People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်းမှာ ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ပြသချင်တဲ့အတွက် ဖျော်ဖြေပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊​ဘောလုံးပွဲအပါအဝင် အားကစားပြိုင်ပွဲ​တွေ ၊​ဈေးပွဲ​တော်တွေကို မစည် စည်​အောင်ဖိအား​ပေးပြီး​တောင် လုပ်​လေ့ပါတယ်။

​စစ်အာဏာရှင်​တွေရဲ့ အဓိကသက်တမ်းရှည်ရေး မဟာဗျူဟာဖြစ်တဲ့ တိုင်းပြည်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် အခုလို လူနှစ်သောင်းကျော်နဲ့ အောင်မြင်တယ်ဆိုတဲ့ ရှိုးပွဲမျိုးတွေဟာ အဆိုပါ စစ်အုပ်စု လိုချင်တဲ့ ပုံရိပ်ကို အကောင်းဆုံး ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ လူငယ်တွေ အဓမ္မစစ်မှုထမ်းခိုင်းခံနေရချိန်မှာ ပွဲကြီးလမ်းကြီးတွေ ကျင်းပခွင့်ပေးတယ်ဆိုတာက စစ်အုပ်စုရဲ့ ခွင့်ပြုချက်၊ လုံခြုံရေး အပြည့်အဝပေးမှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလုပ်တဲ့ကွင်းရဲ့ အနီးက တိုက်တွေပေါ်မှာ လက်နက်ကိုင်ထားပြီး စစ်အုပ်စုကလုံခြုံရေးယူပေးထားတယ်လို့လည်း စုံစမ်းသိရတယ်။

ဒါကြောင့် ဒီလိုပွဲမျိုးဟာ တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံရိပ်ဆိုးတွေကို ဖုံးကွယ်ပေးပြီး သာမန်အတိုင်း ရှိနေသယောင် ဝါဒဖြန့်ရာမှာ သွယ်ဝိုက်ပြီး ပုံဖော်ပေးသလို ဖြစ်သွားစေပါတယ်။စိုင်းစိုင်းခမ်းလှိုင်အပါအဝင် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေကလည်း စစ်တပ်ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် အင်တိုက်အားတိုက်ကို အားဖြည့်နေကြတာပါ။

ကျွန်တော်တို့တတွေဟာ နေ့စဥ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ နိုင်ငံတကာကသိအောင် အော်နေကြပါတယ်။ ကူပါ ကယ်ပါဆိုတဲ့ အသံတွေဟာ အော်ရလွန်းလို့ လည်ချောင်းတွေလည်း နာလှပြီ။ ခက်တာက အဲဒီလို အကူအညီတောင်းသံတွေ ဖုံးလွှမ်းသွားအောင် ဇာတ်သဘင်ကလည်း ကူညီတယ်။ ရုပ်ရှင်ကလည်း ပံ့ပိုးတယ်။ ဂီတကလည်း အားဖြည့်တယ် ။​ဘောလုံးပွဲ​တွေကလည်းကူညီ​နေကြပြန်ပါတယ်။

ဒါ့အပြင် အနုပညာဆိုတာ လူထုရဲ့ အကျပ်အတည်းနဲ့ ခံစားချက်တွေအပေါ် ရပ်တည်ဖို့လိုပါတယ်။ ပြည်သူတွေ ​သွေးမြေကျနေချိန်၊ မျိုးဆက်သစ်လူငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ငွေကြေးအကျိုးအမြတ်အတွက် ဒီလိုပွဲမျိုးကို လက်ခံကျင်းပတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ ကျင့်ဝတ်နဲ့ လူထုအပေါ် သစ္စာ
စောင့်သိမှုပိုင်းကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။



https://www.ludunwayoo.com/opinion-mm/2026/09/08/167722/
👍24🖕6❤3🔥2🤬2🥴2🤮1
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်
လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

မြေးဖြစ်သူကို နိုင်ငံခြားကိုကျောင်းသွားတက်ခိုင်းထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတယ်။ “စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိဘူး။ အမေရိကားမှာလည်း ထမ်းတာပဲ။ တရုတ်ပြည်မှာလည်း ထမ်းတာပဲ။ ရုရှားမှာလည်း ထမ်းတာပဲ။ အိန္ဒိယလည်း ထမ်းတာပဲ။ ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။..ဒါမထူးဆန်းဘူး။ ဒီဟာပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်”လို့ ပြောဆိုခဲ့တယ်။ ပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်လက်​အောက်မှာ မင်း​အောင်လှိုင်မိသားစုကိုချဥ်းကပ်ပြီး စစ်တပ်အလိုကြဝါဒဖြန့်ချီ​ရေး​​တွေမှာတက်တက်ကြွကြွ လုပ်ရင်း ပ​ရောဂျက်များစွာရ​နေသူပါ ။

