ဖိလစ်ပိုင်စာသင်ကျောင်းမှာပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
စက်တင်ဘာ - ၁၈ ၊၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့တုန်းက တောင်ပိုင်း ကာတာဘာတိုမှာရှိတဲ့ ဘန်ဂါ အမျိုးသားကျောင်းဝင်းထဲမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
သေဆုံးသူ နှစ်ယောက်စလုံး ကျောင်းသားတွေ ဆိုတာကိုတော့ သိထားရကြောင်း၊ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးကြောင်း ဒေသခံ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန အရာရှိ တစ်ဦးဖြစ်တဲ့ ရော်လီ အကွီနိုက ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၇ ဦးထက်မနည်းကိုလည်း ဆေးရုံ ပို့ဆောင်ထားရကြောင်း သူက ဆိုပါတယ်။ အခုဖြစ်ရပ်ဟာ ဇွန်လနောက်ပိုင်း ဖိလစ်ပိုင် စာသင်ကျောင်းတွေမှာ လူအသေအပျောက် ဖြစ်ပွားတဲ့ တတိယမြောက် ပစ်ခတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာပါတယ်။
ဒေသခံ သတင်းတချို့ကတော့ သေဆုံးသူ ၂ ဦးထဲမှာ ပစ်ခတ်သူ ကျောင်းသားလည်း ပါဝင်တယ်လို့ ဖော်ပြနေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ကျောင်းထဲမှာ အခြေအနေ တည်ငြိမ်သွားပြီလို့ ယူဆရပြီး ကျောင်းသူကျောင်းသားတွေကိုလည်း တာဝန်ရှိသူတွေ ရွှေ့ပြောင်းပေးနေတယ်လို့ အကွီနိုက ဆိုပါတယ်။ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ သူလုံးဝ ထင်မထားကြောင်းလည်း အကွီနိုက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတစ်ခုမှာတော့ ကျောင်းထဲကနေ ဒဏ်ရာရထားဟန်ရှိတဲ့ ကလေးတစ်ဦးကို လူတစ်ယောက်က အသင့်စောင့်နေတဲ့ သုံးဘီးဆိုင်ကယ်ဆီ ကမန်းကတမ်း ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။
နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ ဆရာမတွေနဲ့ ကလေးတွေက သေနတ်သမားဟာ အနည်းဆုံး နှစ်ဦးဖြစ်ပြီး အပြင်လူတွေလို့ ပြောဆိုနေသံကိုလည်း ကြားခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ဖိလစ်ပိုင် ပြည်တွင်းသတင်းတွေရဲ့ ဖော်ပြမှုတွေမှာပါ ကွဲလွဲချက်တွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်း ဖိလစ်ပိုင် စာသင်ကျောင်းတွေမှာ ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ခဲ့တဲ့နောက် အခုလထဲမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာသင်ကျောင်းတွေမှာ အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းမှု လက်တွေ့ လေ့ကျင့်ခန်းတွေကိုပါ လုပ်ဆောင်ထားကြောင်း သိရပါတယ်။
ကိုးကား - GMA News ၊ဓာတ်ပုံ - ဖိလစ်ပိုင်ကြက်ခြေနီ

👍13😱10🔥3💩3❤1😢1
ရှမ်းနီ(SNA)တပ်ဖွဲ့ဝင် ၁ဦး PDF ထံ အလင်းဝင်
စက်တင်ဘာ-၁၈၊၂၀၂၆။ကဖေး/People's Spring
စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
SNAတပ် တပ်မဟာ (၇၅၃)က တပ်သားဝေလျံဇော်က သြဂုတ် ၂၉ရက်မှာ သေနတ် ၁လက်နဲ့အတူ ထွက်ပြေးလာပြီး အလင်းဝင်လာတာလို့ ဒီကနေ့ စက်တင်ဘာ ၁၈ရက်မှာ ထုတ်ပြန်အသိပေးတာပါ။
