ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြည်သူတွေပါဝင်ပေးဖို့ ကင်မ် တောင်းဆို
စက်တင်ဘာ-၁၈၊၂၀၂၆။တေဇ/People's Spring
မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။
"ကျွန်တော်နဲ့အတူ ရပ်တည်ပေးပါ။ မေမေရဲ့နာမည်ကို ပြောပါ။မေမေ့အကြောင်းကို မျှဝေပါ။ မေမေ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုပါ။" လို့ ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာပါ။
ကင်မ်က မိခင်ဖြစ်သူအသက်ရှင်ကြောင်း တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကြောင့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ နောက်တဆင့်အနေနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေး တောင်းဆိုတဲ့ Free Her ကမ်ပိန်းကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
"ကျွန်တော့် မေမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်ရှိပါပြီ။ မေမေဟာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ခံထားရပြီး ဓားစာခံအဖြစ် ရှိနေဆဲပါ။ကျွန်တော် မေမေနဲ့ မတွေ့ရသေး၊ စကားပြောခွင့် မရသေးပါဘူး။မေမေရဲ့ ဘဝမှာ လွတ်လပ်ခွင့်ကို နှစ်ပေါင်းများစွာ လုယူခံထားနေရပါတယ်။မေမေ့ အချိန်တွေ အများကြီး ဆုံးရှုံးပြီးပါပြီ။
မေမေ့ကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ။" လို့ ကင်မ်ကတောင်းဆိုထားပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ အကျဉ်းကျခံနေရတာ ၂၀၅၆ ရက် ပြည့်မြောက်ပြီဖြစ်ပါတယ်။

❤53👍12💩3🥰1😁1🕊1🤣1🖕1
ထိုင်းက ဖမ်း၀ရမ်းထုတ်ထားတဲ့ BGF အမှတ်(၄)တပ်နယ်မှူးစောမုတ်သုန် ရာထူးတိုးနဲ့ မွေးနေ့ပွဲ စည်ကားစွာ ကျင်းပနေ
စက်တင်ဘာ-၁၈၊၂၀၂၆။မိုမို/People's Spring
ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး စောမုတ်သုန်အတွက် အထိမ်းအမှတ်အခမ်းအနားတွေကို BGF အမှတ်(၄) တပ်နယ်မှာ နေ့စဉ်ကျင်းပနေသလို ဘတ်သောင်းဂဏန်းမှ သိန်းဂဏန်း အထိ ဆုကြေးနဲ့ လောင်းကြေး တွေရှိခဲ့တဲ့ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
"တပ်နယ်မှူးကနေ စစ်ဒေသမှူး ဖြစ်သွားတယ်။အရင် ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်အဆင့် ဖြစ်သွားတယ်။နောက်ပြီးသူ့မွေးနေ့ နဲ့ကလည်း ကပ်နေတော့ သူနဲ့ဆက်စပ်တဲ့သူတွေဆို ပိုက်ဆံတွေပါကြဲတာရှိတယ်"လို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ အတွက်လည်း စောမုတ်သုန် တက်ရောက်တာမတွေ့ရပေမယ့် BGF ထိပ်ပိုင်းခေါင်းဆောင်းတချို့ ရောက်လာခဲ့ပြီး စောချစ်သူရဲ့သား စောချစ်ချစ် အပါအ၀င် BGF အမှတ်(၄) တပ်နယ်အရာရှိတွေက ဘတ်သောင်းဂဏန်းကနေ ကျပ်သိန်း ရာနဲ့ချီ ဆုပေးခဲ့တယ်လို့ မြေပြင် အခြေအနေမြင်ခဲ့သူက ပြောပါတယ်။
"မြန်မာ့ပိုက်ကျော်ခြင်းလောက တစ်လျှောက်မှာ အခုလောက် ပိုက်ဆံတွေ ပလူပျံတာ တခါမှမရှိခဲ့ဘူး။BGF ခေါင်းဆောင်ပိုင်းတချို့က ပိုက်ကျော်ခြင်း ဝါဿနာပါတာနဲ့ အခု အထိမ်းအမှတ်အချိန်နဲ့တိုက်ဆိုင်သွားတာ လည်းပါတယ်"လို့ သူက ပြောပါတယ်။
စစ်တပ်ရဲ့ဖွဲ့စည်းပုံအရ နယ်ခြားစောင့်တပ်တွေရဲ့ ရာထူးအကြီးဆုံးက ဗိုလ်မှူးကြီးအဆင့်ကအမြင့်ဆုံးဖြစ်ပေမယ့် BGFတပ်ဖွဲ့က ကရင်အမျိုးသားတပ် (KNA)အဖြစ် အသွင်းပြောင်းပြီးနောက် ထိပ်ပိုင်းခေါင်းဆောင်တွေက ရာထူးတွေကို သတ်မှတ်ရယူတာလို့ သိရပါတယ်။
" စောချစ်သူတို့ KNA ပြောင်းတော့ ရာထူးတွေက စစ်တပ်က ခန့်ပေးတာမဟုတ်တော့ပဲ ကိုယ့်ဘာသာကိုယ်ခန့်နဲ့ စောချစ်သူက ဗိုလ်ချုပ်အဆင့်ထိ ဖြစ်သွားပါတယ်။မုတ်သုန်တို့ BGF က KNA ကို အများအမြင်မှာ တရား၀င်အရ မပြောင်းပေမယ့် တကယ်တမ်းတော့ နောက်ကွယ်မှာ KNA ဖွဲ့စည်းပုံအတိုင်း လိုက်ပါပြောင်းလဲနေပါတယ်။ ဒါကြောင့် မုတ်သုန်က စစ်ဒေသမှူးဆိုတော့ ဗိုလ်မှူးချုပ်ရာထူးပေးလိုက်တာပါ"လို့ BGF တပ်အခြေအနေကို နားလည်သိရှိသူက ပြောပါတယ်။
