စစ်တပ်ခန့်သမ္မတ ရာထူးကို ရယူပြီးနောက်
ပိုင်းမှာ မင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ လာအို၊ ထိုင်း၊ ကာဇက်စတန်နဲ့ ဘီလာရုစ်နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်က သူဦး
ဆောင်တဲ့ အစုအဖွဲ့အပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ပိုရလာစေဖို့၊ ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုမြှင့်တင်ဖို့၊ မြန်မာနိုင်ငံအတွက် အရမ်းလိုအပ်နေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့ ဖြစ်ပါတယ်။
မင်းအောင်လှိုင်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတွေကို စုပြီး အဲဒီနိုင်ငံတွေက မင်းအောင်လှိုင်ကို အသိအမှတ် ပြုနေပါတယ်ဆိုတဲ့ ဇာတ်ကြောင်းမျိုးကို နေပြည်တော်ဖက်က ဖန်တီးနေကြောင်း၊ ဒါပေမဲ့ အဲဒီလို ဓာတ်ပုံမျိုး ရိုက်ခွင့်ရဖို့ တစ်ဖက်ကဘာတွေတောင်းဆိုမလဲ ဆိုတာကိုလည်းတွေးဖို့လိုကြောင်း ဟော်ဆေးက ပြောပါတယ်။
အမေရိကန်ဘက်ကလည်း မကြာသေးမီနှစ်တွေအတွင်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု တချို့ကို လျှော့ပေါ့ပေးလာပုံ ပေါ်ပါတယ်။ မနှစ်က ဇူလိုင်လမှာ အမေရိကန်ဟာ မြန်မာစစ်အာဏာပိုင်တွေရဲ့ မဟာမိတ်တွေနဲ့ သူတို့ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကတချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်
သိမ်းခဲ့ပါတယ်။
အဲဒီတုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က အမေရိကန် အစိုးရရဲ့ လိုက်လျောမှုဟာ မြန်မာစစ်
တပ်ကိုရော၊ ကြံရာပါတွေကို ပိုပြီး အတင့်ရဲလာစေမယ့် အံ့ဩစိတ်ပျက်စရာ အပြောင်း
အလဲမျိုးလို့ ဝေဖန်ခဲ့ပါတယ်။ နာမည်ပျက် စာရင်းထဲက ဖယ်ရှားပေးလိုက်တဲ့ ကုမ္ပဏီတွေထဲမှာလက်နက်အရောင်းအဝယ်နဲ့ ဆက်
စပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်နေတယ်လို့ အန်ဒရူးစ်က ပြောခဲ့ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ထရမ့်ရဲ့ အစိုးရဟာ မြန်မာနိုင်ငံသားတွေရဲ့ အမေရိကန်မှာ တရားဝင် ခိုလှုံနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တည်
ငြိမ်တိုးတက်လာပြီး ရွေးကောက်ပွဲလည်း ကျင်းပတော့မှာမို့ အမေရိကန်ရောက် မြန်မာတွေ နေရပ်ဆီ ဘေးကင်းကင်းနဲ့ ပြန်လို့ရပြီလို့ ယူဆကြောင်း အမေရိကန်က အကြောင်း
ပြချက် ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်က စိတ်တိုင်းကျ တစ်ဖက်သတ် ခြယ်
လှယ် ကျင်းပတဲ့ ရွေးကောက်ပွဲကို တိုးတက်မှု တစ်ခုအဖြစ်အမေရိကန်ကရည်ညွှန်းခဲ့ပါတယ်။
တစ်ဖက်မှာတော့ မင်းအောင်လှိုင်က မြန်မာအပေါ် သွင်းကုန်အခွန် တိုးကောက်မယ့် အမေရိကန်အစိုးရရဲ့အကြောင်းကြားစာကိုတောင် ဖားယားပြီးအကောင်းမြင်တဲ့ သဘော
မျိုးနဲ့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီစာဟာ အမေရိကန် စီးပွားရေးရဲ့ ထူးခြားတဲ့ အခွင့်အ
လမ်းတွေမှာ ဆက်လက် ပါဝင်ဖို့ တွန်းအားပေးတဲ့ ဖိတ်ခေါ်မှုလို့ မင်းအောင်လှိုင်က ဆိုပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ အရေးယူမှုတွေကို လျှော့ချပေးဖို့၊ ရုပ်သိမ်းပေးဖို့လည်း မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ။
(CNN၏ US officials make rare trip to Myanmar to free former marine as isolated regime seeks greater recognition ဆောင်းပါးကို People’s Springကဆီလျော်အောင် ဘာသာပြန်ဆိုသည်)
#အမေရီကန်အရာရှိ #ကက်စ်တီလို
#နေပြည်တော် #စစ်အုပ်စု
#peoplesspring #ludunwayoo

👍16🖕6❤5😁2💩2🤣2🔥1
၂၀၂၁ခုနှစ်၊စက်တင်ဘာလ၃၀ရက်နေ့ ညနေပိုင်းမှာ လက်ဖက်ရည်ဆိုင်ကနေပြန်လာတဲ့ သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလင်းပိုင်စိုး နဲ့ ကိုတိုးတက်ဖုန်းမြင့်တို့ ဟာနောက်
ယောင်ခံလိုက်လာတဲ့စစ်အုပ်စုကဖမ်းဆီးတာခံရပါတယ်။
အသက် ၂၀ ကျော်အရွယ် ကိုလင်းပိုင်စိုးဟာကျောက်ဆည်နည်းပညာတက္ကသိုလ်က ဒြပ်သတ္တုပိုင်းဆိုင်ရာနောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားဖြစ်ပါတယ် ။ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ လပိုင်ကြီးလို့ ခေါ်တဲ့ ကိုလင်း
ပိုင်စိုးဟာ ဂေါ်ရခါးလူမျိုးဖြစ်ပါတယ် ။
