People's Spring
✔
59.8K subscribers
72K photos
1.27K videos
10 files
3.09K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာဏာသိမ်းစစ်တပ်အတွက် အခု စက်တင်
ဘာလဟာ ဆုံးရှုံးမှုကြီးမားတဲ့လအဖြစ် မှတ်
တမ်းဝင်​နေပြီးဖြစ်ပါတယ် ။

​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော် ရဲ့ ၁၀၂၇ စစ်ဆင်​ရေးနဲ့ အာရက္ခတပ်​တော်ရဲ့ထိုးစစ်​တွေ ​နောက်ပိုင်းမှာ အခုစက်တင်
ဘာလဟာ ​တော်လှန်​ရေးတပ်​တွေအတွက် စစ်​ရေး​အောင်မြင်မှုကြီးကြီးမားမားရတဲ့လဖြစ်လာပါတယ် ။

ဘာ​ကြောင့်လဲ ဆိုရင် နိုင်ငံတစ်ဝန်းပြည်သူ​တွေကိုပါပစ်မှတ်ထားပြီး ​နေစဥ်ဗုံးပတ်ကြဲ​နေတဲ့ စစ်တပ်ရဲ့ တံတားဦး​လေတပ်ကို ဂျန်ဘာအထပ်ထပ်ကာထားတဲ့ကြားက PDF ​၊ပကဖရဲ​ဘော်​တွေရဲ့ ဒရုန်း​​တွေ ထိုး​ဖောက်ဝင်​ရောက်ပြီး တိုက်ခိုက်နိုင်ခဲ့တာ ၊ ဗန်း​မော်ကိုစစ်ကူသွားတဲ့ စစ်​ရေယာဥ်အုပ်စု​တွေ ရက်ပိုင်းအတွင်းမှာပဲ စစ်သ​ဘော်ဆယ်စီး​ကျော် ဖျက်ဆီးခံရတာ ၊ ရခိုင်ပြည်နယ်ကို တန်ပြန်
ထိုးစစ်ဆင်​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေ အထိနာပြီး တိုက်စစ်က​နေ စခန်း​တွေထပ်ပါမသွား​အောင် ခံစစ်ပြန်ဖြစ်​နေတာ စတဲ့အ​ခြေအ​နေ​တွေ​ကြောင့်ပါ ။ဒီစစ်ဆင်​ရေးအများစုမှာ ဒရုန်း​တွေရဲ့အစွမ်း​ကြောင့် ပြည်သူ​တွေကိုယ်တိုင် ရက်ပိုင်းအတွင်း မြင်​တွေ့ခွင့်ရ​နေတာ ကလည်း ​နွေဦး​တော်လှန်​​ရေးမှာ ထူးခြားတဲ့အ​ရွေ့​တွေဖြစ်​နေပါတယ် ။

●PDF ​တွေရဲ့တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု

စစ်တပ်က ​လေ​ကြောင်းရန်နဲ့ ဒရုန်းရန်ကာကွယ်​ရေးဂျန်ဘာ​တွေ ၊​လေကာစနစ်​တွေအထပ်ထပ်တပ်ဆင်ထားတဲ့ကြားက တံတားဦး​လေတပ်စခန်းကို PDF နဲ့ပကဖ​တွေက စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုက မြန်မာပြည်သူ​တွေကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ၊နိုင်ငံတကာကသတင်းဌာန​တွေမှာပါ ​ဖော်ပြတဲ့ စစ်ဆင်​ရေးတစ်ခုဖြစ်လာပါတယ် ။

တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
အဲဒီလေတပ်စခန်းဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

စက်တင်ဘာ ၁၀ ရက်မွန်းလွဲ တစ်နာရီခွဲဝန်းကျင်မှာ စစ်တပ်ရဲ့ YAK-130 တိုက်လေ
ယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့အသိ​ပေးသလို ရုပ်သံမှတ်တမ်း​တွေမှာ တိုက်​လေယာဥ် နဲ့ ​​လေယာဥ်​ပြေးလမ်း​ပေါ်က ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း​တွေကိုလည်း​ထုတ်​ဖော်ပြသပါတယ်။

PDF စစ်ရုံးချုပ် နဲ့ NUG ကာကွယ်​ရေးဝန်ကြီး
ဌာနတို့ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေ ဖော်ပြမထားပေမဲ့ မြင်းခြံခရိုင်PDF​တပ်ရင်းတွေရဲ့ထုတ်ပြန်မှုမှာလေတပ်စခန်းအတွင်းက jet Fighter (၄)စီး ထိမှန်ခဲ့ပြီး၂ စီးပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါ တယ်။

စစ်ဆင်​ရေးမှာဝင်တဲ့ PDFတပ်ဖွဲ့ဝင်​တွေရဲ့ရုပ်သံမှတ်တမ်းကိုမြင်းခြံခရိုင်PDFတပ်ရင်း​တွေကထုတ်ပြန်ခဲ့ရာ တပ်ဖွဲ့ဝင်​အများစုဟာ လူငယ်​တွေဖြစ်ပြီးPDFရဲ​မေ​တွေပါ စစ်ဆင်​ရေးမှာပါဝင်တာ​တွေ့ရပါတယ်။

ပြည်သူတဦးက​တော့ပြည်သူ​တွေကို​နေ့စဥ်ဗုံးကြဲသတ်ဖြတ်​နေတဲ့ စစ်တပ်ရဲ့ ​လေတပ်ကို တိုက်ခိုက်တဲ့ PDF ရဲ​ဘော်​တွေဟာ ငယ်ရွယ်တဲ့ PDF တပ်ဖွဲ့ဝင်​တွေဖြစ်​နေပြီး စစ်အာဏာ
ရှင်​​တော်လှန်​ရေးအတွက် လူငယ်​တွေကမဆုတ်မနစ်ကြိုးပမ်း​နေမှုကိုကြည့်ပြီး မျက်
ရည်ပါဝဲရတယ်လို့​ပြောပါတယ်။

