KIA စစ်ရေးဦးဆောင်ခဲ့တဲ့ အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းမှု ၅နှစ်အတွင်း စစ်ကောင်စီတပ်သား သောင်းချီချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးပြော
စက်တင်ဘာ ၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
အမှတ် (၁) စစ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ဦးဆောင်ပြီး ၂၀၂၁ စက်တင်ဘာ ၁၇ရက်က တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အမှတ်(၁) စစ်ဒေသမှုးအဖြစ် သူကွယ်လွန်ခဲ့ချိန် ၂၀၂၄ မေလအထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အမှတ် (၁) စစ်ဒေသအား ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)ရဲ့ ကွပ်ကဲမှုဖြင့် PDF တိုင်းတာဝန်ခံများ ဦးစီးတဲ့စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ပါဝင် ဖွဲ့စည်းထားတာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁) စစ်ဒေသ ၅နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့တဲ့ သ၀င်္ဏလွှာမှာ အမှတ် (၁) စစ်ဒေသ ဖွဲ့စည်းမှု (၅) နှစ်တာကာလအတွင်း မဟာမိတ်တပ်ဖွဲ့များနဲ့အတူ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးအောင်ပွဲများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီး ကြီးမားကျယ်ပြန့်တဲ့ လွတ်မြောက်နယ်မြေ ပေါ်ပေါက်လာစေရန် စွမ်းဆောင် နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
“အဆိုပါကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍ ချေမှုန်းနိုင်ခဲ့သလို ထောင်နှင့်ချီ၍ ဒဏ်ရာရရှိအောင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့ပါသည်” လို့လည်း NUG ကာကွယ်ရေးရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် အမှတ် (၁) စစ်ဒေသ တပ်ဖွဲ့ဝင် ရာပေါင်းများစွာရဲ့ အသက်နဲ့ ကိုယ်အင်္ဂါများ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုအပေါ် လေးလေး နက်နက် ဦးညွှတ်အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း သဝဏ်လွှာပေးပို့ပါတယ်။
စစ်ရေးအောင်ပွဲများအပြင် ကျယ်ပြန့်တဲ့ လွတ်မြောက်ဒေသ ပေါ်ထွန်းလာစေရေး စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမှတ် (၁) စစ်ဒေသမှူးအဖြစ် တာဝန်ယူကွပ်ကဲခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း (ကွယ်လွန်) အား NUGက ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
အမှတ် (၁) စစ်ဒေသအနေနဲ့ ရန်သူချေမှုန်းရေးနဲ့ လွတ်မြောက်ဒေသ ထူထောင်ရေးတို့တွင် ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်ကို သက်သေပြခဲ့ပြီးဖြစ်ရာ နောင်လာမည့်နှစ်များတွင် အောင်ပွဲများ ဆက်လက်ရယူပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး တော်လှန်ရေးပန်းတိုင်အရောက် ချီတက်နိုင်ပါစေလို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာ ပေးပို့ပါတယ်။
NUG ယာယီသမ္မတရဲ့ သဝဏ်လွှာမှာလည်း (၅) နှစ်တာကာလအတွင်း အမှတ် (၁) စစ်ဒေသအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ် ခဲ့ရပြီး ပထမဦးဆုံး စစ်ဒေသမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်းလွမ်း တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့တာဟာ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှု ဖြစ်ကြောင်း ဖော်ပြက အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များကို ဦးညွတ်ကြောင်း ပြောကြားပါတယ်။
