People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်သင်္ဘောတွေတိုက်ခိုက်ခံရစဉ်ရေထဲမျောပြီး မြစ်ကမ်းဘေးတယောက်တည်း နှစ်ပတ်​ကျော်အစာမစားရတဲ့ စစ်တပ်မိသားစုဝင် ကလေးငယ်ကို KIA ပူးပေါင်းတပ်ကယ်တင်

စက်တင်ဘာ-၁၉၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

ရေထဲမျောပါပြီး ကမ်းဘေးတွေတောတွေမှာ တင်ကျန်နေတဲ့ သူတွေကို တော်လှန်ရေးရဲဘော်တွေက စက်လှေငယ်တစီးနဲ့ လိုက်လံရှာဖွေခဲ့ရာ မြစ်ကမ်းဘေးတခုမှာ ကလေးငယ်တဦးကို ရှာဖွေကယ်တင်နိုင်ခဲ့တာပါ။

“ငါ့တူ ကောင်းကောင်းဖြေနော် ဦးတို့က မင်းတို့ကိုလာကယ်တာ ဘယ်မှာရှိသေးလဲ” လို့တော်လှန်ရေးရဲဘော်ကမေးရာ တယောက်တည်းလို့ ကလေးငယ်က ဖြေပါတယ်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက ကလေးငယ်ကိုအစားအစာ​ပေးစားခိုင်းပြီး၊ဓာတ်ဆားရည်တိုက်တာခဲ့တာ တွေ့ရပါတယ်။

အခြားကလေးငယ်တွေရှိသေးလားဟု မေးမြန်းရာ တယောက်တည်းလို့ ကလေးငယ်က ​ပြောပါတယ်။

“ဟိုမှာ မိန်းမတယောက်သေနေတာမင်းသိလား"လို့ထပ်မံ မေးမြန်းရာ ကလေးငယ်က မသိဘူးလို့ ပြောပါတယ်။

သင်္ဘောပေါ်က ခုန်ချပြီးပြေးတာလားဟု မေးမြန်းရာ ရေထဲမျောလာတာဟု ကလေးငယ်က ပြန်လည်ဖြေကြားပါတယ်။

“နှစ်ပတ်လောက်ကျော်ပြီ သားတယောက်တည်း” လို့လည်း ကလေးငယ်က ပြောပါတယ်။ ဘာမှမစားရဘဲ ​ရေပဲ​သောက်​နေခဲ့ရတယ်လို့က​လေးငယ်ကပြော​ပါတယ် ။

တော်လှန်ရေးရဲဘော်တွေက ထွက်ခဲ့ကြ မင်းတို့ကို လာကယ်တာ ထွက်ခဲ့ကြလို့ အော်ဟစ်သံတွေကိုလည်း ကြားရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “အဲဒီကလေးက အဲဒီလိုပါလာတာ။ အများကြီးပဲ။ မြစ်ကမ်းဘေးမှာရော မြစ်အနောက်ဘက်ကမ်း အရှေ့ဘက်ကမ်းရွာတွေမှာကယ်တင်ထားတာအများကြီးပဲ။ တပ်မိသားစုဝင်တွေများတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂ရက်နေ့က ရွှေကူကနေ ဗန်းမော်ကို စစ်သင်္ဘောတွေ ဆန်တက်ခဲ့စဥ်မှာ​ရော ၊ ဗန်း​မော်က​နေ ​ရွှေကူကို ဆင်းလာတဲ့ စစ်တပ် သင်္ဘော​တွေကို​ရော KIAနဲ့ပူး​ပေါင်းတပ်​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ​တွေအပါအဝင် တွဲသင်္ဘော​တွေ၊တွန်းသင်္ဘော​တွေ စတဲ့ သင်္ဘောမျိုးစုံ အစီး​ရေများစွာပျက်စီးနစ်မြှပ်၊မီး​လောင်ကျွမ်းခဲ့ပါတယ် ။

သင်္ဘောတွေ မီး​လောင်ပျက်စီး​ရေနစ်မြှပ်တဲ့အခါစစ်သားတွေအပါအဝင် စစ်တပ်သင်္ဘော​​နဲ့ လိုက်ပါလာသူတွေ သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချတာ၊ ရေထဲမျောပါတာတွေရှိခဲ့သလို သင်္ဘောကမ်းကပ်ပြီး လက်နက်ချ အညံ့ခံသူတွေလည်းရှိခဲ့ပါတယ်။

ရွှေကူ-ဗန်းမော်ကြား စင်းခန်းတံတားအနီး လက်နက်ချတဲ့ သင်္ဘော ၂ စီး​ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၈ဦး၊ သင်္ဘောကြုံလိုက်လာတဲ့ အရပ်သား ၈ဦး၊ တပ်မိသားစုဝင် အမျိုးသမီး ၁၇ဦးနဲ့ လသားအရွယ်ကလေးငယ်တွေ ကို KIA ပူးပေါင်းတပ်က စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၅၁ဦး ရှိပြီး သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KIAက အသိပေးပါတယ်။
👏35❤15👍8🤣2🥰1💩1🖕1
Media is too big
VIEW IN TELEGRAM
စစ်သင်္ဘောတွေတိုက်ခိုက်ခံရစဉ်ရေထဲမျောပြီး မြစ်ကမ်းဘေးတယောက်တည်း နှစ်ပတ်​ကျော်အစာမစားရတဲ့ စစ်တပ်မိသားစုဝင် ကလေးငယ်ကို KIA ပူးပေါင်းတပ်ကယ်တင်
❤41👏16🙏2🤣2💩1🖕1
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းလိုက်တာကြောင့် စစ်သားတွေ အလုပ်ပိုရှုပ်၊ ပိုပင်ပန်းတော့မယ်လို့ ခံစားခဲ့ရကြောင်း စစ်သုံ့ပန်း ဗိုလ်မှူးအောင်ဖြိုးဝေ ပြော

