People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး

စက်တင်ဘာ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက် ညသန်းခေါင်မှာ လေကြောင်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမရှိဘဲ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့လို့ စာသင်ဆောင် ၃ဆောင်နဲ့ ဝန်ထမ်းအိမ်ရာ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုများခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဟာ အရပ်သား ပြည်သူနေထိုင်တဲ့ရွာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်သလို လူငယ်၊ ကလေးငယ်တွေ ပညာမသင်ကြားနိုင်ဖို့ ရည်ရွယ်တာလို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးအခြေအနေမရှိပေမယ့် လုံး၀ ပျက်စီးတဲ့ နေအိမ် ၂လုံးရှိသလို နေအိမ် ၃၆လုံးဟာလည်း ထိခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေ၊ ပြည်သူလူထု လုပ်ငန်းခွင်တွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်ရာမှာ နေအိမ်တွေအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကျန်းမာရေးအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ သေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။
😢21😡11👏3❤2👍2👎2🤬2💩1
🤬31👏4😢3👎2❤1💩1😡1
ကျောက်တလုံးကြီးမှာ ခရုသင်းဖြစ်တဲ့ အဘိုးအိုကို ရွာကနေနှင်ထုတ်နေ

စက်တင်ဘာ-၂၀၊၂၀၂၆။မေရီ/People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ကျောက်တလုံးကြီးမြို့နယ်၊ဆောင်းဖိုးသရက်ပင်ရွာမှာ ခရုသင်း
၊ သမင်ဖြူရောဂါ ဖြစ်ပွားနေတဲ့ အဘိုးအိုတစ်ဦးကို ရွာလူကြီးက ရွာကနေ နှင်ထုတ်နေကြောင်း သားဖြစ်သူက အသိပေးပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊နောင်ခဲကျေးရွာအုပ်
စု၊ ဆောင်းဖိုး သရက်ပင်ရွာမှာ ခရုသင်း၊ သ
မင်ဖြူရောဂါဖြစ်နေတာကြာပြီဖြစ်တဲ့ အ
သက် (၇၂) နှစ်အရွယ် ဖြားဆရာဗွောဆိုသူရဲ့ နေအိမ်ကို ရွာလူကြီးနဲ့ ရွာသူရွာသားတွေ စုရုံးရောက်ရှိလာပြီး ရွာကနေ ထွက်သွားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

​ဖြားဆရာဗွောဟာ အဲဒီရွာမှာပဲ မွေးဖွားကြီး
ပြင်းခဲ့သူဖြစ်ပြီး မကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်တဲ့ ခရုသင်း (သမင်ဖြူ) ရောဂါ ခံစားနေရတာဟာ နှစ်ပေါင်း (၃၀) ကျော်ပြီဖြစ်ကြောင်း၊ ဒါ့အပြင် အိမ်ဝိုင်းအ
ပြင်သို့ မထွက်တာလည်း နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၎င်းရဲ့သားဖြစ်သူက လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။

အဆိုပါရောဂါနဲ့ ပတ်သက်ပြီး အရေပြားအ
ထူးကု ဆရာဝန်ကြီး​တွေနဲ့ ပြသကုသခဲ့ပြီး ကူးစက်တတ်တဲ့ရောဂါမဟုတ်ကြောင်း ဆရာ
ဝန်ကြီးတွေရဲ့ ထောက်ခံစာ ရှိသော်လည်း ရွာလူကြီးနဲ့ အဖွဲ့က ရွာစည်းကမ်းအရ လက်မခံနိုင်ဟုဆိုကာ ရွာပြင်သို့ မဖြစ်မနေ ထွက်ခွာပေးဖို့ ဖိအားပေးခဲ့ကြကြောင်း သိရပါတယ်။

"အဖေက ဒီရွာမှာမွေး ဒီရွာမှာဘဲကြီးပြင်းခဲ့တာပါ။အဖေက အိမ်ဝိုင်းအပြင်ဘက် မထွက်တာနှစ်အတော်ကြာပါပြီ။ရောဂါဖြစ်တာလည်း နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့လည်းပြသပြီးပါပြီ။ ကုသပြီးပါပြီ။ ဆရာဝန်ကြီးတွေ ဒီရောဂါက မကူးစက်တဲ့အကြောင်း လက်မှတ်လည်းထုတ်ထားပေးပါတယ်။ဒါကိုရွာလူကြီးက လုံးဝလက်မခံပါဘူး။ မင်းတို့အဖေက ဆရာဝန်နဲ့ နေမှာမဟုတ်ဘူး။ရွာသူရွာသားနဲ့နေရမှာဒါရွာရဲ့စည်းကမ်းပဲတဲ့။လက်မခံနိုင်‌ကြောင်း (ရွာအပြင်)ထွက်ကိုထွက်ပေးရမှာဖြစ်ကြောင်း
အတင်းအဓမ္မ ဖိအားပေးနေကြတာပါ"လို့ သားဖြစ်သူက ရေးသားထားပါတယ်။

