ရွှေကူမှာ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်တပ်က ရွာတွေကို လေကြောင်းတိုက်ခိုက်နေဟု KIA ပြော
စက်တင်ဘာ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စက်တင်ဘာ ၁၉ရက်ည KIA ပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ ရွှေကူမြို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအချို့ သေဆုံးထိခိုက်မှု ရှိခဲ့တဲ့ အခြေအနေကို ဖော်ပြပြီး အထက်ပါအတိုင်း အသိပေးထားတာပါ။
KIA တပ်မဟာ(၁၁)၊ တပ်ရင်း(၁၂) နယ်မြေ ရွှေကူမြို့နယ်မှာ စက်တင်ဘာ ၁၇ရက်က ပြည်သူနေထိုင်ရာ ကျေးရွာတွေကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။
စက်တင်ဘာ ၁၈ရက် ညပိုင်းကလည်း ရွှေကူမြို့နယ် မြို့ကုန်းရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့ရာ ပြည်သူ ၃ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို KIA ပူးပေါင်းတပ်က ဆေးကုသပေးနေတယ်လို့လည်း အသိပေးပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ် ဗန်းမော်ကို ရေကြောင်းက စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာလို့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ရွှေကူ-ဗန်းမော်ကြားမှာ မြေပြင်တိုက်ပွဲတွေအပြင် ရေကြောင်း တိုက်ပွဲတွေပါ ဖြစ်ပွားခဲ့တာပါ။
ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေ အဆန်၊ အစုန်သင်္ဘောတွေကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အထိနာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်တာအတွင်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီသင်္ဘော အစီး ၂၀ ခန့် ထိခိုက်နစ်မြုပ် မီးလောင်ပျက်စီးမှုတွေရှိခဲ့ကြောင်း KIA က အသိပေးထားပါတယ်။
(စစ်သင်္ဘောက ပစ်ခတ်လို့ ဧရာဝတီမြစ်ဘေးက ကျေးရွာ မီးလောင်နေတာကို စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

🤬35❤4👎3😁2💩2👍1👏1🖕1
တောင်သာမှာ ရေကြီးလို့ သီးနှံတွေ ပျက်စီး
စက်တင်ဘာ၂၀၊ ၂၀၂၆။ ဟာနာဆန်/People's Spring
မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။
တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာမှာ စက်တင်ဘာ ၁၉ ရက် မနက် ၃ နာရီကျော်ကတည်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ဆီမီးကန်ချောင်းရေလျှံပြီး ဆီမီးကန်ကျေးရွာအုပ်စုက ကျေးရွာတွေ နေအိမ်တွေအထိ ရေတွေဝင်လာလို့ အမြန်ရွေ့ပြောင်းခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
"အနှစ်လေးဆယ်ကျော်နေလာတာ တခါမှ ချောင်းရေမလာဖူးပါဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမြန်မရွှေ့လိုက်နိုင်တဲ့ နေအိမ်တွေကတော့ ပစ္စည်းတွေ ရေထဲမျောပါဆုံးရှုံးသွားကြောင်း သိရပါတယ်။
ရေကြီးမှုကြောင့် ဆီမီးကန်ကျေးရွာအုပ်စုက ပဲခင်းတွေအပါအဝင် စိုက်ပျိုးထားတဲ့သီးနှံခင်းအများအပြား ရေမြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ နောက် ၂ ရက်အတွက်ခန့်မှန်းချက်ထုတ်ပြန်ထားရာမှာ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်အတွင်းက စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရေဘေးကြောင့် စုစုပေါင်း လူဦးရေ ၆၁၉,၇၆၈ ဦးခန့် ထိခိုက်ခံစာခဲ့ရပြီး သေဆုံးသူ ၃၂ ဦးနဲ့ပျောက်ဆုံးသူ ၂ ဦး ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သြဂုတ် ၂၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။
(ရေကြီးနေ၍ နေအိမ်များမှ ပစ္စည်းများအား ရွှေ့ပြောင်းနေသော ပြည်သူများအား တွေ့ရစဥ် ဓါတ်ပုံံ-ScreenGrab)

😢33👍5❤1🔥1👏1🙏1
■အတွေးအမြင်
ကျေးဇူးပါ မအေးအေးခိုင်
