People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဗန်က ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပတ်​အောင်မြင်စွာကာကွယ်

စက်တင်ဘာ-၂၀၊၂၀၂၆။ သုည/People's Spring

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

ဒီကနေ့ မနက် အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့
UFC ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ဟာ UFC 331 ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲ (Main Event) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့တာ ဖြစ်ပြီး ငါးချီပြည့် ရသအပြည့်​ပေးပြီးအကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ပန်တိုဂျာက ပွဲစထွက်ကတည်းက ချုပ်ကွက်နဲ့အနိုင်ယူဖို့ကြိုးစားခဲ့ပြီး ပထမအချီနဲ့ စတုတ္ထအချီ​တွေမှာဗန်ကို လှဲချနိုင်​ပေမယ့် ပါးနပ်တဲ့ဗန်က ပြန်ရုန်းထွက်တာ ၊ ပန်တိုဂျာအားသန်နဲ​နောက်​ကျောက​နေ အချုပ်မခံရ​အောင်အ​ကောင်းဆုံးခုခံနိုင်ခဲ့ပါတယ်။ကျန်ပွဲချိန်​တွေမှာ​တော့ ဗန်က ​လက်သီးထိုးချက်များစွာနဲ့ ပန်တိုဂျာကိုအသာစီးထိုးနိုင်ခဲ့ပါတယ်။ ​နောက်ဆုံးအချီမှာ ဗန်ရဲ့ထိုးချက်​ကြောင့်ပန်တိုဂျာလဲကျသွားပြီး ဗန်ပွဲဖြတ်ဖို့ကြိုးစား​ပေမယ့် ပန်တိုဂျာ မာ​ကျောလွန်းမှု​ကြောင့်သာ အလဲထိုးနဲ့အဆုံးမသတ်နိုင်ခဲ့တာပါ ။ပွဲအပြီးမှာ ဒိုင်လူကြီး ၃ ဦးစလုံးက ဗန်ကို အနိုင်​ပေးခဲ့တာဖြစ်ပါတယ် ။

ဗန်က ပထမပွဲတုန်းက ပန်တိုဂျာကိုကံ​ကောင်းလို့​အနိုင်ရတယ်ပြောခဲ့သူ​တွေ အခုပွဲမှာ​တော့ အငြင်းပွားဖွယ်မရှိချန်ပီယံလက်စွမ်းကိုမြင်​တွေခွင့်ရကြပြီ မလားလို့​ပြောခဲ့ပါတယ် ။

ပွဲအစ ပထမအချီမှာ ပန်တိုဂျာက ၎င်းအားသာတဲ့ ချုပ်ကွက်နဲ့ ဗန်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဗန်က အကောင်းဆုံး ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးထိုးချက်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ပန်တိုဂျာရဲ့ လက်သီးချက်ကို ဂျိုရှုအာဗန်က ရှောင်ရင်း ဗန်ရဲ့ ခေါင်းနဲ့ ပန်တိုဂျာတိုက်မိကာ ဘယ်ဘက်မျက်ခုံးကွဲသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပန်တိုဂျာကို ဗန့်ကို ရင်ဆိုင်ဖို့ လက်သီးချက်၊ ဒူးတိုက်ချက်တွေကို အသုံးပြုခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ ဗန်ရဲ့ ဘယ်၊ညာ လက်သီးတွဲလုံးတွေက ပန်တိုဂျာကို အထိနာစေခဲ့ပါတယ်။

တတိယအချီမှာလည်း ဗန်ဟာ မြန်ဆန်တဲ့ လက်သီးချက်တွေနဲ့ ဒဏ်ရာရနေတဲ့ ပန်တိုဂျာရဲ့ မျက်နှာကိုသာ ဦးတည်တိုက်ခိုက်ခဲ့ပြီ ပန်တိုဂျာ အထိနာခဲ့ပါတယ်။ အသက်အရွယ်အရ သက်လုံကျဆင်းလာတဲ့ ပန်တိုဂျာရဲ့ ချုပ်ကွက်တွေဟာ အားမပါတော့ဘဲ ဗန်ရဲ့ ထိုးသတ်ချက်တွေသာ အလူးအလဲခံခဲ့ရပါတယ်။

