SCEF ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲကို ပံ့ပိုးကူညီကြဖို့၊ အတူလက်တွဲဆောင်ရွက်ဖို့ ထောင်တွင်းမှ တော်လှန်ရေးရဲဘော်တွေက
စာရေးသားတိုက်တွန်း
စက်တင်ဘာ-၂၁၊၂၀၂၆။ထားမြတ်/People’s Spring
မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်
ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ
(SCEF)ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သ
ဘောထား ကြေညာချက်ကို ထောင်အတွင်းမှစာရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ တော်လှန်ရေးအင်အားစုတွေကိုတိုက်တွန်းထားပါတယ်။
လုံခြုံရေးအခြေအနေအရ လတ်တလော အကျဉ်းထောင်ရဲ့ အမည်ကို ဖော်ပြနိုင်ခြင်း
မရှိသေပေမဲ့ မြန်မာနိုင်ငံထဲကထောင်တစ်ခုအတွင်းအကျဥ်းကျနေဆဲ့ တော်လှန်ရေးရဲဘော်တွေက SCEFနဲ့ပတ်သက်တဲ့သဘော
ထားတွေ၊ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့အ
စည်းတွေကို တိုက်တွန်းတာတွေ စတဲ့အချက် ၆ ချက်ပါရှိတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် SCEF သည် အကောင်းဆုံးအဖြေဖြစ်တယ်လို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီအရေးတို့အတွက် ခေတ်အဆက်ဆက် တော်လှန် တိုက်ပွဲဝင်ခဲ့ခြင်းအပေါ် ထောက်ခံ ဂုဏ်ပြု ဖော်ပြခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဖြစ်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံလျက် မိမိတို့ရဲ့ မူဝါဒများကို SCEFနဲ့ ပူးပေါင်းအကောင်အထည်
ဖော်ဆောင်ရွက်ကြစေလိုတယ်လို့လည်း အကြံပြုထားပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာလက်
နက်စွဲကိုင်တော်လှန်နေကြတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ (Local PDF) အနေ
ဖြင့် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ အန္တိမ ရည်မှန်းချက် ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊အမျိုးသားစည်းလုံးညီညွတ်
ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
ပေါ်ထွန်းရေးတို့အတွက် SCEFနဲ့ အတူလက်
တွဲဆောင်ရွက်စေလိုတယ်လို့ တိုက်တွန်းထားပါတယ်။
တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူ
လူထုအပေါ် မူတည်ကြောင်း အလေးအနက် ယုံကြည်တယ်လို့ ဖော်ပြပြီး ပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသကဲ့သို့ လက်ရှိဖြစ်ပေါ်လျက်ရှိသော တော်လှန်ရေးအခင်းအကျင်းသစ်အရ ပန်းတိုင်သို့ ပိုမိုနီးကပ်လာနေပြီဖြစ်လို့ SCEF ဦးဆောင်သော တော်လှန်ရေးတိုက်ပွဲကို ဆက်လက်အားပေးပံ့ပိုးကူညီကြဖို့ အ
လေးအနက်တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုများ ထိန်း
ချုပ်နယ်မြေတွေမှာ ဒီမိုကရေစီယဉ်ကျေးမှု ခိုင်မာအားကောင်းစေဖို့အတွက် အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အလေးထားစေလိုကြောင်းလည်း အကြံပြုထားပါတယ်။
စစ်အာဏာရှင်စနစ်ရဲ့ ခံစစ်ရေသောက်မြစ်ဖြစ်တဲ့ အဓမ္မစစ်မှုထမ်းခေါ်ဆောင်နေခြင်းတွေအပေါ် ထိရောက်တဲ့ကာကွယ်မှုဆိုင်ရာ
မူဝါဒများ ချမှတ်အကောင်အထည်ဖော်ပေးနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းတွေကို အလေးအနက် တိုက်တွန်းကြောင်းလည်းဖော်ပြထား ပါတယ်။
အထက်ပါစာကို အကျဥ်းထောင်တစ်ခုအ
တွင်းမှတော်လှန်ရေးရဲဘော်များက ရေးသားပေးပို့တာဖြစ်ပြီး အချိန်ကာလတစ်ခုရောက်တဲ့အခါတွင်မှ ယခုသဘောထားကြေညာ
ချက်အပေါ် တာဝန်ယူကြောင်းအသိပေးမယ်လို့လည်း ရေးသားထားပါတယ် ။လူထုနွေဦးအနေနဲ့ အကျဥ်းထောင်အမည်ကိုသိသလို၊စာကို လက်ခံရရှိထားပေမယ့်နိုင်ငံရေးအကျဥ်းသားတွေရဲ့ လုံခြုံရေးကြောင့်အမည်ဖော်ပြခြင်းမပြုပါ ။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်း
အရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