စောမုတ်သုတ်ဟာ ထိုင်းနိုင်ငံမှာ လူစုလူဝေးပြုလုပ်မှု နဲ့ လူကုန်ကူးမှုတွေ ပြုလုပ်တာကြောင့် အခုနှစ် ဇူလိုင် ၂၇ ရက်မှာ ဘန်ကောက်မြို့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်းဝရမ်းအမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်မှူးကြီးစောမုတ်သုန်ဟာ ထိုင်း-မြန်မာ နယ်ခြားကော်မတီမှာလည်းပါဝင်သူတစ်ဦး ဖြစ်ပါတယ်။ စောချစ်သူတို့ BGF တပ်ဖွဲ့က ကရင်အမျိုးသားတပ် (KNA)က အသွင်းပြောင်းတဲ့အထဲမှာလိုက်ပါပြောင်းလဲခြင်းမရှိပဲ စစ်တပ်လက်အောက်ခံအဖြစ်နဲ့သာ ဆက်ရှိနေခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် မြ၀တီမြို့ပေါ်ရပ်ကွက်နဲ့ မြ၀တီတောင်ဘက် စောမုတ်သုန်ထိန်းချုပ်တဲ့ အင်ကြင်းမြိုင်၊ မဲထော်သလေးရွာတွေဘက်မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေဟာ စောမုတ်သုန်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေရဲ့အကာအကွယ်နဲ့ ကျယ်ပြန့်စွာ ဆက်လက်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် တရားမဝင် ထိုင်းကုန်သွင်းယူတာတွေ၊ လောင်းကစားလုပ်ငန်းတွေ စတဲ့ ရာဇဝတ်မှု လုပ်ငန်း၊မှောင်ခိုလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတယ်လို့ဒေသခံအချို့က ဆိုပါတယ်။ ဒါပေမယ့် ရာဇဝတ်မှုလုပ်ငန်းတွေက ရရှိလာတဲ့ငွေတွေနဲ့ အလှူအတန်းတွေကို လုပ်ပြနေလေ့ရှိပြီး ငြိမ်းချမ်းရေးစကားကိုလည်း တွင်တွင်ပြောနေသူတစ်ဦးလည်းဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောပါတယ်။
လက်ရှိ မြ၀တီမြို့တောင်ဘက်က ဖလူး၊ မင်းလက်ပံဒေသမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာလည်း ဗိုလ်မှူးကြီးစောမုတ်သုန်တို့ BGF တပ်နယ်(၄)အဖွဲ့က စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတာဖြစ်တယ်။
ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းတို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်။
၂၀၂၅ ဖေဖော်ဝါရီတုန်းကလည်း DSI ဟာ BGF ခေါင်းဆောင် ၃ဦးကို နိုင်ငံခြားသားတွေအပေါ် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ကြောင်း စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်နိုင်ဖို့ တင်ပြခဲ့ဖူးပေမယ့် အထောက်အထား မခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရပါတယ်။
ထိုင်းအစိုးရဟာ အမေရိကန် FBI နဲ့ ကျားဖြန့်တိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေတိုက်ဖျက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ မကြာသေခင်ကသဘောတူညီမှုရရှိထားပါတယ်။

🤣34❤6👍3🔥2🤮2🖕2👏1🤨1
ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထား
စက်တင်ဘာ-၁၈၊၂၀၂၆။ဖိုးသား/People's Sprin
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာမှာရှိတဲ့ စစ်တပ်ဟာ ရေစကြို-ပခုက္ကူလမ်းပိုင်း ၁၂မိုင်နဲ့ ဆင်ချောင်းကျေးရွာလမ်းဘေးမှာ မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတာလို့ ဆိုပါတယ်။
"လက်ရှိမှာ လေးလုံးလောက် တွေ့ထားတယ်။နောက်ထပ် ဆက်ရှာဖွေနေတယ်။ကတ္တရာလမ်းဘေး ဝဲယာတွေ မှာ တွေ့ရတယ်"လို့ ရေစကြို ပကဖ တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ရေစကြို-ပခုက္ကူလမ်းပိုင်း ကားလမ်းဘေးဘက် သွားလာရင် အထူးဂရုစိုက်ကြဖို့လည်း အသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးသူစံချိန်သစ်နဲ့ ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၁နှစ်ကို သေဆုံးဒဏ်ရာရသူ လူဦးရေ တစ်ထောင်ကျော်အထိရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ သူတို့တပ်စွဲထားတဲ့နေရာတွေ အတိုက်မခံရေးရေး အတွက် မြေမြှုပ်မိုင်းကို အလွန်အကျွံသုံးစွဲကာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ခုခံနေတယ်လို့လည်း အညာဒေသတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
"သူတို့(စစ်တပ်)အများဆုံးသုံးနေတာ ၁၄ မိုင်းတွေ။ တပ်စွဲခဲ့တဲ့နေရာတိုင်းမှာ နေရာပေါ်မူတည်ပြီး အနည်း ဆုံး ၂၀ ကနေ ၃၀ ကြားတွေ့ရတယ်။အထူးသဖြင့် ကျေးရွာတွေထဲ ထောင်တဲ့ မိုင်းတွေကြောင့် စစ်ရှောင် တွေ ပြန်၀င်ရင် ထိကြတာများတယ်"လို့ သူ့အတွေ့ အကြုံကို ရှင်းပြပါတယ်။
လက်ရှိ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ရှိနေပြီး ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
ရေစကြိုမြို့ ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် -၂၅၆၊၂၅၇၊ ၂၅၈ တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။
ရုပ်သံ - ရေစကြို ပကဖ
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ရေစကြိုပခုက္ကူလမ်း #စစ်ကောင်စီမြေမြှုပ်မိုင်း #မိုင်းအန္တရာယ် #မကွေးစစ်ရေး #မြန်မာ့စစ်ရေးသတင်း #YesagyoPakokkuRoad #JuntaLandmines #MineDanger #MagwayConflict #MyanmarConflict #MyanmarNews

😡26👍6👎3❤2🔥2🤬2🖕2👏1
■ဆောင်းပါး
ချင်းတောင်က နာဘွာလ်းရွာလေးဆီ
ဗန်ပြန်လာမယ့်နေ့
ကဖေး/People's Spring
မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီနေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။