စတုတ္ထအချီမှာတော့ ပန်တိုဂျာဟာ ဗန်ကို ယှဉ်ထိုးဖို့ မကြိုးစားတော့ဘဲ ဂျူဂျစ်ဆုချုပ်ကွက်တွေသာ အားပြုတိုက်ခိုက်ခဲ့ပြီး ချုပ်နေရင်း ထိုးခဲ့တဲ့ လက်သီးချက်ကြောင့် ဗန်ရဲ့ ညာဘက်မျက်ခုံးထောင့် အနည်းငယ်ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးအချီမှာတော့ ဗန်ရဲ့လက်သီးချက်​တွေကြောင့် ပန်တိုဂျာ လဲကျခဲ့ပြီး ဗန်ကချုပ်ကွက်နဲ့​တောင်ပန်တို့ဂျာကို ပွဲသိမ်းဖို့ ကြိုးစားခဲ့ပါတယ် ။ဒါပေမယ့် ပန်တိုဂျာက ရုန်းထွက်နိုင်ခဲ့သလို မာ​ကျောလွန်းတာ​ကြောင့်သာပွဲမသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ပွဲချိန်အများစု အသာရအောင်ထိုးသတ်နိုင်ခဲ့ပြီး ချက်​ကောင်း​တွေထိ​အောင် သိသိသာသာထိုးနိုင်ခဲ့တဲ့ဗန်ကို ဒိုင်လူကြီးသုံးဦး စလုံးက အမှတ်နဲ့ အနိုင်​ပေးခဲ့ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ဒုတိယအကြိမ် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခဲ့တာပါ။

ဒီပွဲမှာ ပြိုင်ဘက်ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သလို UFC ၈ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။

ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီး မ​ကျေပွဲမှာလည်း ပန်တိုဂျာကို ထပ်မံအနိုင်ယူကာ ချန်ပီယံကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

အသက် ၂၄နှစ်အရွယ် ချင်းဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ဒီပွဲမှာ မြန်
မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။
❤41👍9🔥1🥰1😁1
စစ်တပ်အာဏာသိမ်းမှု​ကြောင့် မြန်မာနိုင်ငံပျက်စီးခဲ့ရ​သလို ပြည်သူ​​တွေက စစ်အာဏာ
ရှင်ကို အရှုံးမ​ပေးဘဲ ခုခံတွန်းလှန်​နေတာ​တွေကိုလည်း ကမ္ဘာကပိုသိ​အောင် နိုင်ငံတကာမီဒီယာ​တွေကိုလည်းအခွင့်အ​ရေးရတိုင်း​ပြောပြခဲ့ပါတယ် ။
❤30👍9🔥1🥰1😁1
ဓါတ်ပုံ-UFC screen grab
❤42👍6👏2🔥1🥰1😁1👌1
စစ်တပ်က တစ်ဦးသေ နောက်တစ်ဦးဖမ်း ရှေ့တန်းပို့မယ့် ဗျူဟာသုံးနေလို့ စစ်သည်တွေ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း

စက်တင်ဘာ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ခေါ် ပစတွေကို 'သမင်'မွေးလိုက် ရှေ့တန်းပို့ပြီး တော်လှန်ရေး'ကျား'တွေ စားခိုင်းလိုက် လုပ်နေကြောင်း ဖော်ပြထားပါတယ်။

“အခြေခံစစ်ပညာတောင် ဘာမှန်းမသိသေးတဲ့ လသားစစ်သည်တွေကို ရှေ့တန်းလွှတ်ရင် အသက်ဆုံးရှုံးမှုတွေ များနိုင်တာ ဉာဏ်ရှိသူတိုင်း သိပါတယ်။တစ်ယောက်သေရင် နောက်ထပ်တစ်ယောက် ဖမ်းပြီး ရှေ့တန်းပို့မယ့် အသေခံစစ်ဗျူဟာမှာ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘဝကိုယ် ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်” လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၃၃ဦး ရှိပြီး အဲဒီထဲက ၃၀ ဦးဟာ ကချင်ပြည်နယ် ကဖြစ်တယ်လို့ အသိပေးထားပါတယ်။ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ် အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း - ၃၉၈၂ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ကနေ ၂၀၂၄ အတွင်း သူတို့ရဲ့ အမာခံတိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံရပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီကစတင်ကာ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ရာ အရပ်သား လူငယ်များ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယခု စက်တင်ဘာလမှာ ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ၂၀၂၄ကနေ ၂၀၂၆ ဩဂုတ်အထိ စစ်မှုထမ်း အပတ်စဉ်(၂၇)ခု ဖွင့်လှစ်ကာ အင်အား ၁၃၅၀၀၀ ကျော်ကို အဓမ္မ စုစည်းကာ အဲဒီ အင်အားတွေ အသုံးချ လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာ တွေ့ရပြီး ပစ အင်အား သိန်းချီ အလောင်းအစားပြုကာ ကမူးရှုးထိုး ထိုးစစ်ဆင်နေပေမဲ့ စစ်မျက်နှာတိုင်းမှာ လိုရာမရောက်ဘဲ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင့် ဆုံးရှုံးထိခိုက်များပြားနေကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