ဝဇီရာ/People's Spring
ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"
အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။
အဝေးရောက် အနုပညာရှင်တွေဟာ ကျွန်တော်တို့နိုင်ငံအတွက်ကျရာကဏ္ဍကနေ ဆက်
လက်တာဝန်ယူပေးနေကြတာ မကြာခဏ မြင်တွေ့ရလို့ ကျေနပ်မိပါတယ်။ အဲဒီပွဲမှာ ထပ်ပြီး ကျေနပ်စရာတစ်ခု ထပ်တွေ့ရပါတယ်။ အဲဒါကတော့ ဇာတ်ပို့အနုပညာရှင်
မအေးအေးခိုင်တစ်ယောက် ပြည်တော်ဝင်သီချင်းမှာ ကပြဖျော်ဖြေခဲ့တာပါ။
မအေးအေးခိုင်ဟာ မောင်နှမသုံးယောက်ရှိတဲ့အနက်အငယ်ဆုံးပါ။မအေးအေးခိုင်ရဲ့ခင်ပွန်း ဟာ သားလေး (၆) နှစ်သား အရွယ်မှာက
တည်းက ဆုံးပါးသွားခဲ့တာပါ။ မအေးအေးခိုင်ရဲ့ အကိုတွေအမတွေကလည်း ပြည့်စုံကြတယ်။ ဒါပေမယ့် မအေးအေးခိုင် ပေါ့ပေါ့လေး မနေခဲ့ပါဘူး။
မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ပို့သရုပ်ဆောင်တွေထဲ ကားရိုက်များသူတွေထဲ ပါဝင်တဲ့ မအေးအေးခိုင်ဟာ ငွေကိုကြိုးစားရှာ၊ ချွေတာစုပြီး သားလေး ကျောင်းစရိတ် ရှာဖွေခဲ့တယ်လို့ သိရတယ်။ အကိုအမတွေရဲ့ စောင့်ရှောက်မှု၊ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ သားလေးကို အမေရိကန်ပြည်ထောင်စုမှာ ကျောင်းထားခဲ့တယ်။
အနုပညာလုပ်ငန်းတွေပါ ရပ်ဆိုင်းခဲ့ရတဲ့ ကို
ဗစ်ကာလမှာ မအေးအေးခိုင်ဟာ လက်ဖက်လည်းရောင်းခဲ့တယ်။ အာလူးကြော်လည်း ရောင်းခဲ့တယ်။ ဆန်လည်းရောင်းခဲ့တာပဲ။ သူက စျေးရောင်းတာကို ဝါသနာပါခဲ့တာ။
ဒီကာလအတွင်း မအေးအေးခိုင် ပျောက်နေခဲ့တာ ကြာပါပြီ။ မအေးအေးခိုင်ဟာ ဒီကာလအတွင်းမှာပဲ အမေရိကန်မှာ ကျောင်းတက်နေတဲ့ သူ့သားလေးဆီ သွားရောက်နေထိုင်ခဲ့တာလို့ သိရတယ်။ ပြန်ပေါ်လာတဲ့အချိန်မှာတော့ မအေးအေးခိုင်ဟာ ပရိသတ်တွေကို Surprise အကြီးကြီး တိုက်သွားခဲ့တာပါ။
အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ မအေးအေးခိုင်ဟာ သဇင်ပန်းတွေဝေနေအောင်ပန်ပြီး အနီရဲရဲမင်းသမီးဝတ်စုံလေးနဲ့ ပြည်တော်ဝင်သီချင်းမှာ ကပြခဲ့ပါတယ်။ အမကပြနေတာလေး ကြည့်ရင်း မျက်ရည်ဝဲခဲ့ရပါတယ်။ ကြည်နူးလိုက်တာ။ ကျေနပ်လိုက်တာ။ ကျေးဇူးတင်လိုက်တာ။
တကယ်ဆို မိသားစုဝင်တွေကလည်း အဆင်
ပြေကြတဲ့သူတွေ။ လွတ်ရာကျွတ်ရာနေရာမှာ မအေးအေးခိုင်တစ်ယောက် အေးအေးဆေး
ဆေး နေမယ်ဆို နေခွင့်ရတဲ့အနေအထားပါ။ ဘယ်သူကမှလည်း ဘာမှပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် မအေးအေးခိုင် မနေခဲ့ပါဘူး။ ပြည်သူတွေဟာ သူတို့ချစ်ခဲ့အားပေးခဲ့ရတဲ့
မအေးအေးခိုင်ကို ခုလိုပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့တာကို မြင်တွေ့လိုက်ရတာကို အံ့သြကြတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ နောက်ပြီး ကျေးဇူးတွေပါ တင်ခဲ့ကြပါတယ်။
မအေးအေးခိုင်ရေ။ ဒီကာလဟာ ပြည်သူတွေကိုအကြမ်းဖက် ဖိနှိပ် ရက်စက်နေတဲ့ စစ်တပ်ကို ပူးပေါင်းနေကြတဲ့၊ ပြည်သူတွေ ဒုက္ခတွေရောက်နေချိန် ပြည်သူ့မျက်နှာ တစက်လေးမှ မထောက်ကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေကြောင့် ကျွန်တော်တို့ ပြည်သူတွေအတော်လေးအသည်းကွဲခဲ့ရတဲ့ကာလကြီးပါ။ ပြည်သူတွေအားပေးခဲ့လို့ တောက်ကြွားခဲ့ရတဲ့ အနုပညာရှင်တွေဟာ မိုးထဲရေထဲလည်းရောက်ရော ပြည်သူ့မျက်နှာကိုမကြည့်တော့ဘဲ စစ်တပ်ဘက်ကနေ ပြည်သူကို စော်
ကားနေကြတာများ ရက်ရက်စက်စက်ပါ။
မအေးအေးခိုင်တို့လို ပြည်သူ့မျက်နှာ ကြည့်ပေးကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရှင်တွေရှိနေသေးတာ ကျနော်တို့ ဝမ်းမြောက်ဂုဏ်ယူပြီး အားတက်ရပါတယ်။
မအေးအေးခိုင်ရေ။ မအေးအေးခိုင်ရဲ့ အနု
ပညာသက်တမ်း နှစ်ပေါင်း သုံးဆယ်ကျော်မှာပေါ့။နှစ်သုံးဆယ်ကျော်ကာလအတွင်း မအေး
