အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်းမှာ ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ပြသချင်တဲ့အတွက် ဖျော်ဖြေပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊ဘောလုံးပွဲအပါအဝင် အားကစားပြိုင်ပွဲတွေ ၊ဈေးပွဲတော်တွေကို မစည် စည်အောင်ဖိအားပေးပြီးတောင် လုပ်လေ့ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အဓိကသက်တမ်းရှည်ရေး မဟာဗျူဟာဖြစ်တဲ့ တိုင်းပြည်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် အခုလို လူနှစ်သောင်းကျော်နဲ့ အောင်မြင်တယ်ဆိုတဲ့ ရှိုးပွဲမျိုးတွေဟာ အဆိုပါ စစ်အုပ်စု လိုချင်တဲ့ ပုံရိပ်ကို အကောင်းဆုံး ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ လူငယ်တွေ အဓမ္မစစ်မှုထမ်းခိုင်းခံနေရချိန်မှာ ပွဲကြီးလမ်းကြီးတွေ ကျင်းပခွင့်ပေးတယ်ဆိုတာက စစ်အုပ်စုရဲ့ ခွင့်ပြုချက်၊ လုံခြုံရေး အပြည့်အဝပေးမှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလုပ်တဲ့ကွင်းရဲ့ အနီးက တိုက်တွေပေါ်မှာ လက်နက်ကိုင်ထားပြီး စစ်အုပ်စုကလုံခြုံရေးယူပေးထားတယ်လို့လည်း စုံစမ်းသိရတယ်။
ဒါကြောင့် ဒီလိုပွဲမျိုးဟာ တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံရိပ်ဆိုးတွေကို ဖုံးကွယ်ပေးပြီး သာမန်အတိုင်း ရှိနေသယောင် ဝါဒဖြန့်ရာမှာ သွယ်ဝိုက်ပြီး ပုံဖော်ပေးသလို ဖြစ်သွားစေပါတယ်။စိုင်းစိုင်းခမ်းလှိုင်အပါအဝင် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေကလည်း စစ်တပ်ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် အင်တိုက်အားတိုက်ကို အားဖြည့်နေကြတာပါ။
ကျွန်တော်တို့တတွေဟာ နေ့စဥ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ နိုင်ငံတကာကသိအောင် အော်နေကြပါတယ်။ ကူပါ ကယ်ပါဆိုတဲ့ အသံတွေဟာ အော်ရလွန်းလို့ လည်ချောင်းတွေလည်း နာလှပြီ။ ခက်တာက အဲဒီလို အကူအညီတောင်းသံတွေ ဖုံးလွှမ်းသွားအောင် ဇာတ်သဘင်ကလည်း ကူညီတယ်။ ရုပ်ရှင်ကလည်း ပံ့ပိုးတယ်။ ဂီတကလည်း အားဖြည့်တယ် ။ဘောလုံးပွဲတွေကလည်းကူညီနေကြပြန်ပါတယ်။
ဒါ့အပြင် အနုပညာဆိုတာ လူထုရဲ့ အကျပ်အတည်းနဲ့ ခံစားချက်တွေအပေါ် ရပ်တည်ဖို့လိုပါတယ်။ ပြည်သူတွေ သွေးမြေကျနေချိန်၊ မျိုးဆက်သစ်လူငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ငွေကြေးအကျိုးအမြတ်အတွက် ဒီလိုပွဲမျိုးကို လက်ခံကျင်းပတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ ကျင့်ဝတ်နဲ့ လူထုအပေါ် သစ္စာ
စောင့်သိမှုပိုင်းကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။
https://www.ludunwayoo.com/opinion-mm/2026/09/08/167722/

LuduNwayOo
မန္တလေးမြို့က ဝမ်းနည်းမှတ်တမ်း | LuduNwayOo
မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်လေး အော…
👍24🖕6❤3🔥2🤬2🥴2🤮1
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်
လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်တွေအပေါ် ပြည်သူတွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
