People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရိုဟင်ဂျာငါးဖမ်းလှေ ၂စီး စစ်တပ် ပစ်ခတ်ဖျက်ဆီးပြီး ငါးဖမ်းသမားတွေ ဖမ်းသွား

စက်တင်ဘာ ၁၇၊၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း ကုလားသိမ်ကျေးရွာအနီးဝန်းကျင်မှာ ငါးဖမ်းနေကြတဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရိုဟင်ဂျာဒုက္ခသည်စခန်းက စက်လှေတွေကို ပင်လယ်ပြင်ရှိ စစ်သင်္ဘောက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ခဲ့တာပါ။

“လက်နက်ကြီးနဲ့ ပစ်ပြီးတော့ အနီးကပ်လာပြီး မီးတက်ရှို့သွားတယ်။ စက်လှေနှစ်စီးမှာ လူတစ်ဆယ်ကျော်လောက် ပါတယ်။ တချို့တဝက်လောက်ပဲ ပြေးလို့ လွတ်သွားတယ်။ ကျန်တဲ့သူတွေကတော့ အဖမ်းခံလိုက်ရတယ်။ တပ်က ဖမ်းသွားတယ်” လို့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ငါးဖမ်းလှေပေါ်ပါလာသူတွေ ထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းက ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ အဓိက အသက်မွေးကြသူတွေဖြစ်ပြီး စစ်တွေမြို့နယ်နဲ့ မြေပုံမြို့နယ်အစပ် ပင်လယ်ပြင်တွေမှာ ငါးထွက်ဖမ်းနေကြတာပါ။ စစ်တပ်ကလည်း စစ်တွေနဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့အစပ်ရှိ ပင်လယ်ပြင်မှာ နေရာယူပြီး ဒေသခံ ငါးဖမ်းစက်လှေတွေကို ပစ်ခတ်၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

စစ်တပ်ဟာ ငါးဖမ်းစက်လှေတွေကို ပစ်ခတ်ဖျက်ဆီးခဲ့တဲ့အပြင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းရှိ မြစ်ကမ်း ဘေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ဆယ်ချီပစ်ခတ်နေခဲ့တာကြောင့် ဒေသခံတွေဟာ တိမ်း ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“ကုလားသိမ်၊ စိုးမဲကျီ တောက်လျှောက်ကရွာတွေကို ပစ်တော့ အကုန်လုံး ပြေးနေရတယ်။ ရွာမှာ မနေရဲကြတော့ ဘူး။ အမျိုးတွေလည်း ဒီဘက်ကူးလာကြရတယ်” လို့ စိုးမဲကျီရွာမှာ ဆွေမျိုးတွေရှိတဲ့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကလည်း စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အစပ် နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါး ဖမ်းသမား ၁ဦး သေဆုံးပြီး နောက်ထပ် ၂ဦး ဒဏ်ရရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ပေါက်တောနဲ့ မြေပုံမြို့နယ်တို့မှ ဒေသခံငါးဖမ်းသမား ဆယ်နဲ့ချီဟာ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရပြီး တရားစွဲဆိုခံနေကြရပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့နဲ့ထိစပ်နေတဲ့ ပင်လယ်ပြင်က ငါးဖမ်းသမားတွေကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် ကျောက်ဖြူမြို့နယ်အတွင်းက ပင်လယ်ပြင်၊ မြစ်ပြင်တွေမှာလည်း သွားလာနေတဲ့ စက်လှေတွေနဲ့ ငါးဖမ်းသမား တွေကိုပါ ဖမ်းဆီး၊ ပစ်ခတ်တာတွေ လုပ်နေပါတယ်။

စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေဟာ နေ့တိုင်း အထိနာနေပြီး တိုက်ပွဲကာလတပတ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးသူ ၂၀၀ကျော်ထိ ရှိပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
🤬263🔥2👍1👎1🤣1🖕1
(ရခိုင်ပင်လယ်ပြင်မှာ တွေ့ရတဲ့ ဒေသခံတွေရဲ့ ငါးဖမ်းလှေတစ်စင်း။ ဓာတ်ပုံ - CJ)
👍204🤣2🔥1
စစ်တပ်ကို အာဆီယံရဲ့ဒရုန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်မပေးဖို့ JFM တောင်းဆို