အလားတူ သရုပ်ဆောင် နေအောင်ကလည်း “လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး”လို့ ပြောပြန်ပါတယ်။ ​နေ​အောင်ကလည်း စစ်သားမိသားစုကကြီးပြင်းလာတာမို့ စစ်တပ်​ကျေးဇူးဆပ်မကုန်ဆိုပြီး အာဏာလုအုပ်စုအတွက် တက်တက်ကြွကြွဝါဒဖြန့်​ပေးတဲ့ ဦး​လေကြီးမှာ အဲဒီစစ်တပ်က​ပေးတဲ့ ​ကြွေးတဲ့​ငွေ​တွေ၊ထမင်း​တွေဟာ ပြည်သူ့ဘဏ္ဍာ​တွေ ၊တိုင်းပြည်ရဲ့ရင်းမြစ်​တွေသာဖြစ်တယ်ဆိုတာထိကို မမြင်နိုင်ဘဲ စစ်တပ်ကိုပဲအစဥ်အမြဲ ကိုးကွယ်​နေသူပါ ။

ဦးလေးတို့ခင်ဗျာ။ စစ်မှုထမ်းတာဟာ ပုံမှန်အားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတာက နိုင်ငံတော်အတွက် လုံးဝ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ဖို့ပါ။ နိုင်ငံတော်ကို ကာကွယ်တာနဲ့ မိဘပြည်သူကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို ကာကွယ်ပေးတာ မတူပါဘူး။ နိုင်ငံအတွက် စစ်မှုထမ်းရတာ ဂုဏ်ယူစရာ ဖြစ်နိုင်ပေမဲ့ ပြည်သူကို ပြန်ပစ်နေတဲ့ တပ်ထဲမှာ စစ်မှုထမ်းရတာကတော့ ဂုဏ်ယူစရာ လုံးဝမဟုတ်ပါဘူး။

ပိုဆိုးတာက ဒီစစ်တပ်က ၁၉၆၂ အာဏာ
သိမ်းပြီးချိန်က​နေ အခုချိန်ထိ တိုင်းရင်းသားပြည်သူ​တွေအ​ပေါ် စစ်ရာဇဝတ်မှု​တွေအခါခါကျူးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ်၊အထူး
သဖြင့် ၂၀၂၁ အာဏာသိမ်းပြီး​နောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ပြည်သူ​တွေကို ပစ်
ခတ်သတ်ဖြတ်တာကစပြီး စာသင်​နေတဲ့​ကျောင်းသားငယ်​တွေ၊တရားစခန်းက သံဃာ​တော်​တွေ ၊စစ်​ရှောင်စခန်း​တွေက ကိုယ်ဝန်​ဆောင်သယ်​တွေ သက်ကြီးရွယ်ပါမ​ရှောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်​နေတဲ့ ၊သတ်
ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်သား​တွေသာဖြစ်ပါတယ်။အခုလိုဘက်​ပေါင်းစုံအကြပ်အတည်းဆိုက်ပြီးကျရှုံးနိုင်ငံဖြစ်​အောင် စစ်အာဏာ
ရှင်​တွေခိုင်းတဲ့ အတိုင်းလိုက်လုပ်တဲ့ တိုင်း
ပြည်ကို ဖျက်ဆီး​နေတဲ့စစ်ရာဇဝတ်သား​တွေသာဖြစ်ပါတယ် ။တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်​​တေသူ​တွေမဟုတ်ပါဘူး ။

ဦးလေးတို့နှစ်ယောက် အသက်က ၈၀ ပတ်
ချာလည်တွေ။ ကိုယ်တိုင်လည်း ရှေ့တန်းသွားရမယ့် အသက် မဟုတ်တော့သလို၊ ကိုယ့်သားသမီး မြေးတွေလည်း စစ်မှုမထမ်းဘဲ ဂုဏ်ယူစရာလို့ လွယ်လွယ်မပြောစေချင်ပါ။ တကယ် ဂုဏ်ယူစရာလို့ ထင်ရင် ကိုယ့်သား
သမီး၊ ကိုယ့်မြေးတွေကို အရင်ဆုံး စစ်တပ်ထဲ ပို့ပြစေချင်ပါတယ်။

