းရထားကြောင်း လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်က ဒဂုံဧရာဘအဝေးပြေးဂိတ်အနီးမှာ အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ရှိပြီး စစ်တပ်က အဲဒီကနေတဆင့် ဧရာဝတီတိုင်းကို လူအင်အားနဲ့လက်နက်ခဲယမ်းတွေ ပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

" စစ်ကားတွေမှာ လက်နက်တွေသယ်လာတာ ဒီနောက်ပိုင်းမကြာခဏတွေ့ရတယ်။ ကျနော်တို့ကတော့ အဲဒီကားတွေနဲ့တွေ့ရင်ဝေးဝေးရှောင်တယ်" လို့ ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းအသုံးပြုသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ၂၁ရက် နေ့လယ်ပိုင်းက သစ်သားပုံးတွေတင်ထားတဲ့ စစ်ကားသုံးစီးဟာ ရန်ကုန်-ပုသိမ်လမ်းအတိုင်းအလျင်အမြန်မောင်းနှင်သွားတာကို တွေ့ခဲ့ရပါတယ်။

" လူကြီးချင်းချိတ်ဆက်ပြီး ကြိုသတင်းပို့တယ်။ လက်နက်တွေနဲ့ ဖြတ်မယ်လို့။ ဒီနောက်ပိုင်းအဲဒီလိုကားတော်တော်များများဖြတ်တယ်"လို့ ပုသိမ်မြို့အဝင် စစ်ဆေးဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်နဲ့ဧရာဝတီတိုင်း ချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းမတလျှောက်က စစ်ဆေးဂိတ်တွေမှာ မည်သူမဆို လက်နက်ကိုင်ဆောင်ပြီးဖြတ်မယ်ဆိုရင် တရားဝင်သတင်းပို့ကြဖို့ စစ်ကောင်စီကကညွှန်ကြားထားပြီး ဂိတ်တွေမှာလည်းဗီနိုင်းနဲ့ ချိတ်ဆွဲ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကုန်ခန့်ကလည်း အမိုးအုပ်စစ်ကားအစီးရေ ၂၀ကျော်ဟာ ရန်ကုန်ကနေ ဧရာဝတီတိုင်းဘက်ကိုထွက်ခွာသွားခဲ့ပြီး အဲဒီကားတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ လက်နက်ခဲယမ်း သေတ္တာတွေပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

" စစ်မှုထမ်းသင်တန်းဆင်းတွေကို လေးမျက်နှာနဲ့ရေကြည်ဘက်ကိုလည်းပို့တယ်။ တချို့ကို ညောင်တုန်းရေကာတာမှာ လုပ်အားပေးဖို့ထားခဲ့တယ်။ သေတ္တာတွေကိုတော့ ပုသိမ်ကိုပို့တယ်လို့ သိရတယ်။ သေတ္တာတွေထဲမှာ ကျည်ဆံတွေပါတာ တော့သိတယ်။ အသေးစိတ်တော့မေးလို့မကောင်းဘူး"လို့ ဧရာဝတီ တိုင်းထဲက သတင်းရင်းမြစ်တွေကပြောပါတယ်။

ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းက မြို့နယ်တွေကို ခရီးသည်တင်ကား၊ကုန်တင်ကားနဲ့ အိမ်စီးကားအပါအဝင်ကားအစီးရေ ထောင်ချီပြီး နေ့စဉ် ဖြတ်သန်းနေပါတယ်။ အဲဒီကားတွေကို စစ်တပ် ကစစ်ဆေးနေပြီး ငွေကြေးတောင်းခံနေတာတွေလည်းရှိနေပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နဲ့နယ်စပ်မြို့တွေဖြစ်တဲ့ လေးမျက်နှာ၊ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီမြို့နယ်တွေကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေလည်း စစ်ကောင်စီက အင်အားတွေ ပို့နေတယ်လို့ သတင်းရရှိပါတယ်။ပုသိမ်-မုံရွာလမ်းလမ်းပိုင်းကိုအသုံးပြုပြီး စစ်ကောင်စီကအင်အားတွေဖြည့် နေလို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုနေထိုင်ကြဖို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်က ပုသိမ်လေတပ် အသုံးပြုပြီး လေကြောင်းကနေအင်အားဖြည့်နေသလို ငဝန်မြစ်ကြောင်းကိုအသုံးပြုပြီး သင်္ဘောတွေနဲ့ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တွေဘက်ကို အင်အားတွေ ပို့ဆောင်နေပါတယ်။
👍22❤13👎5🔥5👏2🤬1🎉1
(မန္တလေး- မုံရွာလမ်းပိုင်းမှာ မန္တလေးမြို့ကနေ ရိက္ခာတွေ ပို့ဆောင်နေတဲ့ စစ်ကား တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👎22🔥6🤬3🥴3❤1👍1👏1🎉1
ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

စက်တင်ဘာ ၂၂၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ သပိတ်ရဲဘော်တွေ၊ ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနဲ့အတူ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun The True Voice of Myanmar"၊ "ငါတို့ရဲ့ သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့ အသံဖြစ်သည်" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက (၈၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထောက်အထားဆိုင်ရာ ကော်မတီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာ ရရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီးတော့ "မြန်မာပြည်သူတွေရဲ့ အသံကို မတိတ်ဆိတ်စေပါနဲ့ ၊ ဦးကျော်မိုးထွန်းကို UNမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုပါ ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆန္ဒကို လေးစားပေးပါ နဲ့ ဦးကျော်မိုးထွန်းကသာလျှင့်ငါတို့ရဲ့ တရားဝင်သံအမတ်ဖြစ်တယ်" ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ရွာစဉ်အလိုက် ဖြန့်ဝေပေးခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထမ်းဆောင်ရေးကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေနဲ့ ပြည်တွင်းမှ တော်လှန်ပြည်သူတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
❤27👍8🥰3🫡3🤣2🖕2🤮1
ဓာတ်ပုံ - ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုလူထုသပိတ်
❤40👍10🥰4🖕4😁1🤣1