မန္တလေးကျောက်တော်ကြီးပွဲ ဆိုင်ခန်းခတွေ အဆမတန်မြင့်တက်
စက်တင်ဘာ-၂၁၊ ၂၀၂၆။ ဇေအောင်/People's Spring
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။
လာမယ့် သီတင်းကျွတ်ကာလမှာ ကျင်းပမယ့် မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ရှေ့မျက်နှာဖွင့် ၅ ပေအကျယ် စျေးဆိုင်ခန်းတစ်ခန်းကို ပြီးခဲ့တဲ့နှစ်က ကျပ် ၃သိန်းခွဲသာ ပေးသွင်းခဲ့ရပေမယ့် ဒီနှစ်မှာတော့ ကျပ် ၁၀ သိန်းနှုန်းနဲ့ ပေးသွင်းရမှာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။
ကျောက်တော်ကြီးဘုရားပွဲစျေးမှာ ဆိုင်ခန်းခကောက်ခံခွင့်ကို ဂေါပကအဖွဲ့ထံကနေ လေလံအောင်သွားသူက ကျပ်သိန်း ၇,၅၀၀ နဲ့ လေလံအောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လေလံကြေးမြင့်တဲ့အတွက် ဆိုင်ခန်းခတွေပါ မြင့်တက်လာတာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။
"ဂေါပကလူကြီးတွေက ငွေမျက်နှာတခုပဲ ကြည့်တော့ ကန်ထရိုက်ပေးတာ။ ကန်ထရိုက်ကလည်း သူအမြတ်ရအောင်ဈေးတင်တာ။ ဈေးသည်တွေက ချေးငှါးပေါင်နှံပြီး ရင်းရတဲ့ ငွေကြေးနဲ့ ရင်တမမနဲ့ပွဲထွက်ရတာ"လို့ စျေးသည်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တပို့တွဲလမှာ ပြုလုပ်မယ့် မဟာမုနိဘုရားကြီးပွဲက ဆိုင်ခန်းခကောက်ခံခွင့်ကလည်း လေလံကြေး သိန်း ၃,၄၀၀နဲ့ လေလံအောင်သွားတယ်လို့ သိရပါတယ်။
ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

❤15🔥7🤬7👍3👎1😁1
စစ်တွေမှာအထိနာနေတဲ့စစ်တပ်က ရသေ့တောင်ကိုလက်နက်ကြီးပစ်တာကြောင့် သားအမိ နှစ်ဦးသေဆုံး
■စက်တင်ဘာ ၄ နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦးသေနဲ့ ၆ ဦးဒဏ်ရာရ
စက်တင်ဘာ-၂၁၊၂၀၂၆။ခိုင်မြတ်/ People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ ဆက်တိုက်သိမ်းပိုက်ခံနေရပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားသားအမိနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီုးကိုင်းရွာထဲ ကျရောက်ပေါက် ကွဲခဲ့ပြီး အဲဒီရွာမှ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ သေဆုံး သွားခဲ့တာပါ။
“သားမိနှစ်ယောက်နေတဲ့အိမ်ထဲကိုတည့်တည့်ကျတာ။တကယ်ဆိုရင်စစ်တွေမှာတိုက်ပွဲဖြစ်နေတာနဲ့ဒီဘက်တွေနဲ့ ဘာမှမဆိုင်ဘူး။ ယုတ်
ကန်းပြီးတော့ပစ်နေတာ။ဒီနေ့လည်းလက်နက်
ကြီးတွေနဲ့ ပစ်နေပါတယ် မူစဲကမ်း ဘက်ကို” လို့ ရသေ့တောင်မြို့နယ် မူစဲကမ်းဒေသခံတဦးက ပြောပါတယ်။
ဇီးကိုင်းရွာဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ငါးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။ စစ်တပ်ဟာ အဲဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်ဘက်ခြမ်းလူနေကျေးရွာတွေကိုလည်း လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ကို လေယာဉ် အုပ်လိုက်နဲ့ ဗုံးပတ်ကြဲခဲ့ပြီး သံတွဲမြို့နယ်မှ ဒေသခံတဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက်နေ့ ကလည်း စစ်တပ်ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာမှ ဒေသခံအမျိုးသားတဦး ဒဏ်ရာရခဲ့ပါတယ်။
အလားတူစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်း
ကျင်တွေကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွား ခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက်
ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ်နဲ့ချီသေဆုံးမှုရှိနေပြီးအထိနာနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
