People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မျှော်လင့်နေတာ အောင်မြင်သွားရင် ဇာတ်ကားအပြီးမှာ ဝမ်းသာရမယ်လို့ ထင်ခဲ့ရတာ ဒီကားမှာတော့ မဟုတ်ဘူးဖြစ်သွားပါတယ်။ ကင်မရာက ရာဇီယာကနေ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးဆီ ချက်ချင်းလှည့်သွားတယ်။ ပရိဿတ်က ရွှေငါးဖန်ချိုင့်လေးကိုင်ပြီး ပြေးသွားတဲ့ ရာဇီယာနောက် ကို ပြေးလိုက်သွားရမှာလား၊ ရောင်းမကုန်လို့ကျန်နေသေးတဲ့ ပူဖောင်းအဖြူရောင်လေး
ကိုင်ပြီး လမ်းပေါ်မှာ တယောက်ထဲ ကျန်ခဲ့တဲ့ ပူဖောင်းသည်ကလေးနားမှာပဲ ရပ်ကျန်ပေးခဲ့ရမှာလား။ အဲဒီကင်မရာ ရွှေ့ပြောင်းလိုက်တာဟာ ဇာတ်လမ်းရဲ့ အဓိကအချက်ပါ။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု ပြည့်စုံသွားတဲ့အချိန်မှာ အခြားသူတစ်ယောက်ရဲ့ မပြည့်စုံသေးတဲ့ဘဝကို ငါတို့ မြင်နိုင်ကြပါရဲ့လား။ "အခု ကြည့်နေတဲ့ ကလေးမလေးရဲ့ ဇာတ်လမ်း ပြီးသွားပြီ။ ဒါပေမယ့် ဒီ တဟီရန်မြို့ထဲမှာ အ
ခြားကလေးတွေရဲ့ ဇာတ်လမ်းတွေက ဆက်ရှိနေတုန်းပဲ။” ဒါဟာ ပရိဿတ်‌တွေကို ပနာဟီပြောချင်တဲ့ message။

ဒီကွာခြားမှုက ပရိသတ်ကို စိတ်မကောင်းဖြစ်စေပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာလို့ပဲ မြင်လိုက်ရင် တဝက်ပဲ မှန်မှာပါ။ တစ်ဖက်မှာတော့ အဲဒီကလေးဟာ ရာဇီယာတို့ကို ကူညီပေးနိုင်ခဲ့တယ်။ သူ့မှာလည်း ကြင်နာမှုနဲ့ လူသားဆန်မှု ရှိနေပါတယ်။ဒါကြောင့် အဆုံး
သတ်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ပြသပေမယ့် လူသားတွေရဲ့ ကြင်နာနိုင်စွမ်းကို လုံးဝပျောက်ကွယ်သွားအောင် မလုပ်ထားပါဘူး။ လူသားတွေရဲ့ ကြင်နာနိုင်စွမ်းဟာ ချမ်းသာမှ၊ အဆင်ပြေမှ ရလာတာမဟုတ်ဘဲ ကိုယ်တိုင်ဒုက္ခရှိနေချိန်မှာတောင် ပေါ်ထွက်နိုင်တယ် ဆိုတာကို ပနာဟီပြခဲ့တယ်။မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင်က ခက်ခဲ ဒုက္ခတွေကြားထဲမှာ၊ ကိုယ်လည်းမပြည့်စုံပေမယ့် သူ့အတွက် တခုခု လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်တွေဟာ ပနာဟီပြသွားတဲ့အတိုင်းပဲ မဟုတ်လား။ မြန်မာလူမှုဘဝ မှာလည်း “ဒုက္ခထဲက ကြင်နာမှု” ရှိနေတာပဲ မဟုတ်လား။

ရိုးရှင်းမှုထဲကနေ လူသားဆန်မှုကို ထုတ်ဖော်ပြသနိုင်ခြင်း က ဒီကားရဲ့ အကောင်းဆုံးပါ။ အဆုံးသတ်ရဲ့ အလှတရားက ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်ကို တစ်ပြိုင်နက်တည်း ထားပေးထားခြင်းပါပဲ။ ။
💩9👍62🖕2🔥1💔1
💩104🖕2
ရန်ကုန်မြို့လယ်မှာ မီးလောင်မှုဖြစ်

စက်တင်ဘာ-၁၇၊၂၀၂၆။ရောင်နီ၊သုည/People's Spring

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်က တိုက်ခန်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး ၁နာရီ နီးပါးမီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့ (စက်တင်ဘာ ၁၇) မနက် ၈နာရီကျော်က ‌မဟာဗန္ဓုလ ပန်းခြံလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ တိုက်ခန်း အပေါ်ထပ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး Level 1 အဆင့် မီးငြှိမ်းသတ်ယာဉ်တွေနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုအကြောင်းနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က သီးသန့်ထုတ်ပြန်ထားတာမရှိပါဘူး။

