People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍29🥰6🤣4👎1👏1😁1🖕1
ဂျပန်ရောက် မြန်မာလုပ်သားတွေရဲ့အခက်အခဲ ကူညီဖြေရှင်းနိုင်ခဲ့တယ်လို့ NUGကိုယ်စားလှယ်ရုံး ထုတ်ပြန်

စက်တင်ဘာ-၁၈၊၂၀၂၆။တေဇ/People's Spring

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

၂၀၂၆ ဧပြီက စပြီး ဂျပန်န်ိုင်ငံမှာ Tokutei Gino စာမေးပွဲ‌ ဖြေဆိုမယ့်သူတွေအတွက် ID Account ပြုလုပ်ဖို့ နဲ့ စာမေးပွဲဖြေဆိုဖို့ ကြိုတင်စာ‌ရင်းပေးချိန်မှာ ပတ်စ်ပို့အချက်အလက်မှတ်ပုံတင်ဖို့လိုအပ်တာ‌ကြောင့် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာအလုပ်သင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ NUG ဂျပန်ကိုယ်စားလှယ်နဲ့ ရုံးအဖွဲ့ဝင်တွေက ဂျပန်နိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က လွှတ်တော်အမတ်‌တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေဆီ ဆက်လက်တင်ပြညှိနှိုင်းခဲ့တယ်လို့ အသိပေးပါတယ်။

"ယခုအခါ အဆိုပါ ကြိုးပမ်းညှိနှိုင်းမှုများ၏ ရလဒ်အဖြစ် Passport သက်တမ်းကုန်ဆုံးနေသူများအတွက်လည်း သက်ဆိုင်ရာအခြေအနေကို ရှင်းပြပြီး Tokutei Gino စာမေးပွဲဆိုင်ရာ ID ပြုလုပ်ခြင်းနှင့် စာမေးပွဲလျှောက်ထားခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အခြေအနေ ရရှိလာပြီဖြစ်ပါသည်။" လို့ NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပတ်စ်ပို့သက်တမ်းကုန်ဆုံးနေသူတွေအနေနဲ့ မိမိအခြေအနေကို သက်ဆိုင်ရာ စာမေးပွဲဌာနကို ကြိုတင်ရှင်းပြ စုံစမ်းပြီး လျှောက်ထားဖို့ အကြံပြုထားပါတယ်။

ID Account ပြုလုပ်နည်းအပါအဝင် ရှင်းပြရမယ့်အချက်တွေနဲ့ စာမေးပွဲလျှောက်ထားနည်း‌တွေကို လာမယ့်ရက်‌တွေမှာ ပုံတွေနဲ့တကွ ဆက်လက်ရှင်းလင်းတင်ပြပေးသွားမယ်လို့ အသိပေးထားပါဝယ်။

ဒီလိုလုပ်ဆောင်နိုင်ခဲ့တာက ရပ်တည်ချက်အရ ပတ်စ်ပို့သက်တမ်းမတိုးဘဲ နေထိုင်သူတွေအတွက် သတင်းကောင်းဖြစ်ပြီး ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သင်တွေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ပါဝင်ကူညီပေးခဲ့ကြသူ‌တွေ၊ တာဝန်ရှိသူတွေနဲ့ ဆက်လက်တောင့်ခံရပ်တည်ပေးနေကြသူတွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်ရေးနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်ဖို့အတွက် NUG ဂျပန်ကိုယ်စားလှယ်ရုံးအနေနဲ့ သက်ဆိုင်ရာ ဂျပန်အဖွဲ့အစည်း‌တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
👍287💩5👏4🥰1🤮1🤣1🖕1
(စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး ဂျပန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်နေစဥ်။ ဓာတ်ပုံ - NUG ဂျပန်ကိုယ်စားလှယ်ရုံး)
35🥰7💩4🫡2🤮1🖕1
မတ္တရာအနောက်ခြမ်းကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ

စက်တင်ဘာ-၁၈၊ ၂၀၂၆။ ကတ်သရင်း/People's Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြိုနယ်အနောက်ခြမ်းက ဥဒိန်ရွာကို စက်တင်ဘာ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ မတ္တရာမြို့ဘက်ကနေ စစ်တပ်က လူ၊ ခဲယမ်း၊ လက်နက်တွေပါ အင်အားတိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဘုန်းကြီးကျောင်းပေါ် ကျပြီး ကပ္ပိယကြီးက သေတယ်။ ဥူးပဉ္ဇင်းတပါး ဒဏ်ရာရတယ်လို့ သိရတယ်။ ဘာသတင်းမှမကြားဘူး။ အင်အားတွေ တိုးတာ ဒရုန်းတွေ၊ လက်နက်ကြီးတွေပါ ဖြည့်ပြီးလိုက်ချနေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်း ရေကြောင်းလမ်းဘေးက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ ကင်းထောက် ဒရုန်းဝဲတာတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၄ရက်ကလည်း ကျွန်းကြီးရွာကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ လင်မယားနှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
🤬284👎4👏1🎉1
🤬17👎32👏1
ဖရူဆိုမြို့နယ်မှာ KNDF ရဲဘော် ၅ဦး ကျဆုံး

စက်တင်ဘာ-၁၈၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၁၇ ရက်)နေ့လယ်ပိုင်းက ဖရူဆိုမြို့အနောက်ခြမ်း မိုဆိုကျေးရွာအနီးမှာ တပ်ခွဲမှူးအပါအ၀င် KNDF ရဲဘော် ၅ဦး ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

"ကြီးမားတဲ့ဆုံးရှုံးမှု "လို့ KNDF တပ်ရင်း (၁၀) ရဲဘော်တစ်ဦးက ပြောပါတယ်။

ကရင်နီ‌‌ပြည်နယ်က ဒေသအများစုမှာ စစ်တပ်ရဲ့ ဒရုန်း၊လေကြောင်းတိုက်ခိုက်မှုတွေ စက်တင်ဘာမှာ ပိုများလာတဲ့အပြင် ထိခိုက်သေဆုံးတဲ့ အရပ်သား ဆယ်နဲ့ချီ ရှိနေပါတယ်။

"နေ့တိုင်းကင်းထောက် လေယာဉ် နဲ့ ဒရုန်းတွေဝဲနေသလို ဒီမနက်လည်း ဖယ်ခုံ အနောက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတယ်"လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်ကလည်း ရှမ်း-ကရင်နီ ဒေသအစပ် ဝါရီဆူးပလိုင်ရွာအနီး၀န်းကျင်မှာရှိတဲ့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့ ကာကင်းစခန်း ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲဘော် ၂ကျဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက မိဘမဲ့ကျောင်းကို စစ်တပ်ရဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၂ဦး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောထားပါတယ်။

အခု စက်တင်ဘာအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီးဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော် မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။
😭35👎3🔥3😢32👍2🤬2👏1🎉1
(ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၅ဦး ရုပ်အလောင်းတွေ။ ဓာတ်ပုံ - Saw Say Do Htoo)
😭40🔥43🫡3👎2💔2👏1😢1🤩1
KIA ဒုတပ်ရင်းမှူးကို SNA ဖမ်းဆီးမှုသတင်းအမှားဟု KIAစစ်ဘက် တာဝန်ရှိသူပြော

စက်တင်ဘာ ၁၈၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Shanni Empire အမည်ရှိ ဖေ့စ်ဘွခ်စာမျက်နှာမှာ အမျိုးသား ၁ဦးရဲ့ ပုံကို ဖော်ပြပြီး KIA ဒုတပ်ရင်းမှူး ဝါယ်ကျယ်နော်တောင်ကို SNA က ဖမ်းဆီးရမိတယ်လို့ ရေးသားထားတဲ့အပေါ် KIA စစ်ဘက်တာဝန်ရှိသူက အခုလို ရှင်းပြတာပါ။