အဲဒီလိုစစ်တပ်ရဲ့စစ်ဆင်ရေစတဲ့ စက်တင်
ဘာ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၁၇ ရက်အတွင်း စစ်တပ်လက်ချက် ကြောင့် ရခိုင်ဒေ
သခံအရပ်သားပြည်သူ၆ ဦးထက်မနည်း သေ
ဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်းကျင်၊ စစ်တွေမြို့နယ်အမြင့်ကျွန်း၊ တော
ကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
#စစ်တွေ #ပုဏ္ဏားကျွန်း #peoplesspring
#စစ်တပ်လက်နက်ကြီး #သားအမိသေဆုံး

👎19👍10😢6❤3😁2👏1🎉1
ဆောမြို့နယ်မှာ စစ်တပ် အင်အားဖြည့်မှုကြောင့် စစ်ရေးတင်းမာနေ
စက်တင်ဘာ-၂၁ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာ ၂၀ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄၅၀၀ ၀န်းကျင် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
"ကျွဲကူးရေပါ အနေအထားအရ ချင်းတောင်ကို ထိုးစစ်ဆင်ဖို့ရော တဆက်တည်းမှာပဲ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ဗျူဟာကျ လုပ်ဆောင်နေတယ်။ဒါကြောင့် တိုက်ပွဲတွေက ဒီထက်ပိုပြင်းထန်လာနိုင်တယ်"လို့ ဆောမြို့နယ်(ယောဒေသ)စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ဆော - လောင်းရှည်လမ်း ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။
"လောင်းရှည်ကနေ ဆောမြို့ကို အင်အားဖြည့်တာ၊တပ်ချိန်းတာ ပုံစံအမျိုးမျိုးလုပ်ဖို့ဆိုရင် လောင်းရှည် - ဆောလမ်းပိုင်းက အရေးကြီးတယ်။အဲဒါကြောင့်လည်း မင်းလယ် ၊ သီးကုန်းနဲ့ တောင်ဘို့ကြီးရွာတွေမှာ စစ်တပ်ကတပ်စွဲထားတယ်"လို့ ဆောမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်တပ်ရဲ့ အင်အားဖြည့်တင်းတပ်ဖြန့်မှုတွေထက် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ၊ မဟာမိတ်တွေ ၊ ခရိုင် ၊တိုင်းစစ်ဌာနတွေ ချိတ်ဆက်ညှိနှိုင်းပြီး တောင်ပေါ် တောင်အောက် ဟန်ချက်ညီညီ စစ်ဆင်ရေးဆောင်ရွက်ကြရမယ့် အခြေအနေဖြစ်တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူက တိုက်တွန်းထားပါတယ်။
မကွေးမြို့ကလာတဲ့ စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်၀န်းကျင်ပါတဲ့စစ်ကြောင်းဟာ ဆောမြို့နယ်၊လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )ရောက်နေပြီလို့ ဆောမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။
ယာဉ်တန်းမှာပါတဲ့ အင်အားတွေက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှုပြုလုပ်ထားတဲ့ တပ်မ(၈၈)လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ မကွေးတိုင်း ပကဖက အသိပေးပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ အဲဒီယာဉ်တန်းကို မကွေးတိုင်း စလင်းနဲ့ ကံပြားလမ်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကား ၂စီး ပျက်စီးပြီး ထိခိုက်သူတွေရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကိုပြောထားပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
ချင်းတောင်ပိုင်းထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်လျော့ခဲ့ပေမယ့်နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။
လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ နေထိုင်ကြဖို့ လက် နက်ကြီး၊လေကြောင်းအန္တရာယ်တွေကို ဂရုစိုက်ဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

👍26❤5😁5🔥2🥰2👎1👏1
လေပြင်းကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စပါးခင်း အများအပြားပျက်စီး၊ မုန်တိုင်းအရှိန်ကြောင့် မိုးနဲ့လေပြင်းအန္တရာယ် ဆက်ရှိနေ
