ရွှေမင်းဂံရေတပ်စခန်းအနီး ရဲရိုးပြင်ရွာနားက စစ်ကြောင်းကိုAAတိုက်ခိုက်၊တိုက်ပွဲပြင်းနေ
■စစ်သားအချို့ထွက်ပြေး ၊အချို့အလင်းဝင်
စက်တင်ဘာ-၁၆ ၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို စစ်ကျွံလာတဲ့ အာဏသိမ်း စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကာစစ်တပ်ဘက်ကထွက်
ပြေး၊ အလင်းဝင်သူအချို့ ရှိနေတယ်လို့ မြေ
ပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အားသုံးထိုးစစ်ဆင်ခဲ့ပေမယ့်ရှေ့မတိုးနိုင်ပြန်ဆုတ်ခဲ့ရပြီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ချောင်းတဘက်ကမ်း ရဲရိုးပြင်ရွာနားမှာ တန့်နေတဲ့စစ်ကြောင်းကို AA ကစက်တင်ဘာလ ၁၆ ရက် မနက်အစောပိုင်းကနေ တိုက်ခိုက်နေတာပါ။
“ချောင်းကူးပြီးပြေးတဲ့သူပြေး၊လက်နက်ချတဲ့သူတွေချနဲ့ပဲ။တချို့ကောင်တွေရွှေမင်းဂံဘက်ကို ထွက်ပြေးကြ တယ်။ အလင်းဝင်တဲ့ကောင်တွေလည်းရှိတယ်။ပစတွေတော်တော်
များတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါ တယ်။ ဝါဘိုဘက်မှာလည်း ဖြစ်နေတယ်”လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်မှသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူတွေရှိသလို ထွက်ပြေး၊ အလင်းဝင်သူလည်း အချို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရွှေမင်းဂံရေတပ်စခန်းကနေ အင်အားရာချီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်၊ ခမောင်းတောရွာဘက်ကို ထိုးစစ်ဆင်ခဲ့တာပါ။ဒါပေမယ့် AA ရဲ့တိုက်
ခိုက်မှုကြောင့် ရဲရိုးပြင်ရွာနားထိ နောက်ပြန်ဆုတ် ခဲ့ရတာပါ။ ဒီနေ့မှာတော့ အဲဒီရဲရိုးပြင်နားက အဲဒီ စစ်ကြောင်းကိုပါ AA က ထပ်မံတိုက်နေတာဖြစ်ပါတယ်။
“ချောင်းလေး တခုပဲခြားတာ ရေတပ်နဲ့ဆိုရင် ဒီကောင်တွေကို ရှင်းပြီးရင်တော့ ရွှေမင်းဂံကို ရောက်ပြီ။ ကိုယ်လူ တွေလည်း ထိုးစစ်ပြန်လုပ်နေပြီဆိုတော့ ရွှေမင်းဂံထိ ထိုးနိုင်တယ်။ ရွှေမင်းဂံရရင်တော့စစ်တွေမြို့ထိလမ်းပေါက်
ပြီ”လို့ စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးထားတဲ့ စစ်တွေမြို့နယ် ဝါဘိုကျွန်း မင်းလှရွာဝန်းကျင်မှာလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။AA က စစ်တပ်ရဲ့ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကို တိုက်
ခိုက်နေသလို စစ်တွေမြို့နယ် ပါဒလိတ် တပ်
ရင်းအနီးရှိ အမြင့်ကျွန်းရွာဝန်းကျင်၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)၊ ကျား
မသောက်တပ်ရင်းတို့ အနီး တောကန်ရွာဝန်း
ကျင်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်စခန်းတွေကိုပါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလို တိုက်ပွဲပြင်းနေချိန် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလေကြောင်းတိုက်
ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးစက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာပုဏ္ဏား ကျွန်းမြို့နယ်ဘက်ခြမ်းကို ဗုံးကြဲနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ရွှေမင်းဂံတို့ကနေ အင်အား ထောင်ဂဏန်းနဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။အမြင့်ကျွန်းဘက် စစ်
ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲ အထိနာ နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာ ၁၆ အထိနှစ်ပါတ်နီးပါးအတွင်း စစ်တွေစစ်မျက်နှာမှာ သေဆုံးရသူ နှစ်ရာကျော်ထိ ရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအာရက္ခတပ်တော်
(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်
ပြည်နယ်နဲ့ ရခိုင်အစပ်နေရာ တွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ နှစ်ပါတ်နီးပါးကြာတဲ့ထိ AA စခန်းတစ်ခုမှသိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
#အာရက္ခတပ်တော် #စစ်တွေမြို့
#ရွှေမင်းဂံရေတပ် #ရဲရိုးပြင်ရွာ
#peoplesspring #ludunwayoo

❤52👍18🤣4🥰3👏2💩1🖕1
လေယာဉ်နဲ့ ဗုံးကြဲပြီးတခေါက်ဆင်းရင် စာအိတ်ညို တအိတ်ဟာ စားပွဲ ပေါ်မှာ စောင့်ကြို နေပါတယ်။ပြည်သူ့တွေအသက်သတ် ပေးတဲ့ လေသူရဲကောင်းတ ယောက်အတွက်ဂုဏ်ပြုငွေပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လေတပ်စခန်း ၁၁ ခုရှိပြီးအခုနောက်ပိုင်းထပ်
မံတိုးချဲ့ထားတာ တွေနဲ့ဆိုရင် ၁၅ခုနဲ့အထက်ရှိပါတယ်။
အများဆုံးအသုံးပြုပြီးပြည်သူတွေကိုအဓိက သတ်ဖြတ်နေတဲ့လေတပ်စခန်း တွေကတော့ တံတားဦး လေတပ်စခန်း၊နေပြည်တော်(အေလာ လေတပ်)၊မိတ္ထီလာရှမ်းတဲလေတပ်၊မကွေးလေတပ်စခန်းတို့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကအရာရှိတွေဟာ တခြားတပ် တွေထက်ပိုပြီးအခွင့် အရေးရပါတယ်။အရာရှိဆိုတာDSAကျောင်းဆင်း တပွင့်ကနေအထက်စပြီး ခေါ်တာပါ။
အခြေခံလစာအပြင်လေယာဥ်မောင်းတဦးအတွက် အပိုကြေးလစဥ် ၅၀,၀၀၀ ကျပ်ရှိပါတယ်။ဒါ့အပြင် ထမင်း၊ဟင်းဟာ တခြားတပ် တွေနဲ့မတူဘဲ ကောင်း ကောင်းမွန်မွန် ကျွေးသလို ကော်ဖီ၊အအေးနဲ့ ဘီစကွက်မုန့် အလျှံအပယ်ခံစားခွင့်ရှိပါတယ်။
အနားယူခွင့်ကလည်း ကြည်းတပ်၊ရေတပ်တွေထက်ပိုရသလို ၊ လုံခြုံရေးမစိုးရိမ်ရတဲ့အခြေအနေမှာဆိုရင် တရက်ခြားအပြင်ထွက်ခွင့်ပိုရတဲ့တပ်ဖြစ်တယ်လို့စစ်သားအချို့ကပြောပါတယ်။
စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။လေတပ်မှာလေသူရဲ(ခေါ်)လေယာဉ်မောင်း
(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။
ဒီအဖွဲ့ တွေဟာကိုယ့်လေယာဥ်မောင်းဗုံးကြဲရမယ့်နေ့တွေမှာ လေယာဉ်ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေ
တပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် အေလာလေတပ်စခန်းတွေကနေ ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။
သူတို့ရဲ့ဝင်ငွေဟာလေယာဉ်ဆီရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အ
ခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရလေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။
ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။
“လူအ သေပျောက်များတဲ့အခါဆိုရင် ပစ်
မှတ်ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်”လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။
စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။
(ဆောင်းပါးအပြည့်အစုံကို မှတ်ချက်လင့်မှာ
