People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒီလိုဆောင်ရွက်ရာမှာ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်နဲ့ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ရုံးချုပ်)နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) များ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ်နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs)များအား ဆက်သွယ်ပြီး လိုအပ်သော အကူအညီ ရယူဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရပ်ရွာလူထုအနေဖြင့် မိမိတို့မျက်မှောက်တွင် လူပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားဖြင့် ဆန့်ကျင်တားဆီးကြဖို့ တိုက်တွန်းထားပါတယ်။

မိဘများ၊ ဇနီးမယားများအနေဖြင့်လည်း မိမိတို့ရဲ့ သားသမီးနဲ့ ခင်ပွန်းသည်များရဲ့ လုံခြုံရေး အတွက် အထူးသတိဝီရိယစိုက်၍ ကူညီစောင့်ရှောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိလာသော လူငယ်များအနေဖြင့် တဦးချင်းရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု စသော လူထုဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သလို တိုက်ခိုက် ရေးတာဝန် ထမ်းဆောင်လိုသူများအနေနဲ့လည်း သတ်မှတ်ထားသော အရည်အချင်းနဲ့ ပြည့်မီပါက ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)သို့ ဝင်ရောက်ခွင့် ရရှိမယ်လို့လည်း အသိပေးထားပါတယ်။

ပညာဆက်လက် သင်ယူလိုသော လူငယ်များအနေနဲ့လည်း ပညာသင်ယူ ခွင့်ရရှိအောင် စီမံ ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသော လူငယ်များ အနေဖြင့် တော်လှန်ရေးရဲဘော်များ၊ တော်လှန်ပြည်သူများနဲ့ အတူတကွ ရပ်တည် ရုန်းကန်ရှင်သန် ရမည်ဖြစ်ကြောင်း၊ ဒါပေမဲ့ မိမိတို့ရဲ့လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ရရှိခံစားနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
👍23💩86🥰2🤣1🖕1
(အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု ခံရတဲ့ လူငယ်တွေ။ ဓာတ်ပုံ - စစ်ကောင်စီ)
💩16👎4🤬3🔥2🖕2🤣1
စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကို ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့ ဆန့်ကျင်တိုက်ဖျက်ရမယ့် အချိန်ရောက်ပြီလို့ NUG
ကာကွယ်ရေးဝန်ကြီးဌာန​ကြေညာ

စက်တင်ဘာ-၁၈၊၂၀၂၆။ဟာနာဆန်/People's Spring

အာဏာသိမ်းစစ်တပ်ရဲ့အဓမ္မ စစ်သားစု
ဆောင်းမှုကိုပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆန့်ကျင်တိုက်ဖျက်ကြရမယ့်အချိန်ရောက်
နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ဒီက​နေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မ စစ်သားသစ်(ပစ)စုဆောင်းမှုနဲ့ပတ်သက်ပြီး အမျိုး
သားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်
ရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

တရားဝင်ပြည်သူ့အစိုးရထံကနေ အဓမ္မအာ
ဏာသိမ်းယူထားတဲ့ စစ်အုပ်စုအနေနဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကဲ့သို့ ပြည်သူအပေါ်သက်
ရောက်မှုကြီးမားတဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းခွင့်နဲ့ ကျင့်သုံးပိုင်ခွင့် မရှိဘဲနဲ့ ပြဋ္ဌာန်းကျင့်သုံးနေတာဟာ ပြည်သူအပေါ် အဓမ္မစစ်ကျွန်ပြုတဲ့ လုပ်ရပ်သာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူ
လိုင်လမှ၂၀၂၆ သြဂုတ်လအထိပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုး
စစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်
ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်
အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ အသိ​​ပေးပါတယ်။

