■ဆောင်းပါး
အလွန်ပူတဲ့ ကော်ဖီတစ်ခွက်က ကင်ဆာအန္တရာယ်ကို မြင့်တက်စေနိုင်
- သန္တာဖြူ ရေးသားသည်။
အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာ
နယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့ သုတေသန ရလဒ် တစ်ခုအရ ဘာသောက်စရာမျိုးမဆိုအလွန်ပူပြင်းစွာ သောက်
သုံးခြင်းဟာ အစာရေမြိုပြွန် (လည်ချောင်းမှ အစာအိမ်သို့ ဆက်သွယ်ထားသော အစာချေလမ်းကြောင်း အစိတ်အပိုင်း) ကင်ဆာ ဖြစ်
ပွားနိုင်ခြေကို မြင့်မားစေကြောင်း ထပ်မံတွေ့ရှိခဲ့ပါတယ်။
ဒီသုတေသနသစ်မှာ ဗြိတိန်နိုင်ငံရှိ လူကြီး ၁ သန်းနီးပါးရဲ့ ရေနွေးကြမ်းနဲ့ ကော်ဖီသောက်သုံးမှု အလေ့အထဆိုင်ရာ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာထားတာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သောက်စရာကို "နွေးရုံ" ထက် "ပူပူ" သို့မ
ဟုတ် "အလွန်ပူ" သောက်ရတာကို ကြိုက်နှစ်
သက်သူတွေမှာ "squamous-cell carcinoma" လို့ခေါ်တဲ့ အစာရေမြိုပြွန်ကင်
ဆာ အမျိုးအစား ဖြစ်ပွားနိုင်ခြေ ပိုမြင့်မားကြောင်း တွေ့ရှိခဲ့ရပါတယ်။
"အလွန်ပူ"သောရေနွေးကြမ်းသို့မဟုတ် ကော်
ဖီကို သောက်သုံးသူတွေမှာအဲဒီကင်ဆာ ဖြစ်
ပွားနိုင်ခြေက ၃ ဆအထိ မြင့်မားခဲ့ပြီး "ပူပူ" သောက်သူတွေမှာတော့ အနည်းငယ်သာ ပိုများခဲ့ပါတယ်။ အကယ်၍ အလွန်ပူပြင်းစွာ သောက်သုံးသူ အားလုံးက အပူချိန်ကို "ပူရုံ" အထိ လျှော့ပြီး သောက်သုံးမယ်ဆိုရင် ဗြိတိန်မှာ တစ်နှစ်လျှင် လူပေါင်း ၃,၂၀၀ အနက် ၄၄၀ ခန့်ကို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်မယ်လို့ သုတေသနက ခန့်မှန်းထားပါတယ်။
ဒီရလဒ်တွေဟာ ရေနွေးကြမ်းဖြစ်စေ၊ ကော်ဖီဖြစ်စေ၊ နို့ထည့်ထားတာဖြစ်စေ မတူညီပေမယ့် အဖြေကတော့ အတူတူပဲ ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက သောက်စရာထဲမှာ ဘာပါဝင်တယ်ဆိုတာထက် သောက်စရာရဲ့ အပူချိန်ကသာ ပိုအရေးကြီးတာ ဖြစ်ပါတယ်။ ကမ္ဘာ့အခြားနေရာတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာလည်း အစိမ်းရောင်လက်ဖက်ရည် (Green tea) နဲ့ မာတေး (Mate - တောင်အမေရိကတွင် ရေပန်းစားသော ဆေးဘက်ဝင် အပူသောက်စရာ) အပါအဝင် အခြား ပူပူလောင်လောင် သောက်စရာတွေဟာ အစာရေမြိုပြွန်ကင်ဆာနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိထားပါတယ်။
၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအေဂျင်စီ (IARC) က အလွန်ပူသော သောက်စရာတွေ သောက်သုံးခြင်းကို "ကင်ဆာဖြစ်စေနိုင်ခြေရှိသော အရာများ" (probably carcinogenic) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီသဘောက အပြည့်အဝ အတည်မပြုနိုင်သေးပေမယ့် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ခိုင်လုံစွာ ရှိနေပြီဆိုတာ ဖြစ်ပါတယ်။
