သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီနေ့ စက်တင်ဘာ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျ အထက်လွှတ်တော်အမတ် David Shoebridge နဲ့ Jessica Collinsတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက "Our US Ambassador H.E. Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador Myanmar's Voice" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
❤16👍2🖕2🤮1
ဒဏ်ရာရစစ်သားတွေသယ်လာတဲ့စစ်သင်္ဘော
တွေပြန်ဆင်းလာလို့မြစ်ကမ်းဘေးရွာတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်
သတိပြုဖို့တော်လှန်ရေးတပ်တွေတိုက်တွန်း
စက်တင်ဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People's Spring
ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်းဘေးတလျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်
ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်
ရေးတပ်တွေကသတိပေးထားပါတယ်။
ဗန်းမော်မြို့နဲ့ ရွှေကူမြု့ကနေ ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ အထိနာပြီး ဒဏ်ရာရစစ်သားတွေကိုပြန်သယ်လာတဲ့ စစ်အုပ်စု ရဲ့ စစ်သင်္ဘောတွေအပါအဝင်သင်္ဘောမျိုးစုံ
အစီးရေ ၂၀ ခန့်ဟာ စက်တင်ဘာလ၁၉ ရက်နေ့၊နေ့လည်၁၂နာရီ မှာသပိတ်ကျင်းမြို့နယ်အတွင်းက မြစ်ကြောင်းကို ဖြတ်ကာ မန္တလေးမြို့ဘက်ကို ဆက်လက်စုန် နေတယ်လို့ စုံစမ်းသိရပါတယ်။
သပိတ်ကျင်းမြို့ကနေ စဉ့်ကူး၊မတ္တရာမြို့နယ်အနောက် ခြမ်းတို့ကို ဖြတ်သန်းကာ မန္တလေးမြို့၊ဂေါ်ဝိန် ဆိပ်ကမ်းကို ကပ်မယ်လို့ သိရပါတယ်။
"လုံခြုံရေး လိုက်လာတဲ့ Mi-35 တစီးပါတယ်လို့သိရတယ်။မနေ့ကမြစ်ကမ်းဘေးစကစ အ
ထိုင်နေရာတချို့အင်အားတိုးတာတွေလည်း
ရှိတယ်။မြစ်ကမ်းဘေး ပြည်သူ တွေရှောင်သင့်ရင် ခဏကြိုရှောင်တာမျိုး အဆင်သင့်ပြုလုပ်ထားသင့်တယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်အုပ်စုက ဂေါ်ဝိန်ဆိပ်ကမ်းကနေတဆင့် ဗန်းမော်မြို့ကို သြဂုလကုန်ပိုင်းမှာ စစ်ကူနဲ့လက်နက်ခဲယမ်းနဲ့ ရိကာတွေပို့ဆောင်ဖို့ကြိုးစားခဲ့တာမှာ KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၂၀ စီးဝန်းကျင် ပျက်စီခဲ့ပါတယ် ။အရာရှိတွေအပါအဝင် စစ်သားအများအပြားလည်းသေဆုံးဒဏ်ရာရခဲ့ပါတယ်။ ပထမစစ်သင်္ဘော အုပ်စုအထိနာတာကြောင့် ထပ်ပို့တဲ့ စစ်သင်္ဘောတွေလည်းရွှေကူမြို့မှာပဲ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။
အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီးစစ်သင်္ဘောတချို့သာ ဗန်းမော်ကမ်းကပ်နိုင်ခဲ့ပြီး ဗန်းမော်ကနေ ရွှေကူမြို့ကိုပြန်ဆင်းချိန်မှာလည်းတိုက်ခိုက်ခဲ့ရပါတယ် ။ စစ်သင်္ဘောတွေသာပက သင်္ဘောတွေလုံခြုံရေးအတွက် စင်ခန်းတံတားနဲ့ ဇင်ဘုံရွာကြားမှာ နယ်မြေရှင်းဖို့ကြိုးစားတဲ့ စစ်တပ်စစ်ကြောင်းတွေကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်တာကြောင့် စစ်ကြောင်းပျက်တယ်အထိတိုက်ခိုက်ခံပြီး ခြေကုပ်စခန်းအချို့လည်းဆုံးရှုံးခဲ့ပါတယ်။
ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ ကြည်း၊ရေ၊လေ အသုံးပြုပေမယ့် စစ်ရှုံးခဲ့တဲ့စစ်တပ်က
ဗန်းမော်၊ ရွှေကူ၊ ကသာမြို့တွေက အရပ်သား