သူဟာစစ်အာဏာအသိမ်းခံရပြီးတဲ့နောက်
ပိုင်းသပိတ်လှုပ်ရှားမှုတွေမှာတက်ကြွစွာပါ
ဝင်ခဲ့ပါတယ်။နေပြည်တော် နဲ့ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာဦးဆောင်ခဲ့သူတဦးဖြစ်ပြီးတော့ စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေအပြီးမှာ ပျောက်ကြားလှုပ်ရှားလာတဲ့သပိတ်တွေမှာ ကိုလင်းပိုင်စိုးပါဝင်ခဲ့ပါတယ်။
မန္တလေးသပိတ်၊မြတောင်သပိတ်စစ်ကြောင်းတွေမှာလည်းပါဝင်ခဲ့ပါတယ် ။ အဲဒီအချိန်မှာ မြို့ထဲကသပိတ်စစ်ကြောင်းတွေကို စစ်တပ်ကအကြမ်းဖက်ပြီးပစ်ခတ်သတ်ဖြတ်ဖမ်းဆီး
တဲ့အချိန်ပါ။
ကိုလင်းပိုင်စိုးတို့နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးတော့ လေးမျက်နှာဘုရားထဲခေါ်သွားပါတယ်။ သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးပြီးတော့ အတူတူစုနေကြတဲ့နေရာကို ဖော်ခိုင်းပါတယ် ။
အဲဒီနောက်စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွစွာလုပ်ကိုင်နေတဲ့ ကိုငြိမ်းမင်းသန့် နဲ့ CDM သူနာပြုဆရာမ မကြည်ကြည်ဝင်းတို့ကိုပါ နာရီပိုင်းအကြာမှာဖမ်းဆီးခံရပါတယ်။
ကိုငြိမ်းမင်းသန့်ဟာ လျှပ်စစ်စွမ်းအား၊ အင်
ဂျင်နီယာဌာန စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်သလို ကျောက်ဆည်နည်းပညာတက္က
သိုလ် ကျောင်းသားများသမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)ရဲ့ အမှုဆောင်ဖြစ်ပါတယ်။ မကြည်ကြည်ဝင်းဟာ CDM သူနာပြုတစ်ယောက်ဖြစ်ပါတယ်။
ကိုလင်းပိုင်စိုးတို့နှစ်ယောက်ကို ရိုက်နှက်စစ်
ဆေးချိန်မှာ ဂေါ်ရခါးလူမျိုးဖြစ်နေတဲ့အတွက် လူမျိုးခြားဆိုပြီး ပိုပြီးရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ် ။စစ်တပ်အတွင်းက ဘာသာရေး ၊လူ
မျိုးရေးမှိုင်းတွေကြောင့်ဘာသာခြား၊လူမျိုး
ခြားဆိုရင် ပိုမိုဖိနှိပ်တက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုလင်းပိုင်စိုးကို အငြိုးတကြီးနဲ့နှိပ်စက် ငြင်းပန်းခဲ့ကြတယ်လို့ ဖြစ်စဥ်ကသိသူတစ်ဦးကလူထုနွေဦးကိုပြောပြပါတယ် ။
ပြောပြသူရဲ့လုံခြုံရေးကြောင့်ယခုသတင်းဆောင်းပါးမှာ သူနဲ့ပတ်သက်တာတွေ မရေးသားပါဘူး။
ကိုလင်းပိုင်စိုးတို့ နှစ်ဦးဖမ်းဆီး နှိပ်စက်ခံရပြီးတော့ ကိုငြိမ်းမင်းသန့်နဲ့ မကြည်ကြည်ဝင်းတို့ ရောက်လာတဲ့အခါ ကိုလင်းပိုင်စိုးတို့ရဲ့ ခန္ဓာကိုယ်ကို လှန်ပြကာ “တွေ့လား။ကောင်း
ကောင်းဖြေရင်ဖြေ၊မဖြေရင် မင်းတို့လည်းဒီထပ်ပိုနာမယ်”လို့ စစ်သားတွေကခြိမ်းခြောက်ပါတယ်။
အဲဒီအချိန်မှာကတည်းက ကိုလင်းပိုင်စိုးရဲ့ကျောတွေမှာညိုမဲနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နောက်ရောက်လာသူနှစ်ဦးကိုလည်းနာရီပိုင်းအကြာ ရိုက်နှက်စစ်ဆေးတာတွေလုပ်ခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာ ကိုလင်းပိုင်စိုးတို့ကိုစစ်ဆေးမှုခဏရပ်ထားတယ်လို့ဆိုပါတယ်။
ကိုလင်းပိုင်စိုးတယောက်ထဲကိုနှိပ်စက်ချိန်မှာတော့“မင်းလားကွဂေါ်ရခါး”ဟုဆိုပြီးရက်ရက်
စက်စက် ဝိုင်းဝန်းရိုက်နှက်ကြပါတယ်။
“ရိုက်တာကသံတုတ်တွေနဲ့ ရိုက်တာ။၅ ယောက်လောက်ရှိမယ်။အကုန်စစ်သားတွေချည်းပဲ”လို့ဖြစ်စဥ်ကို မြင်တွေခဲ့သူတဦးကကပြောပါတယ်။
အဲဒီနောက်စက်တင်ဘာ ၃၀ ရက် ည ၉နာရီလောက်မှာ အချုပ်ကားထဲကို ဖမ်းဆီးထားသူတွေကိုထည့်ပါတယ်။အချုပ်ကားကိုတော့ရဲတွေကစောင့်ကြတာပါ။အချုပ်ကားမှာအမျိုး
သမီးနဲ့အမျိုးသားကို အဝတ်အဖြူလေးတခုခြားပြီး အကာလေးနဲ့ကာထားပါတယ်။
ကားပေါ်ကိုရောက်တဲ့အချိန်မှာတော့ ကိုလင်း
ပိုင်စိုးက တညလုံးအန်ပါတယ်။”ခေါင်းထိသွားတယ်ထင်တယ်။ည၉နာရီလောက်ကနေ တညလုံးမအိပ်ရဘူး။အန်တာ”လို့ မြင်တွေ့ခဲ့သူကပြောပါတယ်။
အချုပ်ကားထဲရောက်နေတဲ့သူတွေက အချိုရည်တိုက်ဖို့ကြိုးစားကြပြီး ရဲတွေကို Royal D အချိုရည်ဗူးဝယ်ခိုင်းတော့ ဝယ်ပေးမယ်လို့ပြောပြီး ဘယ်ရဲမှပေါ်မလာတော့ပါဘူး။
“ညအစောပိုင်းကတော့ရေသောက်ချင်ရင်ရေလေးလာတိုက်တယ်။ည ၁၂နာရီနောက်ပိုင်းကြတော့ ဘယ်လိုမှခေါ်မရတော့ဘူး။အကုန်မကြားချင်ယောင်ဆောင်နေကြတာ”လို့ အချုပ်ထဲမှာရှိခဲ့သူတဦးကအကြုံကိုဖွင့်ဟပါတယ်။
ရေအရမ်းဆာလောင်နေတဲ့ ကိုလင်းပိုင်စိုးအတွက်အမျိုးသမီးတွေဘက်မှာကျန်နေတဲ့ ရေနည်းနည်းကို မုန့်ထုတ်အခွံ(ကြွပ်ကြွပ်အိတ်)ထောင့်လေးထဲကိုရေထည့်ပြီး အကာကြားထဲကနေ အမျိုးသမီးအချုပ်သမားတွေက ပေးပြီးရေတိုက်ရပါတယ်။