လူတွေနဲ့ သုတေသန ပြုလုပ်ထားတဲ့ လေ့လာမှုတွေက စောင့်ကြည့်မှု ဒေတာတွေအပေါ် အခြေခံထားတာဖြစ်လို့ ကင်ဆာနဲ့ ဆက်စပ်မှုကို တိုက်ရိုက်အကြောင်းရင်းအဖြစ် အပြည့်အဝ သက်သေမပြနိုင်သေးပါဘူး။ ဒါပေမဲ့ တိရစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ သုတေသနတွေကလည်း အလားတူ ရလဒ်တွေကို ညွှန်ပြနေပါတယ်။
ဒါဆို ဘယ်လောက်အပူချိန်ဆိုရင် အလွန်ပူလွန်းတာလဲ။ IARC က သိပ္ပံနည်းကျ သက်သေ အထောက်အထားတွေကို သုံးသပ်ခဲ့တဲ့အခါ ရရှိနိုင်တဲ့ ဒေတာတွေအရ သောက်စရာအပူချိန် 65°C အထက်မှာ ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။
ဗြိတိန် သုတေသနသစ်မှာတော့ သောက်စရာတွေရဲ့ အပူချိန်ကို တိတိကျကျ မတိုင်းတာခဲ့ဘဲ ပါဝင်သူတွေကို ကိုယ်ပိုင်အမြင်အရ "နွေးရုံ၊ ပူပူ၊ အလွန်ပူ" ဆိုပြီးသာ အကဲဖြတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ အခြားသုတေသနတွေမှာတော့ ဗြိတိန်နဲ့ အမေရိကတို့မှာ ပုံမှန်အပူသောက်စရာတွေရဲ့ အပူချိန်ဟာ 60°C ဝန်းကျင် ရှိကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ သောက်စရာကို "နွေးရုံ" သောက်တယ်လို့ ပြောတဲ့သူတွေဟာ အဲဒီထက် ပိုအေးတဲ့ အပူချိန်မှာ သောက်သုံးနေကြတာ ဖြစ်နိုင်ပါတယ်။
သုတေသနစာတမ်းကို ပြုစုတဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှ ဂျီးလ် ရီးဗ်စ် (Gill Reeves) က "အဓိက ပြောချင်တဲ့ အချက်ကတော့ သောက်စရာ အပူချိန် နည်းလေလေ၊ ပိုကောင်းလေလေပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
အပြင်ကဝယ်လာတဲ့ ကက်ပချီနို (Cappuccino) ခွက်ထဲကို သာမိုမီတာ ထည့်ပြီး အပူချိန်တိုင်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလို ဘေးကလူတွေကလည်း အံ့ဩစွာ ကြည့်နေနိုင်ပါတယ်။ ဒါကြောင့် အလွယ်ဆုံးနည်းကတော့သောက်စရာကိုအေးသွားအောင် ခေတ္တစောင့်ပြီးမှ သောက်တာပဲ ဖြစ်ပါတယ်။
ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုရင် “ကော်ဖီကျွမ်းကျင်သူများအဖွဲ့ (SCA)” အသုံးပြုတဲ့ “ ကော်ဖီအရသာ စမ်းသပ်အကဲ
ဖြတ်နည်းစနစ် (Cupping Protocol)” ကို နမူနာယူနိုင်ပါတယ်။ ကော်ဖီမှုန့်ကို ၄ မိနစ်ခန့် ရေနွေးနဲ့ ပေါင်းစပ်ပြီးနောက် ကျွမ်းကျင်သူတွေဟာ ၈ မိနစ်ကနေ ၁၀ မိနစ်အထိ စောင့်

❤21👍6🔥4🖕1
ဆိုင်းပြီးအနံ့ခံကြပါတယ်။အဲဒီအချိန်မှာကော်
ဖီအပူချိန်ဟာ 70°C ဝန်းကျင်အထိ ကျဆင်းလာပြီး ဇွန်းနဲ့ ပထမဆုံး စတင်မြည်းစမ်းဖို့ သတ်မှတ်ထားတဲ့ အပူချိန် ဖြစ်ပါတယ်။ အဲဒီနောက် နောက်ထပ် ၅ မိနစ်ကနေ ၈ မိနစ်အထိ ထပ်စောင့်လိုက်ရင် ကော်ဖီအပူချိန်ဟာ 55°C ဝန်းကျင်အထိ ကျဆင်းသွားပါတယ်။
ကော်ဖီကျွမ်းကျင်သူတွေရဲ့ အဆိုအရ 55°C ဝန်းကျင်ဟာ ကော်ဖီရဲ့ အရသာနဲ့ အနံ့ကို အကဲဖြတ်ဖို့ အကောင်းဆုံး အပူချိန် ဖြစ်ပါတယ်။ အကယ်၍ အချိန်မအားဘဲ ကဖိန်းဓာတ် မြန်မြန်ရချင်တယ် ဆိုရင်တော့ ရေအေး ဒါမှမဟုတ် ရေခဲသေတ္တာထဲက နို့အေးနည်းနည်း ထည့်သောက်တာက ပိုအဆင်ပြေပါလိမ့်မယ်။
ကိုးကား – The Economist, International Journal of Cancer

👍32🔥3❤2🥰2🖕1