၊ချင်းအမျိုးသားတပ်ဦး(CNF) တိုနဲ့ အခုနှစ် မတ်လမှာ ကနဦး ဖွဲစည်းထားတာပါ။ SCEF စုဖွဲမှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲစည်းသွားမယ်လို့ အသိပေးထားသလို အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိမှာစစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲဝင်အသစ်များအဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ ကိုယ်စားပြုသူတွေ ပါဝင်ရေးညှိနှိုင်းဆွေး
နွေးလျက်ရှိပါတယ်။
SCEFဟာစစ်ရေး၊နိုင်ငံရေးအပါအဝင် ဘက်
ပေါင်းစုံပူးပေါင်းဆောင်ရွက်ပြီးစစ်အာဏာ
ရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

👍39❤11🥰4🖕4😁3👏1👌1🤣1
SCEF ကိုကြိုဆို ထောက်ခံကြောင်း ပြင်သစ်ရောက် မြန်မာတွေ ဆန္ဒပြခဲ့စဉ်/ အကျဥ်းထောင်တစ်ခုအတွင်းမှာတော်လှန်ရေးရဲဘော်တွေပေးပို့တဲ့စာ ။ ဓါတ်ပုံ-CJ ၊ပေးပို့
❤52👍14🖕5🥰4👏2😁1🤣1
မိတ္ထီလာမြို့က စစ်တပ်အနီး အိုးဝေသမား လုယက်ခံရ
စက်တင်ဘာ ၂၂၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။
မနေ့က စက်တင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မိတ္ထီလာမြို့၊ ဘူတာဟောင်းအနီးမှာ ခရီးသည်စောင့်ဆိုင်းနေတဲ့ မီနီအိုးဝေယာဉ်ကို အသက် ၁၈ နှစ်ဝန်းကျင် လူငယ် ၃ဦး ရောက်ရှိလာပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က ဒေသအခေါ်အမေကြီးအိုကွေ့အနီးထိ လိုက်ပို့ပေးဖို့ ငှားရမ်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အမေကြီးအိုကွေ့အရောက်မှာ အိုးဝေကို ရပ်ခိုင်းပြီးနောက် ငှားရမ်းလာတဲ့ လူငယ်တွေက အိုးဝေသမားကို စကေဘာ (သုံးမြှောင့်သံချွန်)နဲ့ ထိုးနှက်ကာ လုယက်ခဲ့ကြကြောင်း၊ အိုးဝေသမားက ပြန်လည်ခုခံခဲ့သလို အနီးအနားကို လူတွေ ရောက်ရှိလာတာကြောင့် ပြစ်မှုကျူးလွန်သူ လူငယ် ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
" အလုခံရတဲ့ အမေကြီးအိုကွေ့ဆိုတာ စစ်ဆေးရုံလမ်းဆုံကနေရှေ့နည်းနည်းပဲသွားရတယ်။ ခမရ ၃၁၅၊အမတ၃၂၀၊ ၅၀၀၁ သံချပ်ကာ တပ်သုံးခုဆုံတဲ့နေရာပါ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလုယက်မှုကြောင့် အိုးဝေသမားမှာ လည်ပင်း၊ လက်မောင်းနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး စမတ်ဖုန်းတစ်လုံး၊ ကျပ် ရှစ်သောင်းနဲ့ လိုင်စင်စာရွက်စာတမ်းအချို့ ပါသွားခဲ့ကြောင်း သိရပါတယ်။
မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားတာကြောင့် လုံခြုံရေးအထူးတင်းကြပ်ထားပေမဲ့ လုယက်မှုတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။

🤮22👍7👎7❤4😱2🖕2🔥1
■ဆောင်းပါး
ဟွန်ဒီငွေလွှဲစနစ် နှိမ်နင်းမှုက မြန်မာပြည်သူများသာမက အာဆီယံကိုပါ ထိခိုက်စေနိုင်
- ဥဂ္ဂါ ရေးသားသည်။
မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကို ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီဒေသတွေမှာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ကို အသုံးပြုဖို့ မဖြစ်နိုင်သလောက် ခက်ခဲနေပါတယ်။
ဒီသုံးသပ်ချက်ဟာ East Asia Forum ရဲ့ မြန်မာ့ဟွန်ဒီငွေလွှဲစနစ်ဆိုင်ရာ ဆောင်းပါးကို အခြေခံပြီး၊ လက်ရှိနှိမ်နင်းမှုတွေရဲ့ နောက်ကွယ်က အကျိုးဆက်တွေကို ပိုမိုကျယ်ပြန့်စွာ လေ့လာသုံးသပ် ထားပါတယ်။
ဟွန်ဒီကို နှိမ်နင်းပြီး စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်လမ်းကြောင်းတွေထဲ မဖြစ်မနေ ဝင်ရောက်အသုံးပြုစေခြင်းက စစ်အုပ်စုရဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းကို ပိုအားကောင်းလာစေပြီး၊ ပြည်သူများရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုမူ လျှော့ကျစေပါတယ်။ အာဆီယံနိုင်ငံတွေအတွက်လည်း ဒီနှိမ်နင်းမှုဟာ တကယ့်ငွေကြေးခဝါချမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်တာ မဟုတ်ဘဲ၊ ရွှေ့ပြောင်းလုပ်သားတွေကိုသာ ပိုမိုထိခိုက်စေပြီး၊ မြန်မာ့ဘဏ်စနစ်အပေါ် စစ်အုပ်စုရဲ့ ချုပ်ကိုင်နိုင်စွမ်း ပိုမိုခိုင်မာစေမယ့် အန္တရာယ်တွေကိုသာ ဖြစ်ပေါ်စေပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်အပြင်ဘက်က ငွေလွှဲပေးနေတဲ့ ဟွန်ဒီစနစ်ဟာ စစ်အုပ်စုရဲ့ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုနှိမ်နင်းရတဲ့ ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဘဏ်စနစ်ထဲ ပြန်လည်ဝင်ရောက်အသုံးပြုစေဖို့နဲ့ နိုင်ငံခြားငွေ စီးဆင်းမှုတွေကို စစ်အုပ်စုက ပိုပြီးထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကိုတော့ အကျပ်အတည်း ကြုံနေရတဲ့ ဒေသတွေက အကြီးမားဆုံး ခံစားနေရပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အထိပါ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရောက်ရှိလာနေပါတယ်။