ဒီလိုနည်းတခုထဲနဲ့သာ ကိုလင်းပိုင်စိုးရေ
သောက်ခွင့်အနည်းငယ်ရခဲ့တာပါ။နောက်တနေ့နံနက်ဖြစ်တဲ့အောက်တိုဘာ ၁ ရက်နေ့ မနက်၉နာရီလောက်မှာ နာမည်ဆိုးနဲ့ကျော်
ကြားတဲ့ နန်းတွင်းစစ်ကြောရေးကိုပို့လိုက်ကြပါတယ်။
စစ်ကြောရေးဂိတ်အဝင်မှာကိုလင်းပိုင်စိုးကို ထပ်မံစစ်ဆေးရိုက်နှက်ကြပြန်ပါတယ်။
ကိုလင်းပိုင်စိုးက “ကျွန်တော့်ကိုခဏနားခွင့်ပေးပါ။အကုန်ဖြေပါ့မယ်”လို့ပြောပြီး ခွင့်တောင်းတာမို့အဲဒီနေရာမှာ သူခဏတော့နားခွင့်ရခဲ့ပါတယ်။အဲဒီနောက်အဆောင်တွေဘက်ကို လမ်းလျှောက်ဝင်ရတဲ့အချိန်မှာကိုလင်းပိုင်စိုးလဲသွားပါတော့တယ်။

💩14👍6❤4🖕3👎1🤣1
“အုန်းခနဲလဲကျတဲ့အသံကြားလို့ နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ အဲတာသူဖြစ်နေတာပဲ။အဲတာက ကိုလင်းပိုင်စိုးကိုနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပဲ”လို့ အတူတူဖမ်းဆီးခံခဲ့ရသူတဦးကပြောပါတယ်။ လဲကျသွားတဲ့ကိုလင်းပိုင်စိုးကို စစ်သားနှစ်ယောက်ကဆွဲခေါ်သွားပါတော့တယ်။
မနက်၁၁နာရီလောက်အရောက်မှာ အတူတူဖမ်းခံရတဲ့သူတွေအကုန်လုံးဆီကိုစစ်သားတွေကပဲ ကိုလင်းပိုင်စိုးသေဆုံးသွားပြီဖြစ်
ကြောင်းလာ သတင်းစကားပေးကြပါတယ်။
အဲဒီနေ့ကစပြီး ကိုလင်းပိုင်စိုးဟာ အပြင်ကစောင့်မျှော်နေတဲ့သူ့မိဘတွေဆီရော၊ရဲဘော်ရဲဖက်မိတ်ဆွေဆီရော ပြန်ရောက်မလာတော့ပါဘူး။ကိုလင်းပိုင်စိုး ကျဆုံးပြီးနောက်ပိုင်းမှာကိုငြိမ်းမင်းသန့် လွတ်မြောက်လာပြီး ၊ မကြည်ကြည်ဝင်းနဲ့ကိုတိုးတက်ဖုန်းမြင့်တို့ဟာ နောက်ပိုင်းမှ အတူတူလွတ်မြောက်ခဲ့ကြပါတယ် ။
အဲဒီအချိန်မှာ မန္တလေးသပိတ်တွေကိုဖြိုခွင်းဖို့အဓိကညွန်ကြားနေတဲ့သူထဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်သူရိန်ထွန်းလည်းအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း ကို အာရက္ခတပ်တော်(AA) က မောင်တောနခခ (၅) စခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးနေစဥ် ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။
ဗိုလ်မှူးချုပ်သူရိန်ထွန်း တိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာ မန္တလေးမြို့ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) စစ်တိုင်းမှူး ဟာ ဗိုလ်ချုပ်ကိုကိုဦးဖြစ်ပါတယ် ။ သူတို့ နှစ်ယောက်ဟာ မန္တလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းဖို့ ၊ဖမ်းဆီးခံရတဲ့သပိတ်ခေါင်းဆောင်းတွေကို နန်းတွင်းစစ်ကြောရေးမှာသတ်ဖြတ်ဖို့ အဓိကအမိန့်ပေးခဲ့သူတွေဖြစ်ပါတယ်။
သပိတ်ခေါင်းဆောင်တွေ ၊ပြည်သူတွေကို ရက်ရက်စက်စက်ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေကြောင့် နန်းတွင်းစစ်ကြောရေးဟာနမည်ဆိုးနဲ့ ကျော်ကြားသလို ဒုတိယဗိုလ်ချုပ်ကိုကိုဦး နဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း ကိုအာဏာ
သိမ်းခေါင်းဆောင်ကရာထူးတိုးပြီးမြောက်စားခဲ့ပါသေးတယ်။
ဗိုလ်ချုပ် ကိုကိုဦးကတော့ အခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးနဲ့ အမှတ်(၁)စစ်ဆင်ရေးအ
ထူးအဖွဲ့မှူး(ကစထ မှူး) တာဝန်ထမ်းဆောင်နေတယ်။ ဒုတိယဗိုလ်ချုပ်ကိုကိုဦး ဟာ ဒီ
ဇင်ဘာ ၁၅ ရက်မှာ တရုတ်အစိုးရ စီစဥ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) နဲ့ဆွေးနွေးပွဲမှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သွားခဲ့သူတဦးဖြစ်ပါတယ် ။
ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်းအာဏာသိမ်းခေါင်းဆောင်နဲ့ စစ်ကောင်စီအတွက် မန္တလေးတိုင်းစစ်ဌာနချုပ်မှာ ဆောင်ရွက်ပေးခဲ့တာတွေအတွက်၂၀၂၂ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာ
ထူးတိုးခဲ့သလို ၊ အာဏာသိမ်းခေါင်းဆောင်ကချီးမြှင့်တဲ့စီမံထူးချွန်တံဆိပ်(ပထမအဆင့်)
ကိုပါရခဲ့ထားတာပါ။
သူတို့ ၂ ဦးနဲ့အတူ အောင်မြေသာစံမြို့နယ်ရဲမှူးကျော်ဇင်မြင့်ကလည်း ပြည်သူတွေရဲ့ သပိတ်ဖြိုခွင်းတာတွေကိုတက်တက်ကြွကြွလုပ်ခဲ့သူပါ။
