အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၇ ရက်ထုတ် စစ်တပ် ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတီလိုကို စက်တင်ဘာ ၁၆ ရက် မနေ့က ညနေပိုင်းမှာ နေပြည်တော် နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုတဲ့အကြောင်း ဖော်ပြထားပါတယ်။ မစ္စတာကက်စတီလိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းပါ ကန့်သတ် ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဇွန်လတုန်းက ရန်ကုန်မှာ အမှုဖွင့်အရေးယူခံခဲ့ရတာပါ။ ဒါပေမဲ့ ၃ လကျော် အကြာမှာတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အမေရိကန် နိုင်ငံသားကို နယ်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်တပ် အာဘော်သတင်းစာတွေက ဆိုပါတယ်။
🖕13👍3🤣3🤮1
ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးပြီးနောက်စစ်တပ်အင်္ဂါစဉ်အဆင့်(၃)နေရာလှုပ်ခတ်လာ
■ကြည်း၊ ရေ၊လေညှိကွပ်ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ်
■အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီးအရပ်ဘက်ရောစစ်ဘက်ပါမင်းအောင်လှိုင်ကလုပ်ချင်သလိုလုပ်နေပြီး မကျေလည်မှုများနေပြီဟုစစ်ရေးအကဲခတ်အချို့သုံးသပ်
စက်တင်ဘာ-၁၇၊၂၀၂၆။ယောနသံ/People's Spring
ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်ပေမယ့် ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီးနောက်အာဏာ
သိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်
ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်တွေပြန်ထမ်းဆောင်ဖို့နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲ
ရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တယ်လို့ စက်
တင်ဘာလ၁၇ရက်နေ့ညမှာ စစ်အုပ်စုကကြေညာတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တာက စစ်ဘက်တာဝန်တွေကို လျှော့ချလိုတာလို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။
"ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကိုစစ်ဘက်ကို ပြန်ပို့တာက မထူးခြားဘူး။ ဗိုလ်ချုပ်ကြီး ကိုကိုဦးကိစ္စကတော့ထူးခြားတယ်။အရပ်ဘက်တာဝန်တွေပိုယူခိုင်းပြီး စစ်ဖက်တာဝန်တွေကိုလျှော့ချလိုက်တာ။ ဘာကြောင့်လဲဆိုတော့ အခုကချင် နဲ့ ရခိုင်မှာ စစ်ရှုံးနေတာကို ထိပ်ပိုင်းမှာ အစာမကျေကြဘူးဖြစ်နေပြီ အချင်းချင်းလည်း ငြိနေကြပုံရတယ်"လို့
နေပြည်တော်ကစစ်ရေးရင်းမြစ်ကသုံးသပ်ပါတယ်။
လက်ရှိမှာ စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်တဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဟာ ဆက်ဆံရေးမပြေလည်ကြဘဲ စစ်ဦးကျိုးနေတဲ့စစ်ဆင်ရေးတွေမှာ တစ်ဖက်နဲ့တစ်ဖက် အပြစ်ဖို့နေကြတယ်လို့ စစ်တပ်အသိုင်းအဝိုင်းမှာသုံးသပ်မှုတွေရှိနေပါတယ်။
သြဂုတ်လကုန်ပိုင်းနဲ့စက်တင်ဘာလမှာကချင်
