ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်နဲ့
ပြည်သူတွေကိုစစ်တပ်ကနှိပ်စက်သတ်ဖြတ်
ခဲ့တာတွေကိုမမေ့ဖို့ဆရာတော် မင်းသုည မိန့်ကြား
စက်တင်ဘာ-၁၈၊၂၀၂၆။နေ့သစ်/People’s Spring
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်
စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်
အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညနဲ့ ဘာသာပေါင်းစုံကလူပုဂ္ဂိုလ်တွေရဲ့ စကားဝိုင်းကို စက်တင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာမှာ ပြုလုပ်စဉ် ဆရာတော်က အထက်ပါအတိုင်း မိန်းကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီသပိတ်မှောက်ပွဲကြီးမှာ အားလုံးပဲမြင်ရတဲ့အတိုင်းပဲစစ်အာဏာရှင်က ရက်ရက်စက်စက်
ဖြိုခွင်းတယ်။ ဖမ်းဆီးတယ်။ထောင်ချတယ်။ နှိပ်စက်တယ်။သတ်ဖြတ်တယ်။ဒါတွေကို
ဦးဇင်းတို့က ပြန်လည်ပြီးတော့ အောင်းမေ့အမှတ်ရဖို့"လို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။
ဒါ့အပြင်က စစ်အာဏာရှင်တွေက အချင်း
ချင်းညီညွတ်မှာကို အကြောက်ဆုံးဖြစ်လို့
ဘုံရန်သူစစ်စစ် ပျောက်အောင် သွေးခွဲလေ့ရှိတယ်လို့လည်းဆရာတော်က မိန့်ကြားပါတယ်။
"အဲဒီ့တုန်းကဆိုလို့ရှိရင် ဦးဇင်းတို့က ရဟန်း သံဃာတော်တွေက လမ်းလျှောက်တယ်။ နောက်က ဒကာ၊ ဒကာမတွေ ဘာသာပေါင်းစုံပေါ့။ အစ္စလာမ် ၊ခရစ်ယာန် ၊ ဟိန္ဒူ အကုန်
လုံးကလက်တွဲညီညီနဲ့ အစ္စလာမ်တွေကအစ ရေဘူးထွက်ကမ်းတာထမင်းထုတ်ထွက်ကမ်းတာ အကုန်လုံး တကယ့်ညီညွှတ်တဲ့ မြင်ကွင်းကြီးဗျ။ စစ်အာဏာရှင်ဟေ့ဆိုတာ ဒီလိုညီညွှတ်တာကို အကြောက်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုရင် ညီညွှတ်ရင် ဘုံရန်သူစစ်စစ် စစ်အာဏာရှင်ကို ဦးဇင်းတို့ကမြင်ကြရမယ်။ ဦးဇင်းတို့ မညီညွတ်ရင် အချင်းချင်း ရန်ဖြစ်နေတော့ ဘုံရန်သူပျောက်နေတယ်။ အဲဒါကြောင့်မိုလို့ စစ်အာဏာရှင်က ဘာလုပ်လည်းဟေ့ဆိုရင် ဘုံရန်သူစစ်စစ် ပျောက်အောင် အမြဲတမ်း ဦးဇင်းတို့ရဲ့ အချင်းချင်းကြားထဲမှာ သွေးခွဲလေ့ရှိတယ်"လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်ကအချင်းချင်းသွေး
ကွဲအောင် ရန်တိုက်ပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
"ဒါကြောင့်မိုလို့ ဦးဇင်းတို့ ဘုန်းကြီးတွေကို အစ္စလာမ်ဘာသာ နဲ့ အမြဲတမ်းတိုက်ပေးတယ်။ သွေးခွဲတယ်။ သူတို့လုပ်နေကြပဲ။ ဦးဇင်းတို့က ဒါတွေကို မြင်နေတတ်ရမယ်။ ပြီးရင် အား
လုံးသိကြတဲ့အတိုင်းပဲ ကရင်ဟေ့ဆိုရင် ကရင် နဲ့ ညီညွှတ်နေတာကို ဘာနဲ့ခွဲလဲ။ ကရင်ထဲမှာ ခရစ်ယာန်ရှိတယ်။ ဗုဒ္ဓဘာသာရှိတယ်။ အစ္စလာမ်ရှိတယ်။ အများစုကတော့ ခရစ်
ယာန် နဲ့ ဗုဒ္ဓဘာသာပေါ့။ အဲဒီမှာ ကရင်မှာ တိုက်လို့ မနိုင်တော့ ခုနကပြောတဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကိုရန်တိုက်ပေးလိုက်တာ။ တိုက်ပေးလိုက်တဲ့အခါကျတော့ ယနေ့ ကရင်ညီညွှတ်နေတဲ့ အဖွဲ့အစည်းဟာ ခုနပြောသလို DKBA KNU အစရှိသဖြင့် အဖွဲ့တွေအများကြီးတွေဖြစ်သွားတယ်။ အဲဒိတော့ မကွဲခဲ့ဘူးဟေ့ဆိုရင် ဘုံရန်သူစစ်စစ် စစ်အာဏာရှင်ကို ဦးဇင်းတို့ကမြင်ကြရတယ်။ဒါတွေကို ဦးဇင်းတို့က သိကြဖို့ မြင်ကြဖို့ အတွက် ဒီစကားဝိုင်းပွဲတွေကို ဦးဇင်းတို့ကပြန်လည်ကျင်းပကြရတာပဲ။အားလုံးညီညွှတ်ကြပါ။ညီညွှတ်နေတယ်ဟေ့ဆိုရင် ဦးဇင်းတို့က ဘုံရန်သူကိုစစ်
စစ် မြင်ရတယ်"လို့ ဆရာတော် မင်းသုညက ဆကိလက်မိန့်ကြားပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ဖြစ်
ပွားခဲ့ပါတယ်။
စစ်တပ်ကအုပ်ချုပ်ထားတဲ့ အဲဒီကာလမှာ လောင်စာဆီ စျေးနူန်းမြင့်တက်လာလို့အထွေထွေကုန်ဈေးနှုန်းတက်ပြီး ပြည်သူတွေကြပ်တည်းလာတာကြောင့် ပခုက္ကူမြို့ကသံဃာ
တော်တွေက စတင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ဒါကိုစစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့တာ