အေးခိုင် ဇာတ်ပို့ပေးခဲ့တဲ့ ဇာတ်ကားပေါင်း ထောင်ချီ ရှိမှာပါ။ မင်းသမီး သူငယ်ချင်းအခန်း၊ အိမ်အကူခန်း၊ အဒေါ်အခန်း၊ အမအခန်း အမျိုးစုံံပေါ့။ မအေးအေးခိုင် ဇာတ်ပို့ပေးခဲ့လို့ ဇာတ်ကားတွေ ပိုပြီး ဇာတ်ရှိန်တက်သွားစေခဲ့မှာ အမှန်ပါ။
အခုလည်း မအေးအေးခိုင်ဟာ ကျရာနေရာကနေ ဇာတ်ပို့ပေးခဲ့တာပါ။ ဒါပေမယ့် ဒီတခါ ဇာတ်ပို့ပေးလိုက်တာက သာမန်ရုပ်ရှင်ဇာတ်
ကားတစ်ကား မဟုတ်ပါဘူး။ မအေးအေးခိုင်ရဲ့သားလေးတွေလို လူငယ်ပေါင်းမြောက်များစွာရဲ့အနာဂတ်အတွက်ကြီးစွာသောအပြောင်း
အလဲတွေ ကြုံရမယ့် ခေတ်တခေတ်ကိုရောက်ဖို့ အကောင်းဆုံး ဇာတ်ပို့ပေးခဲ့လိုက်နိုင်တာပါ။
ကျေးဇူးများစွာ တင်ရပါတယ် အမရေ။ အမကခဲ့တဲ့သီချင်းလေးထဲလိုပဲ အခါတော်ရောက်ချိန်လည်း နီးလာပြီမို့ အတူတူ ပျော်ပျော်ပါးပါး ပြည်တော်ဝင်ကြရအောင်နော်။ ။
ဓါတ်ပုံ - Za Zayanda Zyd
#မအေးအေးခိုင် #ဇာတ်ပို့
#အဝေးရောက်နတ်မင်းများဂီတနှင့်သရော်ပြဇာတ်အထူးဖျော်ဖြေပွဲ
#peoplesspring #ludunwayoo

❤49👍16🥰2🤮1💩1🤣1🖕1
စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ AA က
စစ်သုံ့ပန်းတွေဖမ်းမိကြောင်းထုတ်ပြန်
■လက်နက်မျိုးစုံ၄၀ကျော်နဲ့ခဲယမ်းတွေသိမ်းရ
■ရက္ခိုင်တွေ့ရင် ကလေးပါမချန်ရှင်းလင်းဖို့ စစ်တပ်ကအမိန့်ပေးထားဟုစစ်သုံ့ပန်းတွေပြော
စက်တင်ဘာ-၂၀၊၂၀၂၆။ထားမြတ်/People's Spring
စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်
ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို
အာရက္ခတပ်တော်က ဒီနေ့တရာဝင်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်တပ်က ရက္ခိုင်လူမျိုးဆိုရင် က
လေးငယ်၊ အမျိုးသမီး၊ အမျိုးသားအားလုံးကို အမြစ်ဖြတ်ရှင်းလင်းဖို့ အမိန့်ပေးထားကြောင်းစက်တင်ဘာ ၁၆ရက်နေ့က ဖမ်းမိတဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာ
နချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားအောင်ပြည့်စုံနဲ့ တပ်သား မိုက်ကယ်တို့က ပြောပါတယ်။
စက်တင်ဘာလ (၁၆) ရက်နေ့က ကွမ်းတောင် ရွာ နဲ့ အမြင့်ကျွန်းရွာကြားတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ နဲ့ စစ်တပ်ထံမှာသိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံ ၄၃လက်၊ ဒရုန်းတစ်စင်းနဲ့ ခဲယမ်းတွေ ကို AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်သူတွေက စစ်တပ်ကရခိုင်ပြည်နယ်ကဆုံးရှုံးနယ်မြေတွေကို တန်ပြန်
ထိုးစစ်ဆင်တဲ့ ၄၉၂၆ စစ်ဆင်ရေးရေးဆိုပြီး အကြီးအကျယ်ဝါဒဖြန့် နေကြချိန်မှာ အာရက္ခတပ်တော် က စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲနဲ့ ပတ်သက်ပြီးစတင်ထုတ်ပြန်လာတာဖြစ်ပါတယ် ။
စစ်သုံ့ပန်း အောင်ပြည့်စုံက သူဟာဗိုလ်ကြီးလို့ပြောပြီး သူနဲ့အတူပါတဲ့ အရာရှိအပါအဝင်စစ်သားတွေက သူ့ကို ထားခဲ့ပြီးထွက်ပြေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။ စစ်တပ်မှာ သစ္စာမရှိကြဘဲ မစာနာတဲ့အတွက် AA ဆီဝင်ပြီး အမှုထမ်းရရင် ဝင်ပြီးအမှုထမ်းလိုကာဝင်မရရင်လည်း ပခုက္ကူပြန်ရောက်ရင် သူ့ကိုသစ္စာဖောက်တဲ့သူတွေကို သတ်ချင်တယ်လို့ပြောပါတယ် ။
စစ်တပ်က ရခိုင်ပြည်နယ်မှာ ကလေး၊လူကြီး၊အမျိုးသား ၊အမျိုးသမီးမရှောင် သတ်ဖို့ ညွှန်ကြားထားပြီး နောက်ပြန်ဆုတ်ခွင့်မရှိဘဲ အသေခံတိုက်ရမယ်လို့စစ်တပ်ကအမိန့်ပေးထားတယ်ဆိုပါတယ် ။ ဒါ့အပြင် နွားတွေ ၊ကြက်တွေ တွေ့ရင်လည်းအကုန်ဆွဲဖို့စစ်တပ်ကပြောတယ်လို့သိရပါတယ်။
“ဟိုဘက်က အင်အာများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးပြီးတော့ ကျနော်တို့ကို ထားခဲ့တယ်။ ထားခဲ့ပြီး ပြန်လာခေါ်မယ်စောင့်နေဆိုပြီးတော့ ကျနော်တို့ အဖမ်းခံရတာရှိတယ်”လို့တပ်သားအောင်ပြည့်စုံက စစ်တပ်အရာရှိတွေက ငယ်သားတွေကို ဆုတ်ခွာတာအသိမပေးဘဲကာကင်းအဖြစ် ထားပြီးထွက်ပြေးသွားတာကိုပြောပါတယ်။