စက်တင်ဘာ-၂၁၊၂၀၂၆။ဇော်ရမ်း/People's Spring
ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာ ၁၇ရက်ကစပြီး မိုးနဲ့အတူ လေပြင်းပါ ကျရောက်ခဲ့တာပါ။
ရန်ကုန်တိုင်းအတွင်းက တွံတေး၊ သုံးခွ၊ခရမ်းမြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မအူပင်၊ ညောင်တုန်း၊ အိမ်မဲ၊ ကျောင်းကုန်းမြို့တွေမှာ စပါးခင်းတွေ လဲကျပြီး ပျက်စီးမှုများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။။
" ကျတော်ဆို ၁၀ဧကရှိတာ။ အကုန်လဲတာပဲ။ ပြန်ကောင်းဖို့မလွယ်ဘူးဗျ။ ကျနော်တို့ဘက်ကတစ်ကွင်းလုံးဖြစ်တာ"လို့ တွံတေးမြို့နယ်ကလယ်သမားတစ်ဦးက ပြောပါတယ်။
သုံးခွမြို့နယ်က စပါးခင်းအချို့လည်း မိုးသက်လေပြင်းကြောင့် လဲကျကုန်လို့ အခက်တွေ့နေတယ်လို့ ဒေသခံလယ်သမားတစ်ဦးက ပြောပါတယ်။
"လေက အရပ်ရှစ်မျက်နှာကပက်ချာလည်လှည့်တိုက်နေတာ။ ဘယ်ခံနိုင်မလဲ။ အခုလဲကျသွားတဲ့စပါးပင်တွေ နောက်ထပ်အနှောင့်အယှက်မရှိတော့ရင်တောင် ထွက်နှုန်း ၄ပုံပုံ ၁ပုံပဲ ရတော့မှာ။မိုးကြီးလို့ရေထပ်ဝင်ရင်တော့ စပါးအဖူး တွေ ရေမြုပ်ပြီးအကုန်ကုန်မှာ"လို့ ၎င်းက ပြောပါတယ်။
လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေက ပျိုးပင်၊ ဓာတ်မြေသြစာနဲ့ စိုက်ပျိုးစရိတ်အပါအဝင် တစ်ဧကကို ကျပ် ၈သိန်းခန့်အထိ ကုန်ကျထားပြီး လယ်သမားတစ်ဦးချင်းဟာ ဆုံးရှုံးမှုကြီးမားတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ မိုးနဲ့လေဆက်ပြီး ပြင်းထန်နေတဲ့အတွက် လယ်သမားတွေဟာ စပါးခင်းတွေကို အလျင်အမြန်ရိတ်သိမ်းနေကြပါတယ်။
" စက်တွေနဲ့ရိတ်ရတာ။ ငှားမရပြုမရ။ စက်ရပြန်တော့လည်းဆီမရနဲ့ တော်တော်ကိုဒုက္ခများတယ်။ မိုးနဲ့လေသာ ဆက်ကျနေရင် အပျက်အစီးပိုများလိမ့်မယ်။ ညဘက် အိပ်တာတောင် အိပ်မပျော်ဘူး" လို့ဧရာဝတီတိုင်းညောင်တုန်းမြို့က လယ်သမားတစ်ဦးကပြောပါတယ်။
စက်တင်ဘာလလယ်ပိုင်းက လေပြင်းဘေးကြောင့်ပျက်စီးတဲ့ လယ်ဧကစာရင်းကို မသိရသေးပါဘူး။ စစ်တပ်ရဲ့ဌာနဆိုင်ရာအရာရှိတွေကို အကြောင်းကြားပေမယ့်လည်း ဘာအကူအညီမှမရဘူးလို့ လယ်သမားတွေကပြောပါတယ်။
ဧရာဝတိုင်းက စပါးခင်းတွေဟာ လေပြင်းဘေးရော ရေဘေးကြောင့်ပါ ထိခိုက်ပျက်စီးမှုကြုံတွေ့နေရတာဖြစ်ပါတယ်။ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးခဲ့ပြီး စပါးခင်းအများအပြား ရေမြုပ်ပျက်စီးခဲ့ပါတယ်။
လက်ရှိရာသီဥတုအခြေအနေအရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပါအဝင် ဒေသအများအပြားမှာ မိုးဆက်ကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ပိုအားကောင်းလာနိုင်တဲ့အတွက် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။
အဲဒီမုန်တိုင်းဟာ စက်တင်ဘာ ၂၃ရက် နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်း ခြေဘက်ကို ဝင်ရောက်သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

💩17👍14🔥5❤3👎1
KTLA ဆာကာပေါ် တပ်ရင်းမှူးနဲ့အဖွဲ့ KNLA တပ်မဟာ(၄)ထံ ပြန်ပူးပေါင်းလာလို့ အခမ်းအနားနဲ့ ကြိုဆို
စက်တင်ဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၄)ထံ ပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆာကပေါ်တပ်ရင်းအား ကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ရက်မှာ ကျင်းပခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာတာဖြစ်ပါတယ်။
အခုလို ပြန်ပူးပေါင်းလာတာဟာ KNU/KNLA အပါအဝင် ကရင်လူမျိုးတွေအတွက် ဝမ်းမြောက်ဝမ်းသာဖွယ်ရာ ဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
