People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်
တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/ AA တပ်ဖွဲ့ဝင်နဲ့စစ်သုံ့ပန်း​တွေ ။
ဓါတ်ပုံ-AA Info Desk
👏52❤24🤣2🖕2👎1🥰1💩1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

■စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​မှာ AAက စစ်တပ်ထံကလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်
ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။လက်နက်မျိုးစုံ၊ဂျန်ဘာ ၊ခဲယမ်း​အမြောက်အများသိမ်းဆည်းရရှိတာကို သတင်းဓါတ်ပုံ ​တွေမှာတွေ့ရပြီး စစ်သုံ့ပန်း​အချို့ဖမ်းဆီးထားတာကိုလည်း​တွေ့ရပါတယ်။စစ်တပ်ဝါဒဖြန့်သူ​​​တွေက စစ်တပ်ကရခိုင်ပြည်နယ်ကဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်တဲ့ ၄၉၂၆ စစ်ဆင်​ရေး​ရေးဆိုပြီး အကြီးအကျယ်ဝါဒဖြန့် ​နေကြချိန်မှာ အာရက္ခတပ်​တော် က စစ်​တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲနဲ့ ပတ်သက်ပြီးစက်တင်ဘာ၂၀ရက်မှတရာဝင်စတင်ထုတ်ပြန်လာတာဖြစ်ပါတယ်။ဆက်လက်ထုတ်ပြန်မယ်လို့လည်းအသိ​ပေးထားပါတယ်။

◾️ဗန်က ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပတ်​အောင်မြင်စွာကာကွယ်

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။ဒီကနေ့
မနက် အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့ UFC
ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံဗန်နဲ့ ချန်
ပီယံဟောင်း ပန်တိုဂျာတို့ဟာ UFC 331 ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲ (Main Event) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့တာ ဖြစ်ပြီး ငါးချီပြည့် ရသအပြည့်​ပေးပြီးအကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ပန်တိုဂျာက ပွဲစထွက်ကတည်းက ချုပ်ကွက်နဲ့အနိုင်ယူဖို့ကြိုးစားခဲ့ပြီး ပထမအချီနဲ့ စတုတ္ထအချီ​တွေမှာဗန်ကို လှဲချနိုင်​ပေမယ့် ပါးနပ်တဲ့ဗန်က ပြန်ရုန်းထွက်တာ ၊ ပန်တိုဂျာအားသန်နဲ​နောက်​ကျောက​နေ အချုပ်မခံရ​အောင်အ​ကောင်းဆုံးခုခံနိုင်ခဲ့ပါတယ်။ကျန်ပွဲချိန်​တွေမှာ​တော့ ဗန်က ​လက်သီးထိုးချက်များစွာနဲ့ ပန်တိုဂျာကိုအသာစီးထိုးနိုင်ခဲ့ပါတယ်။ ​နောက်ဆုံးအချီမှာ ဗန်ရဲ့ထိုးချက်​ကြောင့်ပန်တိုဂျာလဲကျသွားပြီး ဗန်ပွဲဖြတ်ဖို့ကြိုးစား​ပေမယ့် ပန်တိုဂျာ မာ​ကျောလွန်းမှု​ကြောင့်သာ အလဲထိုးနဲ့အဆုံးမသတ်နိုင်ခဲ့တာပါ ။ပွဲအပြီးမှာ ဒိုင်လူကြီး ၃ ဦးစလုံးက ဗန်ကို အနိုင်​ပေးခဲ့တာဖြစ်ပါတယ် ။