“ အရပ်သားစစ်စစ်ပါ” လို့သူက ပြောပါတယ်။

စစ်တပ် လက်သပ်မွေးထားတဲ့ SNA ဟာ လူမျိုးရေးကို ဦးတည်တဲ့ဖမ်းဆီးမှုတွေ မကြာခဏလုပ်နေတယ်လို့ KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Shanni Empire စာမျက်နှာဟာ KIA အပေါ် စွပ်စွဲပုတ်ခတ်တဲ့ ရေးသားချက်တွေ ဖော်ပြလေ့ရှိတဲ့ စာမျက်နှာဖြစ်တာကိုလည်း သူ့ရဲ့ ရေးသားချက်တွေမှာ တွေ့ရပါတယ်။

အထူးသဖြင့် ရှမ်းနီလူမျိုးတွေကို KIA က ဖမ်းဆီးနေတယ်၊ KIAက ပြန်ပေးဆွဲတယ်၊ KIA တိုက်ခိုက်လို့ စစ်ရှောင်တွေ သေဆုံးတယ် ၊ KIAက ပြန်ပေးဆွဲပြီး ငွေနဲ့ ရွေးခိုင်းတယ် စတာတွေကို ဆက်တိုက်ရေးသားသလို SNA နဲ့ စစ်ကောင်စီတပ် ဝါဒဖြန့် သတင်းတွေ၊ KIAနဲ့ PDF၊ ပကဖ တွေကြားသွေးခွဲတဲ့ ရေးသားချက်တွေ၊ NUGကို ပုတ်ခတ်တဲ့ရေးသားချက်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း KIA ဒုတပ်ရင်းမှူးဖမ်းဆီးခံရတယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဖမ်းဆီးခံရသူ ဦးနော်တောင်ဟာ သာမန်ပြည်သူဖြစ်ပြီး မြစ်ကြီးနားကနေ ဖားကန့်ဒေသသွားစဉ် ကာမိုင်းဂိတ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်များက ဖုန်းကိုစစ်ဆေးပြီး KIA ဒုတပ်ရင်းမှူးဟု အတင်းရာထူးတပ် မဟုတ်မမှန် သတင်းအမှား ထုတ်ပြန်လာတာလို့ ဆိုပါတယ်။

" KIA ဒုတပ်ရင်းမှူးသာမှန်ခဲ့ရင် ယခုကဲ့သို့ စစ်ရေးတင်းမာနေချိန် ကာလတွင် စကစနဲ့ ပသစ များထိန်းချုပ်ထားသော ဂိတ်မှ ဖြတ်သန်းသွားလာမည်မဟုတ်ပါ"လို့ သူက အသိပေးပါတယ်။

ဦးနော်တောင်ဟာ အကြောင်းသိလိုပါက အောင်ဘာလေမှော် ကျေးရွာခံတွေကို မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။
👍30🔥84🖕2👎1😁1🤬1
(စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ဖမ်းဆီးထားတယ်ဆိုတဲ့ ဦးနော်တောင်။ ဓာတ်ပုံ - Shanni Empire/FB)
👍30🤣4🔥2👎1💩1
ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်တိုက်ပွဲအတွင်း စစ်တပ်က ဗိုလ်ကြီး ၂ဦး အပါအဝင် ၂၀ ကျော်သေဟု KNU ထုတ်ပြန်

စက်တင်ဘာ ၁၈၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁ရက်ကနေ ၁၅ရက်အထိ စစ်ရေး အခြေအနေကို KNU တပ်မဟာ(၅) မူတြော်ခရိုင်က ကရင်ဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တဦးက ဘာသာပြန် ရှင်းပြထားပါတယ်။

စက်တင်ဘာ လဝက်အတွင်း တိုက်ပွဲ ၄၇ကြိမ်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ၂၂ဦး သေဆုံးပြီး သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၂ဦး ဗိုလ် ၁ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်က ဒဏ်ရာရသူ ၂၀ဦး ရှိကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း KNLA ဘက်က ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း အသိပေးထားပြီး လက်နက်ခဲယမ်း သိမ်းရမှု အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။

KNU တပ်မဟာ(၅)ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းသတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၄ရက်က ဖာပွန်ခရိုင် ကတိုင်တိနဲ့ ကမမောင်းကြားက စစ်တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထံက လက်နက် ၃လက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က တပ်သား ၁ဦးဟာ လက်နက်ကြီး ၁လက်၊ လက်နက်ငယ် ၁လက်ယူလာပြီး စက်တင်ဘာ ၁၃ရက်မှာ KNLA တပ်မဟာ(၅) တပ်ရင်း(၁၀၂)ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးထားပါတယ်။

စစ်တပ်ဟာ တပ်စခန်းများစွာ ဆုံးရှုံးလက်လွှတ်ထားရတဲ့ KNU ဖာပွန်ခရိုင်ကို စစ်အင်အားဖြည့်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

စက်တင်ဘာလဝက်အတွင်း စစ်တပ်ဘက်က လက်နက်ကြီး တိုက်ခိုက်မှု၊ ဒရုန်း၊ တိုက်လေယာဥ်ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း KNUက အသိပေးပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ လူထုနေအိမ်အဆောက်အအုံပျက်စီးမှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
🥰25👍94🤬2🖕2👎1👏1🤣1
(KNLA ပူးပေါင်းတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Thoo Lei)
🥰24👍146🖕2🤮1🤣1
စစ်​တွေမှာကာကင်းစခန်းအချို့ဆုံးရှုံးပြီးစစ်တပ်ကမြို့နယ်လေးခုကို ဗုံးပတ်ကြဲ

စက်တင်ဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာလ ၁၈ ရက် မနက် ၇ နာရီကျော်အချိန်ကနေ ၈ နာရီကျော်လောက်ထိစစ်တပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ နယ်တို့ ဗုံးကြဲနေခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့ ပေါက်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့
နယ်တို့ကို ဗုံးထပ်ကြဲခဲ့တာပါ။

“တခါလာရင်လေယာဉ်သုံးစီးလောက် အ
နည်းဆုံးပါတယ်။စုစုပေါင်းလေယာဉ်လာကြဲတာ ခြောက်စီး၊ ခုနှစ်စီး လောက်ရှိတော့တယ်။ တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ပေါက်တောဘက်က ရွာတွေကိုလည်းကြဲတယ်”လို့ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းကမ်းခြေကျေးရွာတွေ စစ်တွေနဲ့ အစပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကို ဗုံးအလုံး​ရေဆယ်နဲ့ချီ ကြဲခဲ့ပါတယ်။ဒါ​ပေမယ့်လူ ထိခိုက်မှုရှိ ၊မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။

“တိုက်ပွဲနဲ့အဝေးကြီး ပုဏ္ဏားကျွန်းမြို့နားက ရွာတွေကိုပါ ကျတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင်စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ သံတွဲမြို့နယ် သစ်ငုတ်တိုရွာ၊ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်လယ်ကွင်းတွေနဲ့ အိုးမြေရွာအနီး တောင်ကြောတွေကို ပါစစ်တပ်က ဗုံးကြဲခဲ့ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

အလားတူစက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက် ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာအချို့ကို လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။

စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးနောက်ပိုင်း အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင် ကာကင်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်း တောရွာဝန်းကျင်ရှိနေရာအချို့ကို AA က သိမ်းပိုက်ရထားတာဖြစ်ပါတယ်။

လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်း
ကျင်၊ စစ်တွေမြို့နယ် အမြင့် ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