“ ကျနော်တို့ စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ ပန်းတိုင်တခုတည်း သွားဖို့ ရည်ရွယ်ချက်ရှိရှိ အတူတကွ ပူးပေါင်းနိုင်ခဲ့တဲ့အတွက် ဒီကနေ့ ၂၁ရက်နေ့ကတော့ ကျနော်တို့ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) အပါအဝင် ပြန်ရောက်လာတဲ့ ဆာကပေါ် ခေါင်းဆောင် အပါအဝင် ရဲဘော်ရဲဘက်အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ သမိုင်းဝင်တဲ့နေ့တနေ့ဖြစ်တယ်ပေါ့နော်” လို့ KNLAတပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
ပြန်ပူးပေါင်းလာတဲံ ဆာကပေါ်တပ်ရင်းခေါင်းဆောင်များနဲ့ ရဲဘော်များကို K.N.L.A တပ်မဟာ(၄) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလေးသိန်းက ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့သလို ဆာကပေါတပ်ရင်းမှူး ဗိုလ်စောအဲဖိုးကလည်း ကျေးဇူးတင်စကားပြောကြား ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြိတ်ထားဝယ်ခရိုင် ခရိုင်ဥက္ကဌ ပဒိုစောဖလို့စိုးဝင်း၊ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးထော၊ မြိတ်ထားခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားနဲ့ ပဒိုစောအော်ကော် တို့ကလည်း တိုက်တွန်းအားပေးစကားတွေ ပြောကြားခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသော ဆာကပေါ်တပ်ရင်းခေါင်းဆောင်များကို ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်(badge) မှ K.N.L.A တပ်ဖွဲ့ လက်မောင်းတံဆိပ် (badge) သို့ ပြောင်းလဲတပ်ဆင်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ဩဂုတ် ၂၈ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်းလည်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ဆာကပေါတပ်ရင်းကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်တာဟာ ဗဟိုက အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်အချို့မှာ တပ်ရင်းက ဆောင်ရွက်ဖို့ ချွင်းချက်ရှိသွားလို့ ဖြစ်နိုင်တယ်လို့ ဆာကပေါ တပ်ရင်း(ကြယ်လင်းရောင်တပ်ရင်း) ပြန်ကြားရေးမှူး စောအယ်ဒိုက ပြောပါတယ်။
KTLA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို ပြန်တိုက်ခိုက်ဖို့ တိုက်ရိုက်အမိန့်ပေးတာမျိုး မရှိပေမဲ့ အခင်းဖြစ်ကြတဲ့ အဖွဲ့ကို ကူဖို့ ပြောဆိုညွှန်ကြားတာရှိတယ်လို့ ပြန်ကြားရေးမှူးစောအယ်ဒိုက ရှင်းပြပါတယ်။ ဆာကပေါတပ်ရင်းတည်ရှိရာ KNU မြိတ်ထားဝယ်ခရိုင်မှာ KTLA ဗိုလ်ကော်လာဖိုးအဖွဲ့ဟာ KNLAနဲ့ ပြဿနာဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ တဖက်မှာ KTLAက အဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ဆာကပေါ တပ်ရင်းဟာ KNU မြိတ်ထားဝယ်ခရိုင် KNLA တပ်မဟာ(၄) တပ်ရင်း ၁၂နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ကော်လာဖိုးရဲ့ KTLAကတော့ KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်ေKNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။
KTLA ကို ဗိုလ်နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဗိုလ်နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ရဲ့ စစ်ဦးစီးချုပ်ဖြစ်ဖြစ်ပေမဲ့ မြ၀တီမြို့နယ် ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။

❤31👏12👍3🥰2🤮2💩1🤣1🖕1
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်မဟာ(၄)ထံ ပြန်ဝင်ရောက်လာတဲ့ K.T.L.A ဆာကပေါ်တပ်ရင်းအား ကြိုဆိုခြင်းအခမ်းအနား။ ဓာတ်ပုံ - KNU-MTD
