People's Spring
✔
59.8K subscribers
71.9K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်
တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/ AA ဖမ်းထားတဲ့ စစ်သား​အောင်ပြည်စုံ နဲ့ ပြည်သူ့စစ်မှုထမ်းမိုက်ကယ်။ဓါတ်ပုံ-AA Info Desk)
👍60👏11❤7🥰3🤮2🤣2🖕2👎1
မြိုင်မှာ စစ်တပ်ရဟတ်ယာဉ် ဒရုန်းနဲ့တိုက်
ခိုက်ဖျက်ဆီးခဲ့တဲ့ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ကိုNUG ကျပ်သိန်းတစ်သောင်းဂုဏ်ပြု​ကြောင်းထုတ်ပြန်

စက်တင်ဘာ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်
ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

တွင်းမရွာကို လာတဲ့ စစ်တပ်ရဲ့Mi-17 စစ် ရဟတ်ယာဉ်ဟာ ဇွန်လ ၂၃ရက်မှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တာပါ။ တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးကို ဂုဏ်ပြုဆုငွေ သိန်း ၁ သောင်းကျပ်နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဆုငွေနဲ့ လက်မှတ်ကို ဂုဏ်ပြုအခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။

ဂုဏ်ပြုအခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ တာဝန်ရှိသူတွေ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နဲ့ တာဝန်ရှိသူတွေ၊ ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုချမ်းက ဒရုန်းစစ်ဆင်ရေးအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ဂုဏ်ပြုခံ ရဲဘော်များကိုယ်စား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော် နက္ခက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း အသိပေးပါတယ်။

၂၀၂၂ ဧပြီလက စစ်တပ်ရဲ့ ရဟတ်ယာဥ်၊
တိုက်​လေယာဥ် ၊တင့်ကား၊ စစ်တပ်ရဲ့စက်သုံးဆီသို​လှောင်ရုံစတာ​တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရင် ဂုဏ်ပြု​ငွေ​ချီးမြှင့်မယ်လို့ NUG က​ကြေညာခဲ့ပြီး စစ်သုံးရဟတ်ယာဥ်ကိုဖျက်ဆီးနိုင်တာမို့ အမြင့်ဆုံးဆု​ကြေး ကျပ်သိန်းတစ်​သောင်းချီးမြှင့်တာလို့ NUG ဝန်ကြီး
ချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ကို​နေဘုန်းလတ်က​ပြောပါတယ်။

၂၀၂၂ ဧပြီ ၇ ရက်မှာNUG ယာယီသမ္မတ ဒူဝါလရှီးလကဘယ်သူမဆို စစ်တပ်ရဲ့လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပြည်သူနဲ့ပူးပေါင်းလာမယ်ဆိုရင် အမေရိကန် ဒေါ်လာ ငါးသိန်း၊ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်သောင်း ချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို အကြီးစားထိခိုက်အောင် ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ သိန်းခြောက်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် CDM ဝင်လာချိန်မှာ တင့်ကား၊ သံချပ်
ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ သိန်း နှစ်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်ပစ္စည်းတွေနဲ့ ပြည်သူတွေကို ပြန်တိုက်နေတာကြောင့် အခုလိုဆုငွေတွေ ထုတ်ပြီး ဖျက်ဆီးခိုင်းတာလို့ NUG ယာယီသမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့Mi-17 စစ်ရဟတ်ယာဉ်ကိုတိုက်
ခိုက်ဖျက်ဆီးနိုင်ခဲ့တာဟာNUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မ
တော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ တခြားသော တော်လှန်ရေးအဖွဲ့များ စုပေါင်းညီညွတ်မှု စွမ်းအား​ကြောင့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီး​တော့လည်း စစ်တပ်ရဲ့ ဗဟိုချက်မ နေရာတွေကို အရှိန်အဟုန်ဖြင့် ဆက်လက် ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့ အသိပေးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်
လှန်ရေးတပ်တွေကခုခံတော်လှန်စစ်အတွင်း စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကိုပစ်ချနိုင်ခဲ့တာ အနည်းဆုံး ၁၃ စီးရှိပြီဖြစ်ပါတယ်။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ် လေယာဥ် ၊ရဟတ်ယာဥ်တွေပျက်ကျတာ ၊ချို့ယွင်းတာအစီးရေး ဆယ်စီးဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

မကြာသေးမီကလေည်း တံတားဦးလေတပ်က စစ်တပ်ရဲ့ တိုက်လေယာဉ်ထားရာနေရာတွေကို PDFတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ကြား ရေကြောင်းတိုက်ပွဲမှာလည်း လေကြောင်းပစ်ကူလာပေးတဲ့ Y12 လေယာဉ်ကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခုခံတော်လှန်စစ်အစောပိုင်းကာလကတည်းက စစ်တပ်ရဲ့ လေယာဉ် ရဟတ်ယာဉ်တွေ ပစ်ချနိုင်ရင်ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး အခုလို အခမ်းအနားနဲ့ ဆုငွေပေးအပ်မှုဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
🥰40❤22👏4💩2🤣2👍1🖕1
၂၀၂၆ ဇွန်လ ၂၃ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ Mi-17 ရဟတ်ယာဉ် မီးလောင်နေစဉ်။ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ
(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း ၁သောင်း ပေးအပ်နေစဉ်။ ဓာတ်ပုံ - NUG၊ Screengrab
👍48❤21💩3🥰1🤮1🖕1
စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​မှာ AAက စစ်တပ်ထံကလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