မြန်မာနိုင်ငံမှာ ဟွန်ဒီစနစ်ကို ကိုလိုနီခေတ်ကတည်းက အသုံးပြုလာခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီအချိန်က ဘဏ်ဝန်ဆောင်မှုတွေ လူတိုင်းအလွယ်တကူ မရရှိနိုင်တာကြောင့် ပြည်သူတွေဟာ ငွေလွှဲပြောင်းမှုတွေအတွက် ဘဏ်စနစ်ပြင်ပက ကွန်ရက်တွေကို အားထားခဲ့ကြ ရပါတယ်။
ယနေ့အချိန်မှာလည်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားဟာ မိသားစုဆီ ငွေပြန်ပို့ရာမှာ ဟွန်ဒီစနစ်ကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ပွဲနဲ့ အကျပ်အတည်းကြောင့် ပုံမှန်ဘဏ်ဝန်ဆောင်မှု မရရှိနိုင်တဲ့ ဒေသတွေမှာ ဟွန်ဒီကွန်ရက်တွေဟာ ငွေကြေးစီးဆင်းမှုကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။
ဒါ့အပြင် ပုံမှန်ဘဏ်စနစ်ကနေ ဆောင်ရွက်ရန် ခက်ခဲတဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးပို့မှုတွေမှာလည်း ဟွန်ဒီစနစ်က အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ပါဝင်နေပါတယ်။
မြန်မာစစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်စနစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဟွန်ဒီစနစ်မှာ အားသာချက်တွေ များစွာရှိပါတယ်။ အစိုးရဘဏ်စနစ် မရောက်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားအထိ ဟွန်ဒီကွန်ရက်တွေက ရောက်ရှိနိုင်သလို၊ စစ်အုပ်စု သတ်မှတ်ထားတဲ့ တရားဝင်ငွေလဲနှုန်းထက် ပိုကောင်းတဲ့ ငွေလဲနှုန်းကိုလည်း ပေးနိုင်ပါတယ်။ ဒေသတွင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ကတောင် ဟွန်ဒီစနစ်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားဝင်ငွေလွှဲမှုတွေကို အထောက်အကူ ပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုထားပါတယ်။
တစ်ဖက်မှာလည်း ဟွန်ဒီကွန်ရက်တွေမှာ အန္တရာယ် မရှိတာတော့ မဟုတ်ပါဘူး။ အချို့ကွန်ရက်တွေဟာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေလို တရားမဝင် စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေပေးချေမှုတွေကို ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ဒီကွန်ယက်တွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို စိုးရိမ်ရတာကြောင့် ဘဏ္ဍာရေးမှတ်တမ်းတွေကိုလည်း မပြည့်မစုံသာ ထားရှိကြပြီး၊ ပမာဏကြီးမားတဲ့ ဒါမှမဟုတ် သံသယဖြစ်ဖွယ် ငွေလွှဲမှုတွေကို စစ်အုပ်စုဆီ အစီရင်ခံတာမျိုးလည်း မလုပ်ကြပါဘူး။
ဒါပေမယ့် ဟွန်ဒီကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းအချို့ကတော့ ဝန်ဆောင်မှုမယူခင် သေချာစွာ စိစစ်အကဲဖြတ်မှုတွေ (due diligence) ပြုလုပ်ပြီး ဒီလိုစွန့်စားရမှု တွေကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။

👍18🖕6❤3🔥2🤮1
ဟွန်ဒီကွန်ရက်တွေကို တရားဝင်အသုံးပြုနေတဲ့ အခြေအနေတွေ ရှိနေသော်လည်း မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီစနစ်ကို ပိုမိုပြင်းထန်စွာ နှိမ်နင်းခြင်းနဲ့အတူ “တရားမဝင်” လို့ သတ်မှတ်ခဲ့ပြီး၊ သူတို့ရဲ့ အရေးယူမှုတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု အန္တရာယ်တွေ ဘာကြောင့် ပိုမိုကြီးထွားလာသလဲဆိုတာ၊ အရင်က တရားဝင်အသုံးပြုနေခဲ့တဲ့ ဟွန်ဒီစနစ်ကို ဘာကြောင့် အခုမှ တရားမဝင်အဖြစ် သတ်မှတ်လာရသလဲဆိုတာကိုတော့ စစ်အုပ်စုဘက်က ရှင်းလင်းတဲ့ အကြောင်းပြချက် မပေးနိုင်သေးပါဘူး။