" ရှေ့ဆက်ကာလတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ရှိနိုင်သဖြင့် အခက်အခဲများကို သည်းခံကျော်ဖြတ်နိုင်သည့် စိတ်ဓာတ်၊ အချင်းချင်းယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဆက်လက်ခိုင်မာဖို့ လိုအပ်ပါသည်။ ထို့အပြင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် စစ်ရေးဆိုင်ရာ စွမ်းရည်များကို အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ကာ လိုက်လျောညီထွေ ပြင်ဆင်နိုင်ရန် လိုအပ်ပါသည်။ အထူး သဖြင့် ဒရုန်းနှင့် ခေတ်မီနည်းပညာများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား၍ သက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် ရေရှည်အမြင်ဖြင့် စွမ်းရည်မြှင့်တင်ရေးနှင့် စနစ်တကျ စီမံကိန်းရေးဆွဲ ရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုပါသည်” ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NUG အနေနဲ့လည်း တော်လှန်ရေးရဲ့ ရေရှည်လိုအပ်ချက်တွေနဲပ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ တက်စွမ်းနိုင်သမျှ ဆက်လက်ပံ့ပိုးပေးမယ်လို့ အသိပေးပါတယ်။
ရှေ့ဆက်တာဝန်ထမ်းရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေး များကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ကြဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံရေးကို မိမိတို့ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ တန်ဖိုးထား ကာ ကာကွယ်စောင့်ရှောက်ကြဖို့ ယာယီသမ္မတက မှာကြားပါတယ်။
ဒါ့အပြင် လေးစားထိုက်သော အနာဂတ်တပ်မတော်ကို တည်ဆောက်နေကြတဲ့အလျောက် စည်းကမ်း လိုက်နာမှု၊ အမိန့်နာခံမှုနဲ့ တာဝန်သိစိတ်တို့ကို စံပြဖြစ်အောင် ကျင့်သုံးကြဖို့ မှာကြားပါတယ်။

❤26👍13🥰4👏4💩2🖕2🤣1
တိုက်ရည်ခိုက်ရည်၊ စွမ်းရည်နဲ့ ကျွမ်းကျင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာအောင် အမြဲလုံ့လဝီရိယစိုက်ထုတ်ကြိုးပမ်းလေ့ကျင့်ကြဖို့ ယာယီသမ္မတက ပြောကြားခဲ့သလို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာ၊ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းဆိုင်ရာ စွမ်းရည်များကို အမြဲမပြတ် လေ့လာမြှင့်တင်ပြီး ရေရှည်အတွက် လိုအပ်သည့် စွမ်းရည်များကို တည်ဆောက်ကြဖို့ ပြောပါတယ်။
ဒါ့အပြင် အသက်၊ ခန္ဓာကိုယ်နဲ့ အချိန်များကို ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုကို အမြဲအမှတ်ရလျက် မိမိတို့၏ တာဝန်များကို ပိုမိုတန်ဖိုးရှိစွာ ဆက်လက်ထမ်းဆောင်ကြဖို့ ယာယီသမ္မတက ပြောကြားပါတယ်။

❤31👍12🥰4💩3👏2😁1🤣1🖕1
(အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - အမှတ်-၁ စစ်ဒေသ)
❤40👍10🥰3🔥2😁2🤮1💩1🤣1🖕1
မန္တလေးနန်းတွင်းမှာချုပ်ထားတဲ့ ပေါ်တာဆွဲခံထားရသူတွေကို ပုသိမ်ကြီးက စစ်မှုထမ်းသင်တန်းပို့
စက်တင်ဘာ-၁၇၊၂၀၂၆၊ရှိန်း/ People's Spring
ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
စစ်မှုထမ်းဖို့ဖမ်းဆီးပေါ်တာဆွဲထားတဲ့ လူငယ်တွေကို မန္တလေးနန်းတွင်းမှာ ၁လချုပ်ထားခဲ့ပြီး ထွက်ပြေး ဖို့ကြိုးစားသူတွေကို ထိပ်တုံးခတ်ထားခဲ့တာလို့ သိရပါတယ်။
အဲဒီလူငယ်တွေကို စက်တင်ဘာ ၁၆ရက် ညနေ ၆နာရီ ကျော်မှာ ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃) လက် အောက်ခံ ခလရ (၁၁၆)နဲ့ခလရ(၁၁၉)တပ်ရင်းက စစ်မှုထမ်းသင်တန်းကိုပို့လိုက်တယ်လို့ သိရပါတယ်။
"အပတ်စဉ်(၂၈)အတွက် ဖြစ်မယ်ထင်တယ်။လူငယ်၅၀ လောက်ရှိတယ်။ဖောကား၂စီးနဲ့ မနေ့ညနေကပို့လိုက်တယ်။လူပျောက်ရှာချင်ရင် သင်တန်းမှာ စုံစမ်းလို့ရပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း နန်းတွင်းထဲကနေ ကား၂စီး ပုသိမ်ကြီးမြို့ဘက်ကို ပို့ထားတာရှိပြီး ယခုထပ်မံပို့လိုက်တာလို့ သိရပါတယ်။
ယခင်က စစ်မှုထမ်းပေါ်တာဆွဲခံထားကရသူတွေဟာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှာ ချုပ်ထားပြီးမှသာ နန်းတွင်းထဲကို ယာယီပို့ကာ စစ်သင်တန်းကို တဆင့်ပြန်ပို့ခဲ့တာလို့ သိရပါတယ်။
ယခုနောက်ပိုင်း ပေါ်တာဆွဲသူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းကို တခါတည်းပို့ရပြီး ၁လခန့်ချုပ် နှောင်ခံရပြီးမှသာ စစ်သင်တန်းပို့တာလို့ သိရပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်းမှာ မန္တလေးမြို့မှာ ရပ်ကွက်တိုင်း စစ်မှုထမ်းမဲစာရင်းနှိုက်ဖို့လိုက် အော်နေတယ်လို့ သိရပါတယ်။

🤬34❤7👎3🤮2👍1🔥1👏1
ထွက်ပြေးစစ်သုံ့ပန်းတွေမှာ လက်နက်ပါသွားလို့ ဒေသလေးခုသို့ သွားလာတာ၊ အပြင်ထွက်တာ ခဏ ရှောင်ဖို့ PDF ဇိုလန်း ထုတ်ပြန်