#စစ်တွေ #ကျောက်ဖြူ #သံတွဲ #ဂ
#စစ်တပ်ဗုဲးကြဲ #peoplesspring #ps
🤬327👍5🖕2👎1🤣1
စစ်တပ်က စက်တင်ဘာ ၇ ရက်မှာ ဂွမြို့နယ်ကိုဗုံးကြဲပြီး​နောက်အပျက်အစီး​တွေ​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk
🤬274👍4🤮2👎1👏1🎉1🤣1
အာရက္ခတပ်​တော် (AA)က ဖမ်းဆီးထားတဲ့ ဗိုလ်မှူးချူပ်သူရိန်ထွန်းဟာ မန္တ​လေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ ဆန္ဒပြလူငယ်​တွေကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု ​အများအပြားပြုလုပ်ခဲ့တာ​တွေအတွက် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက ​ပြောကြပါတယ် ။

အသက် ၅၅ နှစ်ခန့်အရွယ်ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ စစ်တပ်အာဏာသိမ်းပြီး ပြည်သူ​တွေကို ရက်ရက်စက်စက်ဖိနှိပ်အကြမ်းဖက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ မန္တလေးမြို့၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သူပါ ။

သူတိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာလပခ စစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းဖို့ ၊ဖမ်းဆီးခံရတဲ့သပိတ်​ခေါင်း​ဆောင်း​တွေကို နန်းတွင်းစစ်​ကြော​ရေးမှာသတ်ဖြတ်ဖို့ အဓိကအမိန့်​ပေးခဲ့သူ​တွေဖြစ်ပါတယ်။ ဗိုလ်ချုပ် ကိုကိုဦးက​တော့ အခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးနဲ့ ကစထမှူးတာဝန်ထမ်း​ဆောင်​နေတယ်လို့ CDM ဗိုလ်ကြီးဇင်​ယော်က​ပြောပါတယ် ။

မပခ မှာ ဒုတိယ အာဏာအရှိဆုံးသူအဖြစ် ၊တိုင်းဦးစီးချုပ်တာဝန်ယူခဲ့တဲ့အချိန်ဟာမန္တလေးမြို့မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု​တွေ ရက်ရက်စက်စက်ပြုလုပ်ခဲ့တဲ့ကာလတွေဖြစ်ပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ရဲ့ ဥက္ကဌမအေးနန္ဒာစိုးကို ၂၀၂၁၊စက်တင်ဘာ၁၉ရက်​နေ့ နေ့လယ်ပိုင်းမှာစစ်​ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။အသက်၂၃နှစ်အရွယ် မအေးနန္ဒာစိုးဟာ နန်းတွင်းစစ်ကြောရေးမှာ၂၀၂၁ခုနှစ်ဒီဇင်ဘာလအထိရှိခဲ့ပြီး စစ်တပ်ကမအေးနန္ဒာစိုးကို အမျိုးမျိုးစစ်ဆေးခဲ့တယ်လို့ တခန်းတည်းအတူနေထိုင်ခဲ့သူတွေဆီကနေသိရပါတယ်။

“အရမ်းစိတ်မာတယ်။သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းအေးဆေးပဲ။စစ်ကြောရေးကိုနောက်မှရောက်လာတဲ့သူတွေကိုလည်းကူညီပေးတယ်” လို့၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ မအေးနန္ဒာစိုးနဲ့တခန်းထဲအတူနေခဲ့ဖူးသူကပြောပါတယ်။ ၂၀၂၂ခုနှစ်ဇန်နဝါရီလမှာ​တော့ မအေးနန္ဒာစိုးနဲ့အတူ တခြားလူငယ်အမျိုးသား၄ ဦးကို ညဘက်မှာ စစ်တပ်ကလာခေါ်ထုတ်သွားပြီးနောက် ဒီ​နေ့အထိပျောက်
ဆုံးသွားခဲ့ပါတယ် ။

“စစ်တပ်ဘက်ကသတင်းအရင်းမြစ်တွေဆီကနေကြားရတာဆေးထိုးသတ်လိုက်တယ်ဆိုတဲ့သတင်းကနောက်ဆုံးပဲ”လို့ဗကသကျောင်း
သားတဦးကပြောပါတယ်။

(၂၀၂၄ ဒီဇင်ဘာလဆန်းမှာ ​ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ် ကိုကိုဦး နဲ့ AAဆီမှာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချူပ်သူရိန်ထွန်းအပါအဝင် စစ်ဗိုလ်ချုပ်​တွေက နန်းတွင်းစစ်​ကြော​ရေးမှာ ဆန္ဒပြလူငယ်​တွေ ၊သပိတ်ခါင်း​ဆောင်​တွေကို သတ်ဖြတ်​ဖျောက်ဖျက်ခဲ့မှုအ​ကြောင်း​ဆောင်းပါးကို ပြန်လည်​ဖော်ပြတာပါ။​)


https://www.ludunwayoo.com/feature-mm/2024/12/11/106254/
34🤮7💩5😁4😢4👍3🤣2🖕2🔥1
■​ဆောင်းပါး

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်အပေါ် သံတမန်ရေး အမြတ်ထုတ်ဖို့ ကြံနေတဲ့ မင်းအောင်လှိုင်

●စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

-People's Spring

ရှားပါတဲ့ အခြေအနေအဖြစ် အခုသီတင်းပတ်ထဲမှာ နေပြည်တော်ကို အမေရိကန် အစိုးရအရာရှိတွေ ရောက်လာခဲ့ပါတယ်။ ရည်
ရွယ်ချက်ကတော့ ဇွန်လကတည်းက မြန်
မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့
အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ရဲ့ လွတ်မြောက်ရေး အတွက်ပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့် ပုဂ္ဂိုလ်ရဲ့အဆိုအရ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာစက်တင်ဘာ ၁၅ ရက်နေ့တုန်းက နေပြည်တော်ကိုသွားပြီး အာ
ဏာသိမ်းစစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်
လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုက၂၀၂၁ခုနှစ် စစ်တပ်အာဏာ
သိမ်းပြီး နောက်ပိုင်းတလျှောက် အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြားမှာ အရေးကြီးတဲ့ ထိတွေ့ဆက်ဆံမှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ နိုင်ငံ
တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က အဓမ္မဖြုတ်ချအာဏာ
သိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာပြည်တွင်း
စစ်နဲ့ စီးပွားရေး ပျက်သုဉ်းမှုတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော
ရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်က တွေ့ဆုံမှု ရလဒ်အဖြစ် အမေရိကန် နိုင်ငံသားအဒမ်ကက်စ်တီလို ပြန်လွတ်လာခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါဝင်
ခဲ့တယ်၊ မြန်မာဘက်က ဘယ်အရာရှိတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ အသေးစိတ် အကြောင်း
အရာတွေကိုတော့သူက မပြောခဲ့ပါဘူး။

မြန်မာစစ်အာဏာပိုင်တွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရအောင် အားထုတ်မှုတွေကို ပိုပြီး အရှိန်မြှင့်လာနေပါတယ်။ အထူးသဖြင့် စစ်တပ်ရွေးကောက်ပွဲအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကိုယ်သမ္မတအဖြစ်တင်မြှောက်ပြီးနောက်
ပိုင်းအဲဒီလိုအားထုတ်မှုတွေကပိုပြီး ထင်ရှား
သိသာလာပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့အဲဒီ ရွေး
ကောက်ပွဲကိုအတုအယောင်တစ်ခုလို့တောက်
လျှောက်ဝေဖန်ခဲ့ပါတယ်။တစ်ဖက်မှာတော့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တွေမှာ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် အထီးကျန်နေရတဲ့ အခြေအနေကို ကုစားဖို့ ရွေးကောက်ပွဲဟာအဖြေတစ်ခု ဖြစ်
လာမယ်လို့ အတော်လေး မျှော်လင့်နေပုံပါပဲ။