ကြောင့်တနိုင်ငံလုံးရှိ သံဃာထုပါ ပါဝင်လာခဲ့ကြပါတယ်။
သံဃာတော်တွေက လမ်းလျှောက်မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်တာကိုစစ်အစိုးရက စက်တင်ဘာ ၂၆ ရက်မှာ အကြမ်းဖက်ပစ်
ခတ်ရိုက်နှက်ဖမ်းဆီးနှိမ်နင်းမှုကြောင့် သံဃာတော်များအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရပါတယ်။
ရုပ်သံ - Aung Aung

❤38👍18🤣3🔥1🤮1💩1💯1💔1🖕1
စစ်တွေတိုက်ပွဲ စစ်တပ်ရဲ့ ကာကင်းနဲ့ ခြေ
ကုတ်နေရာ နှစ်ခု AA က ထပ်မံသိမ်းပိုက်
■AA ကစစ်တွေရှိ စစ်တပ်ကာကင်းအနည်း
ဆုံး၃ခုနဲ့ ခြေကုတ်နေရာ၄ခုကိုသိမ်းပိုက်ပြီး
စက်တင်ဘာ-၁၈ ၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်(AA)က အာ
ဏာသိမ်းစစ်တပ်ရဲ့ စခန်း တွေကို ဆက်တိုက်သိမ်းပိုက်နေရာ ဒီကနေ့ မှာလည်းကာကင်းစခန်းတခုနဲ့ ခြေ ကုတ်နေရာတခု ထပ်မံသိမ်း
ပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်းရွာအနီးက ကာကင်းစခန်းငယ်တခုနဲ့ ရွှေမင်းဂံရေ
တပ်စခန်းရဲ့ ချောင်းတဘက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးရှိ ခြေကုတ်နေရာတခုတို့ ကို သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။
“စခန်းနှစ်ခု ရလိုက်တယ်။ အလောင်းတွေ ရတာတော့သိပ်မရှိဘူး။လက်နက်တွေချန်ပြီး ဆုတ်ပြေးသွားကြတာ။ တိုက်ပွဲကတော့ နေ
ရာလေးခုလောက်မှာ ဆက်ဖြစ်နေကြတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းမှာ အဲဒီစခန်းနှစ်ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်စခန်းတွေလက်လွှတ်ရပြီးနောက် စစ်တပ်က တိုက်လေယာဉ် ခြောက်စီးခန့်နဲ့ တိုက်ပွဲဖြစ်ရာနေရာတွေအပြင် စစ်တွေ၊ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ် တို့အတွင်းက နေရာတွေကိုဗုံးကြဲခဲ့ပါတယ်။
“တရက်လုံး ဗုံးကြဲတယ်လို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးသံ၊ စက်လက်(စက်သေ
နတ်)သံတွေလည်း ဒီနေ့ အာရုဏ်လောက်ကတည်းက ကြားရတယ်” လို့ စစ်တွေမြို့ထဲ နေထိုင်သူတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ဒီနေ့သိမ်းပိုက်ရရှိတဲ့စခန်းနှစ်ခုအပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားဝန်းကျင်ရှိ ကာကင်းတခု၊ ကံကော်ကျွန်းရွာ၀န်းကျင်ရှိ ကာကင်းတခု၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူ ထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့က ခြေကုတ်နေရာသုံးခုတို့ကိုလည်း ပြီးခဲ့တဲ့ ရက် တွေက သိမ်းပိုက်ရရှိထားပါတယ်။ဒါကြောင့်
အနည်းဆုံးစစ်တပ်ကာကင်း ၃ ခု နဲ့ ခြေကုတ်နေရာ ၄ ခုကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ကံ့ကော်ကျွန်းဝန်းကျင်၊ကျားမသောက်
တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့
နယ်ဘက်ခြမ်း ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာတိုက်ပွဲဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အ
ထိအခိုက်အကျအဆုံးများနေပြီး အရေအ
တွက်တွေနဲ့ အခြေအနေအ သေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ AA နဲ့ နီးစပ်တဲ့အခြားသတင်းရင်းမြစ်တဦးကပြောပါတယ်။
“ဆားပို့တောင်နားက ကောင်တွေရဲရိုးပြင်ဘက်ကို သွားစုပြီး ခုခံနေကြတယ်။တပ်ပြန်ဆုတ်နေကြတာပေ့ါ။ဒါပေမယ့် ဒီကောင်တွေ ချောင်းကူးပြေးရမှာဆိုတော့မလွယ်ဘူး။ စုပြီးတော့ ခုခံနေကြတယ်။ ရွှေမင်းဂံနဲ့ မြို့ထဲကနေ လက်နက်ကြီးပစ်ကူတွေလည်းပေးနေတယ်။ ကိုယ့်ဘက်ကလည်း လိုက်တိုက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ဆိုကာ စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီ စက်တင်ဘာလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် AA ရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတွေ နောက်ပြန်ဆုတ်ပြေးနေရပြီး အရင်ရှိနေတဲ့ စစ်စခန်းတွေပါ လက်လွှတ်နေရတာပါ။