စစ်အုပ်စုရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီးကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရတယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ၂၀၂၆ ခုနှစ်၊သြဂုတ်လအထိ (၂) နှစ်တာ ကာလအတွင်းစစ်တပ်မှ သေဆုံး(၂၀,၃၈၃)ဦး၊ထိခိုက်ဒဏ်ရာရ (၉,၇၉၂) ဦး၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃,၈၇၄) ဦး၊ မိမိအစီအစဥ်နဲ့ စစ်တပ်ကို စွန့်ခွာထွက်
ပြေးသူ(တပ်ပြေး) (၂၀,၀၀၀) ဦးခန့် ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှတ်တမ်း​တွေကဆိုပါတယ်။

၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များဖြစ်တာကိုလည်းတွေ့ရပြီး ကာကွယ်ရေးဝန်ကြီးဌာနကပဲ ဖမ်းဆီးထိန်း
သိမ်းထားတဲ့ စစ်သုံ့ပန်း (၅၃၆) ဦး ထိ ရှိနေကြောင်း ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြို့ပြတွေမှာပျူစောထီးတွေ၊လူဆိုးလူမိုက်တွေ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရာဇဝတ်ဂိုဏ်းတွေအဖြစ် နေ့စဥ်နဲ့အမျှ လူပြန်ပေးဆွဲတာ၊ လူမှောင်ခို ရောင်းဝယ်တာ ငွေညှစ်တာတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပြီး လူငယ်တွေရဲ့ လုံခြုံရေးအပေါ် အကြီး
အကျယ် ခြိမ်းခြောက်နေကြောင်း၊ အဲဒီ လူပြန်ပေးဆွဲ မှောင်ခိုရောင်းဝယ်မှု လုပ်ငန်းဟာ ၎င်းရာဇဝတ်ဂိုဏ်းတွေအတွက် အရေးကြီးတဲ့ ဝင်ငွေရလမ်းဖြစ်နေတာကိုတွေ့ရကြောင်း
ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။

အဓမ္မစစ်သားစုဆောင်းပြီး လူငယ်တွေရဲ့ အသက်ကို စတေးနေတဲ့ အစီအစဥ်ဟာ စစ်အုပ်စုရဲ့ အဓိကအသက်ရှုပေါက်ဖြစ်ပြီး ယခုအခါအမျိုးသားတွေသာမကအမျိုးသမီးငယ်
တွေကိုပါ ပစ်မှတ်ထားနေရာ အဲဒီအစီအစဥ်ကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆန့်ကျင်တိုက်ဖျက်ကြရမည့် အချိန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးပါတယ်။

အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်ပြီး အရွယ်ရောက်ပြီး လူငယ်တွေအနေနဲ့

(၁) အဓမ္မစစ်သားစုဆောင်းခံရမယ့် အခြေ
အနေရှိရင် တော်လှန်ရေးနယ်မြေတွေကို ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြဖို့

( ၂) ပေါ်တာဆွဲဖမ်းဆီးခံရမယ့်အရေးကို ရှောင်လွှဲနိုင်ဖို့အတွက် တဦးတည်းသွားလာတာ၊ ညဘက် အပြင်ထွက်တာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြဖို့

( ၃) မလွှဲမရှောင်သာလို့ အဓမ္မစစ်သားစုဆောင်းခံရရင် အခွင့်သာတာနဲ့ စစ်တပ်ကို စွန့်ခွာထွက်ပြေးကြဖို့နဲ့ အခြေအနေပေးပါက လက်နက်ပါ တပါတည်း ယူဆောင်လာဖို့ အကြံပြုထားပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်နဲ့တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-ရုံးချုပ်)နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ)တွေ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ်နဲ့တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EROs)တွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီ ရယူဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
19💩6👍5🥰2🤣1🖕1
ရပ်ရွာလူထုအနေနဲ့ မိမိတို့ရှေ့မှာလူပေါ်တာဆွဲ ဖမ်းဆီးတာတွေ ကြုံတွေ့ရပါက မျက်ကွယ်ပြုမနေဘဲ လူထုအားနဲ့ ဆန့်ကျင်တားဆီးကြဖို့၊ မိဘတွေ၊ ဇနီးမယားတွေအနေနဲ့လည်း မိမိတို့ရဲ့ သားသမီးနဲ့ ခင်ပွန်းသည်တွေရဲ့ လုံခြုံ
ရေး အတွက် အထူးသတိဝီရိယစိုက်ပြီး ကူညီစောင့်ရှောက်ဖို့ထပ်မံတိုက်တွန်းထားပါတယ်။

တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေအနေနဲ့ တဦးချင်းရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာ
ရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု စတဲ့ လူထုဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပါဝင်ခွင့်ရရှိမှာဖြစ်ကြောင်း၊ တိုက်ခိုက် ရေးတာဝန် ထမ်းဆောင်လိုသူတွေဟာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မီပါကပြည်သူ့ကာကွယ်ရေးတပ်မတော်
(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)သို့ ဝင်ရောက်ခွင့် ရရှိမှာဖြစ်ကြောင်း ကာ
ကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။

ပညာဆက်သင်လိုတဲ့ လူငယ်တွေအနေနဲ့လည်းပညာသင်ယူ ခွင့်ရရှိအောင်စီမံ ဆောင်
ရွက် ပေးသွားမှာဖြစ်ကြောင်း၊ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာတဲ့ လူငယ်တွေ အနေနဲ့ တော်လှန်ရေးရဲဘော်တွေ၊ တော်လှန်ပြည်သူတွေနဲ့ အတူတကွ ရပ်တည် ရုန်းကန်ရှင်
သန် ရမှာဖြစ်သော်လည်း မိမိတို့ရဲ့ လူ့ဂုဏ်
သိက္ခာနဲ့ လုံခြုံမှုကိုရရှိခံစားနိုင်မှဖြစ်ကြောင်း
ကာကွယ်ရေးဝန်ကြီးဌာန ကြေညာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်မြေပြင်မှာ ရန်သူကို ပြတ်သားစွာ တိုက်
ခိုက် ချေမှုန်းသွားမှာဖြစ်‌ပေမဲ့ ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ပြည်သူ့စစ်မှုထမ်း (ပစ)
တွေကိုတော့ လိုအပ်တဲ့ ချိတ်ဆက်မှုနဲ့ ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်
ကြောင်း သိရပါတယ်။

လက်နက်နဲ့တကွ လာရောက်ပူးပေါင်းသူတွေကို ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ချီးမြှင့် သွားမှာဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုတဲ့ ကြိုတင် ချိတ်ဆက်လာသူတွေကိုလည်း ဖြစ်နိုင်တဲ့ ကူညီစောင့်ရှောက်မှုပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေအနေနဲ့ မိမိတို့ရဲ့ အသက် သွေးချွေးနဲ့စစ်အာဏာရှင်သက်ဆိုးရှည်ရေး အ
လုပ်အကျွေးပြုနေရတဲ့ အခြေအနေကနေ ရုန်းထွက် နိုင်ဖို့အတွက် စစ်တပ်ကို အမြန်ဆုံးစွန့်ခွာကြဖို့နဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အ
စည်းတွေနဲ့ဆက်သွယ်ပူးပေါင်းကြဖို့နှိုးဆော်ထားပါတယ်။

