People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - Taiwan Alliance for Myanmar
❤54👍6🖕3🥰2😁1🤮1
ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် ၂ရက်အတွင်း အမျိုးသမီး ၂ဦး သေဆုံး

စက်တင်ဘာ-၂၁၊၂၀၂၆။သတိုး/People's Spring

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်ညက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းမကြီး နန္ဒဝန်ဈေးရှေ့မှာ ဈေးရောင်းပြီးတွန်းလှည်းနဲ့ပြန်လာတဲ့ သားအမိ ၂ဦးကို ကား ၁စီးကဝင်တိုက်ခဲ့တာ‌ကြောင့် သမီးဖြစ်သူက အခင်းနေရာမှာတင် သေဆုံးခဲ့တာပါ။

သေဆုံးသူက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကအသိပေးထားပါတယ်။

ဒီဖြစ်စဉ်မှာ ယာဉ်တိုက်မှုကျူးလွန်တဲ့ကားက ထွက်ပြေးသွားတာကြောင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှာ အမှူဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာလည်း အမှတ်(၃)လမ်းဆုံ အနီးမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို အုတ်သယ်တဲ့ကားက ဝင်တိုက်ပြီးနေရာမှာတင်ပွဲချင်းပြီး သေဆုဲးခဲ့ပါတယ်။

"အုတ်ကားက လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို မီးပွိုင့်အနီးမှာ ဝင်တိုက်ပြီးတော့ မီးပွိုင့်နားက စီစီတီဗီတိုင်ကိုတိုက်တယ်။ ဝင်တိုက်တဲ့အမျိုးသမီးက ကားအောက်ထဲပါသွားပြီးတော့ နေရာမှာတင် DB(Dead Body) ဖြစ်သွားတယ်" လို့ ပုလဲအရန်မီးသတ်ကအသိပေးထားပါတယ်။
😢25❤2👍2👎2🤣2🔥1
(စက်တင်ဘာ ၁၉ ရက်ညက တောင်ဥက္ကလာပမြို့နယ်မှာ ကားမှုဖြစ်ပြီး မြင်ကွင်း။ ဓာတ်ပုံ - မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း)
😢19👎4🔥3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ကချင်က ပြန်လာတဲ့ ဒဏ်ရာရစစ်သား​တွေကို ပြင်ဦးလွင်စစ်ဆေးရုံပို့

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေ ဒီနေ့ စက်တင််ဘာ ၂၁ရက် မနက်ပိုင်းမှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကို ဆိုက်ကပ်ပြီး ဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကို ပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်ကတည်းက မန္တလေးမြို့က​နေ ဗန်းမော်မြို့ကို ပို့ထားတဲ့ စစ်သား​တွေထဲက ဒဏ်ရာရစစ်သားတွေကို ပြန်ခေါ်လာတဲ့ စစ်သင်္ဘောတွေဟာ ဒီနေ့ မနက်ပိုင်းမှာ မန္တလေးဆိပ်ကမ်းကို ကပ်ခဲ့တာလို့ သိရပါတယ်။ ဆိပ်ကမ်းမှာ လူနာတင်ကားတွေအပါအဝင် ကားအစီးရေ ၂၀ လောက်နဲ့ မန္တလေးနန်းတွင်းထဲကို စစ်သား​တွေကိုသယ်ဆောင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်က ပြန်လာတဲ့ စစ်သင်္ဘောမှာ ၂၀၂၄ ခုနှစ် ကတည်းကဗန်း​မော်ကို ပို့ထားတဲ့ စစ်သားအချို့လည်း ပြန်ပါတယ်လို့ ဆိုပါတယ်။ မန္တ​လေးမြို့မှာ ဒဏ်ရာရစစ်သားတွေ​ကို ဆေးကုသဖို့ ဝန်ထမ်းအင်အားနဲ့ ဆေးအင်အားအလုံအလောက်မရှိတာကြောင့် ပြင်ဦးလွင် စစ်ဆေးရုံကို ချက်ချင်းပို့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

◾️ပေါက်တော၊ မင်းပြား၊ ဂွမြို့နယ်တို့ကို စစ်တပ် ဗုံးကြဲ၊ တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၁ရက် တရက်တည်း ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ ကျောင်းသားတစ်ဦး အပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ပေါက်တောမြို့နယ် တောင်းဖူးရွာထဲကို စစ်တပ်က ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနက် ၁၁နာရီ ကျော်မှာ ဂွမြို့နယ် ဆပ်သွားရွာကို ဗုံးထပ်ကြဲတာ​ကြောင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး နဲ့ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့ နေ့လယ် ၁၂ ကျော်မှာလည်း မင်းပြားမြို့နယ် သစ်ပုတ်တောင်ရွာအနီးတောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးထိခိုက်သူ ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီးကိုင်းရွာကို စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့ပြီး ရွာထဲ ကျရောက်ပေါက်ကွဲကာ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် မရွှေတင်တို့ သေဆုံးခဲ့ပါတယ်။