စစ်တပ်ဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ဂဏန်းနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အမြင့်ကျွန်းဘက်ကလာတဲ့ စစ်ကြောင်းဟာ တိုက်ပွဲပထ မရက်မှာပဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ဒါ့အပြင် အရင်ကတည်းက အထိုင်ချခဲ့တဲ့ အမြင့်ကျွန်ယတံတားပေါ်ကနေပါ နောက်ဆုတ်သွားခဲ့ ရတာဖြစ်ပါတယ်။
ရွှေမင်းဂံဘက်က တက်လာတဲ့စစ်ကြောင်းမှာ ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ ရှိနေသေးပေမယ့် AA ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံနေရပြီး နေ့တိုင်း သေဆုံးသူဆယ်ဂဏန်းနဲ့ အထိနာနေပြီး လက်နက်ချအလင်းဝင်သူတွေ ပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလေကြောင်း၊ လက်
နက်ကြီးတွေနဲ့ ပစ်ခတ်တာ ၊ဗုံးကြဲတာတွေကိုဆက်တိုက်လုပ်နေပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့ထိ နှစ်ပတ် အတွင်းစခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တွေစစ်မျက်နှာမှာတင် သေဆုံးသူရာနဲ့ချီ ရှိနေပြီလို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က အထိနာနေ
ပါတယ်။
#စစ်တွေတိုက်ပွဲ #ပုဏ္ဏားကျွန်းတိုက်ပွဲ
#ကျောက်ဖြူတိုက်ပွဲ #ရွှေမင်းဂံရေတပ်
#စစ်တပ်ရဲ့၄၉၂၆စစ်ဆင်ရေး
#peoplesspring #လူထုနွေဦး

👍39❤15👏4🤣4🥰1🖕1
စစ်တွေမြို့က ပွိုင့်ကမ်းခြေ နဲ့ ဧရာဝတီတိုင်းကို စတင်ဝင်ရောက်လာတဲ့AAတပ်ဖွဲ့ဝင်တွေကို ၂၀၂၅ နှစ်ဆန်းပိုင်းကတွေ့ရစဥ်။
ဓါတ်ပုံ-CJ ၊ AA Infodesk
ဓါတ်ပုံ-CJ ၊ AA Infodesk
❤46👍16👏5🤣3🥰2🖕2💩1
ကနီမှာ ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်
စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေက "အထွေအထွေအကြပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့'' စာသားပါဘန်နာကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။
ဒါ့အပြင် ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအကြောင်းပါတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ပြည်သူတွေကို ဖြန့်ဝေခဲ့ကြပါတယ်။
ယင်းလှုပ်ရှားမှုကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ နဲ့ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

👍31❤6👏6🥰2😁1🤮1💩1🤣1🖕1
မကွေးမြို့ကထွက်လာတဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ
စက်တင်ဘာ-၁၉၊၂၀၂၆။ဖိုးသား/People's Spring
မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မကွေးမြို့ကတဆင့် ထွက်ခွာလာတဲ့ စစ်ကားအစီးရေ (၁၈၂) စီးပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က်ရောက်ရှိလာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ဖော်ပြပါတယ်။
အဲဒီယာဉ်တန်းစစ်ကြောင်းက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှု ပြုလုပ်ထားပြီး တပ်မ(၈၈)က လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ အသိပေးပါတယ်။
"မစ်ဇိုင်းဒုံးတင်ကား ၂စီးလက်နက်ကြီးကား ၃စီးဂျန်ပါကားတွေပါတယ်။လက်ရှိ မင်းဘူး ရှောက်တောဖြတ်နေတယ်။မကြာခင် စလင်းကိုဝင်တော့ မယ်"လို့ မကွေး တိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ယာဉ်တန်းတိုက်မခံရရေးအတွက် လောင်းရှည်မြို့ကနေ စစ်ကြောင်းထွက်လာပြီး လောင်းရှည် - စေတုတ္တရာ လမ်းပိုင်းမှာ ကင်းပုန်းချထားတယ်လို့ မကွေး ပကဖက ဆိုပါတယ်။
လောင်းရှည်-ဆောလမ်းပိုင်းက တောင်ဘို့ကြီးကို ရောက်နေတဲ့ စစ်ကြောင်းကလည်း တောင်ဘို့ကြီးကျေးရွာမှာပဲ ဆက်လက် တပ်ချထားပြီး လောင်းရှည် - ဆောလမ်းပိုင်းကို လုံခြုံရေးယူပေးနေတယ်လို့ အသိပေးပါတယ်။