ဒါအပြင် ဆက်သွယ်ရမယ့် ပြည်သူ့လုံခြုံ​ရေးအဖွဲ့ (စစ်ရုံးချုပ်) ၊ပကဖ ရုံးချုပ် ၊ပြည်သူ့ရင်ခွင်ခိုလှုံ​ရေးအစီအစဥ်တို့ရဲ့ တယ်လီဂရန်(telegram) ၊ဆစ်ဂနယ်လ်(Signal) ၊ဗိုက်ဘာ(Viber) QR code ​တွေကိုလည်းပူးတွဲထုတ်ပြန်ထားပါတယ် ။
👍17💩5🥰31🤣1🖕1
တော်လှန်​ရေးတပ်​တွေထံစစ်သုံ့ပန်းအဖြစ်အဖမ်းခံရတဲ့ ၊အလင်းဝင်တဲ့ ၊လက်နက်ချတဲ့စစ်သားများ ။အများစုမှာစစ်သားသစ်(ပစ)​တွေဖြစ်ပါတယ်
22👍11💩5🥰1🤣1🖕1
👍28💩31🥰1👏1🤮1🖕1
ဆက်သွယ်ရမယ့် QR Code များ
👍20💩32🥰1🤣1🖕1
ဖိလစ်ပိုင်စာသင်ကျောင်းမှာပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
စက်တင်ဘာ - ၁၈ ၊၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့တုန်းက တောင်ပိုင်း ကာတာဘာတိုမှာရှိတဲ့ ဘန်ဂါ အမျိုးသားကျောင်းဝင်းထဲမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
သေဆုံးသူ နှစ်ယောက်စလုံး ကျောင်းသားတွေ ဆိုတာကိုတော့ သိထားရကြောင်း၊ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးကြောင်း ဒေသခံ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန အရာရှိ တစ်ဦးဖြစ်တဲ့ ရော်လီ အကွီနိုက ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၇ ဦးထက်မနည်းကိုလည်း ဆေးရုံ ပို့ဆောင်ထားရကြောင်း သူက ဆိုပါတယ်။ အခုဖြစ်ရပ်ဟာ ဇွန်လနောက်ပိုင်း ဖိလစ်ပိုင် စာသင်ကျောင်းတွေမှာ လူအသေအပျောက် ဖြစ်ပွားတဲ့ တတိယမြောက် ပစ်ခတ်မှု အနေနဲ့လည်း မှတ်တမ်းဝင်လာပါတယ်။
ဒေသခံ သတင်းတချို့ကတော့ သေဆုံးသူ ၂ ဦးထဲမှာ ပစ်ခတ်သူ ကျောင်းသားလည်း ပါဝင်တယ်လို့ ဖော်ပြနေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ကျောင်းထဲမှာ အခြေအနေ တည်ငြိမ်သွားပြီလို့ ယူဆရပြီး ကျောင်းသူကျောင်းသားတွေကိုလည်း တာဝန်ရှိသူတွေ ရွှေ့ပြောင်းပေးနေတယ်လို့ အကွီနိုက ဆိုပါတယ်။ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ သူလုံးဝ ထင်မထားကြောင်းလည်း အကွီနိုက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတစ်ခုမှာတော့ ကျောင်းထဲကနေ ဒဏ်ရာရထားဟန်ရှိတဲ့ ကလေးတစ်ဦးကို လူတစ်ယောက်က အသင့်စောင့်နေတဲ့ သုံးဘီးဆိုင်ကယ်ဆီ ကမန်းကတမ်း ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။
နောက်ထပ် ဗီဒီယို တစ်ခုမှာတော့ ဆရာမတွေနဲ့ ကလေးတွေက သေနတ်သမားဟာ အနည်းဆုံး နှစ်ဦးဖြစ်ပြီး အပြင်လူတွေလို့ ပြောဆိုနေသံကိုလည်း ကြားခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ဖိလစ်ပိုင် ပြည်တွင်းသတင်းတွေရဲ့ ဖော်ပြမှုတွေမှာပါ ကွဲလွဲချက်တွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်း ဖိလစ်ပိုင် စာသင်ကျောင်းတွေမှာ ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ခဲ့တဲ့နောက် အခုလထဲမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာသင်ကျောင်းတွေမှာ အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းမှု လက်တွေ့ လေ့ကျင့်ခန်းတွေကိုပါ လုပ်ဆောင်ထားကြောင်း သိရပါတယ်။
ကိုးကား - GMA News ၊ဓာတ်ပုံ - ဖိလစ်ပိုင်ကြက်ခြေနီ
👍13😱10🔥3💩31😢1
👍15💩4👎2😢1
ရှမ်းနီ(SNA)တပ်ဖွဲ့ဝင် ၁ဦး PDF ထံ အလင်းဝင်