ဦးစိုးမိုးက နိုင်ငံတကာက စစ်မှုထမ်းတာတွေ ထောက်ပြတယ်။ ဦးရေ။ ကိုရီးယားနဲ့ အမေရိကန်မှာ စစ်မှုထမ်းရင် သက်ဆိုင်ရာ နိုင်ငံက စစ်သည်တွေရဲ့ အသက်အန္တရာယ်၊ အခွင့်အ
ရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးတယ်။ ပြီးတော့သူတို့ကပြည်သူလူထုက ရွေး
ချယ်ပေးထားတဲ့အရပ်သားအစိုးရရဲ့ အုပ်
ချုပ်မှု​အောက်မှာ တာဝန်ထမ်းတဲ့ လူ့အခွင့်အ​ရေးနဲ့ဒီမိုက​ရေစီကို​လေးစားတဲ့ ပ​ရော်ဖက်ရှင်နယ်စစ်တပ် ။ဒီမှာကစစ်တပ်ကအာဏာသိမ်း
ထားတာ။စစ်အာဏာရှင်တစ်စုရဲ့အကျိုး
စီးပွားအတွက် ကိုယ့်ပြည်သူကို​ပျော်​ပျော်ကြီးသတ်ဖြတ်​နေတဲ့စစ်တပ် ပါ။ ပြည်သူကိုကာကွယ်​နေတဲ့ စစ်တပ်​တွေနဲ့ ပြည်သူကို ပြန်သတ်​​နေတဲ့ မင်း​အောင်လှိုင်သစ်တပ်က
နှိုင်းယှဥ်လို့​တောင်မရပါဘူး။
👍24🖕6🥴2❤1🔥1🥰1
ပြီးတော့ စစ်မှုထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေ ဒေသတွေမှာ လုံခြုံရေးသဘောလောက် ထားမယ်ဆိုပြီး ပြောထားပြီး အခုကျ သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့ပြီး အ​သေခံစစ်တိုက်ခိုင်း​နေတာပါ။ တခြားနိုင်ငံက စစ်မှုထမ်းတာနဲ့ ယှဥ်လို့မရပါဘူး။ ဒါကိုမယုံဘူးဆိုရင် အခု ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ KIA ဖမ်းထားတဲ့ စစ်သုံ့ပန်း​တွေကိုသွားကြည့်ပါ ။ ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး အာရက္ခတပ်​တော် ​ချေမှုန်းတာခံ​နေရတဲ့ စစ်တပ်ရဲ့ စစ်သုံ့ပန်း​တွေကို ကိုယ်တိုင်သွား​မေးကြည့်ကြပါ ။ ပြည်သူ့စစ်​တွေဘဝ ဘယ်​လောက်ဆိုးတယ်ဆိုတာမင်း​အောင်လှိုင်နဲ့အတူလူကြီး
မင်းတို့ကိုပါ ကျိိန်စာတိုက်ပြီး ပြန်​ပြော​ပေးကြပါလိမ့်မယ် ။


https://www.ludunwayoo.com/opinion-mm/2026/09/18/168553/
💩15🖕7🥴5🤣2👍1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှုပြုလုပ်ခဲ့ပြီး နှစ်ဦးစလုံး အောင်မြင်ခဲ့တယ်လို့ UFC က ထုတ်ပြန်ပါတယ်။ UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ဂျိုရှုအာဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာ တို့ဟာ မနက်ဖြန် စက်တင်ဘာ ၂၀ရက် မြန်မာစံတော်ချိန် မနက် ၈ နာရီမှာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် UFC-331 ပြိုင်ပွဲရဲ့ Main Event - အဓိကခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။ ဆေးစစ်ဝိတ်ချိန်အပြီးမှာတော့ မနက်ဖြန်ပွဲနဲ့ ပတ်သက်လို့ ကစားသမားတွေကို UFC က အင်တာဗျူးခဲ့ပါတယ်။ ဘရာဇီးဖိုက်တာ ပန်တိုဂျာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ချင်းတိုင်းရင်းသား ဗန်ကို ရှုံးနိမ့်ခဲ့ပြီး မနက်ဖြန်မှာ အဲဒီလို ထပ်အဖြစ်ခံမှာမဟုတ်ဘူးလို့ ပွဲကြိုအင်တာဗျူးမှာ ပြောပါတယ်။ ဗန်ကတော့ မနက်ဖြန်ပွဲမှာ သူနိုင်၊ ကိုယ်နိုင် အပြိုင်ကြဲမှာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ထိုးသတ်ပွဲဟာ မတော်တဆ အနိုင်ရခဲ့တာမဟုတ်ဘဲ ဖြစ်ရမယ့်အတိုင်း ဖြစ်ခဲ့တာလို့ ဗန်က ဆိုပါတယ်။ ဂျိုရှုအာဗန်ဟာ သြဂုတ်လအတွင်းက ပွဲကြိုPressမှာလည်း ပန်တိုဂျာကို (၃)ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပြောခဲ့ပါသေးတယ်။

◾️ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာ အမျိုးသမီး ခန့်အပ်

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာအတွက် အမျိုး
သမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှု
ဆောင်အဖွဲ့ကိုစက်တင်ဘာ ၁၉ရက်မှာ ပြန်
လည်ဖွဲ့စည်းလိုက်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (၂၇) ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာအပြင်ကောင်စီရဲ့အလုပ် အမှု
ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာကို ကရင်နီပြည်အမျိုးသမီးများအင်အားစုက
မူအန်းဂျယ်လာရွေးချယ်ခံရပြီး ဒု-ဥက္ကဋ္ဌ က ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခူးထဲဘူး ဖြစ်လာပါတယ်။ ဒါ့အပြင် အထွေ
ထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုး
သမီးများအင်အားစုက ဆိုဖီယာ​ဒေးမြာ၊ ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်က တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေး
ချယ်ခံရပါတယ်။