ဒါ့အပြင် ၎င်းတို့ရဲ့ နေအိမ်ကို သောက်သုံးရေနဲ့ လျှပ်စစ်မီးတွေပါ ဖြတ်တောက်သွားခဲ့ကြကြောင်း မိသားစုဝင်တွေရဲ့ရေးသားချက်အရ သိရပါတယ်။ ဖြားဆရာဗွောဟာအသက်
အရွယ်ကြီးရင့်သူဖြစ်တဲ့အပြင် လေဖြတ် ဝေဒနာပါ ခံစားနေရသူဖြစ်သဖြင့် ရွာပြင်သို့ ထွက်ခွာနေထိုင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ ဒီလိုဝေဒနာသည်တွေကို စောင့်ရှောက်တဲ့စခန်းတွေရှိရင်လမ်းညွှန်ပေးဖို့ သားဖြစ်သူကလူမှုကွန်ယက်မှာ​ရေးသား အကူအညီတောင်းထားပါတယ်။ ယခင်ကလည်းရွာက မ​နေရဘူးဆိုပြီး ၂ ကြိမ် နှင်ထုတ်​သေး​ကြောင်းသိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး သားဖြစ်သူကို လူထု​နွေဦးက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

"ပညာမတတ်တော့ဒါတွေဖြစ်လာတာ။ပညာမတတ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာပဲ။ ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ လုပ်ချင်သလို လုပ်ကြတာ။ဥပဒေကြောင်းအရကတော့ဒါမျိုးတွေလုပ်လို့မရဘူး။ဒါပေမယ့်သိသိနဲ့ လွှတ်ထား(စစ်တပ်နဲ့စစ်တပ်လက်​အောက်ခံအဖွဲ့အစည်း​တွေကလွှတ်ထား)ပုံပါပဲ"လို့ ဆရာဝန်တဦးက​ပြောပါတယ်။

​ကျောက်တလုံးကြီးမြို့နယ်ဟာ စစ်တပ်လက်​အောက်ခံ PNO/PNA ပြည်သူ့စစမစိုးမိုးတဲ့​ဒေသဖြစ်ပြီးပအိုဝ်းတိုင်းရင်းသားအများဆုံး​နေထိုင်တဲ့ ​​ဒေသဖြစ်ပါတယ် ။

ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့အန္တရာယ်မရှိတဲ့ အရေပြားအခြေအနေတစ်ခုဖြစ်ပြီး မကုသဘဲထားလည်း နောက်ဆက်တွဲဆိုးကျိုးတွေ အထူးအထွေ မရှိကြောင်း၊ သို့သော် ဒီအရေပြားအခြေအနေနဲ့ နေကြရသူတွေမှာယုံကြည်မှုအားနည်းလာတာ၊ စိတ်အားငယ်တာ၊ နောက်
ဆုံး စိတ်ကျတာတွေ အထိဖြစ်တတ်ကြောင်း၊ ကူးစက်ရောဂါတစ်ခုလို မှားယွင်းသိရှိထားကြပြီး မဖြစ်သင့်တဲ့ ခွဲခြားဆက်ဆံမှုတွေလည်း ခံရတတ်ကြောင်း NUG ရဲ့ ကျန်းမာရေးဝန်ကြီး
ဌာနက အသိပေးထားပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကျောက်တလုံးကြီး #ခရုသင်းရောဂါ #ကျေးရွာမှနှင်ထုတ်မှု #လူမှုရေးသတင်း #မြန်မာ့လူမှုဘဝ
🤬30❤9👎3😱3😢3🔥1😁1
မန္တလေးကျောက်တော်ကြီးပွဲ ဆိုင်ခန်းခတွေ အဆမတန်မြင့်တက်