"စစ်တပ်က ကန်ပက်လက် နဲ့ မင်းတပ်ကို ထိုးစစ်အရှိန် ပိုမြှင့်ပြီလို့ ပြောလို့ရနိုင်တယ်"လို့ ဆောမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄) က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
ချင်းတောင်ပိုင်း ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်လျော့ခဲ့ပေမယ့် နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။
အလားတူ လောင်းရှည်-ဆောလမ်းပိုင်းမှာ ဩဂုတ်လပထမပတ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ထံက လက်နက်ခဲယမ်းတွေအပါအ၀င် ဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာတဲ့စစ်သုံ့ပန်း ၂၀ ကျော်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောထားပါတယ်။
စက်တင်ဘာ ဒုတိယပတ်အထိ တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် စစ်တပ်က တပ်မ (၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁)က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင် ၀န်းကျင်အထိအသုံးပြုထားတယ်လို့ သိရပါတယ်။

❤17👍12🤬9👎3🔥2😁2👏1🤩1
ဖိလစ်ပိုင်ဌာနဆိုင်ရာရေယာဉ်ကို တရုတ်ကမ်းခြေစောင့် ရေယာဉ်ဝင်တိုက်
စက်တင်ဘာ - ၁၉ ၊၂၀၂၆
တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။
မနေ့ (စက်တင်ဘာ ၁၈ ရက်)တုန်းက မနီလာမြို့တော် အနောက်ဖက်၊ ပါလာဝမ်ကနေ ရေမိုင် ၅၄ မိုင်အကွာ ရေပြင်မှာ ရေယာဉ်နှစ်စီး ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်ဟာ ဖိလစ်ပိုင်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားတဲ့ ဧရိယာထဲမှာ ပါဝင်နေပါတယ်။
အဲဒီရေပြင် တဝိုက်က ဖိလစ်ပိုင် ငါးဖမ်းလှေတွေဆီ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေထွက်သယံဇာတ ဌာနရဲ့ Magat Salamat ရေယာဉ်က လောင်စာဆီ သွားပို့ချိန်မှာ တရုတ် ကမ်းခြေစောင့် ရေယာဉ် အမှတ် ၂၁၅၈၅ က ကြားဖြတ် နှောင့်ယှက်ခဲ့တာလို့ ဖိလစ်ပိုင်ကစွပ်စွဲပါတယ်။
ရေယာဉ်နှစ်စီးကြားက ပဋိပက္ခဟာ ၁၀ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တရုတ် ကမ်းခြေစောင့် သင်္ဘောဟာ အန္တရာယ် များလှတဲ့ ရန်လို ချဉ်းကပ်မှု ၃ ကြိမ်လောက် လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲတာပါ။
တရုတ်ရေယာဉ်ပေါ်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အရွယ်အစား ပိုသေးတဲ့ ဖိလစ်ပိုင်ရေယာဉ်ဟာ ဝင်ဆောင့်ခံရတဲ့ အရှိန်ကြောင့် အတော်ကြီး သိသိသာသာ တိမ်းစောင်းသွားတာမျိုးကို တွေ့ခဲ့ရပါတယ်။
အခုဖြစ်ရပ်မှာ Magat Salamatရဲ့ ကိုယ်ထည်ပေါ်က လက်ရန်းတွေ ပျက်စီးသွားပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဖိလစ်ပိုင် ငါးလုပ်ငန်းနဲ့ ရေထွက်သယံဇာတ ဌာနက အတည်ပြုခဲ့ပါတယ်။
တရုတ် ရေယာဉ်က ဘာလုပ်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုကြောင်း၊ ဖိလစ်ပိုင် ကမ်းလွန် ရေပြင်မှာ ငါးဖမ်းနေတဲ့ ဖိလစ်ပိုင် လှေတွေအတွက် လောင်စာဆီ သွားပို့တဲ့ ရေယာဉ်ကို တမင် ဝင်တိုက်ခဲ့တာဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ ဖိလစ်ပိုင် ရေယာဉ် အမှုထမ်းတွေအတွက် အကြီးအကျယ် အန္တရာယ် ကျရောက်သွားစေနိုင်ကြောင်း ဖိလစ်ပိုင်ဖက်က ထုတ်ပြန်ပါတယ်။
Magat Salamatဟာ စက်တင်ဘာ ၁၇ ရက်နေ့တုန်းက ဟက်ဖ်မွန်း သောင်ခုံကျွန်းမှာ သောင်တင်နေလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ရေယာဉ်တစ်စီး စေလွှတ်ပြီး ပင်လယ်ဖက် ပြန်ဆွဲချပေးခဲ့ရပါတယ်။
အဲဒီ အချိန်ကတည်းက တရုတ် ကမ်းခြေစောင့်တပ်ရဲ့ Harbin Y-12F ကင်းလှည့်လေယာဉ်တစ်စီး ပျံဝဲနေတာကို ဖိလစ်ပိုင်ရေယာဉ် အဖွဲ့သားတွေက သတိပြုမိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ တရုတ် ကမ်းခြေစောင့် သင်္ဘောရဲ့ ဝင်တိုက်မှုကို ကြုံရတော့တာပါပဲ။