ပြည်နယ်၊ဗန်းမော်မြို့ကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေပိုဖို့စစ်သင်္ဘောတွေကို မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ လေကြောင်းပစ်ကူ ၊ကြည်းကြောင်းစစ်ကူတွေနဲ့စေလွှတ်ခဲ့ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်
( KIA)နဲ့ မဟာမိတ်တွေပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့သင်္ဘော အစီး ၂၀ ကျော်ဖျက်ဆီးခံရပြီးစစ်သားရာချီသေဆုံးကာ စစ်သားအများအပြားအလံဖြူထောင်လက်
နက်ချပြီး စစ်တပ်စစ်ရှုံးခဲ့ပါတယ်။
စက်တင်ဘာလဆန်းကတည်းကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်အုပ်စုရဲ့ သင်္ဘောအစီး ရေ၂ဝ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAက စက်တင်ဘာလ၁၆ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ထဲမှာ နောက်ထပ် စစ်ရေယာဉ်တွေ ရှိနေပြီး KIA၊KPDF ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။နောက်ထပ်စစ်တပ်ရဲ့သင်္ဘောတွေဖျက်ဆီးခံရတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ သင်္ဘောတွေ ဖျက်ဆီးခံရတဲ့အပြင် အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးသလို စစ်သုံ့ပန်း ရာချီပြီး KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲဆင်နွှဲခံနေရတဲ့ ဗန်းမော်က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့ သင်္ဘောတွေနဲ့ သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်းအများအပြားလည်း ဆုံးရှုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။မြေပြင်စစ်ကူစစ်ကြောင်းတွေလည်း စစ်ကြောင်းပျက်တယ်အထိ တိုက်ခိုက်ခံရတယ်။ အခုလို ရုပ်ပျက်ဆင်းပျက်အထိနာနေတာက စစ်ရေးဗျူဟာ ညံ့ဖျင်းလို့ဖြစ်တာလို့ စစ်တပ်အသိုင်းအဝိုင်းကအပြင်းအထန်ဝေဖန်နေကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်အုပ်စုအထိနာနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီးရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းထဲက AA ထိန်းချုပ်နယ်မြေတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မကွေးတိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းနယ်စပ်တွေကို ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး စစ်တပ်က ထိုးစစ်ဆင်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာလည်းအာရက္ခတပ်တော်ရဲ့ဖြတ်တောက်ပိတ်ဆို့တိုက်လိုက်မှုကြောင့် နှစ်ပါတ်ကြာတဲ့တိုင် စခန်းတစ်ခုမှမသိမ်းနိုင်ဘဲစစ်တပ်စစ်ကြောင်းအချို့ သေဆုံး ဒဏ်ရာရသူများပြီး နောက်ပြန်ဆုတ်ပြေးရသလို ၊စစ်တပ်စခန်းတွေ ပါမသွားဖို့ ခံစစ်နဲ့ ပြန်ခုခံနေတဲ့ အခြေအနေရောက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ရခိုင်ပြည်နယ်တန်ပြန်ထိုးစစ်ဟာ သေဆုံးဒဏ်ရာရသူ၊ထွက်ပြေးသူ ၊အလင်းဝင်သွားသူများပြီး စစ်ဦးကျိုးသွားတဲ့အခြေအနေမို့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကြား အချင်းချင်းသဘောထားကွဲလွဲနေကြတယ်
လို့ နေပြည်တော် သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ရေးအကဲခတ်အချို့ကတော့ ဗိုလ်ချုပ်ကြီးကိုကိုဦးဟာ အရပ်ဖက်ကို ရည်ရွယ်