မြေးဖြစ်သူကို နိုင်ငံခြားကိုကျောင်းသွားတက်ခိုင်းထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတယ်။ “စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိဘူး။ အမေရိကားမှာလည်း ထမ်းတာပဲ။ တရုတ်ပြည်မှာလည်း ထမ်းတာပဲ။ ရုရှားမှာလည်း ထမ်းတာပဲ။ အိန္ဒိယလည်း ထမ်းတာပဲ။ ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။..ဒါမထူးဆန်းဘူး။ ဒီဟာပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်”လို့ ပြောဆိုခဲ့တယ်။ ပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်လက်အောက်မှာ မင်းအောင်လှိုင်မိသားစုကိုချဥ်းကပ်ပြီး စစ်တပ်အလိုကြဝါဒဖြန့်ချီရေးတွေမှာတက်တက်ကြွကြွ လုပ်ရင်း ပရောဂျက်များစွာရနေသူပါ ။
အလားတူ သရုပ်ဆောင် နေအောင်ကလည်း “လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး”လို့ ပြောပြန်ပါတယ်။ နေအောင်ကလည်း စစ်သားမိသားစုကကြီးပြင်းလာတာမို့ စစ်တပ်ကျေးဇူးဆပ်မကုန်ဆိုပြီး အာဏာလုအုပ်စုအတွက် တက်တက်ကြွကြွဝါဒဖြန့်ပေးတဲ့ ဦးလေကြီးမှာ အဲဒီစစ်တပ်ကပေးတဲ့ ကြွေးတဲ့ငွေတွေ၊ထမင်းတွေဟာ ပြည်သူ့ဘဏ္ဍာတွေ ၊တိုင်းပြည်ရဲ့ရင်းမြစ်တွေသာဖြစ်တယ်ဆိုတာထိကို မမြင်နိုင်ဘဲ စစ်တပ်ကိုပဲအစဥ်အမြဲ ကိုးကွယ်နေသူပါ ။
ဦးလေးတို့ခင်ဗျာ။ စစ်မှုထမ်းတာဟာ ပုံမှန်အားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတာက နိုင်ငံတော်အတွက် လုံးဝ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ဖို့ပါ။ နိုင်ငံတော်ကို ကာကွယ်တာနဲ့ မိဘပြည်သူကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို ကာကွယ်ပေးတာ မတူပါဘူး။ နိုင်ငံအတွက် စစ်မှုထမ်းရတာ ဂုဏ်ယူစရာ ဖြစ်နိုင်ပေမဲ့ ပြည်သူကို ပြန်ပစ်နေတဲ့ တပ်ထဲမှာ စစ်မှုထမ်းရတာကတော့ ဂုဏ်ယူစရာ လုံးဝမဟုတ်ပါဘူး။
ပိုဆိုးတာက ဒီစစ်တပ်က ၁၉၆၂ အာဏာ
သိမ်းပြီးချိန်ကနေ အခုချိန်ထိ တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေအခါခါကျူးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ်၊အထူး
သဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ပြည်သူတွေကို ပစ်
ခတ်သတ်ဖြတ်တာကစပြီး စာသင်နေတဲ့ကျောင်းသားငယ်တွေ၊တရားစခန်းက သံဃာတော်တွေ ၊စစ်ရှောင်စခန်းတွေက ကိုယ်ဝန်ဆောင်သယ်တွေ သက်ကြီးရွယ်ပါမရှောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ ၊သတ်
ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေသာဖြစ်ပါတယ်။အခုလိုဘက်ပေါင်းစုံအကြပ်အတည်းဆိုက်ပြီးကျရှုံးနိုင်ငံဖြစ်အောင် စစ်အာဏာ
ရှင်တွေခိုင်းတဲ့ အတိုင်းလိုက်လုပ်တဲ့ တိုင်း
ပြည်ကို ဖျက်ဆီးနေတဲ့စစ်ရာဇဝတ်သားတွေသာဖြစ်ပါတယ် ။တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်တေသူတွေမဟုတ်ပါဘူး ။
ဦးလေးတို့နှစ်ယောက် အသက်က ၈၀ ပတ်
ချာလည်တွေ။ ကိုယ်တိုင်လည်း ရှေ့တန်းသွားရမယ့် အသက် မဟုတ်တော့သလို၊ ကိုယ့်သားသမီး မြေးတွေလည်း စစ်မှုမထမ်းဘဲ ဂုဏ်ယူစရာလို့ လွယ်လွယ်မပြောစေချင်ပါ။ တကယ် ဂုဏ်ယူစရာလို့ ထင်ရင် ကိုယ့်သား
သမီး၊ ကိုယ့်မြေးတွေကို အရင်ဆုံး စစ်တပ်ထဲ ပို့ပြစေချင်ပါတယ်။