စက်တင်ဘာ-၂၁၊ ၂၀၂၆။ ဇေအောင်/People's Spring

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

လာမယ့် သီတင်းကျွတ်ကာလမှာ ကျင်းပမယ့် မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ရှေ့မျက်နှာဖွင့် ၅ ပေအကျယ် စျေးဆိုင်ခန်းတစ်ခန်းကို ပြီးခဲ့တဲ့နှစ်က ကျပ် ၃သိန်းခွဲသာ ပေးသွင်းခဲ့ရပေမယ့် ဒီနှစ်မှာတော့ ကျပ် ၁၀ သိန်းနှုန်းနဲ့ ပေးသွင်းရမှာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။

ကျောက်တော်ကြီးဘုရားပွဲစျေးမှာ ဆိုင်ခန်းခကောက်ခံခွင့်ကို ဂေါပကအဖွဲ့ထံကနေ လေလံအောင်သွားသူက ကျပ်သိန်း ၇,၅၀၀ နဲ့ လေလံအောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လေလံကြေးမြင့်တဲ့အတွက် ဆိုင်ခန်းခတွေပါ မြင့်တက်လာတာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။

"ဂေါပကလူကြီးတွေက ငွေမျက်နှာတခုပဲ ကြည့်တော့ ကန်ထရိုက်ပေးတာ။ ကန်ထရိုက်ကလည်း သူအမြတ်ရအောင်ဈေးတင်တာ။ ဈေးသည်တွေက ချေးငှါးပေါင်နှံပြီး ရင်းရတဲ့ ငွေကြေးနဲ့ ရင်တမမနဲ့ပွဲထွက်ရတာ"လို့ စျေးသည်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တပို့တွဲလမှာ ပြုလုပ်မယ့် မဟာမုနိဘုရားကြီးပွဲက ဆိုင်ခန်းခကောက်ခံခွင့်ကလည်း လေလံကြေး သိန်း ၃,၄၀၀နဲ့ လေလံအောင်သွားတယ်လို့ သိရပါတယ်။

ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။
❤15🔥7🤬7👍3👎1😁1
(ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ မန္တလေး ကျောက်တော်ကြီးဘုရားပွဲ။ ဓါတ်ပုံံ-Screen Grab)
🔥16👎6👏1
စစ်တွေမှာအထိနာနေတဲ့စစ်တပ်က ရသေ့တောင်ကိုလက်နက်ကြီးပစ်တာ​ကြောင့် သားအမိ နှစ်ဦးသေဆုံး

■စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

စက်တင်ဘာ-၂၁၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ ဆက်တိုက်သိမ်းပိုက်ခံနေရပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားသားအမိနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီုးကိုင်းရွာထဲ ကျရောက်ပေါက် ကွဲခဲ့ပြီး အဲဒီရွာမှ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ သေဆုံး သွားခဲ့တာပါ။

“သားမိနှစ်ယောက်နေတဲ့အိမ်ထဲကိုတည့်တည့်ကျတာ။တကယ်ဆိုရင်စစ်တွေမှာတိုက်ပွဲဖြစ်နေတာနဲ့ဒီဘက်တွေနဲ့ ဘာမှမဆိုင်ဘူး။ ယုတ်
ကန်းပြီးတော့ပစ်နေတာ။ဒီနေ့လည်းလက်နက်
ကြီးတွေနဲ့ ပစ်နေပါတယ် မူစဲကမ်း ဘက်ကို” လို့ ရသေ့တောင်မြို့နယ် မူစဲကမ်းဒေသခံတဦးက ပြောပါတယ်။

ဇီးကိုင်းရွာဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ငါးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။ စစ်တပ်ဟာ အဲဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်ဘက်ခြမ်းလူနေကျေးရွာတွေကိုလည်း လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ကို လေယာဉ် အုပ်လိုက်နဲ့ ဗုံးပတ်ကြဲခဲ့ပြီး သံတွဲမြို့နယ်မှ ဒေသခံတဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက်နေ့ ကလည်း စစ်တပ်ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာမှ ဒေသခံအမျိုးသားတဦး ဒဏ်ရာရခဲ့ပါတယ်။

အလားတူစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်း
ကျင်တွေကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွား ခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက်
ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ်နဲ့ချီသေဆုံးမှုရှိနေပြီးအထိနာ​နေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။

အဲဒီလိုစစ်တပ်ရဲ့စစ်ဆင်ရေစတဲ့ စက်တင်
ဘာ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၁၇ ရက်အတွင်း စစ်တပ်လက်ချက် ကြောင့် ရခိုင်ဒေ
သခံအရပ်သားပြည်သူ၆ ဦးထက်မနည်း သေ
ဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်းကျင်၊ စစ်တွေမြို့နယ်အမြင့်ကျွန်း၊ တော
ကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။