သင်္ဘောတွေကိုပါ ချောဆွဲပြီးတိုက်ပွဲမှာ ဒဏ်ရာရစစ်သားတွေ ၊ကချင်ပြည်နယ်ကနေ တပ်ပြောင်းသူတွေကိုသယ်ဆောင်လာပြီး မန္တလေး မြို့ကို ပြန်စုန်လာတာလို့ စုံစမ်းသိရပါတယ်။
အဲဒီစစ်တပ်ရေယာဥ်အုပ်စုထဲက တွန်း
သင်္ဘောပေါ်က စက်တင်ဘာ ၁၇ ရက်ကည ၈ နာရီကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မိုးသားလေးရွာက မုန့်တီရောင်းတဲ့အိမ်ကိုထိမှန်ပြီး အမျိုးသား ၁ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးခြေထောက်ပြတ်ခဲ့ပါတယ်။ ဒါအပြင် နေအိမ်လည်းမီးလောင်သွားပြီး ဒေ
သခံတွေကဝိုင်းပြီးမီးငြှိမ်းသတ်ပေးစဥ်စစ်
တပ်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်
လို့ ပြည်သူတွေထပ်မံဒဏ်ရာရခဲ့ပါတယ်။

👍23❤5😢2💩2🥰1🤬1🤣1🖕1
ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက်ဒီဂဏန်းတွေကို အသုံး
မချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။
ရန်သူကို ချေမှုန်းပစ်မယ်လို့အမြဲတစေကြွေး
ကြော်တတ်ပြီးအမြဲတမ်းနီးပါးလည်းစစ်ရှုံးလေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်အ
မည်မတပ်ဝံ့တဲ့ ပုန်းရှုံးကွယ်ရှိုးစစ်ဆင်ရေး
တစ်ခုဖြစ်ပါတယ်။
၄ရက်၊၉လ၊၂၀၂၆ ခုနှစ်မှာ ကြည်း၊ရေ၊လေစုပေါင်းပြီး ရခိုင်ပြည်နယ်ကို စတင်ထိုးစစ်ဆင်တာမို့ ၄၉၂၆ စစ်ဆင်ရေးလို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေနဲ့ စစ်တပ်ထောက်
ခံသူတွေက ပြောကြပါတယ်။ စစ်ဆင်ရေးအမည်ကိုအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မလည်ဆွဲဝတ် ဧကာဒသမမြောက်သမ္မတဘွဲ့ခံဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကရော သူ့ငယ်ကျွန် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း ထုတ်မပြောကြပါဘူး။
စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေး အကောင့်တွေကလူမှုကွန်ယက်တွေမှာ အာပေါင်အာရင်း
သန်သန်ပြောကြတာကနေ ၄၉၂၆စစ်ဆင်ရေးဆိုပြီးအသံထွက်လာတာပါ။ ဒါဟာ၂၀၂၁ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကမ္ဘာတဝန်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေအနက် လူသိမခံဝံ့တဲ့ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးလို့ တော်လှန်ရေးရဲဘော်တွေနဲ့ လူထုတွေက လှောင်ပြောင်နေကြပါတယ်။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး ကြွေးကြော်
သံတွေနဲ့အတူမြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေမြိုင်နေခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံတချို့မှာလည်း စစ်မက်ထူပြောခဲ့ပါတယ်။ ရုရှနဲ့ ယူကရိန်းစစ်ပွဲ၊ အမေရိကန်၊ အစ္စရေးနဲ့အီရန် စစ်ပွဲ၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲတွေဟာ နည်းပညာခေတ်မှာ ပေါ်တင်စိန်ခေါ်ပြီး ချကြတဲ့ စစ်ပွဲတွေပါ။ ရခိုင်ပြည်နယ်ကို ဦးတည်တဲ့ ၄၉၂၆ ကတော့ လူသိမခံဝံ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။
“စစ်ဆင်ရေးအမည်ကိုတောင် ပုန်းရှိုးကွယ်ရှိုးလုပ်ပြီးတိုက်နေရတဲ့အဖြစ်။ရှက်စရာမကောင်းဘူးလား။ မရယ်ရဘူးလား”လို့ လက်ရှ်ိ အညာမြေကစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တစ်ဦးက ၄၉၂၆ အမည်ပေးစစ်
ဆင်ရေးအပေါ်သူ့အမြင်ကို ပြောပါတယ်။