ဦးစိုးမိုးက နိုင်ငံတကာက စစ်မှုထမ်းတာတွေ ထောက်ပြတယ်။ ဦးရေ။ ကိုရီးယားနဲ့ အမေရိကန်မှာ စစ်မှုထမ်းရင် သက်ဆိုင်ရာ နိုင်ငံက စစ်သည်တွေရဲ့ အသက်အန္တရာယ်၊ အခွင့်အ
ရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးတယ်။ ပြီးတော့သူတို့ကပြည်သူလူထုက ရွေး
ချယ်ပေးထားတဲ့အရပ်သားအစိုးရရဲ့ အုပ်
ချုပ်မှုအောက်မှာ တာဝန်ထမ်းတဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကိုလေးစားတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် ။ဒီမှာကစစ်တပ်ကအာဏာသိမ်း
ထားတာ။စစ်အာဏာရှင်တစ်စုရဲ့အကျိုး
စီးပွားအတွက် ကိုယ့်ပြည်သူကိုပျော်ပျော်ကြီးသတ်ဖြတ်နေတဲ့စစ်တပ် ပါ။ ပြည်သူကိုကာကွယ်နေတဲ့ စစ်တပ်တွေနဲ့ ပြည်သူကို ပြန်သတ်နေတဲ့ မင်းအောင်လှိုင်သစ်တပ်က
နှိုင်းယှဥ်လို့တောင်မရပါဘူး။

👍24🖕6🥴2❤1🔥1🥰1
ပြီးတော့ စစ်မှုထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေ ဒေသတွေမှာ လုံခြုံရေးသဘောလောက် ထားမယ်ဆိုပြီး ပြောထားပြီး အခုကျ သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့ပြီး အသေခံစစ်တိုက်ခိုင်းနေတာပါ။ တခြားနိုင်ငံက စစ်မှုထမ်းတာနဲ့ ယှဥ်လို့မရပါဘူး။ ဒါကိုမယုံဘူးဆိုရင် အခု ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIA ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကိုသွားကြည့်ပါ ။ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး အာရက္ခတပ်တော် ချေမှုန်းတာခံနေရတဲ့ စစ်တပ်ရဲ့ စစ်သုံ့ပန်းတွေကို ကိုယ်တိုင်သွားမေးကြည့်ကြပါ ။ ပြည်သူ့စစ်တွေဘဝ ဘယ်လောက်ဆိုးတယ်ဆိုတာမင်းအောင်လှိုင်နဲ့အတူလူကြီး
မင်းတို့ကိုပါ ကျိိန်စာတိုက်ပြီး ပြန်ပြောပေးကြပါလိမ့်မယ် ။
https://www.ludunwayoo.com/opinion-mm/2026/09/18/168553/

နှလုံးမလှတဲ့ လူမိုက်ကြီးများသို့ | LuduNwayOo
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်တွေအပေါ် ပြည်သူတွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
💩15🖕7🥴5🤣2👍1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်
UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှုပြုလုပ်ခဲ့ပြီး နှစ်ဦးစလုံး အောင်မြင်ခဲ့တယ်လို့ UFC က ထုတ်ပြန်ပါတယ်။ UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ဂျိုရှုအာဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာ တို့ဟာ မနက်ဖြန် စက်တင်ဘာ ၂၀ရက် မြန်မာစံတော်ချိန် မနက် ၈ နာရီမှာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် UFC-331 ပြိုင်ပွဲရဲ့ Main Event - အဓိကခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။ ဆေးစစ်ဝိတ်ချိန်အပြီးမှာတော့ မနက်ဖြန်ပွဲနဲ့ ပတ်သက်လို့ ကစားသမားတွေကို UFC က အင်တာဗျူးခဲ့ပါတယ်။ ဘရာဇီးဖိုက်တာ ပန်တိုဂျာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ချင်းတိုင်းရင်းသား ဗန်ကို ရှုံးနိမ့်ခဲ့ပြီး မနက်ဖြန်မှာ အဲဒီလို ထပ်အဖြစ်ခံမှာမဟုတ်ဘူးလို့ ပွဲကြိုအင်တာဗျူးမှာ ပြောပါတယ်။ ဗန်ကတော့ မနက်ဖြန်ပွဲမှာ သူနိုင်၊ ကိုယ်နိုင် အပြိုင်ကြဲမှာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ထိုးသတ်ပွဲဟာ မတော်တဆ အနိုင်ရခဲ့တာမဟုတ်ဘဲ ဖြစ်ရမယ့်အတိုင်း ဖြစ်ခဲ့တာလို့ ဗန်က ဆိုပါတယ်။ ဂျိုရှုအာဗန်ဟာ သြဂုတ်လအတွင်းက ပွဲကြိုPressမှာလည်း ပန်တိုဂျာကို (၃)ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပြောခဲ့ပါသေးတယ်။