ဒါကောင့်ရဲမှူးကျော်ဇင်မြင့်ဟာ အာဏာသိမ်းခေါင်းဆောင်ကပေးတဲ့ပြည်သူ့ဝန်ထမ်းကောင်းဆုရခဲ့ပါတယ် ။ နောက်ပိုင်းမြို့နယ်ရဲမှူးကနေ မန္တလေးတိုင်းဒုတိယရဲမှူးကြီးအဖြစ်ရာထူးတိုးခဲ့ပါတယ် ။ မန္တလေးတိုင်းဒုတိယရဲမှူးကြီးအဖြစ် တက်ကြွနေတဲ့ ဒုရဲမှူးကြီးကျော်ဇင်မြင့်တစ်ယောက်ကတော့တော်လှန်ရေးအင်အားစုတွေရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့သွားနေရင်းတောင်သာ-မြင်းခြံလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ် မတ်လမှာ မိုင်းဆွဲခံရပြီး သေဆုံးခဲ့ပါတယ်။
သူတို့တွေ လက်ချက်ကြောင့် နန်းတွင်းစစ်ကြောရေးမှာ ၊လေးမျက်နှာဘုရားဝန်းမှာ ၊မန္တလေးမြို့ကလမ်းမတွေထက်မှာ ကြွေလွင့်ခဲရတဲ့ လူငယ်တွေ၊ပြည်သူတွေအနည်းမနောရှိခဲ့ပါတယ် ။
(အာဏာသိမ်းခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကိုကိုဦး နဲ့ AA ဖမ်းဆီးထားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ဟာ မန္တလေးမြို့အခြေစိုက်အ
လယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာအတူလုပ်ခဲ့စဥ် သပိတ်ခေါင်းဆောင်တွေ၊ဆန္ဒပြပြည်သူတွေကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုမှတ်တမ်းတင်ထားတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၁၆ မှာဖော်ပြခဲ့တဲ့ဆောင်းပါးကိုပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။
https://www.ludunwayoo.com/feature-mm/2024/12/16/106594/

LuduNwayOo
နန်းတွင်းငရဲခန်းမှာ ကြွေလွင့်ခဲ့တဲ့ကြယ်တပွင့် | LuduNwayOo
ဖမ်းဆီးလာသူတွေကိုနေ့ရော၊ ညပါရိုက်နှက် နှိပ်စက်စစ်ဆေးလေ့ရှိတာမို့ ငရဲခန်းတခုလို အော်ငြီးသံတွေလည်း အမြဲကြားနေရတယ်လို့ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
💩14🤬10😢5❤3👎2🤣2🖕2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်က ရခိုင်ပြည်နယ် မြို့နယ်လေးခုကို ဗုံးပတ်ကြဲ
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့ သိမ်းပိုက်ခံရပြီးတော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက် မနက် ၇ နာရီကျော်အချိန်ကနေ ၈ နာရီကျော်လောက်အထိ စစ်တပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ ဗုံးကြဲနေခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာတော့ ပေါက်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တို့ကို ဗုံးထပ်ကြဲခဲ့တာပါ။ စစ်တပ်ဟာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းကမ်းခြေကျေးရွာတွေ၊ စစ်တွေနဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကို ဗုံးအလုံးရေ ဆယ်နဲ့ချီ ကြဲခဲ့ပါတယ်။ ဒါပေမဲ့ လူ ထိခိုက်မှု ရှိ ၊မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။ စစ်တပ်ဗုံးကြဲခဲ့တဲ့နေရာတွေဟာ တိုက်ပွဲတွေနဲ့ အနီးအနားမဟုတ်ဘဲ ဝေးတဲ့နေရာတွေမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️စစ်တပ်သင်္ဘောတွေ စစ်ကိုင်းအဝင် ထပ်မံတိုက်ခိုက်ခံရပြီး ၁စီးနစ်မြုပ်
ကချင်ပြည်နယ်၊ ရွှေကူ-ဗန်းမော်ကြား မြစ်ကြောင်း တိုက်ပွဲမှာ ထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၇ရက်မှာ ရွှေကူမြို့မှာရှိတဲ့ အရပ်သားသင်္ဘောတွေကို သုံးပြီး မန္တလေးဘက်သို့ ပြန်စုန်ဆင်းသွားရာ စစ်ကိုင်းအဝင် ကသာမြို့နယ် မိုးတားလေးဒေသမှာ ထပ်မံတိုက်ခိုက်ခံရပြီး သင်္ဘော ၁စီးထိခိုက်နစ်မြုပ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကချင်ပြည်နယ်က ပြန်စုန်ဆင်းသွားတဲ့ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၇ရက်ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေအပါအဝင် သင်္ဘောနစ်မြုပ်သွားတာလို့ ဆိုပါတယ်။ စစ်တပ် အနေနဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ သင်္ဘောတွေ အသုတ်လိုက် ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ် တိုက်ခိုက်လို့ ကသာနဲ့ ရွှေကူကြားမှာ သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပြီး ရွှေကူနဲ့ ဗန်းမော်ကြားမှာ သင်္ဘော ၂၀စီးခန့် နစ်မြုပ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