လုံးဝအထင်ကြီးစရာမရှိဘူးလို့လည်းသူက ဆိုပါတယ်။
၄၉၂၆က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက်ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။ စစ်အုပ်စုက လပေါင်းများစွာကြာအောင် နည်းမျိုးစုံနဲ့အင်အားဖြည့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေနဲ့ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ရခိုင်ပြည်
နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကိုအင်အားအများအပြားသုံး ထိုးစစ်ဆင်လာတာပါ။
ဒါကိုပဲ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်နေကြတာပါ။ သူတို့ ဝါဒဖြန့် ကြွေးကြော်နေတဲ့အထဲမှာ အမုန်းတရားတွေ၊ ကြိတ်မနိုင်ခဲမရခံစားချက်တွေ၊လက်စားချေလိုခြင်းတွေ၊ လူမျိုးရေးအထိကရုဏ်းဆီ ဥတည်တဲ့ သွေး
ထိုးလှုံ့ဆော်မှုတွေဖုံးမနိုင် ဖိမရအောင်မြင်နေရပါတယ်။ စစ်အုပ်စုဘက်မှာဘာကြောင့် အခုလို ပုံပျက်ပန်းပျက်ဖြစ်နေပါသလဲ။
ဒီအဖြေအတွက် အာရက္ခတပ်တော်(AA) ရဲ့ စစ်အာဏာရှင်တော်လှန်ရေးခရီးအကြောင်း မျက်ခြေမပြတ်ဖို့လိုအပ်လာပါတယ်။
နိုင်ငံတကာစစ်ရေးနဲ့နိုင်ငံရေးသုံးသပ်ချက်တွေမှာသြဇာကြီးမားတဲ့ The Jamestown Foundationကပြီးခဲ့တဲ့ဇူလိုင်လမှာစာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA)ဟာ အာရှဒေသတွင်းအင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်လာပြီးမြန်မာနိုင်ငံမှာတိုက်ရည်ခိုက်ရည်အထိရောက်ဆုံးအဖွဲ့ဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့တဲ့ AAရဲ့ စစ်ရေး စွမ်းရည်ဟာ နိုင်ငံတကာကပါ အာရုံစိုက်ရတဲ့အထိ ထင်သာမြင်သာရှိခဲ့ပါတယ်။ AAက စစ်ကောင်စီကို အကြိမ်ကြိမ်အရှက်ခွဲခဲ့ပါတယ်။
၄၉၂၆ လို မဟုတ်ဘဲ ကမ္ဘာသိကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AA က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ရခိုင်ပြည်နယ်ကကျန်မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၁၃လအတွင်း တစ်မြို့ပြီးတစ်မြို့ သိမ်းယူခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၃၊ အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ အဲ့ဒီနှစ် နိုဝင်ဘာလ၁၃ရက်နေ့မှာ AAက စတင်ခဲ့တာပါ။
စစ်ဆင်းရေးစတင်ကြောင်း ကြေညာချက်နဲ့အတူ စစ်အုပ်စုအနေနဲ့ အချိန်မီလက်နက်ချကြဖို့နဲ့ လက်နက်မချရင် အမြစ်ဖြတ်တိုက်
ခိုက်မယ်လို့ ပေါ်ပေါ်ထင်ထင် သတိပေးပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြတာပါ။စစ်

👍20❤5🔥3🖕3
ဆင်ရေးအတွင်း မြို့တွေ သိမ်းတဲ့အပြင် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
(နပခ)ကိုပါ သိမ်းယူခဲ့တာပါ။၂၀၂၁ အာဏာ
သိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်တတပ်တန်းအရာရှိတွေ အများဆုံးသေတာ၊အဖမ်းခံရတာ ၊ဒူးထောက်အညံခဲရတာတွေက အာရက္ခစစ်သည်တော်တွေဆီမှာပဲဖြစ်ပါတယ်။ဗိုလ်မှူးချုပ်အဆင့်တွေတောင် AA ရှေ့ ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/09/13/168155/

LuduNwayOo
၁၀၂၇ ကို မော်မကြည့်ဝံ့တဲ့ ၄၉၂၆ | LuduNwayOo
ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း…
👍20🖕3👎2👏2🥰1
ရန်ကုန်မြို့လယ်မှာ ဆေးကြောင်နေသူတဦးရဲ့ကား က အခြားကားတွေကိုလိုက်တိုက်ဟုဒေသခံတွေပြော
စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring
ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်းပေါ်ရှိတဲ့ ကားတွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။
မူးယစ်နေတဲ့အမျိုးသားမောင်းတဲ့ကားဟာဟိန္ဒူဘုရားရှိခိုးကျောင်းနံရံကိုတိုက်မိပြီး နောက်ကကားတွေကိုပါ လိုက်တိုက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေအထိတ်
တလန့်ဖြစ်ခဲ့ကြပါတယ်။
၎င်းကားနဲ့တိုက်မိတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းနံရံနဲ့ ကားအချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
“ကားတစ်စီးက ပန်းဆိုးတန်းလမ်းထောင့်က ဟိန္ဒူ ဘုရားရှိခိုးကျောင်း အုတ်နံရံကို အရင်ဝင်တိုက်တာပါ။ ဘာဖြစ်သွားလဲ ဆိုပြီး လူတွေ ထွက်ကြည့်တုန်း ရှိသေးတယ်။ အဲ့ကားကိုပဲ နောက်ပြန်ကြီးမောင်းပြီး လမ်းပေါ်က ကား ၄ စီး လောက်ကို ပတ်တိုက်သွားတာပါ။ လူတွေတော့ ထိခိုက်တာမရှိဘူး။ အထိတ်တလန့်တော့ အကုန်ရှောင်ပြေးရတယ်။ သူ့ကားရော တိုက်မိတဲ့ အခြားကားတွေတော့ ပျက်စီးသွားပါတယ်။ တိုက်တဲ့အချိန်က မီးတွေပြတ်နေတဲ့ ည ၇ နာရီကျော်လောက်ကပါ” လို့ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတဦးကပြောပါတယ်။
အဆိုပါယာဥ်မောင်းကို ရပ်ကွက်ကပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးမှသာ ရပ်တန့်သွားကြောင်းနဲ့ ယာဉ်မောင်းလာတဲ့ အမျိုးသားပုံစံမှာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲထားသကဲ့သို့ဖြစ်နေကြောင်း ကျောက်တံတားမြို့နယ်နေ ပြည်သူအချို့က ဆိုပါတယ်။
“အသက်ကအရမ်းမကြီးသေးဘူး။၃၀ ကျော်လောက်ပဲ ရှိဦးမယ် ထင်တယ်။ သူ့ကို ကြည့်ရတာ တော်တော်လေး စိတ်လွတ်နေတယ်။ ဆေးကြောင်နေတာ ဖြစ်ဖို့များပါတယ်။ ကားက နောက်ပြန်ကြီးမောင်းပြီး အခြားကားတွေကို လိုက်တိုက်နေတာပါ။အနားကလူတွေ သူ့ကို ဝိုင်းဖမ်းမှ ကားက ရပ်သွားတယ်" လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ ယင်းအမျိုးသားကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေက ကျောက်တံတားမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ရုပ်သံ - CJ

🤬27👍4❤3🤣2👎1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြို့လယ်မှာ ဆေးကြောင်နေသူတဦးရဲ့ကား က အခြားကားတွေကိုလိုက်တိုက်ဟုဒေသခံတွေပြော
🔥15🤬10👍2🤣2👏1
ဝေဟင်နည်းပညာပိုင်းမြှင့်တင်နိုင်ဖို့ ကြိုးနဲ့စွန် 2.0 မှာပါဝင်ပေးကြဖို့ MODတိုက်တွန်း
စက်တင်ဘာ-၂၀၊၂၀၂၆။တေဇ/People's Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်
ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။
ဒီကမ်ပိန်းကို စက်တင်ဘာ ၁၉ ကနေ အောက်
တိုဘာ ၂၉ အထိပြုလုပ်မှာဖြစ်ပြီးနိုင်ငံအလိုက်သက်ဆိုင်ရာ Fundraiser တွေဆီမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဒီကမ်ပိန်းက ပထမတစ်ကြိမ်တုန်းကလိုပဲ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ရရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်းမြှင့်တင်ဖို့ ကြိုးနဲ့စွန် ကမ်ပိန်းကို ပထမအကြိမ်ပြုလုပ်ခဲ့ချိန်ကလည်းသတ်မှတ်ရာ