◾️ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာ အမျိုးသမီး ခန့်အပ်
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာအတွက် အမျိုး
သမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှု
ဆောင်အဖွဲ့ကိုစက်တင်ဘာ ၁၉ရက်မှာ ပြန်
လည်ဖွဲ့စည်းလိုက်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (၂၇) ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာအပြင်ကောင်စီရဲ့အလုပ် အမှု
ဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာကို ကရင်နီပြည်အမျိုးသမီးများအင်အားစုက
မူအန်းဂျယ်လာရွေးချယ်ခံရပြီး ဒု-ဥက္ကဋ္ဌ က ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခူးထဲဘူး ဖြစ်လာပါတယ်။ ဒါ့အပြင် အထွေ
ထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုး
သမီးများအင်အားစုက ဆိုဖီယာဒေးမြာ၊ ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်က တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေး
ချယ်ခံရပါတယ်။
◾️စဉ့်ကူးက ဘုန်းကြီးတပါးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်းကျေးရွာက ကျောင်းထိုင်ဆရာတော်တပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်က သဲအင်းရွာနဲ့ ကျွန်းကြီးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်က သဲအင်းရွာ၊ ယွန်းကျောင်းဆရာတော်ကို ဖမ်းဆီးပြီး လူဝတ်လဲကာ နေပူလှန်း၊ ဝိုင်းဝန်းရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက နိုင်ငံရေးခံယူချက်ရှိတယ်ဆိုပြီး စစ်တပ်သတင်းပေးတွေက တိုင်တန်းလို့ ချက်ချင်းလူဝတ်လဲ နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ အခု အဲဒီကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားပြီလို့ ကြားသိရကြောင်းလည်း အဲဒီဒေသခံက ဆိုပါတယ်။ ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၄၀ ဝန်းကျင်ရှိပြီး ဒေသခံတွေက ဥူးဇင်းတင့်လွင်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။ စစ်တပ်က ဆရာတော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နောက်ထပ်ဒေသခံ ၅ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ အလားတူပဲ ကျွန်းကြီးရွာက စစ်တပ်ကလည်း ဇီးကျွန်းရွာက ဒေသခံ ၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်တွေဖြစ်ပြီးတဲ့နောက် ဒေသခံတွေဟာ ရွာအတွင်း မနေရဲတော့ဘဲ အများစုက ရှောင်တိမ်းနေကြတယ်လို့ စုံစမ်းသိရပါတယ်။
◾️ခေါင်လန်ဖူးက စစ်တပ်စခန်း အရေးပါလို့ ၃ကြိမ်တိုင် ထိုးစစ်ဆင်ခဲ့ရ
