People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😁19🖕10👍54💩3🔥1🤣1🫡1
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကိုပြည်နှင်လိုက်ဟုအာဏာသိမ်းစစ်တပ်ဆို

စက်တင်ဘာ-၁၇၊၂၀၂၆။People's Spring

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က စစ်တပ် ထိန်း
ချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham Myanmar)ရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတီလို ကိုစက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက နေပြည်တော် နိုင်ငံ
တကာ လေဆိပ်ကနေ ထွက်ခွာသွားတဲ့အ
ကြောင်း ဖော်ပြထားပါတယ်။

ကက်စ်တီလိုဟာAmCham Myanmarဖွဲ့စည်း
ပုံ စည်းမျဉ်းပါ ကန့်သတ် ညွှန်ကြားချက်တွေကိုဖောက်ဖျက်ခဲ့​ကြောင်စွပ်စွဲချက်နဲ့ဇွန်လတုန်းကရန်ကုန်မှာအမှုဖွင့်အရေးယူခံခဲ့ရတာပါ။ဒါပေမဲ့ ၃ လကျော် အကြာမှာတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အမေရိကန် နိုင်ငံသားကို နယ်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်တပ် အာဘော်သတင်းစာတွေကဆိုပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်မြင်
သံကြား ဌာနကလည်း ကက်စ်တီလိုဟာ အသင်းအဖွဲ့ဆိုင်ရာ ကန့်သတ်ညွှန်ကြားချက်တွေကို ချိုးဖောက်တာ၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာတွေအတွက် တရားစွဲဆို ခံရကြောင်း ဖော်ပြခဲ့ပေမယ့် သူ့ကို တရားရုံးတင် စစ်ဆေးတာမျိုး ရှိသလား၊ နယ်နှင်တဲ့အချိန်မှာစွပ်စွဲချက်တွေကိုပယ်ဖျက်ပေးခဲ့သလား ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်း
ခံနေရတဲ့ အမေရိကန် နိုင်ငံသားတွေ နေရပ်ပြန်ခွင့်ရအောင် ကူညီပေးတဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် Global Reach အဖွဲ့ဆီ ကက်စ်တီလိုရဲ့ မိသားစုက အကူအညီ တောင်းခံခဲ့ပြီးတဲ့နောက် အခုလိုမျိုး သူလွတ်မြောက်လာအောင် ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ်ကက်စတီလိုကို စစ်တပ် အာဏာပိုင်တွေက အမေရိကန် အစိုးရ တာ
ဝန်ရှိသူတွေဆီ လွှဲပေးခဲ့ပြီးထိုင်းနိုင်ငံ၊ ဘန်
ကောက်မြို့တော်ဆီထွက်ခွာစေခဲ့ပါတယ်။ အဲဒီကနေတဆင့် သူဟာ အမေရိကန်ကို ပြန်
သွားမှာပါ။

ကက်စတီလိုဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာဖို့ အထူးမျှော်လင့်ခဲ့သူ ဖြစ်သလို နှစ်တွေ အများကြီး နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအပေါ်လည်း လေးစားမှု ရှိတဲ့သူလို့ သူ့မိသားစုက ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့တုန်းက မလေးရှားကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ဆိုက်ရောက်လာချိန်မှာ သူ့ကို ရဲတွေက ဖမ်းဆီးခဲ့တာပါ။ အဲဒီတုန်းကတော့ စစ်တပ်ရဲ့ အာဏာပိုင်တွေက ကက်စတီလိုကို ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာကို အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

AmChamကတော့ ကက်စတီလိုဟာ ငွေကြေးဆိုင်ရာမသမာတဲ့၊မရိုးဖြောင့်တဲ့စီမံလုပ်
ဆောင်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပြီး ကာ
ယကံရှင်ကတော့ ငြင်းဆိုထားပါတယ်။