စက်တင်ဘာ-၁၇၊ ၂၀၂၆။ တေဇ/People's Spring

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

"တရားမဝင် စစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေချိန်မှာ သူတို့ကို ဒရုန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်စေတာကတော့ စက်ဆုပ်ဖွယ်ရာ ဖြစ်ပါတယ်။အာဆီယံဒေသဆိုင်ရာဖိုရမ် အလုပ်ရုံဆွေးနွေးပွဲကို ပူးတွဲစီစဉ်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ပါဝင်မှုကို ပိတ်ပင်ရမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကိုသာ အထောက်အကူပြုစေမယ့် အသိပညာ၊ နည်းပညာနဲ့ နည်းဗျူဟာတွေကို စစ်အုပ်စု လက်လှမ်းမီ ရယူသုံးစွဲနိုင်ခြင်း မရှိစေရေး သေချာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။" လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။

ARF ရဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဩစတြေးလျ၊ စင်ကာပူနဲ့ အမေရိကန်နိုင်ငံတွေက ပူးတွဲဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ARF ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာ ၂၀၂‌၆ သို့မဟုတ် ၂၀၂၇ မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အမေရိကန်က အဆိုပြုထားတဲ့ အဲဒီ့အလုပ်ရုံဆွေးနွေးပွဲမှာ မူဝါဒချမှတ်ရေးပိုင်းမှာ လက်တွေ့လုပ်ဆောင်နေသူတွေ ၊ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ၊ အရပ်ဘက်လေကြောင်း အာဏာပိုင်တွေ ၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ တွေနဲ့ နိုင်ငံတကာကျွမ်းကျင်သူ‌ တွေပါဝင်တက်ရောက်ကြမှာဖြစ်ပြီး ဆွေးနွေးပွဲမှာ လူသုံးနဲ့စက်မှုလုပ်ငန်းသုံး ဒရုန်းတွေကို အကြမ်းဖက် သမား တွေက ရရှိအသုံးပြုနေမှု အကြောင်း ၊အလွယ်တကူရရှိနိုင်တဲ့ ဒရုန်းနည်းပညာတွေ အတားအဆီးမရှိ နယ်စပ်ဖြတ်ကျော် စီးဆင်းနေမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမှာလို့သိရပါတယ်။

အာဏာသိမ်းထားတဲ့စစ်တပ်က ဒီမိုကရေစီအရေး ခုခံတော်လှန်မှုတွေကို ချေမှုန်းဖို့နဲ့ နယ်မြေထိန်းချုပ်မှုတွေရရှိဖို့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့ အကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက အသိပေးနေချိန်မှာ ဒီအလုပ်ရုံဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ JFM က အသိပေးထားပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာစစ်တပ်ကို ဖိတ်ကြားဖို့ တိုင်ပင်ဆွေးနွေးနေတယ်လို့ JFM ရဲ့ သတင်းရင်းမြစ်တွေကနေ သိရှိရတာကြောင့် ကန့်ကွက်တောင်းဆိုနေတာဖြစ်ပါတယ်။

စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ် ၊ အာဆီယံအစည်းအဝေး နဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်‌ခွင့်ပေးတာက မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ရာရောက်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ ပိုမိုအတင့်ရဲလာနိုင်တယ်လို့ မရတနာမောင်က ထောက်ပြထားပါတယ်။

"လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌနိုင်ငံလည်းဖြစ်၊ အာဆီယံဒေသဆိုင်ရာဖိုရမ်ဥက္ကဋ္ဌ နိုင်ငံလည်းဖြစ်တဲ့ စင်ကာပူအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ရေးအတွက် ပိုမိုကြီးမားတဲ့ တာဝန်ရှိနေပါတယ်။" လို့ မရတနာမောင်ကပြောပါတယ်။

အာဆီယံဒေသဆိုင်ရာဖိုရမ် ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ ဝတ္တရားကိုလိုက်နာတဲ့အနေနဲ့ စစ်တပ်ကို ဒရုန်းအလုပ်ရုံဆွေးနွေးပွဲကနေပိတ်ပင်ခြင်းနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးဖို့ တိုက်တွန်းထားပါတယ်။

"အာဆီယံဒေသဆိုင်ရာဖိုရမ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို တရားဝင်မှု၊ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီ တွေလက်လှမ်းမှီ ရရှိနေမှုတွေကို ဖြတ်တောက်ဖို့အတွက် ခိုင်မာအားကောင်းတဲ့ အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရေး ပူးပေါင်းညှိနှိုင်း ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်" လို့ မရတနာမောင်ကအကြံပြုထားပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ၂၀၂၅ မှာ အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး အဲဒီ့နှစ်မှာလေကြောင်းတိုက်ခိုက်မှု တွေကြောင့် ကလေး ၂၃၂ ဦး အပါအဝင် အနည်းဆုံး လူ ၉၈၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ် ။ အဲဒီ့အရေအတွက်က ၂၀၂၄ နဲ့ နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်း တိုးမြင့်လာတာလို့ သိရပါတယ်။