ကက်စ်တီလို ဟာအမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။သူဟာမြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်မှာလုံခြုံရေးနဲ့ အန္တရာယ်စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကို ထူ
ထောင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

Reuters သတင်းဌာနရဲ့ဖော်ပြချက်အရ
ကက်စ်တီလိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham Myanmar)ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတုန်း ဝါရှင်တန်မှာလော်ဘီလုပ်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲခံရပါတယ်။

ဒါပေမယ့် သူ့ဖက်က ထောက်ခံ ရပ်တည်သူတွေကတော့ ဒီစကားတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။သူ့ကို ဖမ်းထားတာဟာလည်း မြန်မာ စီးပွားရေးသမားတစ်ယောက်နဲ့ဖြစ်နေတဲ့အ
ငြင်းပွားမှုနဲ့သာ အဓိက ပတ်သက်တယ်လို့ သူတို့က ပြောပါတယ်။

သူ့ညီမဖြစ်တဲ့ အမန်ဒါကက်စ်တီလိုက အ
ကျင့်ပျက် စီးပွားရေးသမားတွေက သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးအမြတ်တွေကို ကာကွယ်ဖို့ သူ့အစ်ကိုကို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားခဲ့လို့ ကက်စ်တီလိုဟာ မြန်မာနိုင်ငံမှာ ၉၇ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာလို့ ပြောပါတယ်။ သူက ကက်စ်တီလို ပြန်လာနိုင်တာအတွက်ဝမ်းသာဝမ်းနည်း ခံ
စားရကြောင်း၊ ကက်စ်တီလိုဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာစေဖို့ အရမ်းမျှော်လင့်ခဲ့ပြီးကာလရှည်ကြာ နေ
ထိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေ အပေါ်မှာလည်းလေးစားကြောင်းအမန်ဒါကဆိုပါတယ်။

ကက်စ်တီလို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ကိုလည်းမိသားစုကကျေးဇူးတင်တဲ့အကြောင်း အမန်ဒါက ပြောကြားခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်း
ခံထားရသူ အမေရိကန် နိုင်ငံသားတွေ လွတ်
မြောက်ရေးအတွက် ဖွဲ့စည်းထားပြီး Global Reach အဖွဲ့ကလည်း ကက်စ်တီလို လွတ်
မြောက်ရေးအတွက် အတော်လေး ကြိုးစားပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်အထိ မြန်မာနိုင်ငံမှာ သူ့ရဲ့ အတွေ့အ
ကြုံတွေအကြောင်းရေးထားတဲ့စာအုပ်အသစ်
ကို မိတ်ဆက်ဖို့ မလေးရှားနိုင်ငံကို သွားခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ရန်ကုန်မှာ အဖမ်းခံခဲ့ရတာလို့ Global Reachက ပြောပါတယ်။
😁187👍4🖕3👎1💩1🤣1
Global Reach ရဲ့အမှုဆောင်အရာရှိချုပ်မစ်ကီဘက်ဂ်မန်းကတော့ ကက်စ်တီလိုကို အိမ်ပြန်ခေါ်လာနိုင်ခဲ့လို့ အရမ်းဝမ်းသာကြောင်း၊ သူ့ရဲ့လွတ်မြောက်ရေးအတွက်ပူးပေါင်း ကူညီပေးခဲ့တဲ့ သမ္မတထရမ့်ရဲ့ အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကက်စ်တီလိုကို မိသားစုနဲ့ ပြန်ဆုံခွင့်ရအောင်လိုက်လျောပေးလို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်းလည်း သူကဆိုပါ​သေးတယ်။

စစ်တပ်ကတော့ကက်စ်တီလိုကိုပြည်နှင်ဒဏ်
ပေးလိုက်တာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကက်စ်တီလိုကို လွှတ်ပေးလိုက်တာဟာ မြန်မာနဲ့ အမေရိကန်ကြားကချစ်ကြည်ရင်းနှီးတဲ့နှစ်နိုင်ငံ ဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက်ဖြစ်တယ်လို့လည်းစစ်တပ် ဝါဒဖြန့် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အရေးကြီးတဲ့ အချက်တစ်ခုက အမေရိကန်နဲ့ အနောက်နိုင်ငံအများစုဟာ မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုမထားပါဘူး။

မြန်မာပြည်သူတွေချစ်ခင်လေးစားသူအ
သက်၈၁ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုထိ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရဆဲပါ။ပြီးတော့ မြန်မာစစ်တပ်ဟာ အာဏာ
သိမ်းမှု နောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကိုလည်း တိုက်ခိုက်နေရပါတယ်။

စစ်တပ်က စစ်ကြောင်းတွေ လွှတ်ပြီး ကျေး
ရွာတွေမှာ တိုက်ခိုက်တာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ အရပ်သား ပြည်သူတွေကို သတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေပါတယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ အ
တိုက်အခံတွေကိုလည်း ထောင်ချနေသလို လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေကို စစ်
တပ်ထဲ ဝင်ဖို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ယူနေပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့မြန်မာစစ်တပ်ဟာစစ်ရာဇဝတ်
မှုတွေကျူးလွန်နေတယ်လို့စွပ်စွဲထားပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU)တို့ကလည်း စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။နိုင်ငံတကာ မျက်နှာ
စာမှာ စစ်တပ်နဲ့ ဆက်နွှယ်သူတွေကို ထိတွေ့ဆက်ဆံမှု လျှော့ချဖို့လည်း အနောက်နိုင်ငံတွေက လိုလားလုပ်ဆောင်နေပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံအများစုဟာ မြန်
မာနိုင်ငံမှာ တရားဝင် လုပ်ပိုင်ခွင့် အပြည့်အဝ အပ်နှင်းထားတဲ့ သံအမတ်ကြီးတွေကို မထားကြတော့ပါဘူး။ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ စစ်ခေါင်းဆောင်တွေက အတော်လေးမခံချိ
မခံသာ ဖြစ်နေခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ဟာ နိုင်ငံရဲ့အကျိုးစီးပွားနဲ့ သက်
ဆိုင်တဲ့ ကိစ္စတွေ အတွက်တော့ နေပြည်တော်ကအာဏာပိုင်တွေနဲ့ ပုံမှန်ဆက်သွယ်ဆွေးနွေး
မှုတော့ ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီလို ဆက်သွယ်ဆွေးနွေးတဲ့အချိန်တိုင်းမှာလည်း အကြမ်းဖက်မှုတွေ ရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်းနေခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာအဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်း
ရေးကို ဖော်ဆောင်ဖို့ဆိုရင် အဲဒီလုပ်ငန်းစဉ်တွေကို မဖြစ်မနေ လိုအပ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ ကက်စ်တီလိုကို လွှတ်ပေးဖို့ အမေရိကန်နဲ့ ညှိနှိုင်းခဲ့တာကို မြန်မာစစ်တပ်ကတော့ သူတို့ဟာနိုင်ငံတကာနဲ့ ဆက်ဆံရေးပိုကောင်း
လာ၊ ပိုခရီးရောက်လာပြီဆိုတဲ့ သဘောမျိုး ပုံဖော်ဖို့ အသုံးချလာနေကြောင်း လေ့လာသူတွေက ထောက်ပြထားပါတယ်။

နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG)
ရဲ့အာရှရေးရာ အကြီးတန်းအကြံပေး
ရစ်ချတ်ဟော်ဆေးက စစ်တပ်ဟာ ကက်စ်တီလိုကို လွှတ်ပေးလိုက် ကတည်းက တရားရေး လုပ်ငန်းစဉ် တစ်ခုလို့ ခေါင်းစဉ်မတပ်ဘဲ နှစ်နိုင်ငံကြား သံတမန်ရေး၊ ချစ်ကြည်ရေးအရ လွှတ်ပေးလိုက်တာပါလို့ ကြေညာခဲ့တာ ဖြစ်
ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ ဆက်သွယ်ရေး လမ်းကြောင်း ပြန်တည်ဆောက်ဖို့ မင်းအောင်လှိုင်က ထွန့်
ထွန့်လူး ဆန္ဒရှိနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြထားကြောင်း၊ စီးပွားရေးကိစ္စ အငြင်း
ပွားမှု တစ်ခုကြောင့် ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား တစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ရလို့ သူ့အတွက် နစ်နာစရာ အထွေအ
ထူး ဘာမှ မရှိကြောင်း၊ တစ်ဖက်မှာတော့ သူ
က ဒီကိစ္စကို အမေရိကန်နဲ့ ချစ်ကြည်ရင်းနှီးမှု ပြသတဲ့ ပုံရိပ်တစ်ခုအဖြစ် ဖန်တီးယူနေသလို အမေရိကန် အရာရှိတွေနဲ့ စကားပြောဖို့ အကြောင်းပြချက်လည်း ရသွားခဲ့ကြောင်း ဟော်ဆေးက ဆိုပါတယ်။

ရွေးကောက်ပွဲ ပြီးကတည်းက မင်းအောင်
လှိုင်ဟာ နိုင်ငံတကာဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့ သံတမန်ရေးအရ ကြိုးစားမှုတွေ ဆက်တိုက်လုပ်လာပါတယ်။ အထူးသဖြင့် အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။အဲဒီမတိုင်ခင်မှာလည်း ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။
😁17🖕42🔥1💩1🤣1
စစ်တပ်ခန့်သမ္မတ ရာထူးကို ရယူပြီးနောက်
ပိုင်းမှာ မင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ လာအို၊ ထိုင်း၊ ကာဇက်စတန်နဲ့ ဘီလာရုစ်နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်က သူဦး
ဆောင်တဲ့ အစုအဖွဲ့အပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ပိုရလာစေဖို့၊ ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုမြှင့်တင်ဖို့၊ မြန်မာနိုင်ငံအတွက် အရမ်းလိုအပ်နေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတွေကို စုပြီး အဲဒီနိုင်ငံတွေက မင်းအောင်လှိုင်ကို အသိအမှတ် ပြုနေပါတယ်ဆိုတဲ့ ဇာတ်ကြောင်းမျိုးကို နေပြည်တော်ဖက်က ဖန်တီးနေကြောင်း၊ ဒါပေမဲ့ အဲဒီလို ဓာတ်ပုံမျိုး ရိုက်ခွင့်ရဖို့ တစ်ဖက်ကဘာတွေတောင်းဆိုမလဲ ဆိုတာကိုလည်းတွေးဖို့လိုကြောင်း ဟော်ဆေးက ပြောပါတယ်။

အမေရိကန်ဘက်ကလည်း မကြာသေးမီနှစ်တွေအတွင်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု တချို့ကို လျှော့ပေါ့ပေးလာပုံ ပေါ်ပါတယ်။ မနှစ်က ဇူလိုင်လမှာ အမေရိကန်ဟာ မြန်မာစစ်အာဏာပိုင်တွေရဲ့ မဟာမိတ်တွေနဲ့ သူတို့ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကတချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်
သိမ်းခဲ့ပါတယ်။

အဲဒီတုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က အမေရိကန် အစိုးရရဲ့ လိုက်လျောမှုဟာ မြန်မာစစ်
တပ်ကိုရော၊ ကြံရာပါတွေကို ပိုပြီး အတင့်ရဲလာစေမယ့် အံ့ဩစိတ်ပျက်စရာ အပြောင်း
အလဲမျိုးလို့ ဝေဖန်ခဲ့ပါတယ်။ နာမည်ပျက် စာရင်းထဲက ဖယ်ရှားပေးလိုက်တဲ့ ကုမ္ပဏီတွေထဲမှာလက်နက်အရောင်းအဝယ်နဲ့ ဆက်
စပ်တဲ့ လုပ်ငန်းတွေလည်း ပါဝင်နေတယ်လို့ အန်ဒရူးစ်က ​ပြောခဲ့ပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ထရမ့်ရဲ့ အစိုးရဟာ မြန်မာနိုင်ငံသားတွေရဲ့ အမေရိကန်မှာ တရားဝင် ခိုလှုံနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တည်
ငြိမ်တိုးတက်လာပြီး ရွေးကောက်ပွဲလည်း ကျင်းပတော့မှာမို့ အမေရိကန်ရောက် မြန်မာတွေ နေရပ်ဆီ ဘေးကင်းကင်းနဲ့ ပြန်လို့ရပြီလို့ ယူဆကြောင်း အမေရိကန်က အကြောင်း
ပြချက် ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်က စိတ်တိုင်းကျ တစ်ဖက်သတ် ခြယ်
လှယ် ကျင်းပတဲ့ ရွေးကောက်ပွဲကို တိုးတက်မှု တစ်ခုအဖြစ်အမေရိကန်ကရည်ညွှန်းခဲ့ပါတယ်။

တစ်ဖက်မှာတော့ မင်းအောင်လှိုင်က မြန်မာအပေါ် သွင်းကုန်အခွန် တိုးကောက်မယ့် အမေရိကန်အစိုးရရဲ့အကြောင်းကြားစာကိုတောင် ဖားယားပြီးအကောင်းမြင်တဲ့ သဘော
မျိုးနဲ့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီစာဟာ အမေရိကန် စီးပွားရေးရဲ့ ထူးခြားတဲ့ အခွင့်အ
လမ်းတွေမှာ ဆက်လက် ပါဝင်ဖို့ တွန်းအားပေးတဲ့ ဖိတ်ခေါ်မှုလို့ မင်းအောင်လှိုင်က ဆိုပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ အရေးယူမှုတွေကို လျှော့ချပေးဖို့၊ ရုပ်သိမ်းပေးဖို့လည်း မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့ပါ​သေးတယ်။ ။

(CNN၏ US officials make rare trip to Myanmar to free former marine as isolated regime seeks greater recognition ဆောင်းပါးကို People’s Springကဆီလျော်အောင် ဘာသာပြန်ဆိုသည်)


#အမေရီကန်အရာရှိ #ကက်စ်တီလို
#နေပြည်တော် #စစ်အုပ်စု
#peoplesspring #ludunwayoo
👍16🖕65😁2💩2🤣2🔥1
နေပြည်​တော်ကိုလာ​ရောက်ခဲ့တဲ့ အ​မေရိကန်အရာရှိ​​တွေစီးနင်းလာတဲ့​​လေယာဥ် ​နေပြည်​တော်​လေဆိပ်မှာ​တွေ့ရစဥ်/ ကက်စ်တီလို နဲ့အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်
💩24👎63👏1🤣1
၂၀၂၁ခုနှစ်၊စက်တင်ဘာလ၃၀ရက်နေ့ ညနေပိုင်းမှာ လက်ဖက်ရည်ဆိုင်ကနေပြန်လာတဲ့ သပိတ်​ခေါင်း​ဆောင် တဦးဖြစ်တဲ့ ကိုလင်းပိုင်စိုး နဲ့ ကိုတိုးတက်ဖုန်းမြင့်တို့ ဟာနောက်
ယောင်ခံလိုက်လာတဲ့စစ်အုပ်စုကဖမ်းဆီးတာခံရပါတယ်။