တရုတ်ဖက်က ထုတ်ပြန်ချက်မှာတော့ ဖိလစ်ပိုင် ရေယာဉ်ကသာ တရုတ် ကမ်းခြေစောင့် သင်္ဘောရဲ့ ရေလမ်းကြောင်း ရှေ့ကနေ အကြိမ်ကြိမ် ဖြတ်ဝင်ပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ်အစိုးရအာဘော် Global Times ကတဆင့်တုံ့ပြန်ထားပါတယ်။
ပြီးတော့ ရေယာဉ်တွေ တိုက်မိမှု မတိုင်ခင်မှာ တရုတ်ကမ်းခြေစောင့်ရေယာဉ် ရှေ့ကနေ ဖိလစ်ပိုင် ရေယာဉ်က ကန့်လန့်ဖြတ် ခုတ်မောင်းလာပုံကို ကွဲပြားတဲ့ ရှုထောင့်က ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း Global Times က ထုတ်ပြခဲ့ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပြီး ဖိလစ်ပိုင်နဲ့ ပြဿနာကတော့ အဆိုးဆုံးပါပဲ။ အထူးသဖြင့် ဒုတိယ သေမတ်စ် သောင်ခုံကျွန်းလို့ ခေါ်တဲ့ နေရာတဝိုက်မှာ အခြေအနေ အတင်းမာဆုံး ဖြစ်နေပြီး အရင်ကလည်း နှစ်နိုင်ငံ ကမ်းခြေစောင့်တပ် ရေယာဉ်တွေ ထိပ်တိုက်တွေ့တာ၊ ရေယာဉ်အဖွဲ့သားချင်း ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။
မနှစ်က ဩဂုတ်လတုန်းကလည်း ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်နောက်ကနေ အပူတပြင်း လိုက်ပါ ခုတ်မောင်း နှောင့်ယှက်ရင်း တရုတ် စစ်သင်္ဘော တစ်စီးနဲ့ ကမ်းခြေစောင့် သင်္ဘောတစ်စီး အချင်းချင်း တိုက်မိခဲ့ပြီး ကမ်းခြေစောင့်ရေယာဉ် ခေါင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ တစ်နှစ်လောက် ကြာပြီး အခုနှစ် ဩဂုတ်လမှာတော့ တရုတ်က အဲဒီဖြစ်ရပ်အတွင်း ကမ်းခြေစောင့် တပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ကိုးကား: USNI
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဖိလစ်ပိုင်ရေယာဉ်ဝင်တိုက်ခံရမှု #တရုတ်ကမ်းခြေစောင့်တပ် #တောင်တရုတ်ပင်လယ်ပဋိပက္ခ #နိုင်ငံတကာသတင်း

❤17🤬10💩7🔥5👍1👎1👏1😡1
ဗန်းမော်ကိုရေကြောင်းက အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ သုံးပတ်အတွင်း စစ်တပ်က လေကြောင်းပစ်ကူဗုံးအလုံးရေထောင်ချီကြဲ
■စစ်တပ်ကဗုံးအလုံးရေထောင်ချီကြဲပေမယ့်
ရေကြောင်းနဲ့ကုန်းကြောင်းတိုက်ပွဲမှာရှုံး
စက်တင်ဘာ-၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်ကိုရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်တပ်ဟာ သူ့ရဲ့သင်္ဘောတွေ လုံခြုံရေးနဲ့ မြစ်ကြောင်းလုံခြုံရေး မြေပြင်စစ်ကြောင်းတွေအတွက် လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ပေါင်းရာချီ ပြုလုပ်ခဲ့ရာဖျက်အားပြင်းဗုံးတွေ အပါအဝင်ဗုံးအလုံးရေထောင်ချီကြဲချခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုရဲ့ သင်္ဘောတွေကချင်ပြည်နယ်ကို စတင်ဝင်ရောက်တဲ့ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၆ရက်နေ့အထိသုံးပတ်တာအတွင်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေကို သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။ အဲဒီကာလအတွင်း စစ်တပ်က တိုက်လေယာဉ်တွေနဲ့အကြိမ်ပေါင်းရာချီ ဗုံး
ကြဲတဲ့အပြင် Y12 လေယာဉ်တွေကိုလည်းသုံးပြီး ဗုံးကြဲခဲ့ပါတယ်။
“ကသာနဲ့ ဗန်းမော်အဲဒီစစ်ဆင်ရေးအတွင်းက ဒေတာ အချို့ဖြစ်ပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ် သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ ကသာကနေ ကချင်ပြည်နယ်၊ ရွှေကူကို ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာ သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရွှေကူကနေ ဗန်းမော်ကို ဆန်တက်တဲ့ သင်္ဘောတွေ၊ ဗန်းမော်ကနေ ရွှေကူကို စုန်ဆင်းတဲ့ သင်္ဘောတွေကို ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံနဲ့ စင်းခန်းတံတာား ဝန်းကျင်မှာ ကြားဖြတ်တိုက်
ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘော အစီးရေ စုစုပေါင်း ၂၀စီး ဝန်းကျင် ထိခိုက်ပျက်စီးနစ်မြုပ် မီးခဲ့ပါတယ်။
သင်္ဘောတွေထွက်ခွာရာ လမ်းတလျှောက် စစ်