အလင်းဝင်တပ်သားက ပြည်သူ့ဘက်မှရပ်တည်ပြီး စစ်အာဏာရှင်ကိုတွန်းလှန်လိုကြောင်းနဲ့ မိဘတွေနဲ့အတူ နေထိုင်လိုကြောင်းအချက်(၂)ချက်တောင်းဆိုတာကြောင့် လက်ရှိမှာ မိဘထံ ပြန်ပို့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
SNA ဟာ စစ်တပ်ရဲ့ ကွပ်ကဲမှုခံယူထားသလို ရှမ်းနီတိုင်းရင်းသားတွေကိုလည်း ခွဲခြားဆက်ဆံတာတွေလည်းရှိနေတယ်လို့ အဲ့ဒီရဲဘော်က ထုတ်ပြောထားကြောင်း မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်ကလည်း SNA တပ်မဟာ(၈၉၁)၊ တပ်ရင်း-၃က တပ်သား ၁ဦးဟာ တမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံ ထွက်ပြေး အလင်းဝင်လာခဲ့ဖူးပါတယ်။
SNA တပ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ SNA က စစ်တပ်လက်အောက်ခံအဖြစ်ရပ်တည်နေတဲ့အပေါ် ရှမ်းနီ တိုင်းရင်းသားတွေကိုယ်တိုင်က ဝေဖန်မှုတွေရှိနေပါတယ်။

👍28👏4🤣3🥰2👎1🖕1
ဂျပန်ရောက် မြန်မာလုပ်သားတွေရဲ့အခက်အခဲ ကူညီဖြေရှင်းနိုင်ခဲ့တယ်လို့ NUGကိုယ်စားလှယ်ရုံး ထုတ်ပြန်
စက်တင်ဘာ-၁၈၊၂၀၂၆။တေဇ/People's Spring
ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
၂၀၂၆ ဧပြီက စပြီး ဂျပန်န်ိုင်ငံမှာ Tokutei Gino စာမေးပွဲ ဖြေဆိုမယ့်သူတွေအတွက် ID Account ပြုလုပ်ဖို့ နဲ့ စာမေးပွဲဖြေဆိုဖို့ ကြိုတင်စာရင်းပေးချိန်မှာ ပတ်စ်ပို့အချက်အလက်မှတ်ပုံတင်ဖို့လိုအပ်တာကြောင့် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာအလုပ်သင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။
ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ NUG ဂျပန်ကိုယ်စားလှယ်နဲ့ ရုံးအဖွဲ့ဝင်တွေက ဂျပန်နိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်လက်တင်ပြညှိနှိုင်းခဲ့တယ်လို့ အသိပေးပါတယ်။
"ယခုအခါ အဆိုပါ ကြိုးပမ်းညှိနှိုင်းမှုများ၏ ရလဒ်အဖြစ် Passport သက်တမ်းကုန်ဆုံးနေသူများအတွက်လည်း သက်ဆိုင်ရာအခြေအနေကို ရှင်းပြပြီး Tokutei Gino စာမေးပွဲဆိုင်ရာ ID ပြုလုပ်ခြင်းနှင့် စာမေးပွဲလျှောက်ထားခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အခြေအနေ ရရှိလာပြီဖြစ်ပါသည်။" လို့ NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပတ်စ်ပို့သက်တမ်းကုန်ဆုံးနေသူတွေအနေနဲ့ မိမိအခြေအနေကို သက်ဆိုင်ရာ စာမေးပွဲဌာနကို ကြိုတင်ရှင်းပြ စုံစမ်းပြီး လျှောက်ထားဖို့ အကြံပြုထားပါတယ်။
ID Account ပြုလုပ်နည်းအပါအဝင် ရှင်းပြရမယ့်အချက်တွေနဲ့ စာမေးပွဲလျှောက်ထားနည်းတွေကို လာမယ့်ရက်တွေမှာ ပုံတွေနဲ့တကွ ဆက်လက်ရှင်းလင်းတင်ပြပေးသွားမယ်လို့ အသိပေးထားပါဝယ်။
ဒီလိုလုပ်ဆောင်နိုင်ခဲ့တာက ရပ်တည်ချက်အရ ပတ်စ်ပို့သက်တမ်းမတိုးဘဲ နေထိုင်သူတွေအတွက် သတင်းကောင်းဖြစ်ပြီး ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သင်တွေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ပါဝင်ကူညီပေးခဲ့ကြသူတွေ၊ တာဝန်ရှိသူတွေနဲ့ ဆက်လက်တောင့်ခံရပ်တည်ပေးနေကြသူတွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်ရေးနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်ဖို့အတွက် NUG ဂျပန်ကိုယ်စားလှယ်ရုံးအနေနဲ့ သက်ဆိုင်ရာ ဂျပန်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