“ကလေးလူကြီးမကျန် အကုန်ပစ်သတ်ပစ်၊ နွားတွေ့ရင်နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ တွေ့ရင် တွေ့တာ အကုန်ဆွဲလို့ ပြောတယ်ဗျ။ ကလေးပါ မချန် အကုန်ပစ်သတ်ပစ် အဲဒီလို ညွှန်ကြားတာဗျ။ နောက်ကို ဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ် “လို့ တပ်သားအောင်ပြည့်စုံက ပြောပါတယ်။
သစ္စာမရှိ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်နာကြောင်းလည်းသူက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း တပ်သားတဦးဖြစ်တဲ့ တပ်သား မိုက်ကယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ကို ရန်သူတွေ စောင့်ကြည့်ခိုင်းထားချိန် အသိမပေးဘဲ ဆုတ်ခွာသွားတာလို့ ပြောပြပါတယ်။
“သူတို့က ဘယ်လို ဆုတ်လို့ဆုတ်သွားမှန်းမသိဘူး”လို့ တပ်သားမိုက်ကယ်က ပြောပါတယ်။
ရက္ခိုင်ပြည်နယ်ကြီးကိုအမြစ်ပါမကျန် သုတ်
သင်ရှင်းလင်းဖို့အတွက် အမြို့မြို့အနယ်နယ်အဘက်ဘက်မှ စစ်ဖြန့်နေကြောင်း အရာရှိတွေက အသိပေးတယ်လို့ ဆိုပါတယ်။
“ရက္ခိုင်နဲ့ တွေ့လို့ရှိရင် ဘာမှကို မချန်နဲ့ မိန်းမသားလည်းမချန်နဲ့ ယောက်ျားသားလည်းမချန်နဲ့ ကလေးသူငယ်လည်းမချန်နဲ့ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့ အမိန့်မှာကြားထားပါတယ်။” လို့လည်း တပ်သားမိုက်ကယ်က ပြောပါတယ်။
ငယ်သားတွေ ဆုတ်ခွာရင် အရေးယူခံရပြီး အရာရှိတွေကငယ်သားတွေကို အသိမပေးဘဲ ဆုတ်ခွာသွားတာဟာ ရဲဘော်ရဲဘက်စိတ်
ဓာတ်မရှိ ကိုယ်ချင်းစာစိတ်မရှိတာလို့လည်း ပြောပါတယ်။လက်ရှိ စစ်ကောင်စီတပ်တွင်း တပ်သားအများစုဟာ စစ်တပ်ထဲက ထွက်
ပြေးချင်ကြပြီး စစ်မတိုက်ချင်ကြဘူလို့သူကဆက်ပြောပါတယ်။
“အခွင့်အရေးရရင်ပြေးပါ ဒါပဲ ကျနော်မှာ
ကြားချင်ပါတယ်” လို့လည်း တပ်သား မိုက်ကယ်က စစ်တပ်တွင်း ကျန်နေတဲ့ စစ်သားတွေကို ပြောပါတယ်။
စစ်တပ်က စစ်တွေ-ပုဏ္ဏားကျွန်းအစပ်နေရာတွေနဲ့ ကျောက်ဖြူကို စက်တင်ဘာ ၄ ရက်ကစပြီး ကြည်း၊ရေ၊လေ ၊လက်နက်ကြီးပစ်ကူတွေကိုသုံးပြီးတန်ပြန်ထိုးစစ်ဆင်ပေမယ့် AA ကဖြတ်တောက်တိုက်ခိုက်လို့စစ်မျက်နှာအများစုမှာ သေဆုံး ၊ဒဏ်ရာရ၊ထွက်ပြေးသူ ၊အဖမ်းခံသူ ၊အလင်းဝင်သူတွေများပြီး စစ်ကြောင်းတွေတပ်လန်ကျခဲ့ပါတယ် ။
#ရက္ခိုင်ပြည် #စစ်တွေပုဏ္ဏားကျွန်းအစပ်
#စစ်သုံ့ပန်း #အောင်ပြည်စုံ #မိုက်ကယ်
#peoplesspring #ldunwayoo

👏40❤6🥰3🤣2🖕2👍1👎1🔥1
စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်
တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေ/ AA ဖမ်းထားတဲ့ စစ်သားအောင်ပြည်စုံ နဲ့ ပြည်သူ့စစ်မှုထမ်းမိုက်ကယ်။ဓါတ်ပုံ-AA Info Desk)

👍60👏11❤7🥰3🤮2🤣2🖕2👎1
မြိုင်မှာ စစ်တပ်ရဟတ်ယာဉ် ဒရုန်းနဲ့တိုက်
ခိုက်ဖျက်ဆီးခဲ့တဲ့ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ကိုNUG ကျပ်သိန်းတစ်သောင်းဂုဏ်ပြုကြောင်းထုတ်ပြန်
စက်တင်ဘာ-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်
ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုး
သားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။
တွင်းမရွာကို လာတဲ့ စစ်တပ်ရဲ့Mi-17 စစ် ရဟတ်ယာဉ်ဟာ ဇွန်လ ၂၃ရက်မှာ FPV ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တာပါ။ တိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အဲဒီလိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးကို ဂုဏ်ပြုဆုငွေ သိန်း ၁ သောင်းကျပ်နဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဆုငွေနဲ့ လက်မှတ်ကို ဂုဏ်ပြုအခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။