ခိုင်နှုန်းထက်ကျော်လွန်အောင်ပါဝင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း လည်းNUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
"တော်လှန်ပြည်သူများ ပေးအပ်လာသည့် ရန်
ပုံငွေများကြောင့် ရန်သူ၏ ဝေဟင်စိုးမိုးမှုကို ကာကွယ်ခြင်း၊တန်ပြန်ခြင်းတို့သာမက အ
လစ်အငိုက် ထိုးစစ်ဆင်နိုင်သည့် အခြေအနေသို့ပင် ရောက်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ဖြစ်ပါသည်။" လို့ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၀ ရက်မှာPDF တွေက FPV ဒရုန်းတွေတံတားဦးလေတပ်ကိုတိုက်ခိုက်ခဲ့ရာ တိုက်လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးဆိုးဆိုးရွားရွားပျက်စီးပြီး လေကြောင်းရန်ကာကွယ်ရေးတပ်ကဗျူဟာမှုးအပါအဝင်စစ်သား ၅ ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ PDF တွေကထုတ်ပြန်ပါတယ်။
ကြိုးနဲ့စွန် ရဲ့ ပထမတစ်ကြိမ်ကမ်ပိန်းကနေ အမေရိကန်ဒေါ်လာတစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မ
တော်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ထောက်ပို့ကူညီပေးခဲ့တယ်လို့ ဩဂုတ် ၂၉ ရက်မှာ ကာ
ကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။

❤24👍9🖕4🥰1
အာဏာသိမ်းစစ်တပ်အတွက် အခု စက်တင်
ဘာလဟာ ဆုံးရှုံးမှုကြီးမားတဲ့လအဖြစ် မှတ်
တမ်းဝင်နေပြီးဖြစ်ပါတယ် ။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော် ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေ နောက်ပိုင်းမှာ အခုစက်တင်
ဘာလဟာ တော်လှန်ရေးတပ်တွေအတွက် စစ်ရေးအောင်မြင်မှုကြီးကြီးမားမားရတဲ့လဖြစ်လာပါတယ် ။
ဘာကြောင့်လဲ ဆိုရင် နိုင်ငံတစ်ဝန်းပြည်သူတွေကိုပါပစ်မှတ်ထားပြီး နေစဥ်ဗုံးပတ်ကြဲနေတဲ့ စစ်တပ်ရဲ့ တံတားဦးလေတပ်ကို ဂျန်ဘာအထပ်ထပ်ကာထားတဲ့ကြားက PDF ၊ပကဖရဲဘော်တွေရဲ့ ဒရုန်းတွေ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်နိုင်ခဲ့တာ ၊ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်ရေယာဥ်အုပ်စုတွေ ရက်ပိုင်းအတွင်းမှာပဲ စစ်သဘော်ဆယ်စီးကျော် ဖျက်ဆီးခံရတာ ၊ ရခိုင်ပြည်နယ်ကို တန်ပြန်
ထိုးစစ်ဆင်ပေမယ့် စစ်တပ်စစ်ကြောင်းတွေ အထိနာပြီး တိုက်စစ်ကနေ စခန်းတွေထပ်ပါမသွားအောင် ခံစစ်ပြန်ဖြစ်နေတာ စတဲ့အခြေအနေတွေကြောင့်ပါ ။ဒီစစ်ဆင်ရေးအများစုမှာ ဒရုန်းတွေရဲ့အစွမ်းကြောင့် ပြည်သူတွေကိုယ်တိုင် ရက်ပိုင်းအတွင်း မြင်တွေ့ခွင့်ရနေတာ ကလည်း နွေဦးတော်လှန်ရေးမှာ ထူးခြားတဲ့အရွေ့တွေဖြစ်နေပါတယ် ။
●PDF တွေရဲ့တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု
စစ်တပ်က လေကြောင်းရန်နဲ့ ဒရုန်းရန်ကာကွယ်ရေးဂျန်ဘာတွေ ၊လေကာစနစ်တွေအထပ်ထပ်တပ်ဆင်ထားတဲ့ကြားက တံတားဦးလေတပ်စခန်းကို PDF နဲ့ပကဖတွေက စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုက မြန်မာပြည်သူတွေကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့သလို ၊နိုင်ငံတကာကသတင်းဌာနတွေမှာပါ ဖော်ပြတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်လာပါတယ် ။
တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
အဲဒီလေတပ်စခန်းဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။