#စစ်တွေ #ပုဏ္ဏားကျွန်း #peoplesspring
#စစ်တပ်လက်နက်ကြီး #သားအမိသေဆုံး
👎19👍10😢6❤3😁2👏1🎉1
ဇီးကိုင်းရွာမှ စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးသွားခဲ့တဲ့သားမိနှစ်ဦး။ဓါတ်ပုံ-ပေးပို့
🤬30😁2😭2👎1👏1🤩1
ဆောမြို့နယ်မှာ စစ်တပ် အင်အားဖြည့်မှုကြောင့် စစ်ရေးတင်းမာနေ

စက်တင်ဘာ-၂၁ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်‌နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာ ၂၀ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄၅၀၀ ၀န်းကျင် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျွဲကူးရေပါ အနေအထားအရ ချင်းတောင်ကို ထိုးစစ်ဆင်ဖို့ရော တဆက်တည်းမှာပဲ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ဗျူဟာကျ လုပ်ဆောင်နေတယ်။ဒါကြောင့် တိုက်ပွဲတွေက ဒီထက်ပိုပြင်းထန်လာနိုင်တယ်"လို့ ဆောမြို့နယ်(ယောဒေသ)စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ဆော - လောင်းရှည်လမ်း ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။

"လောင်းရှည်ကနေ ဆောမြို့ကို အင်အားဖြည့်တာ၊တပ်ချိန်းတာ ပုံစံအမျိုးမျိုးလုပ်ဖို့ဆိုရင် လောင်းရှည် - ဆောလမ်းပိုင်းက အရေးကြီးတယ်။အဲဒါကြောင့်လည်း မင်းလယ် ၊ သီးကုန်းနဲ့ တောင်ဘို့ကြီးရွာတွေမှာ စစ်တပ်ကတပ်စွဲထားတယ်"လို့ ဆောမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်တပ်ရဲ့ အင်အားဖြည့်တင်းတပ်ဖြန့်မှုတွေထက် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ၊ မဟာမိတ်တွေ ၊ ခရိုင် ၊တိုင်းစစ်ဌာနတွေ ချိတ်ဆက်ညှိနှိုင်းပြီး တောင်ပေါ် တောင်အောက် ဟန်ချက်ညီညီ စစ်ဆင်ရေးဆောင်ရွက်ကြရမယ့် အခြေအနေဖြစ်တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူက တိုက်တွန်းထားပါတယ်။

မကွေးမြို့ကလာတဲ့ စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်၀န်းကျင်ပါတဲ့စစ်ကြောင်းဟာ ဆောမြို့နယ်၊လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )ရောက်နေပြီလို့ ဆောမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

ယာဉ်တန်းမှာပါတဲ့ အင်အားတွေက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှုပြုလုပ်ထားတဲ့ တပ်မ(၈၈)လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ မကွေးတိုင်း ပကဖက အသိပေးပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ အဲဒီယာဉ်တန်းကို မကွေးတိုင်း စလင်းနဲ့ ကံပြားလမ်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကား ၂စီး ပျက်စီးပြီး ထိခိုက်သူတွေရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကိုပြောထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

ချင်းတောင်ပိုင်းထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့်နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ နေထိုင်ကြဖို့ လက် နက်ကြီး၊လေကြောင်းအန္တရာယ်တွေကို ဂရုစိုက်ဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
👍26❤5😁5🔥2🥰2👎1👏1
(ဆောဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ-Saw PDF)
❤17😁10👍9🥰3🤮1🖕1
လေပြင်းကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းက စပါးခင်း အများအပြားပျက်စီး၊ မုန်တိုင်းအရှိန်ကြောင့် မိုးနဲ့လေပြင်းအန္တရာယ် ဆက်ရှိနေ

စက်တင်ဘာ-၂၁၊၂၀၂၆။ဇော်ရမ်း/People's Spring

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာ ၁၇ရက်ကစပြီး ‌ မိုးနဲ့အတူ လေပြင်းပါ ကျရောက်ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်းက တွံတေး၊ သုံးခွ၊ခရမ်းမြို့နယ်တွေနဲ့ ဧရာဝတီတိုင်းက မအူပင်၊ ညောင်တုန်း၊ အိမ်မဲ၊ ကျောင်းကုန်းမြို့တွေမှာ စပါးခင်းတွေ လဲကျပြီး ပျက်စီးမှုများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။။