"ကိုမင်းဖုန်းဆိုင်တို့ ကြက်ကြော်ဆိုင်တို့ ရှိတဲ့ တိုက်ခန်းအပေါ်ထပ်မှာ လောင်တာပါ။ မီးက များတယ် ထင်တယ် မီးခိုးတွေကို ပုစွန်တောင်ဘက်က လူတွေတောင် လှမ်းမြင်ရတယ်။ ၈ နာရီကျော်က စလောင်တာ နာရီဝက်နီးပါးလောက်ကြာမှ မီးငြိမ်းတယ်။ လူထိခိုက်တာ မရှိဘူးလို့ ကြားတယ်။ အောက်က တိုက်ခန်းအချို့တော့ ထိခိုက်ပျက်ဆီးတာ ရှိပါတယ်။ ဟိုရက်က စမ်းချောင်းမှာ မီး​လောင်တာ လူသေထားတော့ မီးဆိုတာနဲ့ လန့်​နေကြတယ်"လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ညပိုင်းက စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းရှိ Bar 4U မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။
11👍8🔥4👎1
ဓာတ်ပုံ - CJ
11😱8👍2👎1🔥1😢1
အင်အားလိုအပ်ချက်ကြောင့် စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းအချို့ ထပ်တိုးဖွင့်

​စက်တင်ဘာ-၁၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအနှံ့ တန်ပြန် ထိုးစစ်တွေမှာ ထိခိုက်ကျဆုံးမှု များပြားနေတာ​တွေနဲ့ စစ်မြေပြင်မှာ လူသားဒိုင်းတိုက်ခိုက်ရေးအင်အား လိုအပ်ချက် မြင့်မားနေတာတွေကြောင့် ပေါ်တာဆွဲကာ စစ်မှုထမ်းသင်တန်းတွေကို ဆက်လက်စုဆောင်းဖွင့်လှစ်နေမည်ဟု သုံးသပ်ရကြောင်း၊ လက်ရှိ စစ်မှုထမ်း အမှတ်စဉ် (၂၇)ကစတင်ကာ ကလေးမြို့အခြေစိုက်တန်းမြင့်သင်တန်းကျောင်း တတက (၁၀)နဲ့ သပိတ်ကျင်းမြို့နယ်အခြေစိုက် တတက (၁၃) တို့မှာသင်တန်းသားတွေ ပြန်လည်လက်ခံဖွင့်လှစ်နေကြောင်း MDSI က အသိပေးပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းတွေအတွက် တစ်နိုင်ငံလုံးမှာ သင်တန်းကျောင်း ၂၇ ခုအထိ ရှိတဲ့အနက် လက်ရှိ သင်တန်းကျောင်း ၂၄ ခုမှာ ပုံမှန်လက်ခံလေ့ကျင့်ပေးနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်မှုထမ်းသင်တန်းကျောင်းတွေ တိုးဖွင့်လာတာက လက်ရှိစစ်တပ်မှာ လူအင်အားလိုအပ်ချက် မြင့်မားလာတဲ့အတွက် စစ်မှုထမ်းခေါ်ယူမှုကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း မန္တလေးမြို့ မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

"သင်တန်းကျောင်းတိုးလာတာကို အဆောက်အဦးတိုးချဲ့တာလို့ပဲ မြင်လို့မရပါဘူး။ အဓိက လူအင်အားပိုမိုစုဆောင်းနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိတည်ဆောက်နေကြတာပါ။ ဒါကြောင့် ရှေ့လျှောက် ပေါ်တာဆွဲတာတွေ စစ်မှုထမ်းခေါ်ယူမှုတွေ ပိုဆိုးလာပါလိမ့်မယ်။ ဟိုးအရင်က ပေါ်တာဆွဲရင် ငွေပေးပီးရွေးလို့ရတယ်ပေါ့နော်။ ခုနောက်ပိုင်း စစ်တပ်အသိုင်းဝိုင်းနဲ့ ဘောမကလွဲရင် သာမန်ပြည်သူတွေပေါ်တာဆွဲခံရရင် လုံးဝငွေပေးလို့မရဘဲ စုဆောင်းရေးထဲတခါတည်းဆွဲသွားတာပိုများလာတယ်"လို့ ပြောပါတယ်။

စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ သင်တန်းသားတွေကို ပစ်ခတ်ဖမ်းဆီးတာ၊ ပြန်လည်ဖမ်းမိသူတွေကို အပြင်းအထန် နှိပ်စက်ရိုက်နှက်တာတွေကြောင့် အသက်သေဆုံးမှုတွေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုတွေ၊ လစာငွေကြေး ဖြတ်တောက်ခေါင်းပုံဖြတ်တာတွစတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေ ရှိနေတယ်လို့ MDSI က ထောက်ပြပါတယ်။

စစ်မှုထမ်းသင်တန်းသား လိုအပ်ချက်ကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ လူငယ်လူရွယ် နေ့စဉ်သွားလာနေထိုင်မှုတွေကို စောင့်ကြည့်ပြီး ပစ်မှတ်ထား ဖမ်းဆီးစုဆောင်းတာတွေ၊ တောနယ်မြို့ရွာအနှံ့ နေအိမ်ပေါ်အထိ ဝင်ရောက်ဖမ်းဆီးတာတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေကြောင်း MDSI က အသိပေးပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအင်အား ပြည့်မီရေး အထက် ဌာနတွေရဲ့ ဖိအားပေးမှုနဲ့ အောက်ခြေအဆင့်ဆင့် လူအရောင်းအဝယ် အကျိုးအမြတ်တွေကြောင့် အဖွဲ့ပေါင်းစုံပါဝင်တဲ့စစ်မှုထမ်းလူမှောင်ခိုဂိုဏ်းတွေ ပေါ်ပေါက်လာနေကြောင်း၊ တချိန်တည်းမှာပင် ပေါ်တာဆွဲစစ်မှုထမ်းစာရင်း အချက်အလက် တွေ မှတ်တမ်းရေးသွင်းပြုစုပြီး ခွဲတမ်းစနစ် ဖမ်းဆီးစုဆောင်းတာကို ပေါင်းစပ်လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပေါ်တာဆွဲစစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးဖော်ဆောင်မည်ဟု ပြောဆိုထားကြောင်း MDSI ထုတ်ပြန်ချ​က်မှာ ရေးသားထားပါတယ်။

စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းရေးဖြစ်တဲ့ ပစ အစီအစဉ်ကို တိုက်ဖျက်ရေးဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းတရပ်ဖြစ်ပြီး ပြည်သူတွေနဲ့အရွယ်ရောက်ပြီး လူငယ်တွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
12👎10💩6🤬5👏3👍1🤮1
(စစ်မှုထမ်း အပတ်စဥ် ၂၈ ဖွင့်ပွဲတစ်ခုအား တွေ့ရစဥ် ဓါတ်ပုံံ-စကစ)
🖕20👎11🤬4🫡2👏1🤮1
ရေဦးမှာ ပေါ်တာဆွဲခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်

စက်တင်ဘာ ၁၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေဦးမြို့၊ အထက (၂)စာသင်ကျောင်းအတွင်းမှာ စစ်မှုထမ်းဖို့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူငယ်တွေဟာ စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခန့်က အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ကြောင်း ရေဦးပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"အခုထိတော့ ၁၂ ယောက်။ လူတချို့ပျောက်နေသေးလို့ သတင်းအတိကျမရေးနိုင်သေးပါဘူး"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရေဦးမြို့ပေါ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အထက (၂) စာသင်ကျောင်းအတွင်း ဖမ်းဆီးထားတာလို့ သိရပါတယ်။ လွတ်မြောက်လာတဲ့ လူငယ်တွေကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးထားပါတယ်။

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် ယခင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
👏3314👍3🥰2👎1🔥1🖕1
👏287🔥2👎1🖕1
■အ​တွေးအမြင်

နှလုံးမလှတဲ့ လူမိုက်ကြီးများသို့

ဝဇီရာ/People's Spring

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေ
ကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

မြေးဖြစ်သူကို နိုင်ငံခြားကိုကျောင်းသွားတက်
ခိုင်းထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတယ်။ "စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိဘူး။ အမေရိကားမှာလည်း ထမ်းတာပဲ။ တရုတ်ပြည်မှာလည်း ထမ်းတာပဲ။ ရုရှားမှာလည်း ထမ်းတာပဲ။ အိန္ဒိယလည်း ထမ်းတာပဲ။ ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။..ဒါမထူးဆန်းဘူး။ ဒီဟာပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်"လို့ ပြောဆိုခဲ့တယ်။ ပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်လက်​အောက်မှာ မင်း​အောင်လှိုင်မိသားစုကိုချဥ်းကပ်ပြီး စစ်တပ်အလိုကြဝါဒဖြန့်ချီ​ရေး​​တွေမှာတက်တက်ကြွကြွ လုပ်ရင်း ပ​ရောဂျက်များစွာရ​နေသူပါ ။

အလားတူ သရုပ်ဆောင် နေအောင်ကလည်း "လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အသက်
မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်
တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး"လို့ ပြောပြန်ပါတယ်။ ​နေ​အောင်ကလည်း စစ်သားမိသားစုကကြီးပြင်းလာတာမို့ စစ်
တပ်​ကျေးဇူးဆပ်မကုန်ဆိုပြီး အာဏာလုအုပ်စုအတွက် တက်တက်ကြွကြွဝါဒဖြန့်​ပေးတဲ့ ဦး​လေကြီးမှာ အဲဒီစစ်တပ်က​ပေးတဲ့ ​ကြွေးတဲ့​ငွေ​တွေ၊ထမင်း​တွေဟာ ပြည်သူ့ဘဏ္ဍာ​တွေ ၊တိုင်းပြည်ရဲ့ရင်းမြစ်​တွေသာဖြစ်တယ်ဆိုတာထိကို မမြင်နိုင်ဘဲ စစ်တပ်ကိုပဲ
အစဥ်အမြဲ ကိုးကွယ်​နေသူပါ ။

ဦးလေးတို့ခင်ဗျာ။ စစ်မှုထမ်းတာဟာ ပုံမှန်အားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတာက နိုင်ငံတော်အတွက် လုံးဝ မဟုတ်ပါဘူး။ အာ
ဏာသိမ်းစစ်တပ်ကို ကာကွယ်ဖို့ပါ။ နိုင်ငံ
တော်ကို ကာကွယ်တာနဲ့ မိဘပြည်သူကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို ကာကွယ်ပေးတာ မတူပါဘူး။ နိုင်ငံအတွက် စစ်မှုထမ်းရတာ ဂုဏ်ယူစရာ ဖြစ်နိုင်ပေမဲ့ ပြည်သူကို ပြန်ပစ်နေတဲ့ တပ်ထဲမှာ စစ်မှုထမ်းရတာကတော့ ဂုဏ်ယူစရာ လုံးဝမဟုတ်ပါဘူး။