ဆိတ်ငြိမ်သေသပ်လှပတဲ့ ဒီအိမ်လေးပေါ်ကို ထင်းရှူး၊ချယ်ရီပန်းရနံ့၊မြူခိုးနဲ့တိမ်စိုင်၊ကျေး
ငှက်တေးသံတွေသာမက မိုင်ပေါင်းထောင်ချီအဝေးမှာ နေသူတွေရဲ့ ချစ်ခြင်းမေတ္တာတွေပါ လွှမ်းခြုံနေပါတယ်။
မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကပရိသတ်တွေက ဗန်လို့ ချစ်စနိုးခေါ်ကြတဲ့ UFC ဖိုက်တာဂျော့ရှုအာဗန်ဟာဟားခါးမြို့အနီး နာဘွာလ်းဆိုတဲ့ ချင်းတောင်ခြေရွာလေးထဲက အဲ့ဒီသစ်သားအိမ်လေးမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပါတယ်။
နာဘွာလ်းရွာလေးက အိမ်ခြေ၄၀ခန့်နဲ့ လူဦး
ရေ ၁၀၀ခန့်သာရှိပါတယ်။ ဟားခါးမြို့နဲ့ ၅မိုင်ခန့်ပဲဝေးပါတယ်။ဗန်နဲ့ နာဘွာလ်းရွာလေးရဲ့ ဆက်စပ်မှုကိုသိဖို့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော် အ
တိတ်ကို ပြန်သွားကြရအောင်ပါ။
ဗန်ကိုလွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်မှာချင်းတောင်ခြေ
မှာနေတဲ့ ဦးအုပ်သူး(Pu Uk Tu)နဲ့ ဒေါ် ကြာရီး
(Pi Ca Zi)တို့ကမွေးဖွားခဲ့တာပါ။ဦးအုပ်သူက
ရွန်တလန်းရွာသား၊ဒေါ် ကြာရီးကနှိရ်လောန်းရွာသူ။စစ်အစိုးကခေတ် အဲဒီကာလမှာ ဒေါ် ကြာရီးက ချင်းတောင်ဒေသရဲ့ ရှားရှားပါးပါး ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ဦးအုပ်သူးနဲ့ အကြောင်းပါပြီး သူတာဝန်ကျရာ နာဘွာလ်းရွာလေးမှာ အခြေချပြီး စာသင်ပါတယ်။ ဒီလိုနဲ့ ဗန်ကို နာဘွာလ်းရွာလေးမှာ မွေးဖွားခဲ့ပါတယ်။
နာဘွာလ်းရွာဟာ ဟားခါးမြို့နဲ့ ၅မိုင်ခန့်သာကွာဝေးပေမယ့် အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့စစ်အစိုးရက
တော့ချင်းတောင်က တခြားရွာတွေလိုပဲ ဇနပုတ် ဇာတ်သွင်းထားခဲ့ပါတယ်။ နေပြည်တော်ကို အချိန်တိုအတွင်းနန်းတည်ခဲ့တဲ့ စစ်အစိုးရက မြို့နဲ့ လက်တစ်ကမ်းအကွာက နာဘွာလ်းရွာလေးကိုတော့ တောကြီးမျက်မည်းထဲမှာပဲ ထားခဲ့ပါတယ်။ရွာလေးထဲက တစ်ကျောင်းတည်းသော မူလတန်းကျောင်းမှာ ကျောင်းဆ
ရာမအဖြစ် ဗန့်မိခင်တစ်ဦးတည်းကိုပဲ ခန့်
အပ်ခဲ့ပါတယ်။ဆယ်ဂဏန်းခန့်သာရှိတဲ့ ကျောင်းသားလေးတွေထဲမှာ ကျောင်းလွယ်
အိတ်လေး သိုင်းလွယ်ထားတဲ့ ဗန်ပေါက်စလေးလည်းပါခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ် ဒီဘက်နှစ်တွေမှာ ဗန့်ဖခင်ဟာ မိသားစု စားဝတ်နေရေးအတွက် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ
ခိုလှုံရင်း နာဘွာလ်းရွာမှာရှိတဲ့ ဗန်တို့သား
အမိကိုလှမ်းခေါ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ မလေးရှားကိုရွှေ့ပြောင်းခဲ့ပါတယ်။မလေးရှားမှာ၂နှစ်ဝန်းကျင်ခိုလှုံပညာသင်ခဲ့ပါတယ်။အဲဒီနောက်သူတို့မိသားစုဟာ၂၀၁၃မှာUNHCR အစီ
အစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကိုပြောင်းရွေ့အခြေခနိုင်ခဲ့ပါတယ်။UNHCR ဆိုတာကတော့ စစ်ပွဲ၊ ပဋိပက္ခနဲ့ ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးတဲ့အဖွဲ့ဖြစ်ပါတယ်။
ဗန့်ရဲ့ ဘဝအလှည့်အပြောင်းက အမေရိကားမှာ စတင်ခဲ့ပါတယ်။ တိုက်ရဲခိုက်ရဲ လူပျို
ပေါက်လေးဖြစ်နေတဲ့ ဗန်ဟာ ကမ္ဘာကျော်လက်ဝှေ့သမားပက်ကွီအိုကိုအားကျပြီး ကြိုး
ဝိုင်းထဲဝင်ခဲ့ပါတယ်။ချင်းတောင်ခြေမှာ နီ
တာရဲဗန်လေးကို ပျိုးထောင်ခဲ့တဲ့ ဗန့်မိခင်ဟာ ရေခြားမြေခြားတိုင်းတပါးမှာလည်း ဗန့်အတွက်နတ်စီတဲ့အိပ်မက်တွေ အသက်သွင်း
ပေးခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာလေ့ကျင့်နေရင်းမိသားစုဘဝရပ်တည်ရေးအတွက် အနာ
ဂတ်ကိုစိတ်ပူနေတဲ့ဗန်ကို မိခင်ဖြစ်သူက သူ့ဘဏ်ကဒ်ထုတ်ပေးပြီး နောက်ဆံမတင်းဖို့ အားပေးခဲ့ပါတယ်။ မိခင်ရဲ့ချစ်ခြင်းမေတ္တာဟာသူ့ဘဝအောင်မြင်မှုအတွက်အရမ်းအရေးပါခဲ့တယ်လို့ ဗန်က မကြာခဏထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗန်ရဲ့အဒေါ်ရဲ့အခန်းကဏ္ဍကလည်းအရေးကြီးခဲ့တယ်လို့ ဗန်ကအင်တာဗျူးတွေမှာပြောကြားခဲ့ပါတယ်။ ကျောင်းသားဘဝကတည်း
က အထိုးအကြိတ်ဝါသနာပါပြီး ရန်ဖြစ်လာတိုင်း လက်စွမ်းပြလေ့ရှိတဲ့ ဗန်ကို အဒေါ်ဖြစ်သူက ထိုးကြိတ်တာဝါသနာပါရင်MMA က