စက်တင်ဘာ ၁၀ ရက်မွန်းလွဲ တစ်နာရီခွဲဝန်းကျင်မှာ စစ်တပ်ရဲ့ YAK-130 တိုက်လေ
ယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့အသိပေးသလို ရုပ်သံမှတ်တမ်းတွေမှာ တိုက်လေယာဥ် နဲ့ လေယာဥ်ပြေးလမ်းပေါ်က လေတပ်ကစစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်းထုတ်ဖော်ပြသပါတယ်။
PDF စစ်ရုံးချုပ် နဲ့ NUG ကာကွယ်ရေးဝန်ကြီး
ဌာနတို့ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေ ဖော်ပြမထားပေမဲ့ မြင်းခြံခရိုင်PDFတပ်ရင်းတွေရဲ့ထုတ်ပြန်မှုမှာလေတပ်စခန်းအတွင်းက jet Fighter (၄)စီး ထိမှန်ခဲ့ပြီး၂ စီးပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါ တယ်။
စစ်ဆင်ရေးမှာဝင်တဲ့ PDFတပ်ဖွဲ့ဝင်တွေရဲ့ရုပ်သံမှတ်တမ်းကိုမြင်းခြံခရိုင်PDFတပ်ရင်းတွေကထုတ်ပြန်ခဲ့ရာ တပ်ဖွဲ့ဝင်အများစုဟာ လူငယ်တွေဖြစ်ပြီးPDFရဲမေတွေပါ စစ်ဆင်ရေးမှာပါဝင်တာတွေ့ရပါတယ်။
ပြည်သူတဦးကတော့ပြည်သူတွေကိုနေ့စဥ်ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ လေတပ်ကို တိုက်ခိုက်တဲ့ PDF ရဲဘော်တွေဟာ ငယ်ရွယ်တဲ့ PDF တပ်ဖွဲ့ဝင်တွေဖြစ်နေပြီး စစ်အာဏာ
ရှင်တော်လှန်ရေးအတွက် လူငယ်တွေကမဆုတ်မနစ်ကြိုးပမ်းနေမှုကိုကြည့်ပြီး မျက်
ရည်ပါဝဲရတယ်လို့ပြောပါတယ်။
တံတားဦးလေတပ်စခန်းကိုတိုက်ခိုက်ပြီးတော့ စစ်တပ်ကလည်း ဒရုန်းတိုက်ခိုက်မှုလာတဲ့ဘက်ကို ချက်ချင်း ကားတွေ၊ရဟတ်ယာဥ်တွေနဲ့ လိုက်လာတာကြောင့် နွားထိုးကြီးမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပါတယ် ။အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်
ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင်စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့PDFစစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
အလားတူ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့သလို ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မ
တော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ပြီးတော့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနတွေက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ထုတ်ပြန်ပါတယ်။ ဒါကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက PDF တွေ ၊ပကဖတွေရဲ့ စုပေါင်းစစ်ရေးစွမ်းရည်ကိုပြသနိုင်ခဲ့တဲ့စစ်ဆင်ရေးလည်းဖြစ်ပါတယ်။

YouTube
စစ်တပ်အတွက် စစ်ရေးဆုံးရှုံးမှုများတဲ့စက်တင်ဘာ | People's Spring
စစ်တပ်အတွက် စစ်ရေးဆုံးရှုံးမှုများတဲ့စက်တင်ဘာ
နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်အတွက် အခု စက်တင်ဘာလဟာ လလယ်မရောက်သေးခင်မှာပဲ ဆုံးရှုံးမှုကြီးမားတဲ့လအဖြစ် မှတ်တမ်းဝင်နေပြီးဖြစ်ပါတယ် ။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော် ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့…

👍32❤8👏4🥰2😁2👎1🤩1🖕1
စစ်တပ်ကတော့ တံတားဦးလေတပ်အား PDFတွေရဲ့ ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပါတယ် ။ဒါ့အပြင် တိုက်ခိုက်ခံရတာက အရပ်သားတွေအသုံးပြုတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်လို့လည်း သတင်းအမှားဖော်ပြပါတယ် ။ အခုတိုက်ခိုက်မှုက ဂျင်နီဗာကွန်ဗန်းရှင်း နဲ့အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ စစ်ရာဇဝတ်မှုလို့လည်းစွပ်စွဲထားပါသေးတယ် ။အာဏာသိမ်းပြီးနောက်