အသက် ၂၀ ​ကျော်အရွယ် ကိုလင်းပိုင်စိုးဟာကျောက်ဆည်နည်းပညာတက္ကသိုလ်က ဒြပ်သတ္တုပိုင်းဆိုင်ရာနောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားဖြစ်ပါတယ် ။​ သူငယ်ချင်း​တွေက ချစ်စနိုးနဲ့ လပိုင်ကြီးလို့ ​​ခေါ်တဲ့ ကိုလင်း
ပိုင်စိုးဟာ ဂေါ်ရခါးလူမျိုးဖြစ်ပါတယ် ။

သူဟာစစ်အာဏာအသိမ်းခံရပြီးတဲ့နောက်
ပိုင်းသပိတ်လှုပ်ရှားမှုတွေမှာတက်ကြွစွာပါ
ဝင်ခဲ့ပါတယ်။နေပြည်တော် နဲ့ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာဦးဆောင်ခဲ့သူတဦးဖြစ်ပြီး​တော့ စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေအပြီးမှာ ပျောက်ကြားလှုပ်ရှားလာတဲ့သပိတ်တွေမှာ ကိုလင်းပိုင်စိုးပါဝင်ခဲ့ပါတယ်။

မန္တလေးသပိတ်၊မြတောင်သပိတ်စစ်ကြောင်းတွေမှာလည်းပါဝင်ခဲ့ပါတယ် ။ အဲဒီအချိန်မှာ မြို့ထဲကသပိတ်စစ်ကြောင်းတွေကို စစ်တပ်ကအကြမ်းဖက်ပြီးပစ်ခတ်သတ်ဖြတ်ဖမ်းဆီး
တဲ့အချိန်ပါ။

ကိုလင်းပိုင်စိုးတို့နှစ်ယောက်ကို စစ်​ကောင်စီတပ်က ဖမ်းဆီးသွားပြီး​တော့ လေးမျက်နှာဘုရားထဲခေါ်သွားပါတယ်။ သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးပြီးတော့ အတူတူစုနေကြတဲ့နေရာကို ဖော်ခိုင်းပါတယ် ။

အဲဒီ​နောက်စစ်အာဏာရှင်ဆန့်ကျင်​ရေး တက်ကြွစွာလုပ်ကိုင်​နေတဲ့ ကိုငြိမ်းမင်းသန့် နဲ့ CDM သူနာပြုဆရာမ မကြည်ကြည်ဝင်းတို့ကိုပါ နာရီပိုင်းအကြာမှာဖမ်းဆီးခံရပါတယ်။

ကိုငြိမ်းမင်းသန့်ဟာ လျှပ်စစ်စွမ်းအား၊ အင်
ဂျင်နီယာဌာန စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်သလို ကျောက်ဆည်နည်းပညာတက္က
သိုလ် ကျောင်းသားများသမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)ရဲ့ အမှုဆောင်ဖြစ်ပါတယ်။ မကြည်ကြည်ဝင်းဟာ CDM သူနာပြုတစ်ယောက်ဖြစ်ပါတယ်။

ကိုလင်းပိုင်စိုးတို့နှစ်ယောက်ကို ရိုက်နှက်စစ်
ဆေးချိန်မှာ ဂေါ်ရခါးလူမျိုးဖြစ်နေတဲ့အတွက် လူမျိုးခြားဆိုပြီး ပိုပြီးရိုက်နှက်နှိပ်စက်ခဲ့ကြပါတယ် ။စစ်တပ်အတွင်းက ဘာသာ​ရေး ၊လူ
မျိုး​ရေးမှိုင်း​တွေ​ကြောင့်ဘာသာခြား၊လူမျိုး
ခြားဆိုရင် ပိုမိုဖိနှိပ်တက်တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေဟာ ကိုလင်းပိုင်စိုးကို အငြိုးတကြီးနဲ့နှိပ်စက် ငြင်းပန်းခဲ့ကြတယ်လို့ ဖြစ်စဥ်ကသိသူတစ်ဦးကလူထု​နွေဦးကို​ပြောပြပါတယ် ။

​ပြောပြသူရဲ့လုံခြုံရေး​ကြောင့်ယခုသတင်းဆောင်းပါးမှာ သူနဲ့ပတ်သက်တာ​တွေ မ​ရေးသားပါဘူး။

ကိုလင်းပိုင်စိုးတို့ နှစ်ဦး​ဖမ်းဆီး နှိပ်စက်ခံရပြီး​တော့ ကိုငြိမ်းမင်းသန့်နဲ့ မကြည်ကြည်ဝင်းတို့ ရောက်လာတဲ့အခါ ကိုလင်းပိုင်စိုးတို့ရဲ့ ခန္ဓာကိုယ်ကို လှန်ပြကာ “တွေ့လား။ကောင်း
ကောင်းဖြေရင်ဖြေ၊မဖြေရင် မင်းတို့လည်းဒီထပ်ပိုနာမယ်”လို့ စစ်သားတွေကခြိမ်း​ခြောက်ပါတယ်။

အဲဒီအချိန်မှာကတည်းက ကိုလင်းပိုင်စိုးရဲ့ကျောတွေမှာညိုမဲနေပါတယ်။ စစ်​​ကောင်စီတပ်ဖွဲ့ဝင်​တွေက ​နောက်​ရောက်လာသူနှစ်ဦးကိုလည်းနာရီပိုင်းအကြာ ရိုက်နှက်စစ်ဆေးတာတွေလုပ်ခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာ ကိုလင်းပိုင်စိုးတို့ကိုစစ်ဆေးမှုခဏရပ်ထားတယ်လို့ဆိုပါတယ်။

ကိုလင်းပိုင်စိုးတယောက်ထဲကိုနှိပ်စက်ချိန်မှာ​တော့“မင်းလားကွဂေါ်ရခါး”ဟုဆိုပြီးရက်ရက်
စက်စက် ဝိုင်းဝန်းရိုက်နှက်ကြပါ​တယ်။

“ရိုက်တာကသံတုတ်တွေနဲ့ ရိုက်တာ။၅ ယောက်လောက်ရှိမယ်။အကုန်စစ်သားတွေချည်းပဲ”လို့ဖြစ်စဥ်ကို မြင်​တွေခဲ့သူတဦးကကပြောပါတယ်။

အဲဒီနောက်စက်တင်ဘာ ၃၀ ရက်​ ည ၉နာရီလောက်မှာ အချုပ်ကားထဲကို ဖမ်းဆီးထားသူတွေကိုထည့်ပါတယ်။အချုပ်ကားကိုတော့ရဲတွေကစောင့်ကြတာပါ။အချုပ်ကားမှာအမျိုး
သမီးနဲ့အမျိုးသားကို အဝတ်အဖြူလေးတခုခြားပြီး အကာလေးနဲ့ကာထားပါတယ်။

ကားပေါ်ကိုရောက်တဲ့အချိန်မှာတော့ ကိုလင်း
ပိုင်စိုးက တညလုံးအန်ပါတယ်။”ခေါင်းထိသွားတယ်ထင်တယ်။ည၉နာရီလောက်ကနေ တညလုံးမအိပ်ရဘူး။အန်တာ”လို့ မြင်​တွေ့ခဲ့သူကပြောပါတယ်။