စားဖို့ အမျှော်အမြင်ရှိရှိလမ်းကြောင်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဟူစတန်မြို့ အခြေစိုက် Fury FC က စီစဉ်တဲ့ MMA ပြိုင်ပွဲတွေကို ဝင်ရောက်ထိုးသတ်ခဲ့ပြီး ဗန်ဟာ ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးခဲ့ပါတယ်။၂၀၂၃ မှာတော့ ဗန်နဲ့ MMA လောကမှာ နာမည်အကျော်ကြားဆုံး UFC တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲတွေ တောက်လျှောက်ဆိုသလိုထိုးသတ်ခဲ့ပါတယ်။ ဗန်ဟာ UFC 317 မှာတော့ အမေရိကန်ဖိုက်တာ ဘရာတွန်ရိုင်ဗယ်ကို အနိုင်ရပြီးနောက် ဖလိုင်းဝိတ်တန်း ချန်ပီယံ ပန်တိုဂျာကို စိန်ခေါ်ခွင့်ရခဲ့ပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၇ ရက်မှာကျင်းပတဲ့ UFC 232ပြိုင်ပွဲမှာ ဗန်ဟာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့တာပါ။ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံး အာရှတိုက်က ကစားသမားဖြစ်လာခဲ့သလို ၊ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာ၊အသက်၂၄ နှစ်နဲ့ ချန်ပီယံဖြစ်လာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံ

👍18❤10🤮4🖕2💩1🤣1
စတဲ့စံချိန်တွေရေးထိုးခဲ့ပါတယ်။ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး ၊အကြမ်းဆုံးပြိုင်ပွဲဖြစ်တဲ့ UFC မှာ မြန်မာဖိုက်တာတစ်ဦးရဲ့ အိပ်
မက်ဆန်ဆန် အောင်မြင်မှုတွေပဲဖြစ်ပါတယ်။
ပြိုင်ဘက်တွေကို အကြောက်အလန့်ကင်းတဲ့ ဖိုက်တာအဖြစ်နာမည်ကြီးတဲ့ ဗန်ဟာအခါတော့မြန်မာသာမက အာရှတိုက်နဲ့ ကမ္ဘာတစ်ဝန်းက သိုင်းပေါင်းစုံပြိုင်ပွဲတွေကို ဝါသ
နာပါသူတွေရဲ့ လေးစားအားကျရသူဖြစ်လာပါတယ်။ အာရှတိုက်မှာ ဂျပန် ၊တောင်ကိုရီးယား၊တရုတ်စတဲ့ ချမ်းသာတဲ့နိုင်ငံတွေက
ဖိုက်တာတွေကလည်း UFC မှာချန်ပီယံဖြစ်ဖို့ ကြိုးစားခဲ့ကြပေမယ့် အခုထိမအောင်မြင်သေးပါဘူး ။
မြန်မာနိုင်ငံကို ကမ္ဘာစင်မြင့်ပေါ် မိတ်ဆက်ပြချင်တဲ့ဗန်ဟာ နိုင်ငံအလံကို UFC ကြိုးဝိုင်းပေါ် တင်ဖို့ နည်းမျိုးစုံကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံမို့လို့ အလံသယ်ဖို့ ငြင်းပယ်ကြတဲ့ ပွဲစီစဉ်သူတွေကို ဗန်က နိုင်ပွဲတွေဆက်တိုက်ထိုးပြပြီး သိမ်းသွင်းနိုင်ခဲ့ပါတယ်။မွေးရပ်ဇာတိနိုင်ငံကိုကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးဖို့ ဗန်က တိုက်ပွဲတစ်ခုလိုတိုက်ယူခဲ့ပါတယ်။
"မြန်မာအလံခြုံနိုင်ဖို့ ကျွန်တော်တိုက်ယူခဲ့ရတာ။ ဒါက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ခဲ့ပါဘူး"လို့ ဗန်က BBC နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။
ဗန်ဟာသံလှောင်အိမ်အတွင်းမှာပဲအကြောက်
အလန့်ကင်းတာတင်မဟုတ်ပါဘူး။လက်တွေ့ဘဝမှာလည်းသူယုံကြည်ရာကိုပြောဖို့မတွန့်ဆုတ်သူပါ ။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာ
သိမ်းပြီး အခြေအနေတွေကို ကမ္ဘာကြီးကအမှန်အတိုင်းသိအောင် ပြောဖို့ သူမတွန့်ဆုတ်ခဲ့ပါဘူး ။ဒါဟာ အာဏာသိမ်းစစ်တပ်ကို အကြမ်းမဖက်အာဏာဖိဆန်တဲ့(CDM လုပ်တဲ့) အားကစားသမားတွေမှာပဲတွေ့ရတဲ့ ရှားပါးတဲ့ သတ္တိကောင်းသူတွေသာလုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ် ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာအရာအားလုံးကို ပျက်စီးကိန်းကြုံစေခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်ပြီး တိုက်ပွဲဝင်
နေပြီးအောင်ပွဲရတဲ့ထိ ဆက်ပြီးတိုက်ခိုက်နေမှာဖြစ်တယ်လို့ ဗန်ကစင်ကာပူအခြေစိုက် Straits Times သတင်းဌာနနဲ့ ၂၀၂၅ ဇွန်လဆန်းအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
“အဲ့ဒါက(စစ်အာဏာသိမ်းတာက)ကျွန်တော်တို့အားလုံးအတွက် အရာအားလုံးကို ဖျက်
ဆီးပစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်နေဆဲပဲ… ပြီးတော့ ကျွန်တော်တို့ အောင်
ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်”လို့ဗန်ကပြောခဲ့ပါတယ် ။
မြန်မာပြည်သူတွေရဲ့အဲဒီရုန်းကန် ကြိုးစားမှုမှာ သူဟာ ဥပမာတစ်ခုလို့ သတ်မှတ်နိုင်ပြီး သူ့အနေနဲ့ ရှုံးခဲ့တဲ့တိုင် ပြန်ရုန်းထပြီး ရှေ့
ဆက်ခဲ့ကြောင်းလည်း ဗန်ကဆက်ပြောခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းယူမှု မခံရခင်ထိ မြန်မာဟာ အားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့တယ် ဆိုတာကို လူတွေသိစေချင်ကြောင်း လည်းသူကဖွင့်ဟပါတယ်။
အခုအခါမှာUFC ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာမှာနာမည်အကြီးဆုံး ချန်ပီယံဗန်ကို ပြိုင်ဖက်တွေကအကဲစမ်းဖို့အမြဲတမ်း ချောင်းမြောင်း
နေကြပါတယ်။စိန်ခေါ်သူတွေကိုအနိုင်ယူ
ရင်း ဗန့်ရင်ထဲမှာ ကိန်းအောင်းနေခဲ့တဲ့ ဇာတိရွာလေးဆီအလွမ်းက ပိုနက်ရှိုင်းလာပါတယ်။ ပန်တိုဂျာကိုအနိုင်ယူပြီးလအနည်းငယ်အကြာမှာ စိန်ခေါ်သူဂျပန်ဖိုက်တာ တတ်ဆူရိုကိုအလဲထိုးပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကိုကာကွယ်လိုက်ပြီးတဲ့အခါ ဇာတိရွာနဲ့အနီးဆုံးနေရာကို ပြန်ရောက်ဖို့အကြောင်းဖန်လာပါတယ်။