စက်တင်ဘာ-၁၈၊၂၀၂၆။ကဖေး/People's Spring

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

SNAတပ် တပ်မဟာ (၇၅၃)က တပ်သားဝေလျံဇော်က သြဂုတ် ၂၉ရက်မှာ သေနတ် ၁လက်နဲ့အတူ ထွက်ပြေးလာပြီး အလင်းဝင်လာတာလို့ ဒီကနေ့ စက်တင်ဘာ ၁၈ရက်မှာ ထုတ်ပြန်အသိပေးတာပါ။

အလင်းဝင်တပ်သားက ပြည်သူ့ဘက်မှရပ်တည်ပြီး စစ်အာဏာရှင်ကိုတွန်းလှန်လိုကြောင်းနဲ့ မိဘတွေနဲ့အတူ နေထိုင်လိုကြောင်းအချက်(၂)ချက်တောင်းဆိုတာကြောင့် လက်ရှိမှာ မိဘထံ ပြန်ပို့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

SNA ဟာ စစ်တပ်ရဲ့ ကွပ်ကဲမှုခံယူထားသလို ရှမ်းနီတိုင်းရင်းသားတွေကိုလည်း ခွဲခြားဆက်ဆံတာတွေလည်းရှိနေတယ်လို့ အဲ့ဒီရဲဘော်က ထုတ်ပြောထားကြောင်း မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်ကလည်း SNA တပ်မဟာ(၈၉၁)၊ တပ်ရင်း-၃က တပ်သား ၁ဦးဟာ တမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံ ထွက်ပြေး အလင်းဝင်လာခဲ့ဖူးပါတယ်။

SNA တပ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ SNA က စစ်တပ်လက်အောက်ခံအဖြစ်ရပ်တည်နေတဲ့အပေါ် ရှမ်းနီ တိုင်းရင်းသားတွေကိုယ်တိုင်က ဝေဖန်မှုတွေရှိနေပါတယ်။
👍28👏4🤣3🥰2👎1🖕1
👍29🥰6🤣4👎1👏1😁1🖕1
ဂျပန်ရောက် မြန်မာလုပ်သားတွေရဲ့အခက်အခဲ ကူညီဖြေရှင်းနိုင်ခဲ့တယ်လို့ NUGကိုယ်စားလှယ်ရုံး ထုတ်ပြန်

စက်တင်ဘာ-၁၈၊၂၀၂၆။တေဇ/People's Spring

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

၂၀၂၆ ဧပြီက စပြီး ဂျပန်န်ိုင်ငံမှာ Tokutei Gino စာမေးပွဲ‌ ဖြေဆိုမယ့်သူတွေအတွက် ID Account ပြုလုပ်ဖို့ နဲ့ စာမေးပွဲဖြေဆိုဖို့ ကြိုတင်စာ‌ရင်းပေးချိန်မှာ ပတ်စ်ပို့အချက်အလက်မှတ်ပုံတင်ဖို့လိုအပ်တာ‌ကြောင့် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာအလုပ်သင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ NUG ဂျပန်ကိုယ်စားလှယ်နဲ့ ရုံးအဖွဲ့ဝင်တွေက ဂျပန်နိုင်ငံ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က လွှတ်တော်အမတ်‌တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေဆီ ဆက်လက်တင်ပြညှိနှိုင်းခဲ့တယ်လို့ အသိပေးပါတယ်။

"ယခုအခါ အဆိုပါ ကြိုးပမ်းညှိနှိုင်းမှုများ၏ ရလဒ်အဖြစ် Passport သက်တမ်းကုန်ဆုံးနေသူများအတွက်လည်း သက်ဆိုင်ရာအခြေအနေကို ရှင်းပြပြီး Tokutei Gino စာမေးပွဲဆိုင်ရာ ID ပြုလုပ်ခြင်းနှင့် စာမေးပွဲလျှောက်ထားခြင်းတို့ကို ဆောင်ရွက်နိုင်သည့် အခြေအနေ ရရှိလာပြီဖြစ်ပါသည်။" လို့ NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပတ်စ်ပို့သက်တမ်းကုန်ဆုံးနေသူတွေအနေနဲ့ မိမိအခြေအနေကို သက်ဆိုင်ရာ စာမေးပွဲဌာနကို ကြိုတင်ရှင်းပြ စုံစမ်းပြီး လျှောက်ထားဖို့ အကြံပြုထားပါတယ်။