ဖတ်ရှုနိုင်ပါတယ်)
#လေသူရဲ #စစ်တပ်လေယာဥ်မောင်း #ps
#လေတပ် #ဗုံးကြဲ #peoplesspring

💩25❤8👎7🖕5👍3🤬2👏1
■ဆောင်းပါး
"ဒုက္ခကြားက ကြင်နာမှု"
"The White Balloon ကို ခံစားခြင်း"
- ရှဉ့်ညို ရေးသားသည်။
ဒီနေ့ ၁၉၉၅ ခုနှစ်ကို ပြန်သွားချင်ပါတယ်။ အီရန် ရုပ်ရှင်ဒါရိုက်တာ ဂျာဖာပါနာဟီ ( Jafar Panahi) ၁၉၉၅ မှာ ရိုက်ခဲ့တဲ့ The White Balloon ကို ပြောကြရအောင်နော်။ သူက အီရန်နိုင်ငံရဲ့ အလွန်ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်
တာတစ်ဦးဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်လောကမှာ အီရန်ရုပ်ရှင်ရဲ့ အနုပညာတန်ဖိုးကို မြှင့်တင်ပေးခဲ့သူပါ။ ဂျာဖာပါနာဟီရဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၅ က ကိန်းစ် ( Cannes) မှာ Palme d'Or ဆုရခဲ့တဲ့ကား "It Was Just an Accident" ကိုတော့ ကြည့်ပြီးကြပြီ ထင်ပါတယ်။
အီရန်မှာမပြရတဲ့အီရန်ရုပ်ရှင်ကား။ဂျာဖာပါနာဟီရဲ့ကားတွေက ထူးခြားပါတယ်။ သူ့ရဲ့ ရုပ်ရှင်ကားအများစုက အီရန်အစိုးရ မဖော်ပြချင်တဲ့ အမျိုးသမီးအခွင့်အရေး၊ လူမှုမညီမျှမှု၊ အာဏာထိန်းချုပ်မှုနဲ့ လွတ်လပ်ခွင့်ပြဿ
နာတွေကို ပြတ်ပြတ်သားသား ပြသလို့ နိုင်ငံတွင်းမှာပြခွင့်မရခဲ့ပါဘူး။The White Balloon က အီရန်မှာ ပြခွင့်ရတဲ့ ကားအနည်းစုထဲက တကားပါ။ ပြီးတော့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကား။ပထမဆုံးကားမှာတင်ကိန်းစ် ရဲ့ Caméra d’Or မှာ ဆုရခဲ့တဲ့ကားပါပဲ။
ဇာတ်ကားရဲ့အဓိကဇာတ်ကောင်က အသက် ၇ နှစ်အရွယ် မိန်းကလေး ရာဇီယာ (Razieh) ပါ။ အီရန်နှစ်သစ်ကူး နော်ရူးဇ် (Nowruz) နီးလာတဲ့အချိန်၊ ရာဇီယာ ဟာ ရွှေငါးလေးတစ်ကောင် ဝယ်ချင်ပါတယ်။ သူတို့မိသားစုက ငွေကြေးချမ်းသာတဲ့မိသားစုမဟုတ်ပါဘူး။ ၁၀၀ တိုမန် (Toman) ပေးရမယ့် ရွှေငါးက သူတို့အိမ်အတွက် ဈေးကြီးပါတယ်။ ပြီးတော့ သူတို့အိမ်မှာကိုက ရွှေငါးတွေ ကန်ထဲမှာရှိတယ်။ တခြားက ကလေးတယောက် နှစ်သစ်ကူးအတွက် သူတို့ဆီက ရွှေငါးကို လာယူတာလား၊ လာဝယ်တာလားတွေ့ရတယ်။ ဒါပေမယ့် ရာဇီယာက သူတို့အိမ်က ငါးတွေကို မကြိုက်ဘူး။ ရွှေငါးဆိုင်က အဖြူရောင်ရွှေငါးက ပိုဝလို့ ပိုလှလို့ လိုချင်တယ်။ ရာဇီယာ ရဲ့ အကို အလီကပါ ကူပြောပေးလို့ သူ့အမေက နှစ်သစ်ကူးအတွက်သုံးရမယ့်ငွေ ၅၀၀ တိုမန် ကနေ ရွှေငါးဝယ်ဖို့ အမေက နောက်ဆုံးမှာ ပေးလိုက်ပါတယ်။
ဒါပေမယ့် ရွှေငါးဝယ်ဖို့ သွားတဲ့လမ်းမှာ အဲဒီ ၅၀၀တန် ငွေစက္ကူဟာရေမြောင်းအဖုံးအောက်ကို ကျသွားပါရော။ အဲဒီကနေစပြီး ရာဇီယာနဲ့ သူ့အစ်ကို အလီတို့ဟာ ပိုက်ဆံပြန်ရဖို့ ကြိုးစားကြပါတယ်။ ဇာတ်လမ်းတစ်ခုလုံးနီးပါးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၂ နာရီအထိ ဖြစ်ပျက်ပြီးကလေးမလေးရဲ့ သေး
ငယ်တဲ့ ပြဿနာတစ်ခုကို အချိန်တိုအတွင်း ချဲ့ထွင်ပြသထားတာပါ။
ဇာတ်လမ်းက ကလေးတယောက် ရွှေငါးလို
ချင်တဲ့ဇာတ်လမ်းလို့ပဲ ရိုးရိုးလေးမြင်လိုက်ရင် ပြီးသွားမှာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ ကလေးတယောက်ရဲ့ ဆန္ဒဟာအရွယ်
