ဦးကျော်မိုးထွန်းဟာ အမြဲတမ်းတော့ တော်
လှန်ရေးစိတ်ကိန်းအောင်းနေခဲ့သူမျိုးမဟုတ်ပါဘူး။၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကဆိုရင် သူက တည်ငြိမ်တဲ့ အလုပ်တစ်ခုကိုပဲ မျှော်
လင့်ခဲ့တာပါ။ဒါကြောင့် မတူညီတဲ့ စစ်အစိုးရတစ်ရပ်အုပ်စိုးနေတဲ့ ကာလမှာသူဟာ နိုင်ငံ
ခြားရေး ဝန်ကြီးဌာနမှာ ဝင်အလုပ်လုပ်ခဲ့ပါတယ်။
ငယ်ရွယ်တဲ့ သံအရာရှိလေး တစ်ဦးအဖြစ်
နယူးယောက်ကို ရောက်လာတုန်းက သူဟာ အာရှသားတွေ စုဝေးနေတတ်တဲ့ အများပြည်သူ သွားလာတဲ့နေရာတွေမှာသူ့ဇနီးကိုတောင်
မြန်မာလိုမပြောခဲ့ပါဘူး။အကြောင်းကတော့ တခြားမြန်မာတွေကသူ့ကိုအာရုံစိုက်မိလာမှာကိုစိုးရိမ်လို့ပါ။ “လူတွေက ကျွန်တော်တို့ကို သိပ်သဘောမကျခဲ့ဘူးလေ”လို့ အဲဒီတုန်းက စစ်အစိုးရ လက်အောက်ခံ အမှုထမ်း ဖြစ်နေခဲ့တာကို ရည်ညွှန်းပြီး သူကဆိုပါတယ်။
မြန်မာစစ်တပ်ကရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်း ရှင်းလင်းမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ခုခံကာကွယ် ပြော
ဆိုမှုတွေကလည်း ခါးသီးတဲ့ ဝေဖန်မှုတွေကို ကြုံတွေ့စေခဲ့ဖူးပါတယ်။ (အမေရိကန် အစိုးရနဲ့ ကုလသမဂ္ဂက လူမျိုးသုဉ်း သတ်ဖြတ်မှု အဆင့်မျိုးလို့ သတ်မှတ်ခဲ့တဲ့ ကိစ္စကို အဲဒီလောက် အခြေအနေမျိုး မဟုတ်ဘူးလို့ ခုခံကာကွယ်ပေးခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်)
အဲဒီတုန်းကသူ့ရဲ့ရပ်တည်ချက်နဲ့ အခုအခါမှာတော့ ဦးကျော်မိုးထွန်းကခပ်ကင်းကင်း နေချင်ပုံရပါတယ်။“ဒီကိစ္စကို ကိုင်တွယ်ဖို့ အစိုး
ရမှာ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေ ရှိခဲ့တယ်လေ။ဒါပေမဲ့သူတို့ တတ်နိုင်သမျှ အကောင်းဆုံးတော့ လုပ်ခဲ့ပါတယ်”လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။
လက်ရှိကာလမှာ သူ့အတွက် အကြီးဆုံး စိန်
ခေါ်မှု တစ်ခုကတော့ ဘဏ္ဍာရေးပါပဲ။ သံရုံးရဲ့ ဘဏ်အကောင့်ထဲမှာကိန်းဂဏန်းတွေက အ
တော်လေး ပွန်းပဲ့ ကျဆင်းနေပါပြီ။ အသုံး
စရိတ်တွေကိုလည်းတစ်လကိုဒေါ်လာ ၂၀,၀၀၀ထိ လျှော့ချထားတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ဥပမာသူက ဥယျာဉ်မှူး တစ်ဦးကို အလုပ်ထုတ်လိုက်ရပြီး အိမ်က မြက်ခင်းကို ကိုယ်တိုင် ရိတ်နေပါတယ်။ လစာလည်း ဆက်မယူတော့ဘဲ အစ်ကိုဖြစ်သူရဲ့ ထောက်ပံ့မှုမှာပဲ မှီခိုနေထိုင်နေပါတယ်။
“တကယ်တော့ ကျွန်တော် မွဲနေပြီဗျ”လို့ သူက ရယ်ရင်းနဲ့ ပြောပါတယ်။
ယာဉ်မောင်းအတွက် အချိန်ပိုကြေး မကုန်အောင် သူက သံရုံးရဲ့ အနက်ရောင် Cadillac ကားကိုလည်းကိုယ်တိုင်မောင်းပါတယ်။
တစ်ခုသော နေ့လယ်ခင်းမှာတော့ အစည်း
အဝေး တစ်ခုမှာ သဘာပတိ တာဝန်ယူရမှာမို့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂ ဌာနချုပ်ဆီ သွားရောက်ခဲ့ပါတယ်။သူက ပါကင်ကနေ ကားကို မောင်းထွက်ပြီး ခဏပြန်ရပ်လိုက်ပါတယ်။ “ခဏလေးနော်”လို့ တခြားကားတွေကို လှမ်းပြောရင်း သူက ပါကင်နေရာ ဦးထားဖို့အတွက်အဖြူရောင်လမ်းတားတိုင်လေး တစ်
ခုကို ပါကင်နေရာမှာ ချန်ထားခဲ့ပါတယ်။
သုံးနာရီမပြည့်ခင်သူပြန်ရောက်လာပါတယ်။ ဒါပေမဲ့ သူချန်ထားတဲ့ လမ်းတားတိုင်ကို ဖယ်ပြီး တခြားကားတစ်စီးက ပါကင်နေရာမှာ ဝင်ရပ်ထားလိုက်ပါပြီ။ ကားပါကင် နေရာကို ဆုံး
ရှုံးခဲ့ရရင်တောင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကတော့ ဦးကျော်မိုးထွန်းရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ။