ဂုဏ်ပြုအခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ တာဝန်ရှိသူတွေ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နဲ့ တာဝန်ရှိသူတွေ၊ ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုချမ်းက ဒရုန်းစစ်ဆင်ရေးအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ဂုဏ်ပြုခံ ရဲဘော်များကိုယ်စား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော် နက္ခက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း အသိပေးပါတယ်။
၂၀၂၂ ဧပြီလက စစ်တပ်ရဲ့ ရဟတ်ယာဥ်၊
တိုက်လေယာဥ် ၊တင့်ကား၊ စစ်တပ်ရဲ့စက်သုံးဆီသိုလှောင်ရုံစတာတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ရင် ဂုဏ်ပြုငွေချီးမြှင့်မယ်လို့ NUG ကကြေညာခဲ့ပြီး စစ်သုံးရဟတ်ယာဥ်ကိုဖျက်ဆီးနိုင်တာမို့ အမြင့်ဆုံးဆုကြေး ကျပ်သိန်းတစ်သောင်းချီးမြှင့်တာလို့ NUG ဝန်ကြီး
ချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကပြောပါတယ်။
၂၀၂၂ ဧပြီ ၇ ရက်မှာNUG ယာယီသမ္မတ ဒူဝါလရှီးလကဘယ်သူမဆို စစ်တပ်ရဲ့လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပြည်သူနဲ့ပူးပေါင်းလာမယ်ဆိုရင် အမေရိကန် ဒေါ်လာ ငါးသိန်း၊ မြန်မာငွေနဲ့ဆိုရင် သိန်းတစ်သောင်း ချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်တွေကို အကြီးစားထိခိုက်အောင် ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ သိန်းခြောက်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် CDM ဝင်လာချိန်မှာ တင့်ကား၊ သံချပ်
ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ သိန်း နှစ်ထောင် ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်ပစ္စည်းတွေနဲ့ ပြည်သူတွေကို ပြန်တိုက်နေတာကြောင့် အခုလိုဆုငွေတွေ ထုတ်ပြီး ဖျက်ဆီးခိုင်းတာလို့ NUG ယာယီသမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
စစ်တပ်ရဲ့Mi-17 စစ်ရဟတ်ယာဉ်ကိုတိုက်
ခိုက်ဖျက်ဆီးနိုင်ခဲ့တာဟာNUG ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မ
တော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်များ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များ၊ တခြားသော တော်လှန်ရေးအဖွဲ့များ စုပေါင်းညီညွတ်မှု စွမ်းအားကြောင့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်း စစ်တပ်ရဲ့ ဗဟိုချက်မ နေရာတွေကို အရှိန်အဟုန်ဖြင့် ဆက်လက် ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့ အသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်
လှန်ရေးတပ်တွေကခုခံတော်လှန်စစ်အတွင်း စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကိုပစ်ချနိုင်ခဲ့တာ အနည်းဆုံး ၁၃ စီးရှိပြီဖြစ်ပါတယ်။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ် လေယာဥ် ၊ရဟတ်ယာဥ်တွေပျက်ကျတာ ၊ချို့ယွင်းတာအစီးရေး ဆယ်စီးဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။
မကြာသေးမီကလေည်း တံတားဦးလေတပ်က စစ်တပ်ရဲ့ တိုက်လေယာဉ်ထားရာနေရာတွေကို PDFတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ကြား ရေကြောင်းတိုက်ပွဲမှာလည်း လေကြောင်းပစ်ကူလာပေးတဲ့ Y12 လေယာဉ်ကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခုခံတော်လှန်စစ်အစောပိုင်းကာလကတည်းက စစ်တပ်ရဲ့ လေယာဉ် ရဟတ်ယာဉ်တွေ ပစ်ချနိုင်ရင်ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး အခုလို အခမ်းအနားနဲ့ ဆုငွေပေးအပ်မှုဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

🥰40❤22👏4💩2🤣2👍1🖕1
စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ AAက စစ်တပ်ထံကလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ
စက်တင်ဘာ-၂၀၊၂၀၂၆။နေ့သစ်/People's Spring
စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်
ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သားအလောင်းတွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေကိုအာရက္ခတပ်တော်က ဒီနေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။
လက်နက်မျိုးစုံ၊ဂျန်ဘာ ၊ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိတာကို သတင်းဓါတ်ပုံ တွေမှာတွေ့ရပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးထားတာကိုလည်းတွေ့ရပါတယ်။
စစ်တပ်ဝါဒဖြန့်သူတွေက စစ်တပ်ကရခိုင်ပြည်နယ်ကဆုံးရှုံးနယ်မြေတွေကို တန်ပြန်
ထိုးစစ်ဆင်တဲ့ ၄၉၂၆ စစ်ဆင်ရေးရေးဆိုပြီး အကြီးအကျယ်ဝါဒဖြန့် နေကြချိန်မှာ အာရက္ခတပ်တော် က စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲနဲ့ ပတ်သက်ပြီးစက်တင်ဘာ ၂၀ ရက်မှာမှ တရာဝင် စတင်ထုတ်ပြန်လာတာဖြစ်ပါတယ် ။
စစ်တပ်ဆီကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းနဲ့ အလောင်းပုံတွေကိုဆက်လက်ထုတ်ပြန်မယ်လို့လည်းအသိပေးထားပါတယ် ။စစ်သားတွေရဲ့ရုပ်အလောင်းဓါတ်ပုံကို People's Spring တယ်လီဂရန်မှာ ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် စစ်တပ်က ရက္ခိုင်လူမျိုးဆိုရင် က
လေးငယ်၊ အမျိုးသမီး၊ အမျိုးသား မရွေးတွေ့တဲ့နေရာ ပစ်ခတ်သတ်ဖြတ်ရှင်းလင်းဖို့ အမိန့်ပေးထားကြောင်းစက်တင်ဘာ ၁၆ရက်နေ့က ဖမ်းမိတဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားအောင်ပြည့်စုံနဲ့ တပ်သား မိုက်ကယ်တို့ကထွက်ဆိုပြောကြားထားပါတယ်။
စက်တင်ဘာလ (၁၆) ရက်နေ့က ကွမ်းတောင် ရွာ နဲ့ အမြင့်ကျွန်းရွာကြားတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ နဲ့ စစ်တပ်ထံမှာသိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံ ၄၃လက်၊ ဒရုန်းတစ်စင်းနဲ့ ခဲယမ်းတွေ ကို AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်သုံ့ပန်း အောင်ပြည့်စုံက သူဟာဗိုလ်ကြီးလို့ပြောပြီး သူနဲ့အတူပါတဲ့ အရာရှိအပါအဝင်စစ်သားတွေက သူ့ကို ထားခဲ့ပြီးထွက်ပြေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။ စစ်တပ်မှာ သစ္စာမရှိကြဘဲ မစာနာတဲ့အတွက် AA ဆီဝင်ပြီး အမှုထမ်းရရင် ဝင်ပြီးအမှုထမ်းလိုကာဝင်မရရင်လည်း ပခုက္ကူပြန်ရောက်ရင် သူ့ကိုသစ္စာဖောက်တဲ့သူတွေကို သတ်ချင်တယ်လို့ပြောပါတယ် ။
စစ်တပ်က ရခိုင်ပြည်နယ်မှာ ကလေး၊လူကြီး၊အမျိုးသား ၊အမျိုးသမီးမရှောင် သတ်ဖို့ ညွှန်ကြားထားပြီး နောက်ပြန်ဆုတ်ခွင့်မရှိဘဲ အသေခံတိုက်ရမယ်လို့စစ်တပ်ကအမိန့်ပေးထားတယ်ဆိုပါတယ် ။ ဒါ့အပြင် နွားတွေ ၊ကြက်တွေ တွေ့ရင်လည်းအကုန်ဆွဲဖို့စစ်တပ်ကပြောတယ်လို့သိရပါတယ်။
“ဟိုဘက်က အင်အာများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးပြီးတော့ ကျနော်တို့ကို ထားခဲ့တယ်။ ထားခဲ့ပြီး ပြန်လာခေါ်မယ်စောင့်နေဆိုပြီးတော့ ကျနော်တို့ အဖမ်းခံရတာရှိတယ်”လို့တပ်သားအောင်ပြည့်စုံက စစ်တပ်အရာရှိတွေက ငယ်သားတွေကို ဆုတ်ခွာတာအသိမပေးဘဲကာကင်းအဖြစ် ထားပြီးထွက်ပြေးသွားတာကိုပြောပါတယ်။
“ကလေးလူကြီးမကျန် အကုန်ပစ်သတ်ပစ်၊ နွားတွေ့ရင်နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ တွေ့ရင် တွေ့တာ အကုန်ဆွဲလို့ ပြောတယ်ဗျ။ ကလေးပါ မချန် အကုန်ပစ်သတ်ပစ် အဲဒီလို ညွှန်ကြားတာဗျ။ နောက်ကို ဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ် “လို့ တပ်သားအောင်ပြည့်စုံက ပြောပါတယ်။သစ္စာမရှိ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်နာကြောင်းလည်းသူက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း တပ်သားတဦးဖြစ်တဲ့ တပ်သား မိုက်ကယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ကို ရန်သူတွေ စောင့်ကြည့်ခိုင်းထားချိန် အသိမပေးဘဲ ဆုတ်ခွာသွားတာလို့ ပြောပြပါတယ်။