၂၀၂၆ မေလ ၉ ရက်နေ့က အမေရိကန်မှာ ကျင်းပခဲ့တဲ့ UFC 328 ပွဲစဉ်မှာ တတ်ဆူရိုကို အနိုင်ယူခဲ့တာဖြစ်ပြီးပွဲအပြီးမှာတော့ ဗန်နဲ့အတူ မြန်မာကို ကမ္ဘာကြီးက ပိုသိလာပါပြီ။
UFC ပြိုင်ပွဲမှာ ၁၁ ပွဲထိုးသတ်ပြီး ၁၀ ပွဲနိုင် ၊၁ ပွဲရှုံးစံချိန် နဲ့ နောက်ဆုံးယှဥ်ပြိုင်တဲ့ ၇ ပွဲဆက်ပြိုင်ဘက်တွေကိုအနိုင်ယူထားတာဖြစ်ပါတယ်။
ဂျပန်ဖိုက်တာတက်ဆူရိုကိုအလဲထိုးပြီးတစ်
ပါတ်ခန့်အကြာမှာပဲ အာရှခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဗန်ငယ်စဉ်ကနေခဲ့ဖူးတဲ့ မလေးရှားနဲ့ အိန္ဒိယနိုင်ငံက ဒုက္ခသည်စခန်းတွေဆီကို ပြန်လာခဲ့တာပါ။ ဒါဟာဗန် အမေရိကကို ထွက်သွားပြီးနောက်ပိုင်းဇာတိရွာနဲ့အနီးဆုံးနေရာကို ပထမဆုံးအကြိမ်ပြန်လာနိုင်ခဲ့တာပါ။
မေလရဲ့ မိုးရေစက်တွေအောက်မှာ ဇာတိရွာနဲ့ အနီးဆုံးနေရာအထိ ရောက်နိုင်သမျှရောက်အောင်ဗန်ကြိုးစားခဲ့ပါတယ်။မလေးရှားနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ အိုက်ဇောမြို့အထိ ဗန်အရောက်လာခဲ့ပါတယ်။ အိုက်ဇောမြို့ဆိုတာ ချင်းပြည်နယ် ရိခေါန်ဒန်မြို့နဲ့ ဆက်စပ်နေတာပါ။ ဗန်ရောက်လာတဲ့ စစ်ရှောင်စခန်းကနေ ချင်းပြည်နယ်၊ နယ်စပ်ကို ကားနဲ့နေ့ချင်းပြန်သွားလို့ရပါတယ်။ ဒါပေမယ့် ဗန်တစ်ယောက် ချင်းပြည်နယ်ထဲကို တော့ ရောက်မလာနိုင်ခဲ့သေးပါဘူး။
နယ်စပ်မှာ မတည်ငြိမ်တဲ့အတွက်အိန္ဒိယအစိုး
ရကမြန်မာနဲ့နယ်စပ်ကိုProtect Area လို့သတ်
မှတ်ထားပြီး နိုင်ငံခြားသားတွေအဝင်အထွက်
ကိုကန့်သတ်ထားပါတယ်။ချင်းပြည်နယ်က မြို့နယ်အများစုကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေလည်း ဆက်ရှိနေပါတယ်။ တိုက်ပွဲတွေအတွင်း ဗန့်ဇာတိရွာထဲအထိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းမှာ ဟားခါးမြို့နယ်ထဲက တောင်ပေါ်ရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ်ကဗုံးကြဲလို ကလေးနှစ်ဦးအပါအဝင်

🥰14❤6🤮4👎1💩1🤣1🖕1
လေးဦး သေဆုံးခဲ့ပါတယ်။ ဗန့်ရဲ့ ဇာတိမြို့ဟာ ယမ်းငွေ့တွေ ဝေနေပါတယ်။ ဗန်က အဝေးကနေ လွမ်းယုံသာ တတ်နိုင်ခဲ့ပါတယ်။
ဗန်ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကိုပြန်လာချင်တယ်လို့ သတင်းမီဒီယာတွေကနေတဆင့် မကြာခဏရင်ဖွင့်ပါတယ်။ မြန်မာနိုင်ငံအလံကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးဖို့ တစိုက်မတ်
မတ်ကြိုးပမ်းခဲ့တဲ့ ဗန်ဟာ မြန်မာနိုင်ငံမှာဖြစ်
ပွားနေတဲ့အခြေအနေတွေကိုလည်း မျက်ခြေမပြတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတဲ့အခြေအနေတွေကို ကမ္ဘာကသိစေချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။သူဟာ မြန်မာနိုင်ငံသားတွေနဲ့အတူတူ အမြဲရပ်တည်နေပြီး အမြဲဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ရဲစွမ်းသတ္တိတွေမဆုံးရှုံးစေဘဲသတ္တိရှိရှိ ကျော်ဖြတ်ဖို့လည်း ဗန်ကအားပေးစကားပြောပါ
တယ်။ ဒါကြောင့်လည်း မြန်မာလူထုက ဗန်ကို ချစ်ကြပါတယ်။
ဗန်တစ်ယောက် ဇာတိရွာကိုပြန်မလာနိုင်သေးခြင်းအကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံရေးကအဓိကကျပါတယ်။၂၀၂၁ ခုနှစ်မှာ စစ်တပ်က လက်နက်အားကိုးနဲ့အာဏာလုယူခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်တာကြောင့် နိုင်ငံအနှံ့ ပြည်သူလူထုရဲ့ခုခံတိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ အရှိန်ရနေပါတယ်။ စစ်တပ်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားတွေ၊ ဆန့်ကျင်
သူတွေကို မတရားဖမ်းဆီးထားပါတယ်။ ကုလသမဂ္ဂရဲ့တရားဝင်စာရင်းတွေအရလူဦးရေလေးသန်းနီးပါး နေရပ်ကိုစွန့်ခွာထွက်ပြေးနေရပါတယ်။
အရပ်သားတွေကိုနေ့စဉ်သတ်ဖြတ်နေပါတယ်။ဒီလိုအာဏာရှင်ကို ဖြုတ်ချဖို့အတွက် လူထုခုခံစစ်ပွဲတွေ အစောဆုံး ဖော်ဆောင်ခဲ့ကြတဲ့အထဲမှာ ချင်းတောင်တန်းသားတွေ ရှေ့ဆုံးကပါခဲ့ကြပါတယ်။အမှန်တရားဘက်
ကိုရပ်တည်တဲ့ ဒေသခံလူထုဟာ အာဏာရှင်ကို တော်လှန်ရင်း အောက်ချင်းငှက်ရဲ့ သစ္စာတရားကို ဆက်လက်သက်သေထူနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်တပ်ကမတရားဖမ်းဆီးထားသူတွေ ပြန်လွတ်
မြောက်ရေးနဲ့ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ပြန်လာခွင့်ရဖို့၊ စစ်ကောင်စီကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ရေးယူနိုင်ဖို့က လူထုတော်လှန်ရေးအောင်နိုင်ဖို့လိုနေသလို ဗန်ရဲ့အိမ်ပြန်ခရီးကလည်း မြန်မာ့နိုင်ငံရေးပေါ်မှာ လုံးဝမူတည်နေတယ်လို့ ချင်းတိုင်း
ရင်းသားတစ်ဦးကဆိုပါတယ်။