◾️စစ်မှုထမ်းသင်တန်းပို့စဥ် လူငယ်တစ်ဦး ကား​ပေါ်မှ ခုန်ချထွက်​ပြေး

စစ်မှုထမ်းအတွက် ဖမ်းဆီးထားသူ​တွေကို မန္တလေးမြို့ နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ် တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်းကျောင်းကို ဒီနေ့ ပို့ဆောင်စဥ် လူငယ်တစ်ဦးက ကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီး စစ်တပ်က လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာ နန်းတွင်းထဲကနေ ဖမ်းဆီးထားတဲ့လူငယ်တွေကို ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၉)နဲ့ ခလရ(၁၁၆)တပ်ရင်းတွေဆီ ဆက်တိုက်ပို့​နေပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စက်တင်ဘာ ၂၁ ရက် ဒီနေ့ညနေပိုင်းမှာလည်း ကား၂စီးနဲ့ ထပ်မံပို့ခဲ့တာပါ။ အဲဒီလိုပို့ဆောင်စဥ်မှာ ကားတစ်စီး​ပေါ်ပါတဲ့ လူငယ်တစ်ဦးဟာ လမ်းပိတ်နေတဲ့အချိန် ခုန်ချထွက်ပြေးသွားတာကြောင့် စစ်အုပ်စုက ပိုက်စိတ်တိုက်လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ဆောမြို့နယ်မှာ စစ်တပ် အင်အားဖြည့်လို့ စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာ ၂၀ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄,၅၀၀ ၀န်းကျင် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ချင်းတောင်ကို ထိုးစစ်ဆင်ဖို့ရော တဆက်တည်းမှာပဲ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး ဗျူဟာကျ လုပ်ဆောင်နေတယ်လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲတွေလည်း အခုထက်ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။ စစ်တပ်ဟာ ဆော-လောင်းရှည်လမ်း ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

◾️SCEFမှာ အမျိုးသမီးကိုယ်စားပြုပါဝင်ရေးကိစ္စ ဆွေးနွေး
👍23❤4🖕3🔥2
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြုမှု ပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း SCEFက ဒီနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။ အမျိုးသမီးမဏ္ဍိုင် ဖော်ဆောင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီတို့ဟာ စက်တင်ဘာ ၁၉ရက်မှာ အစည်းအဝေး ကျင်းပခဲ့ရာ သဘောတူညီချက် ၂ချက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ အစည်းအဝေးမှာ SCEFရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဏိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှု ကိုယ်စားပြုအသီးသီး ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်များပါဝင်သွားမယ်လို့ သဘောတူညီခဲ့သလို ညှိနှိုင်းဆွေးနွေးရမယ့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သဘောတူညီခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

◾️နွားထိုးကြီး-မြင်းခြံလမ်းပိုင်း စစ်တပ်စစ်ကြောင်းထိုး

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင်ရောက်ကာ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်က စစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားအများအပြားနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ခံတပ်ကုန်းနဲ့ ဖောင်ချဉ်းကျေးရွာက နေအိမ်တချို့ကို မီးဝင်ရှို့ခဲ့ပြီး နွားထိုးကြီး-မြင်းခြံလမ်းဘက်က ကျေးရွာတွေကို ဝင်ရောက်တပ်စွဲကာ အိမ်ထောင်စုစာရင်း ကောက်ယူတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက် ညသန်းခေါင်မှာ လေကြောင်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမရှိဘဲ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့လို့ စာသင်ဆောင် ၃ဆောင်နဲ့ ဝန်ထမ်းအိမ်ရာ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုများခဲ့တာလို့ သိရပါတယ်။ စစ်တပ်ဟာ အရပ်သား ပြည်သူနေထိုင်တဲ့ရွာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်သလို လူငယ်၊ ကလေးငယ်တွေ ပညာမသင်ကြားနိုင်ဖို့ ရည်ရွယ်တာလို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးအခြေအနေမရှိပေမယ့် လုံး၀ ပျက်စီးတဲ့ နေအိမ် ၂လုံးရှိသလို နေအိမ် ၃၆လုံးဟာလည်း ထိခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️KTLA ဆာကာပေါ် တပ်ရင်းမှူးနဲ့အဖွဲ့ KNLAထံပြန်ပူးပေါင်းလာလို့ အခမ်းအနားနဲ့ ကြိုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ ပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆာကပေါ်တပ်ရင်းအား ကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ရက်မှာ ကျင်းပခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာတာဖြစ်ပါတယ်။ အခုလို ပြန်ပူးပေါင်းလာတာဟာ KNU/KNLA အပါအဝင် ကရင်လူမျိုးတွေအတွက် ဝမ်းမြောက်ဝမ်းသာဖွယ်ရာ ဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ ပြန်ပူးပေါင်းလာတဲ့ ဆာကပေါ်တပ်ရင်းခေါင်းဆောင်များနဲ့ ရဲ‌ဘော်များကို KNLA တပ်မဟာ(၄) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလေးသိန်းက ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့သလို ဆာကပေါတပ်ရင်းမှူး ဗိုလ်စောအဲဖိုးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့ဆိုပါတယ်။