👍28❤7💩5👏4🥰1🤮1🤣1🖕1
မတ္တရာအနောက်ခြမ်းကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ
စက်တင်ဘာ-၁၈၊ ၂၀၂၆။ ကတ်သရင်း/People's Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ္တရာမြိုနယ်အနောက်ခြမ်းက ဥဒိန်ရွာကို စက်တင်ဘာ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ မတ္တရာမြို့ဘက်ကနေ စစ်တပ်က လူ၊ ခဲယမ်း၊ လက်နက်တွေပါ အင်အားတိုးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ညနေပိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဘုန်းကြီးကျောင်းပေါ် ကျပြီး ကပ္ပိယကြီးက သေတယ်။ ဥူးပဉ္ဇင်းတပါး ဒဏ်ရာရတယ်လို့ သိရတယ်။ ဘာသတင်းမှမကြားဘူး။ အင်အားတွေ တိုးတာ ဒရုန်းတွေ၊ လက်နက်ကြီးတွေပါ ဖြည့်ပြီးလိုက်ချနေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်း ရေကြောင်းလမ်းဘေးက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ ကင်းထောက် ဒရုန်းဝဲတာတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ရက်ကလည်း ကျွန်းကြီးရွာကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ လင်မယားနှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

🤬28❤4👎4👏1🎉1
ဖရူဆိုမြို့နယ်မှာ KNDF ရဲဘော် ၅ဦး ကျဆုံး
စက်တင်ဘာ-၁၈၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(စက်တင်ဘာ ၁၇ ရက်)နေ့လယ်ပိုင်းက ဖရူဆိုမြို့အနောက်ခြမ်း မိုဆိုကျေးရွာအနီးမှာ တပ်ခွဲမှူးအပါအ၀င် KNDF ရဲဘော် ၅ဦး ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
"ကြီးမားတဲ့ဆုံးရှုံးမှု "လို့ KNDF တပ်ရင်း (၁၀) ရဲဘော်တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်က ဒေသအများစုမှာ စစ်တပ်ရဲ့ ဒရုန်း၊လေကြောင်းတိုက်ခိုက်မှုတွေ စက်တင်ဘာမှာ ပိုများလာတဲ့အပြင် ထိခိုက်သေဆုံးတဲ့ အရပ်သား ဆယ်နဲ့ချီ ရှိနေပါတယ်။
"နေ့တိုင်းကင်းထောက် လေယာဉ် နဲ့ ဒရုန်းတွေဝဲနေသလို ဒီမနက်လည်း ဖယ်ခုံ အနောက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတယ်"လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်ကလည်း ရှမ်း-ကရင်နီ ဒေသအစပ် ဝါရီဆူးပလိုင်ရွာအနီး၀န်းကျင်မှာရှိတဲ့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့ ကာကင်းစခန်း ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲဘော် ၂ကျဆုံးခဲ့ရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက မိဘမဲ့ကျောင်းကို စစ်တပ်ရဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၂ဦး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံနဲ့စစ်ရှောင်ကူညီသူတွေက ပြောထားပါတယ်။
အခု စက်တင်ဘာအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီးဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။
လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။
စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော် မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။