နေပြည်တော်နဲ့ မြို့သစ်မြို့ ဒေသခံ ၇ဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ နတ်မောက်ဂဠုန် PDF ဖမ်းဆီး
စက်တင်ဘာ- ၂၁၊၂၀၂၆။မိုမို/People's Spring
နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက် ညနေက နယ်မြေရှင်းလင်းစစ်ဆေးချိန်မှာ WY စိတ်ကြွရူးသွပ်ဆေး ၂၀၀၀၀ ကျော် ၊ ဘိန်းမဲ ၂ပိဿာကျော် နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွေအရ တပ်ကုန်းမြို့ တည်ပင်ကျေးရွာ နဲ့ မြို့သစ်မြို့ ချားပင်ရေကျေးရွာနေသူ ၇ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိမှု ဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့ အသိပေးပါတယ်။
"နောက်ကွယ်မှာဘယ်သူတွေ ပါ၀င်နေသလဲဆိုတာ စစ်ဆေးနေတယ်။သိရတာအချက်အလက်တွေကို ထုတ်ပြန်အသိပေးမယ်"လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိကထုတ်လုပ်ရာနဲ့ သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် အမေရိကန်ရဲ့ Blacklist စာရင်း မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထည့်သွင်းခံထားရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သယ်ဆောင်မှု ပြဿနာတွေက ပြည်တွင်းသာမက ဒေသတွင်းနိုင်ငံတွေအထိ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း တော်လှန်ရေးနယ်မြေတွေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်တာနဲ့ သုံးစွဲတာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တင်ကြပ်စွာ တားမြစ်ကန့်သတ်ထားပါတယ်။ဒါ့အပြင် မူးယစ်ဆေးနဲ့ တော်လှန်ရေးမလုပ်ဘူးလို့လည်း ကြေညာထားပါတယ်။

👍34👏8❤6🤣2🥰1😁1🖕1
ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး
စက်တင်ဘာ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
KNU သထုံခရိုင် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက် ညသန်းခေါင်မှာ လေကြောင်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမရှိဘဲ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့လို့ စာသင်ဆောင် ၃ဆောင်နဲ့ ဝန်ထမ်းအိမ်ရာ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုများခဲ့တာလို့ သိရပါတယ်။
စစ်တပ်ဟာ အရပ်သား ပြည်သူနေထိုင်တဲ့ရွာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်သလို လူငယ်၊ ကလေးငယ်တွေ ပညာမသင်ကြားနိုင်ဖို့ ရည်ရွယ်တာလို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးအခြေအနေမရှိပေမယ့် လုံး၀ ပျက်စီးတဲ့ နေအိမ် ၂လုံးရှိသလို နေအိမ် ၃၆လုံးဟာလည်း ထိခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေ၊ ပြည်သူလူထု လုပ်ငန်းခွင်တွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။
လေကြောင်း တိုက်ခိုက်ရာမှာ နေအိမ်တွေအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကျန်းမာရေးအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ကလေးငယ်တွေ သေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