(New York Times၏ Holding the Fort in Manhattan to Defy Coup Leaders in Myanmar ဆောင်းပါးကို People’s Springက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
#ဦးကျော်မိုးထွန်း #ကုလသမဂ္ဂ
#နယူးယောက်ကမြန်မာသံရုံ
#peoplesapring #ludunwayoo

👍29❤12🖕3🥰1🤮1💩1
သံအမတ်ကြီးဦးကျော်မိုးထွန်း /နယူးယောက်ခ်မြို့ရှိမြန်မာသံရုံး/ သံအမတ်ကြီးရုံးခန်းမှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန် /
ဦးကျော်မိုးထွန်း၊ဂျွန်စုနဲ့ ရုံးအဖွဲ့။
ဓါတ်ပုံ-Dave Sanders/NY Times
ဦးကျော်မိုးထွန်း၊ဂျွန်စုနဲ့ ရုံးအဖွဲ့။
ဓါတ်ပုံ-Dave Sanders/NY Times
👍32❤23👏3🖕3🤮1💩1
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ထားရှိရေး အမေရိကန်နဲ့ ထိုင်ဝမ်မှာ ဆန္ဒဖော်ထုတ်
စက်တင်ဘာ ၂၁၊၂၀၂၆။သုည/People's Spring
အမေရိကန်နဲ့ ထိုင်ဝမ်နိုင်ငံရောက်ရောက်မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှာ ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးအတွက် စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်သူတွေက ဦးကျော်မိုးထွန်းကို အပြည့်အဝ ကိုယ်စားပြုခွင့်ရှိတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုဖို့၊ အာဏာပိုင်အဖွဲ့ကိုယ်စား တင်သွင်းလာတဲ့ သံတမန်ခန့်အပ်လွှာတွေကို ငြင်းပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားပြုနေရာကို အလွတ်ထားခြင်း (သို့) ဆုံးဖြတ်ချက်မချဘဲ ဆက်လက်ထားရှိခြင်း မပြုဖို့နဲ့ ၂၀၂၁ ကတည်းက ကျင့်သုံးလာတဲ့အတိုင်း မဲခွဲဆုံးဖြတ်ခြင်းမပြုဘဲ တူညီဆန္ဒနဲ့ ဆုံးဖြတ်ဖို့ကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံမှာလည်း ပြည်ပရောက်မြန်မာတွေက စုပေါင်းပြီး "ငါတို့ သံအမတ် - ငါတို့ အသံ Our Ambassador - Our Voice" စာသားနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဆက်ရှိနေစေဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆက်လက် အသိအမှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

❤39👍7🥰2🤣2👏1🤮1🖕1
ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် ၂ရက်အတွင်း အမျိုးသမီး ၂ဦး သေဆုံး
စက်တင်ဘာ-၂၁၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်ညက တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းမကြီး နန္ဒဝန်ဈေးရှေ့မှာ ဈေးရောင်းပြီးတွန်းလှည်းနဲ့ပြန်လာတဲ့ သားအမိ ၂ဦးကို ကား ၁စီးကဝင်တိုက်ခဲ့တာကြောင့် သမီးဖြစ်သူက အခင်းနေရာမှာတင် သေဆုံးခဲ့တာပါ။
သေဆုံးသူက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းကအသိပေးထားပါတယ်။
ဒီဖြစ်စဉ်မှာ ယာဉ်တိုက်မှုကျူးလွန်တဲ့ကားက ထွက်ပြေးသွားတာကြောင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှာ အမှူဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်မှာလည်း အမှတ်(၃)လမ်းဆုံ အနီးမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို အုတ်သယ်တဲ့ကားက ဝင်တိုက်ပြီးနေရာမှာတင်ပွဲချင်းပြီး သေဆုဲးခဲ့ပါတယ်။