အမှန်တကယ်မှာတော့ စစ်အုပ်စုရဲ့ ဟွန်ဒီကွန်ရက်အပေါ် အာရုံစိုက်မှုဟာ ဒီစနစ်မှာရှိနေတဲ့ အန္တရာယ်ပမာဏနဲ့ နှိုင်းယှဉ်ရင် အလွန်အမင်း လွန်ကဲနေပါတယ်။ တကယ်လိုအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ အိမ်ခြံမြေကဏ္ဍတွေထဲမှာ ရှိနေတဲ့ လူသိများတဲ့ ငွေကြေးခဝါချမှု ပြဿနာတွေ ဖြေရှင်းဖို့ကိုတော့ ယခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်သေးပါဘူး။
ဒါ့အပြင် ကျားဖြန့်စင်တာတွေနဲ့ ငွေကြေးခဝါချမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကရင်အမျိုးသားတပ်မတော် (KNA/BGF) နဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ စစ်အုပ်စုဟာ ကျားဖြန့်လုပ်ငန်းတွေကနေ အကျိုးအမြတ် ရရှိနေတယ်လို့ စွပ်စွဲခံနေရသလို၊ စစ်အုပ်စုနဲ့ ဆက်နွယ်သူအချို့ဟာ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ဟွန်ဒီကွန်ရက်တွေကို အလွန်အမင်း အာရုံစိုက်နှိမ်နင်းနေခြင်းဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ မသမာသော အခြားရည်ရွယ်ချက်တစ်ခု ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲဒါကတော့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ကို အသုံးပြုလာအောင် ဖိအားပေးပြီး နိုင်ငံခြားငွေ စီးဆင်းမှုတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံတကာ ငွေကြေးစနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသမာတဲ့နည်းနဲ့ အသုံးချနေတဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ပြည်ပရောက် မိသားစုဝင်တွေထံက ရရှိတဲ့ငွေဟာ စစ်အုပ်စု သတ်မှတ်ထားတဲ့ ငွေလဲနှုန်းတွေကြောင့် တန်ဖိုးလျော့နည်းသွားပြီး၊ ဝင်ငွေကို မှီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အခြေအနေကို ပိုမို ခက်ခဲသွားစေပါတယ်။
ပြည်ပက ပြန်လွှဲပို့တဲ့ ငွေကြေးနဲ့ မိသားစုတွေရဲ့ နေထိုင်မှုအခြေအနေကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိပါတယ်။ ပြည်ပက ငွေလွှဲရရှိတဲ့ အိမ်
ထောင်စုတွေဟာ အစားအသောက်သုံးစွဲမှု ပိုမိုကောင်းမွန်ပြီး အာဟာရပြည့်ဝမှုလည်း ပိုမိုရရှိနိုင်ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ငွေလွှဲရရှိတဲ့ အိမ်ထောင်စုတွေဟာ ဆင်းရဲနွမ်းပါးမှု ကြုံတွေ့ရနိုင်ခြေ ၂၅ ရာခိုင်
နှုန်းအထိ လျော့နည်းကြောင်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။
ဟွန်ဒီကွန်ရက်တွေကို အသုံးပြုပြီး ငွေလွှဲပို့ရတာဟာ တစ်ခုတည်းသော ရွေးချယ်စရာလို ဖြစ်နေတဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာတော့ ဒီနှိမ်နင်းမှုရဲ့ သက်ရောက်မှုက ပိုမိုပြင်းထန်ပါတယ်။ ရခိုင်ပြည်နယ်လို ဒေသတွေမှာ ပုဂ္ဂလိကဘဏ်အများစုဟာ ပိတ်ထားရပြီး၊ ပုံမှန်ဘဏ်ဝန်ဆောင်မှုတွေ ရရှိဖို့ အလွန်ခက်ခဲနေပါတယ်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်တဲ့ နေရာအချို့ ရှိနေသေးပေမယ့် ငွေသား ထုတ်ယူခတွေ မြင့်မားလာတာ၊ စစ်အုပ်စုက ငွေကြေးလှုပ်ရှားမှုတွေကို ပိုမိုနီးကပ်စွာ စောင့်ကြည့် နေတာတွေကြောင့် ပြည်သူတွေအတွက် အခက်အခဲတွေ ပိုများလာပါတယ်။
ဟွန်ဒီကွန်ရက်တွေကို နှိမ်နင်းလိုက်ခြင်းဟာ ဒီလိုဒေသတွေဆီ ငွေကြေးပို့ဆောင်ဖို့ ကုန်ကျစရိတ် ပိုမိုမြင့်တက်လာစေပြီး လုပ်ရကိုင်ရ ပိုမိုခက်ခဲစေပါတယ်။ ဒါ့အပြင် အကျပ်အတည်းဖြစ်နေတဲ့ ဒေသတွေမှာ အရေးပေါ် ငွေသားအကူအညီတွေ ပေးပို့ဖို့ ဒီကွန်ရက်တွေကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။