ပိုဆိုးတာက ဒီစစ်တပ်က ၁၉၆၂ အာဏာ
သိမ်းပြီးချိန်က​နေ အခုချိန်ထိ တိုင်းရင်းသားပြည်သူ​တွေအ​ပေါ် စစ်ရာဇဝတ်မှု​တွေအခါခါကျူးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ် ၊အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီး​နောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ပြည်သူ​တွေကို ပစ်ခတ်သတ်ဖြတ်တာကစပြီး စာသင်​နေတဲ့​ကျောင်းသားငယ်​တွေ၊တရားစခန်းက သံဃာ​တော်​တွေ ၊စစ်​ရှောင်စခန်း​တွေက ကိုယ်ဝန်​ဆောင်သယ်​တွေ သက်ကြီးရွယ်ပါမ​ရှောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်​နေတဲ့ ၊သတ်
ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်သား​တွေသာဖြစ်ပါတယ်။အခုလိုဘက်​ပေါင်းစုံအကြပ်အတည်းဆိုက်ပြီးကျရှုံးနိုင်ငံဖြစ်​အောင် စစ်အာဏာ
ရှင်​တွေခိုင်းတဲ့အတိုင်းလိုက်လုပ်တဲ့ တိုင်း
ပြည်ကို ဖျက်ဆီး​နေတဲ့စစ်ရာဇဝတ်သား​တွေသာဖြစ်ပါတယ် ။တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်​​တေသူ​တွေမဟုတ်ပါဘူး ။

ဦးလေးတို့နှစ်ယောက် အသက်က ၈၀ ပတ်
ချာလည်တွေ။ ကိုယ်တိုင်လည်း ရှေ့တန်းသွားရမယ့် အသက် မဟုတ်တော့သလို၊ ကိုယ့်သားသမီး မြေးတွေလည်း စစ်မှုမထမ်းဘဲ ဂုဏ်ယူစရာလို့ လွယ်လွယ်မပြောစေချင်ပါ။ တကယ် ဂုဏ်ယူစရာလို့ ထင်ရင် ကိုယ့်သား
သမီး၊ ကိုယ့်မြေးတွေကို အရင်ဆုံး စစ်တပ်ထဲ ပို့ပြစေချင်ပါတယ်။

ဦးစိုးမိုးက နိုင်ငံတကာက စစ်မှုထမ်းတာတွေ ထောက်ပြတယ်။ ဦးရေ။ ကိုရီးယားနဲ့ အမေရိကန်မှာ စစ်မှုထမ်းရင် သက်ဆိုင်ရာ နိုင်ငံက စစ်သည်တွေရဲ့ အသက်အန္တရာယ်၊ အခွင့်အ
ရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးတယ်။ ပြီးတော့ သူတို့က ပြည်သူလူထုက ​ရွေးချယ်ပေးထားတဲ့အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှု​အောက်မှာ တာဝန်ထမ်းတဲ့ လူ့အ
ခွင့်အ​ရေးနဲ့ဒီမိုက​ရေစီကို​လေးစားတဲ့ ပ​ရော်ဖက်ရှင်နယ်စစ်တပ် ။ ဒီမှာက စစ်တပ်က အာဏာသိမ်းထားတာ။စစ်အာဏာရှင်တစ်စုရဲ့အကျိုးစီးပွားအတွက် ကိုယ့်ပြည်သူကို​ပျော်​ပျော်ကြီးသတ်ဖြတ်​နေတဲ့စစ်တပ် ပါ။ ပြည်သူကိုကာကွယ်​နေတဲ့ စစ်တပ်​တွေနဲ့ ပြည်သူကို ပြန်သတ်​​နေတဲ့ မင်း​အောင်လှိုင်သစ်တပ်က နှိုင်းယှဥ်လို့​တောင်မရပါဘူး။
👍1513🤮4👏1😁1🖕1
ပြီးတော့ စစ်မှုထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေ ဒေသတွေမှာ လုံခြုံရေးသဘောလောက် ထားမယ်ဆိုပြီး ပြောထားပြီး အခုကျ သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့ပြီး အ​သေခံစစ်တိုက်ခိုင်း​နေတာပါ။ တခြားနိုင်ငံက စစ်မှုထမ်းတာနဲ့ ယှဥ်လို့မရပါဘူး။ ဒါကိုမယုံဘူးဆိုရင် အခု ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာ KIA ဖမ်းထားတဲ့ စစ်သုံ့ပန်း​တွေကိုသွားကြည့်ပါ ။ ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး အာရက္ခတပ်​တော် ​ချေမှုန်းတာခံ​နေရတဲ့ စစ်တပ်ရဲ့ စစ်သုံ့ပန်း​တွေကို ကိုယ်တိုင်သွား​မေးကြည့်ကြပါ ။ ပြည်သူ့စစ်​တွေဘဝ ဘယ်​လောက်ဆိုးတယ်ဆိုတာ မင်း​အောင်လှိုင်နဲ့အတူ လူကြီးမင်းတို့ကိုပါ ကျိိန်စာတိုက်ပြီး ပြန်​ပြော​ပေးကြပါလိမ့်မယ် ။

အခုဆိုရင် စစ်တပ်ဟာ ရှေ့တန်းကို တစ်ရာပို့ရင် အကြမ်းဖျင်း ရှစ်ဆယ်လောက်က စစ်
မှုထမ်းတပ်သားသစ်တွေလို့ အမျိုးသားညီညွတ်​ရေးအစိုးရ ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်က​ပြောပါတယ်။ လပိုင်းကလေး သင်တန်းဆင်းပြီး ရှေ့တန်းမှာ အသေခံခိုင်းနေတာပါ။ ပြီးတော့ တိုက်နေရတာကလည်း တိုင်းတပါးက ကျူးကျော်စစ်လည်းမဟုတ်။ ကိုယ့်ညီအကိုချင်း ပြန်တိုက်ခိုင်းတာတွေ။