တံတားဦးလေတပ်စခန်းကိုတိုက်ခိုက်ပြီး​တော့ စစ်တပ်ကလည်း ဒရုန်းတိုက်ခိုက်မှုလာတဲ့ဘက်ကို ချက်ချင်း ကား​တွေ၊ရဟတ်ယာဥ်​တွေနဲ့ လိုက်လာတာ​ကြောင့် နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲ​တွေပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပါတယ် ။အဲဒီတိုက်ခိုက်မှု​တွေအတွင်း စစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်
ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင်စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့PDFစစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။​

အလားတူ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့သလို ရဲ​ဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မ
တော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ပြီး​တော့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာန​တွေက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ထုတ်ပြန်ပါတယ်။ ဒါ​ကြောင့် မန္တ​လေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက PDF ​တွေ ၊ပကဖ​တွေရဲ့ စု​ပေါင်းစစ်​ရေးစွမ်းရည်ကိုပြသနိုင်ခဲ့တဲ့စစ်ဆင်​ရေးလည်းဖြစ်ပါတယ်။
👍32❤8👏4🥰2😁2👎1🤩1🖕1
စစ်တပ်က​တော့ တံတားဦး​လေတပ်အား PDF​တွေရဲ့ ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပါတယ် ။ဒါ့အပြင် တိုက်ခိုက်ခံရတာက အရပ်သား​တွေအသုံးပြုတဲ့ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်လို့လည်း သတင်းအမှား​ဖော်ပြပါတယ် ။ အခုတိုက်ခိုက်မှုက ဂျင်နီဗာကွန်ဗန်းရှင်း နဲ့အပြည်ပြည်ဆိုင်ရာ ဥပ​ဒေ​တွေအရ စစ်ရာဇဝတ်မှုလို့လည်းစွပ်စွဲထားပါ​သေးတယ် ။အာဏာသိမ်းပြီး​နောက်
ပိုင်းပြည်သူ​ထောင်​သောင်းများစွာ​သေဆုံးဒဏ်ရာရ​အောင် ဗုံးပတ်ကြဲ​နေတဲ့စစ်တပ်က တိုက်​လေယာဥ်​တွေ တိုက်ခိုက်ခံရတာဟာ စစ်ရာဇဝတ်မှုလို့ ​ပြောတဲ့အ​ပေါ် ပြည်သူ​တွေကလည်း ​လှောင်​ပြောင်ကြပါတယ် ။

စစ်တပ်က အဓိကစစ်ဘက်သုံးလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနဲ့ မျက်နှာချင်းဆိုင် တစ်မိုင်ခွဲ​ကျော်မှာတည်ရှိနေသောမန္တလေးအပြည်ပြည်ဆိုင်ရာအရပ်
ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်
စားဝါဒဖြန့်​နေတာလို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ပါတယ် ။

ဒါ့အပြင်စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်
ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်​တွေအပါအဝင် စစ်
တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ
​တွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့လည်း PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။ PDF စစ်ရုံးချုပ်က ပြီးခဲ့တဲ့ သြဂုတ်လမှာ တပ်မှူးကြီး​တွေရဲ့အစည်းအ​ဝေးကျင်းပပြီး ခံစစ်က​နေ
မဟာဗျူဟာအရထိုးစစ်​တွေလုပ်မယ်လို့​ကြေညာပြီး​နောက် တံတားဦး​လေတပ်စခန်းတိုက်ခိုက်မှုက ထင်ရှားတဲ့ PDF ​တွေရဲ့စစ်ဆင်​ရေးဖြစ်လာပါတယ် ။

​လေတပ်စခန်းတိုက်ခိုက်မှု ​တိုက်​လေယာဥ်ထိခိုက်မှုအ​ပေါ် အခုချိန်ထိအငြင်းပွားမှူ​တွေကရှိ​နေဆဲပါ ။ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက တိုက်​လေယာဥ်​တွေကို ​​လေယာဥ်ထားတဲ့အ​ဆောက်အအုံမှာ ပိုက်ကွန်​တွေ ကာထားတာမို့ထိခိုက်မှုမရှိဘူး လို့​ပြောဆို​ရေးသား​နေကြပါတယ် ။စစ်တပ်က ကနဦးမှာ ဒရုန်း​တွေဟာ​လေတပ်အတွင်း​တောင်မ​ရောက်ခဲ့ဘူးထုတ်ပြန်ခဲ့တာပါ။ ဒါ​ပေမယ့် FPV ဒရုန်း​တွေက တိုက်​လေယာဥ်ဆီအနီးကပ်ပျံသန်းတိုက်ခိုက်တဲ့ ၊ ​လေ​ယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်စစ်သား​တွေက ဒရုန်းနဲ့ပစ်ခတ်ဟန်တား​ပေမယ့် စစ်သားနဲ့ ကားအ​နီး ပျံသန်းတိုက်ခိုက်တဲ့ ဗီဒီယိုမှတ်တမ်း​တွေ​ကြောင့် စစ်တပ်သတင်းလိမ်ညာ​ကြေညာထားတာသိသာခဲ့ပါတယ် ။ အဲဒီ​နောက်မှာ​တော့ပိုက်ကွန်​တွေ​ကြောင့်ထိခိုက်မှုမရှိဘူးလို့ထပ်မံငြင်းချက်ထုတ်ကြတာဖြစ်ပါတယ်။

ဒါ​ပေမယ့် ​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ်​တွေနဲ့ ဂျန်ဘာ​တွေအများကြီးအသုံးပြုထားတဲ့ ​လေတပ်စခန်းကို PDF ​တွေရဲ့ဒရုန်း​တွေကထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်ပြီ၊ ​လေတပ်ထဲထိုး​ဖောက်တဲ့နည်းပညာရှိသွားပြီ ဆိုတာကိုက ​နွေဦး​တော်လှန်​ရေးမှာ ပြည်သူ
လူထုရဲ့ ခုခံတွန်းလှန်စစ်က အဆင့်တစ်ခုတက်လာပြီးဆိုတာ အာဏာသိမ်းစစ်အုပ်စုကို ထင်ရှားတဲ့သတင်းစကားပါးလိုက်တာဖြစ်ပါတယ် ။


https://youtu.be/3xtpckvscWk?si=FZbzbYMY1H9-MUCT
👍41👏11❤9💩2👎1🥰1😁1🖕1
မြေရှား | Rare Earth Watch