ရောက်ပြီးသား လူတယောက်အတွက် သေးသေးလေးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ အမြင်မှာတော့ အဲဒီဆန္ဒက တစ်ကမ္ဘာလုံးလောက် အရေးကြီးနေပါတယ်။ ကြီးမားတဲ့ အဖြစ်အပျက်တွေ မလိုဘဲ လူသားတစ်ယောက်ရဲ့ဆန္ဒကိုအလွန် စိတ်
ဝင်စားစရာဖြစ်အောင် ဖန်တီးနိုင်တာပါ။
ရေမြောင်းထဲ ငွေကျသွားတာဟာ လူကြီးတယောက်အတွက်ဆိုရင်တော့ ပြန်ယူဖို့ လွယ်
ကူနိုင်ပါတယ်။ ကလေးတယောက်အတွက်တော့ အဲဒီငွေပြန်မရရင်ရွှေငါးမဝယ်နိုင်တော့
ဘူး၊ အမေ ဆူမယ်၊ နှစ်သစ်ကူးအပျော်တွေပျက်စီးမယ်။ ရာဇီယာရဲ့ ပူပန်မှုမှာ ရုပ်ရှင်ကြည့်သူကပါ ဝင်ပြီးပူပန်တဲ့စိတ်ဖြစ်ရတယ်။လူကြီးတွေရဲ့အမြင်ကိုအတင်းအကြပ်မထည့်ထားဘဲ ကလေးတယောက်ရဲ့ ကမ္ဘာထဲကို ဝင်ကြည့်စေတာပါ။ ဒီကားက ကလေး
တွေအတွက်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရင် မမှန်နိုင်ပါဘူး။ ကလေးတယောက်ရဲ့အမြင်ကနေ ကမ္ဘာကြီးကို မြင်ကြည့်စေတဲ့ကားလို့ပဲ ပြောရမှာ။ ပြီးတော့ လူကြီးတွေလည်း ငယ်တုန်းက ကမ္ဘာကြီးကို ဘယ်လိုမြင်ခဲ့သလဲလို့ ပြန်သတိရစေပါလိမ့်မယ်။
ကလေးလေးရာဇီယာ (Aida Mohammadkhani) ရဲ့ သဘာဝကျတဲ့ သရုပ်
ဆောင်မှုနဲ့ ရာဇီယာရဲ့ စိတ်အားထက်သန်မှုက ပရိသတ်ကဒီကားကိုယုံကြည်လာရစေတယ်။ ဒီလို ဖန်တီးနိုင်တာက ဒီကားရဲ့ အောင်မြင်မှုအတွက် တော်တော်ကိုအရေးပါ ပါတယ်။ သူ
က လိုချင်တာကို လွယ်လွယ်နဲ့ လက်မလျှော့ဘူး။ အခက်အခဲတွေထဲမှာ ရအောင် ကြိုးစားတယ်။ အကူအညီလိုတာကို လူကြီးတွေဆီမှာ အကူအညီ တောင်းတတ်တယ်။ သူက ရိုး
သားတယ်။ သူ့ကို ပိုပြီး လူသားဆန်စေတာက သူ့ဆန္ဒကို မလျှော့တာ၊ အမေအတွက် ခက်ခဲစေတာပါပဲ။
ရာဇီယာရဲ့အကို အလီ ဆီမှာ အကိုတယောက်ရဲ့ တာဝန်ယူမှုတွေကို တွေ့ရတယ်။ သူက ရာဇီယာထက် ပို လက်တွေ့ကျပေမယ့် သူလည်း ကလေးပဲ။ အလီနဲ့ ရာဇီယာတို့ရဲ့ ဆက်ဆံရေးကမိသားစုထဲမှာကလေးတွေဟာတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအားကိုးကြသလဲဆိုတာမြင်ရတယ်။လူကြီးတွေရဲ့ကလေးဘဝ
ကိုလည်း ပြန်သတိရစေရတယ်။
အမေဆီမှာကတော့ သားသမီးကို ချစ်တဲ့စိတ်နဲ့ မိသားစုရဲ့တာဝန်တွေကြား ငွေကြေးမပြည့်စုံတော့ ရာဇီယာရဲ့ဆန္ဒက သူ့အတွက် ဖြေရှင်းပေးဖို့ မလွယ်ကူဘူး။ မြန်မာနိုင်ငံရဲ့မိခင်တွေနဲ့ သားသမီးတွေ ကြားထဲ ဖြစ်ကြတဲ့အတိုင်းပါပဲ။
အဖေကိုတော့ အသံပဲကြားရတယ်။ ရေချိုးခန်းထဲကထင်ပါတယ် အော်ဟစ်ပြောနေတာ။ shampoo ဝယ်ခိုင်းတာ ဆပ်ပြာနဲ့မှားဝယ်လာတဲ့ အလီကို အော်ဟစ်ပြီး နောက်တကြိမ် အလီကို အပြေးအလွှား သွားဝယ်စေတာ။ မိသားစုမှာအာဏာရှိတဲ့သူဟာ အဖေဆိုတာ မြင်ရစေတယ်။

❤12👎6🖕3👍1🔥1
မြောင်းထဲက ငွေကို ပြန်ရအောင်ကြိုးစားနေရင်း လူငယ်စစ်သားလေးတယောက်နဲ့ ရာဇီယာတွေ့ပြီး မြောင်းဘေးမှာစကားထိုင်ပြောကြတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်သားကို အမိန့်ပေးသူ၊ ကြမ်းတမ်းသူ၊ အာဏာရှိသူအဖြစ် ပြတတ်ကြပေမယ့် ဒီထဲက စစ်သားလေးကတော့ သူကိုယ်တိုင်လည်း အိမ်ပြန်ချင်နေတဲ့ လူငယ်လေးပဲ။စစ်သားဟာအရေး
ကြီးတဲ့စစ်ရေးအကြောင်း၊နိုင်ငံရေးအ