စစ်အုပ်စုရဲ့ ဟွန်ဒီနှိမ်နင်းမှုဟာ အာဆီယံနိုင်ငံတွေအတွက်လည်း စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟွန်ဒီကွန်ရက်တွေကနေတစ်ဆင့် လွှဲပြောင်းပေးနေတဲ့ ငွေကြေးတွေဟာ မြန်မာနိုင်ငံအတွင်းမှာသာ သက်ရောက်မှုရှိတာ မဟုတ်ဘဲ အာဆီယံဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေနဲ့ပါ သွယ်ဝိုက်သောနည်းဖြင့် အကျိုးပြုနေပါတယ်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ငွေလွှဲပို့မှုတွေဟာ မြန်မာနိုင်ငံအတွင်းက မိသားစုတွေရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသလို၊ အဲဒီမိသားစုတွေကနေတစ်ဆင့် အာဆီယံနိုင်ငံတွေက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်စွမ်းလည်း တိုးမြင့်စေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေအတွက် မြန်မာပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းဟာ ဒေသတွင်း စီးပွားရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။

👍22❤5🖕3👎2🤮2
ဒါတင်မက ပြည်တွင်းမှာ မိသားစုတွေကို အထောက်အပံ့ပေးနိုင်ခြင်းဟာ လူတွေကို အန္တရာယ်ရှိတဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုတွေ၊ လူကုန်ကူးခံရနိုင်ခြေတွေကနေ လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဟွန်ဒီစနစ်ကို ပိတ်ပင်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို စစ်အုပ်စုထိန်းချုပ်ထားတဲ့ ငွေလွှဲလမ်းကြောင်းထဲ ဝင်ရောက်အသုံးပြုစေမယ်ဆိုရင် စစ်အုပ်စုရဲ့ အာဏာနဲ့ ထိန်းချုပ်မှုကိုသာ ပိုမိုခိုင်မာအား ကောင်းလာစေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်အပေါ် မြန်မာစစ်အုပ်စုရဲ့ ငြင်းဆန်မှုကို ပိုမိုအားပေးရာ ရောက်ပါလိမ့်မယ်။
အကြောင်းကတော့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးမယ့်အစား စစ်အုပ်စုရဲ့ ထိန်းချုပ်နိုင်စွမ်းကိုသာ ပိုမိုအားကောင်းစေနိုင်တာကြောင့် ဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းမှုကို တားဆီးဖို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတာပေမယ့် လက်ရှိ ဟွန်ဒီနှိမ်နင်းမှုဟာ တကယ့် တရားမဝင် လုပ်ငန်းကြီးတွေကို ထိရောက်စွာ တားဆီးတာထက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားဝင် ငွေလွှဲမှုတွေကိုသာ ပိုမို ထိခိုက်စေပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စံနှုန်းတွေအရ ပုံမှန်မဟုတ်တဲ့ ငွေကြေးဝန်ဆောင်မှု ပေးသူတွေကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ စောင့်ကြည့်ထိန်းချုပ်ခြင်းတွေက ပိုမိုသင့်လျော်တဲ့ နည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဟွန်ဒီကွန်ရက်တွေကိုသာ အတင်းအကျပ် နှိမ်နင်းပြီး စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ထဲ တွန်းပို့လိုက်ခြင်းကတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်အုပ်စု သတ်မှတ်ထားတဲ့ မတရားတဲ့ ငွေလဲနှုန်းတွေအောက် ရောက်ရှိသွားစေ နိုင်ပါတယ်။
အာဆီယံနိုင်ငံများအနေနဲ့လည်း တရားဝင်ငွေလွှဲမှုများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ စီးဆင်းမှုများကို မထိခိုက်စေဘဲ၊ တကယ်အရေးကြီးတဲ့ အမှန်တကယ်ဖြစ်ပေါ်နေသော ငွေကြေးခဝါချမှုများကိုသာ ထိရောက်စွာ တားဆီးနိုင်ရေးအပေါ် အာရုံစိုက်သင့်ပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေဟာ ကိုယ့်နိုင်ငံတွေရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး တရားဝင် ဟွန်ဒီငွေလွှဲစနစ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ခွင့်ပြုနိုင်မလဲဆိုတာ ရှာဖွေသင့်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်နဲ့ ငွေကြေးစနစ်တွေကို မယုံကြည်တော့ဘဲ ဟွန်ဒီစနစ်ကို ဘာကြောင့် အသုံးပြုနေရသလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ မြန်မာစစ်အုပ်စုကို ဖိအားပေးနိုင်ပါတယ်။
East Asia Forum ကတော့ အာဆီယံစီးပွားရေးအသိုက်အဝန်းနဲ့ ကိုက်ညီတဲ့ ပွင့်လင်းပြီး တည်ငြိမ်တဲ့ စီးပွားရေးစနစ်ကို ပြန်လည်တည်ဆောက်နိုင်မှသာ ဟွန်ဒီစနစ်အပေါ် ပြည်သူတွေရဲ့ မှီခိုအားထားမှုကို တားမြစ်နှိမ်နင်းမှုတွေထက် ပိုမိုထိရောက်စွာ လျှော့ချနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
သို့သော် လက်ရှိ စစ်အာဏာရှင်စနစ်အောက်မှာတော့ ပြည်သူတွေ ယုံ