ကက်စတီလို လွတ်မြောက်မှု၊မြေရှားသတ္တုနှင့် မင်းအောင်လှိုင်၏ တရားဝင်ရေး ကြိုးပမ်းမှု

- မဲခေါင် ရေးသားသည်။

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံ
တမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်
လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့ အရှေ့တောင်အာရှရေးရာ မူဝါဒလေ့လာသုံးသပ်သူနဲ့ စာရေး
ဆရာ ဂျိမ်းစ် အိတ်ချ် ရွှေ (James H. Shwe) က Asia Times မှာအောက်ပါအတိုင်း သုံး
သပ်ရေးသားထားပါတယ်။

၂၀၂၆ ခုနှစ်၊စက်တင်ဘာ၁၈ရက်မှာမြန်မာနိုင်ငံအတွင်း ထိန်းသိမ်းခံထားရတဲ့
အမေရိကန်နိုင်ငံသားတဦးကိုပြန်လည်လွတ်
မြောက်လာအောင် ကူညီနိုင်ခဲ့တာဟာ သံတ
မန်ရေးအရ အောင်မြင်မှု တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ သို့သော် ဝါရှင်တန်အနေနဲ့ မိမိနိုင်ငံ
သားကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒီအောင်မြင်မှုကိုအကြောင်းပြကာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းထားပြီး လူ့အခွင့်
အရေး ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တွေအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ အမှားတစ်ရပ် ဖြစ်သွားပါလိမ့်မယ်။

အမေရိကန်ရေတပ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များအသင်း (AMCHAM) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ အဒမ် ကက်စတီလိုဟာ စစ်အုပ်စုရဲ့ ထိန်းသိမ်းမှုကို သုံးလနီးပါး ခံခဲ့ရပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံကနေ ပြည်
နှင်ဒဏ်ပေးခံခဲ့ရပါတယ်။

သူ့မိသားစုကို ကူညီပေးနေတဲ့ Global Reach အဖွဲ့အစည်းကတော့ဒီလွတ်မြောက်မှုဟာ ထရမ့်အစိုးရအဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်လာတာလို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ မင်း‌အောင်လှိုင်ရဲ့စစ်အုပ်စုက ဒီလို လွှတ်ပေးမှုကို နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတတစ်ရပ်အဖြစ် ပုံဖော်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒီလုပ်ရပ်ဟာ သံတမန်ရေးရာချစ်ကြည်ရင်း
နှီးမှုကို ဖော်ပြတာထက် နိုင်ငံရေးတရားဝင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ လှည့်ကွက်တစ်ရပ်သာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ကက်စတီလို လွတ်မြောက်မှုနဲ့ ပတ်သက်တဲ့ သတင်းအစီရင်ခံစာတွေမှာစစ်ကောင်စီအ
ပေါ် ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ပေးဖို့ ဒါမှမဟုတ် သတ္တုတွင်းဆိုင်ရာ သဘောတူညီချက်တွေ ပြုလုပ်ဖို့ ကတိကဝတ်ပေးခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးတွေတော့ မတွေ့ရပါဘူး။

စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ ဘန်
ကောက်ကနေ နေပြည်တော်ကို ရောက်ရှိလာပြီး နောက်တစ်နေ့မှာ အမေရိကန်လေတပ် လေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားတဲ့မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးတဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ ပတ်သက်ပြီးလည်း လျှို့ဝှက်သဘောတူညီချက်တစ်စုံတစ်ရာရှိခဲ့
တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်ပေါ်
လာခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ အဓိက စိုးရိမ်ရမယ့်အချက်က အမေရိကန်နဲ့ စစ်ခေါင်းဆောင်မင်းအာင်လှိုင်ကြား လျှို့ဝှက်သဘောတူညီချက် ရှိ၊ မရှိ ဆိုတာထက် သံတမန်ရေးရာ အောင်မြင်မှုတစ်ခုတည်းကို အကြောင်းပြပြီး စစ်‌အုပ်စုက သူတို့နဲ့ မထိုက်တန်တဲ့ နိုင်ငံရေးတရားဝင်မှုကို ရယူဖို့ ကြိုးပမ်းလာမလား ဆိုတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အကြောင်းပြချက်မခိုင်
လုံဘဲ လပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ ထင်ရှားတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့တာတစ်ခုတည်းနဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးတရားဝင်မှုကို ရရှိနိုင်မှာ မ
ဟုတ်ပါဘူး။

ဝါရှင်တန်ဘက်က မြန်မာ့အရေးကို သုံးသပ်ထားတဲ့ အချက်တွေကလည်း ဒီအခြေအနေကို ထောက်ပြနေပါတယ်။စက်တင်ဘာ ၁၅ လွှတ်တော်ကို ပေးပို့ခဲ့ပြီး နောက်တစ်နေ့မှာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကလည်း ထောက်ပြနေပါတယ်။

ဒီထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာကမ္ဘာ့တ
ရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ မှောင်
ခိုကူးသန်းမှု ကွန်ရက်ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ပြန်လည် ရပ်တည်လာနေပြီဆိုတာကို ကမ္ဘာ့အဆင့်မှာ မီးမောင်းထိုးပြလိုက်တာဖြစ်ပြီးစစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပျက်ကွက်မှုကိုလည်းအထင်အရှား သက်
သေပြလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်အဲဒီဆုံးဖြတ်ချက်မှာအမေရိကန်ရဲ့ အကူအညီတွေဟာ အမေရိကန် အမျိုးသားအကျိုးစီးပွား အတွက် ဆက်လက်အရေးကြီးနေဆဲဖြစ်ကြောင်း ဖော်ပြထားပေမယ့် ဘယ်အဖွဲ့အစည်းကို အကူအညီ ပေးမယ်ဆိုတာကို တိတိကျကျ သတ်မှတ်ထားခြင်း မရှိပါဘူး။