ဦးလေးတို့နှစ်ယောက်မှာ ပန်းချီစိုးမိုးက အသက် ၈၀ ကျော်။ နေအောင်ဆို ၇၆ နှစ်။ အနုပညာသမား စိတ်နှလုံးသား လှရတယ်တဲ့။ နှစ်ပေါင်းများစွာ ဘယ်လို နှလုံးသားတွေနဲ့များ အနုပညာအလုပ်တွေ လုပ်ခဲ့ကြပါလိမ့်။

ပန်းချီစိုးမိုးရဲ့ ငါသူတစ်ပါးယောကျာ်းမိန်းမဇာတ်ကားဆိုရင် ပရိသတ်တွေကသံဝေဂတွေရတဲ့အထိ ကြိုက်ခဲ့ကြတာပါ။နေအောင်ဆိုလည်း ကိုငြိမ်းမောင်ဇာတ်ရုပ်နဲ့ ဒီနေ့အထိ ပရိသတ်က တွဲဲမြင်ခဲ့ကြတယ်။ ဒါ​ပေမယ့်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ​တော့စစ်တပ်ခိုင်းတာလုပ်​ပေး​နေတဲ့ ခင်ဗျားကိုပရိတ်သတ်​
တွေက အ​တော်​လေးရွံရှာနေကြပါပြီ။

ပရိသတ်တွေဟာ ဦးလေးတို့အနုပညာတွေကို ခေတ်အဆက်ဆက် အဆင်မပြေတဲ့ကြားထဲကနေ အားပေးခဲ့ကြဖူးပါတယ်။ ပရိသတ်တွေအားပေးလို့ ဦးလေးတို့ အိမ်ကောင်းကောင်းနေနိုင်တယ်။ အစားကောင်းကောင်းစားနိုင်တယ်။ သားသမီးမြေးအထိ နိုင်ငံခြားပို့ စာသင်နိုင်တယ်။

အခု ဦး​​​လေးတို့ကို အားပေးခဲ့ဖူးတဲ့ ပရိသတ်တွေဟာ​နေ့​နေ့ညည ပူပင်သောကတွေနဲ့ ဖြတ်
သန်းနေရတာပါ။ မြန်မာနိုင်ငံ သက်တမ်းတလျှောက်လုံး အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဦးစိုးမိုးရေ။ ဦးစိုးမိုးမြေးလေး နိုင်ငံခြားမှာ ရုပ်ရှင်ပညာ အေး
အေးလူလူသင်ခွင့်ရနေချိန် ကျနော်တို့တိုင်း
ပြည်မှာ ကျောင်းသွားတဲ့ကလေးကအစ ပေါ်တာဆွဲခံရသလို ၊စာသင်​နေရင်း ဗုံးကြဲခံရလို့​သေကြရတယ်ဗျာ။

ဦးနေအောင်ရေ။ သင်္ကြန်ရောက်တိုင်း ကိုငြိမ်းမောင်ကြီး မမထားနဲ့လွဲတာကို ခံစားနေတတ်တဲ့ အဒေါ်ကြီးလည်း သူ့သားပန်းရံလေး အလုပ်ကအပြန် ဖမ်းပြီးတပ်ထဲ ရောင်းစားခံရတယ်ဗျာ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းတွေကို ကြိုက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် သူ့မောင်လေး အလုပ်ကအပြန် စစ်ကားပေါ် ခေါ်တင်ခံရတယ်ဗျာ။ သောကတွေများနေရတဲ့ အဲဒီပြည်သူတွေဟာ ဦးလေးတို့ရဲ့ ပရိသတ်တွေပါခင်ဗျာ။ ကိုယ့်ကိုထမင်းအိုးတည်ပေးခဲ့တဲ့ ပရိသတ်တွေမျက်နှာကိုလည်း တချက်​လေး ကြည့်ပေးကြပါဦး။

ဦးလေးတို့နှစ်ယောက် အိမ်မှာတပ်ထားတဲ့
မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်သံကြည့်တာ၊ နေ့စဥ်လာပို့တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊မြဝတီ သတင်းစာ​တွေဖတ်တာတွေ လျှော့စေချင်တယ်။ ရုပ်ရှင်ဒါရိုက်တာမဟုတ်တဲ့ မီးပွားက ဦးလေးတို့အိမ်ပေါ် ကျလာတော့မှ သိမယ်ဆိုရင် အတော်လေးနောက်ကျသွားပါလိမ့်မယ်။

​လော​လောဆယ်​တော့ ကိုယ်အ​ခြေအ​နေသိ​အောင် ပြည်သူ​တွေရဲ့ ​တုံ့ပြန်မှုလေး​တွေကို
ခဏအချိန်​ပေးဖတ်ကြည့်လိုက်ကြပါဦ ။

"သေခါနီး ရိက္ခာယူသွားတာ ငါတို့လဲတုံးအ
ပါ့ ဒီလူကိုအားပေးခဲ့ပြီး သေခါနီးမှ လူမဟုတ်မှန်းသိခဲ့ရတာ"

"သေခါနီးသူတပါးပျက်စီးအောင် ပြောတာ"

"အသက်ကြီးပြီး လူစိတ်မရှိတဲ့ဟာပေါ့
သူမိသားစု ထိမှ ကိုယ်ချင်းစာစိတ် ပေါ်မဲ့ဟာကြီးပါ"