ID Account ပြုလုပ်နည်းအပါအဝင် ရှင်းပြရမယ့်အချက်တွေနဲ့ စာမေးပွဲလျှောက်ထားနည်း‌တွေကို လာမယ့်ရက်‌တွေမှာ ပုံတွေနဲ့တကွ ဆက်လက်ရှင်းလင်းတင်ပြပေးသွားမယ်လို့ အသိပေးထားပါဝယ်။

ဒီလိုလုပ်ဆောင်နိုင်ခဲ့တာက ရပ်တည်ချက်အရ ပတ်စ်ပို့သက်တမ်းမတိုးဘဲ နေထိုင်သူတွေအတွက် သတင်းကောင်းဖြစ်ပြီး ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သင်တွေနဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ပါဝင်ကူညီပေးခဲ့ကြသူ‌တွေ၊ တာဝန်ရှိသူတွေနဲ့ ဆက်လက်တောင့်ခံရပ်တည်ပေးနေကြသူတွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်ရေးနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်ဖို့အတွက် NUG ဂျပန်ကိုယ်စားလှယ်ရုံးအနေနဲ့ သက်ဆိုင်ရာ ဂျပန်အဖွဲ့အစည်း‌တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
👍287💩5👏4🥰1🤮1🤣1🖕1
(စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး ဂျပန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်နေစဥ်။ ဓာတ်ပုံ - NUG ဂျပန်ကိုယ်စားလှယ်ရုံး)
35🥰7💩4🫡2🤮1🖕1
မတ္တရာအနောက်ခြမ်းကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ

စက်တင်ဘာ-၁၈၊ ၂၀၂၆။ ကတ်သရင်း/People's Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြိုနယ်အနောက်ခြမ်းက ဥဒိန်ရွာကို စက်တင်ဘာ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ မတ္တရာမြို့ဘက်ကနေ စစ်တပ်က လူ၊ ခဲယမ်း၊ လက်နက်တွေပါ အင်အားတိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဘုန်းကြီးကျောင်းပေါ် ကျပြီး ကပ္ပိယကြီးက သေတယ်။ ဥူးပဉ္ဇင်းတပါး ဒဏ်ရာရတယ်လို့ သိရတယ်။ ဘာသတင်းမှမကြားဘူး။ အင်အားတွေ တိုးတာ ဒရုန်းတွေ၊ လက်နက်ကြီးတွေပါ ဖြည့်ပြီးလိုက်ချနေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်း ရေကြောင်းလမ်းဘေးက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ ကင်းထောက် ဒရုန်းဝဲတာတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၄ရက်ကလည်း ကျွန်းကြီးရွာကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ လင်မယားနှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
🤬284👎4👏1🎉1
🤬17👎32👏1
ဖရူဆိုမြို့နယ်မှာ KNDF ရဲဘော် ၅ဦး ကျဆုံး

စက်တင်ဘာ-၁၈၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၁၇ ရက်)နေ့လယ်ပိုင်းက ဖရူဆိုမြို့အနောက်ခြမ်း မိုဆိုကျေးရွာအနီးမှာ တပ်ခွဲမှူးအပါအ၀င် KNDF ရဲဘော် ၅ဦး ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