"အုတ်ကားက လမ်းဖြတ်ကူးတဲ့ အမျိုးသမီးကို မီးပွိုင့်အနီးမှာ ဝင်တိုက်ပြီးတော့ မီးပွိုင့်နားက စီစီတီဗီတိုင်ကိုတိုက်တယ်။ ဝင်တိုက်တဲ့အမျိုးသမီးက ကားအောက်ထဲပါသွားပြီးတော့ နေရာမှာတင် DB(Dead Body) ဖြစ်သွားတယ်" လို့ ပုလဲအရန်မီးသတ်ကအသိပေးထားပါတယ်။

😢25❤2👍2👎2🤣2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကချင်က ပြန်လာတဲ့ ဒဏ်ရာရစစ်သားတွေကို ပြင်ဦးလွင်စစ်ဆေးရုံပို့
ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေ ဒီနေ့ စက်တင််ဘာ ၂၁ရက် မနက်ပိုင်းမှာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကို ဆိုက်ကပ်ပြီး ဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကို ပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်ကတည်းက မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ပို့ထားတဲ့ စစ်သားတွေထဲက ဒဏ်ရာရစစ်သားတွေကို ပြန်ခေါ်လာတဲ့ စစ်သင်္ဘောတွေဟာ ဒီနေ့ မနက်ပိုင်းမှာ မန္တလေးဆိပ်ကမ်းကို ကပ်ခဲ့တာလို့ သိရပါတယ်။ ဆိပ်ကမ်းမှာ လူနာတင်ကားတွေအပါအဝင် ကားအစီးရေ ၂၀ လောက်နဲ့ မန္တလေးနန်းတွင်းထဲကို စစ်သားတွေကိုသယ်ဆောင်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်က ပြန်လာတဲ့ စစ်သင်္ဘောမှာ ၂၀၂၄ ခုနှစ် ကတည်းကဗန်းမော်ကို ပို့ထားတဲ့ စစ်သားအချို့လည်း ပြန်ပါတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့မှာ ဒဏ်ရာရစစ်သားတွေကို ဆေးကုသဖို့ ဝန်ထမ်းအင်အားနဲ့ ဆေးအင်အားအလုံအလောက်မရှိတာကြောင့် ပြင်ဦးလွင် စစ်ဆေးရုံကို ချက်ချင်းပို့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
◾️ပေါက်တော၊ မင်းပြား၊ ဂွမြို့နယ်တို့ကို စစ်တပ် ဗုံးကြဲ၊ တစ်ဦးသေပြီး နှစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၁ရက် တရက်တည်း ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးကာ ကျောင်းသားတစ်ဦး အပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ပေါက်တောမြို့နယ် တောင်းဖူးရွာထဲကို စစ်တပ်က ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနက် ၁၁နာရီ ကျော်မှာ ဂွမြို့နယ် ဆပ်သွားရွာကို ဗုံးထပ်ကြဲတာကြောင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး နဲ့ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့ နေ့လယ် ၁၂ ကျော်မှာလည်း မင်းပြားမြို့နယ် သစ်ပုတ်တောင်ရွာအနီးတောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးထိခိုက်သူ ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီးကိုင်းရွာကို စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့ပြီး ရွာထဲ ကျရောက်ပေါက်ကွဲကာ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် မရွှေတင်တို့ သေဆုံးခဲ့ပါတယ်။
◾️စစ်မှုထမ်းသင်တန်းပို့စဥ် လူငယ်တစ်ဦး ကားပေါ်မှ ခုန်ချထွက်ပြေး
စစ်မှုထမ်းအတွက် ဖမ်းဆီးထားသူတွေကို မန္တလေးမြို့ နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ် တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်းကျောင်းကို ဒီနေ့ ပို့ဆောင်စဥ် လူငယ်တစ်ဦးက ကားပေါ်မှ ခုန်ချထွက်ပြေးသွားပြီး စစ်တပ်က လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာ နန်းတွင်းထဲကနေ ဖမ်းဆီးထားတဲ့လူငယ်တွေကို ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၉)နဲ့ ခလရ(၁၁၆)တပ်ရင်းတွေဆီ ဆက်တိုက်ပို့နေပြီး စက်တင်ဘာ ၂၁ ရက် ဒီနေ့ညနေပိုင်းမှာလည်း ကား၂စီးနဲ့ ထပ်မံပို့ခဲ့တာပါ။ အဲဒီလိုပို့ဆောင်စဥ်မှာ ကားတစ်စီးပေါ်ပါတဲ့ လူငယ်တစ်ဦးဟာ လမ်းပိတ်နေတဲ့အချိန် ခုန်ချထွက်ပြေးသွားတာကြောင့် စစ်အုပ်စုက ပိုက်စိတ်တိုက်လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဆောမြို့နယ်မှာ စစ်တပ် အင်အားဖြည့်လို့ စစ်ရေးတင်းမာနေ
မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိန်းချုပ်ချင်နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာ ၂၀ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄,၅၀၀ ၀န်းကျင် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ချင်းတောင်ကို ထိုးစစ်ဆင်ဖို့ရော တဆက်တည်းမှာပဲ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး ဗျူဟာကျ လုပ်ဆောင်နေတယ်လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲတွေလည်း အခုထက်ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။ စစ်တပ်ဟာ ဆော-လောင်းရှည်လမ်း ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
◾️SCEFမှာ အမျိုးသမီးကိုယ်စားပြုပါဝင်ရေးကိစ္စ ဆွေးနွေး

👍23❤4🖕3🔥2
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အမျိုးသမီးကိုယ်စားပြုမှု ပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း SCEFက ဒီနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။ အမျိုးသမီးမဏ္ဍိုင် ဖော်ဆောင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီတို့ဟာ စက်တင်ဘာ ၁၉ရက်မှာ အစည်းအဝေး ကျင်းပခဲ့ရာ သဘောတူညီချက် ၂ချက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ အစည်းအဝေးမှာ SCEFရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဏိုင်မှာ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှု ကိုယ်စားပြုအသီးသီး ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်များပါဝင်သွားမယ်လို့ သဘောတူညီခဲ့သလို ညှိနှိုင်းဆွေးနွေးရမယ့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သဘောတူညီခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။
◾️နွားထိုးကြီး-မြင်းခြံလမ်းပိုင်း စစ်တပ်စစ်ကြောင်းထိုး
တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင်ရောက်ကာ နွားထိုးကြီး-မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်က စစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားအများအပြားနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ခံတပ်ကုန်းနဲ့ ဖောင်ချဉ်းကျေးရွာက နေအိမ်တချို့ကို မီးဝင်ရှို့ခဲ့ပြီး နွားထိုးကြီး-မြင်းခြံလမ်းဘက်က ကျေးရွာတွေကို ဝင်ရောက်တပ်စွဲကာ အိမ်ထောင်စုစာရင်း ကောက်ယူတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက် ညသန်းခေါင်မှာ လေကြောင်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမရှိဘဲ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့လို့ စာသင်ဆောင် ၃ဆောင်နဲ့ ဝန်ထမ်းအိမ်ရာ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုများခဲ့တာလို့ သိရပါတယ်။ စစ်တပ်ဟာ အရပ်သား ပြည်သူနေထိုင်တဲ့ရွာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်သလို လူငယ်၊ ကလေးငယ်တွေ ပညာမသင်ကြားနိုင်ဖို့ ရည်ရွယ်တာလို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးအခြေအနေမရှိပေမယ့် လုံး၀ ပျက်စီးတဲ့ နေအိမ် ၂လုံးရှိသလို နေအိမ် ၃၆လုံးဟာလည်း ထိခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