ဒရုန်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး လွတ်လပ်သော စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၂၅ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း စစ်အုပ်စုရဲ့ ဒရုန်းတိုက်ခိုက်မှု ၅၇၀ ကျော်ရှိခဲ့ပြီး အဲဒီ့တိုက်ခိုက်မှု‌တွေကြောင့် အရပ်သားပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
👍235🥴4🥰1🤬1🤣1🖕1
စစ်အုပ်စုက ထိန်းချုပ်မောင်းနှင်တဲ့ ဒရုန်းတွေကို စာသင်ကျောင်းတွေ ဘာသာရေးဝတ်ပြုရာ နေရာတွေ အပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို သေစေနိုင်တဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ JFM က ထောက်ပြထားပါတယ်။

စက်တင်ဘာ ၁၆ ရက်ကလည်း ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ် သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ ကလေးတစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ လက်လုပ်ဓာတုလက်နက်များ သယ်ဆောင်ပစ်ချဖို့အတွက်လည်း ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။

စစ်အုပ်စုက သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို “အကြမ်းဖက်မှုတိုက်ဖျက်ရေး” လို့ လိမ်လည်ပုံဖော်ထားတာဖြစ်ပြီး ဒေသတွင်းထောက်ခံမှုရရှိဖို့ နဲ့ အာဆီယံရဲ့ ကာကွယ်ရေးနဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ်တွေကို အရင်ကတည်းက အသုံးချခဲ့တာဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ စစ်တပ်ကို ပါဝင်စေတာက စစ်တပ်အပေါ် ဆန့်ကျင်တဲ့ မူဝါဒရပ်တည်ချက်‌ တွေကိုချမှတ်ခဲ့တဲ့ အမေရိကန် နဲ့ ဩစတြေးလျ နိုင်ငံတွေရဲ့ ရပ်တည်ချက်တွေနဲ့ဆန့်ကျင်နေတယ်လို့ JFM ကထောက်ပြထားပါတယ်။

စင်ကာပူအပါအဝင် အလုပ်ရုံဆွေးနွေးပွဲရဲ့ ပူးတွဲစီစဉ်သူတွေက စစ်အုပ်စုရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှု တွေ အပါအဝင်အရပ်သား တွေအပေါ် တိုက်ခိုက်မှု တွေကို ပြစ်တင်ရှုတ်ချထားကြတာလည်းဖြစ်ပါတယ်။

ဒါကြောင့် အာဆီယံဒေသဆိုင်ရာဖိုရမ်အနေနဲ့ မောင်းသူမဲ့လေယာဉ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပါအဝင် အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုအားလုံးမှာ စစ်တပ်ကို ပိတ်ပင်ဖို့ ၊စစ်တပ်ဆီကို နည်းပညာ သို့မဟုတ် လုံခြုံရေးဆိုင်ရာ အသိပညာ၊ အချက်အလက် တွေ မျှဝေခြင်း မရှိစေဖို့ လုပ်ဆောင်ပေးဖို့ JFM ကတောင်းဆိုထားပါတယ်။
👍336🥰1💩1🥴1🤣1🖕1
ဓာတ်ပုံ - JFM
👍31💩5🔥2🖕2👏1🥴1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ပေါ်တာဆွဲခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။ ရေဦးမြို့၊ အထက (၂)စာသင်ကျောင်းအတွင်းမှာ စစ်မှုထမ်းဖို့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူငယ်တွေဟာ စက်တင်ဘာ ၁၆ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင်က အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။ လက်ရှိ ထွက်ပြေးလွတ်မြောက်လာသူ ၁၂ဦးရှိပြီး တချို့ပျောက်နေသေးလို့ အတိအကျပြောမရသေးဘူးလို့ ရေဦးပကဖတာဝန်ရှိသူက ဆိုပါတယ်။ လွတ်မြောက်လာတဲ့ လူငယ်တွေကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးထားပါတယ်။ ​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီး ထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့-MDSIက သတင်းထုတ်ပြန်ထားပါတယ်။

◾️မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တင်ပို့နိုင်ငံတွေ စာရင်းမှာ မြန်မာ ပါဝင်

