People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကနီမှာ ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက "အထွေအထွေအကြပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့'' စာသားပါဘန်နာကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

ဒါ့အပြင် ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအကြောင်းပါတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ပြည်သူတွေကို ဖြန့်ဝေခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ နဲ့ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
👍316👏6🥰2😁1🤮1💩1🤣1🖕1
ဓာတ်ပုံ - ABFSU
👍3714🥰3👏3🖕2😁1🤮1💩1🤣1
မကွေးမြို့ကထွက်လာတဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ

စက်တင်ဘာ-၁၉၊၂၀၂၆။ဖိုးသား/People's Spring

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မကွေးမြို့ကတဆင့် ထွက်ခွာလာတဲ့ စစ်ကားအစီးရေ (၁၈၂) စီးပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က်ရောက်ရှိလာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ဖော်ပြပါတယ်။

အဲဒီယာဉ်တန်းစစ်ကြောင်းက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှု ပြုလုပ်ထားပြီး တပ်မ(၈၈)က လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ အသိပေးပါတယ်။

"မစ်ဇိုင်းဒုံးတင်ကား ၂စီးလက်နက်ကြီးကား ၃စီးဂျန်ပါကားတွေပါတယ်။လက်ရှိ မင်းဘူး ရှောက်တောဖြတ်နေတယ်။မကြာခင် စလင်းကိုဝင်‌တော့ မယ်"လို့ မကွေး တိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ယာဉ်တန်းတိုက်မခံရရေးအတွက် လောင်းရှည်မြို့ကနေ စစ်ကြောင်းထွက်လာပြီး လောင်းရှည် - စေတုတ္တရာ လမ်းပိုင်းမှာ ကင်းပုန်းချထားတယ်လို့ မကွေး ပကဖက ဆိုပါတယ်။

လောင်းရှည်-ဆောလမ်းပိုင်းက တောင်ဘို့ကြီးကို ရောက်နေတဲ့ စစ်ကြောင်းကလည်း တောင်ဘို့ကြီးကျေးရွာမှာပဲ ဆက်လက် တပ်ချထားပြီး လောင်းရှည် - ဆောလမ်းပိုင်းကို လုံခြုံရေးယူပေးနေတယ်လို့ အသိပေးပါတယ်။

"စစ်တပ်က ကန်ပက်လက် နဲ့ မင်းတပ်ကို ထိုးစစ်အရှိန် ပိုမြှင့်ပြီလို့ ပြောလို့ရနိုင်တယ်"လို့ ဆောမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄) က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

ချင်းတောင်ပိုင်း ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့် နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

အလားတူ လောင်းရှည်-ဆောလမ်းပိုင်းမှာ ဩဂုတ်လပထမပတ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ထံက လက်နက်ခဲယမ်းတွေအပါအ၀င် ဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာတဲ့စစ်သုံ့ပန်း ၂၀ ကျော်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောထားပါတယ်။

စက်တင်ဘာ ဒုတိယပတ်အထိ တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် စစ်တပ်က တပ်မ (၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁)က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင် ၀န်းကျင်အထိအသုံးပြုထားတယ်လို့ သိရပါတယ်။
17👍12🤬9👎3🔥2😁2👏1🤩1
(ချင်းပြည်နယ်ကို စစ်ကူပို့တဲ့ စစ်တပ်ယာဉ်တန်းတွေ ၂၀၂၃ မတ်လကတွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mindat
)
👍19🤬114👎3🔥2🖕2👏1😁1🎉1💩1
ဖိလစ်ပိုင်ဌာနဆိုင်ရာရေယာဉ်ကို တရုတ်ကမ်းခြေစောင့် ရေယာဉ်ဝင်တိုက်

စက်တင်ဘာ - ၁၉ ၊၂၀၂၆

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

မနေ့ (စက်တင်ဘာ ၁၈ ရက်)တုန်းက မနီလာမြို့တော် အနောက်ဖက်၊ ပါလာဝမ်ကနေ ရေမိုင် ၅၄ မိုင်အကွာ ရေပြင်မှာ ရေယာဉ်နှစ်စီး ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်ဟာ ဖိလစ်ပိုင်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားတဲ့ ဧရိယာထဲမှာ ပါဝင်နေပါတယ်။

အဲဒီရေပြင် တဝိုက်က ဖိလစ်ပိုင် ငါးဖမ်းလှေတွေဆီ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေထွက်သယံဇာတ ဌာနရဲ့ Magat Salamat ရေယာဉ်က လောင်စာဆီ သွားပို့ချိန်မှာ တရုတ် ကမ်းခြေစောင့် ရေယာဉ် အမှတ် ၂၁၅၈၅ က ကြားဖြတ် နှောင့်ယှက်ခဲ့တာလို့ ဖိလစ်ပိုင်ကစွပ်စွဲပါတယ်။

ရေယာဉ်နှစ်စီးကြားက ပဋိပက္ခဟာ ၁၀ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တရုတ် ကမ်းခြေစောင့် သင်္ဘောဟာ အန္တရာယ် များလှတဲ့ ရန်လို ချဉ်းကပ်မှု ၃ ကြိမ်လောက် လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲတာပါ။

တရုတ်ရေယာဉ်ပေါ်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အရွယ်အစား ပိုသေးတဲ့ ဖိလစ်ပိုင်ရေယာဉ်ဟာ ဝင်ဆောင့်ခံရတဲ့ အရှိန်ကြောင့် အတော်ကြီး သိသိသာသာ တိမ်းစောင်းသွားတာမျိုးကို တွေ့ခဲ့ရပါတယ်။