◾️လေပြင်းကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စပါးခင်း အများအပြားပျက်စီး
👍17🖕3🔥2👏2❤1
ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာ ၁၇ရက်ကစပြီး ‌ မိုးနဲ့အတူ လေပြင်းပါ ကျရောက်ခဲ့တာပါ။ ရန်ကုန်တိုင်းအတွင်းက တွံတေး၊ သုံးခွ၊ ခရမ်းမြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မအူပင်၊ ညောင်တုန်း၊ အိမ်မဲ၊ ကျောင်းကုန်းမြို့တွေမှာ စပါးခင်းတွေ လဲကျပြီး ပျက်စီးမှုများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေက ပျိုးပင်၊ ဓာတ်မြေသြစာနဲ့ စိုက်ပျိုးစရိတ်အပါအဝင် တစ်ဧကကို ကျပ် ၈သိန်းခန့်အထိ ကုန်ကျထားပြီး လယ်သမားတစ်ဦးချင်းဟာ ဆုံးရှုံးမှုကြီးမားတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ မိုးနဲ့လေဆက်ပြီး ပြင်းထန်နေတဲ့အတွက် လယ်သမားတွေဟာ စပါးခင်းတွေကို အလျင်အမြန် ရိတ်သိမ်းနေကြပါတယ်။ မိုးနဲ့လေသာ ဆက်ကျနေရင် အပျက်အစီးပိုများနိုင်ပြီး ညဘက်တွေ အိပ်မပျော်ဘူးလို့ ဧရာဝတီတိုင်း ညောင်တုန်းမြို့က လယ်သမားတစ်ဦးက ပြောပါတယ်။

◾️ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဖွဲ့စည်းကြောင်း KNU ကြေညာ

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆရာမ နော်ဖောမူးကို တာဝန်ပေးခန့်အပ်ခဲ့ပြီး ဒုဥက္ကဋ္ဌအဖြစ် ဆရာစောကပီ၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ စောဟေဆိုသာကို တို့အား တာဝန်ပေးအပ်ထားကြောင်း အသိပေးပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ ကောင်စီအနေနဲ့ ကော်သူးလေပြည်သူများ(KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူများ)အတွက် ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးခြင်း၊ အဆင့်မြင့် ပညာရေးအဖွဲ့ အစည်းများရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေခြင်းနဲ့ ပြည်သူများရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
👍24🖕3❤2🔥2
👍16🔥3😢2🖕2👎1
❤18🖕4🤬3🔥2
SCEF ဦးဆောင်တဲ့ တော်လှန်ရေးတိုက်ပွဲကို ပံ့ပိုးကူညီကြဖို့၊ အတူလက်တွဲဆောင်ရွက်ဖို့ ထောင်တွင်းမှ တော်လှန်ရေးရဲဘော်တွေက
စာ​ရေးသားတိုက်တွန်း

စက်တင်ဘာ-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်
ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ
(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သ
ဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