စက်တင်ဘာ-၂၀၊၂၀၂၆။​နေ့သစ်/People's Spring

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်
ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

လက်နက်မျိုးစုံ၊ဂျန်ဘာ ၊ခဲယမ်း​အမြောက်အများသိမ်းဆည်းရရှိတာကို သတင်းဓါတ်ပုံ ​တွေမှာတွေ့ရပြီး စစ်သုံ့ပန်း​အချို့ဖမ်းဆီးထားတာကိုလည်း​တွေ့ရပါတယ်။

စစ်တပ်ဝါဒဖြန့်သူ​​​တွေက စစ်တပ်ကရခိုင်ပြည်နယ်ကဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်
ထိုးစစ်ဆင်တဲ့ ၄၉၂၆ စစ်ဆင်​ရေး​ရေးဆိုပြီး အကြီးအကျယ်ဝါဒဖြန့် ​နေကြချိန်မှာ အာရက္ခတပ်​တော် က စစ်​တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲနဲ့ ပတ်သက်ပြီးစက်တင်ဘာ ၂၀ ရက်မှာမှ တရာဝင် စတင်ထုတ်ပြန်လာတာဖြစ်ပါတယ် ။

စစ်တပ်ဆီကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းနဲ့ အ​လောင်းပုံ​တွေကိုဆက်လက်ထုတ်ပြန်မယ်လို့လည်းအသိ​ပေးထားပါတယ် ။စစ်သား​တွေရဲ့ရုပ်အ​လောင်းဓါတ်ပုံကို People's Spring တယ်လီဂရန်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် စစ်တပ်က ရက္ခိုင်လူမျိုးဆိုရင် က
လေးငယ်၊ အမျိုးသမီး၊ အမျိုးသား မ​ရွေး​တွေ့တဲ့​နေရာ ပစ်ခတ်သတ်ဖြတ်ရှင်းလင်းဖို့ အမိန့်​ပေးထားကြောင်းစက်တင်ဘာ ၁၆ရက်နေ့က ဖမ်းမိတဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားအောင်ပြည့်စုံနဲ့ တပ်သား မိုက်ကယ်တို့ကထွက်ဆိုပြောကြားထားပါတယ်။

စက်တင်ဘာလ (၁၆) ရက်နေ့က ကွမ်းတောင် ရွာ နဲ့ အမြင့်ကျွန်းရွာကြားတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ နဲ့ စစ်တပ်ထံမှာသိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံ ၄၃လက်၊ ဒရုန်းတစ်စင်းနဲ့ ခဲယမ်း​တွေ ကို AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်သုံ့ပန်း အောင်ပြည့်စုံက သူဟာဗိုလ်ကြီးလို့​ပြောပြီး သူနဲ့အတူပါတဲ့ အရာရှိအပါအဝင်စစ်သား​တွေက သူ့ကို ထားခဲ့ပြီးထွက်​ပြေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။ စစ်တပ်မှာ သစ္စာမရှိကြဘဲ မစာနာတဲ့အတွက် AA ဆီဝင်ပြီး အမှုထမ်းရရင် ဝင်ပြီးအမှုထမ်းလိုကာဝင်မရရင်လည်း ပခုက္ကူပြန်​ရောက်ရင် သူ့ကိုသစ္စာ​ဖောက်တဲ့သူ​တွေကို သတ်ချင်တယ်လို့​ပြောပါတယ် ။

စစ်တပ်က ရခိုင်ပြည်နယ်မှာ က​လေး၊လူကြီး၊အမျိုးသား ၊အမျိုးသမီးမ​ရှောင် သတ်ဖို့ ညွှန်ကြားထားပြီး ​နောက်ပြန်ဆုတ်ခွင့်မရှိဘဲ အ​သေခံတိုက်ရမယ်လို့စစ်တပ်ကအမိန့်​ပေးထားတယ်ဆိုပါတယ် ။ ဒါ့အပြင် နွား​တွေ ၊ကြက်​တွေ ​တွေ့ရင်လည်းအကုန်ဆွဲဖို့စစ်တပ်က​ပြောတယ်လို့သိရပါတယ်။

“ဟိုဘက်က အင်အာများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးပြီးတော့ ကျနော်တို့ကို ထားခဲ့တယ်။ ထားခဲ့ပြီး ပြန်လာခေါ်မယ်စောင့်နေဆိုပြီးတော့ ကျနော်တို့ အဖမ်းခံရတာရှိတယ်”လို့တပ်သားအောင်ပြည့်စုံက စစ်တပ်အရာရှိတွေက ငယ်သားတွေကို ဆုတ်ခွာတာအသိမပေးဘဲကာကင်းအဖြစ် ထားပြီးထွက်ပြေးသွားတာကိုပြောပါတယ်။