စက်တင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဗိုလ်မှူးအောင်ဖြိုးဝေဟာ ဇွန်လ ၁ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ မကွေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်မှူးအောင်ဖြိုးဝေ၊ ဗိုလ်ကြီးပြည့်စုံအောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးကို ပစ္စတိုသေနတ် ၁၉ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ ဗိုလ်မှူးအောင်ဖြိုးဝေရဲ့ ပြောကြားချက်ကို ဖော်ပြခဲ့တာပါ။

PDF တပ်ဖွဲ့ရဲ့ စစ်တပ်အာဏာသိမ်းမှုအပေါ် ဘယ်လိုခံစားရသလဲဆိုတဲ့ မေးမြန်းချက်ကို ဗိုလ်မှူးအောင်ဖြိုးဝေက “ကျနော်တို့တော့ အလုပ်ပိုရှုပ်ပြီလို့ပဲ ခံစားလိုက်ရတယ်၊ ကျနော်တို့တော့ ပင်ပန်းတော့မယ်ပေါ့။ ကျန်တာကတော့ ဆက်မတွေးမိဘူး”လိ
👍33🤣8❤5💩3🖕1
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာကမ္ဘာ့တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှု ကွန်ရက်ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ပြန်လည် ရပ်တည်လာနေပြီဆိုတာကို ကမ္ဘာ့အဆင့်မှာ မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပျက်ကွက်မှုကိုလည်းအထင်အရှား သက်သေပြလိုက်တာပါ။

အိမ်ဖြူတော်ရဲ့ ၂၀၂၆ခုနှစ်၊စက်တင်ဘာ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် “အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်ရာနှင့် သယ်ယူပို့ဆောင်ရာ နိုင်ငံများ” စာရင်းကို သမ္မတ ဒေါ်နယ်ထရန့်ကအတည်ပြု သတ်မှတ်ခဲ့ပါတယ်။ ဒီစာရင်းဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် မူးယစ်ဆေးဝါးတွေ အဓိက ဝင်ရောက်လာတဲ့ မူလထုတ်လုပ်ရာ ဒါမှမဟုတ် ဖြတ်သန်းသယ်ယူရာ နိုင်ငံတွေကို နှစ်စဉ် သတ်မှတ်ထုတ်ပြန်တဲ့ စာရင်းဖြစ်ပါတယ်။

ဒီနှစ်မှာနိုင်ငံပေါင်း၂၃ နိုင်ငံပါဝင်ခဲ့ပြီးအဲဒီထဲကအာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့ကိုတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာတာဝန်ဝတ္တရားတွေကို လုံလောက်တဲ့ အားထုတ်မှုမရှိခဲ့တဲ့ နိုင်ငံတွေအဖြစ် သီးခြား ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရကလည်း ဒီနိုင်ငံတွေဟာ တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ ထုတ်လုပ်မှု၊ မှောင်ခိုကူးသန်းမှုတွေကြောင့် အမေရိကန်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ထောက်ပြထားပြီးမူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကိုပိုမိုထိရောက်စွာ နှိမ်နင်းဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအခုလိုထပ်မံသတ်မှတ်ခံရတာဟာ တစ်နှစ်အတွင်းမှဖြစ်ပေါ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လုံခြုံရေး ယိုယွင်းလာတာ၊ အထူးသဖြင့် စစ်အာဏာရှင်လက်အောက်ခံ ဒါမှမဟုတ် ၎င်းတို့နဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အချို့ထိန်းချုပ်ထားတဲ့ နယ်စပ် ဒေသတွေမှာ မူး
ယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှုတွေကလည်း ပြန်လည် အားကောင်းလာခဲ့ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/09/18/168555/
👍37❤5👏5👎1🔥1🥰1💩1🤣1🖕1
■သ​ရော်စာ

ပေါ်တာ ဘယ်သူ ဆွဲသလဲ

သျှိသျှား ရေးသားသည်။

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မ
တော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

ဒီလိုကြွေးကြော်ပြီးနောက် လော်ဘီငတေတစ်ယောက် သူ့ရဲ့ “ပေါ်တာဆွဲတာ ဘယ်သူလဲ” စုံစမ်းထောက်လှမ်းရေး ခရီးစဉ်ကြီးကို စတင်လိုက်ပါတယ်။ ဒီခရီးစဉ်တစ်လျှောက်မှာ The Mask Singer အဖွဲ့ရဲ့ “ဘယ်သူလဲ...ဘယ်သူလဲ ...ဘယ်သူလဲ” ဆိုတဲ့ အော်သံတွေကို နောက်ခံအဖြစ်ထည့်ပေးထားမယ်ဆိုရင် ခရီး
စဉ်က ပိုမြိုင်ပါလိမ့်မယ်။

သူ့ခရီးစဉ်ကိုအင်းစိန်မြို့နယ်တညင်းကုန်းရပ်
ကွက်ကနေ စပါတယ်။အဲဒီ့မှာအရန်မီးသတ်အရာရှိကလူငယ်တွေကို အိမ်ထဲမှာထည့်ဖမ်း
ထားတယ်ဆိုတဲ့သတင်းကြားလို့ပါ။ဟိုရောက်တော့ လူငယ်တွေကို ဖမ်းထားတယ်လို့ဆိုတဲ့ အရန်မီးသတ်အရာရှိနဲ့အပေါင်းအပါကို ရဲနဲ့ စစ်သားတွေကပြန်ဖမ်းထားတာတွေ့ပါတယ်။ မျက်နှာဆီးရွက်လောက်သာရှိတော့တဲ့ တ
ညင်းကုန်းအုပ်ကြီးဆိုသူကိုလည်း အဲဒီမှာတွေ့ပါတယ်။