😭35👎3🔥3😢3❤2👍2🤬2👏1🎉1
KIA ဒုတပ်ရင်းမှူးကို SNA ဖမ်းဆီးမှုသတင်းအမှားဟု KIAစစ်ဘက် တာဝန်ရှိသူပြော
စက်တင်ဘာ ၁၈၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။
Shanni Empire အမည်ရှိ ဖေ့စ်ဘွခ်စာမျက်နှာမှာ အမျိုးသား ၁ဦးရဲ့ ပုံကို ဖော်ပြပြီး KIA ဒုတပ်ရင်းမှူး ဝါယ်ကျယ်နော်တောင်ကို SNA က ဖမ်းဆီးရမိတယ်လို့ ရေးသားထားတဲ့အပေါ် KIA စစ်ဘက်တာဝန်ရှိသူက အခုလို ရှင်းပြတာပါ။
“ အရပ်သားစစ်စစ်ပါ” လို့သူက ပြောပါတယ်။
စစ်တပ် လက်သပ်မွေးထားတဲ့ SNA ဟာ လူမျိုးရေးကို ဦးတည်တဲ့ဖမ်းဆီးမှုတွေ မကြာခဏလုပ်နေတယ်လို့ KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။
Shanni Empire စာမျက်နှာဟာ KIA အပေါ် စွပ်စွဲပုတ်ခတ်တဲ့ ရေးသားချက်တွေ ဖော်ပြလေ့ရှိတဲ့ စာမျက်နှာဖြစ်တာကိုလည်း သူ့ရဲ့ ရေးသားချက်တွေမှာ တွေ့ရပါတယ်။
အထူးသဖြင့် ရှမ်းနီလူမျိုးတွေကို KIA က ဖမ်းဆီးနေတယ်၊ KIAက ပြန်ပေးဆွဲတယ်၊ KIA တိုက်ခိုက်လို့ စစ်ရှောင်တွေ သေဆုံးတယ် ၊ KIAက ပြန်ပေးဆွဲပြီး ငွေနဲ့ ရွေးခိုင်းတယ် စတာတွေကို ဆက်တိုက်ရေးသားသလို SNA နဲ့ စစ်ကောင်စီတပ် ဝါဒဖြန့် သတင်းတွေ၊ KIAနဲ့ PDF၊ ပကဖ တွေကြားသွေးခွဲတဲ့ ရေးသားချက်တွေ၊ NUGကို ပုတ်ခတ်တဲ့ရေးသားချက်တွေ ဖော်ပြထားတာတွေ့ရပါတယ်။
ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း KIA ဒုတပ်ရင်းမှူးဖမ်းဆီးခံရတယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဖမ်းဆီးခံရသူ ဦးနော်တောင်ဟာ သာမန်ပြည်သူဖြစ်ပြီး မြစ်ကြီးနားကနေ ဖားကန့်ဒေသသွားစဉ် ကာမိုင်းဂိတ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်များက ဖုန်းကိုစစ်ဆေးပြီး KIA ဒုတပ်ရင်းမှူးဟု အတင်းရာထူးတပ် မဟုတ်မမှန် သတင်းအမှား ထုတ်ပြန်လာတာလို့ ဆိုပါတယ်။
" KIA ဒုတပ်ရင်းမှူးသာမှန်ခဲ့ရင် ယခုကဲ့သို့ စစ်ရေးတင်းမာနေချိန် ကာလတွင် စကစနဲ့ ပသစ များထိန်းချုပ်ထားသော ဂိတ်မှ ဖြတ်သန်းသွားလာမည်မဟုတ်ပါ"လို့ သူက အသိပေးပါတယ်။
ဦးနော်တောင်ဟာ အကြောင်းသိလိုပါက အောင်ဘာလေမှော် ကျေးရွာခံတွေကို မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

👍30🔥8❤4🖕2👎1😁1🤬1
ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်တိုက်ပွဲအတွင်း စစ်တပ်က ဗိုလ်ကြီး ၂ဦး အပါအဝင် ၂၀ ကျော်သေဟု KNU ထုတ်ပြန်
စက်တင်ဘာ ၁၈၊၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁ရက်ကနေ ၁၅ရက်အထိ စစ်ရေး အခြေအနေကို KNU တပ်မဟာ(၅) မူတြော်ခရိုင်က ကရင်ဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တဦးက ဘာသာပြန် ရှင်းပြထားပါတယ်။
စက်တင်ဘာ လဝက်အတွင်း တိုက်ပွဲ ၄၇ကြိမ်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ၂၂ဦး သေဆုံးပြီး သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၂ဦး ဗိုလ် ၁ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်က ဒဏ်ရာရသူ ၂၀ဦး ရှိကြောင်း KNUက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း KNLA ဘက်က ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း အသိပေးထားပြီး လက်နက်ခဲယမ်း သိမ်းရမှု အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။