◾️စဉ့်ကူးက ဘုန်းကြီးတပါးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာက ကျောင်းထိုင်ဆရာတော်တပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်​နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်က သဲအင်းရွာနဲ့ ကျွန်းကြီးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်က သဲအင်းရွာ၊ ယွန်းကျောင်းဆရာတော်ကို ဖမ်းဆီးပြီး လူဝတ်လဲကာ နေပူလှန်း၊ ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက နိုင်ငံရေးခံယူချက်ရှိတယ်ဆိုပြီး စစ်တပ်သတင်းပေးတွေက တိုင်တန်းလို့ ချက်ချင်းလူဝတ်လဲ နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ အခု အဲဒီကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားပြီလို့ ကြားသိရကြောင်းလည်း အဲဒီဒေသခံက ဆိုပါတယ်။ ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၄၀ ဝန်းကျင်ရှိပြီး ‌‌ ဒေသခံတွေက ဥူးဇင်းတင့်လွင်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။ စစ်တပ်က ဆရာတော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နောက်ထပ်ဒေသခံ ၅ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ အလားတူပဲ ကျွန်းကြီးရွာက စစ်တပ်ကလည်း ဇီးကျွန်းရွာက ဒေသခံ ၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။ အဲဒီဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေဟာ ရွာအတွင်း ‌‌‌မနေရဲ​တော့ဘဲ အများစုက ရှောင်တိမ်းနေကြတယ်လို့ စုံစမ်းသိရပါတယ်။

◾️ခေါင်လန်ဖူးက စစ်တပ်စခန်း အရေးပါလို့ ၃ကြိမ်တိုင် ထိုးစစ်ဆင်ခဲ့ရ

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဇူလိုင် ဒုတိယပတ်အတွင်းက နယ်ခြားမှတ်တိုင် ၃၀ပေါ်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ရက် မနေ့ကလည်း ဒေသတွင်းမှာ အရေးပါတဲ့ စစ်တပ်ရဲ့ အခိုင်အမာစခန်းကို ထပ်မံ သိမ်းရခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ အဲဒီရဟတ်ယာဥ်ကွင်းကို ကာကွယ်ဖို့အတွက် စခန်းအခိုင်အမာတွေလုပ်ထားတာကြောင့် ၃ ကြိမ်လောက် ထိုးစစ်ဆင်ပြီးမှ သိမ်းရခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️ဗန်း​​မော်ရေကြောင်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ကူ ထောင်ချီသုံး
🤮10❤8🖕3👍1👎1
ကချင်ပြည်နယ်၊ ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ဟာ သူ့ရဲ့သင်္ဘောတွေ လုံခြုံရေးနဲ့ မြစ်ကြောင်းလုံခြုံရေး မြေပြင်စစ်ကြောင်းတွေအတွက် လေကြောင်းပစ်ကူအဖြစ် ဗုံးအလုံးရေ ထောင်ချီကြဲချခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်အုပ်စုရဲ့ သင်္ဘောတွေ ကချင်ပြည်နယ်ကို စတင်ဝင်ရောက်တဲ့ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၆ရက်အထိသုံးပတ်တာအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို သတင်းရင်းမြစ်က ရှင်းပြတာပါ။ အဲဒီကာလအတွင်း စစ်တပ်က တိုက်လေယာဉ်တွေနဲ့အကြိမ်ပေါင်းရာချီ ဗုံးကြဲတဲ့အပြင် Y12 လေယာဉ်တွေနဲ့လည်း ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

◾️အာဏာသိမ်းလိုက်တာကြောင့် စစ်သားတွေ အလုပ်ပိုရှုပ်၊ ပိုပင်ပန်းတော့မယ်လို့ ခံစားခဲ့ရကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးအောင်ဖြိုးဝေ ပြော

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။ ဗိုလ်မှူးအောင်ဖြိုးဝေဟာ ဇွန်လ ၁ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ မကွေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်မှူးအောင်ဖြိုးဝေ၊ ဗိုလ်ကြီးပြည့်စုံအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးကို ပစ္စတိုသေနတ် ၁၉ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ ဗိုလ်မှူးအောင်ဖြိုးဝေရဲ့ ပြောကြားချက်ကို ဖော်ပြခဲ့တာပါ။

◾️စစ်သင်္ဘောတွေ တိုက်ခိုက်ခံရစဉ်ရေထဲမျောပြီး မြစ်ကမ်းဘေးတယောက်တည်း နှစ်ပတ်​ကျော်အစာမစားရတဲ့ စစ်တပ်မိသားစုဝင် ကလေးငယ်ကို KIA ပူးပေါင်းတပ်ကယ်တင်

ကချင်ပြည်နယ် ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ်။ ရေထဲမျောပါပြီး ကမ်းဘေးတွေတောတွေမှာ တင်ကျန်နေတဲ့ သူတွေကို တော်လှန်ရေးရဲဘော်တွေက စက်လှေငယ်တစီးနဲ့ လိုက်လံရှာဖွေခဲ့ရာ မြစ်ကမ်းဘေးတခုမှာ ကလေးငယ်တဦးကို ရှာဖွေကယ်တင်နိုင်ခဲ့တာပါ။ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက ကလေးငယ်ကိုအစားအစာ​ပေးစားခိုင်းပြီး၊ ဓာတ်ဆားရည်တိုက်တာခဲ့တာ တွေ့ရပါတယ်။