ဒါ​တွေက​တော့ စစ်မှုထမ်းရတာဂုဏ်ယူစရာ​ပြောတဲ့ ပန်းချီစိုးမိုးအတွက် ပြည်သူအချို့ရဲ့ ​သတင်းစကား​တွေပဲဖြစ်ပါတယ်။ ။
🖕19👍107🤮3🔥1
🤮24👍6🖕3😘3😡3👎1💩1
ကောင်ဂျာယန်တိုက်ပွဲ ထွက်ပြေးပုန်းအောင်းနေတဲ့စစ်သားတွေကို လိုက်လံရှင်းလင်းနေဟု KIA ပြော

စက်တင်ဘာ ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

စက်တင်ဘာ ၁၃ရက်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကောင်ဂျာယန်ကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း အသိပေးပါတယ်။ အဲဒီစစ်ကြောင်းဟာ ၂၀၂၅ ဇန်နဝါရီမှာ KIA ပူးပေါင်းတပ် သိမ်းထားတဲ့ မံစီမြို့နယ်က စစ်တပ်ရဲ့ ခမရ(၃၁၉)၊ ခမရ(၆၀၁)တပ်ရင်း စတဲ့ တပ်ဟောင်းနေရာတွေကို နေရာပြန်ဝင်ယူဖို့ ထိုးဝင်လာတာ ဖြစ်နိုင်ကြောင်း KIAက ဖော်ပြပါတယ်။

ကောင်ဂျာယန်တိုက်ပွဲမှာ အထိနာ ထွက်ပြေးသွားတဲ့ စစ်သားတွေဟာ ဒေသခံတွေ စစ်ရှောင်သွားတဲ့ အိမ်ဟောင်းများနဲ့ ခြုံတောတွေထဲ ပုန်းအောင်းနေနိုင်တာကြောင့် KIA တပ်ဖွဲ့က လိုက်လံရှင်းလင်းနေကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် အခု ရက်ပိုင်းမှာ ဗန်းမော်မြို့က စစ်တပ်တွေဟာ မြို့ပြင်ထွက်ပြီး စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ရှိလာသလို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက် လျက်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ကောင်ဂျာယန်တိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းကို ပြသပါတယ်။

အဲဒီ ရုပ်သံမှာ စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ကြိုးတုပ်နေတာကို တွေ့ရရပြီး တော်လှန်ရေးရဲဘော် ၁ဦးက ဆေးကုသတက်တဲ့သူပါလားဟု မေးမြန်းရာ ဆေးမှူးက ထွက်ပြေးသွားတယ်လို့ စစ်သုံ့ပန်း တစ်ဦးက ပြောပါတယ်။

ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၄၀ကျော်ရှိကာ သုံ့ပန်း ၃၀ ကျော်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်သုံ့ပန်းတွေ ဖမ်းမိထားတဲ့ ရုပ်သံမှာ တော်လှန်ရေးရဲဘော်တွေက မင်းတို့အဘတွေကို ဆဲရဲလားဟု မေးမြန်းရာ ဆဲရဲပါတယ်လို့ ပြောကြားပြီး ဖမ်းဆီးခံထားရတဲ့ စစ်တွေက မင်းအောင်လှိုင်ကို ဆဲဆိုခဲ့ကြသလို အသံကျယ်ကျယ်အော်ဆဲကြဖို့လည်း တော်လှန်ရေးရဲဘော်တွေက ပြောဆိုတာကို ကြားရပါတယ်။

စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလတွေမှာ ကချင်ပြည်နယ်အတွင်း မြေပြင်၊ ရေကြောင်း တိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ အထူးသဖြင့် ဗန်းမော်နဲ့ ရွှေကူမြို့နယ်မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ တက်လာတဲ့ စစ်တပ် သင်္ဘောအုပ်စုဟာလည်း ရွှေကူ-ဗန်းမော်ကြား တိုက်ခိုက်ခံရပြီး သင်္ဘောမျိုးစုံ အစီး ၂၀ကျော်ကို KIA ပူးပေါင်းတပ်က ဖျက်ဆီးထားနိုင်ခဲ့ပါတယ်။


ရုပ်သံ - ပေးပို့

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #ကောင်ဂျာယန်တိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင်များရှင်းလင်းမှု #KIAပြောကြားချက် #ကချင်စစ်ရေး
30👍12👏3🥰2👎1🤣1🖕1
Media is too big
VIEW IN TELEGRAM
👍3010🥰5👎1👏1🤣1🖕1
မူးယစ်ဆေးဝါးအဓိကထုတ်လုပ်ရာ၊သယ်ယူပို့ဆောင်ရာနိုင်ငံတွေ စာရင်းမှာ မြန်မာကို
အမေရိကန် ထည့်သွင်း

စက်တင်ဘာ-၁၇၊၂၀၂၆။People's Spring

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့
ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်း
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက
စက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာရင်းထဲမှာတော့ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘီလီဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်းဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့ ပါဝင်နေပါတယ်။

ဒီစာရင်းကို သတ်မှတ်ရာမှာ အဲဒီနိုင်ငံရဲ့ အစိုး
ရက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်ရှိ ကြိုးပမ်းနေတာတွေ၊ ဒါမှမဟုတ် အမေရိကန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ထည့်သွင်း စဉ်းစားမထားကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေရဲ့ပထဝီဝင်အနေအ
ထား၊ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာနောက်
ခံ အခြေအနေတွေကြောင့် မူးယစ်ဆေးဝါးတွေ တရားဝင် ထုတ်လုပ်တာ၊ ထုတ်လုပ်မှုအတွက် အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ ဖြတ်
သန်းသယ်ယူတာ၊ ကိုယ်တိုင်ထုတ်လုပ်တာတွေ ရှိနိုင်ခြေကို အဓိကအခြေခံပြီးအခုစာရင်းကို ပြုစုထားတာ ဖြစ်ပါတယ်။