ကြည်အားထားနိုင်တဲ့ ပွင့်လင်းတည်ငြိမ်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက်လာနိုင်မယ့် အခြေအနေ မရှိပါဘူး။
ကိုးကား – East Asia Forum
#ပြည်ပရောက်မြန်မာလုပ်သား #ဟွန်ဒီ
#ငွေပြန်လွှဲ #ဘဏ်စနစ် #စစ်တပ်
#peoplesspring #ludunwayoo

❤18👍12🤮3🖕3🔥1
အမြန်လမ်း တောင်ငူ-အုတ်တွင်းလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ
စက်တင်ဘာ၂၂၊၂၀၂၆။အိမ်သွင်/People's Spring
အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမြန်လမ်းဘေးက ရွှေလောင်းနဲ့ဘိုကုန်းကျေးရွာတွေမှာ စက်တင်ဘာ ၁၅ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၂၁ရက်မှာတော့ ပဲကြီးခုံကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေလောင်း၊ဘိုကုန်းနဲ့ ပဲကြီးခုံကျေးရွာတွေဟာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပါတယ်။
အဲဒီရွာတွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဇီးကုန်း၊ ကမ်းဘနီ ၊ အင်းဝိုင်းနဲ့ ကရင်ရွာကြီးရွာတွေကိုလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးတွေလည်းပစ်ခတ်နေလို့ ဒေသခံတွေဟာ တောင်ငူနဲ့ အုတ်တွင်းမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ သတင်းရရှိပါတယ်။
စစ်တပ်စစ်ကြောင်း တွေဝင်လာပြီး တိုက်ပွဲစတင်ဖြစ်ပွားတဲ့ စက်တင်ဘာ ၁၅ ရက်က ရွှေလောင်းနဲ့ ဘိုကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးအချို့အပါအဝင် အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။။
" ဒီနေ့ဆိုသွားပြီး ကယ်ထုတ်လို့လည်းမရဘူး။ လမ်းတွေကလုံခြုံရေးတော်တော်စိတ်မချရဘူး။ ဆုတောင်းပေးနေရတယ်"လို့ တောင်ငူမြို့ခံတစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်းအတွင်း အုတ်တွင်း၊ဖြူး၊ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်တွေထဲမှာ ၂၀၂၅ ဩဂုတ်နဲ့ နိုဝင်ဘာက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အရပ်သားတွေကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့လို့ အခုလည်း အထူးလုံခြုံရေးသတိပြုနေထိုင်ကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
၂၀၂၅ သြဂုတ် ၇ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း (၁၁၅)မိုင်အနီးက ဘုတရာဘုရားအနီးကိုစစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ကျီးမနိုးကျေးရွာမှာ ကိုယ်ဝန်ဆောင် မိခင် ၂ဦးအပါအဝင် ဒေသခံ ၁၁ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် ဌာနေကရင်လူမျိုး သားအမိ ၂ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနဗျူဟာ၂၂က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အုတ်တွင်းမြို့နယ်က ကျေးရွာတွေ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကလည်း ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျွန်းစိုက်ခင်း လုပ်သားမိသားစု ၅ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုတော့ အမှတ်-၂စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာနဗျူဟာ(၂၂)က အသေးစိတ်သတင်းမထုတ်ပြန်သေးပါဘူး။ မနေ့ ညနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းပျံသန်းသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

❤24👍17👎4👏2🤬2🥰1🥴1
ကလေးမြို့က ကွန်ပြူတာဆိုင်မီးလောင်မှု အမျိုးသမီး ၃ဦး သေဆုံး
စက်တင်ဘာ-၂၂၊၂၀၂၆။သတိုး/People's Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က ကွန်ပြူတာဆိုင်တစ်ဆိုင်မှာ စက်တင်ဘာ ၂၁ရက်ည ၁၁နာရီကျော်က မီးလောင်ခဲ့တာဖြစ်ပြီး နာရီဝက်လောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။
မီးသတ်ကားတွေရောက်ရှိချိန်မှာ မီးလောင်အားအတော်ကောင်းနေပြီး မီးလောင်တဲ့အထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီး ၃ဦးသေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေကို ပုညကုသလ လူမှုကူညီရေးအသင်း နဲ့ ဂရုဏာလူမှူကူညီရေးအသင်းက ကလေးဆေးရုံကိုပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုအကြောင်းရင်း နဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က မထုတ်ပြန်ထားသလို လူသေဆုံးမှုရှိတဲ့အကြောင်းကိုလည်း မဖော်ပြထားပါဘူး။