အခုဖြစ်ရပ်မှာ Magat Salamatရဲ့ ကိုယ်ထည်ပေါ်က လက်ရန်းတွေ ပျက်စီးသွားပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေထွက်သယံဇာတ ဌာနက အတည်ပြုခဲ့ပါတယ်။

တရုတ် ရေယာဉ်က ဘာလုပ်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုကြောင်း၊ ဖိလစ်ပိုင် ကမ်းလွန် ရေပြင်မှာ ငါးဖမ်းနေတဲ့ ဖိလစ်ပိုင် လှေတွေအတွက် လောင်စာဆီ သွားပို့တဲ့ ရေယာဉ်ကို တမင် ဝင်တိုက်ခဲ့တာဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ ဖိလစ်ပိုင် ရေယာဉ် အမှုထမ်းတွေအတွက် အကြီးအကျယ် အန္တရာယ် ကျရောက်သွားစေနိုင်ကြောင်း ဖိလစ်ပိုင်ဖက်က ထုတ်ပြန်ပါတယ်။

Magat Salamatဟာ စက်တင်ဘာ ၁၇ ရက်နေ့တုန်းက ဟက်ဖ်မွန်း သောင်ခုံကျွန်းမှာ သောင်တင်နေလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ရေယာဉ်တစ်စီး စေလွှတ်ပြီး ပင်လယ်ဖက် ပြန်ဆွဲချပေးခဲ့ရပါတယ်။

အဲဒီ အချိန်ကတည်းက တရုတ် ကမ်းခြေစောင့်တပ်ရဲ့ Harbin Y-12F ကင်းလှည့်လေယာဉ်တစ်စီး ပျံဝဲနေတာကို ဖိလစ်ပိုင်ရေယာဉ် အဖွဲ့သားတွေက သတိပြုမိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ တရုတ် ကမ်းခြေစောင့် သင်္ဘောရဲ့ ဝင်တိုက်မှုကို ကြုံရတော့တာပါပဲ။

တရုတ်ဖက်က ထုတ်ပြန်ချက်မှာတော့ ဖိလစ်ပိုင် ရေယာဉ်ကသာ တရုတ် ကမ်းခြေစောင့် သင်္ဘောရဲ့ ရေလမ်းကြောင်း ရှေ့ကနေ အကြိမ်ကြိမ် ဖြတ်ဝင်ပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ်အစိုးရအာဘော် Global Times ကတဆင့်တုံ့ပြန်ထားပါတယ်။

ပြီးတော့ ရေယာဉ်တွေ တိုက်မိမှု မတိုင်ခင်မှာ တရုတ်ကမ်းခြေစောင့်ရေယာဉ် ရှေ့ကနေ ဖိလစ်ပိုင် ရေယာဉ်က ကန့်လန့်ဖြတ် ခုတ်မောင်းလာပုံကို ကွဲပြားတဲ့ ရှုထောင့်က ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း Global Times က ထုတ်ပြခဲ့ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပြီး ဖိလစ်ပိုင်နဲ့ ပြဿနာကတော့ အဆိုးဆုံးပါပဲ။ အထူးသဖြင့် ဒုတိယ သေမတ်စ် သောင်ခုံကျွန်းလို့ ခေါ်တဲ့ နေရာတဝိုက်မှာ အခြေအနေ အတင်းမာဆုံး ဖြစ်နေပြီး အရင်ကလည်း နှစ်နိုင်ငံ ကမ်းခြေစောင့်တပ် ရေယာဉ်တွေ ထိပ်တိုက်တွေ့တာ၊ ရေယာဉ်အဖွဲ့သားချင်း ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။

မနှစ်က ဩဂုတ်လတုန်းကလည်း ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်နောက်ကနေ အပူတပြင်း လိုက်ပါ ခုတ်မောင်း နှောင့်ယှက်ရင်း တရုတ် စစ်သင်္ဘော တစ်စီးနဲ့ ကမ်းခြေစောင့် သင်္ဘောတစ်စီး အချင်းချင်း တိုက်မိခဲ့ပြီး ကမ်းခြေစောင့်ရေယာဉ် ခေါင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ တစ်နှစ်လောက် ကြာပြီး အခုနှစ် ဩဂုတ်လမှာတော့ တရုတ်က အဲဒီဖြစ်ရပ်အတွင်း ကမ်းခြေစောင့် တပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ကိုးကား: USNI

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဖိလစ်ပိုင်ရေယာဉ်ဝင်တိုက်ခံရမှု #တရုတ်ကမ်းခြေစောင့်တပ် #တောင်တရုတ်ပင်လယ်ပဋိပက္ခ #နိုင်ငံတကာသတင်း
17🤬10💩7🔥5👍1👎1👏1😡1
Media is too big
VIEW IN TELEGRAM
💩22👍9👎41🔥1👏1😁1🤬1😡1
ဗန်း​​မော်ကိုရေကြောင်းက အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ သုံးပတ်အတွင်း စစ်တပ်က လေကြောင်းပစ်ကူဗုံးအလုံးရေထောင်ချီကြဲ​

■စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်
​​ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