မြန်မာအပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ ညွှန်ကြားချက်အရ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ် တင်ပို့တဲ့နိုင်ငံတွေ စာရင်းကို သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစာရင်းထဲမှာတော့ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘီလီဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့ ပါဝင်နေပါတယ်။ ဒီစာရင်းကို သတ်မှတ်ရာမှာ အဲဒီနိုင်ငံရဲ့ အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်ရှိ ကြိုးပမ်းနေတာတွေ၊ ဒါမှမဟုတ် အမေရိကန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ထည့်သွင်း စဉ်းစားမထားကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အာဏာသိမ်း မြန်မာစစ်တပ်ဟာ မူးယစ်ဆေးဝါး အခြေပြု စီးပွားရေးကို ဖိနှိပ်ဖြိုခွင်းဖို့ ထင်ရှားမြင်သာတဲ့ အားထုတ်မှု နည်းနည်းလေးလောက်ပဲ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်က ယူဆထားပါတယ်။ အခုဆိုရင် မြန်မာဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်အများဆုံး နိုင်ငံဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးဝါး တင်ပို့မှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာနေတယ်လို့လည်းသိရပါတယ်။

◾️စစ်တပ်သင်္ဘော အစီး ၂၀နီးပါး ဖျက်ဆီးနိုင်တယ်လို့ KIA ပြော

ကချင်ပြည်နယ်‌၊ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ရာ စက်တင်ဘာလအတွင်း သင်္ဘော အစီး ၂၀နီးပါး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၆ရက် မနေ့ ညပိုင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၁၆ရက် မနေ့က ရွှေကူကနေ ဗန်းမော်မြို့ကို ထပ်မံဆန်တက်လာတဲ့ သင်္ဘော ၃စီးထဲက ၁စီး တိုက်ခိုက်ခံရပြီး တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ အခြေအနေကို အသိပေးရင်း KIAက ဖျက်ဆီးနိုင်ခဲ့တဲ့ သင်္ဘောအရေအတွက်ကို ထုတ်ပြောလာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ KIA ပူးပေါင်းတပ်ဖျက်ဆီးနိုင်တဲ့ သင်္ဘောအရေအတွက်ဟာ ဩဂုတ် ၂၇ရက်က စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်လာချိန်ကစလို့ စက်တင်ဘာ ၁၆ရက်အထိ စစ်သင်္ဘော ထိခိုက်ပျက်စီးမှု စုစုပေါင်း ၂၅စီးထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ခိုက်ခံရပြီး ထိခိုက်သွားတဲ့ သင်္ဘောပေါ်က လက်အောက်ငယ်သားတွေက သူတို့ရဲ့ သင်္ဘောကို ထိန်းခေါ်သွားပေးဖို့ စစ်တပ်အရာရှိဆီ အသနားခံတဲ့ အသံဖိုင်ကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒီအသံဖိုင်ထဲမှာ သူတို့သင်္ဘောကမျောနေလို့ ထိန်းခေါ်သွားဖို့နဲ့ ကြိုးလေးတမျှင်နဲ့ ဒရွတ်တိုက်ဆွဲလာလို့ရကြောင်း တောင်းဆိုသံကို ကြားရပါတယ်။ စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရချိန် ခလရ(၂၃၇) တပ်ရင်းမှူးနဲ့ အင်အား ၇၀ ခန့်ပါ သင်္ဘောရေဝင်ချိန်မှာ တွဲကူအနေနဲ့ လိုက်ပါလာတဲ့ ခမရ(၃၂၀)တပ်ရင်းမှူး သင်္ဘောက ကြိုးဖြတ်ပြီး သင်္ဘောကို ချန်ခဲ့တာလို့ဆိုပါတယ်။

◾️ထွက်ပြေးပုန်းအောင်းနေတဲ့စစ်သားတွေကို KIA လိုက်လံရှင်းလင်းနေ
👍214🖕2🔥1
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ စက်တင်ဘာ ၁၃ရက်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကောင်ဂျာယန်ကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်းလည်း အသိပေးပါတယ်။ အဲဒီစစ်ကြောင်းဟာ ၂၀၂၅ ဇန်နဝါရီမှာ KIA ပူးပေါင်းတပ် သိမ်းထားတဲ့ မံစီမြို့နယ်က စစ်တပ်ရဲ့ ခမရ(၃၁၉)၊ ခမရ(၆၀၁)တပ်ရင်း စတဲ့ တပ်ဟောင်းနေရာတွေကို နေရာပြန်ဝင်ယူဖို့ ထိုးဝင်လာတာ ဖြစ်နိုင်ကြောင်း KIAက ဆိုပါတယ်။ ကောင်ဂျာယန်တိုက်ပွဲမှာ အထိနာ ထွက်ပြေးသွားတဲ့ စစ်သားတွေဟာ ဒေသခံတွေ စစ်ရှောင်သွားတဲ့ အိမ်ဟောင်းများနဲ့ ခြုံတောတွေထဲ ပုန်းအောင်းနေနိုင်တာကြောင့် KIA တပ်ဖွဲ့က လိုက်လံရှင်းလင်းနေကြောင်းလည်း အသိပေးပါတယ်။