အဲဒီ ဖမ်းထားတဲ့မီးသတ်အရာရှိနဲ့ အုပ်ကြီးအနား ငတေ အသာတိုးကပ်သွားချိန်မှာပဲ ရဲတစ်ယောက်က လာရောက် ဟန့်တား မောင်းထုတ်ပါတယ်။ “ပေါ်တာဆွဲတဲ့သူဘယ်သူလဲ
ဆိုတာလေးပဲသိချင်ရုံပါ”လို့လေသံပျော့ပျော့
နဲ့ အဲဒီ ရဲကိုပြောပြတော့ ရွှေပြည်သာအုပ်ကြီးသိတယ် သူ့သွားမေး။ ဒီမှာလာမရှုပ်နဲ့လို့ ခပ်ဆတ်ဆတ်ပြောလွှတ်လိုက်တာ ကြောင့် အသာလစ်ထွက်လာခဲ့ပါတယ်။ မလစ်လို့လည်းမရဘူးလေ။ သူတို့ လက်ထဲမှာက
ဗျောက်ကြီးတွေနဲ့ကိုး။

ဟုတ်လည်းဟုတ်ပါတယ်။ အုပ်ကြီး၊ မီးသတ်အရာရှိ၊ စစ်သားနဲ့ ရဲဆိုတဲ့ သူ့တို့ဟာနဲ့သူတို့ ပတ်ရှာလှည့်ပြီး ရှင်းမရ အောင် ရှုပ်နေတဲ့
ဆီ လော်ဘီငတေက ထပ်သွားရှုပ်ချင်တာကိုး။ နှင်လွှတ်တာ နည်းတောင်နည်းသေးလို့ ဆိုရမယ်။ ဒီလိုနဲ့ ရွှေပြည်သာအုပ်ကြီးဆိုတာ ပေါ်တာလာဆွဲရင် ခုခံပြန်ချဖို့ လိုင်းပေါ်တက်အော်တဲ့အုပ်ကြီးကို ပြောတာဖြစ်မယ်လို့တွေးရင်းအဲဒီဘက်ကိုလော်ဘီငတေခပ်သွက်
သွက်ထွက်လာပါတယ်။ သူ့ရဲ့ပထမဆုံးမစ်ရှင်ကတော့ ဖေးခဲ့တာပေါ့။

တွေ့ပါပြီ။ အွန်လိုင်းပေါ်မှာကြည့်လိုက်ရတဲ့ ရွှေပြည်သာအုပ်ကြီးရဲ့ ရုံးခန်း။ ခပ်တည်တည်ပဲ ရုံးခန်းထဲဝင်သွားတော့ Tiktok ရိုက်နေတဲ့ အုပ်ကြီးနဲ့တည့်တည့်တိုးပါတယ်။ လော်ဘီငတေကိုမြင်တော့ အုပ်ကြီးက “ဘာကိစ္စရှိလို့လဲ”လို့ မျက်နှာထားတည်တည်နဲ့ ခရီးဦးကြိုပြုပါတယ်။

“လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရွှေပြည်သာမြို့နယ် ဘိုရှည်ကုန်းကျေးရွာက အုပ်ကြီး ဝင်းဇော်ဆိုတာလားဗျ”လို့ လော်ဘီငတေက မေးလိုက်တဲ့အခါ “ဟုတ်တယ်”လို့ ခပ်ပြတ်
ပြတ်ဆိုပါတယ်။ဒီတော့“ကျွန်တော်က တပ်
မတော် ကို အသွေးထဲ၊ အသားထဲ၊ အရိုးထဲကချစ်တဲ့ တပ်ချစ်လော်ဘီငတေပါ။ အခု သ
တင်းတွေထွက်နေတဲ့ ပေါ်တာဆွဲ တာတွေနဲ့ပတ်သက်ပြီး ဘယ်သူတွေက ဆွဲနေသလဲဆိုတာလေး သိချင်လို့ လာမေးတာပါ”လို့ ပြောလိုက်ပါတယ်။ လိုင်းပေါ်မှာ အာပေါင်အာ
ရင်းသန်သန်နဲ့ပြောခဲ့တဲ့ အုပ်ကြီးက ဒီအမေးစကားကို ကြားတော့ ပါးစပ်ရှေ့ လက်ညှိုး ကန့်လန့်ထောင်ပြပြီး အသာလက်ယက်ခေါ်တာကြောင့် သူအနားတိုးသွားလိုက်ပါတယ်။

“ဒီကိစ္စ တိုးတိုးပြောပါ။ လိုင်းပေါ်မှာ အော်ခဲ့လို့ အခု သတိပေးချက်ထိထားလို့ပါ။ ပေါ်တာဘယ်သူဆွဲသလဲသိချင်ရင်ဟောဒီနားက တ
ညင်းကုန်း စစ်သားစုဆောင်းရေးတပ်ဆီမှာ သွားစုံစမ်းလိုက်။ သတိတော့ထား လူလိုနေတယ်” ဆိုပြီး အုပ်ကြီးက အသံထွက်တယ်ဆိုရုံ လေသံလေးနှိမ့်ပြောလာပါတယ်။

စုံစမ်းခိုင်းတာကတော့ဟုတ်ပါပြီ။“သတိထားလူလိုနေတယ်”ဆိုတာကဘာစကားကြီးတုန်း။ ဒီစကားကြားမှ တလောက အဲဒီစုဆောင်းရေးတပ်နား တညင်းကုန်းလမ်းဆုံမှာ ခင်းကျင်းတဲ့ပွဲစျေးထဲကနေ မှောင်ရိပ်ခိုဆွဲစိသွား တာ အယောက် ၂၀ လောက်ရှိတယ်ဆိုတဲ့သတင်း
စကားနဲ့အတူ ရန်ကုန်မှာ စက်တင်ဘာလ ၂ ပတ်အတွင်း ပေါ်တာ ဆွဲခံရသူ ၉၀ ကျော်ရှိတယ်ဆိုတဲ့သတင်းစကားတွေက အာရုံထဲရောက်လာပြီး ကျောတောင် နည်းနည်းစိမ့်ချင်လာ သလိုလို။ ဒါနဲ့ အုပ်ကြီးညွှန်တဲ့ဆီ မသွားတော့ဘဲ။ သာကေတဘက်ထွက်လာခဲ့လိုက်ပါတယ်။