◾️ဖာပွန်ခရိုင်မှာ လဝက်တိုက်ပွဲအတွင်း စစ်တပ်က ဗိုလ်ကြီး ၂ဦး အပါအဝင် ၂၀ ကျော်သေဟု KNU ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ရက်ကနေ ၁၅ရက်အထိ စစ်ရေး အခြေအနေကို KNU တပ်မဟာ(၅) မူတြော်ခရိုင်က ကရင်ဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တစ်ဦးက ဘာသာပြန် ရှင်းပြထားပါတယ်။ စက်တင်ဘာ လဝက်အတွင်း တိုက်ပွဲ ၄၇ကြိမ်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ၂၂ဦး သေဆုံးပြီး သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၂ဦး ဗိုလ် ၁ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် စစ်တပ်က ဒဏ်ရာရသူ ၂၀ဦး ရှိကြောင်း KNUက ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း KNLA ဘက်က ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း အသိပေးထားပြီး လက်နက်ခဲယမ်း သိမ်းရမှု အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။
◾️စစ်တပ်ဒရုန်းကြောင့် KNDF ရဲဘော် ၅ဦး ကျဆုံး
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက် မနေ့ နေ့လယ်ပိုင်းက ဖရူဆိုမြို့အနောက်ခြမ်း မိုဆိုကျေးရွာအနီးမှာ တပ်ခွဲမှူးအပါအ၀င် KNDF ရဲဘော် ၅ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ လို့ KNDF တပ်ရင်း(၁၀)ရဲဘော်တစ်ဦးက ပြောပါတယ်။ ကရင်နီပြည်နယ် ဒေသအများစုမှာ စစ်တပ်ရဲ့ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေ စက်တင်ဘာမှာ ပိုများလာတဲ့အပြင် ထိခိုက်သေဆုံးတဲ့ အရပ်သား ဆယ်နဲ့ချီ ရှိနေပါတယ်။ နေ့တိုင်းကင်းထောက် လေယာဉ် နဲ့ ဒရုန်းတွေဝဲနေသလို ဒီမနက်လည်း ဖယ်ခုံအနောက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတယ်လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဒီနေ့ စက်တင်ဘာ ၁၈ရက်မှာ ပြောပါတယ်။
◾️စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို စုပေါင်း ဆန့်ကျင်တိုက်ဖျက်ရမယ်လို့ NUG ပြော

👍16🔥4❤3🖕2💩1🤣1
အာဏာသိမ်းစစ်တပ်ရဲ့အဓမ္မ စစ်သားစုဆောင်းမှုကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆန့်ကျင်တိုက်ဖျက်ကြရမယ့် အချိန်ရောက်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာ ၁၈ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ တရားဝင်ပြည်သူ့အစိုးရဆီကနေ အဓမ္မအာဏာသိမ်းယူထားတဲ့ စစ်အုပ်စုအနေနဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကဲ့သို့ ပြည်သူအပေါ်သက်ရောက်မှုကြီးမားတဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းခွင့်နဲ့ ကျင့်သုံးပိုင်ခွင့် မရှိဘဲနဲ့ ပြဋ္ဌာန်းကျင့်သုံးနေတာဟာ ပြည်သူအပေါ် အဓမ္မစစ်ကျွန်ပြုတဲ့ လုပ်ရပ်သာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်ကစလို့ ၂၀၂၆ခုနှစ် သြဂုတ်လအထိ ပြည်သူ့စစ်မှုထမ်းအပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား ၁၃၅,၀၀၀ ကျော်ကို အဓမ္မစုစည်းခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ အဲဒီအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ NUG ကာကွယ်ရေးက ဆိုပါတယ်။
◾️ထိုင်းက ဖမ်း၀ရမ်းထုတ်ထားတဲ့ စောမုတ်သုန် ရာထူးတိုးနဲ့ မွေးနေ့ပွဲ စည်ကားစွာ ကျင်းပနေ
ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး စောမုတ်သုန်အတွက် အထိမ်းအမှတ်အခမ်းအနားတွေကို BGF အမှတ်(၄) တပ်နယ်မှာ နေ့စဉ်ကျင်းပနေသလို ဘတ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ဆုကြေးနဲ့ လောင်းကြေး တွေရှိခဲ့တဲ့ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ စောမုတ်သုန်ဟာ တပ်နယ်မှူးကနေ စစ်ဒေသမှူး ဖြစ်သွားပြီး သူ့မွေးနေ့နဲ့ကလည်း ကပ်နေတော့ သူနဲ့ဆက်စပ်တဲ့သူတွေဆို ပိုက်ဆံတွေပါကြဲတာရှိတယ်လို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွေမှာ စောမုတ်သုန် တက်ရောက်တာမတွေ့ရပေမယ့် BGF ထိပ်ပိုင်းခေါင်းဆောင်းတချို့ ရောက်လာခဲ့ပြီး စောချစ်သူရဲ့သား စောချစ်ချစ် အပါအ၀င် BGF အမှတ်(၄) တပ်နယ်အရာရှိတွေက ဘတ်သောင်းဂဏန်းကနေ ဘတ်သိန်းချီ ဆုပေးခဲ့တယ်လို့ မြေပြင်အခြေအနေမြင်ခဲ့သူက ပြောပါတယ်။
◾️ဂျပန်ရောက် မြန်မာလုပ်သားတွေရဲ့အခက်အခဲ NUG ကူညီဖြေရှင်းနိုင်