စက်တင်ဘာ-၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်ကိုရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ဟာ သူ့ရဲ့သင်္ဘောတွေ လုံခြုံရေးနဲ့ မြစ်ကြောင်းလုံခြုံရေး မြေပြင်စစ်ကြောင်းတွေအတွက် လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ပေါင်းရာချီ ပြုလုပ်ခဲ့ရာဖျက်အားပြင်းဗုံးတွေ အပါအဝင်ဗုံးအလုံးရေထောင်ချီကြဲချခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုရဲ့ သင်္ဘောတွေကချင်ပြည်နယ်ကို စတင်ဝင်ရောက်တဲ့ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၆ရက်နေ့အထိသုံးပတ်တာအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။ အဲဒီကာလအတွင်း စစ်တပ်က တိုက်လေယာဉ်တွေနဲ့အကြိမ်ပေါင်းရာချီ ဗုံး
ကြဲတဲ့အပြင် Y12 လေယာဉ်တွေကိုလည်းသုံးပြီး ဗုံးကြဲခဲ့ပါတယ်။

“ကသာနဲ့ ဗန်းမော်အဲဒီစစ်ဆင်ရေးအတွင်းက ဒေတာ အချို့ဖြစ်ပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ ကသာကနေ ကချင်ပြည်နယ်၊ ရွှေကူကို ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာ သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွှေကူကနေ ဗန်းမော်ကို ဆန်တက်တဲ့ သင်္ဘောတွေ၊ ဗန်းမော်ကနေ ရွှေကူကို စုန်ဆင်းတဲ့ သင်္ဘောတွေကို ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံနဲ့ စင်းခန်းတံတာား ဝန်းကျင်မှာ ကြားဖြတ်တိုက်
ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော အစီးရေ စုစုပေါင်း ၂၀စီး ဝန်းကျင် ထိခိုက်ပျက်စီးနစ်မြုပ် မီးခဲ့ပါတယ်။

သင်္ဘောတွေထွက်ခွာရာ လမ်းတလျှောက် စစ်
တပ်လေယာဉ်တွေ ကင်းထောက်တာ ဗုံးကြဲတာတွေလုပ်ခဲ့သလို ဇင်းဘုံနဲ့ စင်းခန်းဒေသ မြေပြင်တိုက်ပွဲတွေပြင်းထန်ခဲ့စဥ်မှာလည်း စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် အထိနာတဲ့ စစ်အုပ်စုဟာ ဧရာ၀တီမြစ်ဘေးကျေးရွာတွေကိုလေ
ကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာလုံးကျွတ်နီးပါးမီးလောင်တဲ့ ရွာအချို့ရှိခဲ့ပါတယ်။

“ပေါင် ၁၀၀၀၊ ပေါင် ၅၀၀၊ ကလက်စတာဗုံး၊ Y12 က ချတာ ၁၂၀ မမ၊ ၈၁ မမ အသီးတွေ” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က စစ်တပ်ရဲ့ တိုက်လေယာဉ် ၊ လေယာဉ်တွေက ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးအမျိုးအစားတွေကို ပြောပါတယ်။

စစ်တပ်ကအဲဒီလိုလေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ပေမဲ့ရေကြောင်းအင်အားဖြည့်
တင်းမှုနဲ့ ​မြေပြင်တိုက်ပွဲ​တွေကို ထိရောက်အောင် ကူညီပေးနိုင်ခြင်းမရှိပါဘူး ။ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်
သင်္ဘောတွေ ပျက်စီးမှု စံချိန်တင်များခဲ့သလို မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်စစ်
ကြောင်းတွေ ပျက်၊ တပ်ပြန်ဆုတ်ရတဲ့ အနေ
အထားဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားအချို့ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေ အနေနဲ့ လေကြောင်း တိုက်ခိုက်မှု တိုက်ရိုက်ထိမှန်တာမှ အပ စစ်တပ် လေကြောင်းရန်ကို ဘေးကင်းအောင်ဘယ်လို ကာကွယ်ရမယ်ဆိုတာ နားလည်ထားတဲ့ သဘောဖြစ်တာကြောင့် စစ်တပ် သင်္ဘောတွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

#ဗန်းမော်တိုက်ပွဲ #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ရေကြောင်းအင်အားဖြည့်တင်းမှု
23👍14🔥5👏3👎2🤣2🖕2
👍23👏8🔥4👎2🖕21🥰1😁1
ခေါင်လန်ဖူးက ရဟတ်ယာဉ်ကွင်းပါစစ်တပ်စခန်း အရေးပါတာကြောင့် KIA ပူးပေါင်းတပ် ၃ကြိမ်တိုင် ထိုးစစ်ဆင်ခဲ့ရ

စက်တင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ဒုတိယပတ်အတွင်းက နယ်ခြားမှတ်တိုင် ၃၀ပေါ်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ရက်ရက်မှာ ဒေသတွင်းမှာ အရေးပါတဲ့ စစ်တပ်ရဲ့ အခိုင်အမာစခန်းကို ထပ်မံ သိမ်းရခဲ့တာလို့ဆိုပါတယ်။

" သိမ်းလိုက်တဲ့ စခန်းက အဲဒီမှာ သူတို့က Helipad(ရဟတ်ယာဉ်ဆင်းသက်ကွင်း) လုပ်ထားတာ။ ဟယ်လီကော်ပတာဆင်းဖို့ လုပ်ထားတာ။ အဲဒါကို ကာကွယ်ဖို့အတွက် စခန်းအခိုင်အမာတွေလုပ်ထားတာ။ ကျနော်တို့ သိမ်းတာတောင်မှ သုံးကြိမ်လောက်ထိုးတဲ့အခါကျမှ ဒီနေ့မှ ရတာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု သိမ်းရတဲ့ တပ်စခန်းဟာ နယ်စပ်မှတ်တိုင် (၃၀) ဒေသ ပတ်ဝန်းကျင်တpfခုလုံး ထောက်ပံ့ရေးအတွက် အသုံးပြုတဲ့ စခန်းဖြစ်ကြောင်း၊ နယ်စပ်မှတ်တိုင် (၃၁)မှာ စစ်တပ် လက်အောက်ခံ ရှိန်းခေါင်ပြည်သူ့စစ် ဌာနချုပ်ရှိတည်ရှိကြောင်း ရှင်းပြပါတယ်။