စက်တင်ဘာ ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။
PDF ဇိုလဲန်း ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ လောက်ဟာ စက်တင်ဘာ ၁၃ရက်ညနေမှာ ကင်းစောင့်တွေကို တိုက်ခိုက်ပြီး လက်နက်အချို့နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။
အဲဒီလိုထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ZFU/PDF Zoland က လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ အသိပေးပါတယ်။
ဒေသခံတွေ အနေနဲ့ မိမိပတ်ဝန်းကျင် အနီးအနားမှ မသင်္ကာဖွယ်ရာ သူစိမ်းများ သိုမဟုတ် ဧည့်သည်များ တွေ့ရှိပါက PDF Zoland (Official page) သို့ သတင်းပေးပို့ဖို့လည်း ထုတ်ပြန်ချက်မှာ
ဖော်ပြပါတယ်။
ချင်းသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ထွက်ပြေး စစါသုံ့ပန်းတွေထဲက ထက်ဝက်ခန့်က စစ်တပ်ထံ ရောက်ရှိသွားပြီး သုံ့ပန်း ၂၀ဦးလောက်ကိုတော့ PDF ဇိုလဲန်းက ဖမ်းမိထားတယ်လို့ဆိုပါတယ်။PDF ဇိုလဲန်းရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းမိတာရှိမရှိနဲ့ စစ်တပ်ထံ ပြန်ရောက်သွားတာရှိမရှိ အခြေအနေတွေ ဖော်ပြမထားပါဘူး။
အဲဒီ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး PDF ဇိုလဲန်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
PDF ဇိုလဲန်း တပ်ဖွဲ့ဟာ တီးတိန်မြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပါတယ်။ အခု ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ တီးတိန်မြို့နယ် ကနေဒီတောင်တိုက်ပွဲ တွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေဖြစ်နိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

🔥15❤13👍8😁4🤬2🥰1🤣1🖕1
■ဆောင်းပါး
အမေရိကန်၏Blacklist စာရင်းထဲထပ်မံဝင်ရောက်ခဲ့တဲ့မြန်မာနဲ့မူးယစ်ဆေးဝါးပြဿနာ
- သီဟံ ရေးသားသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာ
နိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်
ပါတယ်။
ဒီထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာကမ္ဘာ့တ
ရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှု ကွန်ရက်ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ပြန်လည် ရပ်တည်လာနေပြီဆိုတာကို ကမ္ဘာ့အဆင့်မှာ မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပျက်ကွက်မှုကိုလည်းအထင်အရှား သက်
သေပြလိုက်တာပါ။
အိမ်ဖြူတော်ရဲ့ ၂၀၂၆ခုနှစ်၊စက်တင်ဘာ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၇ ဘဏ္ဍာရေး
နှစ်အတွက် "အဓိက မူးယစ်ဆေးဝါး ထုတ်
လုပ်ရာနှင့် သယ်ယူပို့ဆောင်ရာ နိုင်ငံများ" စာရင်းကို သမ္မတ ဒေါ်နယ်ထရန့်ကအတည်
ပြု သတ်မှတ်ခဲ့ပါတယ်။ ဒီစာရင်းဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် မူးယစ်ဆေး
ဝါးတွေ အဓိက ဝင်ရောက်လာတဲ့ မူလထုတ်
လုပ်ရာ ဒါမှမဟုတ် ဖြတ်သန်းသယ်ယူရာ နိုင်ငံတွေကို နှစ်စဉ် သတ်မှတ်ထုတ်ပြန်တဲ့ စာရင်းဖြစ်ပါတယ်။
ဒီနှစ်မှာနိုင်ငံပေါင်း၂၃ နိုင်ငံပါဝင်ခဲ့ပြီးအဲဒီထဲကအာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့ကိုတော့ လွန်ခဲ့တဲ့ ၁၂ လအ
တွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာတာဝန်ဝတ္တရားတွေကို လုံလောက်တဲ့ အားထုတ်မှုမရှိခဲ့တဲ့ နိုင်ငံတွေအဖြစ် သီး
ခြား ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရကလည်း ဒီနိုင်ငံတွေဟာ တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ ထုတ်လုပ်မှု၊ မှောင်ခိုကူးသန်းမှုတွေကြောင့် အမေရိကန်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ထောက်ပြထားပြီးမူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကိုပိုမိုထိရောက်စွာ နှိမ်နင်းဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံအခုလိုထပ်မံသတ်မှတ်ခံရတာဟာ တစ်နှစ်အတွင်းမှဖြစ်ပေါ်လာတဲ့ ပြဿ
နာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လုံခြုံရေး ယိုယွင်းလာတာ၊ အထူးသဖြင့် စစ်အာဏာရှင်လက်
အောက်ခံ ဒါမှမဟုတ် ၎င်းတို့နဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အချို့ထိန်းချုပ်ထားတဲ့ နယ်စပ် ဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်
လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှုတွေကလည်း ပြန်
လည် အားကောင်းလာခဲ့ပါတယ်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာတွေမှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ယူပို့
ဆောင်ရေးလမ်းကြောင်းတွေနဲ့ အခွန်ကောက်ခံမှုစနစ်တွေမှာ ဒီလက်နက်ကိုင်အဖွဲ့ အချို့ ပါဝင်ပတ်သက်နေမှုကို ဖော်ပြထားပါတယ်။
UNODC ရဲ့ အဆိုအရ မြန်မာဟာ ကမ္ဘာမှာ တ
ရားမဝင် ဘိန်းအများဆုံး ထွက်ရှိတဲ့ နိုင်ငံပြန်ဖြစ်လာပြီး စိုက်ပျိုးမှု အများစုက အရှေ့ပိုင်း ရှမ်းပြည်နယ် ဖြစ်ပါတယ်။
ဘိန်းစေးတင်မကဘဲ မက်သာဖက်တမင်းလို့ ခေါ်တဲ့ ယာဘနဲ့ အိုက်စ် ထုတ်လုပ်မှုတွေကလည်း မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာဆက်
တိုက် ကျယ်ပြန့်လာပါတယ်။ ဒီမူးယစ်ဆေး
ဝါးတွေကို ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းအများစုဟာ တရုတ်-မြန်မာနဲ့ ထိုင်း-မြန်မာ နယ်စပ် တောတောင်ဒေသတွေမှာ တည်ရှိနေပြီး ဖြန့်
ချိရေးနဲ့ မှောင်ခိုကူးသန်းရေး ကွန်ရက်တွေကတော့ နယ်စပ်မျဉ်းတွေကို ကျော်လွန်ပြီး ဒေသတွင်းနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာအဆင့်အထိ ပျံ့နှံ့နေကြပါတယ်။
ဒါကြောင့်ထရမ့်ရဲ့ယခုထုတ်ပြန်ချက်က မြန်
မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်းနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ပိုမိုကြီးထွား လာနေကြောင်းကို ဖော်ပြလိုက်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တ
ရားဥပဒေစိုးမိုးရေးဆိုင်ရာ အရေးပါတဲ့ သတ်
မှတ်ချက်တစ်ရပ်ဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့အနက်ရောင်စာရင်း
(Blacklist)သတ်မှတ်ချက်က ထင်ရှားစွာ မီးမောင်းထိုးပြ နေတာကတော့ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ထိရောက်မှုမရှိဘူးဆိုတာပါဘဲ။ ပိုမိုစိုးရိမ်ဖွယ်ကောင်းတာကတော့ စစ်အုပ်စုဟာ မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်မယ့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေခြင်းထက်၊ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးနဲ့ ဘဏ္ဍာရေး အကျိုးအမြတ်အတွက် ဒီမှောင်ခိုကွန်ရက်တွေနဲ့ အကျိုးစီးပွားဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
အဲဒီလို အကျိုးအမြတ်ရရှိနေတဲ့ ကွန်ရက်တွေကို ထိန်းချုပ်ထားသူတွေ သို့မဟုတ် ပါ
ဝင်ပတ်သက် နေသူတွေ အာဏာဆက်လက်ရှိနေသရွေ့ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ကနေဖြေရှင်းပပျောက်ဖို့မလွယ်ကူနိုင်ပါဘူး။ ဒီပြဿနာဟာမြန်မာပြည်သူတွေရဲ့လူမှုဘဝ
နဲ့ အနာဂတ်ကိုသာထိခိုက်စေတာမဟုတ်ဘဲ
၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်တွေကတစ်ဆင့် ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံများ အထိ သက်ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ ။
ကိုးကား-
• The White House
• United Nations Office on Drugs and Crime (UNODC) Myanmar Opium Survey
• International Crisis Group (ICG)

👍18❤13🔥2🤣2🥰1🖕1
တမူးမြို့ စစ်ရေးသတိရှိဖို့ သတိပေး
စက်တင်ဘာ-၁၇၊ ၂၀၂၆။ ဇော်ရမ်း/People's Spring
တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း ဒီနေ့ စက်တင်ဘာ ၁၇ရက်မှာ သတိပေးတာဖြစ်ပါတယ်။
တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးအပြင် မြို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းများ အသုံးပြုသွားလာရာမှာ အထူးသတိပြုကြဖို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ချိတ်ဆက်တာ၊ စစ်ကောင်စီရဲ့ပစ္စည်းတွေ သယ်ယူပေးတာ၊ ပူးပေါင်းဆောင်ရွက်ထားမလုပ်ကြဖို့လည်း သတိပေးထားပါတယ်။