ကက်စတီလို အဖမ်းခံရမှုဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူရေးသားထားတဲ့ "Finding our Voice"စာအုပ်နဲ့လည်း ဆက်စပ်နိုင်ကြောင်းခန့်မှန်းမှုတွေ ရှိနေပါတယ်။အဲဒီစာအုပ်ထဲမှာတော့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာစစ်တပ်က ကျော
ထောက်နောက်ခံ ပေးထားတဲ့ စီးပွားရေးလုပ်
ငန်းတွေထက်ပြည်သူလူထုကိုပိုပြီးထိခိုက်စေကြောင်း
ထောက်ပြခဲ့ပါတယ်။နောက်ပြီးအာဏာသိမ်း
စစ်တပ်နဲ့ AmCham ခေါင်းဆောင်ပိုင်းတွေကိုလည်း ဝေဖန်ထားခဲ့ပါတယ်။

ပြီးတော့ ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေး အတိုက်
အခံ တစ်ဦးကို ပြည်တွင်းက ထွက်ခွာနိုင်စေဖို့ ကူညီခဲ့ပုံ အသေးစိတ်ကိုလည်း ဖော်ပြထားပါတယ်။ကက်စတီလိုဟာအဲဒီစာအုပ်မိတ်ဆက်
ပွဲအတွက် မလေးရှားကို သွားရောက်ခဲ့ပြီး မြန်
မာနိုင်ငံဆီပြန်လာချိန်မှာပဲအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား-AP

(Finding our voice စာအုပ်အ​ကြောင်း​ပြောကြား​နေတဲ့ အဒမ်ကတ်စတီလို(စကား​ပြော​နေသူ)ဓါတ်ပုံ-Adam Castillo)

#အဒမ်ကက်စတီလို #AmChamMyanmar
#အမေရိကန်လုပ်ငန်းရှင် #ပြင်နှင်
#peoplesspring #ludunwayoo
👍21😁74🔥3👎1👏1🖕1
👎15🔥5😁5👍3👏1🤣1
စစ်တွေမှာအထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးကိုလေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲ

စက်တင်ဘာ-၁၇၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီကျော်အချိန်ကနေ ဂျက်ဖိုက်တာ ၃ စီးနဲ့ မြောက်ဦးမြို့အနီး ဝန်းကျင်တွေကို ဗုံးပတ်ကြဲနေတာလို့ သိရပါတယ်။

“အခုထိ ကြဲနေတုန်း၊ တအုန်းအုန်းနဲ့။ အခု ဗုံးတွင်းထဲက ပြောနေတာပါ၊ ဘယ်နားတွေကျမှန်း မသိရသေးဘူး။ အ ပြင်ထွက်လို့လည်း မရသေး” လို့ မြောက်ဦးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက စက်တင်ဘာ ၁၇ရက်နေ့နေ့လယ် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်း ၇ နာရီကျော်နဲ့ ၉ နာရီကျော်အချိန်တို့မှာလည်း တိုက်ပွဲဖြစ်နေတဲ့ စစ်တွေမြို့ နယ်နဲ့အစပ် ပုဏ္ဏားကျွန်းမြို့နယ်ကွမ်းတောင်အပါအဝင် လူနေကျေးရွာတွေကို ဂျက်ဖိုက်တာ ၄ စီး၊ ထောက်ပိုလေ ယာဉ် Y 12 တစီးတို့နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

ဗုံးကြဲမှုကြောင့် လူနေအိမ်တွေအများအပြား ပျက်စီးခဲ့ပါတယ်။ဒါ​ပေမယ့် အရပ်သားထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရ သေးပါဘူး။

“ပုဏ္ဏားကျွန်းဘက်ကရွာတွေမှာအိမ် အ
ကောင်းတွေတောင်မကျန်တော့ဘူး။နေ့တိုင်းလိုလို လာကြဲ နေတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်း
ကျင်၊ စစ်တွေမြို့နယ် ဝါဘို ကျွန်း မြစ်နားရွာဝန်းကျင်၊ စစ်တွေမြို့နယ် အမြင့်ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ အာရ က္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲတပတ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးသူ နှစ်ရာကျော်ထိ ရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ အစပ် ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေစဉ်နီးပါး ပစ်ခတ်၊ ဗုံးကြဲနေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာ
၁၃ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား တောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြငစက်တင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် သက် ကြီးအမျိုးသမီးသေဆုံးခဲ့ရပါတယ်။