KNU တပ်မဟာ(၅)ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းသတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၄ရက်က ဖာပွန်ခရိုင် ကတိုင်တိနဲ့ ကမမောင်းကြားက စစ်တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထံက လက်နက် ၃လက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က တပ်သား ၁ဦးဟာ လက်နက်ကြီး ၁လက်၊ လက်နက်ငယ် ၁လက်ယူလာပြီး စက်တင်ဘာ ၁၃ရက်မှာ KNLA တပ်မဟာ(၅) တပ်ရင်း(၁၀၂)ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးထားပါတယ်။
စစ်တပ်ဟာ တပ်စခန်းများစွာ ဆုံးရှုံးလက်လွှတ်ထားရတဲ့ KNU ဖာပွန်ခရိုင်ကို စစ်အင်အားဖြည့်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
စက်တင်ဘာလဝက်အတွင်း စစ်တပ်ဘက်က လက်နက်ကြီး တိုက်ခိုက်မှု၊ ဒရုန်း၊ တိုက်လေယာဥ်ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း KNUက အသိပေးပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ လူထုနေအိမ်အဆောက်အအုံပျက်စီးမှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

🥰25👍9❤4🤬2🖕2👎1👏1🤣1
စစ်တွေမှာကာကင်းစခန်းအချို့ဆုံးရှုံးပြီးစစ်တပ်ကမြို့နယ်လေးခုကို ဗုံးပတ်ကြဲ
စက်တင်ဘာ-၁၈၊၂၀၂၆။ခိုင်မြတ်/ People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီးတော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာလ ၁၈ ရက် မနက် ၇ နာရီကျော်အချိန်ကနေ ၈ နာရီကျော်လောက်ထိစစ်တပ်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့ နယ်တို့ ဗုံးကြဲနေခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့ ပေါက်တောနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့
နယ်တို့ကို ဗုံးထပ်ကြဲခဲ့တာပါ။
“တခါလာရင်လေယာဉ်သုံးစီးလောက် အ
နည်းဆုံးပါတယ်။စုစုပေါင်းလေယာဉ်လာကြဲတာ ခြောက်စီး၊ ခုနှစ်စီး လောက်ရှိတော့တယ်။ တိုက်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ပေါက်တောဘက်က ရွာတွေကိုလည်းကြဲတယ်”လို့ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းကမ်းခြေကျေးရွာတွေ စစ်တွေနဲ့ အစပ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကကျေးရွာတွေကို ဗုံးအလုံးရေဆယ်နဲ့ချီ ကြဲခဲ့ပါတယ်။ဒါပေမယ့်လူ ထိခိုက်မှုရှိ ၊မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။
“တိုက်ပွဲနဲ့အဝေးကြီး ပုဏ္ဏားကျွန်းမြို့နားက ရွာတွေကိုပါ ကျတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင်စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ သံတွဲမြို့နယ် သစ်ငုတ်တိုရွာ၊ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်လယ်ကွင်းတွေနဲ့ အိုးမြေရွာအနီး တောင်ကြောတွေကို ပါစစ်တပ်က ဗုံးကြဲခဲ့ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။