ချက်ရှိရှိရွှေ့ပြောင်းခံရတာဖြစ်ပြီး တစ်ချိန်ချိန်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်တယ်ဆိုတဲ့အိပ်မက်လည်း ပျက်ပြယ်သွားပြီလို့ သုံးသပ်ပြောကြားပါတယ်။

❤21👍15👏5🤣3💩2🥰1🖕1
စစ်ရေးအကဲခတ်တစ်ဦးကလည်း "အင်္ဂါစဉ်အရ ညှိကွပ်က နောက်ရောက်ရုံတင်မကပဲ အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီ။အရပ်ဘက်ရော စစ်ဘက်ပါ မအလက လှန်ချင်သလို လှန်၊ မှောက်ချင်သလို မှောက်လုပ်နေတာ"လို့အာဏာသိမ်းခေါင်းဆောင်ကစစ်အုပ်စုအတွင်း လုပ်ချင်သလိုလုပ်နေတာကိုပြောပါတယ် ။ဒီအခြေအနေတွေကြောင့်စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေကြားအာ
ဏာသိမ်းခေါင်းဆောင်ကိုမကျေမလည်မှုတွေ ရှိနေပြီလို့သုံးသပ်ရတယ်လို့သူကဆက်ပြောပါတယ် ။
#ညှိကွပ် #ဗိုလ်ချုပ်ကြီးကိုကိုဦး
#ပြည်ထဲရေးဝန်ကြီး
#ကချင်ရခိုင်မှာစစ်ဦးကျိုး
#peoplesspring #ludunwayoo

❤20👏13👍3🔥2🤣2🥰1🖕1
စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ ခြေကုတ်နေရာအချို့ကို AA သိမ်းပိုက်
စက်တင်ဘာ-၁၇၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်း
အပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်
ပွဲတပါတ်ကျော်အတွင်း နေရာလေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ဆိုပြီး စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်း
ချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီကို စက်
တင်ဘာလ ၄ ရက်နေ့ကစတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်စစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်က ဖြတ်တောက်တိုက်ခိုက်တာကြောင့် ရှေ့မတိုးနိုင်ဘဲနောက်ပြန်ဆုတ်ပြေးနေရပြီး စစ်တပ်စခန်းနေရာအချို့ကိုပါသိမ်းပိုက်နိုင်နေတာဖြစ်ပါတယ်။
စစ်တပ်အခြေချနေထိုင်ခဲ့တဲ့ အမြင့်ကျွန်းတံ
တား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်ကာကင်းနဲ့ စစ်ဆင်ရေးနောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်း
ကျင်တို့က နေရာအချို့ကို AA က သိမ်းပိုက်ရထားတာလို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်း ရင်းမြစ်က ပြောပါတယ်။
“ကိုယ့်ဘက်ကရထားတာတွေရှိပါတယ်။စပါး
ထားဘက်ကနေရာတွေရတယ်။တခြားလည်း ရထားတာတွေရှိ တယ်။ အကုန်လုံး ထုတ်ပြောဖို့မကောင်းလို့ပါ။အစပိုင်းမှာတော့ သူ့ဘက်က ရလိုက်၊ ကိုယ့်ဘက်က ရလိုက်ပဲ၊ အခု တော့ ဒီကောင်တွေရှေ့မတိုးနိုင်တော့ဘူး။ ပိတ်နေပြီ”လို့၎င်းကဆက်ပြောပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းတံ
တားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ချီသုံးပြီး လေကြောင်း ၊ရေတပ်သဘော်တွေနဲ့ လက်နက်ကြီးပစ်ကူပေးကာ မြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ အမြင့်ကျွန်းဘက်ကလာတဲ့ စစ်ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲနောက်ပြန်ဆုတ်သွားခဲ့ရပြီးအရင်ကတည်း
ကအထိုင်ချခဲ့တဲ့တံတားပေါ်ကနေပါ နောက်