😢21😡11👏3❤2👍2👎2🤬2💩1
ကျောက်တလုံးကြီးမှာ ခရုသင်းဖြစ်တဲ့ အဘိုးအိုကို ရွာကနေနှင်ထုတ်နေ
စက်တင်ဘာ-၂၀၊၂၀၂၆။မေရီ/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ကျောက်တလုံးကြီးမြို့နယ်၊ဆောင်းဖိုးသရက်ပင်ရွာမှာ ခရုသင်း
၊ သမင်ဖြူရောဂါ ဖြစ်ပွားနေတဲ့ အဘိုးအိုတစ်ဦးကို ရွာလူကြီးက ရွာကနေ နှင်ထုတ်နေကြောင်း သားဖြစ်သူက အသိပေးပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊နောင်ခဲကျေးရွာအုပ်
စု၊ ဆောင်းဖိုး သရက်ပင်ရွာမှာ ခရုသင်း၊ သ
မင်ဖြူရောဂါဖြစ်နေတာကြာပြီဖြစ်တဲ့ အ
သက် (၇၂) နှစ်အရွယ် ဖြားဆရာဗွောဆိုသူရဲ့ နေအိမ်ကို ရွာလူကြီးနဲ့ ရွာသူရွာသားတွေ စုရုံးရောက်ရှိလာပြီး ရွာကနေ ထွက်သွားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဖြားဆရာဗွောဟာ အဲဒီရွာမှာပဲ မွေးဖွားကြီး
ပြင်းခဲ့သူဖြစ်ပြီး မကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်တဲ့ ခရုသင်း (သမင်ဖြူ) ရောဂါ ခံစားနေရတာဟာ နှစ်ပေါင်း (၃၀) ကျော်ပြီဖြစ်ကြောင်း၊ ဒါ့အပြင် အိမ်ဝိုင်းအ
ပြင်သို့ မထွက်တာလည်း နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၎င်းရဲ့သားဖြစ်သူက လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။
အဆိုပါရောဂါနဲ့ ပတ်သက်ပြီး အရေပြားအ
ထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသကုသခဲ့ပြီး ကူးစက်တတ်တဲ့ရောဂါမဟုတ်ကြောင်း ဆရာ
ဝန်ကြီးတွေရဲ့ ထောက်ခံစာ ရှိသော်လည်း ရွာလူကြီးနဲ့ အဖွဲ့က ရွာစည်းကမ်းအရ လက်မခံနိုင်ဟုဆိုကာ ရွာပြင်သို့ မဖြစ်မနေ ထွက်ခွာပေးဖို့ ဖိအားပေးခဲ့ကြကြောင်း သိရပါတယ်။
"အဖေက ဒီရွာမှာမွေး ဒီရွာမှာဘဲကြီးပြင်းခဲ့တာပါ။အဖေက အိမ်ဝိုင်းအပြင်ဘက် မထွက်တာနှစ်အတော်ကြာပါပြီ။ရောဂါဖြစ်တာလည်း နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့လည်းပြသပြီးပါပြီ။ ကုသပြီးပါပြီ။ ဆရာဝန်ကြီးတွေ ဒီရောဂါက မကူးစက်တဲ့အကြောင်း လက်မှတ်လည်းထုတ်ထားပေးပါတယ်။ဒါကိုရွာလူကြီးက လုံးဝလက်မခံပါဘူး။ မင်းတို့အဖေက ဆရာဝန်နဲ့ နေမှာမဟုတ်ဘူး။ရွာသူရွာသားနဲ့နေရမှာဒါရွာရဲ့စည်းကမ်းပဲတဲ့။လက်မခံနိုင်ကြောင်း (ရွာအပြင်)ထွက်ကိုထွက်ပေးရမှာဖြစ်ကြောင်း
အတင်းအဓမ္မ ဖိအားပေးနေကြတာပါ"လို့ သားဖြစ်သူက ရေးသားထားပါတယ်။
ဒါ့အပြင် ၎င်းတို့ရဲ့ နေအိမ်ကို သောက်သုံးရေနဲ့ လျှပ်စစ်မီးတွေပါ ဖြတ်တောက်သွားခဲ့ကြကြောင်း မိသားစုဝင်တွေရဲ့ရေးသားချက်အရ သိရပါတယ်။ ဖြားဆရာဗွောဟာအသက်
အရွယ်ကြီးရင့်သူဖြစ်တဲ့အပြင် လေဖြတ် ဝေဒနာပါ ခံစားနေရသူဖြစ်သဖြင့် ရွာပြင်သို့ ထွက်ခွာနေထိုင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း၊ ဒီလိုဝေဒနာသည်တွေကို စောင့်ရှောက်တဲ့စခန်းတွေရှိရင်လမ်းညွှန်ပေးဖို့ သားဖြစ်သူကလူမှုကွန်ယက်မှာရေးသား အကူအညီတောင်းထားပါတယ်။ ယခင်ကလည်းရွာက မနေရဘူးဆိုပြီး ၂ ကြိမ် နှင်ထုတ်သေးကြောင်းသိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး သားဖြစ်သူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