“အခု ဒါက နယ်စပ်မှတ်တိုင် (၃၀) ဒေသ ပတ်ဝန်းကျင်တခုလုံးအတွက် ထောက်ပံ့ရေးအတွက် ရဟတ်ယာဉ်ကွင်းက ဒီမှာ တစ်ခုပဲရှိတာ။ အဲဒါကြောင့်မို့လို့ ဒါဟာ အရေးကြီးတယ်။ အရေးကြီးတာမို့လို့ ကျနော်တို့လည်း သုံးကြိမ်တိတိထိုးပြီးမှ ရခဲ့တာပဲ။ တော်တော်အရေးပါတဲ့နေရာလို့ ပြောရမှာပေါ့။ အဲဒီဒေသတွေက တခြားမှာလည်း အဲဒီလို Helipad မရှိဘူး။ နောက်ပြီးတော့ ရှိန်းခေါင်ပြည်သူ့စစ်ဌာနချုပ် အဲဒီမှာပဲ ရှိတယ် အဲဒါနဲ့လည်းဝေးသေးတယ်ဆိုတာ့ အဲဒီဒေသ တခုလုံး ကို လွှမ်းမိုးဖို့အတွက် သူက အဲဒီမှာ Helipad တစ်ခု စခန်းအခိုင်အမာနဲ့ နေတာ။ အဲဒီလို ရဟတ်ယာဉ်နဲ့သာ လာမချပေးလို့ရှိရင် ဘာမှ အဆက်အသွယ်မရဘူး။ ခြေလျင်နဲ့သွားမယ်ဆိုလို့ရှိရင်လည်း တပတ်ဆယ်ရက်သွားရတဲ့အခါကျတော့ အဲဒီ Helipad က တော်တော်အရေးပါတာပေါ့။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင်လမှာ သိမ်းရခဲ့တဲ့ စစ်တပ်စခန်းအချို့ဟာ နယ်စပ်မှတ်တိုင် (၃၀)ဂိတ် နယ်စပ်ပေါ်ရှိ စခန်းများဖြစ်ပြီး အခုသိမ်းရတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းက နယ်စပ်မှတ်တိုင်(၃၀)နဲ့ အနည်းငယ် အလှမ်းဝေးဟုလည်း ရှင်းပြပါတယ်။

ဇူလိုင် တိုက်ပွဲတွေအပြီး ဒေသတွင်းမှာ မိုးအရမ်းများလို့ KIA ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားမှု ငြိမ်နေခဲ့ရာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးကနေ ဆက်လက်ထိုးစစ်ဆင် လှုပ်ရှားမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

" အဲဒီဒေသက တော်တော်ခေါင်တယ်။နောက်ပြီးတော့ အသွားအလာ တော်တော်ခက်တယ်။ သူတို့ဘက်မှာ ကျလို့ရှိရင်တော့ အဲဒါ ဌာနေ ပြည်သူ့စစ်တွေ ပါတဲ့အခါကျတော့ မိုးရာသီမှာပဲဖြစ်ဖြစ် သွားနိုင်ကြတယ်။ အဲဒါ သူတို့ရဲ့ အားသာချက်တခုပေါ့။ နောက်ပြီး အများကြီးခေါင်တဲ့ ဒေသမှာ ကျလို့ရှိရင် အနီးစပ်ဆုံး ညွှန်းမယ့်ရွာတွေက မရှိဘူး ဖြစ်တာ။ အဲဒါကြောင့်မို့လို့ အများအားဖြင့် ဒီနယ်စပ်မှတ်တိုင်ကိုပဲ ညွှန်းနေကြတာလေ။ အဲဒီဒေသတွေက ခေါင်လန်ဖူးမြို့နယ် လို့သာ ပြောနေတာ တရွာနဲ့ တရွာအဝေးကြီး။ ရွာဆိုပေမဲ့ အိမ်ခြေက ဆယ်အိမ်၊ ဆယ့်ငါးအိမ် အဲဒီလောက်ပဲရှိတဲ့ ရွာသေးသေးလေးတွေ။ တရွာနဲ့ တရွာလည်း အဝေးကြီး။ ခေါင်လန်ဖူးမြို့နယ်သာ ပြောနေတာ အဝေးကြီး ခေါင်လန်ဖူးနဲ့။ တပတ်လောက်လျှောက်ရတာ” လို့ စစ်ရေးသတင်းရင်းမြစ်က ဒေသ အခြေအနေတွေကို ရှင်းပြပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ နည်းမျိုးစုံနဲ့ စစ်ရေးလှုပ်ရှားနေချိန်မှာပဲ တပ်စခန်းအချို့ ဆက်လက်သိမ်းပိုက်ခံနေရတာဖြစ်ပါတယ်။ဒါ့အပြင် ကချင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ ရွှေကူ-ဗန်းမော်ကြား ရေကြောင်းစစ်ဆင်ရေးနဲ့ မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်ဟာ ထိခိုက်ဆုံးရှုံးများပြားခဲ့ပါတယ်။
🥰21👏1512🤣3👍2❤‍🔥1👎1😁1🖕1
(စစ်ခေါင်းဆောင်မင်းအောင်နဲ့အဖွဲ့ ခေါင်လန်ဖူးဒေသကို ၂၀၁၉ ဖေဖော်ဝါရီက ရောက်လာစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
👍21👎10🖕94👏2🔥1🥰1💩1🤣1
ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ ပြိုင်ပွဲအတွက်ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်