တပ်လေယာဉ်တွေ ကင်းထောက်တာ ဗုံးကြဲတာတွေလုပ်ခဲ့သလို ဇင်းဘုံနဲ့ စင်းခန်းဒေသ မြေပြင်တိုက်ပွဲတွေပြင်းထန်ခဲ့စဥ်မှာလည်း စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် အထိနာတဲ့ စစ်အုပ်စုဟာ ဧရာ၀တီမြစ်ဘေးကျေးရွာတွေကိုလေ
ကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာလုံးကျွတ်နီးပါးမီးလောင်တဲ့ ရွာအချို့ရှိခဲ့ပါတယ်။
“ပေါင် ၁၀၀၀၊ ပေါင် ၅၀၀၊ ကလက်စတာဗုံး၊ Y12 က ချတာ ၁၂၀ မမ၊ ၈၁ မမ အသီးတွေ” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က စစ်တပ်ရဲ့ တိုက်လေယာဉ် ၊ လေယာဉ်တွေက ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးအမျိုးအစားတွေကို ပြောပါတယ်။
စစ်တပ်ကအဲဒီလိုလေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ပေမဲ့ရေကြောင်းအင်အားဖြည့်
တင်းမှုနဲ့ မြေပြင်တိုက်ပွဲတွေကို ထိရောက်အောင် ကူညီပေးနိုင်ခြင်းမရှိပါဘူး ။ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်
သင်္ဘောတွေ ပျက်စီးမှု စံချိန်တင်များခဲ့သလို မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်စစ်
ကြောင်းတွေ ပျက်၊ တပ်ပြန်ဆုတ်ရတဲ့ အနေ
အထားဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားအချို့ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် တော်လှန်ရေးရဲဘော်တွေ အနေနဲ့ လေကြောင်း တိုက်ခိုက်မှု တိုက်ရိုက်ထိမှန်တာမှ အပ စစ်တပ် လေကြောင်းရန်ကို ဘေးကင်းအောင်ဘယ်လို ကာကွယ်ရမယ်ဆိုတာ နားလည်ထားတဲ့ သဘောဖြစ်တာကြောင့် စစ်တပ် သင်္ဘောတွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
#ဗန်းမော်တိုက်ပွဲ #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ရေကြောင်းအင်အားဖြည့်တင်းမှု

❤23👍14🔥5👏3👎2🤣2🖕2
ခေါင်လန်ဖူးက ရဟတ်ယာဉ်ကွင်းပါစစ်တပ်စခန်း အရေးပါတာကြောင့် KIA ပူးပေါင်းတပ် ၃ကြိမ်တိုင် ထိုးစစ်ဆင်ခဲ့ရ
စက်တင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ဒုတိယပတ်အတွင်းက နယ်ခြားမှတ်တိုင် ၃၀ပေါ်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ရက်ရက်မှာ ဒေသတွင်းမှာ အရေးပါတဲ့ စစ်တပ်ရဲ့ အခိုင်အမာစခန်းကို ထပ်မံ သိမ်းရခဲ့တာလို့ဆိုပါတယ်။
" သိမ်းလိုက်တဲ့ စခန်းက အဲဒီမှာ သူတို့က Helipad(ရဟတ်ယာဉ်ဆင်းသက်ကွင်း) လုပ်ထားတာ။ ဟယ်လီကော်ပတာဆင်းဖို့ လုပ်ထားတာ။ အဲဒါကို ကာကွယ်ဖို့အတွက် စခန်းအခိုင်အမာတွေလုပ်ထားတာ။ ကျနော်တို့ သိမ်းတာတောင်မှ သုံးကြိမ်လောက်ထိုးတဲ့အခါကျမှ ဒီနေ့မှ ရတာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခု သိမ်းရတဲ့ တပ်စခန်းဟာ နယ်စပ်မှတ်တိုင် (၃၀) ဒေသ ပတ်ဝန်းကျင်တpfခုလုံး ထောက်ပံ့ရေးအတွက် အသုံးပြုတဲ့ စခန်းဖြစ်ကြောင်း၊ နယ်စပ်မှတ်တိုင် (၃၁)မှာ စစ်တပ် လက်အောက်ခံ ရှိန်းခေါင်ပြည်သူ့စစ် ဌာနချုပ်ရှိတည်ရှိကြောင်း ရှင်းပြပါတယ်။
“အခု ဒါက နယ်စပ်မှတ်တိုင် (၃၀) ဒေသ ပတ်ဝန်းကျင်တခုလုံးအတွက် ထောက်ပံ့ရေးအတွက် ရဟတ်ယာဉ်ကွင်းက ဒီမှာ တစ်ခုပဲရှိတာ။ အဲဒါကြောင့်မို့လို့ ဒါဟာ အရေးကြီးတယ်။ အရေးကြီးတာမို့လို့ ကျနော်တို့လည်း သုံးကြိမ်တိတိထိုးပြီးမှ ရခဲ့တာပဲ။ တော်တော်အရေးပါတဲ့နေရာလို့ ပြောရမှာပေါ့။ အဲဒီဒေသတွေက တခြားမှာလည်း အဲဒီလို Helipad မရှိဘူး။ နောက်ပြီးတော့ ရှိန်းခေါင်ပြည်သူ့စစ်ဌာနချုပ် အဲဒီမှာပဲ ရှိတယ် အဲဒါနဲ့လည်းဝေးသေးတယ်ဆိုတာ့ အဲဒီဒေသ တခုလုံး ကို လွှမ်းမိုးဖို့အတွက် သူက အဲဒီမှာ Helipad တစ်ခု စခန်းအခိုင်အမာနဲ့ နေတာ။ အဲဒီလို ရဟတ်ယာဉ်နဲ့သာ လာမချပေးလို့ရှိရင် ဘာမှ အဆက်အသွယ်မရဘူး။ ခြေလျင်နဲ့သွားမယ်ဆိုလို့ရှိရင်လည်း တပတ်ဆယ်ရက်သွားရတဲ့အခါကျတော့ အဲဒီ Helipad က တော်တော်အရေးပါတာပေါ့။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင်လမှာ သိမ်းရခဲ့တဲ့ စစ်တပ်စခန်းအချို့ဟာ နယ်စပ်မှတ်တိုင် (၃၀)ဂိတ် နယ်စပ်ပေါ်ရှိ စခန်းများဖြစ်ပြီး အခုသိမ်းရတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းက နယ်စပ်မှတ်တိုင်(၃၀)နဲ့ အနည်းငယ် အလှမ်းဝေးဟုလည်း ရှင်းပြပါတယ်။