" ကျတော်ဆို ‌၁၀ဧကရှိတာ။ အကုန်လဲတာပဲ။ ပြန်ကောင်းဖို့မလွယ်ဘူးဗျ။ ကျနော်တို့ဘက်ကတစ်ကွင်းလုံးဖြစ်တာ"လို့ တွံတေးမြို့နယ်ကလယ်သမားတစ်ဦးက ပြောပါတယ်။

သုံးခွမြို့နယ်က စပါးခင်းအချို့လည်း မိုးသက်လေပြင်းကြောင့် လဲကျကုန်လို့ အခက်တွေ့နေတယ်လို့ ဒေသခံလယ်သမားတစ်ဦးက ပြောပါတယ်။

"လေက အရပ်ရှစ်မျက်နှာကပက်ချာလည်လှည့်တိုက်နေတာ။ ဘယ်ခံနိုင်မလဲ။ အခုလဲကျသွားတဲ့စပါးပင်တွေ နောက်ထပ်အနှောင့်အယှက်မရှိတော့ရင်တောင် ထွက်နှုန်း ၄ပုံပုံ ၁ပုံပဲ ရတော့မှာ။မိုးကြီးလို့ရေထပ်ဝင်ရင်တော့ စပါးအဖူး တွေ ရေမြုပ်ပြီးအကုန်ကုန်မှာ"လို့ ၎င်းက ပြောပါတယ်။

လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေက ပျိုးပင်၊ ဓာတ်မြေသြစာနဲ့ စိုက်ပျိုးစရိတ်အပါအဝင် တစ်ဧကကို ကျပ် ၈သိန်းခန့်အထိ ကုန်ကျထားပြီး လယ်သမားတစ်ဦးချင်းဟာ ဆုံးရှုံးမှုကြီးမားတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ မိုးနဲ့လေဆက်ပြီး ပြင်းထန်နေတဲ့အတွက် လယ်သမားတွေဟာ စပါးခင်းတွေကို အလျင်အမြန်ရိတ်သိမ်းနေကြပါတယ်။

" စက်တွေနဲ့ရိတ်ရတာ။ ငှားမရပြုမရ။ စက်ရပြန်တော့လည်းဆီမရနဲ့ တော်တော်ကိုဒုက္ခများတယ်။ မိုးနဲ့လေသာ ဆက်ကျနေရင် အပျက်အစီးပိုများလိမ့်မယ်။ ညဘက် အိပ်တာတောင် အိပ်မပျော်ဘူး" လို့ဧရာဝတီတိုင်းညောင်တုန်းမြို့က လယ်သမားတစ်ဦးကပြောပါတယ်။

စက်တင်ဘာလလယ်ပိုင်းက လေပြင်းဘေးကြောင့်ပျက်စီးတဲ့ လယ်ဧကစာရင်းကို မသိရသေးပါဘူး။ စစ်တပ်ရဲ့ဌာနဆိုင်ရာအရာရှိတွေကို အကြောင်းကြားပေမယ့်လည်း ဘာအကူအညီမှမရဘူးလို့ လယ်သမားတွေကပြောပါတယ်။

ဧရာဝတိုင်းက စပါးခင်းတွေဟာ လေပြင်းဘေးရော ရေဘေးကြောင့်ပါ ထိခိုက်ပျက်စီးမှုကြုံတွေ့နေရတာဖြစ်ပါတယ်။ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးခဲ့ပြီး စပါးခင်းအများအပြား ရေမြုပ်ပျက်စီးခဲ့ပါတယ်။

လက်ရှိရာသီဥတုအခြေအနေအရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပါအဝင် ဒေသအများအပြားမှာ မိုးဆက်ကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ပိုအားကောင်းလာနိုင်တဲ့အတွက် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။

အဲဒီမုန်တိုင်းဟာ စက်တင်ဘာ ၂၃ရက် နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်း ခြေဘက်ကို ဝင်ရောက်သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
💩17👍14🔥5❤3👎1
(တွံတေးမြို့နယ်မှာ လေပြင်းကြောင့် ပျက်စီးသွားတဲ့ စပါးခင်း။ ဓာတ်ပုံ - CJ)
💩14👍9🔥4😢4❤2👎2
KTLA ဆာကာပေါ် တပ်ရင်းမှူးနဲ့အဖွဲ့ KNLA တပ်မဟာ(၄)ထံ ပြန်ပူးပေါင်းလာလို့ အခမ်းအနားနဲ့ ကြိုဆို