👍40👏8❤3🤮2🖕2🥰1😁1💩1🤣1
မန္တလေးမှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေ သူ့နာမည်မသုံးဖို့ ပေါက်ကိုယ်တော် တားမြစ်
စက်တင်ဘာ ၂၁၊ ၂၀၂၆။ ဗေဒါ/People's Spring
မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။
စစ်တပ်ထောက်ခံပြီး မန္တလေးမြို့မှာ ပျူစောထီးအဖွဲတွေ အများအပြား မွေးထုတ်ထားတဲ့ ပေါက်ကိုယ်တော်ဟာ မန္တလေးမြို့ပေါ်မှာ လူမိုက်စတိုင်နဲ့ ထင်ရာစိုင်း အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို သူ့ရဲ့ Tiktok အကောင့်အသစ်ကနေ "ပေါက်ကိုယ်တော် တပည့်လို့ မပြောနဲ့။ အောက်တန်းကျလွန်းလို့"ဆိုပြီး ရေးသားကာ ရုပ်သံနဲ့တကွ ပြောဆိုခဲ့ပါတယ်။
"ပေါက်ကိုယ်တော်တို့တပည့်၊ ပေါက် ကိုယ်တော် တို့နာမည်သုံးတာ သိက္ခာကျသေးတယ်။ အောက်တန်းကျတဲ့အလုပ် လုပ်ကြတာလေ။ တို့အမည် နာမည်တော့ မသုံးပါနဲ့ကွာ။ နော်။ ဒီလိုစိတ်ဓါတ်မျိုးလည်း တပည့်မတော်ချင်ဘူး။ ဒီလိုအောက်တန်းကျတဲ့ စိတ်ဓါတ်မျိုး။ လူပါးဝတဲ့ စိတ်ဓာတ်မျိုးတွေ။ အထူးသဖြင့် ပေါက်ကိုယ်တော်တပည့်၊ ပေါက်ကိုယ်တော်တပည့် မလုပ်ကြနဲ့။ သိတဲ့အချိန်ကတော့ မလွယ်ဘူးသာမှတ်"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဘယ်ကိစ္စကို ရည်ရွယ်ပြောဆိုတယ်ဆိုတာ မသိရပေမဲ့ ပေါက်ကိုယ်တော်ဟာ KTV နဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုထားတာ တွေ့ရပါတယ်။
"မင်းတို့ကို ပြောချင်တာက ဆိုင်တိုင်းဆိုင်တိုင်းမှာ အပတ်အသက်တွေ ရှိတယ်။ ပတ်သက်ရာ ပတ်သက်ကြောင်း။ ကိုယ့်ကို လူမိုက်ကြီးတွေဆိုပြီး ထင်ရာမစိုင်းနဲ့။ ခေတ်ကာလက ကောင်းတာမဟုတ်ဘူး။ ထောင်ထဲဂျေးနေရမယ်။ ထောင်ထဲသွားနေရမယ်"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်မှာ ပျူစောထီးခေါင်းဆောင် မျိုးထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခေါ်ဆောင်ပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်ခဲ့ပါသေးတယ်။
အဲဒီအဖွဲ့ဟာ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့က လူငယ်တစ်ဦးကို ဖမ်းဆီးပြီး ၎င်းလူငယ်ရဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်ကာ ငွေကျပ် သိန်း ၃၅၀ နဲ့ လာရွေးဖို့၊ မရွေးရင် ခလရ (၉၅) တပ်ရင်းကို ပို့ဆောင်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
ခြိမ်းခြောက်ခံရတဲ့မိသားစုဟာ အခြား ပျူစောထီးအဖွဲ့တစ်ခုထံသို့ ဆက်သွယ်အကူအညီတောင်းကာ ငွေလာပေးမယ်ဆိုပြီး ချိန်းဆိုပြီးနောက် ငွေလာယူချိန်မှာ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ပေါက်ကိုယ်တော်ဟာ မန္တလေးမှာ လက်နက်ကိုင် ပျူစောထီးတွေ သောင်းကျန်းနေကြောင်း ယခုလဆန်းကတည်းက ဝန်ခံထားပါတယ်။
"G2 (စစ်တပ်ဗိုလ်မှူး)ရဲ့ မွေးစားသားပေါ့နော်။ ငှက်ကြီးတောင် ဓားကြီးတွေကိုင်၊ ရှေ့မှာယူနီဖောင်းကြီးတွေပုံလို့ ပြည်သူ့စစ်တွေ။ ဂုဏ်သိက္ခာလည်း ကျတာပေါ့နော်" ပေါက်ကိုယ်တော်က ပြောပါတယ်။
မြို့ထဲမှာဆိုရင်လည်း ပြည်သူ့စစ်တွေဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ယာဥ်တန်းနဲ့တကွ လက်နက်ကိုင်ကာ လှည့်လည်လေ့ရှိကြောင်း၊ ပျူစောထီးတွေရဲ့ အဲဒီအပြုအမူတွေကြောင့် ပြည်သူ့စစ်တွေကို အားပေးစကားပြောတာကို နားလိုက်ပြီလို့ ပေါက်ကိုယ်တော်က ပြောခဲ့ပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ စစ်ကောင်စီတပ်လိုပဲ ဒုစရိုက်သမားတွေဆီကနေ လိုင်းကြေးတောင်းတာ၊ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ပစ္စည်းလုယက်တာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေလက်နက်ကိုင်ပျူစောထီးတွေက ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယက် ယူဆောင်သွားခဲ့ပါသေးတယ်။