ဇူလိုင် တိုက်ပွဲတွေအပြီး ဒေသတွင်းမှာ မိုးအရမ်းများလို့ KIA ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားမှု ငြိမ်နေခဲ့ရာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးကနေ ဆက်လက်ထိုးစစ်ဆင် လှုပ်ရှားမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
" အဲဒီဒေသက တော်တော်ခေါင်တယ်။နောက်ပြီးတော့ အသွားအလာ တော်တော်ခက်တယ်။ သူတို့ဘက်မှာ ကျလို့ရှိရင်တော့ အဲဒါ ဌာနေ ပြည်သူ့စစ်တွေ ပါတဲ့အခါကျတော့ မိုးရာသီမှာပဲဖြစ်ဖြစ် သွားနိုင်ကြတယ်။ အဲဒါ သူတို့ရဲ့ အားသာချက်တခုပေါ့။ နောက်ပြီး အများကြီးခေါင်တဲ့ ဒေသမှာ ကျလို့ရှိရင် အနီးစပ်ဆုံး ညွှန်းမယ့်ရွာတွေက မရှိဘူး ဖြစ်တာ။ အဲဒါကြောင့်မို့လို့ အများအားဖြင့် ဒီနယ်စပ်မှတ်တိုင်ကိုပဲ ညွှန်းနေကြတာလေ။ အဲဒီဒေသတွေက ခေါင်လန်ဖူးမြို့နယ် လို့သာ ပြောနေတာ တရွာနဲ့ တရွာအဝေးကြီး။ ရွာဆိုပေမဲ့ အိမ်ခြေက ဆယ်အိမ်၊ ဆယ့်ငါးအိမ် အဲဒီလောက်ပဲရှိတဲ့ ရွာသေးသေးလေးတွေ။ တရွာနဲ့ တရွာလည်း အဝေးကြီး။ ခေါင်လန်ဖူးမြို့နယ်သာ ပြောနေတာ အဝေးကြီး ခေါင်လန်ဖူးနဲ့။ တပတ်လောက်လျှောက်ရတာ” လို့ စစ်ရေးသတင်းရင်းမြစ်က ဒေသ အခြေအနေတွေကို ရှင်းပြပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ နည်းမျိုးစုံနဲ့ စစ်ရေးလှုပ်ရှားနေချိန်မှာပဲ တပ်စခန်းအချို့ ဆက်လက်သိမ်းပိုက်ခံနေရတာဖြစ်ပါတယ်။ဒါ့အပြင် ကချင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ ရွှေကူ-ဗန်းမော်ကြား ရေကြောင်းစစ်ဆင်ရေးနဲ့ မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်ဟာ ထိခိုက်ဆုံးရှုံးများပြားခဲ့ပါတယ်။

🥰21👏15❤12🤣3👍2❤🔥1👎1😁1🖕1
ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ ပြိုင်ပွဲအတွက်ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်
"မနက်ဖြန်ကျရင် သူနိုင်၊ကိုယ်နိုင် အပြိုင်ကြဲမှာပဲ။ အဲဒါကို စိတ်ချထားလိုက်ပါ" - ဂျိုရှုအာဗန်
"ဒီပွဲက အခွင့်အလမ်းကောင်းပါ။ ဒီဇင်ဘာမှာ ဖြစ်ခဲ့သလို မနက်ဖြန်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး" - ပန်တိုဂျာ
စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People's Spring
UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။
UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ဂျိုရှုအာဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာ တို့ဟာ မနက်ဖြန် (စက်တင်ဘာ ၂၀) မြန်မာစံတော်ချိန် နံနက် ၈ နာရီမှာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် UFC-331 ပြိုင်ပွဲရဲ့ Main Event (အဓိကခေါင်ပွဲ) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။
ဆေးစစ်ဝိတ်ချိန်အပြီးမှာတော့ Final Face-Off ပြုလုပ်ခဲ့ပြီး မနက်ဖြန်ပွဲနဲ့ ပတ်သက်ပြီး ကစားသမားတွေကို UFC က အင်တာဗျူးခဲ့ပါတယ်။
"ဒီပွဲက အခွင့်အလမ်းကောင်းပါ။ ဒီဇင်ဘာမှာ ဖြစ်ခဲ့သလို မနက်ဖြန်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး။ မနက်ဖြန် (ဗန်) မင်းနဲ့ သံဆန်ခါထဲမှာ တွေ့မယ်" လို့ ပန်တိုဂျာက ပွဲကြိုအင်တာဗျူးမှာ အသိပေးခဲ့ပါတယ်။
ဗန်ကတော့ မနက်ဖြန်ပွဲမှာ သူနိုင်၊ ကိုယ်နိုင် အပြိုင်ကြဲမှာ ဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။
"မတော်တဆ မဟုတ်ဘူး။ ဖြစ်ရမယ့်အတိုင်း ဖြစ်ခဲ့တာပါ။ ကြုံကို ကြုံရမယ့် အဖြစ်အပျက်ပါပဲ။ မနက်ဖြန်ကျရင် သူနိုင် ကိုယ်နိုင် အပြိုင်ကြဲမှာပဲ။ အဲဒါကို စိတ်ချထားလိုက်ပါ" လို့ ဗန်က ဆိုပါတယ်။