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်တွေတိုက်ပွဲ #ပုဏ္ဏားကျွန်းလေကြောင်းတိုက်ခိုက်မှု #မြောက်ဦးလေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု #ရခိုင်စစ်ရေး #မြန်မာ့စစ်ရေးသတင်း #SittweConflict #PonnagyunAirstrikes #MraukUAirstrikes #JuntaAirstrikes #RakhineConflict #MyanmarConflict #MyanmarNews
🤬34😢54👍2👎1👏1🎉1
Media is too big
VIEW IN TELEGRAM
😢27🤬7🖕43🔥2👎1👏1🎉1
မုံရွာမှာ အိမ်ခြံမြေပွဲစားတစ်ဦး ဓါးနဲ့ခုတ်သတ်ခံရ

စက်တင်ဘာ ၁၇၊၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ်၊ အင်ရွာသစ်နေ အိမ်ခြံမြေပွဲစား ‌ဦးမောင်ဦးနဲ့အဖော်ဖြစ်သူတစ်ဦးတို့ကို အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦးက သုံးဘီးယာဥ်နဲ့ အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

၎င်းအဖွဲ့ဟာ အောင်တော်မှုကျောင်းအနီးသို့ ရောက်ရှိချိန်မှာ မြေပွဲစား ဦးမောင်ဦးကို ဓားနဲ့ ၅ ချက်ခန့် ခုတ်သတ်ခဲ့ပြီး ၎င်းနှင့်အတူ ပါလာတဲ့ အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"အိမ်ကြည့်ချင်တယ်ဆိုပြီး လာခေါ်သွားတာပြောတယ်။ မုံရွာမှာက ရိုးနေပြီဒါမျိုးတွေက"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေရဲ့ အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း ငွေကြေးချမ်းသာသူတွေကို ပြန်ပေးဆွဲငွေညှစ်တာ၊ ဓါးပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း ဖမ်းဆီးအရေးယူတာမျိုး မရှိဘဲ လူငယ်တွေကိုသာ စစ်မှုထမ်းဖို့ ပေါ်တာပတ်ဆွဲနေကြောင်း မြို့ခံတွေက ပြောပါတယ်။
🤬2510👍6👎2🔥1🤣1
🔥11👍8🖕1
KIA စစ်ရေးဦးဆောင်ခဲ့တဲ့ အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းမှု ၅နှစ်အတွင်း စစ်ကောင်စီတပ်သား သောင်းချီချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးပြော

စက်တင်ဘာ ၁၇၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

အမှတ် (၁) စစ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ဦးဆောင်ပြီး ၂၀၂၁ စက်တင်ဘာ ၁၇ရက်က တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အမှတ်(၁) စစ်ဒေသမှုးအဖြစ် သူကွယ်လွန်ခဲ့ချိန် ၂၀၂၄ မေလအထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အမှတ် (၁) စစ်ဒေသအား ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C)ရဲ့ ကွပ်ကဲမှုဖြင့် PDF တိုင်းတာဝန်ခံများ ဦးစီးတဲ့စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ပါဝင် ဖွဲ့စည်းထားတာပါ။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်(၁) စစ်ဒေသ ၅နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့တဲ့ သ၀င်္ဏလွှာမှာ အမှတ် (၁) စစ်ဒေသ ဖွဲ့စည်းမှု (၅) နှစ်တာကာလအတွင်း မဟာမိတ်တပ်ဖွဲ့များနဲ့အတူ လက်တွဲပြီး မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ရေးအောင်ပွဲများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီး ကြီးမားကျယ်ပြန့်တဲ့ လွတ်မြောက်နယ်မြေ ပေါ်ပေါက်လာစေရန် စွမ်းဆောင် နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

“အဆိုပါကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍ ချေမှုန်းနိုင်ခဲ့သလို ထောင်နှင့်ချီ၍ ဒဏ်ရာရရှိအောင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နိုင်ခဲ့ပါသည်” လို့လည်း NUG ကာကွယ်ရေးရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အမှတ် (၁) စစ်ဒေသ တပ်ဖွဲ့ဝင် ရာပေါင်းများစွာရဲ့ အသက်နဲ့ ကိုယ်အင်္ဂါများ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုအပေါ် လေးလေး နက်နက် ဦးညွှတ်အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း သဝဏ်လွှာပေးပို့ပါတယ်။

စစ်ရေးအောင်ပွဲများအပြင် ကျယ်ပြန့်တဲ့ လွတ်မြောက်ဒေသ ပေါ်ထွန်းလာစေရေး စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမှတ် (၁) စစ်ဒေသမှူးအဖြစ် တာဝန်ယူကွပ်ကဲခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း (ကွယ်လွန်) အား NUGက ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

အမှတ် (၁) စစ်ဒေသအနေနဲ့ ရန်သူချေမှုန်းရေးနဲ့ လွတ်မြောက်ဒေသ ထူထောင်ရေးတို့တွင် ထူးချွန်ပြောင်မြောက်တဲ့ စွမ်းရည်ကို သက်သေပြခဲ့ပြီးဖြစ်ရာ နောင်လာမည့်နှစ်များတွင် အောင်ပွဲများ ဆက်လက်ရယူပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး တော်လှန်ရေးပန်းတိုင်အရောက် ချီတက်နိုင်ပါစေလို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာ ပေးပို့ပါတယ်။

NUG ယာယီသမ္မတရဲ့ သဝဏ်လွှာမှာလည်း (၅) နှစ်တာကာလအတွင်း အမှတ် (၁) စစ်ဒေသအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ် ခဲ့ရပြီး ပထမဦးဆုံး စစ်ဒေသမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်းလွမ်း တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့တာဟာ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှု ဖြစ်ကြောင်း ဖော်ပြက အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များကို ဦးညွတ်ကြောင်း ပြောကြားပါတယ်။

" ရှေ့ဆက်ကာလတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ရှိနိုင်သဖြင့် အခက်အခဲများကို သည်းခံကျော်ဖြတ်နိုင်သည့် စိတ်ဓာတ်၊ အချင်းချင်းယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဆက်လက်ခိုင်မာဖို့ လိုအပ်ပါသည်။ ထို့အပြင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် စစ်ရေးဆိုင်ရာ စွမ်းရည်များကို အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ကာ လိုက်လျောညီထွေ ပြင်ဆင်နိုင်ရန် လိုအပ်ပါသည်။ အထူး သဖြင့် ဒရုန်းနှင့် ခေတ်မီနည်းပညာများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား၍ သက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် ရေရှည်အမြင်ဖြင့် စွမ်းရည်မြှင့်တင်ရေးနှင့် စနစ်တကျ စီမံကိန်းရေးဆွဲ ရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုပါသည်” ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် NUG အနေနဲ့လည်း တော်လှန်ရေးရဲ့ ရေရှည်လိုအပ်ချက်တွေနဲပ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေ တက်စွမ်းနိုင်သမျှ ဆက်လက်ပံ့ပိုးပေးမယ်လို့ အသိပေးပါတယ်။

ရှေ့ဆက်တာဝန်ထမ်းရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေး များကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်ကြဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံရေးကို မိမိတို့ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ တန်ဖိုးထား ကာ ကာကွယ်စောင့်ရှောက်ကြဖို့ ယာယီသမ္မတက မှာကြားပါတယ်။