"ပညာမတတ်တော့ဒါတွေဖြစ်လာတာ။ပညာမတတ်အောင်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာပဲ။ ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ လုပ်ချင်သလို လုပ်ကြတာ။ဥပဒေကြောင်းအရကတော့ဒါမျိုးတွေလုပ်လို့မရဘူး။ဒါပေမယ့်သိသိနဲ့ လွှတ်ထား(စစ်တပ်နဲ့စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကလွှတ်ထား)ပုံပါပဲ"လို့ ဆရာဝန်တဦးကပြောပါတယ်။
ကျောက်တလုံးကြီးမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ PNO/PNA ပြည်သူ့စစမစိုးမိုးတဲ့ဒေသဖြစ်ပြီးပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပါတယ် ။
ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့အန္တရာယ်မရှိတဲ့ အရေပြားအခြေအနေတစ်ခုဖြစ်ပြီး မကုသဘဲထားလည်း နောက်ဆက်တွဲဆိုးကျိုးတွေ အထူးအထွေ မရှိကြောင်း၊ သို့သော် ဒီအရေပြားအခြေအနေနဲ့ နေကြရသူတွေမှာယုံကြည်မှုအားနည်းလာတာ၊ စိတ်အားငယ်တာ၊ နောက်
ဆုံး စိတ်ကျတာတွေ အထိဖြစ်တတ်ကြောင်း၊ ကူးစက်ရောဂါတစ်ခုလို မှားယွင်းသိရှိထားကြပြီး မဖြစ်သင့်တဲ့ ခွဲခြားဆက်ဆံမှုတွေလည်း ခံရတတ်ကြောင်း NUG ရဲ့ ကျန်းမာရေးဝန်ကြီး
ဌာနက အသိပေးထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ကျောက်တလုံးကြီး #ခရုသင်းရောဂါ #ကျေးရွာမှနှင်ထုတ်မှု #လူမှုရေးသတင်း #မြန်မာ့လူမှုဘဝ

🤬30❤9👎3😱3😢3🔥1😁1
မန္တလေးကျောက်တော်ကြီးပွဲ ဆိုင်ခန်းခတွေ အဆမတန်မြင့်တက်
စက်တင်ဘာ-၂၁၊ ၂၀၂၆။ ဇေအောင်/People's Spring
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။
လာမယ့် သီတင်းကျွတ်ကာလမှာ ကျင်းပမယ့် မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ရှေ့မျက်နှာဖွင့် ၅ ပေအကျယ် စျေးဆိုင်ခန်းတစ်ခန်းကို ပြီးခဲ့တဲ့နှစ်က ကျပ် ၃သိန်းခွဲသာ ပေးသွင်းခဲ့ရပေမယ့် ဒီနှစ်မှာတော့ ကျပ် ၁၀ သိန်းနှုန်းနဲ့ ပေးသွင်းရမှာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။
ကျောက်တော်ကြီးဘုရားပွဲစျေးမှာ ဆိုင်ခန်းခကောက်ခံခွင့်ကို ဂေါပကအဖွဲ့ထံကနေ လေလံအောင်သွားသူက ကျပ်သိန်း ၇,၅၀၀ နဲ့ လေလံအောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လေလံကြေးမြင့်တဲ့အတွက် ဆိုင်ခန်းခတွေပါ မြင့်တက်လာတာဖြစ်ကြောင်း စျေးသည်အချို့က ပြောပါတယ်။
"ဂေါပကလူကြီးတွေက ငွေမျက်နှာတခုပဲ ကြည့်တော့ ကန်ထရိုက်ပေးတာ။ ကန်ထရိုက်ကလည်း သူအမြတ်ရအောင်ဈေးတင်တာ။ ဈေးသည်တွေက ချေးငှါးပေါင်နှံပြီး ရင်းရတဲ့ ငွေကြေးနဲ့ ရင်တမမနဲ့ပွဲထွက်ရတာ"လို့ စျေးသည်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တပို့တွဲလမှာ ပြုလုပ်မယ့် မဟာမုနိဘုရားကြီးပွဲက ဆိုင်ခန်းခကောက်ခံခွင့်ကလည်း လေလံကြေး သိန်း ၃,၄၀၀နဲ့ လေလံအောင်သွားတယ်လို့ သိရပါတယ်။
ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင်ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

❤15🔥7🤬7👍3👎1😁1
စစ်တွေမှာအထိနာနေတဲ့စစ်တပ်က ရသေ့တောင်ကိုလက်နက်ကြီးပစ်တာကြောင့် သားအမိ နှစ်ဦးသေဆုံး
■စက်တင်ဘာ ၄ နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦးသေနဲ့ ၆ ဦးဒဏ်ရာရ
စက်တင်ဘာ-၂၁၊၂၀၂၆။ခိုင်မြတ်/ People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ ဆက်တိုက်သိမ်းပိုက်ခံနေရပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားသားအမိနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီုးကိုင်းရွာထဲ ကျရောက်ပေါက် ကွဲခဲ့ပြီး အဲဒီရွာမှ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ သေဆုံး သွားခဲ့တာပါ။
“သားမိနှစ်ယောက်နေတဲ့အိမ်ထဲကိုတည့်တည့်ကျတာ။တကယ်ဆိုရင်စစ်တွေမှာတိုက်ပွဲဖြစ်နေတာနဲ့ဒီဘက်တွေနဲ့ ဘာမှမဆိုင်ဘူး။ ယုတ်
ကန်းပြီးတော့ပစ်နေတာ။ဒီနေ့လည်းလက်နက်
ကြီးတွေနဲ့ ပစ်နေပါတယ် မူစဲကမ်း ဘက်ကို” လို့ ရသေ့တောင်မြို့နယ် မူစဲကမ်းဒေသခံတဦးက ပြောပါတယ်။
ဇီးကိုင်းရွာဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ငါးမိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။ စစ်တပ်ဟာ အဲဒီလိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်ဘက်ခြမ်းလူနေကျေးရွာတွေကိုလည်း လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ကို လေယာဉ် အုပ်လိုက်နဲ့ ဗုံးပတ်ကြဲခဲ့ပြီး သံတွဲမြို့နယ်မှ ဒေသခံတဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက်နေ့ ကလည်း စစ်တပ်ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာမှ ဒေသခံအမျိုးသားတဦး ဒဏ်ရာရခဲ့ပါတယ်။
အလားတူစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်း
ကျင်တွေကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွား ခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက်
ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က နေ့စဉ်ဆယ်နဲ့ချီသေဆုံးမှုရှိနေပြီးအထိနာနေတဲ့ စစ်တပ်ဟာ အရပ်သားလူ နေကျေးရွာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက် တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
အဲဒီလိုစစ်တပ်ရဲ့စစ်ဆင်ရေစတဲ့ စက်တင်
ဘာ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၁၇ ရက်အတွင်း စစ်တပ်လက်ချက် ကြောင့် ရခိုင်ဒေ
သခံအရပ်သားပြည်သူ၆ ဦးထက်မနည်း သေ
ဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်းကျင်၊ စစ်တွေမြို့နယ်အမြင့်ကျွန်း၊ တော
ကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
#စစ်တွေ #ပုဏ္ဏားကျွန်း #peoplesspring
#စစ်တပ်လက်နက်ကြီး #သားအမိသေဆုံး

👎19👍10😢6❤3😁2👏1🎉1
ဆောမြို့နယ်မှာ စစ်တပ် အင်အားဖြည့်မှုကြောင့် စစ်ရေးတင်းမာနေ