ဂျပန်နိုင်ငံမှာ ပတ်စ်ပို့-နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာစာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ ၂၀၂၆ ဧပြီက စပြီး ဂျပန်န်ိုင်ငံမှာ အဲဒီ စာမေးပွဲ ဖြေဆိုမယ့်သူတွေအတွက် ID Account ပြုလုပ်ဖို့ နဲ့ စာမေးပွဲဖြေဆိုဖို့ ကြိုတင်စာရင်းပေးချိန်မှာ ပတ်စ်ပို့အချက်အလက်မှတ်ပုံတင်ဖို့လိုအပ်တာကြောင့် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာအလုပ်သင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ NUG ဂျပန်ကိုယ်စားလှယ်နဲ့ ရုံးအဖွဲ့ဝင်တွေက ဂျပန်နိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်လက်တင်ပြညှိနှိုင်းခဲ့တယ်လို့ အသိပေးပါတယ်။ လက်ရှိမှာ အဲဒီ ကြိုးပမ်းညှိနှိုင်းမှုတွေရဲ့ ရလဒ်အဖြစ် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးနေသူများအတွက် စာမေးပွဲဆိုင်ရာ ID ပြုလုပ်ခြင်းနဲ့ စာမေးပွဲလျှောက်ထားခြင်းတို့ကို ဆောင်ရွက်နိုင်တဲ့အခြေအနေ ရရှိလာပြီလို့ NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
◾️တရုတ်နယ်စပ်က ရဟတ်ယာဉ်ကွင်းပါ စစ်တပ်နဲ့ ပြည်သူ့စစ်ရဲ့ ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်သိမ်းရ
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ က စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ စစ်တပ်ရဲ့ ခလရ-၁၃၇ တပ်ရင်း၊ ခလရ-၂၈၀ တပ်ရင်းနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ ရဟတ်ယာဉ်ကွင်းပါ စခန်းကို ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အရေးပါတဲ့ တပ်စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ထပ်လောင်းပြောပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတာ ကြာပြီလို့လည်း သူက ပြောပါတယ်။
◾️မတ္တရာအနောက်ခြမ်းကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ

👍18🔥4🖕2💩1🤣1
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ္တရာမြိုနယ်အနောက်ခြမ်းက ဥဒိန်ရွာကို စက်တင်ဘာ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ မတ္တရာမြို့ဘက်ကနေ စစ်တပ်က လူ၊ ခဲယမ်း၊ လက်နက်တွေပါ အင်အားတိုးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ညနေပိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူတွေ ပါဝင်ပေးဖို့ ကင်မ် တောင်းဆို
မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည်၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။ ကိုထိန်လင်းက သူနဲ့အတူ ရပ်တည်ပေးဖို့နဲ့ သူ့မိခင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုပေးဖို့ တိုက်တွန်းထားပါတယ်။ ကင်မ်က မိခင်ဖြစ်သူအသက်ရှင်ကြောင်း တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ နောက်တဆင့်အနေနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေး တောင်းဆိုတဲ့ Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အသက် ၈၁နှစ်ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရကာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရပါတယ်။ ကိုထိန်လင်းကတော့ သူ့မိခင်ဟာ ဓားစာခံအဖြစ် ရှိနေဆဲဖြစ်ပြီး သူ့မိခင်ရဲ့ ဘဝမှာ လွတ်လပ်ခွင့်ကို နှစ်ပေါင်းများစွာလုယူခံထားရတယ်လို့ ပြောပါတယ်။

👍19💩6❤2🕊1🤣1🖕1
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်နဲ့
ပြည်သူတွေကိုစစ်တပ်ကနှိပ်စက်သတ်ဖြတ်
ခဲ့တာတွေကိုမမေ့ဖို့ဆရာတော် မင်းသုည မိန့်ကြား
စက်တင်ဘာ-၁၈၊၂၀၂၆။နေ့သစ်/People’s Spring
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်
စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်
အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညနဲ့ ဘာသာပေါင်းစုံကလူပုဂ္ဂိုလ်တွေရဲ့ စကားဝိုင်းကို စက်တင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာမှာ ပြုလုပ်စဉ် ဆရာတော်က အထက်ပါအတိုင်း မိန်းကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီသပိတ်မှောက်ပွဲကြီးမှာ အားလုံးပဲမြင်ရတဲ့အတိုင်းပဲစစ်အာဏာရှင်က ရက်ရက်စက်စက်
ဖြိုခွင်းတယ်။ ဖမ်းဆီးတယ်။ထောင်ချတယ်။ နှိပ်စက်တယ်။သတ်ဖြတ်တယ်။ဒါတွေကို
ဦးဇင်းတို့က ပြန်လည်ပြီးတော့ အောင်းမေ့အမှတ်ရဖို့"လို့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။