အဲဒီစာရင်းထဲမှာမှ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာတို့မှာတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေ၊ အုပ်စိုးသူတွေဟာ ပြီးခဲ့တဲ့ ၁၂ လတာအတွင်း မူး
ယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတ
ကာ ကတိကဝတ်တွေကို သိသိသာသာ ပျက်
ကွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဲဒီ ၄နိုင်ငံဟာနိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တွေရော၊ အမေရိကန် ဥပဒေတွေအရလိုအပ်တဲ့ မူးယစ်
ဆေးဝါး တိုက်ဖျက်ရေး အားထုတ်မှုတွေကိုပါ လက်တွေ့ပြသဖို့ သိသိသာသာ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ဆီ တင်ပြထားတဲ့ အဲဒီကြေညာ
ချက်ထဲမှာတော့ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာတို့မှာ သင့်တော်တဲ့ အကူအညီတွေ ပေးအပ်ဖို့ဟာအမေရိကန်ရဲ့အမျိုးသား အ
ကျိုးစီးပွားအတွက်အရေးကြီးတဲ့လိုအပ်ချက်
တွေ ဖြစ်နေဆဲလို့ အမေရိကန် သမ္မတက ယူ
ဆထားကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ မူးယစ်ဆေး
ဝါး အခြေပြု စီးပွားရေးကို ဖိနှိပ်ဖြိုခွင်းဖို့ ထင်ရှားမြင်သာတဲ့ အားထုတ်မှု နည်းနည်းလေးလောက်ပဲ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်က ယူဆထားပါတယ်။ အခုဆိုရင် မြန်မာဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်အများဆုံး နိုင်ငံဖြစ်လာသလို မက်သာဖက်တမင်း မူးယစ်ဆေးဝါး တင်ပို့မှု အများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာနေတယ်လို့လည်းသိရပါတယ်။

အာဖဂန်မှာဆိုရင်လည်း တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးမှုကို တားမြစ်တယ်လို့ ကြေညာထားပေမယ့် အာဖဂန်ဟာ ကမ္ဘာ့မူးယစ်ဆေး
ဝါး စျေးကွက်ထဲမှာ အဓိက အကျဆုံး ရင်း
မြစ်နိုင်ငံတစ်ခုအဖြစ် ဆက်ရှိနေပြီး အဲဒီတရားမဝင် လုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေတွေက အစွန်းရောက် အကြမ်းဖက်ဝါဒအ
တွက် ဘဏ္ဍာရေး အထောက်အပံ့တွေ ရရှိနေစေတယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က သုံးသပ်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့တရုတ်ဟာ ဖန်တ
နိုင်းလ်၊ မက်သာဖက်တမင်းနဲ့ တခြားမူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ အ
ခြေခံ ဓာတုပစ္စည်း ကုန်ကြမ်းတွေကို ကမ္ဘာပေါ်မှာ အများဆုံး ထုတ်လုပ်ပေးနေတဲ့ နိုင်ငံအဖြစ် ထောက်ပြထားပါတယ်။ ပြီးတော့ အဲဒီကုန်ကြမ်းတွေ ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ပိုပြီး အာရုံစိုက် ထိန်းချုပ်ဖို့လည်းတရုတ်အစိုး
ရကို တိုက်တွန်းခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့မူးယစ်ဆေးဝါးတိုက်
ဖျက်ရေးအတွက် ပိုပြီး ထင်ထင်ရှားရှား အား
ထုတ် လုပ်ဆောင်လာမှုတွေအတွက် အိန္ဒိယ၊ ပီရူး၊ အာဂျင်တီးနား၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုးစတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေကို အမေရိကန်က အသိအမှတ်ပြု ချီးကျူးထားပါတယ်။ အီကွေဒေါနဲ့ အယ်လ်ဆာဗေးဒိုးတို့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊သယ်ယူပို့ဆောင်
မှု အဓိက ၂၃ နိုင်ငံ စာရင်းထဲမှာ ပါဝင်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရတွေကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအ
တွက် ခိုင်မာတဲ့မူဝါဒတွေ၊အားသွန်ခွန်စိုက်
အားထုတ်မှုတွေနဲ့ တုံ့ပြန်လုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး
ဌာနက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား- Department of States

#မူးယစ်ဆေးဝါး #စစ်တပ် #မြန်မာ
#အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
#peoplesspring #ludunwayoo
👍3311😁2🖕2👎1🔥1🥰1👏1
😁19🖕10👍54💩3🔥1🤣1🫡1
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကိုပြည်နှင်လိုက်ဟုအာဏာသိမ်းစစ်တပ်ဆို

စက်တင်ဘာ-၁၇၊၂၀၂၆။People's Spring

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က စစ်တပ် ထိန်း
ချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham Myanmar)ရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စတီလို ကိုစက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက နေပြည်တော် နိုင်ငံ
တကာ လေဆိပ်ကနေ ထွက်ခွာသွားတဲ့အ
ကြောင်း ဖော်ပြထားပါတယ်။