ကြောင်း မပြောပါဘူး။ သူပြောတာတွေက ရိုးရိုးလေး အိမ်ပြန်ချင်တာ၊ အားလပ်ရက်ရချင်တာ၊ ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်တာ။ သူ့မှာ ရာဇီယာနဲ့မတိမ်းမယိမ်းညီမလေးနှစ်ယောက်ရှိတယ်။ သူတို့ကို တွေ့ချင်တယ်။ဒါပေမယ့် ပြန်ဖို့အခွင့်ရော ခရီးစရိတ်ရောသူ့မှာမရှိဘူး။ အဲဒီရိုးရိုးစကားတွေကပဲ စစ်သားဘဝရဲ့ အဓိပ္ပာယ်မဲ့မှုကို ဖော်ပြပါတယ်။ လူတစ်ယောက်ဟာ သူ့အသက်၊ သူ့အချိန်၊ သူ့လွတ်လပ်မှုကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ အမိန့်နဲ့ တာဝန်ကြားမှာ နေနေရတာ ဖြစ်တယ်ဆိုတာ မြင်ရတယ်။
ပနာဟီ က စစ်ပွဲ၊ နိုင်ငံရေးကို တိုက်ရိုက်မဝေဖန်ဘဲ စစ်သားတစ်ယောက်ရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒလေး နဲ့ပဲ စစ်စနစ်ရဲ့ လူသားဆန်မှုမရှိတာကို ပြသွားပါတယ်။စစ်သားရဲ့စကားတွေမှာ ယူနီဖောင်းဝတ်ထားတဲ့လူတစ်ယောက်ဟာလည်း အိမ်ပြန်ချင်တဲ့ သာမန်လူသားတစ်ယောက်ပဲ။ အာဏာနဲ့ တာဝန်အောက်မှာ လူတိုင်းရဲ့ ကိုယ်ပိုင်ဆန္ဒတွေ ဖိနှိပ်ခံနေရတယ်။ ဒီအဓိပ္ပာယ်တွေကို စစ်ရေးဝေဖန်ချက်ကြီးကြီးမားမားနဲ့ မပြောဘဲ ကလေးတစ်ယောက်နဲ့စစ်သားတစ်ယောက်ရဲ့ရိုးရိုးစကားဝိုင်းလေး ထဲကနေ မြင်ရအောင် ထုတ်ပြသွားတာပါ။
ရာဇီယာ သူ့ငွေပြန်ရဖို့ အကူအညီတောင်းတဲ့အထဲမှာအပ်ချုပ်ဆိုင်ပိုင်ရှင်တယောက်လည်း ပါတယ်။ ရာဇီယာ နဲ့ အလီတို့က သူတို့ဖြစ်နေတာကို ဆိုင်ထဲမှာပြောပြဖို့ကြိုးစားတယ်။ ဒါပေမယ့် ဆိုင်ထဲကလူကြီးက သူတို့ပြောနေတဲ့စကားကို အဆုံးထိနားထောင်ဖို့ကို မလုပ်နိုင်ဘူး။ သူတို့အတွက် ရွှေငါးပြဿနာက ဘာမှမဟုတ်တဲ့ကိစ္စ။ သူ့မှာလည်း သူ့အလုပ်နဲ့သူ ဖြေရှင်းနေရတာတွေရှိတယ်။ သူ့ကို လူဆိုးအဖြစ်ပြထားတာတော့မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အရေးပေါ်ပြဿနာဟာ တခြားလူတစ်ယောက်အတွက်တော့ သာမန်နေ့စဉ်ဘဝထဲကအနှောင့်အယှက်တစ်ခုသာဖြစ်နိုင်တယ်
ဆိုတဲ့ လူမှုဘဝအမှန်တရားကို ပြတာပါပဲ။ လူမှုအဖွဲ့အစည်းရဲ့ ပြဿနာကို လူဆိုးတစ်ယောက်နဲ့ မပြဘဲ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် အလုပ်ရှုပ်နေတဲ့အခါ အားနည်းတဲ့သူတစ်ယောက်ရဲ့ အသံက ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ပနာဟီက ပြခဲ့တာပါ။
ရာဇီယာ ရဲ့ ငွေ ပြန်ရအောင် ကူညီပေးခဲ့တာ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးပါ။ က
လေးတိုင်း အတွက် ပူဖောင်းဆိုတာ လိုချင်စရာပါ။ဇာတ်ကားအစမှာကိုရာဇီယာရဲ့ လက်
ထဲမှာ ပူဖောင်းအပြာလေး ကိုင်ထားတာကို ပြခဲ့တယ်။ ပူဖောင်းဆိုတာ ကလေးဘဝ၊ မျှော်
လင့်ချက်နဲ့ လွတ်လပ်မှုတို့ကို ကိုယ်စားပြုနိုင်ပါတယ်။ ကလေးတယောက်ရဲ့ ပျော်စရာဟာ ကလေးတယောက်ရဲ့ရောင်းချစရာ၊စားဝတ်
နေရေးဖြေရှင်းဖို့အရာ။ ဒီဇာတ်ကားမှာ ဇာတ်
ကောင်ငယ်တွေကနေ အီရန်လူ့အဖွဲ့အစည်း
ရဲ့ ကွဲပြားခြားနားမှုတွေကို မြင်ရနိုင်စေခဲ့တာပါပဲ။
ကင်မရာအမြင်ကို ကြည့်မယ်ဆိုရင် ကလေးတွေအမြင်ကနေ နီးစပ်အောင် ပနာဟီ သုံးခဲ့တယ်။ လူကြီးတွေရဲ့ အပေါ်စီးက ကြည့်သလိုမျိုးမဟုတ်ပဲ ကလေးတွေမြင်တဲ့ လမ်းတွေ၊ လူတွေ၊ ဆိုင်တွေကို ခံစားစေတယ်။ အဲဒီအမြင်ကြောင့်ရုပ်ရှင်ဟာမှတ်တမ်းရုပ်ရှင် (documentary)တခုလိုသဘာဝကျနေခဲ့တာ။
Editing အနေနဲ့လည်း အလွန်မြန်တဲ့အဖြတ်အတောက်တွေ မပါဘူး။ ကလေး သူ့ပိုက်ဆံပြန်ရဖို့ ကြိုးစားနေတာကို အချိန်ပြည့်နီးပါး ပြခဲ့တယ်။ အဲဒါကြောင့်လည်း ပရိဿတ်တွေပါ သူနဲ့အတူရောပြီး ငွေပြန်ရဖို့ စောင့်နေရသလို ခံစားရတယ်။အလွန်ရိုးရှင်းတဲ့ ဇာတ်လမ်း