ဒါ့အပြင် လေးစားထိုက်သော အနာဂတ်တပ်မတော်ကို တည်ဆောက်နေကြတဲ့အလျောက် စည်းကမ်း လိုက်နာမှု၊ အမိန့်နာခံမှုနဲ့ တာဝန်သိစိတ်တို့ကို စံပြဖြစ်အောင် ကျင့်သုံးကြဖို့ မှာကြားပါတယ်။
26👍13🥰4👏4💩2🖕2🤣1
တိုက်ရည်ခိုက်ရည်၊ စွမ်းရည်နဲ့ ကျွမ်းကျင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာအောင် အမြဲလုံ့လဝီရိယစိုက်ထုတ်ကြိုးပမ်းလေ့ကျင့်ကြဖို့ ယာယီသမ္မတက ပြောကြားခဲ့သလို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာ၊ စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းဆိုင်ရာ စွမ်းရည်များကို အမြဲမပြတ် လေ့လာမြှင့်တင်ပြီး ရေရှည်အတွက် လိုအပ်သည့် စွမ်းရည်များကို တည်ဆောက်ကြဖို့ ပြောပါတယ်။

ဒါ့အပြင် အသက်၊ ခန္ဓာကိုယ်နဲ့ အချိန်များကို ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုကို အမြဲအမှတ်ရလျက် မိမိတို့၏ တာဝန်များကို ပိုမိုတန်ဖိုးရှိစွာ ဆက်လက်ထမ်းဆောင်ကြဖို့ ယာယီသမ္မတက ပြောကြားပါတယ်။
31👍12🥰4💩3👏2😁1🤣1🖕1
(အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - အမှတ်-၁ စစ်ဒေသ)
40👍10🥰3🔥2😁2🤮1💩1🤣1🖕1
မန္တလေးနန်းတွင်းမှာချုပ်ထားတဲ့ ပေါ်တာဆွဲခံထားရသူတွေကို ပုသိမ်ကြီးက စစ်မှုထမ်းသင်တန်းပို့

စက်တင်ဘာ-၁၇၊၂၀၂၆၊ရှိန်း/ People's Spring

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

စစ်မှုထမ်းဖို့ဖမ်းဆီးပေါ်တာဆွဲထားတဲ့ လူငယ်တွေကို မန္တလေးနန်းတွင်းမှာ ၁လချုပ်ထားခဲ့ပြီး ထွက်ပြေး ဖို့ကြိုးစားသူတွေကို ထိပ်တုံးခတ်ထားခဲ့တာလို့ သိရပါတယ်။

အဲဒီလူငယ်တွေကို စက်တင်ဘာ ၁၆ရက် ညနေ ၆နာရီ ကျော်မှာ ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃) လက် အောက်ခံ ခလရ (၁၁၆)နဲ့ခလရ(၁၁၉)တပ်ရင်းက စစ်မှုထမ်းသင်တန်းကိုပို့လိုက်တယ်လို့ သိရပါတယ်။

"အပတ်စဉ်(၂၈)အတွက် ဖြစ်မယ်ထင်တယ်။လူငယ်၅၀ လောက်ရှိတယ်။ဖောကား၂စီးနဲ့ မနေ့ညနေကပို့လိုက်တယ်။လူပျောက်ရှာချင်ရင် သင်တန်းမှာ စုံစမ်းလို့ရပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း နန်းတွင်းထဲကနေ ကား၂စီး ပုသိမ်ကြီးမြို့ဘက်ကို ပို့ထားတာရှိပြီး ယခုထပ်မံပို့လိုက်တာလို့ သိရပါတယ်။

ယခင်က စစ်မှုထမ်းပေါ်တာဆွဲခံထားကရသူတွေဟာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှာ ချုပ်ထားပြီးမှသာ နန်းတွင်းထဲကို ယာယီပို့ကာ စစ်သင်တန်းကို တဆင့်ပြန်ပို့ခဲ့တာလို့ သိရပါတယ်။