ဥပဒေအရသဘာဝဘေးအန္တရာယ်ကူညီရေး၊ အစားအသောက်၊ ဆေးဝါးနဲ့ ဒုက္ခသည်ကူညီရေးတွေ ကလည်း ခြွင်းချက်အဖြစ် ရှိပြီးသား ဖြစ်ပါတယ်။ အဲဒီသုံးသပ်ချက်ထဲမှာ ဘယ်နေရာမှာမှမြန်မာစစ်အာဏာရှင်ကိုအပြစ်ကင်းစင်တဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။
👍20❤3🖕3🔥1🥰1🤣1
ကက်စတီလိုဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိAMCHAM ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်း
ဆောင်နေစဉ် အသင်းနာမည်ကို အသုံးပြုပြီး အမေရိကန်-ဗမာ စီးပွားရေးဖိုရမ်ကို စည်းရုံးရေးအဖွဲ့တစ်ခုအဖြစ် ထူထောင်ခဲ့တယ်လို့ AMCHAM ကတိုင်ကြားခဲ့တာကြောင့် ဖမ်း
ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း သူဟာ ဝါရှင်တန်အခြေစိုက် Mercury LLC ပြည်သူ့ဆက်ဆံရေးကုမ္ပဏီနဲ့ အမေရိကန်ဒေါ်လာ သုံးသိန်းတန် စာချုပ်ချုပ်ဆိုပြီး တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားတွေ စီစဉ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

AMCHAM ရဲ့ တိုင်ကြားချက်အရ ကက်စတီလိုဟာ အသင်းနာမည်ကို အသုံးပြုပြီး ရန်ပုံ
ငွေတွေကို တရားမဝင် ကောက်ခံခဲ့သလို အဲဒီငွေတွေကိုအသင်းရဲ့ဘဏ်အကောင့်ထဲ ထည့်
သွင်းခဲ့ခြင်း မရှိဘူးလို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် ကက်စတီလိုကတော့ အဲဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

ကက်စတီလိုက BBC ကို ပြောကြားရာမှာ သူနဲ့ သူ့ကုမ္ပဏီဟာ မြန်မာစစ်အစိုးရကိုယ်စား ဘယ်လို စည်းရုံးဆော်ဩမှုမျိုးမှ မလုပ်ခဲ့သလို၊ သူတို့ရဲ့ ဆက်စပ်ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးဖို့ အမေရိကန်တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူ လွတ်မြောက်လာခဲ့ပေမယ့် သူလွတ်မြောက်မှုက ဒီအငြင်းပွားမှုကို အဆုံးသတ်ပေးနိုင်တာမျိုး မဟုတ်သလိုအမှုနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့အဖြေလည်းမပေးနိုင်သေးပါဘူး။

Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ကက်စတီလိုဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ရဲ့ အကြံပေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာသဘောတူညီချက်တစ်ရပ်ရရှိရေး၊ သတ္တုတွင်းထွက်တွေကို အိန္ဒိယကနေတစ်ဆင့် တင်ပို့နိုင်ရေးအ
တွက် အမေရိကန်က ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာဗန့်စ်ကိုယ်တိုင်မပါဝင်ခဲ့သလို ဆွေးနွေးမှုတွေဟာမူဝါဒချမှတ်တဲ့အဆင့် မ
ဟုတ်ဘဲ အကြိုညှိနှိုင်းမှုသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကက်စတီလို လွတ်မြောက်လာတာကို ကြိုဆိုရပေမယ့် သူတင်ပြခဲ့တဲ့ မြန်မာ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်တွေကိုတော့ သေချာစွာ စိစစ်ဖို့ လိုအပ်တယ်လို့ ဆောင်းပါးကသုံးသပ်ထားပါတယ်။

အဓိကပြဿနာကတော့ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဒါမှမဟုတ် သတ္တုတွင်းဆိုင်ရာ သဘောတူညီချက်တွေ လုပ်သင့်၊ မလုပ်သင့် ဆိုတာထက်၊ သယံ
ဇာတဆိုင်ရာ သဘောတူညီချက်တစ်ခုတည်းကြောင့်လက်ရှိလက်နက်ကိုင်ပဋိပက္ခကိုမဖြေရှင်းနိုင်ဘဲ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရား
ဝင် အုပ်ချုပ်ရေးသူ အဖြစ် အသိအမှတ်ပြလိုက်သလို ဖြစ်သွားနိုင်တာပဲ ဖြစ်ပါတယ်။

ဒေသအလိုက် သဘောတူညီချက်တစ်ခုဟာ အကြမ်းဖက်မှုတွေကို အမှန်တကယ် လျှော့ချပေးနိုင်ပြီးဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေး
ချယ်ပိုင်ခွင့်ကို လေးစားထားမယ်ဆိုရင် အဲဒီဒေသအတွက် အကျိုးရှိနိုင်ပါတယ်။ ကချင်နဲ့ အခြားတိုင်းရင်းသားပြည်သူတွေမှာလည်း သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။

ဒါပေမယ့် ဒေသတစ်ခုအတွက် ရရှိလာတဲ့ သဘောတူညီချက်ကို တစ်နိုင်ငံလုံးရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြဿနာကို ဖြေရှင်းပြီးပြီလို့ မယူဆသင့်ပါဘူး။ နိုင်ငံခြားသား စီးပွား
ရေးလုပ်ငန်းရှင်တစ်ဦး ဒါမှမဟုတ် နိုင်ငံခြားအစိုးရတစ်ရပ်က မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်နဲ့ သယံဇာတကိစ္စတွေကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