ကို ပနာဟီက အလွန် စိတ်ဝင်စားအောင် ရိုက်ခဲ့ပါတယ်။
ဇာတ်ကားနောက်ခံအသံအဖြစ် ရေဒီယိုကနေ နှစ်သစ်ကူးချိန်နီးကပ်လာတာကို ကြေငြာနေတဲ့အသံကို မကြာမဏကြားနေရတယ်။ အဲဒီအသံက ဇာတ်ကားရဲ့အချိန်ကန့်သတ်ပေးတာကို သတိပေးနေတာလို့ ခံစားရစေတယ်။ ပရိ
သတ်ဟာ ရာဇီယာနဲ့အတူ ငွေပြန်ရဖို့ ကြိုးစားရင်း နှစ်သစ်ကူးအချိန် နီးလာတာကို ခံစားရပါတယ်။ ပြီးတော့ ရာဇီယာ နဲ့ အလီတို့ ပြေးကြတဲ့ ဖိနပ်သံလေးတွေ။ ဒီဖိနပ်သံလေးတွေ ကလည်းအချိန်ကအရေးကြီးနေပြီဆိုတဲ့ အ
သံလေးတွေပါပဲ။
နော်ရူးဇ် ဆိုတာ အီရန် နဲ့ ပါရှန်ယဉ်ကျေးမှုနိုင်ငံတွေရဲ့ နှစ်သစ်ကူး။ မတ်လ ၂၀ ရက် ဒါမှမဟုတ် ၂၁ ရက်ဝန်းကျင် နွေဦးရာသီဝင်တဲ့အချိန် မှာ စတင်ပါတယ်။ နှစ်သစ်ကူးမှာ အီရန်အိမ်တိုင်းလိုလို အိမ်သန့်ရှင်းရေးတွေ လုပ်ကြတယ်၊ အဝတ်စားသစ်တွေ ဝတ်ကြတယ်။ အလှဆင်စားပွဲတခု ပြင်ဆင်ကြတယ်။ ရာဇီယာရဲ့ ရွှေငါးက အဲဒီစားပွဲအတွက် အရေးကြီးနေတာပါ။ ရွှေငါးလေးကို စားပွဲပေါ်တင်ပြီး "နှစ်သစ်ရောက်ပြီ ရာဇီယာလည်း ပျော်ရွှင်ရတော့မယ်" ဆိုတဲ့ ဆန္ဒကို ပြည့်ဖို့အတွက် ရာဇီယာ ကြိုးစားခဲ့တာ။
တစ်နိုင်ငံတည်း၊ တစ်မြို့တည်း၊ တစ်နှစ်သစ်တည်းမှာတောင် လူတိုင်းရဲ့ “ပျော်ရွှင်ခွင့်” က တူညီမနေဘူး ဆိုတာကို ဇာတ်ကောင်တွေအမျိုးမျိုး နဲ့ ပနာဟီက ပြခဲ့တာပါ။ ဒါဟာ နှစ်သစ်ကူးချိန်ကို ဇာတ်ကားရဲ့ နောက်ခံအဖြစ်သုံးထားတဲ့ သူ့ရဲ့ရည်ရွယ်ချက်လို့ပဲ မြင်ရပါတယ်။

🔥10❤5👍5🖕2
မျှော်လင့်နေတာ အောင်မြင်သွားရင် ဇာတ်ကားအပြီးမှာ ဝမ်းသာရမယ်လို့ ထင်ခဲ့ရတာ ဒီကားမှာတော့ မဟုတ်ဘူးဖြစ်သွားပါတယ်။ ကင်မရာက ရာဇီယာကနေ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးဆီ ချက်ချင်းလှည့်သွားတယ်။ ပရိဿတ်က ရွှေငါးဖန်ချိုင့်လေးကိုင်ပြီး ပြေးသွားတဲ့ ရာဇီယာနောက် ကို ပြေးလိုက်သွားရမှာလား၊ ရောင်းမကုန်လို့ကျန်နေသေးတဲ့ ပူဖောင်းအဖြူရောင်လေး
ကိုင်ပြီး လမ်းပေါ်မှာ တယောက်ထဲ ကျန်ခဲ့တဲ့ ပူဖောင်းသည်ကလေးနားမှာပဲ ရပ်ကျန်ပေးခဲ့ရမှာလား။ အဲဒီကင်မရာ ရွှေ့ပြောင်းလိုက်တာဟာ ဇာတ်လမ်းရဲ့ အဓိကအချက်ပါ။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု ပြည့်စုံသွားတဲ့အချိန်မှာ အခြားသူတစ်ယောက်ရဲ့ မပြည့်စုံသေးတဲ့ဘဝကို ငါတို့ မြင်နိုင်ကြပါရဲ့လား။ "အခု ကြည့်နေတဲ့ ကလေးမလေးရဲ့ ဇာတ်လမ်း ပြီးသွားပြီ။ ဒါပေမယ့် ဒီ တဟီရန်မြို့ထဲမှာ အ
ခြားကလေးတွေရဲ့ ဇာတ်လမ်းတွေက ဆက်ရှိနေတုန်းပဲ။” ဒါဟာ ပရိဿတ်တွေကို ပနာဟီပြောချင်တဲ့ message။
ဒီကွာခြားမှုက ပရိသတ်ကို စိတ်မကောင်းဖြစ်စေပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာလို့ပဲ မြင်လိုက်ရင် တဝက်ပဲ မှန်မှာပါ။ တစ်ဖက်မှာတော့ အဲဒီကလေးဟာ ရာဇီယာတို့ကို ကူညီပေးနိုင်ခဲ့တယ်။ သူ့မှာလည်း ကြင်နာမှုနဲ့ လူသားဆန်မှု ရှိနေပါတယ်။ဒါကြောင့် အဆုံး