"ကြီးမားတဲ့ဆုံးရှုံးမှု "လို့ KNDF တပ်ရင်း (၁၀) ရဲဘော်တစ်ဦးက ပြောပါတယ်။

ကရင်နီ‌‌ပြည်နယ်က ဒေသအများစုမှာ စစ်တပ်ရဲ့ ဒရုန်း၊လေကြောင်းတိုက်ခိုက်မှုတွေ စက်တင်ဘာမှာ ပိုများလာတဲ့အပြင် ထိခိုက်သေဆုံးတဲ့ အရပ်သား ဆယ်နဲ့ချီ ရှိနေပါတယ်။

"နေ့တိုင်းကင်းထောက် လေယာဉ် နဲ့ ဒရုန်းတွေဝဲနေသလို ဒီမနက်လည်း ဖယ်ခုံ အနောက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတယ်"လို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်ကလည်း ရှမ်း-ကရင်နီ ဒေသအစပ် ဝါရီဆူးပလိုင်ရွာအနီး၀န်းကျင်မှာရှိတဲ့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့ ကာကင်းစခန်း ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲဘော် ၂ကျဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက မိဘမဲ့ကျောင်းကို စစ်တပ်ရဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၂ဦး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောထားပါတယ်။

အခု စက်တင်ဘာအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီးဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ရှမ်း-ကရင်နီနယ်စပ် အပါအ၀င် ဒီးမော့ဆို၊လွိုင်ကော် မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ် ခတ်တာတွေ ရှိနေပါတယ်။
😭35👎3🔥3😢32👍2🤬2👏1🎉1
(ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၅ဦး ရုပ်အလောင်းတွေ။ ဓာတ်ပုံ - Saw Say Do Htoo)
😭40🔥43🫡3👎2💔2👏1😢1🤩1
KIA ဒုတပ်ရင်းမှူးကို SNA ဖမ်းဆီးမှုသတင်းအမှားဟု KIAစစ်ဘက် တာဝန်ရှိသူပြော

စက်တင်ဘာ ၁၈၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Shanni Empire အမည်ရှိ ဖေ့စ်ဘွခ်စာမျက်နှာမှာ အမျိုးသား ၁ဦးရဲ့ ပုံကို ဖော်ပြပြီး KIA ဒုတပ်ရင်းမှူး ဝါယ်ကျယ်နော်တောင်ကို SNA က ဖမ်းဆီးရမိတယ်လို့ ရေးသားထားတဲ့အပေါ် KIA စစ်ဘက်တာဝန်ရှိသူက အခုလို ရှင်းပြတာပါ။

“ အရပ်သားစစ်စစ်ပါ” လို့သူက ပြောပါတယ်။

စစ်တပ် လက်သပ်မွေးထားတဲ့ SNA ဟာ လူမျိုးရေးကို ဦးတည်တဲ့ဖမ်းဆီးမှုတွေ မကြာခဏလုပ်နေတယ်လို့ KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

Shanni Empire စာမျက်နှာဟာ KIA အပေါ် စွပ်စွဲပုတ်ခတ်တဲ့ ရေးသားချက်တွေ ဖော်ပြလေ့ရှိတဲ့ စာမျက်နှာဖြစ်တာကိုလည်း သူ့ရဲ့ ရေးသားချက်တွေမှာ တွေ့ရပါတယ်။

အထူးသဖြင့် ရှမ်းနီလူမျိုးတွေကို KIA က ဖမ်းဆီးနေတယ်၊ KIAက ပြန်ပေးဆွဲတယ်၊ KIA တိုက်ခိုက်လို့ စစ်ရှောင်တွေ သေဆုံးတယ် ၊ KIAက ပြန်ပေးဆွဲပြီး ငွေနဲ့ ရွေးခိုင်းတယ် စတာတွေကို ဆက်တိုက်ရေးသားသလို SNA နဲ့ စစ်ကောင်စီတပ် ဝါဒဖြန့် သတင်းတွေ၊ KIAနဲ့ PDF၊ ပကဖ တွေကြားသွေးခွဲတဲ့ ရေးသားချက်တွေ၊ NUGကို ပုတ်ခတ်တဲ့ရေးသားချက်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း KIA ဒုတပ်ရင်းမှူးဖမ်းဆီးခံရတယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဖမ်းဆီးခံရသူ ဦးနော်တောင်ဟာ သာမန်ပြည်သူဖြစ်ပြီး မြစ်ကြီးနားကနေ ဖားကန့်ဒေသသွားစဉ် ကာမိုင်းဂိတ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်များက ဖုန်းကိုစစ်ဆေးပြီး KIA ဒုတပ်ရင်းမှူးဟု အတင်းရာထူးတပ် မဟုတ်မမှန် သတင်းအမှား ထုတ်ပြန်လာတာလို့ ဆိုပါတယ်။