◾️KIA စစ်ရေးဦးဆောင်ခဲ့တဲ့ အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းမှု ၅နှစ်အတွင်း စစ်ကောင်စီတပ်သား သောင်းချီချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။ အမှတ် (၁) စစ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ဦးဆောင်ပြီး ၂၀၂၁ စက်တင်ဘာ ၁၇ရက်က တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အမှတ်(၁) စစ်ဒေသမှုးအဖြစ် သူကွယ်လွန်ခဲ့ချိန် ၂၀၂၄ မေလအထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အမှတ် (၁) စစ်ဒေသအား ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)ရဲ့ ကွပ်ကဲမှုဖြင့် PDF တိုင်းတာဝန်ခံများ ဦးစီးတဲ့စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ပါဝင် ဖွဲ့စည်းထားတာပါ။ အမှတ် (၁) စစ်ဒေသ ဖွဲ့စည်းမှု (၅) နှစ်တာကာလအတွင်း မဟာမိတ်တပ်ဖွဲ့များနဲ့အတူ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးအောင်ပွဲများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီး ကြီးမားကျယ်ပြန့်တဲ့ လွတ်မြောက်နယ်မြေ ပေါ်ပေါက်လာစေဖို့ စွမ်းဆောင် နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍ ချေမှုန်းနိုင်ခဲ့သလို ထောင်နှင့်ချီ၍ ဒဏ်ရာရရှိအောင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့လည်း NUG ကာကွယ်ရေးရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

◾️မန္တလေးနန်းတွင်းမှာချုပ်ထားတဲ့ ပေါ်တာဆွဲခံထားရသူတွေကို ပုသိမ်ကြီးက စစ်မှုထမ်းသင်တန်းပို့

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။ စစ်မှုထမ်းဖို့ဖမ်းဆီးပေါ်တာဆွဲထားတဲ့ လူငယ်တွေကို မန္တလေးနန်းတွင်းမှာ ၁လချုပ်ထားခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားသူတွေကို ထိပ်တုံးခတ်ထားခဲ့တာလို့ သိရပါတယ်။ အဲဒီလူငယ်တွေကို စက်တင်ဘာ ၁၆ရက် ညနေ ၆နာရီ ကျော်မှာ ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃) လက်အောက်ခံ ခလရ (၁၁၆)နဲ့ခလရ(၁၁၉)တပ်ရင်းက စစ်မှုထမ်းသင်တန်းကို ပို့လိုက်တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ်(၂၈)အတွက် ဖြစ်နိုင်ပြီး ဖောကား ၂စီး ပို့လိုက်တာ လူငယ် ၅၀ လောက်ရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း နန်းတွင်းထဲကနေ ကား၂စီး ပုသိမ်ကြီးမြို့ဘက်ကို ပို့ထားတာရှိပြီး အခုထပ်မံပို့လိုက်တာလို့ သိရပါတယ်။

◾️ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးကို လေယာဉ်အုပ်လိုက်နဲ့ စစ်တပ်ဗုံးကြဲ

စစ်​တွေတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက် အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ မြောက်ဦးမြို့အနီးဝန်းကျင်တွေကို ဗုံးပတ်ကြဲနေတာလို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့ မနက်ပိုင်း ၇ နာရီကျော်နဲ့ ၉ နာရီကျော်တို့မှာလည်း တိုက်ပွဲဖြစ်နေတဲ့ စစ်တွေမြို့နယ်နဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်အပါအဝင် လူနေကျေးရွာတွေကို ဂျက်ဖိုက်တာ ၄ စီး၊ ထောက်ပို့လေယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ ဗုံးကြဲမှုကြောင့် လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ပါတယ်။ အရပ်သားထိခိုက် သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