“ကလေးလူကြီးမကျန် အကုန်ပစ်သတ်ပစ်၊ နွားတွေ့ရင်နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ တွေ့ရင် တွေ့တာ အကုန်ဆွဲလို့ ပြောတယ်ဗျ။ ကလေးပါ မချန် အကုန်ပစ်သတ်ပစ် အဲဒီလို ညွှန်ကြားတာဗျ။ နောက်ကို ဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ် “လို့ တပ်သားအောင်ပြည့်စုံက ပြောပါတယ်။သစ္စာမရှိ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်နာကြောင်းလည်းသူက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း တပ်သားတဦးဖြစ်တဲ့ တပ်သား မိုက်ကယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ကို ရန်သူတွေ စောင့်ကြည့်ခိုင်းထားချိန် အသိမပေးဘဲ ဆုတ်ခွာသွားတာလို့ ပြောပြပါတယ်။

“သူတို့က ဘယ်လို ဆုတ်လို့ဆုတ်သွားမှန်းမသိဘူး”လို့ တပ်သားမိုက်ကယ်က ပြောပါတယ်။

ရက္ခိုင်ပြည်နယ်ကြီးကိုအမြစ်ပါမကျန် သုတ်
သင်ရှင်းလင်းဖို့အတွက် အမြို့မြို့အနယ်နယ်အဘက်ဘက်မှ စစ်ဖြန့်နေကြောင်း အရာရှိတွေက အသိပေးတယ်လို့ ဆိုပါတယ်။
“ရက္ခိုင်နဲ့ တွေ့လို့ရှိရင် ဘာမှကို မချန်နဲ့ မိန်းမသားလည်းမချန်နဲ့ ယောက်ျားသားလည်းမချန်နဲ့ ကလေးသူငယ်လည်းမချန်နဲ့ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့ အမိန့်မှာကြားထားပါတယ်။” လို့လည်း တပ်သားမိုက်ကယ်က ပြောပါတယ်။

ငယ်သားတွေ ဆုတ်ခွာရင် အရေးယူခံရပြီး အရာရှိတွေကငယ်သားတွေကို အသိမပေးဘဲ ဆုတ်ခွာသွားတာဟာ ရဲဘော်ရဲဘက်စိတ်
ဓာတ်မရှိ ကိုယ်ချင်းစာစိတ်မရှိတာလို့လည်း ပြောပါတယ်။လက်ရှိ စစ်ကောင်စီတပ်တွင်း တပ်သားအများစုဟာ စစ်တပ်ထဲက ထွက်
ပြေးချင်ကြပြီး စစ်မတိုက်ချင်ကြဘူလို့သူကဆက်ပြောပါတယ်။

“အခွင့်အရေးရရင်ပြေးပါ ဒါပဲ ကျနော်မှာ
ကြားချင်ပါတယ်” လို့လည်း တပ်သား မိုက်ကယ်က စစ်တပ်တွင်း ကျန်နေတဲ့ စစ်သားတွေကို ပြောပါတယ်။

စစ်တပ်က စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်​နေရာ​တွေနဲ့ ​ကျောက်ဖြူကို စက်တင်ဘာ ၄ ရက်ကစပြီး ကြည်း​၊​ရေ​၊​လေ ၊လက်နက်ကြီးပစ်ကူ​တွေကိုသုံးပြီးတန်ပြန်ထိုးစစ်ဆင်​ပေမယ့် AA ကဖြတ်​တောက်တိုက်ခိုက်လို့စစ်မျက်နှာအများစုမှာ ​သေဆုံး ၊ဒဏ်ရာရ၊ထွက်​ပြေးသူ ၊အဖမ်းခံသူ ၊အလင်းဝင်သူ​တွေများပြီး စစ်​ကြောင်း​တွေတပ်လန်ကျခဲ့ပါတယ် ။
👍33❤12🤣2👎1🥰1💩1🖕1
#ရက္ခိုင်ပြည် #စစ်တွေပုဏ္ဏားကျွန်းအစပ်
#စစ်သုံ့ပန်း #အောင်ပြည်စုံ #မိုက်ကယ်
#peoplesspring #ldunwayoo
🥰15👍9👎1👏1😁1🤣1
စစ်​​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်
တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​​တွေနဲ့စစ်သားအ​လောင်းတွေ ။
ဓါတ်ပုံ-AA Info Desk
👏42❤17🥰2👎1🤮1💩1🖕1👻1
👏35❤4🥰2👎1🖕1
စစ်​​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်
တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/ AA တပ်ဖွဲ့ဝင်နဲ့စစ်သုံ့ပန်း​တွေ ။
ဓါတ်ပုံ-AA Info Desk
👏52❤24🤣2🖕2👎1🥰1💩1