အလားတူစက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက် ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ နေ့တိုင်း ဆယ်ချီသေဆုံးကာ အထိနာ နေပြီး သူတို့ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာအချို့ကို လက်လွှတ်ရတာတွေလည်း ဆက်တိုက်ရှိနေတာပါ။
စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးနောက်ပိုင်း အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင် ကာကင်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်း တောရွာဝန်းကျင်ရှိနေရာအချို့ကို AA က သိမ်းပိုက်ရထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်း
ကျင်၊ စစ်တွေမြို့နယ် အမြင့် ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူရာနဲ့ချီရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
#စစ်တွေ #ကျောက်ဖြူ #သံတွဲ #ဂွ
#စစ်တပ်ဗုဲးကြဲ #peoplesspring #ps

🤬32❤7👍5🖕2👎1🤣1
အာရက္ခတပ်တော် (AA)က ဖမ်းဆီးထားတဲ့ ဗိုလ်မှူးချူပ်သူရိန်ထွန်းဟာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ ဆန္ဒပြလူငယ်တွေကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု အများအပြားပြုလုပ်ခဲ့တာတွေအတွက် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ် ။
အသက် ၅၅ နှစ်ခန့်အရွယ်ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်အကြမ်းဖက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ မန္တလေးမြို့၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သူပါ ။
သူတိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူထားချိန်မှာလပခ စစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နဲ့အတူ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းဖို့ ၊ဖမ်းဆီးခံရတဲ့သပိတ်ခေါင်းဆောင်းတွေကို နန်းတွင်းစစ်ကြောရေးမှာသတ်ဖြတ်ဖို့ အဓိကအမိန့်ပေးခဲ့သူတွေဖြစ်ပါတယ်။ ဗိုလ်ချုပ် ကိုကိုဦးကတော့ အခုအခါ ဒုတိယဗိုလ်ချုပ်ရာထူးနဲ့ ကစထမှူးတာဝန်ထမ်းဆောင်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကပြောပါတယ် ။
မပခ မှာ ဒုတိယ အာဏာအရှိဆုံးသူအဖြစ် ၊တိုင်းဦးစီးချုပ်တာဝန်ယူခဲ့တဲ့အချိန်ဟာမန္တလေးမြို့မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ ရက်ရက်စက်စက်ပြုလုပ်ခဲ့တဲ့ကာလတွေဖြစ်ပါတယ်။
စစ်ကိုင်းပညာရေးတက္ကသိုလ်ရဲ့ ဥက္ကဌမအေးနန္ဒာစိုးကို ၂၀၂၁၊စက်တင်ဘာ၁၉ရက်နေ့ နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။အသက်၂၃နှစ်အရွယ် မအေးနန္ဒာစိုးဟာ နန်းတွင်းစစ်ကြောရေးမှာ၂၀၂၁ခုနှစ်ဒီဇင်ဘာလအထိရှိခဲ့ပြီး စစ်တပ်ကမအေးနန္ဒာစိုးကို အမျိုးမျိုးစစ်ဆေးခဲ့တယ်လို့ တခန်းတည်းအတူနေထိုင်ခဲ့သူတွေဆီကနေသိရပါတယ်။
“အရမ်းစိတ်မာတယ်။သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းအေးဆေးပဲ။စစ်ကြောရေးကိုနောက်မှရောက်လာတဲ့သူတွေကိုလည်းကူညီပေးတယ်” လို့၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ မအေးနန္ဒာစိုးနဲ့တခန်းထဲအတူနေခဲ့ဖူးသူကပြောပါတယ်။ ၂၀၂၂ခုနှစ်ဇန်နဝါရီလမှာတော့ မအေးနန္ဒာစိုးနဲ့အတူ တခြားလူငယ်အမျိုးသား၄ ဦးကို ညဘက်မှာ စစ်တပ်ကလာခေါ်ထုတ်သွားပြီးနောက် ဒီနေ့အထိပျောက်