ကက်စ်တီလိုဟာAmCham Myanmarဖွဲ့စည်း
ပုံ စည်းမျဉ်းပါ ကန့်သတ် ညွှန်ကြားချက်တွေကိုဖောက်ဖျက်ခဲ့​ကြောင်စွပ်စွဲချက်နဲ့ဇွန်လတုန်းကရန်ကုန်မှာအမှုဖွင့်အရေးယူခံခဲ့ရတာပါ။ဒါပေမဲ့ ၃ လကျော် အကြာမှာတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး အမေရိကန် နိုင်ငံသားကို နယ်နှင်ဒဏ် ပေးလိုက်ကြောင်း စစ်တပ် အာဘော်သတင်းစာတွေကဆိုပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV ရုပ်မြင်
သံကြား ဌာနကလည်း ကက်စ်တီလိုဟာ အသင်းအဖွဲ့ဆိုင်ရာ ကန့်သတ်ညွှန်ကြားချက်တွေကို ချိုးဖောက်တာ၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာတွေအတွက် တရားစွဲဆို ခံရကြောင်း ဖော်ပြခဲ့ပေမယ့် သူ့ကို တရားရုံးတင် စစ်ဆေးတာမျိုး ရှိသလား၊ နယ်နှင်တဲ့အချိန်မှာစွပ်စွဲချက်တွေကိုပယ်ဖျက်ပေးခဲ့သလား ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြည်ပနိုင်ငံတွေမှာမတရားဖမ်းဆီးထိန်းသိမ်း
ခံနေရတဲ့ အမေရိကန် နိုင်ငံသားတွေ နေရပ်ပြန်ခွင့်ရအောင် ကူညီပေးတဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် Global Reach အဖွဲ့ဆီ ကက်စ်တီလိုရဲ့ မိသားစုက အကူအညီ တောင်းခံခဲ့ပြီးတဲ့နောက် အခုလိုမျိုး သူလွတ်မြောက်လာအောင် ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ်ကက်စတီလိုကို စစ်တပ် အာဏာပိုင်တွေက အမေရိကန် အစိုးရ တာ
ဝန်ရှိသူတွေဆီ လွှဲပေးခဲ့ပြီးထိုင်းနိုင်ငံ၊ ဘန်
ကောက်မြို့တော်ဆီထွက်ခွာစေခဲ့ပါတယ်။ အဲဒီကနေတဆင့် သူဟာ အမေရိကန်ကို ပြန်
သွားမှာပါ။

ကက်စတီလိုဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာဖို့ အထူးမျှော်လင့်ခဲ့သူ ဖြစ်သလို နှစ်တွေ အများကြီး နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအပေါ်လည်း လေးစားမှု ရှိတဲ့သူလို့ သူ့မိသားစုက ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့တုန်းက မလေးရှားကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ဆိုက်ရောက်လာချိန်မှာ သူ့ကို ရဲတွေက ဖမ်းဆီးခဲ့တာပါ။ အဲဒီတုန်းကတော့ စစ်တပ်ရဲ့ အာဏာပိုင်တွေက ကက်စတီလိုကို ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာကို အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

AmChamကတော့ ကက်စတီလိုဟာ ငွေကြေးဆိုင်ရာမသမာတဲ့၊မရိုးဖြောင့်တဲ့စီမံလုပ်
ဆောင်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပြီး ကာ
ယကံရှင်ကတော့ ငြင်းဆိုထားပါတယ်။

ကက်စတီလို အဖမ်းခံရမှုဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူရေးသားထားတဲ့ "Finding our Voice"စာအုပ်နဲ့လည်း ဆက်စပ်နိုင်ကြောင်းခန့်မှန်းမှုတွေ ရှိနေပါတယ်။အဲဒီစာအုပ်ထဲမှာတော့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာစစ်တပ်က ကျော
ထောက်နောက်ခံ ပေးထားတဲ့ စီးပွားရေးလုပ်
ငန်းတွေထက်ပြည်သူလူထုကိုပိုပြီးထိခိုက်စေကြောင်း
ထောက်ပြခဲ့ပါတယ်။နောက်ပြီးအာဏာသိမ်း
စစ်တပ်နဲ့ AmCham ခေါင်းဆောင်ပိုင်းတွေကိုလည်း ဝေဖန်ထားခဲ့ပါတယ်။

ပြီးတော့ ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေး အတိုက်
အခံ တစ်ဦးကို ပြည်တွင်းက ထွက်ခွာနိုင်စေဖို့ ကူညီခဲ့ပုံ အသေးစိတ်ကိုလည်း ဖော်ပြထားပါတယ်။ကက်စတီလိုဟာအဲဒီစာအုပ်မိတ်ဆက်
ပွဲအတွက် မလေးရှားကို သွားရောက်ခဲ့ပြီး မြန်
မာနိုင်ငံဆီပြန်လာချိန်မှာပဲအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား-AP

(Finding our voice စာအုပ်အ​ကြောင်း​ပြောကြား​နေတဲ့ အဒမ်ကတ်စတီလို(စကား​ပြော​နေသူ)ဓါတ်ပုံ-Adam Castillo)

#အဒမ်ကက်စတီလို #AmChamMyanmar
#အမေရိကန်လုပ်ငန်းရှင် #ပြင်နှင်
#peoplesspring #ludunwayoo
👍21😁74🔥3👎1👏1🖕1
👎15🔥5😁5👍3👏1🤣1