အချုပ်ကားထဲရောက်နေတဲ့သူတွေက အချိုရည်တိုက်ဖို့ကြိုးစားကြပြီး ရဲတွေကို Royal D အချိုရည်ဗူးဝယ်ခိုင်းတော့ ဝယ်ပေးမယ်လို့ပြောပြီး ဘယ်ရဲမှပေါ်မလာတော့ပါဘူး။

“ညအစောပိုင်းကတော့ရေသောက်ချင်ရင်ရေလေးလာတိုက်တယ်။ည ၁၂နာရီနောက်ပိုင်းကြတော့ ဘယ်လိုမှခေါ်မရတော့ဘူး။အကုန်မကြားချင်ယောင်ဆောင်နေကြတာ”လို့ အ​ချုပ်ထဲမှာရှိခဲ့သူတဦးကအကြုံကိုဖွင့်ဟပါတယ်။

​ရေအရမ်းဆာ​လောင်​နေတဲ့ ကိုလင်းပိုင်စိုးအတွက်အမျိုးသမီးတွေဘက်မှာကျန်​နေတဲ့ ရေနည်းနည်းကို မုန့်ထုတ်အခွံ(ကြွပ်ကြွပ်အိတ်)ထောင့်လေးထဲကိုရေထည့်ပြီး အကာကြားထဲကနေ အမျိုးသမီးအချုပ်သမား​တွေက ​ပေးပြီးရေတိုက်ရပါတယ်။

ဒီလိုနည်းတခုထဲနဲ့သာ ကိုလင်းပိုင်စိုးရေ
သောက်ခွင့်အနည်းငယ်ရခဲ့တာပါ။​နောက်တ​နေ့နံနက်ဖြစ်တဲ့အောက်တိုဘာ ၁ ရက်​နေ့ မနက်၉နာရီလောက်မှာ နာမည်ဆိုးနဲ့​ကျော်
ကြားတဲ့ နန်းတွင်းစစ်ကြောရေးကိုပို့လိုက်ကြပါတယ်။

စစ်ကြောရေးဂိတ်အဝင်မှာကိုလင်းပိုင်စိုးကို ထပ်မံစစ်ဆေးရိုက်နှက်ကြပြန်ပါတယ်။
ကိုလင်းပိုင်စိုးက “ကျွန်တော့်ကိုခဏနားခွင့်ပေးပါ။အကုန်ဖြေပါ့မယ်”လို့ပြောပြီး ခွင့်တောင်းတာမို့အဲဒီနေရာမှာ သူခဏတော့နားခွင့်ရခဲ့ပါတယ်။အဲဒီနောက်အဆောင်တွေဘက်ကို လမ်းလျှောက်ဝင်ရတဲ့အချိန်မှာကိုလင်းပိုင်စိုးလဲသွားပါ​တော့တယ်။
💩14👍64🖕3👎1🤣1
“အုန်းခနဲလဲကျတဲ့အသံကြားလို့ နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ အဲတာသူဖြစ်နေတာပဲ။အဲတာက ကိုလင်းပိုင်စိုးကိုနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပဲ”လို့ အတူတူဖမ်းဆီးခံခဲ့ရသူတဦးကပြောပါတယ်။ လဲကျသွားတဲ့ကိုလင်းပိုင်စိုးကို စစ်သားနှစ်ယောက်ကဆွဲခေါ်သွားပါ​တော့တယ်။

မနက်၁၁နာရီလောက်အရောက်မှာ အတူတူဖမ်းခံရတဲ့သူတွေအကုန်လုံးဆီကိုစစ်သားတွေကပဲ ကိုလင်းပိုင်စိုးသေဆုံးသွားပြီဖြစ်
ကြောင်းလာ သတင်းစကား​ပေးကြပါတယ်။

အဲဒီနေ့ကစပြီး ကိုလင်းပိုင်စိုးဟာ အပြင်ကစောင့်မျှော်နေတဲ့သူ့မိဘတွေဆီရော၊ရဲဘော်ရဲဖက်မိတ်ဆွေဆီရော ပြန်ရောက်မလာတော့ပါဘူး။ကိုလင်းပိုင်စိုး ကျဆုံးပြီး​​နောက်ပိုင်းမှာကိုငြိမ်းမင်းသန့် လွတ်​မြောက်လာပြီး ၊ မကြည်ကြည်ဝင်းနဲ့ကိုတိုးတက်ဖုန်းမြင့်တို့ဟာ ​နောက်ပိုင်းမှ အတူတူလွတ်​မြောက်ခဲ့ကြပါတယ် ။

အဲဒီအချိန်မှာ မန္တလေးသပိတ်တွေကိုဖြိုခွင်းဖို့အဓိကညွန်ကြားနေတဲ့သူထဲမှာ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်သူရိန်ထွန်းလည်းအပါအဝင်ဖြစ်ပါတယ်။ ဒါ​ပေမယ့် ၂၀၂၄ ဒီဇင်ဘာ ၈ ရက်​နေ့မှာ​တော့ ဗိုလ်မှူးချုပ်သူရိန်ထွန်း ကို အာရက္ခတပ်​တော်(AA) က ​မောင်​တောနခခ (၅) စခန်းသိမ်းတိုက်ပွဲမှာ ထွက်​ပြေး​နေစဥ် ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။

ဗိုလ်မှူးချုပ်သူရိန်ထွန်း တိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာ မန္တ​လေးမြို့ အ​ခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) စစ်တိုင်းမှူး ဟာ ဗိုလ်ချုပ်ကိုကိုဦးဖြစ်ပါတယ် ။ သူတို့ နှစ်​ယောက်ဟာ မန္တ​လေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းဖို့ ၊ဖမ်းဆီးခံရတဲ့သပိတ်​ခေါင်း​ဆောင်း​တွေကို နန်းတွင်းစစ်​ကြော​ရေးမှာသတ်ဖြတ်ဖို့ အဓိကအမိန့်​ပေးခဲ့သူ​တွေဖြစ်ပါတယ်။

သပိတ်ခေါင်း​ဆောင်​တွေ ၊ပြည်သူ​တွေကို ရက်ရက်စက်စက်ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာ​တွေ​ကြောင့် နန်းတွင်းစစ်​ကြော​ရေးဟာနမည်ဆိုးနဲ့ ​ကျော်ကြားသလို ဒုတိယဗိုလ်ချုပ်ကိုကိုဦး နဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်း ကိုအာဏာ
သိမ်း​ခေါင်း​ဆောင်ကရာထူးတိုးပြီး​မြောက်စားခဲ့​ပါ​သေးတယ်။

ဗိုလ်ချုပ် ကိုကိုဦးက​တော့ အခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးနဲ့ အမှတ်(၁)စစ်ဆင်ရေးအ
ထူးအဖွဲ့မှူး(ကစထ မှူး) တာဝန်ထမ်း​ဆောင်​နေတယ်။ ဒုတိယဗိုလ်ချုပ်ကိုကိုဦး ဟာ ဒီ
ဇင်ဘာ ၁၅ ရက်မှာ တရုတ်အစိုးရ စီစဥ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) နဲ့​​ဆွေး​နွေးပွဲမှာ စစ်​ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကိုဦး​ဆောင်သွားခဲ့သူတဦးဖြစ်ပါတယ် ။

ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်းအာဏာသိမ်း​ခေါင်း​ဆောင်နဲ့ စစ်​​ကောင်စီအတွက် မန္တ​လေးတိုင်းစစ်ဌာနချုပ်မှာ ​ဆောင်ရွက်​ပေးခဲ့တာ​တွေအတွက်၂၀၂၂ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာ
ထူးတိုးခဲ့သလို ၊ အာဏာသိမ်း​​ခေါင်း​ဆောင်ကချီးမြှင့်တဲ့စီမံထူးချွန်တံဆိပ်(ပထမအဆင့်)
ကိုပါရခဲ့​ထားတာပါ။