◾️KTLA ဆာကာပေါ် တပ်ရင်းမှူးနဲ့အဖွဲ့ KNLAထံပြန်ပူးပေါင်းလာလို့ အခမ်းအနားနဲ့ ကြိုဆို
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ ပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆာကပေါ်တပ်ရင်းအား ကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ရက်မှာ ကျင်းပခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာတာဖြစ်ပါတယ်။ အခုလို ပြန်ပူးပေါင်းလာတာဟာ KNU/KNLA အပါအဝင် ကရင်လူမျိုးတွေအတွက် ဝမ်းမြောက်ဝမ်းသာဖွယ်ရာ ဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ ပြန်ပူးပေါင်းလာတဲ့ ဆာကပေါ်တပ်ရင်းခေါင်းဆောင်များနဲ့ ရဲဘော်များကို KNLA တပ်မဟာ(၄) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလေးသိန်းက ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့သလို ဆာကပေါတပ်ရင်းမှူး ဗိုလ်စောအဲဖိုးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့ဆိုပါတယ်။
◾️လေပြင်းကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စပါးခင်း အများအပြားပျက်စီး

👍17🖕3🔥2👏2❤1
ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာ ၁၇ရက်ကစပြီး မိုးနဲ့အတူ လေပြင်းပါ ကျရောက်ခဲ့တာပါ။ ရန်ကုန်တိုင်းအတွင်းက တွံတေး၊ သုံးခွ၊ ခရမ်းမြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မအူပင်၊ ညောင်တုန်း၊ အိမ်မဲ၊ ကျောင်းကုန်းမြို့တွေမှာ စပါးခင်းတွေ လဲကျပြီး ပျက်စီးမှုများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေက ပျိုးပင်၊ ဓာတ်မြေသြစာနဲ့ စိုက်ပျိုးစရိတ်အပါအဝင် တစ်ဧကကို ကျပ် ၈သိန်းခန့်အထိ ကုန်ကျထားပြီး လယ်သမားတစ်ဦးချင်းဟာ ဆုံးရှုံးမှုကြီးမားတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ မိုးနဲ့လေဆက်ပြီး ပြင်းထန်နေတဲ့အတွက် လယ်သမားတွေဟာ စပါးခင်းတွေကို အလျင်အမြန် ရိတ်သိမ်းနေကြပါတယ်။ မိုးနဲ့လေသာ ဆက်ကျနေရင် အပျက်အစီးပိုများနိုင်ပြီး ညဘက်တွေ အိပ်မပျော်ဘူးလို့ ဧရာဝတီတိုင်း ညောင်တုန်းမြို့က လယ်သမားတစ်ဦးက ပြောပါတယ်။
◾️ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဖွဲ့စည်းကြောင်း KNU ကြေညာ
ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆရာမ နော်ဖောမူးကို တာဝန်ပေးခန့်အပ်ခဲ့ပြီး ဒုဥက္ကဋ္ဌအဖြစ် ဆရာစောကပီ၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ စောဟေဆိုသာကို တို့အား တာဝန်ပေးအပ်ထားကြောင်း အသိပေးပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ ကောင်စီအနေနဲ့ ကော်သူးလေပြည်သူများ(KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူများ)အတွက် ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးခြင်း၊ အဆင့်မြင့် ပညာရေးအဖွဲ့ အစည်းများရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေခြင်းနဲ့ ပြည်သူများရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

👍24🖕3❤2🔥2