"ဗန်လည်း ပြန်လာချင်မှာ ကျတော်တို့သိတယ်။ဒါပေမယ့် မဖြစ်နိုင်သေးဘူး"လို့ ချင်းတိုင်းရင်းသား တော်လှန်ရေးရဲဘော်တစ်ဦးက တစ်ဦးကပြောပါတယ်။
ဗန်အတွက် မြန်မာအချိန်နဲ့ဆိုရင် စက်တင်
ဘာ ၂၀ ရက်မနက်ခင်း( အမေရီကန်အချိန်စက်တင်ဘာ ၁၉ ညနေ) ဟာအရေးကြီးမှတ်
တိုင်စိုက်ထူရမယ့်နေဖြစ်လာပြန်ပါပြီ။ချန်ပီယံဟောင်း ဘရာဇီးဖိုက်တာပန်တိုဂျာက မကျေပွဲစိန်ခေါ်တာကြောင့် UFC 331 မှာ အဓိကပွဲစဥ်အဖြစ် ဗန်ကချန်ပီယံခါးပါတ်ကာ ကွယ်ပွဲယှဥ်ပြိုင်ရမှာဖြစ်ပါတယ် ။
နာဘွာလ်းရွာလေးကတော့ ဗန်ရှိခဲ့စဉ် လွန်ခဲ့တဲ့နှစ်၂၀ကျော်ကအတိုင်း ဘာမှ မပြောင်းလဲသေးပါဘူး။ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးထဲက ဗန်နေခဲ့တဲ့ အိမ်လေးကလည်း ယခင်အတိုင်းရှိနေဆဲဖြစ်ပါတယ်။ ဗန်တစ်ယောက် ကြိုးဝိုင်းထဲမှာထိုးသတ်တဲ့နေ့တွေဆိုရင်တော့နာဘွာလ်းရွာလေး
ဟာ အခြား နေ့တွေနဲ့မတူဘဲ ပိုပြီး လှုပ်လှုပ်
ရှားရှားရှိတတ်ပါတယ်။ ကလေး၊လူကြီးအ
ရွယ်စုံကို ဗန်ကိုရုပ်သံကတဆင့် အားပေးကြပါတယ်။စက်တင်ဘာ ၂၀ ရက်မနက်ခင်းမှာ
လည်းနာဘွာလ်းရွာသားတွေဟာဗန်ကိုအားပေးဖို့ စိတ်လှုပ်ရှားနေကြပါပြီ ။
နာဘွာလ်းရွာသားတစ်ဦးကတော့သူ့မျှော်
လင့်ချက်ကို အခုလိုပြောပြပါတယ်။
"ဗန်ကိုကျနော်တို့ အမြဲအားပေးနေတယ်။သူ ပြန်လာဖို့ကတော့ တော်တော်ခက်မှာ။ ဖြစ်နိုင်ရင်တော့ မနက်ဖြန်သဘက်ခါမှာတောင်ရောက်လာစေချင်တယ်"။ဗန်က ပြိုင်ဘက်တွေကိုအနိုင်ယူသလို တော်လှန်ရေးအင်
အားစုတွေ စစ်အာဏာရှင်ကိုအနိုင်ယူပြီး ပြည်သူ့အစိုးရ စစ်စစ် နဲ့ ဒီမိုကရေစီ ရနံ့တွေသင်းပျံ့တဲ့ တနေ့မှာတော့ ဗန်တစ်ယောက်
ချစ်လှတဲ့ ဇာတိရွာလေးဆီ အရောက်ပြန်လာမှာကို နာဘွာလ်းရွာသားတွေယုံကြည်နေပါတယ်။ ။
#ဂျော့ရှုအာဗန် #ဗန် #နာဘွာလ်းရွာ
#UFC #ချင်းတောင် #Peoplesspring

❤35👍8🤮4👎1👏1💩1🤣1🖕1
ဗန်ငယ်စဥ်ကမိသားစုနဲ့တွေ့ရပုံ၊ နာဘွာလ်းရွာကစာသင်ကျောင်းနဲ့အိမ်တွဲရက် ဗန်နေခဲ့တဲအိမ် / UFC ဖလိုင်းဝိတ်တန်းချန်ပီယံဗန် နဲ့ မကျေပွဲစိန်ခေါ်တဲ ပန်တိုဂျာ ။
ဓါတ်ပုံ-UFC ၊La Nek Khut
ဓါတ်ပုံ-UFC ၊La Nek Khut
❤54👍10🥰3💩2🤣1
ရှီကျင့်ဖျင် ကျန်းမာရေး ဆိုးရွားနေပြီလား
●BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ
- ဥဂ္ဂါ ရေးသားသည်။
တရုတ်သမ္မတရှီကျင့်ဖျင်ဟာအိန္ဒိယနိုင်ငံ၊
နယူးဒေလီမြို့မှာ ၂၀၂၆ ခုနှစ်၊စက်တင်ဘာ
လ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် ဘရစ်ခ်စ် (BRICS) ထိပ်
သီးအစည်းအဝေးကနေ ပြန်လည်ရောက်ရှိခဲ့ရပြီးနောက်ပေကျင်းမြို့ အမှတ် ၃၀၁ တပ်မ
တော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတယ်ဆိုတဲ့ သတင်း၊ သူ့ရဲ့ ကျန်းမာရေးအခြေအ
နေဟာ အလွန်ဆိုးရွားနေပြီဆိုတဲ့ သတင်းဟာ အင်တာနက် လူမှုကွန်ရက်တွေမှာ အရှိန်အ
ဟုန်နဲ့ ပျံ့နှံ့နေပါတယ်။
ဒီလို ဟိုးလေးတကျော်ကျော် ဖြစ်သွားရခြင်းဟာ တရုတ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဝမ်ဂျွန်ရှီး (Wanjun Xie) ရဲ့ လူမှုကွန်ရက် X/Twitter စာမျက်နှာပေါ်မှရေးသားချက်တွေကနေ စ
တင်ခဲ့တာ ဖြစ်ပါတယ်။ ဝမ်ဂျွန်ရှီးရဲ့ ရေးသားချက်အရ ရှီကျင့်ဖျင် နယူးဒေလီမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကနေ ပေကျင်းမြို့ လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်မှာ စစ်တပ်ဟယ်လီကော်ပတာတစ်စီးနဲ့ လေယာဉ်ပေါ်ကနေ တိုက်ရိုက်ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး အရေးပေါ် ကုသမှုခံယူဖို့ အမှတ် ၃၀၁ ဆေးရုံကြီးဆီအမြန်ဆုံးပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမှန်တော့ဝမ်ဂျွန်ရှီးဟာ အမေရိကန်မှာ အ
ခြေစိုက်ပြီး တရုတ်အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံ ခေါင်းဆောင်တစ်ဦး ဖြစ်သလို၊ အခြားတစ်ဖက်မှာလည်း ပေကျင်းအာဏာ
ပိုင်တွေဘက်က ဒီလို ဆေးရုံတင်ထားရတယ်ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်လို့ တရား
ဝင် အတည်ပြုထုတ်ပြန်ထားတာ မရှိသေး
တာကြောင့် ဒီလို စွပ်စွဲချက်တွေကို လုံးဝဥ
ဿုံ မယုံကြည်ဘဲ ချင့်ချိန်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရှီကျင့်ဖျင် ပေကျင်းလေဆိပ်ဆီ ပြန်လည်ရောက်ရှိချိန်မှာ ပုံမှန်ပြုလုပ်လေ့ရှိတဲ့အကြီးအကဲများစွာပါဝင်တဲ့ခန်းနားထည်
ဝါသည့် ကြိုဆိုပွဲ အခမ်းအနားများ၊ အခြံအရံ ယာဉ်တန်းကြီးများနှင့် လမ်းများပိတ်ဆို့ရှင်း
လင်းပစ်လေ့ရှိသည့် အစီအစဉ်များ လုံးဝမရှိဘဲ ပျောက်ကွယ်နေခြင်းက အဆိုပါ သတင်းလွင့်ပျံ့မှုများကို ပိုမို အရှိန်ရစေခဲ့တာ ဖြစ်ပါတယ်။