◾️ရိုဟင်ဂျာငါးဖမ်းလှေ ၂စီး စစ်တပ် ပစ်ခတ်ဖျက်ဆီးပြီး ငါးဖမ်းသမားတွေ ဖမ်းသွား
👍13🤬3🖕3🔥1
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း ကုလားသိမ်ကျေးရွာအနီးဝန်းကျင်မှာ ငါးဖမ်းနေကြတဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရိုဟင်ဂျာဒုက္ခသည်စခန်းက စက်လှေတွေကို ပင်လယ်ပြင်ရှိ စစ်သင်္ဘောက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ခဲ့တာပါ။ စစ်တပ်ဟာ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ အနီးကပ်လာပြီး မီးတက်ရှို့သွားတယ်လို့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။ စက်လှေနှစ်စီးမှာ လူတစ်ဆယ်ကျော်ပါပြီး တချို့တဝက်လောက်ပဲ ပြေးလို့ လွတ်သွားကာ ကျန်တဲ့သူတွေကတော့ အဖမ်းခံလိုက်ရတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

◾️ဒုက္ခသည်အရေးဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်မယ်လို့ မလေးရှားဝန်ကြီးချုပ်ဆို

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး ကိစ္စဆွေးနွေးဖို့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ကြားသွားမယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။ မလေးရှားကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းကို မြန်မာနိုင်ငံ ပြန်ပို့ရေးအတွက် ရေရှည် အလုပ်ဖြစ်မယ့် ဖြေရှင်းမှု တစ်ခုကို သံတမန်ရေးအရ ရှာဖွေသွားလိုကြောင်း အန်ဝါက ဆိုပါတယ်။ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းကြားက ပဋိပက္ခတွေဟာ အန်ဝါရဲ့ အစိုးရအတွက် ခေါင်းစားစရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါတယ်။ အစောပိုင်း ဆွေးနွေးမှုတွေအရ မြန်မာစစ်တပ်ဟာ မလေးရှားရောက် ရိုဟင်ဂျာတွေထဲက ဒုက္ခသည် အယောက် ၅,၀၀၀ လောက်ကို ပြန်လက်ခံဖို့ သဘောတူထားပြီး ပထမအသုတ် ၁,၅၀၀ ဝန်းကျင်လောက်ကို လာမယ့် နှစ်ပတ်အတွင်း မြန်မာဆီ ပြန်ပို့ဖွယ်ရှိတယ်လို့ အန်ဝါက ပြောကြားခဲ့ပါတယ်။

◾️စစ်တပ်ကို အာဆီယံရဲ့ဒရုန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်မပေးဖို့ JFM တောင်းဆို

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။ တရားမဝင် စစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေချိန်မှာ သူတို့ကို ဒရုန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်စေတာကတော့ စက်ဆုပ်ဖွယ်ရာ ဖြစ်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ ARF ရဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဩစတြေးလျ၊ စင်ကာပူနဲ့ အမေရိကန်နိုင်ငံတွေက ပူးတွဲဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ARF ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာ ၂၀၂‌၆ သို့မဟုတ် ၂၀၂၇ မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာစစ်တပ်ကို ဖိတ်ကြားဖို့ တိုင်ပင်ဆွေးနွေးနေတယ်လို့ JFM ရဲ့ သတင်းရင်းမြစ်တွေကနေ သိရှိရတာကြောင့် ကန့်ကွက်တောင်းဆိုနေတာဖြစ်ပါတယ်။

◾️ထွက်ပြေးစစ်သုံ့ပန်းတွေမှာ လက်နက်ပါသွားလို့ ဒေသလေးခုသို့ သွားလာတာ၊ အပြင်ထွက်တာ ခဏ ရှောင်ဖို့ PDF ဇိုလန်း ထုတ်ပြန်

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။ PDF ဇိုလဲန်း ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ လောက်ဟာ စက်တင်ဘာ ၁၃ရက် ညနေမှာ ကင်းစောင့်တွေကို တိုက်ခိုက်ပြီး လက်နက်အချို့နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။ အဲဒီလိုထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ZFU/PDF Zoland က လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ အသိပေးပါတယ်။ ဒေသခံတွေ အနေနဲ့ မိမိပတ်ဝန်းကျင် အနီးအနားမှ မသင်္ကာဖွယ်ရာ သူစိမ်းများ သိုမဟုတ် ဧည့်သည်များ တွေ့ရှိပါက PDF Zoland (Official page) သို့ သတင်းပေးပို့ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