"မနက်ဖြန်ကျရင် သူနိုင်၊ကိုယ်နိုင် အပြိုင်ကြဲမှာပဲ။ အဲဒါကို စိတ်ချထားလိုက်ပါ" - ဂျိုရှုအာဗန်

"ဒီပွဲက အခွင့်အလမ်းကောင်းပါ။ ဒီဇင်ဘာမှာ ဖြစ်ခဲ့သလို မနက်ဖြန်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး" - ပန်တိုဂျာ

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ဂျိုရှုအာဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာ တို့ဟာ မနက်ဖြန် (စက်တင်ဘာ ၂၀) မြန်မာစံတော်ချိန် နံနက် ၈ နာရီမှာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် UFC-331 ပြိုင်ပွဲရဲ့ Main Event (အဓိကခေါင်ပွဲ) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။

ဆေးစစ်ဝိတ်ချိန်အပြီးမှာတော့ Final Face-Off ပြုလုပ်ခဲ့ပြီး မနက်ဖြန်ပွဲနဲ့ ပတ်သက်ပြီး ကစားသမားတွေကို UFC က အင်တာဗျူးခဲ့ပါတယ်။

"ဒီပွဲက အခွင့်အလမ်းကောင်းပါ။ ဒီဇင်ဘာမှာ ဖြစ်ခဲ့သလို မနက်ဖြန်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး။ မနက်ဖြန် (ဗန်) မင်းနဲ့ သံဆန်ခါထဲမှာ တွေ့မယ်" လို့ ပန်တိုဂျာက ပွဲကြိုအင်တာဗျူးမှာ အသိပေးခဲ့ပါတယ်။

ဗန်ကတော့ မနက်ဖြန်ပွဲမှာ သူနိုင်၊ ကိုယ်နိုင် အပြိုင်ကြဲမှာ ဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

"မတော်တဆ မဟုတ်ဘူး။ ဖြစ်ရမယ့်အတိုင်း ဖြစ်ခဲ့တာပါ။ ကြုံကို ကြုံရမယ့် အဖြစ်အပျက်ပါပဲ။ မနက်ဖြန်ကျရင် သူနိုင် ကိုယ်နိုင် အပြိုင်ကြဲမှာပဲ။ အဲဒါကို စိတ်ချထားလိုက်ပါ" လို့ ဗန်က ဆိုပါတယ်။

ဂျိုရှုအာဗန်ဟာ သြဂုတ်လအတွင်းက ပွဲကြို Press မှာလည်း ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပြောခဲ့ပါသေးတယ်။

ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းက ပထမအကြိမ်တွေ့ဆုံခဲ့ဖူးပြီး အဲဒီ့ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းအတွင်း ဗန်က အလဲထိုးနဲ့ အနိုင်ရကာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာတင် ဂျိုရှုအာဗန်ရဲ့ တွန်းထိုးမှုကြောင့် ပန်တိုဂျာမှာ ပြုတ်ကျခဲ့ပြီး လက်ဒဏ်ရာရရှိခဲ့လို့ ဆက်မထိုးသတ်နိုင်တာကြောင့် ဗန်က အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် UFC က ချန်ပီယံဟောင်း ပန်တိုဂျာအား အခွင့်အရေး ပေးတဲ့အနေနဲ့ ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ပေးကာ ဂျိုရှုအာဗန်နဲ့ ပွဲပြန်တည်ပေးခဲ့တာပါ။

ဂျိုရှုအာဗန်ဟာ ပန်တိုဂျာကို အနိုင်ရကာ ချန်ပီယံခါးပတ်ရရှိပြီးနောက် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ထိုးသတ်ခဲ့ရာ ငါးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုလာမယ့် ပန်တိုဂျာနဲ့ ပွဲစဉ်ဟာ ဗန်အတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။
👏27👍14🥰75🔥3💩1
ဓာတ်ပုံ - UFC
👍47🥰64🔥2💩1
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာ အမျိုးသမီး ခန့်အပ်

စက်တင်ဘာ -၁၉၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုး
သမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှု
ဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

ဒီကနေ့ (စက်တင်ဘာ ၁၉ရက်) ပြုလုပ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (၂၇) ကြိမ်မြောက် အပတ် စဉ်ပုံမှန်အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာအပြင် ကောင်စီရဲ့ အလုပ် အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

လစ်လပ်နေတဲ့ ဥက္ကဌနေရာကို ကရင်နီပြည်အမျိုးသမီးများအင်အားစုက မူအန်းဂျာလာရွေးချယ်ခံရပြီ ဒု-ဥက္ကဋ္ဌ က ကရင်နီအမျိုး
သားတိုးတက်ရေးပါတီက ခူးထဲဘူး ဖြစ်လာပါတယ်။

ဒါ့အပြင် အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုက
ဆိုဖီယာ​ဒေးမြာ၊တွဲဖက်အတွင်းရေးမှူးအဖြစ်
ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်က ရွေးချယ်ခံရပါတယ်။

အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာတွေမှာ ကရင်နီပြည်ကြားကာလလွှတ်တော်က အယ်ဗလင်း၊ ဦးဌေးအောင်နဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့က စောကလိုမှူး
တို့ ကို​ရွေးချယ်တာဝန်​ပေးပါတယ်။

ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် ဥက္ကဌနေရာနဲ့ အလုပ်အမှုဆောင် အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

"အမျိုးသမီးနဲ့လူငယ်တွေကိုဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရွေးချယ်ကြတဲ့အတွက် ဂုဏ်ယူပါတယ်"လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာ၀န်ရှိသူက ‌ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို ဦးဆောင်ခွင့် အခန်းကဏ္ဍမှာ ချန်လှပ်မထားတဲ့အတွက်လည်း ၀မ်းသာကြောင်း သူက ဆိုပါတယ်။

"မူအန်းဂျလာက အခုမတိုင်ခင် KSCC ရဲ့နောက်ဆုံး အကြိမ်ညီလာခံမှာ တွဲဖက်
အတွင်းရေးမှူး နဲ့ တာ၀န်ယူခဲ့သူပါ။အဲဒီမတိုင်ခင်ကလည်းသူကအမျိုးသမီးနဲ့ လူငယ်သမဂ္ဂ အဖွဲ့အစည်းတွေ မှာ အထွေထွေအတွင်း ရေးမှူးအနေနဲ့ဆောင်ရွက်ခဲ့သူဖြစ်တယ်"လို့ ကရင်
နီပြည်နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်း‌တွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီမှာကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဖွဲ့စည်းခဲ့ပါတယ်။

KSCC ကနေ ပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCကအကောင်
အထည်ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။
👍3714🖕2🥰1👏1🤮1🤣1
(ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဖြစ်လာသူ မူအန်းဂျယ်လာ။ ဓာတ်ပုံ - CJ)
👍3811👏5🤮2🖕2🥰1
■ရုပ်ရှင်ခံစားမှု

အမှောင်၏အလွန်
Spirited Away (၂၀၀၁)

ဝဇီရာ/People's Spring

အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိ
ရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်း
ကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်း
ထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

အဲဒီလိုဏ်ခေါင်းရဲ့ အခြားတစ်ဖက်မှာ မှော်ဆန်ပြီးဆန်းကြယ်တဲ့ ကမ္ဘာတစ်ခု ရှိနေတာကို သိလိုက်ရတယ်။ သိလိုက်တဲ့အချိန်မှာ သိပ်ကိုနောက်ကျသွားခဲ့ပြီ။ သူ့မိဘတွေက ဧည့်သည်ဝိဉာဥ်တွေအတွက် ပြင်ဆင်ထားတဲ့အစားအသောက်တွေ သွားဖြဲနားဖြဲ စားလိုက်မိလို့ နှစ်ယောက်လုံး ဝက်တွေ ဖြစ်သွားခဲ့တာ။

ချိဟိရိုဟာ အဲဒီမှာ ဟာကုနဲ့ တွေ့တယ်။ ဟာကုက သူ့ကို ဒီမှာမနေဘဲ ပြေးဖို့ပြောတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီး နေဝင်တာနဲ့အမျှ ဝိညာဉ်တွေ ထွက်ပေါ်လာခဲ့ပြီ။ ဟာကု
ဟာ ချိဟိရိုကို အနံ့မထွက်စေဖို့ အသက်ရှူအောင့်ခိုင်းပြီး ဝိညာဉ်တွေ စိစစ်တဲ့ တံတားကို ဖြတ်ကျော်ကာ ရေချိုးကန်ထဲသို့ တိတ်တ
ဆိတ် ခေါ်ဆောင်ပေးခဲ့တယ်။

ဟာကုက ချိဟိရိုကို ဒီကနေ သူကော သူ့မိဘတွေပါလွတ်မြောက်နိုင်ဖို့အတွက် စုန်းမကြီး ယူးဘာဘာထံမှာအလုပ်တောင်းဖို့နဲ့ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်မယ်လို့ပဲ ဇွတ်ပြောဖို့ လျှို့ဝှက်နည်းလမ်းတွေ သင်ပေးခဲ့ပါတယ်။ နောက်ဆုံးတော့ ချိဟိရို စုန်းမကြီးရဲ့ ရေချိုးကန်မှာ အလုပ်ရသွားပါတယ်။

စုန်းမကြီး ယူးဘာဘာက ရက်စက်ပါတယ်။ ချိဟိရိုကို ဆန် ဆိုတဲ့နာမည် ပြောင်းပစ်ခဲ့တယ်။ သူ့ပိုက်နက်ထဲ ဆိုတော့ သူ့အလိုကျ ဆန် လို့ ပြောင်းပေးလိုက်ရတယ်။ ရေချိုးကန်ကို အပုပ်နံ့ထွက်နေတဲ့၊ အမှိုက်တွေ တထွေးကြီး ပါလာတဲ့ မြစ်ဝိညာဥ်​ကြီးလည်း လာလေ့ရှိတယ်။ သူလာရင် ရေချိူးကန်တစ်ခုလုံး ညစ်ပက်သွားတာ။

ရေချိုးကန်မှာမျက်နှာဖုံးစွပ်ထားတဲ့ No-Face
(ကာအိုနာရှီီ)နဲ့လည်း ဆုံခဲ့ရတယ်။ သူက ချိဟိရိုကို ခင်တွယ်တာ။ သူက အထီးကျန်လွန်းလို့ဆိုပြီး ရွှေတွေလိုက်ပေးသေးတာ။