၂နှစ်တာ ကာလအတွင်း စစ်တပ်က သေဆုံးသူ ၂သောင်းကျော်(၂၀၃၈၃ ဦး)၊ ဒဏ်ရာရသူ ၉၇၀၀ ကျော် ရှိခဲ့သလို ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃,၈၀၀ ကျော်၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) နှစ်သောင်းခန့် ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုဟာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)တွေ ဖြစ်တာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းမိထားတဲ့ စစ်သုံ့ပန်း (၅၃၆) ဦးရှိတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မလွှဲမရှောင်သာလို့ အဓမ္မ စစ်သားစုဆောင်းခံရပါက အခြေအနေပေးတာနဲ့ စစ်အုပ်စုတပ်ကို ဘယ်လိုစွန့်ခွာရမယ်ဆိုတာ စဉ်းစားကြရန် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို တိုက်တွန်းပါတယ်။

" စစ်မြေပြင်ရောက်ပြီဆိုရင်တော့ သက်ညှာလို့တော့ရမှာ မဟုတ်ဘူး"လို့ ဝန်ကြီး ဦးရည်မွန်က သတိပေးပြီး ပြည်သူ့စစ်လူငယ်တွေအနေနဲ့ ဒါကို ကောင်းကောင်းသိမယ်လို့ ယူဆတာကြောင့် စစ်တပ်ကို စွန့်ခွာဖို့ တိုက်တွန်းပါတယ်။


(စက်တင်ဘာလဆန်းက ကချင်ဒေသတိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဗန်းမော်မြို့နယ် စင်းခန်းတံတားအောက်မှာ တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
👍39❤7🖕3🤮2🥰1
👍45👎3👏3🥰1🤮1🖕1
ဗန် နဲ့ ပန်တိုဂျာပွဲ UFC 331ရဲ့အ​ကောင်းဆုံးပွဲ​​ဟု​ရွှေးချယ်

■အပိုဆု​ကြေး​ဒေါ်လာ တစ်သိန်းစီဆွတ်ခူး

စက်တင်ဘာ-၂၀၊၂၀၂၆။​နေ့သစ်/People's
Spring

ဗန် နဲ့ ပန်တိုဂျာ တို့ရဲ့ ငါးချီပြည့် အကြိတ်
အနယ်ထိုးသတ်ခဲ့တဲ့မ​ကျေပွဲဟာ UFC 331 ရဲ့ အ​ကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ​ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆု​ကြေး ​ဒေါ်လာ တစ်သိန်းစီ ဆွတ်ခူးသွားတယ်လို့ UFC က​ကြေညာပါတယ် ။

အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံ​ဟောင်း ပန်တိုဂျာရဲ့ ဦး​ခေါင်းပိုင်းထိ​အောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာက​တော့ ဦး​ခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရခဲ့ပါတယ် ။ ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်က အ​ကောင်းဆုံးခုခံပြီး​ဘောက်ဆင်စွမ်းရည်ဘယ်​လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်း​ပေါင်းစုံပြိုင်ပွဲအားကစားကျွမ်းကျင်သူ​တွေကသုံးသပ်ပါတယ်။

ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇ မှတ်နဲ့အနိုင်​ပေးခဲ့တာပါ ။

ပွဲအပြီးမှာဗန်က ပထမပွဲတုန်းကကံ​ကောင်းလို့အနိုင်ရခဲ့တာလို့ ​ဝေဖန်မှု​တွေကိုသက်​သေပြနိုင်ခဲ့ပြီလို့​ပြောပါတယ် ။

"ပထမပွဲတုန်းက​တော့ ကျွန်​တော်မ​တော်တဆအနိုင်ရခဲ့တာလို့ လူ​တော်​တော်များများ​ပြောကြတယ် ။အခု​​ရော သံသယဝင်ကြပါဦး" လို့​ပြောခဲ့ပါတယ် ။

ပန်တိုဂျာကိုလည်း ​လေးစားအသိအမှတ်ပြု
တယ်လိုဗန်က​ပြောခဲ့ပါတယ် ။"သူ့အပေါ် ကျွန်တော့်ဘက်က လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး”လို့​ပြောတာပါ ။

ဒီနိုင်ပွဲ​ကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးမှတ်တမ်းရရှိထားပြီး ပန်တိုဂျာက ၁၉ ပွဲယှဥ်ပြိုင်ထားပြီး ၁၄ ပွဲနိုင်
၅ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။



#ဗန် #ပန်တိုဂျာ #UFC331
#fightofthenight
#peoplesspring #ludunwayoo
❤38👏8👍2🔥1🥰1😁1
ဓါတ်ပုံ-UFC screen grab ၊Getty
❤51👍11🥰3🔥1😁1