Stimson Center သုတေသနအဖွဲ့ရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက သတ္တုတွင်းတွေဟာတိုင်းရင်းသားလက်
နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ ထိန်းချုပ်အောက်မှာ ရှိတာကို တွေ့ရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြေရှားသတ္တုတွင်း အများစုကိုသိမ်းပိုက်ခဲ့ပြီး၊တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်း
ချုပ်နယ်မြေတွေမှာလည်း သတ္တုတွင်းအသစ်တွေ ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ထွက်တဲ့ မြေရှားသတ္တုအများစုဟာ ဒီနေ့အထိ တရုတ်နိုင်ငံကို ကုန်းလမ်းကတစ်ဆင့် တင်ပို့နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် နေပြည်တော်မှာ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးလိုက်ရုံနဲ့ ၎င်းတို့ ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ သတ္တုတွင်းတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်သလို ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ သတ္တုပြုပြင်ထုတ်လုပ်နိုင်တဲ့ အခြေခံ အဆောက်အအုံတွေကိုလည်း ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ တရုတ်ရဲ့ မြေရှားသတ္တုဈေးကွက် စိုးမိုးမှုကို လျှော့ချချင်တဲ့ အမေရိကန်ရဲ့ ရည်ရွယ်
ချက်ကလည်း စစ်အုပ်စုနဲ့ သဘောတူညီချက် ရယူလိုက်ရုံနဲ့ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူးလို့ ဆောင်းပါးက သုံးသပ်ထားပါတယ်။
🖕12👍9❤4🤣2👎1
အဓိက စမ်းသပ်ရမယ့်အချက်က နေပြည်
တော်က ဝန်ကြီးရုံးခန်းတွေဆီ ဝင်ထွက်နိုင်ခြင်း မဟုတ်ဘဲ လက်တွေ့အလုပ်လုပ်နိုင်တဲ့ သတ္တုထောက်ပံ့ရေး လမ်းကြောင်းတစ်ခု ရှိ၊ မရှိဆိုတာပဲ ဖြစ်ပါတယ်။ နေပြည်တော်က မထိန်းချုပ်နိုင်တဲ့ သယံဇာတတွေနဲ့ နယ်မြေတွေကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုချက်တွေဟာ လက်တွေ့မကျဘူးဆိုတာကို ကက်စတီလိုရဲ့ ဖြစ်စဉ်က ပြသနေပါတယ်။

စစ်ကောင်စီကတော့ ဝါရှင်တန်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ လိုလားနေတာ ထင်ရှားပါတယ်။၂၀၂၅ ခုနှစ် ဇူလိုင်လမှာ DCI Group စည်းရုံးရေးကုမ္ပဏီနဲ့ မြန်မာပြန်ကြားရေးဝန်
ကြီးဌာနတို့ဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်တိုးတက်လာစေဖို့ တစ်နှစ် အမေရိကန်ဒေါ်လာ သုံးသန်းတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ဒါပေမယ့်အဲဒီစာချုပ်ဟာ အခကြေး
ငွေပေးပြီးစည်းရုံးရေးဆောင်ရွက်ဖို့သဘော
တူညီချက်တစ်ခုသာ ဖြစ်ပြီး ကက်စတီလို ဖမ်းဆီးခံရတာ၊ လွတ်မြောက်လာတာနဲ့ ဆက်
စပ်တယ်ဆိုတဲ့ အထောက်အထားတော့ မရှိပါဘူး။

မြန်မာ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကက်စတီလို လွတ်မြောက်လာတာကို ကြိုဆိုသင့်ပေမယ့်အဲဒီဖြစ်စဉ်ကိုတော်လှန်ရေးရဲ့ အောင်
ပွဲတစ်ခုလို့ မယူဆသင့်ပါဘူး။ တစ်ဖက်မှာလည်း လွတ်မြောက်လာတဲ့ စည်းကမ်းချက်အသေးစိတ်ကို မသိရသေးတဲ့အတွက် ဝါရှင်တန်က မြန်မာဒီမိုကရေစီအင်အားစုတွေကို သစ္စာဖောက်လိုက်ပြီလို့ အလျင်စလို ကောက်
ချက်ချဖို့လည်း မသင့်ပါဘူး။

အဖြေမရသေးတဲ့ မေးခွန်းတွေ အများကြီး ရှိနေပါသေးတယ်။ ဒီသဘောတူညီချက်က ကက်စတီလို ထွက်ခွာနိုင်ရေးအတွက်ပဲလား၊ တခြားကတိကဝတ်တွေ ရှိသေးလား၊ ဒီဆက်သွယ်ရေးလမ်းကြောင်း ကနေ အခြားဖမ်းဆီးခံထားရသူတွေကိုပါလွှတ်ပေးနိုင်မလား၊ လူ
သားချင်းစာနာမှု အကူအညီတွေ ပိုမိုရောက်ရှိလာအောင် လုပ်ဆောင်နိုင်မလားဆိုတာတွေက ဆက်လက်စောင့်ကြည့်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အပြန်အလှန်လိုက်လျောမှုတွေက ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိရေးကို အတားအဆီး မဖြစ်သင့်ပါဘူး။

ပိုအရေးကြီးတာက ဖက်ဒရယ်ဒီမိုကရေစီ အစားထိုးစနစ်ကို လက်တွေ့ကျပြီး ယုံကြည်လက်ခံနိုင်အောင်တည်ဆောက်ဖို့ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေနဲ့ တိုင်း
ရင်းသားအာဏာပိုင် တွေဟာ သယံဇာတစီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ သ
ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက် စတဲ့ကိစ္စတွေမှာ ပိုမိုညှိနှိုင်းပူးပေါင်းဖို့ လိုပါတယ်။ ဒီလိုလုပ်ရာမှာလည်း ဗဟိုအဖွဲ့အစည်းတစ်ခုတည်းက အားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ မယူဆဘဲတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်ပြ
ဋ္ဌာန်းခွင့်ကို လေးစားရပါမယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့လက်တွေ့မကျတဲ့ သတ္တုတွင်းအဆိုပြုချက်ကို အလားတူ လက်
တွေ့မကျတဲ့ အစားထိုးအဆိုပြုချက်နဲ့ မတုံ့
ပြန်သင့်ပါဘူး။ဘယ်သူက ဘာကို၊ ဘယ်အာ
ဏာအောက်မှာ၊ ဘယ်လို အကာအကွယ်တွေနဲ့ လုပ်ဆောင်ပေးနိုင်မလဲဆိုတာကို ရှင်းရှင်း
လင်းလင်း ဖော်ပြနိုင်မှသာ ယုံကြည်မှု ရရှိမှာ ဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတယ်ဆိုတာ အခွင့်အလမ်းတွေကိုပဲ ပြောတာမဟုတ်ဘဲ ရှိနေတဲ့ အားနည်းချက်တွေကိုပါ လက်ခံဖော်ပြနိုင်တာကို ဆိုလိုပါတယ်။