ဒါ့အပြင်က စစ်အာဏာရှင်တွေက အချင်း
ချင်းညီညွတ်မှာကို အကြောက်ဆုံးဖြစ်လို့
ဘုံရန်သူစစ်စစ် ပျောက်အောင် သွေးခွဲလေ့ရှိတယ်လို့လည်းဆရာတော်က မိန့်ကြားပါတယ်။
"အဲဒီ့တုန်းကဆိုလို့ရှိရင် ဦးဇင်းတို့က ရဟန်း သံဃာတော်တွေက လမ်းလျှောက်တယ်။ နောက်က ဒကာ၊ ဒကာမတွေ ဘာသာပေါင်းစုံပေါ့။ အစ္စလာမ် ၊ခရစ်ယာန် ၊ ဟိန္ဒူ အကုန်
လုံးကလက်တွဲညီညီနဲ့ အစ္စလာမ်တွေကအစ ရေဘူးထွက်ကမ်းတာထမင်းထုတ်ထွက်ကမ်းတာ အကုန်လုံး တကယ့်ညီညွှတ်တဲ့ မြင်ကွင်းကြီးဗျ။ စစ်အာဏာရှင်ဟေ့ဆိုတာ ဒီလိုညီညွှတ်တာကို အကြောက်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုရင် ညီညွှတ်ရင် ဘုံရန်သူစစ်စစ် စစ်အာဏာရှင်ကို ဦးဇင်းတို့ကမြင်ကြရမယ်။ ဦးဇင်းတို့ မညီညွတ်ရင် အချင်းချင်း ရန်ဖြစ်နေတော့ ဘုံရန်သူပျောက်နေတယ်။ အဲဒါကြောင့်မိုလို့ စစ်အာဏာရှင်က ဘာလုပ်လည်းဟေ့ဆိုရင် ဘုံရန်သူစစ်စစ် ပျောက်အောင် အမြဲတမ်း ဦးဇင်းတို့ရဲ့ အချင်းချင်းကြားထဲမှာ သွေးခွဲလေ့ရှိတယ်"လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်ကအချင်းချင်းသွေး
ကွဲအောင် ရန်တိုက်ပေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
"ဒါကြောင့်မိုလို့ ဦးဇင်းတို့ ဘုန်းကြီးတွေကို အစ္စလာမ်ဘာသာ နဲ့ အမြဲတမ်းတိုက်ပေးတယ်။ သွေးခွဲတယ်။ သူတို့လုပ်နေကြပဲ။ ဦးဇင်းတို့က ဒါတွေကို မြင်နေတတ်ရမယ်။ ပြီးရင် အား
လုံးသိကြတဲ့အတိုင်းပဲ ကရင်ဟေ့ဆိုရင် ကရင် နဲ့ ညီညွှတ်နေတာကို ဘာနဲ့ခွဲလဲ။ ကရင်ထဲမှာ ခရစ်ယာန်ရှိတယ်။ ဗုဒ္ဓဘာသာရှိတယ်။ အစ္စလာမ်ရှိတယ်။ အများစုကတော့ ခရစ်
ယာန် နဲ့ ဗုဒ္ဓဘာသာပေါ့။ အဲဒီမှာ ကရင်မှာ တိုက်လို့ မနိုင်တော့ ခုနကပြောတဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကိုရန်တိုက်ပေးလိုက်တာ။ တိုက်ပေးလိုက်တဲ့အခါကျတော့ ယနေ့ ကရင်ညီညွှတ်နေတဲ့ အဖွဲ့အစည်းဟာ ခုနပြောသလို DKBA KNU အစရှိသဖြင့် အဖွဲ့တွေအများကြီးတွေဖြစ်သွားတယ်။ အဲဒိတော့ မကွဲခဲ့ဘူးဟေ့ဆိုရင် ဘုံရန်သူစစ်စစ် စစ်အာဏာရှင်ကို ဦးဇင်းတို့ကမြင်ကြရတယ်။ဒါတွေကို ဦးဇင်းတို့က သိကြဖို့ မြင်ကြဖို့ အတွက် ဒီစကားဝိုင်းပွဲတွေကို ဦးဇင်းတို့ကပြန်လည်ကျင်းပကြရတာပဲ။အားလုံးညီညွှတ်ကြပါ။ညီညွှတ်နေတယ်ဟေ့ဆိုရင် ဦးဇင်းတို့က ဘုံရန်သူကိုစစ်
စစ် မြင်ရတယ်"လို့ ဆရာတော် မင်းသုညက ဆကိလက်မိန့်ကြားပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ဖြစ်
ပွားခဲ့ပါတယ်။
စစ်တပ်ကအုပ်ချုပ်ထားတဲ့ အဲဒီကာလမှာ လောင်စာဆီ စျေးနူန်းမြင့်တက်လာလို့အထွေထွေကုန်ဈေးနှုန်းတက်ပြီး ပြည်သူတွေကြပ်တည်းလာတာကြောင့် ပခုက္ကူမြို့ကသံဃာ
တော်တွေက စတင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ဒါကိုစစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့တာ
ကြောင့်တနိုင်ငံလုံးရှိ သံဃာထုပါ ပါဝင်လာခဲ့ကြပါတယ်။
သံဃာတော်တွေက လမ်းလျှောက်မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်တာကိုစစ်အစိုးရက စက်တင်ဘာ ၂၆ ရက်မှာ အကြမ်းဖက်ပစ်
ခတ်ရိုက်နှက်ဖမ်းဆီးနှိမ်နင်းမှုကြောင့် သံဃာတော်များအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရပါတယ်။
ရုပ်သံ - Aung Aung

❤38👍18🤣3🔥1🤮1💩1💯1💔1🖕1
စစ်တွေတိုက်ပွဲ စစ်တပ်ရဲ့ ကာကင်းနဲ့ ခြေ
ကုတ်နေရာ နှစ်ခု AA က ထပ်မံသိမ်းပိုက်
■AA ကစစ်တွေရှိ စစ်တပ်ကာကင်းအနည်း
ဆုံး၃ခုနဲ့ ခြေကုတ်နေရာ၄ခုကိုသိမ်းပိုက်ပြီး
စက်တင်ဘာ-၁၈ ၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော်(AA)က အာ
ဏာသိမ်းစစ်တပ်ရဲ့ စခန်း တွေကို ဆက်တိုက်သိမ်းပိုက်နေရာ ဒီကနေ့ မှာလည်းကာကင်းစခန်းတခုနဲ့ ခြေ ကုတ်နေရာတခု ထပ်မံသိမ်း
ပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရွှေမင်းဂံရေတပ်စခန်းရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ကံ့ကော်ကျွန်းရွာအနီးက ကာကင်းစခန်းငယ်တခုနဲ့ ရွှေမင်းဂံရေ
တပ်စခန်းရဲ့ ချောင်းတဘက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးရှိ ခြေကုတ်နေရာတခုတို့ ကို သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။