“သူတို့က ဘယ်လို ဆုတ်လို့ဆုတ်သွားမှန်းမသိဘူး”လို့ တပ်သားမိုက်ကယ်က ပြောပါတယ်။
ရက္ခိုင်ပြည်နယ်ကြီးကိုအမြစ်ပါမကျန် သုတ်
သင်ရှင်းလင်းဖို့အတွက် အမြို့မြို့အနယ်နယ်အဘက်ဘက်မှ စစ်ဖြန့်နေကြောင်း အရာရှိတွေက အသိပေးတယ်လို့ ဆိုပါတယ်။
“ရက္ခိုင်နဲ့ တွေ့လို့ရှိရင် ဘာမှကို မချန်နဲ့ မိန်းမသားလည်းမချန်နဲ့ ယောက်ျားသားလည်းမချန်နဲ့ ကလေးသူငယ်လည်းမချန်နဲ့ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့ အမိန့်မှာကြားထားပါတယ်။” လို့လည်း တပ်သားမိုက်ကယ်က ပြောပါတယ်။
ငယ်သားတွေ ဆုတ်ခွာရင် အရေးယူခံရပြီး အရာရှိတွေကငယ်သားတွေကို အသိမပေးဘဲ ဆုတ်ခွာသွားတာဟာ ရဲဘော်ရဲဘက်စိတ်
ဓာတ်မရှိ ကိုယ်ချင်းစာစိတ်မရှိတာလို့လည်း ပြောပါတယ်။လက်ရှိ စစ်ကောင်စီတပ်တွင်း တပ်သားအများစုဟာ စစ်တပ်ထဲက ထွက်
ပြေးချင်ကြပြီး စစ်မတိုက်ချင်ကြဘူလို့သူကဆက်ပြောပါတယ်။
“အခွင့်အရေးရရင်ပြေးပါ ဒါပဲ ကျနော်မှာ
ကြားချင်ပါတယ်” လို့လည်း တပ်သား မိုက်ကယ်က စစ်တပ်တွင်း ကျန်နေတဲ့ စစ်သားတွေကို ပြောပါတယ်။
စစ်တပ်က စစ်တွေ-ပုဏ္ဏားကျွန်းအစပ်နေရာတွေနဲ့ ကျောက်ဖြူကို စက်တင်ဘာ ၄ ရက်ကစပြီး ကြည်း၊ရေ၊လေ ၊လက်နက်ကြီးပစ်ကူတွေကိုသုံးပြီးတန်ပြန်ထိုးစစ်ဆင်ပေမယ့် AA ကဖြတ်တောက်တိုက်ခိုက်လို့စစ်မျက်နှာအများစုမှာ သေဆုံး ၊ဒဏ်ရာရ၊ထွက်ပြေးသူ ၊အဖမ်းခံသူ ၊အလင်းဝင်သူတွေများပြီး စစ်ကြောင်းတွေတပ်လန်ကျခဲ့ပါတယ် ။
စက်တင်ဘာ-၂၀၊၂၀၂၆။နေ့သစ်/People's Spring
စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်
ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သားအလောင်းတွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေကိုအာရက္ခတပ်တော်က ဒီနေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။
လက်နက်မျိုးစုံ၊ဂျန်ဘာ ၊ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိတာကို သတင်းဓါတ်ပုံ တွေမှာတွေ့ရပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးထားတာကိုလည်းတွေ့ရပါတယ်။
စစ်တပ်ဝါဒဖြန့်သူတွေက စစ်တပ်ကရခိုင်ပြည်နယ်ကဆုံးရှုံးနယ်မြေတွေကို တန်ပြန်
ထိုးစစ်ဆင်တဲ့ ၄၉၂၆ စစ်ဆင်ရေးရေးဆိုပြီး အကြီးအကျယ်ဝါဒဖြန့် နေကြချိန်မှာ အာရက္ခတပ်တော် က စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲနဲ့ ပတ်သက်ပြီးစက်တင်ဘာ ၂၀ ရက်မှာမှ တရာဝင် စတင်ထုတ်ပြန်လာတာဖြစ်ပါတယ် ။
စစ်တပ်ဆီကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းနဲ့ အလောင်းပုံတွေကိုဆက်လက်ထုတ်ပြန်မယ်လို့လည်းအသိပေးထားပါတယ် ။စစ်သားတွေရဲ့ရုပ်အလောင်းဓါတ်ပုံကို People's Spring တယ်လီဂရန်မှာ ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် စစ်တပ်က ရက္ခိုင်လူမျိုးဆိုရင် က
လေးငယ်၊ အမျိုးသမီး၊ အမျိုးသား မရွေးတွေ့တဲ့နေရာ ပစ်ခတ်သတ်ဖြတ်ရှင်းလင်းဖို့ အမိန့်ပေးထားကြောင်းစက်တင်ဘာ ၁၆ရက်နေ့က ဖမ်းမိတဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားအောင်ပြည့်စုံနဲ့ တပ်သား မိုက်ကယ်တို့ကထွက်ဆိုပြောကြားထားပါတယ်။