ဝါရှင်တန်အနေနဲ့ စစ်အုပ်စုနဲ့ လုံးဝအဆက်
အသွယ်မလုပ်တဲ့ လမ်းကြောင်း နဲ့ စစ်အုပ်စုကို အပြည့်အဝ အသိအမှတ်ပြုတဲ့ လမ်း
ကြောင်းဆိုတဲ့ အစွန်းနှစ်ဖက်ထဲက တစ်ခုကိုပဲ ရွေးချယ်စရာ မလိုပါဘူး။ မိမိနိုင်ငံသားတွေအတွက် ညှိနှိုင်းဆောင်ရွက်နိုင်သလို နိုင်ငံရေးအရ လိုက်လျောပေးမယ့် ကိစ္စတွေကိုတော့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးမှုနဲ့ အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေး လုပ်ငန်း
စဉ်တွေ တကယ်ဖြစ်ပေါ်လာခြင်းအပေါ် မူ
တည်ပြီး သတ်မှတ်နိုင်ပါတယ်။ ပေးအပ်မယ့် အခွင့်အရေးတိုင်းမှာဘာကတိကဝတ်ရှိတယ်၊ ဘယ်လိုစောင့်ကြည့်မယ်၊မလိုက်နာရင် ဘာလုပ်မယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရပါမယ်။

ဝါရှင်တန်အနေဖြင့်လည်းမိမိနိုင်ငံသားများ လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် စကားပြောနိုင် သော်လည်း၎င်းတို့ကို နိုင်ငံ
ရေးအရအသိအမှတ်ပြုခြင်းသို့မဟုတ် သယံ
ဇာတ သဘောတူညီချက်များ ပြုလုပ်ခြင်းတို့ကို လုံးဝ မလုပ်ဆောင်သင့်ပေ။သံတမန်ရေး
ရာ တွေ့ဆုံဆွေးနွေးမှုများသည် စစ်အာဏာ
ပိုင်များ၏ပြုပြင်ပြောင်းလဲလိုစိတ်သို့မဟုတ်
နိုင်ငံရေးတရားဝင်မှုရှိကြောင်း သက်သေပြနိုင်သည့် အရာများ မဟုတ်ပါ။ပြည်သူ့ဆန္ဒမပါဘဲ အာဏာသိမ်းယူထားသည့် အဖွဲ့အစည်းတစ်ရပ်အား တရားဝင်မှုရရှိစေမည့် မည်သည့် သဘောတူညီချက်မျိုးကိုမဆို ရှောင်
ရှားရမည်ဖြစ်ပြီး၊ မြန်မာ့သယံဇာတတွေနဲ့ နိုင်ငံရဲ့အနာဂတ်ကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ခွဲထွက်ပြီး ဆုံးဖြတ်ခွင့် မရှိဘူးလို့ Asia Times က ထောက်ပြထားပါတယ်။

ကိုးကား - Asia Times

#အဒမ်ကက်စတီလို #မြေရှား #ps
#AMCHAN #peoplesspring
❤16👍12🖕3🔥2🤣2
❤16👍10🔥3🥰1👏1
ဗန်က ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပတ်​အောင်မြင်စွာကာကွယ်

စက်တင်ဘာ-၂၀၊၂၀၂၆။ သုည/People's Spring

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

ဒီကနေ့ မနက် အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့
UFC ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာတို့ဟာ UFC 331 ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲ (Main Event) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့တာ ဖြစ်ပြီး ငါးချီပြည့် ရသအပြည့်​ပေးပြီးအကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

ပန်တိုဂျာက ပွဲစထွက်ကတည်းက ချုပ်ကွက်နဲ့အနိုင်ယူဖို့ကြိုးစားခဲ့ပြီး ပထမအချီနဲ့ စတုတ္ထအချီ​တွေမှာဗန်ကို လှဲချနိုင်​ပေမယ့် ပါးနပ်တဲ့ဗန်က ပြန်ရုန်းထွက်တာ ၊ ပန်တိုဂျာအားသန်နဲ​နောက်​ကျောက​နေ အချုပ်မခံရ​အောင်အ​ကောင်းဆုံးခုခံနိုင်ခဲ့ပါတယ်။ကျန်ပွဲချိန်​တွေမှာ​တော့ ဗန်က ​လက်သီးထိုးချက်များစွာနဲ့ ပန်တိုဂျာကိုအသာစီးထိုးနိုင်ခဲ့ပါတယ်။ ​နောက်ဆုံးအချီမှာ ဗန်ရဲ့ထိုးချက်​ကြောင့်ပန်တိုဂျာလဲကျသွားပြီး ဗန်ပွဲဖြတ်ဖို့ကြိုးစား​ပေမယ့် ပန်တိုဂျာ မာ​ကျောလွန်းမှု​ကြောင့်သာ အလဲထိုးနဲ့အဆုံးမသတ်နိုင်ခဲ့တာပါ ။ပွဲအပြီးမှာ ဒိုင်လူကြီး ၃ ဦးစလုံးက ဗန်ကို အနိုင်​ပေးခဲ့တာဖြစ်ပါတယ် ။