စစ်တပ်နဲ့ ပျူတွေဟာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့ရောညပါ ပြုလုပ်နေတဲ့အတွက် သတိပြုသွားလာနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ပေါက်ကိုယ်တော် #ပျူစောထီး #မန္တလေးသတင်း #စစ်ကောင်စီထောက်ခံသူများ #မြန်မာ့ရေးရာသတင်း #PaukKoyawdaw #PyuSawHtee #MandalayNews #JuntaSupporters #MyanmarNews

😁36👍8❤4🤬4👎1💩1🤣1
နွားထိုးကြီး - မြင်းခြံလမ်းပိုင်း စစ်တပ်စစ်ကြောင်းထိုး၊ ကျေးရွာတွေ အိမ်ထောင်စုစာရင်း ကောက်ယူ
စက်တင်ဘာ၂၁-၂၀၂၆။ကတ်သရင်း/ People's Spring
တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်က စစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အင်အားအများအပြားနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ခံတပ်ကုန်းနဲ့ ဖောင်ချဉ်းကျေးရွာက နေအိမ်တချို့ကို မီးဝင်ရှို့ခဲ့ပြီး နွားထိုး- မြင်းခြံလမ်းဘက်က ကျေးရွာတွေကို ဝင်ရောက်တပ်စွဲကာ အိမ်ထောင်စုစာရင်း ကောက်ယူတာ တွေပါပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပေါ်တာကိစ္စ တွေပါလာတယ်ထင်တာပဲ။အဓိက နွားထိုး- မြင်းခြံလမ်းပိုင်းကိုပဲထိုး နေတာ။နနွင်း တော်ဘိုးရွာကို အင်အား၂၀၀ လောက် ရောက် နေတာ တော့သုံးရက် လောက်ရှိပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၀ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လတ်တလော တိုက်ပွဲဖြစ်သံတွေငြိမ် နေပြီး စစ်တပ် စစ်ကြောင်းတွေကတော့ ဒီလမ်းပိုင်းတွေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

🔥19🤬16👎4❤2👏2🎉1
ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဖွဲ့စည်းကြောင်း KNU ကြေညာ
စက်တင်ဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆရာမ နော်ဖောမူးကို တာဝန်ပေးခန့်အပ်ခဲ့ပြီး ဒုဥက္ကဋ္ဌအဖြစ် ဆရာစောကပီ၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ စောဟေဆိုသာကို တို့အား တာဝန်ပေးအပ်ထားကြောင်း အသိပေးပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ကောင်စီအနေနဲ့ ကော်သူးလေပြည်သူများ(KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူများ)အတွက် ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးခြင်း၊ အဆင့်မြင့် ပညာရေးအဖွဲ့ အစည်း များရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေခြင်းနဲ့ ပြည်သူများရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ဆောင်ရွက်သွား မယ်လို့ ဖော်ပြပါတယ်။
ကောင်စီရဲ့ လုပ်ငန်းတာဝန်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့ စံနှုန်းသတ်မှတ်ခြင်းနဲ့ အသိအမှတ်ပြုခြင်းကော်မတီ ၊ အရည်အသွေး အာမခံရေးကော်မတီ၊ သုတေသန၊ စည်းရုံးလှုံ့ဆော်ရေးနဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ စတဲ့ ကော်မတီ သုံးရပ်ကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျပ်အတည်းများနဲ့ အခြားသော စိန်ခေါ်မှုများစွာ ရှိနေပေမဲ့ ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ (KCHE) ကို ဖွဲ့စည်းတည်ထောင် နိုင်ခြင်းဟာ ကော်သူးလေအတွင်းနဲ့ ပြင်ပရှိ အဆင့်မြင့်ပညာရေး အုပ်ချုပ်မှုစနစ်၊ ပညာရေးအရည်အသွေး၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အားကောင်းစေရေး အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီဟာ အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း ဆောင် ရွက်ခြင်းနဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ အခန်းကဏ္ဍများကို အဓိကတာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။
ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်းဟာ ခိုင်မာပြီး အားလုံးပါဝင်နိုင်တဲ့ ဒေသတွင်းအဆင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် အဆင့်မြင့်ပညာရေး စနစ်တစ်ရပ် တည် ဆောက်ဖော် ဆောင်ရန် ထားရှိထားသော ကတိကဝတ်နဲ့ ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြတဲ့ အရေးပါသော ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

😁17❤15👍9💩1🤣1🖕1
ပေါက်တော၊ မင်းပြား၊ ဂွမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ၊တဦးသေပြီး နှစ်ဦး ဒဏ်ရာရ
စက်တင်ဘာ-၂၁၊၂၀၂၆။ခိုင်မြတ်/ People's Spring
စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၁ ရက် မနက်အစောပိုင်းအချိန်မှာ ပေါက်တောမြို့နယ် တောင်းဖူးရွာထဲကိုစစ်တပ်က ဗုံးနှစ်လုံးကြဲချခဲ့ပြီး အမျိုး
သမီးတဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနက် ၁၁နာရီ ကျော်အချိန်မှာ ဂွမြို့နယ် ဆပ် သွားရွာကို ဗုံးထပ်ကြဲတာကြောင့် အသက် ၁၄ နှစ်အရွယ်ကျောင်းသားတဦး နဲ့ အမျိုးသားတဦးတို့ ဒဏ်ရာရခဲ့ပါတယ်။
“ဘာမှမဆိုင်တဲ့ ရွာထဲကို ကြဲတယ်။ မိုက်ရိုင်းချက်က ပြောစရာစကားတောင် မရှိဘူး” လို့ ဂွမြို့နယ် ဒေသခံတဦးက ပြောပါတယ်၊
ဒါ့အပြင် စစ်တပ်ဟာစက်တင်ဘာ ၂၁ ရက်နေ့လယ် ၁၂ ကျော်အချိန်မှာလည်းမင်း ပြားမြို့နယ် သစ်ပုတ်တောင်ရွာအနီးတောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့ပါတယ်။
အဲဒီဗုံးကြဲမှုကြောင့်ထိခိုက်သေဆုံးထိခိုက်သူရှိ၊မရှိကိုတော့ မသိရသေးပါဘူး။ “ရွာထဲကို မကျဘူးလို့တော့ သိရတယ်။ တောင်တန်းတွေကို ပစ်တာ။ ဒီဘက်ရွာတွေက အရင်ကတည်း
က စစ်တပ်လည်း မရှိဘူး၊ တိုက်ပွဲလည်း မရှိတဲ့နေရာတွေ” လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ ဆက်
တိုက်သိမ်းပိုက်ခံနေရပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေ၊ ပုဏ္ဏားကျွန်းတို့နဲ့ ဆက်စပ်နေရာတွေအပြင် အခြားမြို့နယ်တွေ က အရပ်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုပါ ဗုံးကြဲ၊ လက်
နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီးကိုင်းရွာကို စစ်တွေမြို့ တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့ပြီး ရွာထဲ ကျရောက်ပေါက်ကွဲကာအသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ သေဆုံးခဲ့ပါတယ်။
စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး စက်တင်
ဘာ ၄ ရက်ကနေ စက်တင်ဘာ ၂၁ ရက်ထိ စစ်တပ်လက်ချက် ကြောင့် ရခိုင်ဒေသခံအရပ်သားပြည်သူအနည်းဆုံ ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီဖြစ်တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။
လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်ကျင်၊ စစ်တွေမြို့နယ် အမြင့် ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA
တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။ တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူ ရာနဲ့ချိရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

🤬36❤3👏3👎1😁1😢1🎉1