ဒေသတွင်းမှာရှိနေသူအားလုံး သတိဝိရိယနဲ့ သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားပြီး လိုက်နာမှုမရှိလို့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တမူးခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က လူမှုကွန်ရက်ကတဆင့် သတိပေးထားကြပါတယ်။
တမူးခရိုင်ထဲမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပြီး စစ်ကောင်စီက တမူးမြို့ပေါ်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ပါတယ်။ ခါမ်းပတ်မြို့ကို တော်လှန် ရေးတပ် တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ PDF တွေ ပထအဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လကစပြီး ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ မြို့သစ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ မေလမှာ သိမ်းယူခဲ့ပါတယ်။ တမူးမြို့ကိုလည်း စစ်ကောင်စီက မြို့ထဲကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကလေး-ခါမ်းပတ်- တမူးလမ်းအတိုင်း စစ်ကောင်စီစစ်ကြောင်းတွေဝင်လာပြီး ခါမ်းပတ်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကို တော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

❤21👍13🔥1🥰1🤣1🖕1
(တမူးခရိုင် ပြည်သူ့ကာကွ ယ်ရေးတပ်မတော်(PDF)ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - တမူးခရိုင် အမှတ်-၂ တပ်ရင်း)
👍22🔥2🥰1🤣1🖕1
ရိုဟင်ဂျာငါးဖမ်းလှေ ၂စီး စစ်တပ် ပစ်ခတ်ဖျက်ဆီးပြီး ငါးဖမ်းသမားတွေ ဖမ်းသွား
စက်တင်ဘာ ၁၇၊၂၀၂၆။ ခိုင်မြတ်/ People's Spring
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း ကုလားသိမ်ကျေးရွာအနီးဝန်းကျင်မှာ ငါးဖမ်းနေကြတဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရိုဟင်ဂျာဒုက္ခသည်စခန်းက စက်လှေတွေကို ပင်လယ်ပြင်ရှိ စစ်သင်္ဘောက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ခဲ့တာပါ။
“လက်နက်ကြီးနဲ့ ပစ်ပြီးတော့ အနီးကပ်လာပြီး မီးတက်ရှို့သွားတယ်။ စက်လှေနှစ်စီးမှာ လူတစ်ဆယ်ကျော်လောက် ပါတယ်။ တချို့တဝက်လောက်ပဲ ပြေးလို့ လွတ်သွားတယ်။ ကျန်တဲ့သူတွေကတော့ အဖမ်းခံလိုက်ရတယ်။ တပ်က ဖမ်းသွားတယ်” လို့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ငါးဖမ်းလှေပေါ်ပါလာသူတွေ ထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းက ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ အဓိက အသက်မွေးကြသူတွေဖြစ်ပြီး စစ်တွေမြို့နယ်နဲ့ မြေပုံမြို့နယ်အစပ် ပင်လယ်ပြင်တွေမှာ ငါးထွက်ဖမ်းနေကြတာပါ။ စစ်တပ်ကလည်း စစ်တွေနဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့အစပ်ရှိ ပင်လယ်ပြင်မှာ နေရာယူပြီး ဒေသခံ ငါးဖမ်းစက်လှေတွေကို ပစ်ခတ်၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။
စစ်တပ်ဟာ ငါးဖမ်းစက်လှေတွေကို ပစ်ခတ်ဖျက်ဆီးခဲ့တဲ့အပြင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းရှိ မြစ်ကမ်း ဘေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ဆယ်ချီပစ်ခတ်နေခဲ့တာကြောင့် ဒေသခံတွေဟာ တိမ်း ရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“ကုလားသိမ်၊ စိုးမဲကျီ တောက်လျှောက်ကရွာတွေကို ပစ်တော့ အကုန်လုံး ပြေးနေရတယ်။ ရွာမှာ မနေရဲကြတော့ ဘူး။ အမျိုးတွေလည်း ဒီဘက်ကူးလာကြရတယ်” လို့ စိုးမဲကျီရွာမှာ ဆွေမျိုးတွေရှိတဲ့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကလည်း စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အစပ် နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါး ဖမ်းသမား ၁ဦး သေဆုံးပြီး နောက်ထပ် ၂ဦး ဒဏ်ရရသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ပေါက်တောနဲ့ မြေပုံမြို့နယ်တို့မှ ဒေသခံငါးဖမ်းသမား ဆယ်နဲ့ချီဟာ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရပြီး တရားစွဲဆိုခံနေကြရပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နဲ့ထိစပ်နေတဲ့ ပင်လယ်ပြင်က ငါးဖမ်းသမားတွေကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် ကျောက်ဖြူမြို့နယ်အတွင်းက ပင်လယ်ပြင်၊ မြစ်ပြင်တွေမှာလည်း သွားလာနေတဲ့ စက်လှေတွေနဲ့ ငါးဖမ်းသမား တွေကိုပါ ဖမ်းဆီး၊ ပစ်ခတ်တာတွေ လုပ်နေပါတယ်။
စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေဟာ နေ့တိုင်း အထိနာနေပြီး တိုက်ပွဲကာလတပတ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးသူ ၂၀၀ကျော်ထိ ရှိပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

🤬26❤3🔥2👍1👎1🤣1🖕1
စစ်တပ်ကို အာဆီယံရဲ့ဒရုန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခွင့်မပေးဖို့ JFM တောင်းဆို
စက်တင်ဘာ-၁၇၊ ၂၀၂၆။ တေဇ/People's Spring
ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။
"တရားမဝင် စစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေချိန်မှာ သူတို့ကို ဒရုန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်စေတာကတော့ စက်ဆုပ်ဖွယ်ရာ ဖြစ်ပါတယ်။အာဆီယံဒေသဆိုင်ရာဖိုရမ် အလုပ်ရုံဆွေးနွေးပွဲကို ပူးတွဲစီစဉ်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ပါဝင်မှုကို ပိတ်ပင်ရမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကိုသာ အထောက်အကူပြုစေမယ့် အသိပညာ၊ နည်းပညာနဲ့ နည်းဗျူဟာတွေကို စစ်အုပ်စု လက်လှမ်းမီ ရယူသုံးစွဲနိုင်ခြင်း မရှိစေရေး သေချာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။" လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။
ARF ရဲ့ အလုပ်ရုံဆွေးနွေးပွဲကို ဩစတြေးလျ၊ စင်ကာပူနဲ့ အမေရိကန်နိုင်ငံတွေက ပူးတွဲဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ARF ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာ ၂၀၂၆ သို့မဟုတ် ၂၀၂၇ မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အမေရိကန်က အဆိုပြုထားတဲ့ အဲဒီ့အလုပ်ရုံဆွေးနွေးပွဲမှာ မူဝါဒချမှတ်ရေးပိုင်းမှာ လက်တွေ့လုပ်ဆောင်နေသူတွေ ၊ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ၊ အရပ်ဘက်လေကြောင်း အာဏာပိုင်တွေ ၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ တွေနဲ့ နိုင်ငံတကာကျွမ်းကျင်သူ တွေပါဝင်တက်ရောက်ကြမှာဖြစ်ပြီး ဆွေးနွေးပွဲမှာ လူသုံးနဲ့စက်မှုလုပ်ငန်းသုံး ဒရုန်းတွေကို အကြမ်းဖက် သမား တွေက ရရှိအသုံးပြုနေမှု အကြောင်း ၊အလွယ်တကူရရှိနိုင်တဲ့ ဒရုန်းနည်းပညာတွေ အတားအဆီးမရှိ နယ်စပ်ဖြတ်ကျော် စီးဆင်းနေမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးမှာလို့သိရပါတယ်။
အာဏာသိမ်းထားတဲ့စစ်တပ်က ဒီမိုကရေစီအရေး ခုခံတော်လှန်မှုတွေကို ချေမှုန်းဖို့နဲ့ နယ်မြေထိန်းချုပ်မှုတွေရရှိဖို့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတဲ့ အကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက အသိပေးနေချိန်မှာ ဒီအလုပ်ရုံဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ JFM က အသိပေးထားပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာစစ်တပ်ကို ဖိတ်ကြားဖို့ တိုင်ပင်ဆွေးနွေးနေတယ်လို့ JFM ရဲ့ သတင်းရင်းမြစ်တွေကနေ သိရှိရတာကြောင့် ကန့်ကွက်တောင်းဆိုနေတာဖြစ်ပါတယ်။
စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ် ၊ အာဆီယံအစည်းအဝေး နဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်ပေးတာက မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ရာရောက်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ ပိုမိုအတင့်ရဲလာနိုင်တယ်လို့ မရတနာမောင်က ထောက်ပြထားပါတယ်။
"လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌနိုင်ငံလည်းဖြစ်၊ အာဆီယံဒေသဆိုင်ရာဖိုရမ်ဥက္ကဋ္ဌ နိုင်ငံလည်းဖြစ်တဲ့ စင်ကာပူအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ရေးအတွက် ပိုမိုကြီးမားတဲ့ တာဝန်ရှိနေပါတယ်။" လို့ မရတနာမောင်ကပြောပါတယ်။