ဗန်က ပထမပွဲတုန်းက ပန်တိုဂျာကိုကံ​ကောင်းလို့​အနိုင်ရတယ်ပြောခဲ့သူ​တွေ အခုပွဲမှာ​တော့ အငြင်းပွားဖွယ်မရှိချန်ပီယံလက်စွမ်းကိုမြင်​တွေခွင့်ရကြပြီ မလားလို့​ပြောခဲ့ပါတယ် ။

ပွဲအစ ပထမအချီမှာ ပန်တိုဂျာက ၎င်းအားသာတဲ့ ချုပ်ကွက်နဲ့ ဗန်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဗန်က အကောင်းဆုံး ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးထိုးချက်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ပန်တိုဂျာရဲ့ လက်သီးချက်ကို ဂျိုရှုအာဗန်က ရှောင်ရင်း ဗန်ရဲ့ ခေါင်းနဲ့ ပန်တိုဂျာတိုက်မိကာ ဘယ်ဘက်မျက်ခုံးကွဲသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပန်တိုဂျာကို ဗန့်ကို ရင်ဆိုင်ဖို့ လက်သီးချက်၊ ဒူးတိုက်ချက်တွေကို အသုံးပြုခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ ဗန်ရဲ့ ဘယ်၊ညာ လက်သီးတွဲလုံးတွေက ပန်တိုဂျာကို အထိနာစေခဲ့ပါတယ်။

တတိယအချီမှာလည်း ဗန်ဟာ မြန်ဆန်တဲ့ လက်သီးချက်တွေနဲ့ ဒဏ်ရာရနေတဲ့ ပန်တိုဂျာရဲ့ မျက်နှာကိုသာ ဦးတည်တိုက်ခိုက်ခဲ့ပြီ ပန်တိုဂျာ အထိနာခဲ့ပါတယ်။ အသက်အရွယ်အရ သက်လုံကျဆင်းလာတဲ့ ပန်တိုဂျာရဲ့ ချုပ်ကွက်တွေဟာ အားမပါတော့ဘဲ ဗန်ရဲ့ ထိုးသတ်ချက်တွေသာ အလူးအလဲခံခဲ့ရပါတယ်။

စတုတ္ထအချီမှာတော့ ပန်တိုဂျာဟာ ဗန်ကို ယှဉ်ထိုးဖို့ မကြိုးစားတော့ဘဲ ဂျူဂျစ်ဆုချုပ်ကွက်တွေသာ အားပြုတိုက်ခိုက်ခဲ့ပြီး ချုပ်နေရင်း ထိုးခဲ့တဲ့ လက်သီးချက်ကြောင့် ဗန်ရဲ့ ညာဘက်မျက်ခုံးထောင့် အနည်းငယ်ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးအချီမှာတော့ ဗန်ရဲ့လက်သီးချက်​တွေကြောင့် ပန်တိုဂျာ လဲကျခဲ့ပြီး ဗန်ကချုပ်ကွက်နဲ့​တောင်ပန်တို့ဂျာကို ပွဲသိမ်းဖို့ ကြိုးစားခဲ့ပါတယ် ။ဒါပေမယ့် ပန်တိုဂျာက ရုန်းထွက်နိုင်ခဲ့သလို မာ​ကျောလွန်းတာ​ကြောင့်သာပွဲမသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ပွဲချိန်အများစု အသာရအောင်ထိုးသတ်နိုင်ခဲ့ပြီး ချက်​ကောင်း​တွေထိ​အောင် သိသိသာသာထိုးနိုင်ခဲ့တဲ့ဗန်ကို ဒိုင်လူကြီးသုံးဦး စလုံးက အမှတ်နဲ့ အနိုင်​ပေးခဲ့ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ဒုတိယအကြိမ် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခဲ့တာပါ။

ဒီပွဲမှာ ပြိုင်ဘက်ကို အနိုင်ယူကာ ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့သလို UFC ၈ ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။

ဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီး မ​ကျေပွဲမှာလည်း ပန်တိုဂျာကို ထပ်မံအနိုင်ယူကာ ချန်ပီယံကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးUFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

အသက် ၂၄နှစ်အရွယ် ချင်းဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ဒီပွဲမှာ မြန်
မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။
❤41👍9🔥1🥰1😁1
စစ်တပ်အာဏာသိမ်းမှု​ကြောင့် မြန်မာနိုင်ငံပျက်စီးခဲ့ရ​သလို ပြည်သူ​​တွေက စစ်အာဏာ
ရှင်ကို အရှုံးမ​ပေးဘဲ ခုခံတွန်းလှန်​နေတာ​တွေကိုလည်း ကမ္ဘာကပိုသိ​အောင် နိုင်ငံတကာမီဒီယာ​တွေကိုလည်းအခွင့်အ​ရေးရတိုင်း​ပြောပြခဲ့ပါတယ် ။
❤30👍9🔥1🥰1😁1
ဓါတ်ပုံ-UFC screen grab
❤42👍6👏2🔥1🥰1😁1👌1
စစ်တပ်က တစ်ဦးသေ နောက်တစ်ဦးဖမ်း ရှေ့တန်းပို့မယ့် ဗျူဟာသုံးနေလို့ စစ်သည်တွေ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း

စက်တင်ဘာ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ခေါ် ပစတွေကို 'သမင်'မွေးလိုက် ရှေ့တန်းပို့ပြီး တော်လှန်ရေး'ကျား'တွေ စားခိုင်းလိုက် လုပ်နေကြောင်း ဖော်ပြထားပါတယ်။