အခြေအနေတွေကို နယူးဒေလီမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်ကြည့်ရင် ပိုပြီးတော့တောင် စိတ်ဝင်စားစရာကောင်းပါတယ်။ဘရစ်ခ်စ် ထိပ်သီးအစည်းအဝေးမိန့်ခွန်းပြောကြားနေစဉ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီဟာ ရှီကျင့်ဖျင် သက်တောင့်သက်သာမရှိဘဲ အဆင်မပြေ ဖြစ်နေတာကို သတိပြုမိသွားပုံရပြီး သူ့ရဲ့ မိန့်ခွန်းကို ခဏရပ်တန့်ခဲ့ပါတယ်။ မိုဒီဟာ တရုတ်သမ္မတရဲ့ စကားပြန်ဆီ လှည့်ကြည့်ကာ "အဆင်ပြေရဲ့လား" လို့ မေးမြန်းခဲ့သလို၊ အဲဒီမေးခွန်းကိုပဲ ဒုတိယအကြိမ် ထပ်မံမေး
မြန်းခဲ့ပါတယ်။ ရှီကျင့်ဖျင်က ခေါင်းငြိမ့်ပြပြီးနောက်မှသာ ဝန်ကြီးချုပ် မိုဒီက မိန့်ခွန်းကို ဆက်လက်ပြောကြားခဲ့တာပါ။
အဲဒီ ရုပ်သံဖိုင်တိုကို ပြန်ကြည့်လိုက်ရအောင်။"
(ရုပ်သံဖိုင်ထဲမှ ဝန်ကြီးချုပ် မိုဒီ -)
"အဆင်ပြေရဲ့လား..."
"အဆင်ပြေရဲ့လား..."
"အဆင်ပြေပါတယ်..."
"မင်္ဂလာပါ..."
သတင်းတင်ဆက်သူ -
ဒီအပေါ်မှာ အချက်အလက်စစ်ဆေးတဲ့သတင်းဌာနအချို့ကတော့အသံဖမ်းစက်ကောင်း၊မကောင်းစမ်းသပ်တာဖြစ်တယ်လို့
ဖော်ပြကြတာလည်းရှိပါတယ် ။
အဲဒီနေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မိုဒီရဲ့ ဂုဏ်ပြုညစာစားပွဲကိုလည်း ရှီကျင့်ဖျင်တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဒီလို စက္ကန့်ပိုင်းမျှသာကြာတဲ့ ရုပ်သံဖိုင်၊ ညစာ
စားပွဲ ပျက်ကွက်ခဲ့တာနဲ့ စစ်တပ်ဟယ်လီကော်ပတာ အသုံးပြုခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ ပြောဆိုချက်တွေ ပေါင်းစပ်လာတာကြောင့် ရှီကျင့်ဖျင်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သို့သော် လက်ရှိအချိန်အထိ အဆိုပါပြောဆိုချက်တွေကို တရုတ်အစိုးရဘက်က အတည်ပြုထားခြင်း မရှိသေးသလို၊ သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တွေလည်း မတွေ့ရသေးပါဘူး။
ကိုးကား-The Times of India
ဓါတ်ပုံ-Getty
#ရှီကျင့်ဖျင် #တရုတ်သမ္မတ #မိုဒီ
#BRICSထိပ်သီးအစည်းအဝေး
#peoplesspring #ludunwayoo

👍25❤13👏8🔥1🥰1💩1🥴1
ရေကြည်မြို့ - အသုတ်လမ်းပိုင်း ကားတိုက်မှု လူ ၅ဦး ဒဏ်ရာရ
စက်တင်ဘာ၁၈၊၂၀၂၆။မိထက်/People's Spring
ဧရာဝတီတိုင်း၊ ရေကြည်မြို့နဲ့ အသုတ်မြို့လမ်းပိုင်းမှာ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ ဆင့်တိုက်မိလို့ လူ ၅ဦး ဒဏ်ရာရသွားပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၈ရက်နေ့လယ်ပိုင်းမှာ ရေကြည်မြို့ နဲ့ အသုတ်မြို့ကြား ချင်းကုန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ထိတာတွေက ဆိုင်ကယ်၊ သုံးဘီးကားဘက်က ထိတာ။ ငါးယောက်မှာ တစ်ယောက်ကတော့စိုးရိမ်ရတယ်။ လမ်းတွေက ရေမြုပ်ထားတော့ ပျက်စီးနေတာများတယ်။ လမ်းကကျဉ်းလည်းကျဉ်းတယ်"လို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ခရီးသည်တင်ကားက ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းမြို့နယ်တွေ ပြေးဆွဲနေတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။
ရေကြည်မြို့ နဲ့ အသုတ်မြို့ဟာ သြဂုတ် ၃၀ရက်က ကျိုးကျခဲ့တဲ့ လေးမျက်နှာရေကာတာကြောင့် ရေကြည်နစ်မြုပ်တဲ့ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ရေကြည်မြို့က ရေဘေးပိုမိုဆိုးရွားခဲ့ပြီး ဒေသတွင်းအဝေးပြေးကာလမ်းမတွေပေါ်မှာပါ ရေကျော်ခဲ့ပါတယ်။ ယခုတော့ ရေပြန်ကျသွားပြီဖြစ်ပါတယ်။
" ဧရာဝတီတိုင်းထဲမှာလမ်းတွေပျက်စီးနေတာအများကြီးပဲ။ ထိထိရောက်ရောက်ပြင်ဆင်တယ်ဆိုတာမရှိပါဘူး"လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ၃ရက်ကလည်း ရန်ကုန် - ဟင်္သာတအဝေးပြေးလမ်းရဲ့ ဟင်္သာတ-ဇလွန်လမ်းပိုင်းမှာ သုံးဘီးကားနဲ့ လိုက်ထရပ်ကား မျက်နှာချင်းဆိုင်တိုက်မိလို့ ၃ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

💩11😢10🔥2
စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့စစ်မှုထမ်းများ ပြည်သူနဲ့ပူးပေါင်းပြီး ဆန့်ကျင်တိုက်ဖျက်ရမယ့် အချိန်ရောက်နေပြီဟု NUGကာကွယ်ရေး တိုက်တွန်း
၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို
စက်တင်ဘာ-၁၈၊ ၂၀၂၆။ထားမြတ်၊ ဟာနာဆန်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေ အနေနဲ့ အကြမ်းဖက် စစ်တပ်ကို အမြန်စွန့်ခွာပြီး တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်တပ်ဟာ ၂၀၂၁ ကနေ ၂၀၂၄ အတွင်း သူတို့ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံရပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီကစတင်ကာ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ရာ အရပ်သား လူငယ်များ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ အခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