ပိုင်းပြည်သူထောင်သောင်းများစွာသေဆုံးဒဏ်ရာရအောင် ဗုံးပတ်ကြဲနေတဲ့စစ်တပ်က တိုက်လေယာဥ်တွေ တိုက်ခိုက်ခံရတာဟာ စစ်ရာဇဝတ်မှုလို့ ပြောတဲ့အပေါ် ပြည်သူတွေကလည်း လှောင်ပြောင်ကြပါတယ် ။
စစ်တပ်က အဓိကစစ်ဘက်သုံးလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနဲ့ မျက်နှာချင်းဆိုင် တစ်မိုင်ခွဲကျော်မှာတည်ရှိနေသောမန္တလေးအပြည်ပြည်ဆိုင်ရာအရပ်
ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်
စားဝါဒဖြန့်နေတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ပါတယ် ။
ဒါ့အပြင်စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်
ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်တွေအပါအဝင် စစ်
တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ
တွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့လည်း PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။ PDF စစ်ရုံးချုပ်က ပြီးခဲ့တဲ့ သြဂုတ်လမှာ တပ်မှူးကြီးတွေရဲ့အစည်းအဝေးကျင်းပပြီး ခံစစ်ကနေ
မဟာဗျူဟာအရထိုးစစ်တွေလုပ်မယ်လို့ကြေညာပြီးနောက် တံတားဦးလေတပ်စခန်းတိုက်ခိုက်မှုက ထင်ရှားတဲ့ PDF တွေရဲ့စစ်ဆင်ရေးဖြစ်လာပါတယ် ။
လေတပ်စခန်းတိုက်ခိုက်မှု တိုက်လေယာဥ်ထိခိုက်မှုအပေါ် အခုချိန်ထိအငြင်းပွားမှူတွေကရှိနေဆဲပါ ။ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေက တိုက်လေယာဥ်တွေကို လေယာဥ်ထားတဲ့အဆောက်အအုံမှာ ပိုက်ကွန်တွေ ကာထားတာမို့ထိခိုက်မှုမရှိဘူး လို့ပြောဆိုရေးသားနေကြပါတယ် ။စစ်တပ်က ကနဦးမှာ ဒရုန်းတွေဟာလေတပ်အတွင်းတောင်မရောက်ခဲ့ဘူးထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် FPV ဒရုန်းတွေက တိုက်လေယာဥ်ဆီအနီးကပ်ပျံသန်းတိုက်ခိုက်တဲ့ ၊ လေယာဥ်ပြေးလမ်းပေါ်မှာလေတပ်စစ်သားတွေက ဒရုန်းနဲ့ပစ်ခတ်ဟန်တားပေမယ့် စစ်သားနဲ့ ကားအနီး ပျံသန်းတိုက်ခိုက်တဲ့ ဗီဒီယိုမှတ်တမ်းတွေကြောင့် စစ်တပ်သတင်းလိမ်ညာကြေညာထားတာသိသာခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ပိုက်ကွန်တွေကြောင့်ထိခိုက်မှုမရှိဘူးလို့ထပ်မံငြင်းချက်ထုတ်ကြတာဖြစ်ပါတယ်။
ဒါပေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဂျန်ဘာတွေအများကြီးအသုံးပြုထားတဲ့ လေတပ်စခန်းကို PDF တွေရဲ့ဒရုန်းတွေကထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာနိုင်ပြီ၊ လေတပ်ထဲထိုးဖောက်တဲ့နည်းပညာရှိသွားပြီ ဆိုတာကိုက နွေဦးတော်လှန်ရေးမှာ ပြည်သူ
လူထုရဲ့ ခုခံတွန်းလှန်စစ်က အဆင့်တစ်ခုတက်လာပြီးဆိုတာ အာဏာသိမ်းစစ်အုပ်စုကို ထင်ရှားတဲ့သတင်းစကားပါးလိုက်တာဖြစ်ပါတယ် ။
https://youtu.be/3xtpckvscWk?si=FZbzbYMY1H9-MUCT
ပိုင်းပြည်သူထောင်သောင်းများစွာသေဆုံးဒဏ်ရာရအောင် ဗုံးပတ်ကြဲနေတဲ့စစ်တပ်က တိုက်လေယာဥ်တွေ တိုက်ခိုက်ခံရတာဟာ စစ်ရာဇဝတ်မှုလို့ ပြောတဲ့အပေါ် ပြည်သူတွေကလည်း လှောင်ပြောင်ကြပါတယ် ။
စစ်တပ်က အဓိကစစ်ဘက်သုံးလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနဲ့ မျက်နှာချင်းဆိုင် တစ်မိုင်ခွဲကျော်မှာတည်ရှိနေသောမန္တလေးအပြည်ပြည်ဆိုင်ရာအရပ်
ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်
စားဝါဒဖြန့်နေတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ပါတယ် ။
ဒါ့အပြင်စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်
ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်တွေအပါအဝင် စစ်
တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ
တွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့လည်း PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။ PDF စစ်ရုံးချုပ်က ပြီးခဲ့တဲ့ သြဂုတ်လမှာ တပ်မှူးကြီးတွေရဲ့အစည်းအဝေးကျင်းပပြီး ခံစစ်ကနေ
မဟာဗျူဟာအရထိုးစစ်တွေလုပ်မယ်လို့ကြေညာပြီးနောက် တံတားဦးလေတပ်စခန်းတိုက်ခိုက်မှုက ထင်ရှားတဲ့ PDF တွေရဲ့စစ်ဆင်ရေးဖြစ်လာပါတယ် ။
လေတပ်စခန်းတိုက်ခိုက်မှု တိုက်လေယာဥ်ထိခိုက်မှုအပေါ် အခုချိန်ထိအငြင်းပွားမှူတွေကရှိနေဆဲပါ ။ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေက တိုက်လေယာဥ်တွေကို လေယာဥ်ထားတဲ့အဆောက်အအုံမှာ ပိုက်ကွန်တွေ ကာထားတာမို့ထိခိုက်မှုမရှိဘူး လို့ပြောဆိုရေးသားနေကြပါတယ် ။စစ်တပ်က ကနဦးမှာ ဒရုန်းတွေဟာလေတပ်အတွင်းတောင်မရောက်ခဲ့ဘူးထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် FPV ဒရုန်းတွေက တိုက်လေယာဥ်ဆီအနီးကပ်ပျံသန်းတိုက်ခိုက်တဲ့ ၊ လေယာဥ်ပြေးလမ်းပေါ်မှာလေတပ်စစ်သားတွေက ဒရုန်းနဲ့ပစ်ခတ်ဟန်တားပေမယ့် စစ်သားနဲ့ ကားအနီး ပျံသန်းတိုက်ခိုက်တဲ့ ဗီဒီယိုမှတ်တမ်းတွေကြောင့် စစ်တပ်သတင်းလိမ်ညာကြေညာထားတာသိသာခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ပိုက်ကွန်တွေကြောင့်ထိခိုက်မှုမရှိဘူးလို့ထပ်မံငြင်းချက်ထုတ်ကြတာဖြစ်ပါတယ်။
ဒါပေမယ့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဂျန်ဘာတွေအများကြီးအသုံးပြုထားတဲ့ လေတပ်စခန်းကို PDF တွေရဲ့ဒရုန်းတွေကထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာနိုင်ပြီ၊ လေတပ်ထဲထိုးဖောက်တဲ့နည်းပညာရှိသွားပြီ ဆိုတာကိုက နွေဦးတော်လှန်ရေးမှာ ပြည်သူ
လူထုရဲ့ ခုခံတွန်းလှန်စစ်က အဆင့်တစ်ခုတက်လာပြီးဆိုတာ အာဏာသိမ်းစစ်အုပ်စုကို ထင်ရှားတဲ့သတင်းစကားပါးလိုက်တာဖြစ်ပါတယ် ။
https://youtu.be/3xtpckvscWk?si=FZbzbYMY1H9-MUCT
YouTube
စစ်တပ်အတွက် စစ်ရေးဆုံးရှုံးမှုများတဲ့စက်တင်ဘာ | People's Spring
စစ်တပ်အတွက် စစ်ရေးဆုံးရှုံးမှုများတဲ့စက်တင်ဘာ
နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်အတွက် အခု စက်တင်ဘာလဟာ လလယ်မရောက်သေးခင်မှာပဲ ဆုံးရှုံးမှုကြီးမားတဲ့လအဖြစ် မှတ်တမ်းဝင်နေပြီးဖြစ်ပါတယ် ။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော် ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့…
နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်အတွက် အခု စက်တင်ဘာလဟာ လလယ်မရောက်သေးခင်မှာပဲ ဆုံးရှုံးမှုကြီးမားတဲ့လအဖြစ် မှတ်တမ်းဝင်နေပြီးဖြစ်ပါတယ် ။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော် ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့…
👍41👏11❤9💩2👎1🥰1😁1🖕1