ယခုနောက်ပိုင်း ပေါ်တာဆွဲသူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းကို တခါတည်းပို့ရပြီး ၁လခန့်ချုပ် နှောင်ခံရပြီးမှသာ စစ်သင်တန်းပို့တာလို့ သိရပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းမှာ မန္တလေးမြို့မှာ ရပ်ကွက်တိုင်း စစ်မှုထမ်းမဲစာရင်းနှိုက်ဖို့လိုက် အော်နေတယ်လို့ သိရပါတယ်။
🤬347👎3🤮2👍1🔥1👏1
(စစ်မှုထမ်းယာယီအခန်းတစ်ခုက သင်တန်းသားအသစ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
🤬30👎113🤮2🔥1🥰1🤣1
ထွက်ပြေးစစ်သုံ့ပန်းတွေမှာ လက်နက်ပါသွားလို့ ဒေသလေးခုသို့ သွားလာတာ၊ အပြင်ထွက်တာ ခဏ ရှောင်ဖို့ PDF ဇိုလန်း ထုတ်ပြန်

စက်တင်ဘာ ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

PDF ဇိုလဲန်း ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ လောက်ဟာ စက်တင်ဘာ ၁၃ရက်ညနေမှာ ကင်းစောင့်တွေကို တိုက်ခိုက်ပြီး လက်နက်အချို့နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။

အဲဒီလိုထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ZFU/PDF Zoland က လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ အသိပေးပါတယ်။

ဒေသခံတွေ အနေနဲ့ မိမိပတ်ဝန်းကျင် အနီးအနားမှ မသင်္ကာဖွယ်ရာ သူစိမ်းများ သိုမဟုတ် ဧည့်သည်များ တွေ့ရှိပါက PDF Zoland (Official page) သို့ သတင်းပေးပို့ဖို့လည်း ထုတ်ပြန်ချက်မှာ
ဖော်ပြပါတယ်။

ချင်းသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ထွက်ပြေး စစါသုံ့ပန်းတွေထဲက ထက်ဝက်ခန့်က စစ်တပ်ထံ ရောက်ရှိသွားပြီး သုံ့ပန်း ၂၀ဦးလောက်ကိုတော့ PDF ဇိုလဲန်းက ဖမ်းမိထားတယ်လို့ဆိုပါတယ်။PDF ဇိုလဲန်းရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းမိတာရှိမရှိနဲ့ စစ်တပ်ထံ ပြန်ရောက်သွားတာရှိမရှိ အခြေအနေတွေ ဖော်ပြမထားပါဘူး။

အဲဒီ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး PDF ဇိုလဲန်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

PDF ဇိုလဲန်း တပ်ဖွဲ့ဟာ တီးတိန်မြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပါတယ်။ အခု ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ တီးတိန်မြို့နယ် ကနေဒီတောင်တိုက်ပွဲ တွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေဖြစ်နိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။
🔥1513👍8😁4🤬2🥰1🤣1🖕1
(ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ဖမ်းမိထားသောစစ်သုံ့ပန်းဖိုင်)
😁18👍10🔥6👏2👎1🤣1
■​ဆောင်းပါး

အမေရိကန်​၏Blacklist စာရင်းထဲထပ်မံဝင်ရောက်ခဲ့တဲ့မြန်မာနဲ့မူးယစ်ဆေးဝါးပြဿနာ

- သီဟံ ရေးသားသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာ
နိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်
ပါတယ်။

ဒီထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာကမ္ဘာ့တ
ရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှု ကွန်ရက်ရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ပြန်လည် ရပ်တည်လာနေပြီဆိုတာကို ကမ္ဘာ့အဆင့်မှာ မီးမောင်းထိုးပြလိုက်တာဖြစ်ပြီး စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပျက်ကွက်မှုကိုလည်းအထင်အရှား သက်
သေပြလိုက်တာပါ။