သာကေတမှာက ပေါ်တာကိုယ်တွေ့ကြုံတဲ့ ကိုးတန်းကျောင်းသားလေး ရှိတယ်မဟုတ်လား။ စက်ဘီးစီးကျောင်း သွားနေချိန် လူတစ်စုက အဓမ္မပေါ်တာဆွဲဖမ်းဆီးဖို့ ကြံရွယ်ခံရတဲ့ကလေးပါ။ ထွက်ပြေးနိုင်လို့သာ လွတ်လာတာ လို့လည်း သိရပါတယ်။ အခုသူ့ဆီသွားမှာပါ။

သာကေတရောက်လို့ အဲဒီကိုးတန်းကျောင်း
သားလေးနဲ့တွေ့ဖို့ကြိုးစားတာမှာလည်း မစ်ရှင်က ဖေးသွားရပြန်ပါ တယ်။ အကြောင်းကတော့ ငတေဟာ တပ်ချစ်သူပီပီ ဆံပင်ကေကအစ ရှေ့တစ်လက်မ နောက်ပြောင်ထားတာ ဆိုတော့ ကလေးက ငတေ့ကို မြင်တာနဲ့ လစ်ပြေးသွားလို့ပါ။ ဒီတော့လည်း နောက်ခရီးတစ်ခုဆက်တာပေါ့။ ဒီတစ် ခါ နေပြည်
တော် လယ်ဝေးကိုပဲသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီကိုသွားချင်တာက စစ်သားနှစ်ယောက်မိခင် ဒေါ်ခင်ဌေးမြင့်ဆိုတဲ့ အမျိုးသမီးကြီးကို လုပ်ကျွေးသမှုပြုနေတဲ့ အငယ်ဆုံးသား ပေါ်တာဆွဲခံလိုက်ရတယ်။ ဗိုလ်မှူးကိုယ်တိုင်က လာဖမ်းတယ်ဆိုပြီး အွန်လိုင်းမှာ ခံရသူကိုယ်
❤18👍10🤣2🔥1🥰1🖕1
တိုင်က Liveလွှင့်ပြောထားလို့လေ။ဟိုရောက်
ရင်တော့သူပြောတာတွေတကယ်ဟုတ်၊ မ
ဟုတ် သိရတော့မှာပေါ့။ ဒါကြောင့် သွားချင်တာ။

လယ်ဝေးရောက်တဲ့အခါမှာလည်း မစ်ရှင်က ဖေးပြန်ပါတယ်။ အကြောင်းရင်းက အဲဒီတွေ့ဖို့ ကြိုးစားတဲ့စစ်သားတွေရဲ့မိခင်ကိုLive လွှင်ပြီး နောက်ရက်မှာပဲ စစ်တပ်က ဖမ်းသွားပြီဆိုတဲ့သတင်းဆိုးကသာ ကြိုနေလို့ပါ။တောက် လျှောက်ဆိုသလို ဖေးလာသမျှတော့ မထူးတော့ပြီမို့ ရှေ့နည်းနည်းတိုးပြီး နေပြည်တော်က ငတေချစ်တဲ့ အဘတွေ အများဆုံးစခန်း
ချရာ ပါတီဌာနချုပ်ရုံးဆီတန်းသွားလိုက်ပါတယ်။အဲဒီ့မှာဆို မေးစရာလူ မရှားဘူးမဟုတ်လား။

လက်သင့်တယ်ပြောရမယ် ဌာနချုပ်ထဲဝင်တယ်ဆိုရင်ပဲ အဘဘူးလက်ကြီးနဲ့တည့်တည့်တိုးပါတယ်။ ဒီတော့ သိလို တဲ့ “ပေါ်တာဆွဲတာ ဘယ်သူလဲ”ဆိုတဲ့မေးခွန်းကို အချိန်မဆိုင်းဘဲ တန်းမေးလိုက်ပါတယ်။ ဒီအခါ
အဘဘူးလက် က လက်ကာပြပြီး လောလော
ဆယ်မဖြေနိုင်သေးကြောင်း၊ သူ့မှာ Tiktok ရိုက်စရာ အကြွေးတွေနဲ့ လုံးလည်လိုက် နေတာမို့နောက်နှစ်ရက်သုံးရက်နေမှ အခြေအ
နေတစ်ခါလာပြန်ကြည့်ပါလို့ ပြောပါတယ်။

ဒီတော့လည်း နောက် တစ်ယောက်ပေါ့။ မင်းမကင်းမောင်မြင့်၊ အာဆီယံနံနံလှမြင့်စတဲ့အဘအတော်များများလည်း အဘဘူးလက်ကြီး လိုပဲ အကြောင်းအမျိုးမျိုးနဲ့ ပါးစပ်မအားသူချည်းဖြစ်နေပါတယ်။ တော်တော်လေးပါးစပ်အလုပ် လုပ်ကြတဲ့ အဘ တွေလို့လည်း မှတ်
ချက်ပြုမိပါတယ်။ ခရီးရှေ့တစ်ဆင့်ထပ်တိုးဖို့ပဲ ရှိတော့တာပေါ့။

ဒီတစ်ခါတော့ ဦးတည်ရာက လေဆိပ်ပါ။ ဘာဖြစ်လို့ အဲဒီကိုရွေးသလဲဆိုရင် အခုတလော စစ်ဘက်၊ အရပ်ဘက် ထိပ်ပိုင်းခေါင်းရှောင် (အဲလေ) ခေါင်းဆောင်တွေဟာ အဲဒီနေရာမှာပဲ အချိန်အများစုကုန်နေလို့ပါ။ အကြောင်းက နိုင်ငံဒေါ်သံမဒကြီးကို ကြို/ပို့ လုပ်ပေးနေရလို့ပါ။