လုံခြုံရေးအခြေအနေအရ လတ်တလော အကျဉ်းထောင်ရဲ့ အမည်ကို ဖော်ပြနိုင်ခြင်း
မရှိသေပေမဲ့ မြန်မာနိုင်ငံထဲက​ထောင်တစ်ခုအတွင်းအကျဥ်းကျ​နေဆဲ့ တော်လှန်ရေးရဲဘော်တွေက SCEFနဲ့ပတ်သက်တဲ့သဘော
ထားတွေ၊ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့အ
စည်းတွေကို တိုက်တွန်းတာတွေ စတဲ့အချက် ၆ ချက်ပါရှိတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် SCEF သည် အကောင်းဆုံးအဖြေဖြစ်တယ်လို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ​ဖော်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီအရေးတို့အတွက် ခေတ်အဆက်ဆက် တော်လှန် တိုက်ပွဲဝင်ခဲ့ခြင်းအပေါ် ထောက်ခံ ဂုဏ်ပြု ဖော်ပြခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဖြစ်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံလျက် မိမိတို့ရဲ့ မူဝါဒများကို SCEFနဲ့ ပူးပေါင်းအကောင်အထည်
ဖော်ဆောင်ရွက်ကြစေလိုတယ်လို့လည်း အကြံပြုထားပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာလက်
နက်စွဲကိုင်တော်လှန်နေကြတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ (Local PDF) အနေ
ဖြင့် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ အန္တိမ ရည်မှန်းချက် ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊အမျိုးသားစည်းလုံးညီညွတ်
ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
ပေါ်ထွန်းရေးတို့အတွက် SCEFနဲ့ အတူလက်
တွဲဆောင်ရွက်စေလိုတယ်လို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူ
လူထုအပေါ် မူတည်ကြောင်း အလေးအနက် ယုံကြည်တယ်လို့ ဖော်ပြပြီး ပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသကဲ့သို့ လက်ရှိဖြစ်ပေါ်လျက်ရှိသော တော်လှန်ရေးအခင်းအကျင်းသစ်အရ ပန်းတိုင်သို့ ပိုမိုနီးကပ်လာနေပြီဖြစ်လို့ SCEF ဦးဆောင်သော တော်လှန်ရေးတိုက်ပွဲကို ဆက်လက်အားပေးပံ့ပိုးကူညီကြဖို့ အ
လေးအနက်တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုများ ထိန်း
ချုပ်နယ်မြေတွေမှာ ဒီမိုကရေစီယဉ်ကျေးမှု ခိုင်မာအားကောင်းစေဖို့အတွက် အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အလေးထားစေလိုကြောင်းလည်း အကြံပြုထားပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ ခံစစ်ရေသောက်မြစ်ဖြစ်တဲ့ အဓမ္မစစ်မှုထမ်းခေါ်ဆောင်နေခြင်းတွေအပေါ် ထိရောက်တဲ့ကာကွယ်မှုဆိုင်ရာ
မူဝါဒများ ချမှတ်အကောင်အထည်ဖော်ပေးနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်းတွေကို အလေးအနက် တိုက်တွန်းကြောင်းလည်း​ဖော်ပြထား ပါတယ်။

အထက်ပါစာကို ​အကျဥ်း​ထောင်တစ်ခုအ
တွင်းမှတော်လှန်​ရေးရဲ​ဘော်များက ​ရေးသား​ပေးပို့တာဖြစ်ပြီး အချိန်ကာလတစ်ခု​ရောက်တဲ့အခါတွင်မှ ယခု​သ​ဘောထားကြေညာ
ချက်အ​ပေါ် တာဝန်ယူ​ကြောင်းအသိ​ပေးမယ်လို့လည်း ​ရေးသားထားပါတယ် ။လူထု​နွေဦးအ​နေနဲ့ ​အကျဥ်း​ထောင်အမည်ကိုသိ​သလို၊စာကို လက်ခံရရှိထား​ပေမယ့်နိုင်ငံ​ရေးအကျဥ်းသား​တွေရဲ့ လုံခြုံ​ရေး​ကြောင့်အမည်​ဖော်ပြခြင်းမပြုပါ ။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်း
အရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
၊ချင်းအမျိုးသားတပ်ဦး(CNF) တိုနဲ့ အခုနှစ် မတ်လမှာ ကနဦး ဖွဲစည်းထားတာပါ။ SCEF စုဖွဲမှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲစည်းသွားမယ်လို့ အသိပေးထားသလို အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိမှာစစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲဝင်အသစ်များအဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ ကိုယ်စားပြုသူတွေ ပါဝင်ရေးညှိနှိုင်းဆွေး
နွေးလျက်ရှိပါတယ်။

SCEFဟာစစ်ရေး၊နိုင်ငံရေးအပါအဝင် ဘက်
ပေါင်းစုံပူးပေါင်းဆောင်ရွက်ပြီးစစ်အာဏာ
ရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
👍39❤11🥰4🖕4😁3👏1👌1🤣1