◾️ဗန် နဲ့ ပန်တိုဂျာပွဲ UFC 331ရဲ့အ​ကောင်းဆုံးပွဲ​​ဟု​ရွှေးချယ်ခံရ

ဗန် နဲ့ ပန်တိုဂျာ တို့ရဲ့ ငါးချီပြည့် အကြိတ်
အနယ်ထိုးသတ်ခဲ့တဲ့မ​ကျေပွဲဟာ UFC 331 ရဲ့ အ​ကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ​ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆု​ကြေး ​ဒေါ်လာ တစ်သိန်းစီ ဆွတ်ခူးသွားတယ်လို့ UFC က​ကြေညာပါတယ် ။ အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံ​ဟောင်း ပန်တိုဂျာရဲ့ ဦး​ခေါင်းပိုင်းထိ​အောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာက​တော့ ဦး​ခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရခဲ့ပါတယ် ။ ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်က အ​ကောင်းဆုံးခုခံပြီး​ဘောက်ဆင်စွမ်းရည်ဘယ်​လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်း​ပေါင်းစုံပြိုင်ပွဲအားကစားကျွမ်းကျင်သူ​တွေကသုံးသပ်ပါတယ်။ ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇မှတ်နဲ့အနိုင်​ပေးခဲ့တာပါ ။ပွဲအပြီး
မှာဗန်က ပထမပွဲတုန်းကကံ​ကောင်းလို့အနိုင်ရခဲ့တာလို့ ​ဝေဖန်မှု​တွေကိုသက်​သေပြနိုင်ခဲ့ပြီလို့​ပြောပါတယ် ။

◾️မြိုင်မှာစစ်တပ်ဟတ်ယာဉ်ဒရုန်းနဲ့တိုက်
ခိုက်ဖျက်ဆီးခဲ့တဲ့ပေါက်ပကဖဒရုန်းတပ်ဖွဲ့ကို NUG ကျပ်သိန်း တစ်သောင်း ဂုဏ်ပြု

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်
ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုး
သားညီညွတ်ရေးအစိုးရ(NUG)ကဂုဏ်ပြုငွေ ကျပ်သိန်းတစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။တွင်းမရွာကို လာတဲ့ စစ်
တပ်ရဲ့Mi-17 စစ် ရဟတ်ယာဉ်ဟာ ဇွန်လ ၂၃ရက်မှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တာပါ။ တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးကို ဂုဏ်ပြုဆုငွေ သိန်း ၁ သောင်းကျပ်နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဆုငွေနဲ့ လက်မှတ်ကို ဂုဏ်ပြုအခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ရက်မှာ အမျိုးသားညီ
👍24❤5👌3🔥1🤣1🖕1
ညွတ်ရေးအစိုးရနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။ ဂုဏ်ပြုအခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ တာဝန်ရှိသူတွေ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်
တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နဲ့ တာဝန်ရှိသူတွေ၊ ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

◾️စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ AA ကစစ်သုံ့ပန်း​တွေဖမ်းမိ​ကြောင်းထုတ်ပြန်

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်
ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။ဒါ့အပြင် စစ်တပ်က ရက္ခိုင်လူမျိုးဆိုရင် ကလေးငယ်၊ အမျိုးသမီး၊ အမျိုးသားအားလုံးကို အမြစ်ဖြတ်ရှင်းလင်းဖို့ အမိန့်​ပေးထားကြောင်းစက်တင်ဘာ ၁၆ရက်နေ့က ဖမ်းမိတဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားအောင်ပြည့်စုံနဲ့ တပ်သား မိုက်ကယ်တို့က ပြောပါတယ်။စက်တင်
ဘာလ (၁၆) ရက်နေ့က ကွမ်းတောင် ရွာ နဲ့ အမြင့်ကျွန်းရွာကြားတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက် အမှတ်(၁၀၁)တပ်မဌာနချုပ်လက်အောက်
ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ နဲ့ စစ်တပ်ထံမှာသိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံ ၄၃လက်၊ ဒရုန်းတစ်စင်းနဲ့ ခဲယမ်း​တွေ ကို AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။

◾️ရွှေကူမှာ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်တပ်က ရွာတွေကို ဗုံးကြဲနေဟု KIA ပြော