“စခန်းနှစ်ခု ရလိုက်တယ်။ အလောင်းတွေ ရတာတော့သိပ်မရှိဘူး။လက်နက်တွေချန်ပြီး ဆုတ်ပြေးသွားကြတာ။ တိုက်ပွဲကတော့ နေ
ရာလေးခုလောက်မှာ ဆက်ဖြစ်နေကြတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းမှာ အဲဒီစခန်းနှစ်ခုကိုထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်စခန်းတွေလက်လွှတ်ရပြီးနောက် စစ်တပ်က တိုက်လေယာဉ် ခြောက်စီးခန့်နဲ့ တိုက်ပွဲဖြစ်ရာနေရာတွေအပြင် စစ်တွေ၊ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ် တို့အတွင်းက နေရာတွေကိုဗုံးကြဲခဲ့ပါတယ်။
“တရက်လုံး ဗုံးကြဲတယ်လို့တောင် ပြောလို့ရတယ်။ လက်နက်ကြီးသံ၊ စက်လက်(စက်သေ
နတ်)သံတွေလည်း ဒီနေ့ အာရုဏ်လောက်ကတည်းက ကြားရတယ်” လို့ စစ်တွေမြို့ထဲ နေထိုင်သူတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ဒီနေ့သိမ်းပိုက်ရရှိတဲ့စခန်းနှစ်ခုအပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားဝန်းကျင်ရှိ ကာကင်းတခု၊ ကံကော်ကျွန်းရွာ၀န်းကျင်ရှိ ကာကင်းတခု၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူ ထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့က ခြေကုတ်နေရာသုံးခုတို့ကိုလည်း ပြီးခဲ့တဲ့ ရက် တွေက သိမ်းပိုက်ရရှိထားပါတယ်။ဒါကြောင့်
အနည်းဆုံးစစ်တပ်ကာကင်း ၃ ခု နဲ့ ခြေကုတ်နေရာ ၄ ခုကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ကံ့ကော်ကျွန်းဝန်းကျင်၊ကျားမသောက်
တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့
နယ်ဘက်ခြမ်း ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာတိုက်ပွဲဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်က အ
ထိအခိုက်အကျအဆုံးများနေပြီး အရေအ
တွက်တွေနဲ့ အခြေအနေအ သေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ AA နဲ့ နီးစပ်တဲ့အခြားသတင်းရင်းမြစ်တဦးကပြောပါတယ်။
“ဆားပို့တောင်နားက ကောင်တွေရဲရိုးပြင်ဘက်ကို သွားစုပြီး ခုခံနေကြတယ်။တပ်ပြန်ဆုတ်နေကြတာပေ့ါ။ဒါပေမယ့် ဒီကောင်တွေ ချောင်းကူးပြေးရမှာဆိုတော့မလွယ်ဘူး။ စုပြီးတော့ ခုခံနေကြတယ်။ ရွှေမင်းဂံနဲ့ မြို့ထဲကနေ လက်နက်ကြီးပစ်ကူတွေလည်းပေးနေတယ်။ ကိုယ့်ဘက်ကလည်း လိုက်တိုက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ဆိုကာ စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီ စက်တင်ဘာလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် AA ရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတွေ နောက်ပြန်ဆုတ်ပြေးနေရပြီး အရင်ရှိနေတဲ့ စစ်စခန်းတွေပါ လက်လွှတ်နေရတာပါ။
စစ်တပ်ဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ဂဏန်းနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အမြင့်ကျွန်းဘက်ကလာတဲ့ စစ်ကြောင်းဟာ တိုက်ပွဲပထ မရက်မှာပဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ဒါ့အပြင် အရင်ကတည်းက အထိုင်ချခဲ့တဲ့ အမြင့်ကျွန်ယတံတားပေါ်ကနေပါ နောက်ဆုတ်သွားခဲ့ ရတာဖြစ်ပါတယ်။
ရွှေမင်းဂံဘက်က တက်လာတဲ့စစ်ကြောင်းမှာ ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ ရှိနေသေးပေမယ့် AA ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံနေရပြီး နေ့တိုင်း သေဆုံးသူဆယ်ဂဏန်းနဲ့ အထိနာနေပြီး လက်နက်ချအလင်းဝင်သူတွေ ပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလေကြောင်း၊ လက်
နက်ကြီးတွေနဲ့ ပစ်ခတ်တာ ၊ဗုံးကြဲတာတွေကိုဆက်တိုက်လုပ်နေပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့ထိ နှစ်ပတ် အတွင်းစခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တွေစစ်မျက်နှာမှာတင် သေဆုံးသူရာနဲ့ချီ ရှိနေပြီလို့ AA သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က အထိနာနေ
ပါတယ်။
#စစ်တွေတိုက်ပွဲ #ပုဏ္ဏားကျွန်းတိုက်ပွဲ
#ကျောက်ဖြူတိုက်ပွဲ #ရွှေမင်းဂံရေတပ်
#စစ်တပ်ရဲ့၄၉၂၆စစ်ဆင်ရေး
#peoplesspring #လူထုနွေဦး

👍39❤15👏4🤣4🥰1🖕1
စစ်တွေမြို့က ပွိုင့်ကမ်းခြေ နဲ့ ဧရာဝတီတိုင်းကို စတင်ဝင်ရောက်လာတဲ့AAတပ်ဖွဲ့ဝင်တွေကို ၂၀၂၅ နှစ်ဆန်းပိုင်းကတွေ့ရစဥ်။
ဓါတ်ပုံ-CJ ၊ AA Infodesk
ဓါတ်ပုံ-CJ ၊ AA Infodesk
❤46👍16👏5🤣3🥰2🖕2💩1