ကြောက်ရွံ့တတ်တဲ့ ကလေးမလေး ချိဟိရိုဟာ အဲဒီရောက်မှ အခက်အခဲတွေကို ရင်ဆိုင်ရင်း မိမိကိုယ်ကို အားကိုးတတ်လာပြီး ရင့်
ကျက်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာခဲ့တယ်။ အခြားသူတွေ မကူညီချင်ကြတဲ့ ညစ်ပတ်နေတဲ့ ဝိညာဉ်ကြီးနဲ့ မျက်နှာမဲ့ ဝိညာဥ်တွေကို ကြင်နာပေးခဲ့လို့ ပြန်လည်ကူညီမှုတွေ ရရှိခဲ့တယ်။

ဟာကုရဲ့အကူအညီနဲ့ပဲ ချိဟိရိုမိသားစု သူတို့ကမ္ဘာကို ပြန်လို့ရခဲ့တယ်။ ဟာကုကို ချီဟိရိုက နင်ကောမလိုက်ဘူးလားဆိုတော့ ငါပြန်
လာခဲ့ပါ့မယ်တဲ့။ ငါတို့ပြန်ဆုံခွင့်ရှိတယ်မလားလို့ ချိဟိရိုကမေးတော့ ဟာကုက ရှိတာပေါ့လို့ဖြေတယ်။ ဇာတ်ကားပြီးသွားခဲ့တယ်။ ချိဟိရိုကတော့ ဟာကု ပြန်အလာကို မျှော်နေမှာ သေချာပါတယ်။

ဇာတ်ကားထဲက စုန်းမကြီး ယူးဘာဘာက နာမည်တွေကို လုယူပြီး ခိုင်းစေတတ်ပေမဲ့ မူလနာမည်ကို မမေ့သမျှ ကာလပတ်လုံး မိမိကိုယ်ကို ဆုံးရှုံးမသွားဘူးလို့ ပြသွားခဲ့တယ်။

အခုဆိုရင် ကျနော်တို့နိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီ။ စစ်တပ်က ကျနော်အားလုံးတို့ရဲ့ မူလဘဝတွေကို လုယူသွားခဲ့တယ်။ ဆေးထိုးအပ်မကိုင်နိုင်တော့တဲ့ ဆရာဝန်တွေ၊ မြေဖြူတောင့် ​မမြင်ရတာကြာတဲ့ ဆရာဆရာမတွေ၊ ကလောင်မကိုင်နိုင်တော့တဲ့ စာရေးဆရာတွေ၊ ရထားမမောင်းနိုင်တော့တဲ့ စက်ခေါင်းမောင်းကြီးတွေ အများဆိုမှ အများကြီး။

သို့သော် ကျနော်တို့ ကိုယ့်နာမည် ကိုယ့်ဘဝ မေ့လို့မရပါဘူး။ အာဏာရှင်တွေက ဘယ်လိုပဲလုယူဖျက်ဆီးပါစေ ကျနော်တို့ ကိုယ့်နာမည်ကို မမေ့သရွေ့ ကျနော်တို့ဘဝ ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်ပါဘူး။

​ချိဟိရိုဟာ မိမိနာမည်ကို မမေ့ခဲ့လို့ မူလကမ္ဘာကို အောင်မြင်စွာ ပြန်နိုင်ခဲ့သလိုပဲ၊ ပြည်သူတွေဟာလည်း မိမိတို့ရဲ့ မူလတန်ဖိုးနဲ့ တာဝန်တွေကို မမေ့သရွေ့တော့ ဒီအမှောင်ထုကနေ လွတ်မြောက်ပြီး မူလဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ကြမှာ သေချာပါတယ်။ ။

#ရုပ်ရှင်ခံစားမှု #ဝဇိရာ #ludunwayop
#spiritedaway #peoplesspring
34👍6🤣2🖕2🤮1
ပေါ်တာဆွဲကြမ်းနေတဲ့ မုံရွာမှာ ဘုရားကြီးပွဲကျင်းပဖို့ စီစဥ်နေ

စက်တင်ဘာ ၁၉၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့က အထင်ကရ မုံရွာဘုရားကြီးပွဲတော်ကို ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရာ အာဏာသိမ်းကာလတလျှောက်မှာလည်း ကျင်းပခဲ့ခြင်းမရှိကြောင်း၊ ဒါပေမယ့် အာဏာသိမ်းစစ်တပ်က လာမယ့် သီတင်းကျွတ်လ၊ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ၁၀ ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ မုံရွာမြို့ပေါ်က လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ကျောင်းသားလူငယ်တွေကအစ ပေါ်တာဆွဲခံနေရကြောင်း၊ မနှစ်က သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေ၊ နှစ်သစ်ကူးကာလတွေမှာလည်း အာဏာသိမ်းစစ်တပ်က ပွဲတော်တွေ ပြုလုပ်ပြီး ပေါ်တာဆွဲခဲ့တာကြောင့် ယခုဘုရားကြီးပွဲမှာလည်း ပေါ်တာဆွဲမှာကို စိုးရိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"တအားကို ဆွဲနေလို့ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲဘူး"လို့ မုံရွာမြို့က အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ ဖမ်းဆီးရမိတဲ့လူငယ်တွေကို ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ တောင်းယူကာ ပြန်လည်ရွေးခိုင်းနေပြီး မပေးနိုင်သူတွေကိုတော့ စစ်မှုထမ်းထဲ ထည့်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဘုရားကြီးပွဲတော်ကို စည်ကားစေဖို့အတွက် လာဖွင့်မယ့်စျေးသည်တွေကို ဆိုင်ခန်းခမယူဘဲ အခမဲ့ဖွင့်ခွင့်ပေးမယ်ဆိုပြီး ဘုရားဂေါပကအဖွဲ့က ကြေညာထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင် ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။
👎23😢4🤮3👍2🥴21👏1
(ကိုဗစ်ကာလမတိုင်မီက မုံရွာ ဘုရားကြီးပွဲ ကျင်းပရန် ပြင်ဆင်ခဲ့စဥ်။ ဓါတ်ပုံ-CJ)
🔥20👍10😁3👎2👏2🤬2🤣1
စစ်သင်္ဘောတွေတိုက်ခိုက်ခံရစဉ်ရေထဲမျောပြီး မြစ်ကမ်းဘေးတယောက်တည်း နှစ်ပတ်​ကျော်အစာမစားရတဲ့ စစ်တပ်မိသားစုဝင် ကလေးငယ်ကို KIA ပူးပေါင်းတပ်ကယ်တင်