“အခြေခံစစ်ပညာတောင် ဘာမှန်းမသိသေးတဲ့ လသားစစ်သည်တွေကို ရှေ့တန်းလွှတ်ရင် အသက်ဆုံးရှုံးမှုတွေ များနိုင်တာ ဉာဏ်ရှိသူတိုင်း သိပါတယ်။တစ်ယောက်သေရင် နောက်ထပ်တစ်ယောက် ဖမ်းပြီး ရှေ့တန်းပို့မယ့် အသေခံစစ်ဗျူဟာမှာ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘဝကိုယ် ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်” လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၃၃ဦး ရှိပြီး အဲဒီထဲက ၃၀ ဦးဟာ ကချင်ပြည်နယ် ကဖြစ်တယ်လို့ အသိပေးထားပါတယ်။ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ် အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း - ၃၉၈၂ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ကနေ ၂၀၂၄ အတွင်း သူတို့ရဲ့ အမာခံတိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံရပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီကစတင်ကာ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ရာ အရပ်သား လူငယ်များ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယခု စက်တင်ဘာလမှာ ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ၂၀၂၄ကနေ ၂၀၂၆ ဩဂုတ်အထိ စစ်မှုထမ်း အပတ်စဉ်(၂၇)ခု ဖွင့်လှစ်ကာ အင်အား ၁၃၅၀၀၀ ကျော်ကို အဓမ္မ စုစည်းကာ အဲဒီ အင်အားတွေ အသုံးချ လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာ တွေ့ရပြီး ပစ အင်အား သိန်းချီ အလောင်းအစားပြုကာ ကမူးရှုးထိုး ထိုးစစ်ဆင်နေပေမဲ့ စစ်မျက်နှာတိုင်းမှာ လိုရာမရောက်ဘဲ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင့် ဆုံးရှုံးထိခိုက်များပြားနေကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

၂နှစ်တာ ကာလအတွင်း စစ်တပ်က သေဆုံးသူ ၂သောင်းကျော်(၂၀၃၈၃ ဦး)၊ ဒဏ်ရာရသူ ၉၇၀၀ ကျော် ရှိခဲ့သလို ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃,၈၀၀ ကျော်၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) နှစ်သောင်းခန့် ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုဟာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)တွေ ဖြစ်တာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းမိထားတဲ့ စစ်သုံ့ပန်း (၅၃၆) ဦးရှိတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မလွှဲမရှောင်သာလို့ အဓမ္မ စစ်သားစုဆောင်းခံရပါက အခြေအနေပေးတာနဲ့ စစ်အုပ်စုတပ်ကို ဘယ်လိုစွန့်ခွာရမယ်ဆိုတာ စဉ်းစားကြရန် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို တိုက်တွန်းပါတယ်။

" စစ်မြေပြင်ရောက်ပြီဆိုရင်တော့ သက်ညှာလို့တော့ရမှာ မဟုတ်ဘူး"လို့ ဝန်ကြီး ဦးရည်မွန်က သတိပေးပြီး ပြည်သူ့စစ်လူငယ်တွေအနေနဲ့ ဒါကို ကောင်းကောင်းသိမယ်လို့ ယူဆတာကြောင့် စစ်တပ်ကို စွန့်ခွာဖို့ တိုက်တွန်းပါတယ်။


(စက်တင်ဘာလဆန်းက ကချင်ဒေသတိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဗန်းမော်မြို့နယ် စင်းခန်းတံတားအောက်မှာ တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
👍39❤7🖕3🤮2🥰1
👍45👎3👏3🥰1🤮1🖕1
ဗန် နဲ့ ပန်တိုဂျာပွဲ UFC 331ရဲ့အ​ကောင်းဆုံးပွဲ​​ဟု​ရွှေးချယ်

■အပိုဆု​ကြေး​ဒေါ်လာ တစ်သိန်းစီဆွတ်ခူး

စက်တင်ဘာ-၂၀၊၂၀၂၆။​နေ့သစ်/People's
Spring

ဗန် နဲ့ ပန်တိုဂျာ တို့ရဲ့ ငါးချီပြည့် အကြိတ်
အနယ်ထိုးသတ်ခဲ့တဲ့မ​ကျေပွဲဟာ UFC 331 ရဲ့ အ​ကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ​ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆု​ကြေး ​ဒေါ်လာ တစ်သိန်းစီ ဆွတ်ခူးသွားတယ်လို့ UFC က​ကြေညာပါတယ် ။

အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံ​ဟောင်း ပန်တိုဂျာရဲ့ ဦး​ခေါင်းပိုင်းထိ​အောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာက​တော့ ဦး​ခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရခဲ့ပါတယ် ။ ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်က အ​ကောင်းဆုံးခုခံပြီး​ဘောက်ဆင်စွမ်းရည်ဘယ်​လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်း​ပေါင်းစုံပြိုင်ပွဲအားကစားကျွမ်းကျင်သူ​တွေကသုံးသပ်ပါတယ်။

ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇ မှတ်နဲ့အနိုင်​ပေးခဲ့တာပါ ။

ပွဲအပြီးမှာဗန်က ပထမပွဲတုန်းကကံ​ကောင်းလို့အနိုင်ရခဲ့တာလို့ ​ဝေဖန်မှု​တွေကိုသက်​သေပြနိုင်ခဲ့ပြီလို့​ပြောပါတယ် ။

"ပထမပွဲတုန်းက​တော့ ကျွန်​တော်မ​တော်တဆအနိုင်ရခဲ့တာလို့ လူ​တော်​တော်များများ​ပြောကြတယ် ။အခု​​ရော သံသယဝင်ကြပါဦး" လို့​ပြောခဲ့ပါတယ် ။

ပန်တိုဂျာကိုလည်း ​လေးစားအသိအမှတ်ပြု
တယ်လိုဗန်က​ပြောခဲ့ပါတယ် ။"သူ့အပေါ် ကျွန်တော့်ဘက်က လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး”လို့​ပြောတာပါ ။

ဒီနိုင်ပွဲ​ကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးမှတ်တမ်းရရှိထားပြီး ပန်တိုဂျာက ၁၉ ပွဲယှဥ်ပြိုင်ထားပြီး ၁၄ ပွဲနိုင်
၅ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။



#ဗန် #ပန်တိုဂျာ #UFC331
#fightofthenight
#peoplesspring #ludunwayoo
❤38👏8👍2🔥1🥰1😁1
ဓါတ်ပုံ-UFC screen grab ၊Getty
❤51👍11🥰3🔥1😁1