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်
တပ်ဆုံးရှုံးမှုများလာလို့အများပြည်သူ ကျေး
ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။စက်တင်ဘာ ၁၉ရက်ည KIA ပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ ရွှေကူမြို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအချို့ သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ အခြေအနေကို ဖော်ပြပြီး အထက်ပါအတိုင်း အသိပေးထားတာပါ။ KIA တပ်မဟာ(၁၁)၊ တပ်ရင်း(၁၂) နယ်မြေ ရွှေကူမြို့နယ်မှာ စက်တင်ဘာ ၁၇ရက်က ပြည်သူနေထိုင်ရာ ကျေးရွာတွေကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။

◾️ဗန်းမော်နဲ့ ရွှေကူတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို လေကြောင်းကနေ မပခ နဲ့ ရမခ ပို့ ဆေးကုနေ

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ကအရှေ့မြောက်တိုင်း
စစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီးဆေးကုသနေတယ်လို့သတင်းရရှိပါတယ်။ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းကစပြီး ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တွေက ကသာ၊ရွှေကူနဲ့ ဗန်းမော်မြို့နယ်ကြားမှာ တိုက်ခိုက်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုတွေ များနေပါတယ်။ စက်တင်ဘာလဆန်းက တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ သင်္ဘောအစီး‌ ရေ၂ဝခန့်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAက စက်တင်ဘာ ၁၆ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ သင်္ဘောတွေ ဖျက်ဆီးခံရတဲ့အပြင် အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးသလို စစ်သုံ့ပန်း ရာချီပြီး KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဧရာဝတီမြစ်အတွင်းမှာ နောက်ထပ် စစ်သ
င်္ဘောတွေ ရှိနေပြီး KIA၊KPDF ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက် နေပါတယ်။နောက်ထပ် သင်္ဘောတွေဖျက်ဆီးခံရတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

◾️ကန်ပက်လက်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ နေအိမ်တွေ ပျက်စီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁၉ရက် မနက် ၇နာရီခန့်မှာ စစ်တပ်ဟာ လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို တိုက်လေယာဉ် ၂စီးနဲ့ ဗုံး ၆လုံး ကြဲချခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြအသိပေးပါတယ်။ လူထိခိုက်သေဆုံးရှိမရှိတော့ ဖော်ပြမထားပါဘူး။ စစ်တပ်ဟာ စက်တင်ဘာ ၁၆
ရက်ကလည်း ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့လို့ နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ အသိ
ပေးပါတယ်။ပြည်သူတွေအနေနဲ့လေကြောင်း
သတင်းနားစွင့်ကာ နေထိုင်ရာအနီး ပုန်းခိုကျင်းတွေ တူးထားကြစေလိုကြောင်းလည်း ထုတ်ပြန်ပါတယ်။