◾️အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကို စစ်တပ် ပြည်နှင်ဒဏ်ပေး
👍123🤮3🖕2
အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၇ ရက်ထုတ် စစ်တပ် ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတီလိုကို စက်တင်ဘာ ၁၆ ရက် မနေ့က ညနေပိုင်းမှာ နေပြည်တော် နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုတဲ့အကြောင်း ဖော်ပြထားပါတယ်။ မစ္စတာကက်စတီလိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းပါ ကန့်သတ် ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့​ကြောင်း စွပ်စွဲချက်နဲ့ ဇွန်လတုန်းက ရန်ကုန်မှာ အမှုဖွင့်အရေးယူခံခဲ့ရတာပါ။ ဒါပေမဲ့ ၃ လကျော် အကြာမှာတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အမေရိကန် နိုင်ငံသားကို နယ်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်တပ် အာဘော်သတင်းစာတွေက ဆိုပါတယ်။
🖕13👍3🤣3🤮1
🖕17👍3🔥21
ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးပြီး​နောက်စစ်တပ်အင်္ဂါစဉ်အဆင့်(၃)နေရာလှုပ်ခတ်လာ

■ကြည်း၊ ရေ၊လေညှိကွပ်ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ်

■အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီးအရပ်ဘက်ရောစစ်ဘက်ပါမင်း​အောင်လှိုင်ကလုပ်ချင်သလိုလုပ်​နေပြီး မ​​​ကျေလည်မှုများ​နေပြီဟုစစ်​ရေးအကဲခတ်အချို့သုံးသပ်

စက်တင်ဘာ-၁၇၊၂၀၂၆။ယောနသံ/People's Spring

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာ
သိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်
ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်တွေပြန်ထမ်းဆောင်ဖို့နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲ
ရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တယ်လို့ စက်
တင်ဘာလ၁၇ရက်နေ့ညမှာ စစ်အုပ်စုကကြေညာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တာက စစ်ဘက်တာဝန်တွေကို လျှော့ချလိုတာလို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

"ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကိုစစ်ဘက်ကို ပြန်ပို့တာက မထူးခြားဘူး။ ဗိုလ်ချုပ်ကြီး ကိုကိုဦးကိစ္စကတော့ထူးခြားတယ်။အရပ်ဘက်တာဝန်တွေပိုယူခိုင်းပြီး စစ်ဖက်တာဝန်တွေကိုလျှော့ချလိုက်တာ။ ဘာကြောင့်လဲဆိုတော့ အခုကချင် နဲ့ ရခိုင်မှာ စစ်ရှုံးနေတာကို ထိပ်ပိုင်းမှာ အစာမကျေကြဘူးဖြစ်နေပြီ အချင်းချင်းလည်း ငြိနေကြပုံရတယ်"လို့
​နေပြည်​တော်ကစစ်​ရေးရင်းမြစ်ကသုံးသပ်ပါတယ်။

လက်ရှိမှာ စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်တဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ဟာ ဆက်ဆံရေးမပြေလည်ကြဘဲ စစ်ဦးကျိုး​နေတဲ့စစ်ဆင်ရေးတွေမှာ တစ်ဖက်နဲ့တစ်ဖက် အပြစ်ဖို့နေကြတယ်လို့ စစ်တပ်အသိုင်းအဝိုင်းမှာသုံးသပ်မှုတွေရှိနေပါတယ်။

သြဂုတ်လကုန်ပိုင်းနဲ့စက်တင်ဘာလမှာကချင်
ပြည်နယ်၊ဗန်းမော်မြို့ကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေပိုဖို့စစ်သင်္ဘောတွေကို မန္တ​လေးမြို့ ​ဂေါဝိန်ဆိပ်ကမ်းက​နေ ​လေ​ကြောင်းပစ်ကူ ၊ကြည်း​ကြောင်းစစ်ကူ​တွေနဲ့​စေလွှတ်ခဲ့​ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော်
( KIA)နဲ့ မဟာမိတ်တွေပိတ်ဆို့တိုက်ခိုက်မှု​ကြောင့် စစ်တပ်ရဲ့သင်္ဘော အစီး ၂၀ ​ကျော်ဖျက်ဆီးခံရပြီးစစ်သားရာချီ​သေဆုံးကာ စစ်သားအများအပြားအလံဖြူ​ထောင်လက်
နက်ချပြီး စစ်တပ်စစ်ရှုံးခဲ့ပါတယ်။