ဂျိုရှုအာဗန်ဟာ သြဂုတ်လအတွင်းက ပွဲကြို Press မှာလည်း ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပြောခဲ့ပါသေးတယ်။
ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းက ပထမအကြိမ်တွေ့ဆုံခဲ့ဖူးပြီး အဲဒီ့ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းအတွင်း ဗန်က အလဲထိုးနဲ့ အနိုင်ရကာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာတင် ဂျိုရှုအာဗန်ရဲ့ တွန်းထိုးမှုကြောင့် ပန်တိုဂျာမှာ ပြုတ်ကျခဲ့ပြီး လက်ဒဏ်ရာရရှိခဲ့လို့ ဆက်မထိုးသတ်နိုင်တာကြောင့် ဗန်က အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် UFC က ချန်ပီယံဟောင်း ပန်တိုဂျာအား အခွင့်အရေး ပေးတဲ့အနေနဲ့ ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ပေးကာ ဂျိုရှုအာဗန်နဲ့ ပွဲပြန်တည်ပေးခဲ့တာပါ။
ဂျိုရှုအာဗန်ဟာ ပန်တိုဂျာကို အနိုင်ရကာ ချန်ပီယံခါးပတ်ရရှိပြီးနောက် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ထိုးသတ်ခဲ့ရာ ငါးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုလာမယ့် ပန်တိုဂျာနဲ့ ပွဲစဉ်ဟာ ဗန်အတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။

👏27👍14🥰7❤5🔥3💩1
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာ အမျိုးသမီး ခန့်အပ်
စက်တင်ဘာ -၁၉၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုး
သမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှု
ဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
ဒီကနေ့ (စက်တင်ဘာ ၁၉ရက်) ပြုလုပ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (၂၇) ကြိမ်မြောက် အပတ် စဉ်ပုံမှန်အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာအပြင် ကောင်စီရဲ့ အလုပ် အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
လစ်လပ်နေတဲ့ ဥက္ကဌနေရာကို ကရင်နီပြည်အမျိုးသမီးများအင်အားစုက မူအန်းဂျာလာရွေးချယ်ခံရပြီ ဒု-ဥက္ကဋ္ဌ က ကရင်နီအမျိုး
သားတိုးတက်ရေးပါတီက ခူးထဲဘူး ဖြစ်လာပါတယ်။
ဒါ့အပြင် အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုက
ဆိုဖီယာဒေးမြာ၊တွဲဖက်အတွင်းရေးမှူးအဖြစ်
ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်က ရွေးချယ်ခံရပါတယ်။
အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာတွေမှာ ကရင်နီပြည်ကြားကာလလွှတ်တော်က အယ်ဗလင်း၊ ဦးဌေးအောင်နဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့က စောကလိုမှူး
တို့ ကိုရွေးချယ်တာဝန်ပေးပါတယ်။
ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် ဥက္ကဌနေရာနဲ့ အလုပ်အမှုဆောင် အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
"အမျိုးသမီးနဲ့လူငယ်တွေကိုဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရွေးချယ်ကြတဲ့အတွက် ဂုဏ်ယူပါတယ်"လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေကို ဦးဆောင်ခွင့် အခန်းကဏ္ဍမှာ ချန်လှပ်မထားတဲ့အတွက်လည်း ၀မ်းသာကြောင်း သူက ဆိုပါတယ်။
"မူအန်းဂျလာက အခုမတိုင်ခင် KSCC ရဲ့နောက်ဆုံး အကြိမ်ညီလာခံမှာ တွဲဖက်
အတွင်းရေးမှူး နဲ့ တာ၀န်ယူခဲ့သူပါ။အဲဒီမတိုင်ခင်ကလည်းသူကအမျိုးသမီးနဲ့ လူငယ်သမဂ္ဂ အဖွဲ့အစည်းတွေ မှာ အထွေထွေအတွင်း ရေးမှူးအနေနဲ့ဆောင်ရွက်ခဲ့သူဖြစ်တယ်"လို့ ကရင်
နီပြည်နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီမှာကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဖွဲ့စည်းခဲ့ပါတယ်။
KSCC ကနေ ပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCကအကောင်
အထည်ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။

👍37❤14🖕2🥰1👏1🤮1🤣1