လေဆိပ်ရောက်တယ်ဆိုရင်ပဲ တပ်ချုပ်အသစ်ကျပ်ချွတ်ကြီး အဘဗိုလ်ဂျုတ်ဂျီးရဲဝင်းဦးနဲ့ တည့်တည့်တိုးပါတယ်။ ဒီကိုလာခဲ့တာ မှန်သွားပြီလို့လည်း စိတ်ထဲက တွေးမိပါတယ်။ ပေါ်တာဆွဲတာ စစ်တပ်ကမဟုတ်ကြောင်း သူလို တပ်မတော်အကြီးအကဲကြီးက ငြင်းပေးလိုက်မယ်ဆိုရင် ရှေ့မှာပြောခဲ့သလိုပဲ ငတေချစ်တဲ့တပ်မတော်ကို ချေးလူး တုတ်နဲ့ ဝိုင်းထိုးခဲ့သူတွေ နာပြီမို့ပါပဲ။

စိတ်စောစော၊ကိုယ်လောလောနဲ့ပဲတပ်ချုပ်သစ်ကြီးနားအသာကပ်“ပေါ်တာဆွဲတာဘယ်သူလဲ...အဘ”လို့အချိန်မဆိုင်းဘဲတန်းမေးလိုက်ပါတယ်။စိတ်လှုပ်ရှားနေတော့ အသံတောင် နည်းနည်းပိုကျယ်သွားပါတယ်။ဒီအ
ခါ တပ်ချုပ်သစ်ကြီးက သူ့ပါးစပ်ကို လက်
ညှိုးနဲ့ထိုးပြရင်း“ကွမ်းငုံထားလို့ သူ့ပါးစပ် မအားဘူး။စကားပြောမရဘူး”ဆိုတဲ့အဓိ
ပ္ပာယ်ရတဲ့ လက်သင်္ကေတကို လုပ်ပြပါတယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ၅၀၀၀ စားကနေ ၆၈၀၀ စား ပရိုမိုးရှင်းတက် လွှတ်တော်အုတ်ကထကြီး ဦးခင်ရီထံ လက်ညှိုးညွှန်ပါတယ်။

ဒါလည်းဖြစ်ပါသေးတယ်။ သူလည်း စစ်သားဟောင်းပဲလေဆိုပြီး အဲဒီလွှတ်အုတ်ကထကြီးထံ အသာချဉ်းကပ်သွား ပြီး အနားရောက်လို့ ပါးစပ်ဟရုံရှိသေး အကင်းပါးလှတဲ့ အုတ်ကထကြီးက လက်ကလေးအသာကာပြရင်း “မောင်မင်းသိလိုတဲ့အဖြေက တစ်ယောက်
တည်းဆီမှာပဲရှိတယ်။ အဲဒါတို့အဘသံမဒကြီးပဲ”လို့ ဖြေရင်း သံမဒအိမ်တော် ဘက် လက်ညှိုးထိုးပြကာ “သွားလိုက်”လို့ တစ်ခွန်းတည်းဆိုပါတယ်။

ဒီလိုနဲ့ အဘသံမဒကြီးဆီသွားတွေ့ဖို့ ခြေလှမ်းပြင် လေဆိပ်ကနေအထွက်မှာ လက်နက်အ
ပြည့်အစုံ တပ်ဆင် ထားတဲ့ တပ်မတော်သားတွေကို တရုတ်ထုတ် Faw ကားကြီးတစ်စီးနဲ့အတူ တွေ့လိုက်ရပါတယ်။ ပထမတော့ ထိတ်ခနဲ ရင်ခုန်သွားပေမယ့် ဒါဟာ အဘသံမဒကြီးခရီးစဉ်ရှိလို့ လုံခြုံရေးယူပေးတာပဲလို့ သဘောပေါက်လိုက်ရင်း ငတေချစ်တဲ့ တပ်မတော်သားတွေအတွက် အိတ်ထဲအသင့်ပါလာတဲ့ ကွမ်းယာ၊ ဆေးလိပ်နဲ့ ရေဘူးတွေကို အလျင် စလို ဆွဲထုတ်ရင်း သူတို့အနားသွားလိုက်ပါတယ်။

တစ်ပတ်ခန့်ကြားပြီးနောက် ရန်ကုန်မှာရှိနေတဲ့ လော်ဘီငတေရဲ့ မိန်းမဆီ စာတစ်စောင်ရောက်လာပါတယ်။စာကလမ်းဘေးတွေ့ရာစာရွက်ကို ကောက်ယူရေးထားဟန်ရှိပါတယ်။ စာရွက်ကအပိုင်းအစလေးသာဖြစ်ပြီးကြေမွနေလို့ပါ။အဲဒီစာရွက်ထဲက စာတွေက ပိုလို့တောင် ကြွေမွနေပါတယ်။ စာထဲမှာရေးထားတာက -

သို့/
ငတေချစ်ရတဲ့ မိန်းမ...
ငတေတော့ ပေါ်တာဆွဲခံလိုက်ရပြီး အခုစစ်
သင်တန်းတက်နေရပါပြီ။ နောက်တစ်ပတ်လောက်နေရင် ရှေ့တန်း ထွက်ရပါမယ်။ ကချင်နဲ့ ရခိုင်ဘက် မပါဖို့ အမြန်ယတြာချေပေးပါ။
ကျုပ်တို့ရဲ့ သားနဲ့သမီးတွေကို သေချာစောင့်ရှောက်ပါ။ လူခြေတိတ်တိတ်၊ မတိတ်တိတ် လမ်းပေါ်ပေးမထွက်ပါနဲ့။ အထူးမှာချင်တာက စစ်ကားမြင်ရင် ဝေးဝေးရှောင်ခိုင်းပါ။ အနားသွားပြီး ကွမ်းယာ၊ ဆေးလိပ်ပေးကျွေးတာမျိုး လည်း လုံးဝမလုပ်မိပါစေနဲ့။ အိမ်စီးကား အနားထိုးရပ်လာတာတွေ့ရင် ဖဝါးနဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးပါလို့ သေသေချာချာမှာပါ။

နောက်ဆုံးမှာချင်တာကတော့ ပြန်လည်ကာ ဆုံဆည်းရဦးတော့မလိုလို ထင်ရုံပဲ။ဒီ့ထက်တော့ ရေရာလို့ မသေချာ နိုင်ဘူးအချစ်ရယ်
...ငတေ့ကို...စောင့်လို့တော့နေရစ်ဦး။ ပြန်မလာရင် ထာဝရခွဲခြင်းလို့ မှတ်လိုက်ပါ။