ဆုတ်သွားခဲ့ ရတာဖြစ်ပါတယ်။
ရွှေမင်းဂံဘက်ကတက်လာတဲ့စစ်ကြောင်းကဝါဘိုကျွန်းအနီးအောင်မြေကုန်း၊ ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်မှာပဲ ရှိနေသေးပါတယ်။ ဒါပမေယ့် ရှေ့မတိုးနိုင်တော့ဘဲ AA ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံနေရပြီး နေ့တိုင်း သေ ဆုံးသူဆယ်ဂဏန်းနဲ့ အထိနာနေကာ လက်
နက်ချအလင်းဝင်သူတွေပါ ရှိနေတယ်လို့ မြေ
ပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို စစ်ကျွံရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီစစ်ကြောင်းနဲ့ AA တို့ ရဲရိုးပြင်ရွာအနီးတိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။ “ကိုယ့်ဘက်က အသာစီးရထားတယ်။ သူတို့ ရှေ့တိုးလို့မရတော့ဘူး။ (AA ရဲ့)ထိုးစစ်ကို မခံနိုင်ရင်သူ့အလိုလိုဆုတ်ပြေးသွား လိမ့်
မယ်။ ပြေးတဲ့ကောင်တွေလည်း ရှိတယ်” လို့ အခြားစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
AAက ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်နေသလို စစ်တွေ မြို့နယ်ပါဒလိတ်တပ်ရင်အနီးရှိအမြင့်ကျွန်းရွာဝန်းကျင်၊ ဒေသ
ကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)၊ကျားမ
သောက်တပ်ရင်းတို့အနီး တောကန်ရွာဝန်း
ကျင်နဲ့ ကံ့ကော်ကျွန်း၊ ဇော်မတက်ရွာအနီးဝန်းကျင်စခန်းတွေကိုပါ ထိုးစစ်ဆင်တိုက်
ခိုက်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။
မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ပုဏ္ဏားကျွန်း၊
ပေါက်တောမြို့နယ်တို့ကိုလေကြောင်း၊ လက်
နက်ကြီးတွေနဲ့ ပစ်ခတ်၊ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲနဲ့ ဆက်စပ်နေရာ တွေကို လေယာဉ်အုပ်လိုက်သုံး ဗုံးကြဲခဲ့ပြီး နေ့လယ်ပိုင်းမှာ မြောက်ဦးမြို့ဝန်းကျင်ကိုပါ ဗုံးကြဲခဲ့ပါတယ်။
“တိုက်ပွဲမှာ တော်တော်နာနေတယ် ပြောကြတယ်။ သိလည်း သိသာတယ်။ လေယာဉ်နဲ့ ဗုံးကြဲနေတာ ငါးရက်လောက် ဆက်တိုက်ရှိနေပြီ။တရက်မပျက်သေးဘူး”လို့ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ၄၉၂၆စစ်ဆင်ရေးလို့နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့ထိ နှစ်ပတ် အတွင်း စစ်တွေစစ်
မျက်နှာမှာ သေဆုံးရသူ ရာနဲ့ချီရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေက ပြောထား ကြပါတယ်။
ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ၊လက်နက်ချသူတွေများနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်
(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်
တွင်းနဲ့ ရခိုင်အစပ်နေရာ တွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ နှစ်ပတ်ကြာတဲ့ထိ AA စခန်းကို သိမ်းနိုင်တာမရှိဘဲ သူတို့ရဲ့ စခန်း တွေနဲ့ ခြေကုတ်နေရာတွေသာ ထပ်ပြီးလက်လွှတ်နေရတာပါ။

❤29👍15🤣3👎1🥰1👏1🖕1
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာ စစ်တွေ၊ကျောက်ဖြူ ၊မာန်အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်က
ပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။စစ်တွေနဲ့ကျောက်ဖြူကစစ်တပ်စခန်းတွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ် ။

👍36❤10👏3🤣2🥰1🖕1
ကချင်က ပြန်စုန်ဆင်းတဲ့ စစ်တပ်သင်္ဘောတွေ စစ်ကိုင်းအဝင် ထပ်မံတိုက်ခိုက်ခံရပြီး ၁စီးနစ်မြုပ်
▪️ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ
စက်တင်ဘာ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူ-ဗန်းမော်ကြား မြစ်ကြောင်း တိုက်ပွဲမှာ ထိခိုက်ဆုံးရှုံးမှုများခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၇ရက်မှာ ရွှေကူမြို့မှာရှိတဲ့ အရပ်သားသင်္ဘောတွေကို သုံးပြီး မန္တလေးဘက်သို့ ပြန်စုန်ဆင်းသွားရာ စစ်ကိုင်းအဝင် ကသာမြို့နယ် မိုးတားလေးဒေသမှာ ထပ်မံတိုက်ခိုက်ခံရပြီး သင်္ဘော ၁စီးထိခိုက်နစ်မြုပ်သွားတယ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကချင်ပြည်နယ်က ပြန်စုန်ဆင်းသွားတဲ့ သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၇ရက်ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေအပါအဝင် သင်္ဘောနစ်မြုပ်သွားတာလို့ ဆိုပါတယ်။
စစ်တပ် အနေနဲ့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းဖို့ သင်္ဘောတွေ အသုတ်လိုက် ဆန်တက်ခဲ့ရာ KIA ပူးပေါင်းတပ် တိုက်ခိုက်လို့ ကသာနဲ့ ရွှေကူကြားမှာ သင်္ဘော ၁စီး နစ်မြုပ်ခဲ့ပြီး ရွှေကူနဲ့ ဗန်းမော်ကြားမှာ သင်္ဘော ၂၀စီးခန့် နစ်မြုပ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွှေကူမြို့က ဆန်တက်တဲ့ သင်္ဘောတွေရော၊ ဗန်းမော်က ပြန်စုန်ဆင်းတဲ့ သင်္ဘောတွေရောပါ တိုက်ခိုက်ခံရတာဖြစ်ပြီး နစ်မြုပ်တာ၊ မီးလောင်တာ၊ ကမ်းကပ်လက်နက်ချတာတွေရှိသလို ဗန်းမော်မြို့ကို ဆိုက်ကပ်နိုင်ခဲ့တဲ့ သင်္ဘောအချို့လည်း ရှိခဲ့ပါတယ်။
အဲဒီလို ထိခိုက်ပျက်စီးမှုများပြားခဲ့ပေမဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းမှာ ကချင်ပြည်နယ်ကနေ မန္တလေးဘက်ကို သင်္ဘော ၁၉စီးနဲ့ စုန်ဆင်းသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီလို သင်္ဘောတွေအများစုနဲ့ ပြန်စုန်ဆင်းနိုင်တာဟာ ရွှေကူမြို့မှာ ရှိနေတဲ့ အရပ်သားသင်္ဘောတွေကို အသုံးပြုသွားတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။
“KIAနဲ့ PDF အခွန်ရှောင် အရပ်သား ကုန်တင်သင်္ဘောတွေကို အခကြေးငွေနဲ့ ခေါ်သွားတဲ့ သဘောပါ။ ကသာ၊ ရွှေကူမှာ အရပ်သား သင်္ဘောတွေ အများကြီးရှိတယ်” လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရဲ့ ကချင်ပြည်နယ်ကို ရေကြောင်းက စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းမှုဟာ အပြည့်အ၀ အောင်မြင်မှု မရှိခဲ့ဘဲ ကျဆုံးခဲ့တယ်လို့ လည်း KIA ပူးပေါင်းတပ်က စစ်တပ်သင်္ဘောတွေများစွာ ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အခြေအနေပေါ် စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