◾️ပေါ်တာဆွဲကြမ်းနေတဲ့ မုံရွာမှာ ဘုရားကြီးပွဲကျင်းပဖို့ စီစဥ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့က အထင်ကရ မုံရွာဘုရားကြီးပွဲတော်ကို ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရာ အာဏာသိမ်းကာလတလျှောက်မှာလည်း ကျင်းပခဲ့ခြင်းမရှိကြောင်း၊ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က လာမယ့် သီတင်းကျွတ်လ၊ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ၁၀ ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ မုံရွာမြို့ပေါ်က လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ကျောင်းသားလူငယ်တွေကအစ ပေါ်တာဆွဲခံနေရကြောင်း၊ မနှစ်က သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေ၊ နှစ်သစ်ကူးကာလတွေမှာလည်း အာဏာသိမ်းစစ်တပ်က ပွဲတော်တွေ ပြုလုပ်ပြီး ပေါ်တာဆွဲခဲ့တာကြောင့် ယခုဘုရားကြီးပွဲမှာလည်း ပေါ်တာဆွဲမှာကို စိုးရိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

◾️စစ်ကားအစီးရေ ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊ လောင်းရှည်မြို့ကို ဦးတည်လာနေတယ်လို့ မကွေးတိုင်း ပကဖက ဒီနေ့ စက်တင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီစစ်အုပ်စု ယာဥ်တန်းမှာ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ ဖော်ပြအသိပေးပါတယ်။ မကွေးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကားအစီးရေ (၁၈၂) စီးပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က်ရောက်ရှိလာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်တန်းစစ်ကြောင်းက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှု ပြုလုပ်ထားပြီး တပ်မ(၈၈)က လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ အသိပေးပါတယ်။ ယာဥ်တန်းမှာ မစ်ဇိုင်းဒုံးတင်ကား ၂စီး၊ လက်နက်ကြီးကား ၃စီး၊ ဂျန်ပါကားတွေပါပြီး မကြာခင် စလင်းကို ဝင်‌တော့မယ်လို့ မကွေးတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ သြစတြေးလျရောက်မြန်မာတွေ ပြုလုပ်
❤14🤮2🖕2👍1
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီနေ့ စက်တင်ဘာ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျ အထက်လွှတ်တော်အမတ် David Shoebridge နဲ့ Jessica Collinsတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက "Our US Ambassador H.E. Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador Myanmar's Voice" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
❤16👍2🖕2🤮1
👍12🖕3🔥2🥰1💩1
ဒဏ်ရာရစစ်သား​တွေသယ်လာတဲ့စစ်သင်္ဘော
တွေပြန်ဆင်းလာလို့မြစ်ကမ်းဘေးရွာတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်
သတိပြုဖို့တော်လှန်ရေးတပ်တွေတိုက်တွန်း

စက်တင်ဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People's Spring

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်
ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်
ရေးတပ်တွေကသတိပေးထားပါတယ်။

ဗန်းမော်မြို့နဲ့ ​ရွှေကူမြု့ကနေ ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ အထိနာပြီး ဒဏ်ရာရစစ်သားတွေကိုပြန်သယ်လာတဲ့ စစ်အုပ်စု ရဲ့ စစ်သင်္ဘော​တွေအပါအဝင်သင်္ဘောမျိုးစုံ
အစီးရေ ၂၀ ခန့်ဟာ စက်တင်ဘာလ၁၉ ရက်နေ့၊နေ့လည်၁၂နာရီ မှာသပိတ်ကျင်းမြို့နယ်အတွင်းက မြစ်ကြောင်းကို ဖြတ်ကာ မန္တလေးမြို့ဘက်ကို ဆက်လက်စုန် နေတယ်လို့ စုံစမ်းသိရပါတယ်။

သပိတ်ကျင်းမြို့ကနေ စဉ့်ကူး၊မတ္တရာမြို့နယ်အနောက် ခြမ်းတို့ကို ဖြတ်သန်းကာ မန္တလေးမြို့၊ဂေါ်ဝိန်‌ ဆိပ်ကမ်းကို ကပ်မယ်လို့ သိရပါတယ်။

"လုံခြုံရေး လိုက်လာတဲ့ Mi-35 တစီးပါတယ်လို့သိရတယ်။မနေ့ကမြစ်ကမ်းဘေးစကစ အ
ထိုင်နေရာတချို့အင်အားတိုးတာတွေလည်း
ရှိတယ်။မြစ်ကမ်းဘေး ပြည်သူ တွေရှောင်သင့်ရင် ခဏကြိုရှောင်တာမျိုး အဆင်သင့်ပြုလုပ်ထားသင့်တယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်အုပ်စုက ဂေါ်ဝိန်ဆိပ်ကမ်းကနေတဆင့် ဗန်းမော်မြို့ကို သြဂုလကုန်ပိုင်းမှာ စစ်ကူနဲ့လက်နက်ခဲယမ်းနဲ့ ရိကာ​တွေပို့ဆောင်ဖို့ကြိုးစားခဲ့တာမှာ KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှု​ကြောင့် စစ်သင်္ဘော​တွေအပါအဝင် သင်္ဘော ၂၀ စီးဝန်းကျင် ပျက်စီခဲ့ပါတယ် ။အရာရှိ​​တွေအပါအဝင် စစ်သားအများအပြားလည်း​သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ပထမစစ်သင်္ဘော အုပ်စုအထိနာတာ​ကြောင့် ထပ်ပို့တဲ့ စစ်သင်္ဘော​တွေလည်း​ရွှေကူမြို့မှာပဲ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။

အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီးစစ်သင်္ဘောတချို့သာ ဗန်း​မော်ကမ်းကပ်နိုင်ခဲ့ပြီး ဗန်း​မော်က​နေ ​ရွှေကူမြို့ကိုပြန်ဆင်းချိန်မှာလည်းတိုက်ခိုက်ခဲ့ရပါတယ် ။ စစ်သင်္ဘော​တွေသာပက သင်္ဘော​တွေလုံခြုံ​ရေးအတွက် စင်ခန်းတံတားနဲ့ ဇင်ဘုံရွာကြားမှာ နယ်​မြေရှင်းဖို့ကြိုးစားတဲ့ စစ်တပ်စစ်​ကြောင်း​တွေကိုလည်း KIA ပူး​ပေါင်းတပ်က တိုက်ခိုက်တာ​ကြောင့် စစ်​ကြောင်းပျက်တယ်အထိတိုက်ခိုက်ခံပြီး ​ခြေကုပ်စခန်းအချို့လည်းဆုံးရှုံးခဲ့ပါတယ်။

ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ ကြည်း၊​ရေ၊​လေ အသုံးပြု​ပေမယ့် စစ်ရှုံးခဲ့တဲ့စစ်တပ်က
ဗန်း​မော်၊ ရွှေကူ၊ ကသာမြို့​တွေက အရပ်သား
သင်္ဘော​တွေကိုပါ ​ချောဆွဲပြီးတိုက်ပွဲမှာ ဒဏ်ရာရစစ်သားတွေ ၊ကချင်ပြည်နယ်က​နေ တပ်​ပြောင်းသူ​တွေကိုသယ်​ဆောင်လာပြီး မန္တလေး မြို့ကို ပြန်စုန်လာတာလို့ စုံစမ်းသိရပါတယ်။

အဲဒီစစ်တပ်​ရေယာဥ်အုပ်စုထဲက တွန်း
သင်္ဘော​ပေါ်က စက်တင်ဘာ ၁၇ ရက်ကည ၈ နာရီ​ကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မိုးသား​လေးရွာက မုန့်တီ​ရောင်းတဲ့အိမ်ကိုထိမှန်ပြီး အမျိုးသား ၁ဦး​သေဆုံးပြီး အမျိုးသမီး ၁ ဦး​ခြေ​ထောက်ပြတ်ခဲ့ပါတယ်။ ဒါအပြင် ​​နေအိမ်လည်းမီး​လောင်သွားပြီး ​ဒေ
သခံ​တွေကဝိုင်းပြီးမီးငြှိမ်းသတ်​ပေးစဥ်စစ်
တပ်က လေ​ကြောင်းက​နေ ထပ်မံတိုက်ခိုက်
လို့ ပြည်သူ​တွေထပ်မံဒဏ်ရာရခဲ့ပါတယ်။
👍23❤5😢2💩2🥰1🤬1🤣1🖕1
ကချင်ပြည်နယ်မှာ ပြန်ဆင်းလာတဲ့ စစ်တပ်တဲ့​ရေယာဥ်အုပ်စုထဲက ​ရေယာဥ်အချို့ ။
ဓါတ်ပုံ-Wetlet Information Network
💩15🤣5🔥3🖕2🤮1
ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက်ဒီဂဏန်းတွေကို အသုံး
မချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရန်သူကို ချေမှုန်းပစ်မယ်လို့အမြဲတစေကြွေး
ကြော်တတ်ပြီးအမြဲတမ်းနီးပါးလည်းစစ်ရှုံး​လေ့ရှိတဲ့ အာဏာသိမ်းစစ်တပ်ကိုယ်တိုင်အ
မည်မတပ်ဝံ့တဲ့ ပုန်းရှုံးကွယ်ရှိုးစစ်ဆင်ရေး
တစ်ခုဖြစ်ပါတယ်။

၄ရက်၊၉လ၊‌၂၀၂၆ ခုနှစ်မှာ ကြည်း၊ရေ၊လေစုပေါင်းပြီး ရခိုင်ပြည်နယ်ကို စတင်ထိုးစစ်ဆင်တာမို့ ၄၉၂၆ စစ်ဆင်ရေးလို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေနဲ့ စစ်တပ်​ထောက်
ခံသူ​တွေက ‌ပြောကြပါတယ်။ စစ်ဆင်ရေးအမည်ကိုအဂ္ဂမဟာသရေစည်သူအဂ္ဂမဟာသီရိသုဓမ္မလည်ဆွဲဝတ် ဧကာဒသမမြောက်သမ္မတဘွဲ့ခံဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကရော သူ့ငယ်ကျွန် တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်း ထုတ်မပြောကြပါဘူး။

စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေး အကောင့်တွေကလူမှုကွန်ယက်​တွေမှာ အာပေါင်အာရင်း
သန်သန်ပြောကြတာကနေ ၄၉၂၆စစ်ဆင်ရေးဆိုပြီးအသံထွက်လာတာပါ။ ဒါဟာ၂၀၂၁ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကမ္ဘာတဝန်းဖြစ်ခဲ့တဲ့ စစ်ပွဲတွေအနက် လူသိမခံဝံ့တဲ့ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးလို့ တော်လှန်ရေးရဲဘော်တွေနဲ့ လူထုတွေက လှောင်‌ပြောင်နေကြပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး ကြွေးကြော်
သံတွေနဲ့အတူမြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေမြိုင်နေခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံတချို့မှာလည်း စစ်မက်ထူပြောခဲ့ပါတယ်။ ရုရှနဲ့ ယူကရိန်းစစ်ပွဲ၊ အမေရိကန်၊ အစ္စရေးနဲ့အီရန် စစ်ပွဲ၊ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲတွေဟာ နည်းပညာခေတ်မှာ ပေါ်တင်စိန်ခေါ်ပြီး ချကြတဲ့ စစ်ပွဲတွေပါ။ ရခိုင်ပြည်နယ်ကို ဦးတည်တဲ့ ၄၉၂၆ ကတော့ လူသိမခံဝံ့တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။

“စစ်ဆင်ရေးအမည်ကိုတောင် ပုန်းရှိုးကွယ်ရှိုးလုပ်ပြီးတိုက်နေရတဲ့အဖြစ်။ရှက်စရာမကောင်းဘူးလား။ မရယ်ရဘူးလား”လို့ လက်ရှ်ိ အညာမြေကစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တစ်ဦးက ၄၉၂၆ အမည်ပေးစစ်
ဆင်ရေးအပေါ်သူ့အမြင်ကို ပြောပါတယ်။
လုံးဝအထင်ကြီးစရာမရှိဘူးလို့လည်းသူက ဆိုပါတယ်။

၄၉၂၆က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေကို ဦးတည်တဲ့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးကြီးလို့ စစ်တပ်အတွက်ဝါဒဖြန့်ပေးနေသူတွေ ဆက်တိုက် ပြောနေကြပါတယ်။ စစ်အုပ်စုက လပေါင်းများစွာကြာအောင် နည်းမျိုးစုံနဲ့အင်အားဖြည့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေနဲ့ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ရခိုင်ပြည်

နယ်အစပ် မကွေးတိုင်းထဲက ပဒါန်း၊ မင်းတုန်းမြို့နယ်၊ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဧရာ၀တီတိုင်းထဲက ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲက AA ထိန်းချုပ်ဒေသတွေကိုအင်အားအများအပြားသုံး ထိုးစစ်ဆင်လာတာပါ။

ဒါကိုပဲ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်နေကြတာပါ။ သူတို့ ဝါဒဖြန့် ကြွေးကြော်နေတဲ့အထဲမှာ အမုန်းတရားတွေ၊ ကြိတ်မနိုင်ခဲမရခံစားချက်တွေ၊လက်စားချေလိုခြင်းတွေ၊ လူမျိုးရေးအထိကရုဏ်းဆီ ဥတည်တဲ့ သွေး
ထိုးလှုံ့ဆော်မှုတွေဖုံးမနိုင် ဖိမရအောင်မြင်နေရပါတယ်။ စစ်အုပ်စုဘက်မှာဘာကြောင့် အခုလို ပုံပျက်ပန်းပျက်ဖြစ်နေပါသလဲ။

ဒီအဖြေအတွက် အာရက္ခတပ်တော်(AA) ရဲ့ စစ်အာဏာရှင်တော်လှန်ရေးခရီးအကြောင်း မျက်ခြေမပြတ်ဖို့လိုအပ်လာပါတယ်။

နိုင်ငံတကာ‌စစ်ရေးနဲ့နိုင်ငံရေးသုံးသပ်ချက်တွေမှာသြဇာကြီးမားတဲ့ The Jamestown Foundationကပြီးခဲ့တဲ့ဇူလိုင်လမှာစာတမ်းထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် (AA)ဟာ အာရှဒေသတွင်းအင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်လာပြီးမြန်မာနိုင်ငံမှာတိုက်ရည်ခိုက်ရည်အထိရောက်ဆုံးအဖွဲ့ဖြစ်တယ်လို့ သုံးသပ်​​ဖော်ပြထားပါတယ်။ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့တဲ့ AAရဲ့ စစ်ရေး စွမ်းရည်ဟာ နိုင်ငံတကာကပါ အာရုံစိုက်ရတဲ့အထိ ထင်သာမြင်သာရှိခဲ့ပါတယ်။ AAက စစ်ကောင်စီကို အကြိမ်ကြိမ်အရှက်ခွဲခဲ့ပါတယ်။