ပုံ/
မိန်းမချစ်ရတဲ့ ငတေ ။ ။
👍17😁6🤣4❤3🥰2💩1🖕1
AI သရုပ်​​ဖော်ပုံဖြစ်ပါတယ်
❤12💩5👎3🤮2🤬1🖕1
System Breakdown ဖြစ်ချိန် မီးစက်နှိုးထားတဲ့ လက်သည်းအလှပြင်ဆိုင်က အမျိုးသမီး ၅ဦး အသက်ရှုကြပ်ပြီး အရေးပေါ်ရောက်

စက်တင်ဘာ-၁၉၊၂၀၂၆။ရောင်နီ/People's Spring

တနိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်နေချိန် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ဆိုင်တစ်‌ဆိုင်မှာ မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အသက်ရှူကြပ်‌နေတဲ့ အမျိုးသမီး ၅ဦး ကို အရေးပေါ်ဌာနကိုပို့ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

စမ်းချောင်းမြို့နယ် သံတံတားလမ်းမှာရှိတဲ့ လက်သည်းအလှပြင်ဆိုင်မှာ ဒီနေ့(စက်တင်ဘာ၁၉) ည ၇ နာရီကျော်က မီးစက်နှိုးထားရာက အမျိုးသမီး ၅ဦး အသက်ရှူကြပ်မေ့မျောသွားတာကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကပို့ဆောင်ပေးခဲ့ရတာလို့ အဆိုပါ အသင်းက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ အသက်ရှူကြပ်သူတွေထဲမှာ ဆိုင်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေပါ ပါဝင်တာကို တွေ့ရပါတယ်။

ဆေးရုံကိုပို့ဆောင်ပေးခဲ့သူတွေရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ လူထုနွေဦး အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနေ့ညနေ ၅နာရီခွဲလောက်မှာ System Breakdown ဖြစ်ပြီး လျှပ်စစ်မီးတွေပြတ်တောက်သွားတာလို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

မီးပျက်ချိန် အဲကွန်းအလုံခန်းတွေမှာ မီးစက်အသုံးပြုတာကြောင့် အသက်ရှုကြပ်ပြီးသေဆုံးတဲ့ ဖြစ်စဉ်တွေလည်း အရင်ကဖြစ်ခဲ့ဖူးပါတယ်။

"မနှစ်ကလား တစ်နှစ်ကလား ရွှေလောင်းလမ်းမှာလည်း မိသားစု တစ်ခုလုံး ဆုံးသွားတာလေ ပေါ့လို့မရဘူးနော် မီးစက် ဒုက္ခက" လို့ ဒေသခံတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
👍26❤4👎1🔥1🤬1
ဓာတ်ပုံ - အနာဂတ်အလင်းတန်း ပရဟိတအသင်း
👍24🤬3🔥2
စဉ့်ကူးကကျောင်းထိုင်ဆရာတော် တပါးကိုစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်

စက်တင်ဘာ-၁၉၊၂၀၂၆။ရှိန်း/People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေး
ရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်
ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စက်တင်ဘာလ၁၆ ရက်နေ့က သဲအင်းရွာနဲ့ကျွန်းကြီးရွာတွေမှာတပ်စွဲထားတဲ့ စစ်တပ်က သဲအင်းရွာ၊ယွန်းကျောင်းဆရာတော်ကို ဖမ်းဆီးပြီး လူဝတ်လဲကာ နေပူလှန်း ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

"ဒလန်တွေကဘုန်းကြီးကခံယူချက်ရှိတယ်လို့တိုင်တယ်လို့ ပြောတာပဲ။ဒီကျောင်းမှာပဲ ဒီကောင်တွေ (စစ်တပ်)ဝင်ထွက် နေပြီး ဘုန်း
ကြီးကိုဖမ်း၊ချက်ချင်းလူဝတ်လဲပြီး နှိပ်စက်တာတဲ့။အခုသေပြီ ပြောတာပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ကျောင်းထိုင်ဆရာ တော်ဟာ သက်တော် ၄၀ ဝန်းကျင်ရှိပြီး ‌‌ ဒေသခံ တွေက ဥူးဇင်းတင့်လွင်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။စစ်
တပ်က ဆရာတော်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့သလို နောက်ထပ် ဒေသခံ၅ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။

အလားတူပဲ ကျွန်းကြီးရွာကစစ်တပ်ကလည်းဇီးကျွန်းရွာက ဒေသခံ၃ဦးကို ပေါ်တာဆွဲဖမ်း
ဆီးသွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ဒီဖြစ်စဉ် တွေဖြစ်ပြီးတဲ့ နောက် ဒေသခံ တွေဟာရွာအတွင်း ‌‌‌မနေရဲ​တော့ဘဲ အများစုက ရှောင်တိမ်းနေထိုင် နေကြတယ်လို့ စုံစမ်းသိရပါတယ်။

စစ်အုပ်စုက ၂၀၂၅ခုနှစ်၊နှစ်ကုန်ပိုင်းမှာ
စဉ့်ကူးမြို့နယ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ‌‌‌‌‌‌ရေလမ်းကြောင်းအနီးကရွာတွေမှာ တပ်စွဲထားကြပါတယ်။
🤬27❤9🖕5⚡2👍1👎1🔥1🥰1👏1
သဲအင်းရွာနဲ့ အနီးဝန်းကျင်ကို Google Map မှာ​တွေ့ရစဥ်
🤬21👍5🔥2❤1👎1👏1
သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ သြစတြေးလျရောက်မြန်မာတွေ ပြုလုပ်