ဒါအပြင် လက်ရှိမှာ စစ်တပ်ရဲ့စစ်ကြောင်းတွေ ရွှေကူမြို့နယ် ဇင်းဘုံဒေသအောက်ဘက်မှာ ရှိနေသေးလို့ စစ်ရေး အခြေအနေဟာ စောင့်ကြည့်ရတဲ့ အနေအထားဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ သင်္ဘောတွေ စတင်လာရောက်ချိန်ကတည်းက မြစ်ကြောင်းလုံခြုံရေး အရေးပါတဲ့ ရွှေကူမြို့နယ် ဇင်းဘုံရွာအနီး ဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးဝင်းကျင်နေရာတွေကို မြေပြင်စစ်ကြောင်းတွေပို့ ထိုးစစ်ဆင်ခဲ့တာပါ။ ဒါပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဇင်းဘုံနဲ့ စင်းခန်းဒေသ တိုက်ပွဲတွေမှာ စစ်တပ်အထိနာခဲ့ပါတယ်။ ဇင်းဘုံမှာ စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေ တပ်လန်ဆုတ်ခွာခဲ့ရတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

👏41👍9❤5😁2💩2🖕2👎1🥰1
စစ်တပ်ထောက်ခံတဲ့ သံဃာ ၂ပါးရဲ့ Tiktok အကောင့် ဖယ်ရှားခံရ
စက်တင်ဘာ ၁၈၊ ၂၀၂၆။ ဗေဒါ/People's Spring
စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးအစွန်းရောက် သံဃာ ဦးသုစိတ္တရဲ့ Tiktok အကောင့်တွေ ဖယ်ရှားခံလိုက်ရပါတယ်။
ဦးသုစိတ္တ(မျိုးချစ်သမဂ္ဂ)နဲ့ ပေါက်ကိုယ်တော်တို့ရဲ့ Tiktok အကောင့်တွေ ဖယ်ရှားခံလိုက်ရကြောင်း ၎င်းတို့ ကိုယ်တိုင် ဝန်ခံထားပါတယ်။
"ဘုန်းဘုန်းတစ်ပါးတည်း မဟုတ်ပါဘူး။ ဘုန်းဘုန်းသူငယ်ချင်း ပေါက်ကိုယ်တော် အရှင်ဝိရိယာဝံသရဲ့အကောင့် သူကမနက်ပျက်၊ ကိုယ်က ညနေပျက်၊ သူကလွန်ခဲ့တဲ့ တစ်နာရီဆို ကိုယ်ကနောက် နာရီဝက်ဆိုပျက်။ ဘုန်းဘုန်းတို့ရဲ့ အကောင့်တွေကို သီးသန့်များ group တွေဖွဲ့၊ reoprt တွေ တင်နေကြတာလား။ ဝိုင်းထုနေကြတာလားပေါ့နော်"လို့ ထပ်မံဖွင့်လိုက်တဲ့ အကောင့်သစ်ကနေ ဦးသုစိတ္တက ပြောပါတယ်။
အလားတူ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကလည်း ၎င်းရဲ့ Tiktok အကောင့်ပျက်သွားတဲ့အတွက် ပျူစောထီးချိုကြီးရဲ့ အကောင့်ကနေ ခေတ္တဝင်သုံးခဲ့ရတယ်လို့ ဆိုပါတယ်။
"ပေါက်ကိုယ်တော်ရဲ့အမည်နဲ့ ပေါက်ကိုယ်တော်ရဲ့အကောင့်တွေက လုံးဝလုံးဝ သုံးမရတဲ့အတွက်ကြောင့် မောင်မြင့်ချို ကျောင်းလာကန်တော့တဲ့အချိန်မှာ သူ့အကောင့်လေးက တော်တော်မာတယ် ခိုင်တယ်ဆိုလို့ သုံးကြည့်တာပါ"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဦးသုစိတ္တဟာ Tiktok ကနေ အခြားဘာသာဝင်တွေနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ဟောပြောချက်တွေ၊လူမျိုးရေး၊ ဘာသာရေးကိစ္စတွေမှာ တင်းမာတဲ့ အမုန်း စကားတွေကို ပြောဆိုခဲ့သူလို့ ဝေဖန်ခံနေရသူပါ။ အရင်ကလည်း စစ်တပ်ထောက်ခံပွဲတွေ မကြာခဏလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ၎င်းတို့ရဲ့ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂဆိုတဲ့အဖွဲ့ဟာ ရန်ကုန်နဲ့ မန္တလေးမြို့က ဗလီတွေ ပြန်လည်တည်ဆောက်မှုကိစ္စတွေမှာ လိုက်လံတားမြစ်နေတယ်လို့ သိရပါတယ်။
ပေါက်ကိုယ်တော်ကတော့ အာဏာသိမ်းစစ်တပ်ထောက်ခံကာ ပျူစောထီးအဖွဲ့တွေ ဦးဆောင် ဖွဲ့စည်းပေးတာ၊ စစ်တပ်ကို ထောက်ခံပြီး စစ်ကောင်စီကို တော်လှန်သူတွေကို ဆန့်ကျင်ပြောဆိုတာတွေ ပြုလုပ်နေသူဖြစ်ပါတယ်။

👏42👍5😁5❤4👎1🤮1🤣1