စက်တင်ဘာလဆန်းကတည်းကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်အုပ်စုရဲ့ သင်္ဘောအစီး‌ ရေ၂ဝ ​ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAက စက်တင်ဘာလ၁၆ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ထဲမှာ နောက်ထပ် စစ်ရေယာဉ်တွေ ရှိနေပြီး KIA၊KPDF ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။နောက်ထပ်စစ်တပ်ရဲ့သင်္ဘောတွေဖျက်ဆီးခံရတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ သင်္ဘောတွေ ဖျက်ဆီးခံရတဲ့အပြင် အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးသလို စစ်သုံ့ပန်း ရာချီပြီး KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲခံ​နေရတဲ့ ဗန်းမော်က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့ သင်္ဘောတွေနဲ့ သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်း‌အများအပြားလည်း ဆုံးရှုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။​မြေပြင်စစ်ကူစစ်​ကြောင်း​တွေလည်း စစ်​ကြောင်းပျက်တယ်အထိ တိုက်ခိုက်ခံရတယ်။ အခုလို ရုပ်ပျက်ဆင်းပျက်အထိနာနေတာက စစ်ရေးဗျူဟာ ညံ့ဖျင်းလို့ဖြစ်တာလို့ စစ်တပ်အသိုင်းအဝိုင်းကအပြင်းအထန်ဝေဖန်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်အုပ်စုအထိနာနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီးရခိုင်ပြည်နယ် စစ်‌တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းထဲက AA ထိန်းချုပ်နယ်မြေတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မကွေးတိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းနယ်စပ်တွေကို ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး စစ်တပ်က ထိုးစစ်ဆင်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာလည်းအာရက္ခတပ်​တော်ရဲ့ဖြတ်​တောက်ပိတ်ဆို့တိုက်လိုက်မှု​ကြောင့် နှစ်ပါတ်ကြာတဲ့တိုင် စခန်းတစ်ခုမှမသိမ်းနိုင်ဘဲစစ်တပ်စစ်​ကြောင်းအချို့ ​သေဆုံး ဒဏ်ရာရသူများပြီး ​နောက်ပြန်ဆုတ်​ပြေးရသလို ၊စစ်တပ်စခန်း​တွေ ပါမသွားဖို့ ခံစစ်နဲ့ ပြန်ခုခံ​နေတဲ့ အ​ခြေအ​နေ​​ရောက်​နေတယ်လို့ ​​မြေပြင်စစ်​​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။
ရခိုင်ပြည်နယ်တန်ပြန်ထိုးစစ်ဟာ ​သေဆုံးဒဏ်ရာရသူ၊ထွက်​ပြေးသူ ၊အလင်းဝင်သွားသူများပြီး စစ်ဦးကျိုးသွားတဲ့အ​ခြေအ​နေမို့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကြား အချင်းချင်းသဘောထားကွဲလွဲနေကြတယ်
လို့ နေပြည်‌တော် သတင်းရင်းမြစ်ကပြောပါတယ်။

စစ်​ရေးအကဲခတ်အချို့က​တော့ ဗိုလ်ချုပ်ကြီးကိုကိုဦးဟာ အရပ်ဖက်ကို ရည်ရွယ်
ချက်ရှိရှိရွှေ့ပြောင်းခံရတာဖြစ်ပြီး တစ်ချိန်ချိန်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်တယ်ဆိုတဲ့အိပ်မက်လည်း ပျက်ပြယ်သွားပြီလို့ သုံးသပ်ပြောကြားပါတယ်။
21👍15👏5🤣3💩2🥰1🖕1
စစ်​ရေးအကဲခတ်တစ်ဦးက​လည်း "အင်္ဂါစဉ်အရ ညှိကွပ်က နောက်ရောက်ရုံတင်မကပဲ အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီ။အရပ်ဘက်ရော စစ်ဘက်ပါ မအလက လှန်ချင်သလို လှန်၊ မှောက်ချင်သလို မှောက်လုပ်​နေတာ"လို့အာ​ဏာသိမ်း​ခေါင်း​​ဆောင်ကစစ်အုပ်စုအတွင်း လုပ်ချင်သလိုလုပ်​နေတာကို​ပြောပါတယ် ။ဒီအ​ခြေအ​နေ​တွေ​ကြောင့်စစ်အုပ်စုထိပ်ပိုင်း​ခေါင်း​ဆောင်​တွေကြားအာ
ဏာသိမ်း​ခေါင်း​ဆောင်ကိုမ​ကျေမလည်မှု​တွေ ရှိ​နေပြီလို့သုံးသပ်ရတယ်လို့သူကဆက်​ပြောပါတယ် ။

#ညှိကွပ် #ဗိုလ်ချုပ်ကြီးကိုကိုဦး
#ပြည်ထဲရေးဝန်ကြီး
#ကချင်ရခိုင်မှာစစ်ဦးကျိုး
#peoplesspring #ludunwayoo
20👏13👍3🔥2🤣2🥰1🖕1