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဇူလိုင် ဒုတိယပတ်အတွင်းက နယ်ခြားမှတ်တိုင် ၃၀ပေါ်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ရက် မနေ့ကလည်း ဒေသတွင်းမှာ အရေးပါတဲ့ စစ်တပ်ရဲ့ အခိုင်အမာစခန်းကို ထပ်မံ သိမ်းရခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ အဲဒီရဟတ်ယာဥ်ကွင်းကို ကာကွယ်ဖို့အတွက် စခန်းအခိုင်အမာတွေလုပ်ထားတာကြောင့် ၃ ကြိမ်လောက် ထိုးစစ်ဆင်ပြီးမှ သိမ်းရခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️ဗန်းမော်ရေကြောင်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ကူ ထောင်ချီသုံး

🤮10❤8🖕3👍1👎1
ကချင်ပြည်နယ်၊ ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ဟာ သူ့ရဲ့သင်္ဘောတွေ လုံခြုံရေးနဲ့ မြစ်ကြောင်းလုံခြုံရေး မြေပြင်စစ်ကြောင်းတွေအတွက် လေကြောင်းပစ်ကူအဖြစ် ဗုံးအလုံးရေ ထောင်ချီကြဲချခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်အုပ်စုရဲ့ သင်္ဘောတွေ ကချင်ပြည်နယ်ကို စတင်ဝင်ရောက်တဲ့ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၆ရက်အထိသုံးပတ်တာအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို သတင်းရင်းမြစ်က ရှင်းပြတာပါ။ အဲဒီကာလအတွင်း စစ်တပ်က တိုက်လေယာဉ်တွေနဲ့အကြိမ်ပေါင်းရာချီ ဗုံးကြဲတဲ့အပြင် Y12 လေယာဉ်တွေနဲ့လည်း ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
◾️အာဏာသိမ်းလိုက်တာကြောင့် စစ်သားတွေ အလုပ်ပိုရှုပ်၊ ပိုပင်ပန်းတော့မယ်လို့ ခံစားခဲ့ရကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးအောင်ဖြိုးဝေ ပြော
စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။ ဗိုလ်မှူးအောင်ဖြိုးဝေဟာ ဇွန်လ ၁ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ မကွေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်မှူးအောင်ဖြိုးဝေ၊ ဗိုလ်ကြီးပြည့်စုံအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးကို ပစ္စတိုသေနတ် ၁၉ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ ဗိုလ်မှူးအောင်ဖြိုးဝေရဲ့ ပြောကြားချက်ကို ဖော်ပြခဲ့တာပါ။
◾️စစ်သင်္ဘောတွေ တိုက်ခိုက်ခံရစဉ်ရေထဲမျောပြီး မြစ်ကမ်းဘေးတယောက်တည်း နှစ်ပတ်ကျော်အစာမစားရတဲ့ စစ်တပ်မိသားစုဝင် ကလေးငယ်ကို KIA ပူးပေါင်းတပ်ကယ်တင်
ကချင်ပြည်နယ် ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘောပေါ်ကနေ ဧရာဝတီမြစ်ထဲမျောပါပြီ မြစ်ကမ်းဘေးမှာ နှစ်ပါတ်ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်ကလေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ်။ ရေထဲမျောပါပြီး ကမ်းဘေးတွေတောတွေမှာ တင်ကျန်နေတဲ့ သူတွေကို တော်လှန်ရေးရဲဘော်တွေက စက်လှေငယ်တစီးနဲ့ လိုက်လံရှာဖွေခဲ့ရာ မြစ်ကမ်းဘေးတခုမှာ ကလေးငယ်တဦးကို ရှာဖွေကယ်တင်နိုင်ခဲ့တာပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကလေးငယ်ကိုအစားအစာပေးစားခိုင်းပြီး၊ ဓာတ်ဆားရည်တိုက်တာခဲ့တာ တွေ့ရပါတယ်။