😢26❤2🔥2👎1
ပြည်တွင်းဆောက်လုပ်ရေးလောက
အကျပ်အတည်းတွေ့
■စစ်တပ်ကပြည်ပမှဆောက်လုပ်ရေးပစ္စည်းတင်သွင်းခွင့်တားမြစ်တာ၊ငွေကြေးဖောင်းပွတာ၊စစ်မှုထမ်းစုဆောင်းမှုကြောင့်လုပ်သားရှားပါးတာစတာတွေကဆောက်လုပ်ရေးလောကကိုအကြပ်အတည်းတွေ့စေ
စက်တင်ဘာ -၂၂၊၂၀၂၆။ဇော်၀င်း/People's Spring
ဆောက်လုပ်ရေးသုံးပစ္စည်းတွေဈေးတဟုန်ထိုးတက်လာတာ ၊လုပ်သားရှားပါးလာတာစတဲ့ပြသာနာတွေကြောင့်ရန်ကုန်မြို့ကဆောက်
လုပ်ရေးကုမ္ပဏီတချို့ဖျက်သိမ်းနေသလို ၊
ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေငွေသွင်းပြီးပေမယ့် အခန်းမရတာ၊ငွေထပ်မံတောင်းခံတာ စတဲ့ပြသာနာတွေဖြစ်ပေါ်နေပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က သွင်းကုန်ပါမစ်ပိတ်ဆို့မှုကြောင့်ဈေးအဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကတဆင့် နှစ်အလိုက်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့်ဆောက်
လုပ်ရေးလောက အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင် တချို့ကဆိုပါတယ်။
"အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံ
ချောင်းတွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်း ဆောက်လုပ်ရေးလောက က ပိုဆိုးရွာလာတယ်"လို့ ဆောက်
လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့်လည်း ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်း အခုရက်ပိုင်းမှာတင် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာထားပြီး
ဆောက်လုပ်ရေးလောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ အထက်ပါ လုပ်ငန်းရှင်ကပြောပါတယ်။
တဖက်မှာလည်း ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေက သတ်မှတ်ငွေအပြည့်ပေးသွင်းပြီးတဲ့အထိ အခန်းမရတဲ့ ဖြစ်စဉ်တွေရှိလာပါတယ်။
လတ်တလောလူထုနွေဦးက ရရှိထားတဲ့ အ
ချက် အလက်တွေ အရ ရန်ကုန်မြို့က နာ
မည်ကြီးကွန်ဒိုတွေ ဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 နဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းက အခန်းတွေ ဖြစ်တယ်လို့ ကြိုပွိုင့်၀ယ်ယူထားပြီး ငွေပေးသွင်းပြီး အခန်းမရသေတဲ့သူတွေက အသိပေးထားပါတယ်။
"ငွေယူထားပြီး သတ်မှတ်ကာလ ရောက်တဲ့အထိ အခန်းမအပ်နိုင်ဘူးဆိုတာ ကျားဖြန့်တွေကို တရား၀င်ခွင့်ပြုထားသလို ဖြစ်နေတယ်"လို့ အိမ်ခြံမြေ ဥပဒေအကျိုးဆောင် အထက်တန်းရှေ့နေတစ်ဦးက ပြောပါတယ်။
The Central Tower 8 ကို တရုတ်နိုင်ငံသား အိမ်ခြံမြေကျွမ်းကျင်သူ စတီဖင် ဆိုသူပိုင်တဲ့ Marga Group က Marga Land mark Development ကုမ္ပဏီက တည်ဆောင်ဖို့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဆီက ခွင့်ပြုမိန့်ရခဲ့တာဖြစ်ပါတယ်။
စာချုပ်ပါ အချက်အလက်တွေအရ ကြိုပွိုင့်နဲ့၀ယ်ယူထားသူတွေကို ၂၀၂၀ မှာ အခန်းအပ်မယ်လို့ ကတိက၀တ်ပြုထားပေမယ့် ၂၀၂၆ ခုနှစ်အထိ အခန်းမအပ်နိုင်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်
ငန်းရှင်များအသင်း ဥက္ကဌ ဖြစ်သူဦးရှိန်၀င်းရဲ့ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ ရှယ်ယာပါတဲ့ Emerald Bay ကွန်ဒိုမီနီယံစီမံကိန်း တာဝါနံပါတ် (၃) ကလည်း လုပ်ငန်းခွင့်ပြုချက်မရသေးဘဲ ကြိုပွိုင့်၀ယ်ယူထားသူတွေဆီက ငွေထပ်မံတောင်းခံနေတာကြောင့် အငြင်းပွားမှုတွေ ရှိနေပါတယ်။
Emerald Bay စီမံကိန်းကို စင်ကာပူအခြေ
စိုက် Golden Paragon Investment ကုမ္ပဏီက ဖော်ဆောင်နေခြင်းဖြစ် တရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေနဲ့ မြန်မာဘက်က တက်
လမ်းကုမ္ပဏီလည်း ပါ၀င်ထားတယ်လို့ သိရပါတယ်။