စက်တင်ဘာ-၁၉၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

ရေထဲမျောပါပြီး ကမ်းဘေးတွေတောတွေမှာ တင်ကျန်နေတဲ့ သူတွေကို တော်လှန်ရေးရဲဘော်တွေက စက်လှေငယ်တစီးနဲ့ လိုက်လံရှာဖွေခဲ့ရာ မြစ်ကမ်းဘေးတခုမှာ ကလေးငယ်တဦးကို ရှာဖွေကယ်တင်နိုင်ခဲ့တာပါ။

“ငါ့တူ ကောင်းကောင်းဖြေနော် ဦးတို့က မင်းတို့ကိုလာကယ်တာ ဘယ်မှာရှိသေးလဲ” လို့တော်လှန်ရေးရဲဘော်ကမေးရာ တယောက်တည်းလို့ ကလေးငယ်က ဖြေပါတယ်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက ကလေးငယ်ကိုအစားအစာ​ပေးစားခိုင်းပြီး၊ဓာတ်ဆားရည်တိုက်တာခဲ့တာ တွေ့ရပါတယ်။

အခြားကလေးငယ်တွေရှိသေးလားဟု မေးမြန်းရာ တယောက်တည်းလို့ ကလေးငယ်က ​ပြောပါတယ်။

“ဟိုမှာ မိန်းမတယောက်သေနေတာမင်းသိလား"လို့ထပ်မံ မေးမြန်းရာ ကလေးငယ်က မသိဘူးလို့ ပြောပါတယ်။

သင်္ဘောပေါ်က ခုန်ချပြီးပြေးတာလားဟု မေးမြန်းရာ ရေထဲမျောလာတာဟု ကလေးငယ်က ပြန်လည်ဖြေကြားပါတယ်။

“နှစ်ပတ်လောက်ကျော်ပြီ သားတယောက်တည်း” လို့လည်း ကလေးငယ်က ပြောပါတယ်။ ဘာမှမစားရဘဲ ​ရေပဲ​သောက်​နေခဲ့ရတယ်လို့က​လေးငယ်ကပြော​ပါတယ် ။

တော်လှန်ရေးရဲဘော်တွေက ထွက်ခဲ့ကြ မင်းတို့ကို လာကယ်တာ ထွက်ခဲ့ကြလို့ အော်ဟစ်သံတွေကိုလည်း ကြားရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “အဲဒီကလေးက အဲဒီလိုပါလာတာ။ အများကြီးပဲ။ မြစ်ကမ်းဘေးမှာရော မြစ်အနောက်ဘက်ကမ်း အရှေ့ဘက်ကမ်းရွာတွေမှာကယ်တင်ထားတာအများကြီးပဲ။ တပ်မိသားစုဝင်တွေများတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂ရက်နေ့က ရွှေကူကနေ ဗန်းမော်ကို စစ်သင်္ဘောတွေ ဆန်တက်ခဲ့စဥ်မှာ​ရော ၊ ဗန်း​မော်က​နေ ​ရွှေကူကို ဆင်းလာတဲ့ စစ်တပ် သင်္ဘော​တွေကို​ရော KIAနဲ့ပူး​ပေါင်းတပ်​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ​တွေအပါအဝင် တွဲသင်္ဘော​တွေ၊တွန်းသင်္ဘော​တွေ စတဲ့ သင်္ဘောမျိုးစုံ အစီး​ရေများစွာပျက်စီးနစ်မြှပ်၊မီး​လောင်ကျွမ်းခဲ့ပါတယ် ။

သင်္ဘောတွေ မီး​လောင်ပျက်စီး​ရေနစ်မြှပ်တဲ့အခါစစ်သားတွေအပါအဝင် စစ်တပ်သင်္ဘော​​နဲ့ လိုက်ပါလာသူတွေ သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချတာ၊ ရေထဲမျောပါတာတွေရှိခဲ့သလို သင်္ဘောကမ်းကပ်ပြီး လက်နက်ချ အညံ့ခံသူတွေလည်းရှိခဲ့ပါတယ်။

ရွှေကူ-ဗန်းမော်ကြား စင်းခန်းတံတားအနီး လက်နက်ချတဲ့ သင်္ဘော ၂ စီး​ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၈ဦး၊ သင်္ဘောကြုံလိုက်လာတဲ့ အရပ်သား ၈ဦး၊ တပ်မိသားစုဝင် အမျိုးသမီး ၁၇ဦးနဲ့ လသားအရွယ်ကလေးငယ်တွေ ကို KIA ပူးပေါင်းတပ်က စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၅၁ဦး ရှိပြီး သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KIAက အသိပေးပါတယ်။
👏3515👍8🤣2🥰1💩1🖕1