◾️ပေါ်တာဆွဲကြမ်းနေတဲ့ မုံရွာမှာ ဘုရားကြီးပွဲကျင်းပဖို့ စီစဥ်နေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့က အထင်ကရ မုံရွာဘုရားကြီးပွဲတော်ကို ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရာ အာဏာသိမ်းကာလတလျှောက်မှာလည်း ကျင်းပခဲ့ခြင်းမရှိကြောင်း၊ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က လာမယ့် သီတင်းကျွတ်လ၊ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ၁၀ ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ မုံရွာမြို့ပေါ်က လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ကျောင်းသားလူငယ်တွေကအစ ပေါ်တာဆွဲခံနေရကြောင်း၊ မနှစ်က သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေ၊ နှစ်သစ်ကူးကာလတွေမှာလည်း အာဏာသိမ်းစစ်တပ်က ပွဲတော်တွေ ပြုလုပ်ပြီး ပေါ်တာဆွဲခဲ့တာကြောင့် ယခုဘုရားကြီးပွဲမှာလည်း ပေါ်တာဆွဲမှာကို စိုးရိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
◾️စစ်ကားအစီးရေ ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ
မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊ လောင်းရှည်မြို့ကို ဦးတည်လာနေတယ်လို့ မကွေးတိုင်း ပကဖက ဒီနေ့ စက်တင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီစစ်အုပ်စု ယာဥ်တန်းမှာ ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ ဖော်ပြအသိပေးပါတယ်။ မကွေးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကားအစီးရေ (၁၈၂) စီးပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က်ရောက်ရှိလာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်တန်းစစ်ကြောင်းက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှု ပြုလုပ်ထားပြီး တပ်မ(၈၈)က လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ အသိပေးပါတယ်။ ယာဥ်တန်းမှာ မစ်ဇိုင်းဒုံးတင်ကား ၂စီး၊ လက်နက်ကြီးကား ၃စီး၊ ဂျန်ပါကားတွေပါပြီး မကြာခင် စလင်းကို ဝင်တော့မယ်လို့ မကွေးတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ သြစတြေးလျရောက်မြန်မာတွေ ပြုလုပ်

❤14🤮2🖕2👍1
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီနေ့ စက်တင်ဘာ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျ အထက်လွှတ်တော်အမတ် David Shoebridge နဲ့ Jessica Collinsတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက "Our US Ambassador H.E. Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador Myanmar's Voice" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်စားပြုခွင့်ရရှိရေးကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
❤16👍2🖕2🤮1
ဒဏ်ရာရစစ်သားတွေသယ်လာတဲ့စစ်သင်္ဘော
တွေပြန်ဆင်းလာလို့မြစ်ကမ်းဘေးရွာတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်
သတိပြုဖို့တော်လှန်ရေးတပ်တွေတိုက်တွန်း
စက်တင်ဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People's Spring
ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်းဘေးတလျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်
ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်
ရေးတပ်တွေကသတိပေးထားပါတယ်။
ဗန်းမော်မြို့နဲ့ ရွှေကူမြု့ကနေ ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ အထိနာပြီး ဒဏ်ရာရစစ်သားတွေကိုပြန်သယ်လာတဲ့ စစ်အုပ်စု ရဲ့ စစ်သင်္ဘောတွေအပါအဝင်သင်္ဘောမျိုးစုံ
အစီးရေ ၂၀ ခန့်ဟာ စက်တင်ဘာလ၁၉ ရက်နေ့၊နေ့လည်၁၂နာရီ မှာသပိတ်ကျင်းမြို့နယ်အတွင်းက မြစ်ကြောင်းကို ဖြတ်ကာ မန္တလေးမြို့ဘက်ကို ဆက်လက်စုန် နေတယ်လို့ စုံစမ်းသိရပါတယ်။
သပိတ်ကျင်းမြို့ကနေ စဉ့်ကူး၊မတ္တရာမြို့နယ်အနောက် ခြမ်းတို့ကို ဖြတ်သန်းကာ မန္တလေးမြို့၊ဂေါ်ဝိန် ဆိပ်ကမ်းကို ကပ်မယ်လို့ သိရပါတယ်။
"လုံခြုံရေး လိုက်လာတဲ့ Mi-35 တစီးပါတယ်လို့သိရတယ်။မနေ့ကမြစ်ကမ်းဘေးစကစ အ
ထိုင်နေရာတချို့အင်အားတိုးတာတွေလည်း
ရှိတယ်။မြစ်ကမ်းဘေး ပြည်သူ တွေရှောင်သင့်ရင် ခဏကြိုရှောင်တာမျိုး အဆင်သင့်ပြုလုပ်ထားသင့်တယ်"လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်အုပ်စုက ဂေါ်ဝိန်ဆိပ်ကမ်းကနေတဆင့် ဗန်းမော်မြို့ကို သြဂုလကုန်ပိုင်းမှာ စစ်ကူနဲ့လက်နက်ခဲယမ်းနဲ့ ရိကာတွေပို့ဆောင်ဖို့ကြိုးစားခဲ့တာမှာ KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၂၀ စီးဝန်းကျင် ပျက်စီခဲ့ပါတယ် ။အရာရှိတွေအပါအဝင် စစ်သားအများအပြားလည်းသေဆုံးဒဏ်ရာရခဲ့ပါတယ်။ ပထမစစ်သင်္ဘော အုပ်စုအထိနာတာကြောင့် ထပ်ပို့တဲ့ စစ်သင်္ဘောတွေလည်းရွှေကူမြို့မှာပဲ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။
အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီးစစ်သင်္ဘောတချို့သာ ဗန်းမော်ကမ်းကပ်နိုင်ခဲ့ပြီး ဗန်းမော်ကနေ ရွှေကူမြို့ကိုပြန်ဆင်းချိန်မှာလည်းတိုက်ခိုက်ခဲ့ရပါတယ် ။ စစ်သင်္ဘောတွေသာပက သင်္ဘောတွေလုံခြုံရေးအတွက် စင်ခန်းတံတားနဲ့ ဇင်ဘုံရွာကြားမှာ နယ်မြေရှင်းဖို့ကြိုးစားတဲ့ စစ်တပ်စစ်ကြောင်းတွေကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်တာကြောင့် စစ်ကြောင်းပျက်တယ်အထိတိုက်ခိုက်ခံပြီး ခြေကုပ်စခန်းအချို့လည်းဆုံးရှုံးခဲ့ပါတယ်။
ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ ကြည်း၊ရေ၊လေ အသုံးပြုပေမယ့် စစ်ရှုံးခဲ့တဲ့စစ်တပ်က
ဗန်းမော်၊ ရွှေကူ၊ ကသာမြို့တွေက အရပ်သား
သင်္ဘောတွေကိုပါ ချောဆွဲပြီးတိုက်ပွဲမှာ ဒဏ်ရာရစစ်သားတွေ ၊ကချင်ပြည်နယ်ကနေ တပ်ပြောင်းသူတွေကိုသယ်ဆောင်လာပြီး မန္တလေး မြို့ကို ပြန်စုန်လာတာလို့ စုံစမ်းသိရပါတယ်။
အဲဒီစစ်တပ်ရေယာဥ်အုပ်စုထဲက တွန်း
သင်္ဘောပေါ်က စက်တင်ဘာ ၁၇ ရက်ကည ၈ နာရီကျော်မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် မိုးသားလေးရွာက မုန့်တီရောင်းတဲ့အိမ်ကိုထိမှန်ပြီး အမျိုးသား ၁ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးခြေထောက်ပြတ်ခဲ့ပါတယ်။ ဒါအပြင် နေအိမ်လည်းမီးလောင်သွားပြီး ဒေ
သခံတွေကဝိုင်းပြီးမီးငြှိမ်းသတ်ပေးစဥ်စစ်
တပ်က လေကြောင်းကနေ ထပ်မံတိုက်ခိုက်
လို့ ပြည်သူတွေထပ်မံဒဏ်ရာရခဲ့ပါတယ်။

👍23❤5😢2💩2🥰1🤬1🤣1🖕1