အိမ်ဖြူတော်ရဲ့ ၂၀၂၆ခုနှစ်၊စက်တင်ဘာ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၇ ဘဏ္ဍာရေး
နှစ်အတွက် "အဓိက မူးယစ်ဆေးဝါး ထုတ်
လုပ်ရာနှင့် သယ်ယူပို့ဆောင်ရာ နိုင်ငံများ" စာရင်းကို သမ္မတ ဒေါ်နယ်ထရန့်ကအတည်
ပြု သတ်မှတ်ခဲ့ပါတယ်။ ဒီစာရင်းဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် မူးယစ်ဆေး
ဝါးတွေ အဓိက ဝင်ရောက်လာတဲ့ မူလထုတ်
လုပ်ရာ ဒါမှမဟုတ် ဖြတ်သန်းသယ်ယူရာ နိုင်ငံတွေကို နှစ်စဉ် သတ်မှတ်ထုတ်ပြန်တဲ့ စာရင်းဖြစ်ပါတယ်။

ဒီနှစ်မှာနိုင်ငံပေါင်း၂၃ နိုင်ငံပါဝင်ခဲ့ပြီးအဲဒီထဲကအာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့ကိုတော့ လွန်ခဲ့တဲ့ ၁၂ လအ
တွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာတာဝန်ဝတ္တရားတွေကို လုံလောက်တဲ့ အားထုတ်မှုမရှိခဲ့တဲ့ နိုင်ငံတွေအဖြစ် သီး
ခြား ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရကလည်း ဒီနိုင်ငံတွေဟာ တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ ထုတ်လုပ်မှု၊ မှောင်ခိုကူးသန်းမှုတွေကြောင့် အမေရိကန်နဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ထောက်ပြထားပြီးမူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကိုပိုမိုထိရောက်စွာ နှိမ်နင်းဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအခုလိုထပ်မံသတ်မှတ်ခံရတာဟာ တစ်နှစ်အတွင်းမှဖြစ်ပေါ်လာတဲ့ ပြဿ
နာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လုံခြုံရေး ယိုယွင်းလာတာ၊ အထူးသဖြင့် စစ်အာဏာရှင်လက်
အောက်ခံ ဒါမှမဟုတ် ၎င်းတို့နဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အချို့ထိန်းချုပ်ထားတဲ့ နယ်စပ် ဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်
လုပ်မှုနဲ့ မှောင်ခိုကူးသန်းမှုတွေကလည်း ပြန်
လည် အားကောင်းလာခဲ့ပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာတွေမှာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ယူပို့
ဆောင်ရေးလမ်းကြောင်းတွေနဲ့ အခွန်ကောက်ခံမှုစနစ်တွေမှာ ဒီလက်နက်ကိုင်အဖွဲ့ အချို့ ပါဝင်ပတ်သက်နေမှုကို ဖော်ပြထားပါတယ်။

UNODC ရဲ့ အဆိုအရ မြန်မာဟာ ကမ္ဘာမှာ တ
ရားမဝင် ဘိန်းအများဆုံး ထွက်ရှိတဲ့ နိုင်ငံပြန်ဖြစ်လာပြီး စိုက်ပျိုးမှု အများစုက အရှေ့ပိုင်း ရှမ်းပြည်နယ် ဖြစ်ပါတယ်။

ဘိန်းစေးတင်မကဘဲ မက်သာဖက်တမင်းလို့ ခေါ်တဲ့ ယာဘနဲ့ အိုက်စ် ထုတ်လုပ်မှုတွေကလည်း မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာဆက်
တိုက် ကျယ်ပြန့်လာပါတယ်။ ဒီမူးယစ်ဆေး
ဝါးတွေကို ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းအများစုဟာ တရုတ်-မြန်မာနဲ့ ထိုင်း-မြန်မာ နယ်စပ် တောတောင်ဒေသတွေမှာ တည်ရှိနေပြီး ဖြန့်
ချိရေးနဲ့ မှောင်ခိုကူးသန်းရေး ကွန်ရက်တွေကတော့ နယ်စပ်မျဉ်းတွေကို ကျော်လွန်ပြီး ဒေသတွင်းနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာအဆင့်အထိ ပျံ့နှံ့နေကြပါတယ်။