ဆုံးသွားခဲ့ပါတယ် ။
“စစ်တပ်ဘက်ကသတင်းအရင်းမြစ်တွေဆီကနေကြားရတာဆေးထိုးသတ်လိုက်တယ်ဆိုတဲ့သတင်းကနောက်ဆုံးပဲ”လို့ဗကသကျောင်း
သားတဦးကပြောပါတယ်။
(၂၀၂၄ ဒီဇင်ဘာလဆန်းမှာ ဖော်ပြခဲ့တဲ့ ဗိုလ်ချုပ် ကိုကိုဦး နဲ့ AAဆီမှာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချူပ်သူရိန်ထွန်းအပါအဝင် စစ်ဗိုလ်ချုပ်တွေက နန်းတွင်းစစ်ကြောရေးမှာ ဆန္ဒပြလူငယ်တွေ ၊သပိတ်ခါင်းဆောင်တွေကို သတ်ဖြတ်ဖျောက်ဖျက်ခဲ့မှုအကြောင်းဆောင်းပါးကို ပြန်လည်ဖော်ပြတာပါ။)
https://www.ludunwayoo.com/feature-mm/2024/12/11/106254/

LuduNwayOo
နန်းတွင်းစစ်ကြောရေးမှာ ပျောက်ကွယ်သွားတဲ့ လူငယ်တွေအတွက်တာဝန်ခံရမယ့်သူ | LuduNwayOo
သူစစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့အချိန်ဟာမန္တလေးမြို့မှာ ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ ရက်ရက်စက်စက်ပြုလုပ်ခဲ့တဲ့ကာလတွေဖြစ်ပါတယ်။
❤34🤮7💩5😁4😢4👍3🤣2🖕2🔥1
■ဆောင်းပါး
အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်အပေါ် သံတမန်ရေး အမြတ်ထုတ်ဖို့ ကြံနေတဲ့ မင်းအောင်လှိုင်
●စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်
-People's Spring
ရှားပါတဲ့ အခြေအနေအဖြစ် အခုသီတင်းပတ်ထဲမှာ နေပြည်တော်ကို အမေရိကန် အစိုးရအရာရှိတွေ ရောက်လာခဲ့ပါတယ်။ ရည်
ရွယ်ချက်ကတော့ ဇွန်လကတည်းက မြန်
မာနိုင်ငံမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့
အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ရဲ့ လွတ်မြောက်ရေး အတွက်ပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့် ပုဂ္ဂိုလ်ရဲ့အဆိုအရ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာစက်တင်ဘာ ၁၅ ရက်နေ့တုန်းက နေပြည်တော်ကိုသွားပြီး အာ
ဏာသိမ်းစစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်
လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုက၂၀၂၁ခုနှစ် စစ်တပ်အာဏာ
သိမ်းပြီး နောက်ပိုင်းတလျှောက် အမေရိကန်နဲ့ မြန်မာစစ်အုပ်စုကြားမှာ အရေးကြီးတဲ့ ထိတွေ့ဆက်ဆံမှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ နိုင်ငံ
တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က အဓမ္မဖြုတ်ချအာဏာ
သိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာပြည်တွင်း
စစ်နဲ့ စီးပွားရေး ပျက်သုဉ်းမှုတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော
ရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်က တွေ့ဆုံမှု ရလဒ်အဖြစ် အမေရိကန် နိုင်ငံသားအဒမ်ကက်စ်တီလို ပြန်လွတ်လာခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါဝင်
ခဲ့တယ်၊ မြန်မာဘက်က ဘယ်အရာရှိတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ အသေးစိတ် အကြောင်း
အရာတွေကိုတော့သူက မပြောခဲ့ပါဘူး။
မြန်မာစစ်အာဏာပိုင်တွေဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရအောင် အားထုတ်မှုတွေကို ပိုပြီး အရှိန်မြှင့်လာနေပါတယ်။ အထူးသဖြင့် စစ်တပ်ရွေးကောက်ပွဲအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကိုယ်သမ္မတအဖြစ်တင်မြှောက်ပြီးနောက်