စက်တင်ဘာ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၄)ထံ ပြန်လည်ဝင်ရောက်လာတဲ့ KTLA ဆာကပေါ်တပ်ရင်းအား ကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ရက်မှာ ကျင်းပခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာတာဖြစ်ပါတယ်။

အခုလို ပြန်ပူးပေါင်းလာတာဟာ KNU/KNLA အပါအဝင် ကရင်လူမျိုးတွေအတွက် ဝမ်းမြောက်ဝမ်းသာဖွယ်ရာ ဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

“ ကျနော်တို့ စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ ပန်းတိုင်တခုတည်း သွားဖို့ ရည်ရွယ်ချက်ရှိရှိ အတူတကွ ပူးပေါင်းနိုင်ခဲ့တဲ့အတွက် ဒီကနေ့ ၂၁ရက်နေ့ကတော့ ကျနော်တို့ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) အပါအဝင် ပြန်ရောက်လာတဲ့ ဆာကပေါ် ခေါင်းဆောင် အပါအဝင် ရဲဘော်ရဲဘက်အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ သမိုင်းဝင်တဲ့နေ့တနေ့ဖြစ်တယ်ပေါ့နော်” လို့ KNLAတပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ပြန်ပူးပေါင်းလာတဲံ ဆာကပေါ်တပ်ရင်းခေါင်းဆောင်များနဲ့ ရဲ‌ဘော်များကို K.N.L.A တပ်မဟာ(၄) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလေးသိန်းက ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့သလို ဆာကပေါတပ်ရင်းမှူး ဗိုလ်စောအဲဖိုးကလည်း ကျေးဇူးတင်စကားပြောကြား ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြိတ်ထားဝယ်ခရိုင် ခရိုင်ဥက္ကဌ ပဒိုစောဖလို့စိုးဝင်း၊ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးထော၊ မြိတ်ထားခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားနဲ့ ပဒိုစောအော်ကော် တို့ကလည်း တိုက်တွန်းအားပေးစကားတွေ ပြောကြားခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသော ဆာကပေါ်တပ်ရင်းခေါင်းဆောင်များကို ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်(badge) မှ K.N.L.A တပ်ဖွဲ့ လက်မောင်းတံဆိပ် (badge) သို့ ပြောင်းလဲတပ်ဆင်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ဩဂုတ် ၂၈ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်းလည်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ဆာကပေါတပ်ရင်းကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်တာဟာ ဗဟိုက အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်အချို့မှာ တပ်ရင်းက ဆောင်ရွက်ဖို့ ချွင်းချက်ရှိသွားလို့ ဖြစ်နိုင်တယ်လို့ ဆာကပေါ တပ်ရင်း(ကြယ်လင်းရောင်တပ်ရင်း) ပြန်ကြားရေးမှူး စောအယ်ဒိုက ပြောပါတယ်။

KTLA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို ပြန်တိုက်ခိုက်ဖို့ တိုက်ရိုက်အမိန့်ပေးတာမျိုး မရှိပေမဲ့ အခင်းဖြစ်ကြတဲ့ အဖွဲ့ကို ကူဖို့ ပြောဆိုညွှန်ကြားတာရှိတယ်လို့ ပြန်ကြားရေးမှူးစောအယ်ဒိုက ရှင်းပြပါတယ်။ ဆာကပေါတပ်ရင်းတည်ရှိရာ KNU မြိတ်ထားဝယ်ခရိုင်မှာ KTLA ဗိုလ်ကော်လာဖိုးအဖွဲ့ဟာ KNLAနဲ့ ပြဿနာဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ တဖက်မှာ KTLAက အဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ဆာကပေါ တပ်ရင်းဟာ KNU မြိတ်ထားဝယ်ခရိုင် KNLA တပ်မဟာ(၄) တပ်ရင်း ၁၂နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ကော်လာဖိုးရဲ့ KTLAကတော့ KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်ေKNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။

KTLA ကို ဗိုလ်နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဗိုလ်နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ရဲ့ စစ်ဦးစီးချုပ်ဖြစ်ဖြစ်ပေမဲ့ မြ၀တီမြို့နယ် ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။
❤31👏12👍3🥰2🤮2💩1🤣1🖕1
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်မဟာ(၄)ထံ ပြန်ဝင်ရောက်လာတဲ့ K.T.L.A ဆာကပေါ်တပ်ရင်းအား ကြိုဆိုခြင်းအခမ်းအနား။ ဓာတ်ပုံ - KNU-MTD
👍40👏8❤3🤮2🖕2🥰1😁1💩1🤣1