အာဆီယံဒေသဆိုင်ရာဖိုရမ် ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ ဝတ္တရားကိုလိုက်နာတဲ့အနေနဲ့ စစ်တပ်ကို ဒရုန်းအလုပ်ရုံဆွေးနွေးပွဲကနေပိတ်ပင်ခြင်းနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးဖို့ တိုက်တွန်းထားပါတယ်။
"အာဆီယံဒေသဆိုင်ရာဖိုရမ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို တရားဝင်မှု၊ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီ တွေလက်လှမ်းမှီ ရရှိနေမှုတွေကို ဖြတ်တောက်ဖို့အတွက် ခိုင်မာအားကောင်းတဲ့ အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရေး ပူးပေါင်းညှိနှိုင်း ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်" လို့ မရတနာမောင်ကအကြံပြုထားပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ၂၀၂၅ မှာ အရပ်သားသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး အဲဒီ့နှစ်မှာလေကြောင်းတိုက်ခိုက်မှု တွေကြောင့် ကလေး ၂၃၂ ဦး အပါအဝင် အနည်းဆုံး လူ ၉၈၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ် ။ အဲဒီ့အရေအတွက်က ၂၀၂၄ နဲ့ နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်း တိုးမြင့်လာတာလို့ သိရပါတယ်။
ဒရုန်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး လွတ်လပ်သော စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၂၅ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း စစ်အုပ်စုရဲ့ ဒရုန်းတိုက်ခိုက်မှု ၅၇၀ ကျော်ရှိခဲ့ပြီး အဲဒီ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

👍23❤5🥴4🥰1🤬1🤣1🖕1
စစ်အုပ်စုက ထိန်းချုပ်မောင်းနှင်တဲ့ ဒရုန်းတွေကို စာသင်ကျောင်းတွေ ဘာသာရေးဝတ်ပြုရာ နေရာတွေ အပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို သေစေနိုင်တဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ JFM က ထောက်ပြထားပါတယ်။
စက်တင်ဘာ ၁၆ ရက်ကလည်း ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ် သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ ကလေးတစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ လက်လုပ်ဓာတုလက်နက်များ သယ်ဆောင်ပစ်ချဖို့အတွက်လည်း ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။
စစ်အုပ်စုက သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကို “အကြမ်းဖက်မှုတိုက်ဖျက်ရေး” လို့ လိမ်လည်ပုံဖော်ထားတာဖြစ်ပြီး ဒေသတွင်းထောက်ခံမှုရရှိဖို့ နဲ့ အာဆီယံရဲ့ ကာကွယ်ရေးနဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ်တွေကို အရင်ကတည်းက အသုံးချခဲ့တာဖြစ်တယ်လို့ JFM ကဆိုပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲမှာ စစ်တပ်ကို ပါဝင်စေတာက စစ်တပ်အပေါ် ဆန့်ကျင်တဲ့ မူဝါဒရပ်တည်ချက် တွေကိုချမှတ်ခဲ့တဲ့ အမေရိကန် နဲ့ ဩစတြေးလျ နိုင်ငံတွေရဲ့ ရပ်တည်ချက်တွေနဲ့ဆန့်ကျင်နေတယ်လို့ JFM ကထောက်ပြထားပါတယ်။
စင်ကာပူအပါအဝင် အလုပ်ရုံဆွေးနွေးပွဲရဲ့ ပူးတွဲစီစဉ်သူတွေက စစ်အုပ်စုရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှု တွေ အပါအဝင်အရပ်သား တွေအပေါ် တိုက်ခိုက်မှု တွေကို ပြစ်တင်ရှုတ်ချထားကြတာလည်းဖြစ်ပါတယ်။
ဒါကြောင့် အာဆီယံဒေသဆိုင်ရာဖိုရမ်အနေနဲ့ မောင်းသူမဲ့လေယာဉ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပါအဝင် အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုအားလုံးမှာ စစ်တပ်ကို ပိတ်ပင်ဖို့ ၊စစ်တပ်ဆီကို နည်းပညာ သို့မဟုတ် လုံခြုံရေးဆိုင်ရာ အသိပညာ၊ အချက်အလက် တွေ မျှဝေခြင်း မရှိစေဖို့ လုပ်ဆောင်ပေးဖို့ JFM ကတောင်းဆိုထားပါတယ်။