ပိုင်းအဲဒီလိုအားထုတ်မှုတွေကပိုပြီး ထင်ရှား
သိသာလာပါတယ်။
လေ့လာစောင့်ကြည့်သူတွေကတော့အဲဒီ ရွေး
ကောက်ပွဲကိုအတုအယောင်တစ်ခုလို့တောက်
လျှောက်ဝေဖန်ခဲ့ပါတယ်။တစ်ဖက်မှာတော့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တွေမှာ နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် အထီးကျန်နေရတဲ့ အခြေအနေကို ကုစားဖို့ ရွေးကောက်ပွဲဟာအဖြေတစ်ခု ဖြစ်
လာမယ်လို့ အတော်လေး မျှော်လင့်နေပုံပါပဲ။
ကက်စ်တီလို ဟာအမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။သူဟာမြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်မှာလုံခြုံရေးနဲ့ အန္တရာယ်စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုကို ထူ
ထောင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
Reuters သတင်းဌာနရဲ့ဖော်ပြချက်အရ
ကက်စ်တီလိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham Myanmar)ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတုန်း ဝါရှင်တန်မှာလော်ဘီလုပ်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲခံရပါတယ်။
ဒါပေမယ့် သူ့ဖက်က ထောက်ခံ ရပ်တည်သူတွေကတော့ ဒီစကားတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။သူ့ကို ဖမ်းထားတာဟာလည်း မြန်မာ စီးပွားရေးသမားတစ်ယောက်နဲ့ဖြစ်နေတဲ့အ
ငြင်းပွားမှုနဲ့သာ အဓိက ပတ်သက်တယ်လို့ သူတို့က ပြောပါတယ်။
သူ့ညီမဖြစ်တဲ့ အမန်ဒါကက်စ်တီလိုက အ
ကျင့်ပျက် စီးပွားရေးသမားတွေက သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးအမြတ်တွေကို ကာကွယ်ဖို့ သူ့အစ်ကိုကို အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားခဲ့လို့ ကက်စ်တီလိုဟာ မြန်မာနိုင်ငံမှာ ၉၇ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာလို့ ပြောပါတယ်။ သူက ကက်စ်တီလို ပြန်လာနိုင်တာအတွက်ဝမ်းသာဝမ်းနည်း ခံ
စားရကြောင်း၊ ကက်စ်တီလိုဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာစေဖို့ အရမ်းမျှော်လင့်ခဲ့ပြီးကာလရှည်ကြာ နေ
ထိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေ အပေါ်မှာလည်းလေးစားကြောင်းအမန်ဒါကဆိုပါတယ်။
ကက်စ်တီလို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ကိုလည်းမိသားစုကကျေးဇူးတင်တဲ့အကြောင်း အမန်ဒါက ပြောကြားခဲ့ပါတယ်။
ပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်း
ခံထားရသူ အမေရိကန် နိုင်ငံသားတွေ လွတ်
မြောက်ရေးအတွက် ဖွဲ့စည်းထားပြီး Global Reach အဖွဲ့ကလည်း ကက်စ်တီလို လွတ်
မြောက်ရေးအတွက် အတော်လေး ကြိုးစားပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်အထိ မြန်မာနိုင်ငံမှာ သူ့ရဲ့ အတွေ့အ
ကြုံတွေအကြောင်းရေးထားတဲ့စာအုပ်အသစ်
ကို မိတ်ဆက်ဖို့ မလေးရှားနိုင်ငံကို သွားခဲ့ပြီး ပြန်လာတဲ့အချိန်မှာ ရန်ကုန်မှာ အဖမ်းခံခဲ့ရတာလို့ Global Reachက ပြောပါတယ်။

😁18❤7👍4🖕3👎1💩1🤣1