စက်တင်ဘာလ (၁၆) ရက်နေ့က ကွမ်းတောင် ရွာ နဲ့ အမြင့်ကျွန်းရွာကြားတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ နဲ့ စစ်တပ်ထံမှာသိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံ ၄၃လက်၊ ဒရုန်းတစ်စင်းနဲ့ ခဲယမ်းတွေ ကို AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်သုံ့ပန်း အောင်ပြည့်စုံက သူဟာဗိုလ်ကြီးလို့ပြောပြီး သူနဲ့အတူပါတဲ့ အရာရှိအပါအဝင်စစ်သားတွေက သူ့ကို ထားခဲ့ပြီးထွက်ပြေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။ စစ်တပ်မှာ သစ္စာမရှိကြဘဲ မစာနာတဲ့အတွက် AA ဆီဝင်ပြီး အမှုထမ်းရရင် ဝင်ပြီးအမှုထမ်းလိုကာဝင်မရရင်လည်း ပခုက္ကူပြန်ရောက်ရင် သူ့ကိုသစ္စာဖောက်တဲ့သူတွေကို သတ်ချင်တယ်လို့ပြောပါတယ် ။
စစ်တပ်က ရခိုင်ပြည်နယ်မှာ ကလေး၊လူကြီး၊အမျိုးသား ၊အမျိုးသမီးမရှောင် သတ်ဖို့ ညွှန်ကြားထားပြီး နောက်ပြန်ဆုတ်ခွင့်မရှိဘဲ အသေခံတိုက်ရမယ်လို့စစ်တပ်ကအမိန့်ပေးထားတယ်ဆိုပါတယ် ။ ဒါ့အပြင် နွားတွေ ၊ကြက်တွေ တွေ့ရင်လည်းအကုန်ဆွဲဖို့စစ်တပ်ကပြောတယ်လို့သိရပါတယ်။
“ဟိုဘက်က အင်အာများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးပြီးတော့ ကျနော်တို့ကို ထားခဲ့တယ်။ ထားခဲ့ပြီး ပြန်လာခေါ်မယ်စောင့်နေဆိုပြီးတော့ ကျနော်တို့ အဖမ်းခံရတာရှိတယ်”လို့တပ်သားအောင်ပြည့်စုံက စစ်တပ်အရာရှိတွေက ငယ်သားတွေကို ဆုတ်ခွာတာအသိမပေးဘဲကာကင်းအဖြစ် ထားပြီးထွက်ပြေးသွားတာကိုပြောပါတယ်။
“ကလေးလူကြီးမကျန် အကုန်ပစ်သတ်ပစ်၊ နွားတွေ့ရင်နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ တွေ့ရင် တွေ့တာ အကုန်ဆွဲလို့ ပြောတယ်ဗျ။ ကလေးပါ မချန် အကုန်ပစ်သတ်ပစ် အဲဒီလို ညွှန်ကြားတာဗျ။ နောက်ကို ဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ် “လို့ တပ်သားအောင်ပြည့်စုံက ပြောပါတယ်။သစ္စာမရှိ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်နာကြောင်းလည်းသူက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း တပ်သားတဦးဖြစ်တဲ့ တပ်သား မိုက်ကယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ကို ရန်သူတွေ စောင့်ကြည့်ခိုင်းထားချိန် အသိမပေးဘဲ ဆုတ်ခွာသွားတာလို့ ပြောပြပါတယ်။
“သူတို့က ဘယ်လို ဆုတ်လို့ဆုတ်သွားမှန်းမသိဘူး”လို့ တပ်သားမိုက်ကယ်က ပြောပါတယ်။
ရက္ခိုင်ပြည်နယ်ကြီးကိုအမြစ်ပါမကျန် သုတ်
သင်ရှင်းလင်းဖို့အတွက် အမြို့မြို့အနယ်နယ်အဘက်ဘက်မှ စစ်ဖြန့်နေကြောင်း အရာရှိတွေက အသိပေးတယ်လို့ ဆိုပါတယ်။
“ရက္ခိုင်နဲ့ တွေ့လို့ရှိရင် ဘာမှကို မချန်နဲ့ မိန်းမသားလည်းမချန်နဲ့ ယောက်ျားသားလည်းမချန်နဲ့ ကလေးသူငယ်လည်းမချန်နဲ့ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့ အမိန့်မှာကြားထားပါတယ်။” လို့လည်း တပ်သားမိုက်ကယ်က ပြောပါတယ်။
ငယ်သားတွေ ဆုတ်ခွာရင် အရေးယူခံရပြီး အရာရှိတွေကငယ်သားတွေကို အသိမပေးဘဲ ဆုတ်ခွာသွားတာဟာ ရဲဘော်ရဲဘက်စိတ်
ဓာတ်မရှိ ကိုယ်ချင်းစာစိတ်မရှိတာလို့လည်း ပြောပါတယ်။လက်ရှိ စစ်ကောင်စီတပ်တွင်း တပ်သားအများစုဟာ စစ်တပ်ထဲက ထွက်
ပြေးချင်ကြပြီး စစ်မတိုက်ချင်ကြဘူလို့သူကဆက်ပြောပါတယ်။
“အခွင့်အရေးရရင်ပြေးပါ ဒါပဲ ကျနော်မှာ
ကြားချင်ပါတယ်” လို့လည်း တပ်သား မိုက်ကယ်က စစ်တပ်တွင်း ကျန်နေတဲ့ စစ်သားတွေကို ပြောပါတယ်။
စစ်တပ်က စစ်တွေ-ပုဏ္ဏားကျွန်းအစပ်နေရာတွေနဲ့ ကျောက်ဖြူကို စက်တင်ဘာ ၄ ရက်ကစပြီး ကြည်း၊ရေ၊လေ ၊လက်နက်ကြီးပစ်ကူတွေကိုသုံးပြီးတန်ပြန်ထိုးစစ်ဆင်ပေမယ့် AA ကဖြတ်တောက်တိုက်ခိုက်လို့စစ်မျက်နှာအများစုမှာ သေဆုံး ၊ဒဏ်ရာရ၊ထွက်ပြေးသူ ၊အဖမ်းခံသူ ၊အလင်းဝင်သူတွေများပြီး စစ်ကြောင်းတွေတပ်လန်ကျခဲ့ပါတယ် ။
👍33❤12🤣2👎1🥰1💩1🖕1
🥰15👍9👎1👏1😁1🤣1
စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်
တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေနဲ့စစ်သားအလောင်းတွေ ။
ဓါတ်ပုံ-AA Info Desk

👏42❤17🥰2👎1🤮1💩1🖕1👻1