သူတို့ ၂ ဦးနဲ့အတူ အောင်မြေသာစံမြို့နယ်ရဲမှူးကျော်ဇင်မြင့်ကလည်း ပြည်သူ​တွေရဲ့ သပိတ်ဖြိုခွင်းတာ​တွေကိုတက်တက်ကြွကြွလုပ်ခဲ့သူပါ။

ဒါ​ကောင့်ရဲမှူးကျော်ဇင်မြင့်ဟာ အာဏာသိမ်းခေါင်းဆောင်ကပေးတဲ့ပြည်သူ့ဝန်ထမ်းကောင်းဆုရခဲ့ပါတယ် ။ ​နောက်ပိုင်းမြို့နယ်ရဲမှူးကနေ မန္တလေးတိုင်းဒုတိယရဲမှူးကြီးအဖြစ်ရာထူးတိုးခဲ့ပါတယ် ။ မန္တ​လေးတိုင်းဒုတိယရဲမှူးကြီးအဖြစ် တက်ကြွ​နေတဲ့ ဒုရဲမှူးကြီးကျော်ဇင်မြင့်တစ်​ယောက်က​တော့တော်လှန်​ရေးအင်အားစု​တွေရှိတဲ့​နေရာကို စစ်ကြောင်းထိုးဖို့သွား​နေရင်းတောင်သာ-မြင်းခြံလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ် မတ်လမှာ မိုင်းဆွဲခံရပြီး သေဆုံးခဲ့ပါတယ်။

သူတို့​တွေ လက်ချက်​ကြောင့် နန်းတွင်းစစ်​ကြော​ရေးမှာ ၊​လေးမျက်နှာဘုရားဝန်းမှာ ၊မန္တ​လေးမြို့ကလမ်းမ​တွေထက်မှာ ​ကြွေလွင့်ခဲရတဲ့ လူငယ်​တွေ၊ပြည်သူ​တွေအနည်းမ​နောရှိခဲ့ပါတယ် ။

(အာဏာသိမ်း​ခေါင်း​ဆောင်က ပြည်ထဲ​ရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကိုကိုဦး နဲ့ AA ဖမ်းဆီးထားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ဟာ မန္တ​လေးမြို့အ​ခြေစိုက်အ
လယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာအတူလုပ်ခဲ့စဥ် သပိတ်​ခေါင်း​ဆောင်​တွေ၊ဆန္ဒပြပြည်သူ​တွေကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုမှတ်တမ်းတင်ထားတဲ့​ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၁၆ မှာ​ဖော်ပြခဲ့တဲ့​ဆောင်းပါးကိုပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။​



https://www.ludunwayoo.com/feature-mm/2024/12/16/106594/
💩14🤬10😢53👎2🤣2🖕2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်က ရခိုင်ပြည်နယ် မြို့နယ်လေးခုကို ဗုံးပတ်ကြဲ

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့ သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက် မနက် ၇ နာရီကျော်အချိန်ကနေ ၈ နာရီကျော်လောက်အထိ စစ်တပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ ဗုံးကြဲနေခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာတော့ ပေါက်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တို့ကို ဗုံးထပ်ကြဲခဲ့တာပါ။ စစ်တပ်ဟာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းကမ်းခြေကျေးရွာတွေ၊ စစ်တွေနဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကို ဗုံးအလုံး​ရေ ဆယ်နဲ့ချီ ကြဲခဲ့ပါတယ်။ ဒါ​ပေမဲ့ လူ ထိခိုက်မှု ရှိ ၊မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။ စစ်တပ်ဗုံးကြဲခဲ့တဲ့နေရာတွေဟာ တိုက်ပွဲတွေနဲ့ အနီးအနားမဟုတ်ဘဲ ဝေးတဲ့နေရာတွေမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️စစ်တပ်သင်္ဘောတွေ စစ်ကိုင်းအဝင် ထပ်မံတိုက်ခိုက်ခံရပြီး ၁စီးနစ်မြုပ်

ကချင်ပြည်နယ်၊ ရွှေကူ-ဗန်းမော်ကြား မြစ်ကြောင်း တိုက်ပွဲမှာ ထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၇ရက်မှာ ရွှေကူမြို့မှာရှိတဲ့ အရပ်သားသင်္ဘောတွေကို သုံးပြီး မန္တလေးဘက်သို့ ပြန်စုန်ဆင်းသွားရာ စစ်ကိုင်းအဝင် ကသာမြို့နယ် မိုးတားလေးဒေသမှာ ထပ်မံတိုက်ခိုက်ခံရပြီး သင်္ဘော ၁စီးထိခိုက်နစ်မြုပ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ကချင်ပြည်နယ်က ပြန်စုန်ဆင်းသွားတဲ့ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၇ရက်ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေအပါအဝင် သင်္ဘောနစ်မြုပ်သွားတာလို့ ဆိုပါတယ်။ စစ်တပ် အနေနဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ သင်္ဘောတွေ အသုတ်လိုက် ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ် တိုက်ခိုက်လို့ ကသာနဲ့ ရွှေကူကြားမှာ သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပြီး ရွှေကူနဲ့ ဗန်းမော်ကြားမှာ သင်္ဘော ၂၀စီးခန့် နစ်မြုပ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

◾️ဖာပွန်ခရိုင်မှာ လဝက်တိုက်ပွဲအတွင်း စစ်တပ်က ဗိုလ်ကြီး ၂ဦး အပါအဝင် ၂၀ ကျော်သေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၁ရက်ကနေ ၁၅ရက်အထိ စစ်ရေး အခြေအနေကို KNU တပ်မဟာ(၅) မူတြော်ခရိုင်က ကရင်ဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တစ်ဦးက ဘာသာပြန် ရှင်းပြထားပါတယ်။ စက်တင်ဘာ လဝက်အတွင်း တိုက်ပွဲ ၄၇ကြိမ်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ၂၂ဦး သေဆုံးပြီး သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၂ဦး ဗိုလ် ၁ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် စစ်တပ်က ဒဏ်ရာရသူ ၂၀ဦး ရှိကြောင်း KNUက ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း KNLA ဘက်က ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း အသိပေးထားပြီး လက်နက်ခဲယမ်း သိမ်းရမှု အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။

◾️စစ်တပ်ဒရုန်းကြောင့် KNDF ရဲဘော် ၅ဦး ကျဆုံး

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက် မနေ့ နေ့လယ်ပိုင်းက ဖရူဆိုမြို့အနောက်ခြမ်း မိုဆိုကျေးရွာအနီးမှာ တပ်ခွဲမှူးအပါအ၀င် KNDF ရဲဘော် ၅ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ လို့ KNDF တပ်ရင်း(၁၀)ရဲဘော်တစ်ဦးက ပြောပါတယ်။ ကရင်နီ‌ပြည်နယ် ဒေသအများစုမှာ စစ်တပ်ရဲ့ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေ စက်တင်ဘာမှာ ပိုများလာတဲ့အပြင် ထိခိုက်သေဆုံးတဲ့ အရပ်သား ဆယ်နဲ့ချီ ရှိနေပါတယ်။ နေ့တိုင်းကင်းထောက် လေယာဉ် နဲ့ ဒရုန်းတွေဝဲနေသလို ဒီမနက်လည်း ဖယ်ခုံအနောက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတယ်လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဒီနေ့ စက်တင်ဘာ ၁၈ရက်မှာ ပြောပါတယ်။

◾️စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို စုပေါင်း ဆန့်ကျင်တိုက်ဖျက်ရမယ်လို့ NUG ပြော
👍16🔥43🖕2💩1🤣1