" KIA ဒုတပ်ရင်းမှူးသာမှန်ခဲ့ရင် ယခုကဲ့သို့ စစ်ရေးတင်းမာနေချိန် ကာလတွင် စကစနဲ့ ပသစ များထိန်းချုပ်ထားသော ဂိတ်မှ ဖြတ်သန်းသွားလာမည်မဟုတ်ပါ"လို့ သူက အသိပေးပါတယ်။

ဦးနော်တောင်ဟာ အကြောင်းသိလိုပါက အောင်ဘာလေမှော် ကျေးရွာခံတွေကို မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။
👍30🔥84🖕2👎1😁1🤬1
(စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ဖမ်းဆီးထားတယ်ဆိုတဲ့ ဦးနော်တောင်။ ဓာတ်ပုံ - Shanni Empire/FB)
👍30🤣4🔥2👎1💩1
ဖာပွန်ခရိုင်မှာ စက်တင်ဘာလဝက်တိုက်ပွဲအတွင်း စစ်တပ်က ဗိုလ်ကြီး ၂ဦး အပါအဝင် ၂၀ ကျော်သေဟု KNU ထုတ်ပြန်

စက်တင်ဘာ ၁၈၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁ရက်ကနေ ၁၅ရက်အထိ စစ်ရေး အခြေအနေကို KNU တပ်မဟာ(၅) မူတြော်ခရိုင်က ကရင်ဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ ကရင်သတင်းရင်းမြစ်တဦးက ဘာသာပြန် ရှင်းပြထားပါတယ်။

စက်တင်ဘာ လဝက်အတွင်း တိုက်ပွဲ ၄၇ကြိမ်ဖြစ်ခဲ့ရာ စစ်တပ်ဘက်က ၂၂ဦး သေဆုံးပြီး သေဆုံးသူတွေထဲမှာ ဗိုလ်ကြီး ၂ဦး ဗိုလ် ၁ဦး ပါဝင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်က ဒဏ်ရာရသူ ၂၀ဦး ရှိကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း KNLA ဘက်က ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း အသိပေးထားပြီး လက်နက်ခဲယမ်း သိမ်းရမှု အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။

KNU တပ်မဟာ(၅)ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းသတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၄ရက်က ဖာပွန်ခရိုင် ကတိုင်တိနဲ့ ကမမောင်းကြားက စစ်တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထံက လက်နက် ၃လက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က တပ်သား ၁ဦးဟာ လက်နက်ကြီး ၁လက်၊ လက်နက်ငယ် ၁လက်ယူလာပြီး စက်တင်ဘာ ၁၃ရက်မှာ KNLA တပ်မဟာ(၅) တပ်ရင်း(၁၀၂)ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးထားပါတယ်။

စစ်တပ်ဟာ တပ်စခန်းများစွာ ဆုံးရှုံးလက်လွှတ်ထားရတဲ့ KNU ဖာပွန်ခရိုင်ကို စစ်အင်အားဖြည့်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

စက်တင်ဘာလဝက်အတွင်း စစ်တပ်ဘက်က လက်နက်ကြီး တိုက်ခိုက်မှု၊ ဒရုန်း၊ တိုက်လေယာဥ်ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း KNUက အသိပေးပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ လူထုနေအိမ်အဆောက်အအုံပျက်စီးမှုများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
🥰25👍94🤬2🖕2👎1👏1🤣1