စက်တင်ဘာ-၂၁ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်နေတဲ့ စစ်တပ်က မေလကစပြီး စက်တင်ဘာ ၂၀ရက်အထိ ဆောမြို့နယ်ကို ၅လအတွင်း အင်အား ၄၅၀၀ ၀န်းကျင် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
"ကျွဲကူးရေပါ အနေအထားအရ ချင်းတောင်ကို ထိုးစစ်ဆင်ဖို့ရော တဆက်တည်းမှာပဲ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ဗျူဟာကျ လုပ်ဆောင်နေတယ်။ဒါကြောင့် တိုက်ပွဲတွေက ဒီထက်ပိုပြင်းထန်လာနိုင်တယ်"လို့ ဆောမြို့နယ်(ယောဒေသ)စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ဆော - လောင်းရှည်လမ်း ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။
"လောင်းရှည်ကနေ ဆောမြို့ကို အင်အားဖြည့်တာ၊တပ်ချိန်းတာ ပုံစံအမျိုးမျိုးလုပ်ဖို့ဆိုရင် လောင်းရှည် - ဆောလမ်းပိုင်းက အရေးကြီးတယ်။အဲဒါကြောင့်လည်း မင်းလယ် ၊ သီးကုန်းနဲ့ တောင်ဘို့ကြီးရွာတွေမှာ စစ်တပ်ကတပ်စွဲထားတယ်"လို့ ဆောမြို့နယ်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်တပ်ရဲ့ အင်အားဖြည့်တင်းတပ်ဖြန့်မှုတွေထက် ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ၊ မဟာမိတ်တွေ ၊ ခရိုင် ၊တိုင်းစစ်ဌာနတွေ ချိတ်ဆက်ညှိနှိုင်းပြီး တောင်ပေါ် တောင်အောက် ဟန်ချက်ညီညီ စစ်ဆင်ရေးဆောင်ရွက်ကြရမယ့် အခြေအနေဖြစ်တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူက တိုက်တွန်းထားပါတယ်။
မကွေးမြို့ကလာတဲ့ စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်၀န်းကျင်ပါတဲ့စစ်ကြောင်းဟာ ဆောမြို့နယ်၊လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅ )ရောက်နေပြီလို့ ဆောမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။
ယာဉ်တန်းမှာပါတဲ့ အင်အားတွေက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက စစ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှုပြုလုပ်ထားတဲ့ တပ်မ(၈၈)လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ မကွေးတိုင်း ပကဖက အသိပေးပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ အဲဒီယာဉ်တန်းကို မကွေးတိုင်း စလင်းနဲ့ ကံပြားလမ်းမှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကား ၂စီး ပျက်စီးပြီး ထိခိုက်သူတွေရှိတယ်လို့ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကိုပြောထားပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
ချင်းတောင်ပိုင်းထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်လျော့ခဲ့ပေမယ့်နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။
လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊သတိနဲ့ နေထိုင်ကြဖို့ လက် နက်ကြီး၊လေကြောင်းအန္တရာယ်တွေကို ဂရုစိုက်ဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

👍26❤5😁5🔥2🥰2👎1👏1