၄၉၂၆ လို မဟုတ်ဘဲ ကမ္ဘာသိကြွေးကြော်ပြီး တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AA က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ရခိုင်ပြည်နယ်ကကျန်မြို့ပေါင်း ၁၄မြို့နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၁၃လအတွင်း တစ်မြို့ပြီးတစ်မြို့ သိမ်းယူခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၃၊ အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ အဲ့ဒီနှစ် နိုဝင်ဘာလ၁၃ရက်နေ့မှာ AAက စတင်ခဲ့တာပါ။

စစ်ဆင်းရေးစတင်ကြောင်း ကြေညာချက်နဲ့အတူ စစ်အုပ်စုအနေနဲ့ အချိန်မီလက်နက်ချကြဖို့နဲ့ လက်နက်မချရင် အမြစ်ဖြတ်တိုက်
ခိုက်မယ်လို့ ပေါ်ပေါ်ထင်ထင် သတိပေးပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြတာပါ။စစ်
👍20❤5🔥3🖕3
ဆင်ရေးအတွင်း မြို့တွေ သိမ်းတဲ့အပြင် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
(နပခ)ကိုပါ သိမ်းယူခဲ့တာပါ။၂၀၂၁ အာဏာ
သိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်တတပ်တန်းအရာရှိတွေ အများဆုံး​သေတာ၊အဖမ်းခံရတာ ၊ဒူး​ထောက်အညံခဲရတာ​တွေက အာရက္ခစစ်သည်​တော်​တွေ​​ဆီမှာပဲဖြစ်ပါတယ်။ဗိုလ်မှူးချုပ်အဆင့်တွေတောင် AA ရှေ့ ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/09/13/168155/
👍20🖕3👎2👏2🥰1
ရန်ကုန်မြို့လယ်မှာ ​ဆေး​ကြောင်​နေသူတဦးရဲ့ကား က အခြားကား​တွေကိုလိုက်တိုက်ဟု​ဒေသခံ​တွေ​ပြော

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

မူးယစ်​နေတဲ့အမျိုးသား​မောင်းတဲ့ကားဟာ​ဟိန္ဒူဘုရားရှိခိုးကျောင်းနံရံကို​တိုက်မိပြီး ​နောက်ကကား​တွေကိုပါ လိုက်တိုက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေအထိတ်
တလန့်ဖြစ်ခဲ့ကြပါတယ်။

၎င်းကားနဲ့တိုက်မိတဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းနံရံနဲ့ ကားအချို့ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူတစ်ဦးက ​ပြောပါတယ်။

“ကားတစ်စီးက ပန်းဆိုးတန်းလမ်းထောင့်က ဟိန္ဒူ ဘုရားရှိခိုးကျောင်း အုတ်နံရံကို အရင်ဝင်တိုက်တာပါ။ ဘာဖြစ်သွားလဲ ဆိုပြီး လူတွေ ထွက်ကြည့်တုန်း ရှိသေးတယ်။ အဲ့ကားကိုပဲ နောက်ပြန်ကြီးမောင်းပြီး လမ်းပေါ်က ကား ၄ စီး လောက်ကို ပတ်တိုက်သွားတာပါ။ လူတွေတော့ ထိခိုက်တာမရှိဘူး။ အထိတ်တလန့်တော့ အကုန်ရှောင်ပြေးရတယ်။ သူ့ကားရော တိုက်မိတဲ့ အခြားကားတွေတော့ ပျက်စီးသွားပါတယ်။ တိုက်တဲ့အချိန်က မီးတွေပြတ်နေတဲ့ ည ၇ နာရီကျော်လောက်ကပါ” လို့ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတဦးကပြောပါတယ်။

အဆိုပါယာဥ်​မောင်းကို ရပ်ကွက်ကပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးမှသာ ရပ်တန့်သွားကြောင်းနဲ့ ယာဉ်မောင်းလာတဲ့ အမျိုးသားပုံစံမှာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲထားသကဲ့သို့ဖြစ်​နေကြောင်း ကျောက်တံတားမြို့နယ်နေ ပြည်သူအချို့က ဆိုပါတယ်။

“အသက်ကအရမ်းမကြီးသေးဘူး။၃၀ ကျော်လောက်ပဲ ရှိဦးမယ် ထင်တယ်။ သူ့ကို ကြည့်ရတာ တော်တော်လေး စိတ်လွတ်နေတယ်။ ဆေးကြောင်နေတာ ဖြစ်ဖို့များပါတယ်။ ကားက နောက်ပြန်ကြီးမောင်းပြီး အခြားကားတွေကို လိုက်တိုက်နေတာပါ။အနားကလူတွေ သူ့ကို ဝိုင်းဖမ်းမှ ကားက ရပ်သွားတယ်" လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ ယင်းအမျိုးသားကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေက ကျောက်တံတားမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ​ဒေသခံပြည်သူတွေက ​ပြောပါတယ်။

ရုပ်သံ - CJ
🤬27👍4❤3🤣2👎1🔥1