စစ်တပ်ဟာ အရပ်သားလူငယ်များရဲ့ အသက်နဲ့ သူ့ရဲ့ စစ်အာဏာကို အသက်ဆက်ဖို့ ကြိုးစားအားထုတ်နေတာဖြစ်လို့ အဓမ္မစစ်သားစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)များအနေနဲ့ မိမိတို့ရဲ့ အသက် သွေးချွေးဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး အလုပ်အကျွေးပြုနေရတဲ့ အခြေအနေက ရုန်းထွက်နိုင်ဖို့ အတွက် အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးစွန့်ခွာကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းကာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်း များနဲ့ ဆက်သွယ်ပူးပေါင်းကြဖို့ နှိုးဆော်ခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်း ဥပဒေမျိုး ပြဋ္ဌာန်းခွင့် ကျင့်သုံးပိုင်ခွင့်မရှိဘဲ ပြဋ္ဌာန်းကျင့်သုံးနေတာဟာ ပြည်သူအပေါ် အဓမ္မ စစ်ကျွန်ပြုတဲ့ လုပ်ရပ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
စစ်တပ်ဟာ ၂၀၂၄ကနေ ၂၀၂၆ ဩဂုတ်အထိ စစ်မှုထမ်း အပတ်စဉ်(၂၇)ခု ဖွင့်လှစ်ကာ အင်အား ၁၃၅၀၀၀ ကျော်ကို အဓမ္မ စုစည်းကာ အဲဒီ အင်အားတွေ အသုံးချ လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာ တွေ့ရပြီး ပစ အင်အား သိန်းချီ အလောင်းအစားပြုကာ ကမူးရှုးထိုး ထိုးစစ်ဆင်နေပေမဲ့ စစ်မျက်နှာတိုင်းမှာ လိုရာမရောက်ဘဲ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင့် ဆုံးရှုံးထိခိုက်များပြားနေကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။
၂နှစ်တာ ကာလအတွင်း စစ်တပ်က သေဆုံးသူ ၂သောင်းကျော်(၂၀၃၈၃ ဦး)၊ ဒဏ်ရာရသူ ၉၇၀၀ ကျော် ရှိခဲ့သလို ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃,၈၀၀ ကျော်၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) နှစ်သောင်းခန့် ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ ထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုဟာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)တွေ ဖြစ်တာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းမိထားတဲ့ စစ်သုံ့ပန်း (၅၃၆) ဦးရှိတယ်လို့ ဆိုပါတယ်။
အဓမ္မစစ်သားစုဆောင်းပြီး လူငယ်တို့ရဲ့ အသက်ကို စတေးနေတဲ့ အစီအစဥ်ဟာ စစ်အုပ်စုရဲ့ အဓိက အသက်ရှုပေါက်ဖြစ်လျက်ရှိသလို လက်ရှိအချိန်မှာ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ ပစ်မှတ်ထားလျက်ရှိလို့ အဲဒီ အစီအစဉ်ကိုပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဖြင့် ဆန့်ကျင်တိုက်ဖျက်ကြရမယ်လို့လည်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်မြေပြင်မှာ ရန်သူကို ပြတ်သားစွာ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သော်လည်း ရန်သူ့တပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ ပြည်သူ့စစ်မှုထမ်း (ပစ) များကိုမူ လိုအပ်သော ချိတ်ဆက်မှုနဲ့ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။
လက်နက်နဲ့ တကွ လာရောက်ပူးပေါင်းသူများအား ထိုက်တန်တဲ့ ဆုကြေးငွေ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသော ကြိုတင် ချိတ်ဆက်လာသူများအားလည်း ဖြစ်နိုင် သော ကူညီစောင့်ရှောက်မှုပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အရွယ်ရောက်ပြီး လူငယ်များ အနေနဲ့ လည်း စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရမည့်အရေးကို နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း ဖော်ပြပါတယ်။
အရွယ်ရောက်ပြီး လူငယ်များအနေနဲ့ အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် တော်လှန်ရေးနယ်မြေများသို့ ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပေါ်တာဆွဲဖမ်းဆီးခံရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် တဦးတည်းသွားလာခြင်း၊ ညဘက် အပြင်ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ကြဖို့ ဖော်ပြပါတယ်။
မလွှဲမရှောင်သာလို့ အဓမ္မစစ်သားစုဆောင်းခံရလျှင် အခွင့်သာတာနဲ့ အကြမ်းဖက် စစ်တပ်ကို စွန့်ခွာထွက်ပြေးကြဖို့နဲ့ အခြေအနေပေးပါက လက်နက်ပါ တပါတည်းယူဆောင်လာဖို့ NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

❤21💩11🥰3👍2🤣1🖕1