ဒါကြောင့်ထရမ့်ရဲ့ယခုထုတ်ပြန်ချက်က မြန်
မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်းနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ပိုမိုကြီးထွား လာနေကြောင်းကို ဖော်ပြလိုက်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တ
ရားဥပဒေစိုးမိုးရေးဆိုင်ရာ အရေးပါတဲ့ သတ်
မှတ်ချက်တစ်ရပ်ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့အနက်ရောင်စာရင်း
(Blacklist)သတ်မှတ်ချက်က ထင်ရှားစွာ မီးမောင်းထိုးပြ နေတာကတော့ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ထိရောက်မှုမရှိဘူးဆိုတာပါဘဲ။ ပိုမိုစိုးရိမ်ဖွယ်ကောင်းတာကတော့ စစ်အုပ်စုဟာ မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်မယ့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေခြင်းထက်၊ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးနဲ့ ဘဏ္ဍာရေး အကျိုးအမြတ်အတွက် ဒီမှောင်ခိုကွန်ရက်တွေနဲ့ အကျိုးစီးပွားဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဲဒီလို အကျိုးအမြတ်ရရှိနေတဲ့ ကွန်ရက်တွေကို ထိန်းချုပ်ထားသူတွေ သို့မဟုတ် ပါ
ဝင်ပတ်သက် နေသူတွေ အာဏာဆက်လက်ရှိနေသရွေ့ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ကနေဖြေရှင်းပပျောက်ဖို့မလွယ်ကူနိုင်ပါဘူး။ ဒီပြဿနာဟာမြန်မာပြည်သူတွေရဲ့လူမှုဘဝ
နဲ့ အနာဂတ်ကိုသာထိခိုက်စေတာမဟုတ်ဘဲ
၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်တွေကတစ်ဆင့် ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံများ အထိ သက်ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ ။

ကိုးကား-
• The White House
• United Nations Office on Drugs and Crime (UNODC) Myanmar Opium Survey
• International Crisis Group (ICG)
👍1813🔥2🤣2🥰1🖕1
👍23🔥31🥰1🤣1🖕1
တမူးမြို့ စစ်ရေးသတိရှိဖို့ သတိပေး

စက်တင်ဘာ-၁၇၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်လာနိုင်ကြောင်း ဒီ‌နေ့ စက်တင်ဘာ ၁၇ရက်မှာ သတိပေးတာဖြစ်ပါတယ်။

တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးအပြင် မြို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းများ အသုံးပြုသွားလာရာမှာ အထူးသတိပြုကြဖို့နဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ချိတ်ဆက်တာ၊ စစ်ကောင်စီရဲ့ပစ္စည်းတွေ သယ်ယူပေးတာ၊ ပူးပေါင်းဆောင်ရွက်ထားမလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

ဒေသတွင်းမှာရှိနေသူအားလုံး သတိဝိရိယနဲ့ သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားပြီး လိုက်နာမှုမရှိလို့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တမူးခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က လူမှုကွန်ရက်ကတဆင့် သတိပေးထားကြပါတယ်။

တမူးခရိုင်ထဲမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပြီး စစ်ကောင်စီက တမူးမြို့ပေါ်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ပါတယ်။ ခါမ်းပတ်မြို့ကို တော်လှန် ရေးတပ် တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ PDF တွေ ပထအဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကစပြီး ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်‌ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ မြို့သစ်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ မေလမှာ သိမ်းယူခဲ့ပါတယ်။ တမူးမြို့ကိုလည်း စစ်ကောင်စီက မြို့ထဲကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကလေး-ခါမ်းပတ်- တမူးလမ်းအတိုင်း စစ်ကောင်စီစစ်ကြောင်းတွေဝင်လာပြီး ခါမ်းပတ်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကို တော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။
21👍13🔥1🥰1🤣1🖕1
👍226🥰5🔥1🤮1🖕1