◾️တောင်သာမှာ ရေကြီးလို့ သီးနှံတွေ ပျက်စီး
👍27❤5💩2😢1🤣1🖕1
မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။ တောင်သာမြို့
နယ်၊ ဆီမီးကန်ကျေးရွာမှာ စက်တင်ဘာ ၁၉ ရက် မနက် ၃ နာရီကျော်ကတည်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ဆီမီးကန်ချောင်းရေလျှံပြီး ဆီမီးကန်ကျေးရွာအုပ်စုက ကျေးရွာတွေ နေအိမ်​တွေအထိ ရေတွေဝင်လာလို့ အမြန်ရွေ့ပြောင်းခဲ့ရကြောင်း ဒေသခံ​တွေက ပြောပါတယ်။ အမြန်မရွှေ့လိုက်နိုင်တဲ့ နေအိမ်တွေကတော့ ပစ္စည်းတွေ ရေထဲမျောပါဆုံးရှုံးသွားကြောင်း သိရပါတယ်။ ရေကြီးမှုကြောင့် ဆီမီးကန်ကျေးရွာအုပ်စုက ပဲခင်းတွေအပါ
အဝင် စိုက်ပျိုးထားတဲ့သီးနှံခင်းအများအပြား ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️မိုးများပြီးတောင်ကြီး-ဟိုပုံးလမ်းမပေါ် ကျောက်တုံးကြီးပြုတ်ကျ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က တောင်ကြီး-ဟိုပုံးသွားပြည်ထောင်စုလမ်းမပေါ် နေအိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံးကြီးပြုတ်ကျလာလို့ ကားနဲ့လမ်းဘေးအဆောက်အအုံတစ်ခု ပျက်စီးခဲ့ပါတယ်။ တောင်ကြီးမြို့က ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံးရဲ့ အနောက်ဘက်ရှိတောင်ပေါ်ကနေ အလျား ၄၁အနံ ၂၀အမြင့် ၁၂ ပေအရွယ် ကျောက်တုံးကြီးဟာ စက်တင်ဘာ ၁၉ရက်ည ၁၀နာရီကျော်မှာ ပြုတ်ကျတာလို့ ဒေသခံတွေကပြောပါတယ်။ တောင်ကြီးမြို့နယ်မှာ ယခုရက်ပိုင်း နေ့စဉ်လိုလိုမိုးရွာပြီး တောင်ပေါ်က မြေတွေအိကျတာကနေ ကျောက်တုံးကြီးပြုတ်ကျလာတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောက်တုံးကြီးကို မီးသတ်တပ်
ဖွဲ့နဲ့ ဒေသခံလူမှုရေးအဖွဲ့တွေက စက်ယန္တရားတွေသုံးပြီး ညတွင်းချင်း ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။

■လမ်းမှာတိုက်ခိုက်ခံရတဲ့ချင်းတောင်စစ်ကူ
ပို့မယ့်စစ်တပ်ယာဉ်တန်းကပစ(၂၅)ရောက်

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ
(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကို မနေ့က(စက်တင်ဘာ ၁၉ ရက်) နေ့လယ် ၂နာရီ၀န်းကျင်က လက်ပံကျင်းရွာအနီးမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ FPV ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကား ၁စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်
ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

◾️၀က်လက်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက
ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီးနဲ့ လက်
နက်ခဲယမ်းတွေ သိမ်းရ

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။၇လတာစစ်ဆင်ရေးအရ ၂၀၂၅ ဒီဇင်ဘာကနေ ဇူလိုင်လကုန်အထိ စစ်တပ်ရဲ့တပ်မ (၃၃)၊ခြေမြန်တပ်ရင်း ခမရ (၁၂) ၊ခမရ(၁၃)တပ်
ရင်းနဲ့ မင်းကွန်းပြည်သူ့စစ်အဖွဲ့ ပူးပေါင်း အင်အား ၃၀၀ ၀န်းကျင်ရှိတဲ့စစ်ကြောင်းနဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၀၀ ကျော် ထိခိုက်သေဆုံးနိုင်ပြီး ဂျမ်ဘာကား ၁စီးကိုဖျက်ဆီးခဲ့ကာ ကား ၄စီးသိမ်းဆည်းရရှိတယ်လို့ အသိ
ပေးပါတယ်။

◾️စစ်တပ်က တစ်ဦးသေ နောက်တစ်ဦးဖမ်း ရှေ့တန်းပို့မယ့် ဗျူဟာသုံးနေလို့ စစ်သည်တွေ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။ ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။စစ်တပ်ဟာ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ခေါ် ပစတွေကို 'သမင်'မွေးလိုက် ရှေ့တန်းပို့ပြီး တော်လှန်ရေး'ကျား'တွေ စားခိုင်းလိုက် လုပ်နေကြောင်း ဖော်ပြထားပါတယ်။
👍33❤4💩2🤮1🤣1🖕1
🥰18👍9💩2🤣1🖕1
👍45🥰4👏3😁3🤬1🤣1🖕1