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring

သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကိုNUGကိုယ်စားလှယ် ဒေါက်
တာထွန်းအောင်ရွှေ၊ ဩစတြေးလျ အထက်
လွှတ်တော်အမတ် David Shoebridge နဲ့ Jessica Collinsတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက "Our US Ambassador H.E. Kyaw Moe Tun, True Voice of Myanmar" ၊ "Our Ambassador Myanmar's Voice" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ သံ
အမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ကိုယ်
စားပြုခွင့်ရရှိရေးကုလသမဂ္ဂအထွေထွေညီ
လာခံမှာ ထောက်ခံပေးကြဖို့ကိုလည်း တိုက်
တွန်းနှိုးဆော်ခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂ
အထွေထွေညီလာခံမှာဆက်လက်အသိအ
မှတ်ပြုရေးအတွက် ကမ္ဘာ့မြို့ကြီးတွေမှ နိုင်
ငံတကာရောက် နွေဦးတော်လှန်ရေးမိသားစုတွေကဆန္ဒထုတ်ဖော်မှုတွေဆက်တိုက်ပြု
လုပ်နေပါတယ်။
❤31👍10🖕3🥰2🤮2🤣2
ဓာတ်ပုံ - NUG Support Group-NSW
❤36👍13🤮3🥰2🖕2👏1
အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အတွင်းမှာ ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကို ပြသချင်တဲ့အတွက် ဖျော်ဖြေပွဲတွေ၊ ပွဲလမ်းသဘင်တွေ၊​ဘောလုံးပွဲအပါအဝင် အားကစားပြိုင်ပွဲ​တွေ ၊​ဈေးပွဲ​တော်တွေကို မစည် စည်​အောင်ဖိအား​ပေးပြီး​တောင် လုပ်​လေ့ပါတယ်။

​စစ်အာဏာရှင်​တွေရဲ့ အဓိကသက်တမ်းရှည်ရေး မဟာဗျူဟာဖြစ်တဲ့ တိုင်းပြည်မှာ ပုံမှန်အခြေအနေပြန်ရောက်နေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြဖို့အတွက် အခုလို လူနှစ်သောင်းကျော်နဲ့ အောင်မြင်တယ်ဆိုတဲ့ ရှိုးပွဲမျိုးတွေဟာ အဆိုပါ စစ်အုပ်စု လိုချင်တဲ့ ပုံရိပ်ကို အကောင်းဆုံး ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၊ လူငယ်တွေ အဓမ္မစစ်မှုထမ်းခိုင်းခံနေရချိန်မှာ ပွဲကြီးလမ်းကြီးတွေ ကျင်းပခွင့်ပေးတယ်ဆိုတာက စစ်အုပ်စုရဲ့ ခွင့်ပြုချက်၊ လုံခြုံရေး အပြည့်အဝပေးမှု မပါဘဲ လုံးဝ မဖြစ်နိုင်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲလုပ်တဲ့ကွင်းရဲ့ အနီးက တိုက်တွေပေါ်မှာ လက်နက်ကိုင်ထားပြီး စစ်အုပ်စုကလုံခြုံရေးယူပေးထားတယ်လို့လည်း စုံစမ်းသိရတယ်။

ဒါကြောင့် ဒီလိုပွဲမျိုးဟာ တစ်နည်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ ပုံရိပ်ဆိုးတွေကို ဖုံးကွယ်ပေးပြီး သာမန်အတိုင်း ရှိနေသယောင် ဝါဒဖြန့်ရာမှာ သွယ်ဝိုက်ပြီး ပုံဖော်ပေးသလို ဖြစ်သွားစေပါတယ်။စိုင်းစိုင်းခမ်းလှိုင်အပါအဝင် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်တွေကလည်း စစ်တပ်ရဲ့ ရည်မှန်းချက် ပြည့်ဝအောင် အင်တိုက်အားတိုက်ကို အားဖြည့်နေကြတာပါ။

ကျွန်တော်တို့တတွေဟာ နေ့စဥ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ နိုင်ငံတကာကသိအောင် အော်နေကြပါတယ်။ ကူပါ ကယ်ပါဆိုတဲ့ အသံတွေဟာ အော်ရလွန်းလို့ လည်ချောင်းတွေလည်း နာလှပြီ။ ခက်တာက အဲဒီလို အကူအညီတောင်းသံတွေ ဖုံးလွှမ်းသွားအောင် ဇာတ်သဘင်ကလည်း ကူညီတယ်။ ရုပ်ရှင်ကလည်း ပံ့ပိုးတယ်။ ဂီတကလည်း အားဖြည့်တယ် ။​ဘောလုံးပွဲ​တွေကလည်းကူညီ​နေကြပြန်ပါတယ်။

ဒါ့အပြင် အနုပညာဆိုတာ လူထုရဲ့ အကျပ်အတည်းနဲ့ ခံစားချက်တွေအပေါ် ရပ်တည်ဖို့လိုပါတယ်။ ပြည်သူတွေ ​သွေးမြေကျနေချိန်၊ မျိုးဆက်သစ်လူငယ်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ငွေကြေးအကျိုးအမြတ်အတွက် ဒီလိုပွဲမျိုးကို လက်ခံကျင်းပတဲ့ အနုပညာရှင်ဆိုသူတွေရဲ့ ကျင့်ဝတ်နဲ့ လူထုအပေါ် သစ္စာ
စောင့်သိမှုပိုင်းကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။



https://www.ludunwayoo.com/opinion-mm/2026/09/08/167722/
👍24🖕6❤3🔥2🤬2🥴2🤮1
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်
လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

မြေးဖြစ်သူကို နိုင်ငံခြားကိုကျောင်းသွားတက်ခိုင်းထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတယ်။ “စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိဘူး။ အမေရိကားမှာလည်း ထမ်းတာပဲ။ တရုတ်ပြည်မှာလည်း ထမ်းတာပဲ။ ရုရှားမှာလည်း ထမ်းတာပဲ။ အိန္ဒိယလည်း ထမ်းတာပဲ။ ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။..ဒါမထူးဆန်းဘူး။ ဒီဟာပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်”လို့ ပြောဆိုခဲ့တယ်။ ပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်လက်​အောက်မှာ မင်း​အောင်လှိုင်မိသားစုကိုချဥ်းကပ်ပြီး စစ်တပ်အလိုကြဝါဒဖြန့်ချီ​ရေး​​တွေမှာတက်တက်ကြွကြွ လုပ်ရင်း ပ​ရောဂျက်များစွာရ​နေသူပါ ။