👍33❤6🥰1💩1🥴1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပေါ်တာဆွဲခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။ ရေဦးမြို့၊ အထက (၂)စာသင်ကျောင်းအတွင်းမှာ စစ်မှုထမ်းဖို့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူငယ်တွေဟာ စက်တင်ဘာ ၁၆ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင်က အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။ လက်ရှိ ထွက်ပြေးလွတ်မြောက်လာသူ ၁၂ဦးရှိပြီး တချို့ပျောက်နေသေးလို့ အတိအကျပြောမရသေးဘူးလို့ ရေဦးပကဖတာဝန်ရှိသူက ဆိုပါတယ်။ လွတ်မြောက်လာတဲ့ လူငယ်တွေကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးထားပါတယ်။ စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီး ထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့-MDSIက သတင်းထုတ်ပြန်ထားပါတယ်။
◾️မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တင်ပို့နိုင်ငံတွေ စာရင်းမှာ မြန်မာ ပါဝင်
မြန်မာအပါအဝင်နိုင်ငံပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတရဲ့ ညွှန်ကြားချက်အရ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ် တင်ပို့တဲ့နိုင်ငံတွေ စာရင်းကို သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစာရင်းထဲမှာတော့ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘီလီဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့ ပါဝင်နေပါတယ်။ ဒီစာရင်းကို သတ်မှတ်ရာမှာ အဲဒီနိုင်ငံရဲ့ အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်ရှိ ကြိုးပမ်းနေတာတွေ၊ ဒါမှမဟုတ် အမေရိကန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ထည့်သွင်း စဉ်းစားမထားကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အာဏာသိမ်း မြန်မာစစ်တပ်ဟာ မူးယစ်ဆေးဝါး အခြေပြု စီးပွားရေးကို ဖိနှိပ်ဖြိုခွင်းဖို့ ထင်ရှားမြင်သာတဲ့ အားထုတ်မှု နည်းနည်းလေးလောက်ပဲ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်က ယူဆထားပါတယ်။ အခုဆိုရင် မြန်မာဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်အများဆုံး နိုင်ငံဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးဝါး တင်ပို့မှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာနေတယ်လို့လည်းသိရပါတယ်။
◾️စစ်တပ်သင်္ဘော အစီး ၂၀နီးပါး ဖျက်ဆီးနိုင်တယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ရာ စက်တင်ဘာလအတွင်း သင်္ဘော အစီး ၂၀နီးပါး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၆ရက် မနေ့ ညပိုင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၁၆ရက် မနေ့က ရွှေကူကနေ ဗန်းမော်မြို့ကို ထပ်မံဆန်တက်လာတဲ့ သင်္ဘော ၃စီးထဲက ၁စီး တိုက်ခိုက်ခံရပြီး တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ အခြေအနေကို အသိပေးရင်း KIAက ဖျက်ဆီးနိုင်ခဲ့တဲ့ သင်္ဘောအရေအတွက်ကို ထုတ်ပြောလာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ KIA ပူးပေါင်းတပ်ဖျက်ဆီးနိုင်တဲ့ သင်္ဘောအရေအတွက်ဟာ ဩဂုတ် ၂၇ရက်က စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်လာချိန်ကစလို့ စက်တင်ဘာ ၁၆ရက်အထိ စစ်သင်္ဘော ထိခိုက်ပျက်စီးမှု စုစုပေါင်း ၂၅စီးထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ခိုက်ခံရပြီး ထိခိုက်သွားတဲ့ သင်္ဘောပေါ်က လက်အောက်ငယ်သားတွေက သူတို့ရဲ့ သင်္ဘောကို ထိန်းခေါ်သွားပေးဖို့ စစ်တပ်အရာရှိဆီ အသနားခံတဲ့ အသံဖိုင်ကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒီအသံဖိုင်ထဲမှာ သူတို့သင်္ဘောကမျောနေလို့ ထိန်းခေါ်သွားဖို့နဲ့ ကြိုးလေးတမျှင်နဲ့ ဒရွတ်တိုက်ဆွဲလာလို့ရကြောင်း တောင်းဆိုသံကို ကြားရပါတယ်။ စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရချိန် ခလရ(၂၃၇) တပ်ရင်းမှူးနဲ့ အင်အား ၇၀ ခန့်ပါ သင်္ဘောရေဝင်ချိန်မှာ တွဲကူအနေနဲ့ လိုက်ပါလာတဲ့ ခမရ(၃၂၀)တပ်ရင်းမှူး သင်္ဘောက ကြိုးဖြတ်ပြီး သင်္ဘောကို ချန်ခဲ့တာလို့ဆိုပါတယ်။
◾️ထွက်ပြေးပုန်းအောင်းနေတဲ့စစ်သားတွေကို KIA လိုက်လံရှင်းလင်းနေ

👍21❤4🖕2🔥1