"ဆောက်လုပ်ရေးပစ္စည်းစျေးကတောက်လျှောက်တက်လာတာ၊ဥပမာသံဆိုလည်းသွင်းခွင့်မရတော့ ပစ္စည်းပြတ်တယ်။ ရှိတဲ့ဟာကို စျေးချိန်ရောက်တော့ စျေးတွေကအလိုလိုတက်ကုန်တာပဲ။အပြင်က သွင်းတဲ့ သံတင်တက်တာလားဆိုတော့လည်းမဟုတ်ဘူး။ ပြည်တွင်းကထုတ်တဲ့အုတ်စျေးတွေကလည်းတက်တာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ၃၀၀ တန်အုတ်တလုံးက ခု ၄၅၀ ဖြစ်နေပြီ။ အဲဒီတော့၂၀၂၄ တုန်းကအိမ်ဆောက်ဖို့တွက်
ချက်ထားပြီး မဆောက်ဖြစ်ဘဲ ခုအချိန်မှာဆောက်မယ်ဆိုရင် အဲဒီတွက်ထားတဲ့ငွေက တစ်အိမ်စာမရတော့ဘူးဖောင်ဒေးရှင်းသာ
သာပဲရတော့မယ်။ခုကာလ က တကယ်နေဖို့
ဆောက်ချင်သူတွေလည်း အတော်မစားသာသလို ဆောက်လုပ်နေတဲ့သူတွေလည်း ရပ်မသွားအောင်သာဆက်နေကြရတဲ့သဘောမျိုးဖြစ်တယ်" လို့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့အခက်အခဲကို ဆောက်
လုပ်ရေးလုပ်ငန်းရှင်တဦးကရှင်းပြပါတယ်။
အာဏာသိမ်းစစ်တပ်လက်ထက်မှာ ကျပ်ငွေဖောင်းပွမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးကြီးကုန်တာ ၊ ပြည်ပမှ ဆောက်လုပ်ရေးပစ္စည်းတင်သွင်းမှု တွေပိတ်ထားတဲ့ သံအပါအဝင်ဆောက်လုပ်ရေးပစ္စည်းတွေဈေးကြီးကုန်တာ ၊စစ်တပ်က စစ်မှုထမ်းအတွက်လူငယ်တွေကို အဓမ္မစစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာကြောင့် ဆောက်လုပ်ရေးအလုပ်သမားတွေရှားပါးလာတာစတဲ့ ပြသာနာတွေကြောင့် ဆောက်လုပ်ရေးလောကဟာ အကြပ်အတည်းကြုံနေရပြီဖြစ်တယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ် ။

👍19❤8🤬4🔥2🖕2
စစ်တပ်အာဏာသိမ်းမှုကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုနည်းပါးတာ၊ပြည်ပချေးငွေမရတာ၊ကုန်သွယ်ရေးကျဆင်းတာ စတာတွေကြောင့် စစ်တပ်က နိုင်ငံခြားငွေနည်းပါးတာကိုအ
ကြောင်းပြပြီးပြည်ပကကုန်ပစ္စည်းတင်သွင်းမှုတွေအားလုံးကို တင်းကြပ်ကန့်သတ်ထားတာဖြစ်ပါတယ်။စားသောက်ကုန်၊ဆေးဝါးကအစ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုပါ
ကန့်သတ်တားမြစ်နေတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ ဘီလပ်မြေတစ်အိပ် ၆၀၀၀ ကျပ်သာရှိပေမယ့် အခုအခါ သုံးဆကျော်ဈေးတက်သွားပြီ တစ်အိတ် ၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ် ။နယ်တွေမှာတော့ ဈေးနှုန်းကပိုကြီးပါတယ် ။
အာဏာသိမ်းစစ်တပ်လက်အောက်မှာ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေအပ်ထားရတာကိုမယုံကြည်တဲ့အပြင် ၊ငွေကြေးဖောင်းပွမှုကြောင့် ငွေသားအနေနဲ့မထားချင်ကြပဲ ရွှေလိုပဲ အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေရှိတဲ့အတွက် ဝယ်လိုအားကရှိနေတယ်လို့စုံစမ်းသိရပါတယ် ။ဒါ့အပြင် အခုနာက်ပိုင်း ပြည်တွင်းမှာ ပိုမိုများပြားလာတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေကလည်း အိမ်ခြံမြေဝယ်ယူပြီး တရားမဝင်ရတဲ့ငွေ(ငွေမည်း)
ကို တရားဝင်ဖြစ်အောင်(ငွေဖြူဖြစ်အောင်)
အိမ်ခြံမြေဝယ်ယူတာတွေရှိတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ် ။
ဒါ့အပြင် ရန်ကုန်မြို့ဆောက်လုပ်ရေလောကမှာ ရပ်ကွက်တွေထဲမှာ ကန်ထရိုက်တာတွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ ၊ရန်ကုန်စည်ပင် ယာအုံက အကျင့်ပျက်သူတွေပေါင်းပြီး အများပြည်သူပိုင်မြေတွေမှာရော ၊ ပုဂ္ဂလိကပိုင်မြေတွေပေါ်မှာရော ကန်ထရိုက်တိုက်တွေကြိုပွိုင့်နဲ့ ရောင်းပြီး ဆောက်လုပ်နေကြတာမှာ အချင်းချင်းပြန်တိုင်တဲ့အတွက် စစ်တပ်လက်အောက်ခံ စရဖ နဲ့ စစစ တို့ကပါ လိုက်စစ်ပြီး ဆောက်ပြီးတိုက်တွေကို တရာမဝင်ဆောက်တယ်ဆိုပြီး နေထိုင်ခွင့်ချမပေးဘဲ ပါဝင်သူတွေကို ဖမ်းဆီးစစ်ဆေးတဲ့ အရှုပ်အထွေးတွေလည်းဖြစ်ပွားနေပါတယ် ။
#ဆောက်လုပ်ရေးလောအကျပ်အတည်းတွေ့
#TheCentralTower8 #EmeraldBay
#ဆောက်လုပ်ရေးပစ္စည်းသွင်းခွင့်ပိတ်

👍21🤬3🤮3🖕2❤1🔥1
စစ်တပ်အာဏာမသိမ်းခင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု /ဆောက်လုပ်ရေးလောကအကျပ်အတည်းကြောင့်ကုမ္ပဏီတစ်ခုဖျက်သိမ်းကြောင်းကြညာချက်နဲ့ ကွန်ဒိုခန်းအရောင်းအဝယ်နောက်ဆက်တွဲပြသာနာကြေညာချက်တစ်ခု။ဓါတ်ပုံ-structurae.net
👍22🔥2🤬2❤1👎1🖕1