အလားတူ သရုပ်ဆောင် နေအောင်ကလည်း “လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး”လို့ ပြောပြန်ပါတယ်။ ​နေ​အောင်ကလည်း စစ်သားမိသားစုကကြီးပြင်းလာတာမို့ စစ်တပ်​ကျေးဇူးဆပ်မကုန်ဆိုပြီး အာဏာလုအုပ်စုအတွက် တက်တက်ကြွကြွဝါဒဖြန့်​ပေးတဲ့ ဦး​လေကြီးမှာ အဲဒီစစ်တပ်က​ပေးတဲ့ ​ကြွေးတဲ့​ငွေ​တွေ၊ထမင်း​တွေဟာ ပြည်သူ့ဘဏ္ဍာ​တွေ ၊တိုင်းပြည်ရဲ့ရင်းမြစ်​တွေသာဖြစ်တယ်ဆိုတာထိကို မမြင်နိုင်ဘဲ စစ်တပ်ကိုပဲအစဥ်အမြဲ ကိုးကွယ်​နေသူပါ ။

ဦးလေးတို့ခင်ဗျာ။ စစ်မှုထမ်းတာဟာ ပုံမှန်အားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတာက နိုင်ငံတော်အတွက် လုံးဝ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ဖို့ပါ။ နိုင်ငံတော်ကို ကာကွယ်တာနဲ့ မိဘပြည်သူကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို ကာကွယ်ပေးတာ မတူပါဘူး။ နိုင်ငံအတွက် စစ်မှုထမ်းရတာ ဂုဏ်ယူစရာ ဖြစ်နိုင်ပေမဲ့ ပြည်သူကို ပြန်ပစ်နေတဲ့ တပ်ထဲမှာ စစ်မှုထမ်းရတာကတော့ ဂုဏ်ယူစရာ လုံးဝမဟုတ်ပါဘူး။

ပိုဆိုးတာက ဒီစစ်တပ်က ၁၉၆၂ အာဏာ
သိမ်းပြီးချိန်က​နေ အခုချိန်ထိ တိုင်းရင်းသားပြည်သူ​တွေအ​ပေါ် စစ်ရာဇဝတ်မှု​တွေအခါခါကျူးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ်၊အထူး
သဖြင့် ၂၀၂၁ အာဏာသိမ်းပြီး​နောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ပြည်သူ​တွေကို ပစ်
ခတ်သတ်ဖြတ်တာကစပြီး စာသင်​နေတဲ့​ကျောင်းသားငယ်​တွေ၊တရားစခန်းက သံဃာ​တော်​တွေ ၊စစ်​ရှောင်စခန်း​တွေက ကိုယ်ဝန်​ဆောင်သယ်​တွေ သက်ကြီးရွယ်ပါမ​ရှောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်​နေတဲ့ ၊သတ်
ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်သား​တွေသာဖြစ်ပါတယ်။အခုလိုဘက်​ပေါင်းစုံအကြပ်အတည်းဆိုက်ပြီးကျရှုံးနိုင်ငံဖြစ်​အောင် စစ်အာဏာ
ရှင်​တွေခိုင်းတဲ့ အတိုင်းလိုက်လုပ်တဲ့ တိုင်း
ပြည်ကို ဖျက်ဆီး​နေတဲ့စစ်ရာဇဝတ်သား​တွေသာဖြစ်ပါတယ် ။တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်​​တေသူ​တွေမဟုတ်ပါဘူး ။

ဦးလေးတို့နှစ်ယောက် အသက်က ၈၀ ပတ်
ချာလည်တွေ။ ကိုယ်တိုင်လည်း ရှေ့တန်းသွားရမယ့် အသက် မဟုတ်တော့သလို၊ ကိုယ့်သားသမီး မြေးတွေလည်း စစ်မှုမထမ်းဘဲ ဂုဏ်ယူစရာလို့ လွယ်လွယ်မပြောစေချင်ပါ။ တကယ် ဂုဏ်ယူစရာလို့ ထင်ရင် ကိုယ့်သား
သမီး၊ ကိုယ့်မြေးတွေကို အရင်ဆုံး စစ်တပ်ထဲ ပို့ပြစေချင်ပါတယ်။

ဦးစိုးမိုးက နိုင်ငံတကာက စစ်မှုထမ်းတာတွေ ထောက်ပြတယ်။ ဦးရေ။ ကိုရီးယားနဲ့ အမေရိကန်မှာ စစ်မှုထမ်းရင် သက်ဆိုင်ရာ နိုင်ငံက စစ်သည်တွေရဲ့ အသက်အန္တရာယ်၊ အခွင့်အ
ရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးတယ်။ ပြီးတော့သူတို့ကပြည်သူလူထုက ရွေး
ချယ်ပေးထားတဲ့အရပ်သားအစိုးရရဲ့ အုပ်
ချုပ်မှု​အောက်မှာ တာဝန်ထမ်းတဲ့ လူ့အခွင့်အ​ရေးနဲ့ဒီမိုက​ရေစီကို​လေးစားတဲ့ ပ​ရော်ဖက်ရှင်နယ်စစ်တပ် ။ဒီမှာကစစ်တပ်ကအာဏာသိမ်း
ထားတာ။စစ်အာဏာရှင်တစ်စုရဲ့အကျိုး
စီးပွားအတွက် ကိုယ့်ပြည်သူကို​ပျော်​ပျော်ကြီးသတ်ဖြတ်​နေတဲ့စစ်တပ် ပါ။ ပြည်သူကိုကာကွယ်​နေတဲ့ စစ်တပ်​တွေနဲ့ ပြည်သူကို ပြန်သတ်​​နေတဲ့ မင်း​အောင်လှိုင်သစ်တပ်က
နှိုင်းယှဥ်လို့​တောင်မရပါဘူး။
👍24🖕6🥴2❤1🔥1🥰1