သတ်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ပြသပေမယ့် လူသားတွေရဲ့ ကြင်နာနိုင်စွမ်းကို လုံးဝပျောက်ကွယ်သွားအောင် မလုပ်ထားပါဘူး။ လူသားတွေရဲ့ ကြင်နာနိုင်စွမ်းဟာ ချမ်းသာမှ၊ အဆင်ပြေမှ ရလာတာမဟုတ်ဘဲ ကိုယ်တိုင်ဒုက္ခရှိနေချိန်မှာတောင် ပေါ်ထွက်နိုင်တယ် ဆိုတာကို ပနာဟီပြခဲ့တယ်။မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင်က ခက်ခဲ ဒုက္ခတွေကြားထဲမှာ၊ ကိုယ်လည်းမပြည့်စုံပေမယ့် သူ့အတွက် တခုခု လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်တွေဟာ ပနာဟီပြသွားတဲ့အတိုင်းပဲ မဟုတ်လား။ မြန်မာလူမှုဘဝ မှာလည်း “ဒုက္ခထဲက ကြင်နာမှု” ရှိနေတာပဲ မဟုတ်လား။
ရိုးရှင်းမှုထဲကနေ လူသားဆန်မှုကို ထုတ်ဖော်ပြသနိုင်ခြင်း က ဒီကားရဲ့ အကောင်းဆုံးပါ။ အဆုံးသတ်ရဲ့ အလှတရားက ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်ကို တစ်ပြိုင်နက်တည်း ထားပေးထားခြင်းပါပဲ။ ။

💩9👍6❤2🖕2🔥1💔1
ရန်ကုန်မြို့လယ်မှာ မီးလောင်မှုဖြစ်
စက်တင်ဘာ-၁၇၊၂၀၂၆။ရောင်နီ၊သုည/People's Spring
ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်က တိုက်ခန်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး ၁နာရီ နီးပါးမီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။
ဒီနေ့ (စက်တင်ဘာ ၁၇) မနက် ၈နာရီကျော်က မဟာဗန္ဓုလ ပန်းခြံလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ တိုက်ခန်း အပေါ်ထပ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး Level 1 အဆင့် မီးငြှိမ်းသတ်ယာဉ်တွေနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုအကြောင်းနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က သီးသန့်ထုတ်ပြန်ထားတာမရှိပါဘူး။
"ကိုမင်းဖုန်းဆိုင်တို့ ကြက်ကြော်ဆိုင်တို့ ရှိတဲ့ တိုက်ခန်းအပေါ်ထပ်မှာ လောင်တာပါ။ မီးက များတယ် ထင်တယ် မီးခိုးတွေကို ပုစွန်တောင်ဘက်က လူတွေတောင် လှမ်းမြင်ရတယ်။ ၈ နာရီကျော်က စလောင်တာ နာရီဝက်နီးပါးလောက်ကြာမှ မီးငြိမ်းတယ်။ လူထိခိုက်တာ မရှိဘူးလို့ ကြားတယ်။ အောက်က တိုက်ခန်းအချို့တော့ ထိခိုက်ပျက်ဆီးတာ ရှိပါတယ်။ ဟိုရက်က စမ်းချောင်းမှာ မီးလောင်တာ လူသေထားတော့ မီးဆိုတာနဲ့ လန့်နေကြတယ်"လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ညပိုင်းက စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းရှိ Bar 4U မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

❤11👍8🔥4👎1
အင်အားလိုအပ်ချက်ကြောင့် စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းအချို့ ထပ်တိုးဖွင့်
စက်တင်ဘာ-၁၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအနှံ့ တန်ပြန် ထိုးစစ်တွေမှာ ထိခိုက်ကျဆုံးမှု များပြားနေတာတွေနဲ့ စစ်မြေပြင်မှာ လူသားဒိုင်းတိုက်ခိုက်ရေးအင်အား လိုအပ်ချက် မြင့်မားနေတာတွေကြောင့် ပေါ်တာဆွဲကာ စစ်မှုထမ်းသင်တန်းတွေကို ဆက်လက်စုဆောင်းဖွင့်လှစ်နေမည်ဟု သုံးသပ်ရကြောင်း၊ လက်ရှိ စစ်မှုထမ်း အမှတ်စဉ် (၂၇)ကစတင်ကာ ကလေးမြို့အခြေစိုက်တန်းမြင့်သင်တန်းကျောင်း တတက (၁၀)နဲ့ သပိတ်ကျင်းမြို့နယ်အခြေစိုက် တတက (၁၃) တို့မှာသင်တန်းသားတွေ ပြန်လည်လက်ခံဖွင့်လှစ်နေကြောင်း MDSI က အသိပေးပါတယ်။
စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းတွေအတွက် တစ်နိုင်ငံလုံးမှာ သင်တန်းကျောင်း ၂၇ ခုအထိ ရှိတဲ့အနက် လက်ရှိ သင်တန်းကျောင်း ၂၄ ခုမှာ ပုံမှန်လက်ခံလေ့ကျင့်ပေးနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်မှုထမ်းသင်တန်းကျောင်းတွေ တိုးဖွင့်လာတာက လက်ရှိစစ်တပ်မှာ လူအင်အားလိုအပ်ချက် မြင့်မားလာတဲ့အတွက် စစ်မှုထမ်းခေါ်ယူမှုကို ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း မန္တလေးမြို့ မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
"သင်တန်းကျောင်းတိုးလာတာကို အဆောက်အဦးတိုးချဲ့တာလို့ပဲ မြင်လို့မရပါဘူး။ အဓိက လူအင်အားပိုမိုစုဆောင်းနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိတည်ဆောက်နေကြတာပါ။ ဒါကြောင့် ရှေ့လျှောက် ပေါ်တာဆွဲတာတွေ စစ်မှုထမ်းခေါ်ယူမှုတွေ ပိုဆိုးလာပါလိမ့်မယ်။ ဟိုးအရင်က ပေါ်တာဆွဲရင် ငွေပေးပီးရွေးလို့ရတယ်ပေါ့နော်။ ခုနောက်ပိုင်း စစ်တပ်အသိုင်းဝိုင်းနဲ့ ဘောမကလွဲရင် သာမန်ပြည်သူတွေပေါ်တာဆွဲခံရရင် လုံးဝငွေပေးလို့မရဘဲ စုဆောင်းရေးထဲတခါတည်းဆွဲသွားတာပိုများလာတယ်"လို့ ပြောပါတယ်။
စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ သင်တန်းသားတွေကို ပစ်ခတ်ဖမ်းဆီးတာ၊ ပြန်လည်ဖမ်းမိသူတွေကို အပြင်းအထန် နှိပ်စက်ရိုက်နှက်တာတွေကြောင့် အသက်သေဆုံးမှုတွေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်မှုတွေ၊ လစာငွေကြေး ဖြတ်တောက်ခေါင်းပုံဖြတ်တာတွစတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေ ရှိနေတယ်လို့ MDSI က ထောက်ပြပါတယ်။
စစ်မှုထမ်းသင်တန်းသား လိုအပ်ချက်ကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ၊ လူငယ်လူရွယ် နေ့စဉ်သွားလာနေထိုင်မှုတွေကို စောင့်ကြည့်ပြီး ပစ်မှတ်ထား ဖမ်းဆီးစုဆောင်းတာတွေ၊ တောနယ်မြို့ရွာအနှံ့ နေအိမ်ပေါ်အထိ ဝင်ရောက်ဖမ်းဆီးတာတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေကြောင်း MDSI က အသိပေးပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအင်အား ပြည့်မီရေး အထက် ဌာနတွေရဲ့ ဖိအားပေးမှုနဲ့ အောက်ခြေအဆင့်ဆင့် လူအရောင်းအဝယ် အကျိုးအမြတ်တွေကြောင့် အဖွဲ့ပေါင်းစုံပါဝင်တဲ့စစ်မှုထမ်းလူမှောင်ခိုဂိုဏ်းတွေ ပေါ်ပေါက်လာနေကြောင်း၊ တချိန်တည်းမှာပင် ပေါ်တာဆွဲစစ်မှုထမ်းစာရင်း အချက်အလက် တွေ မှတ်တမ်းရေးသွင်းပြုစုပြီး ခွဲတမ်းစနစ် ဖမ်းဆီးစုဆောင်းတာကို ပေါင်းစပ်လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပေါ်တာဆွဲစစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးဖော်ဆောင်မည်ဟု ပြောဆိုထားကြောင်း MDSI ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းရေးဖြစ်တဲ့ ပစ အစီအစဉ်ကို တိုက်ဖျက်ရေးဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းတရပ်ဖြစ်ပြီး ပြည်သူတွေနဲ့အရွယ်ရောက်ပြီး လူငယ်တွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

❤12👎10💩6🤬5👏3👍1🤮1
ရေဦးမှာ ပေါ်တာဆွဲခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်
စက်တင်ဘာ ၁၇၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရေဦးမြို့၊ အထက (၂)စာသင်ကျောင်းအတွင်းမှာ စစ်မှုထမ်းဖို့အတွက် အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူငယ်တွေဟာ စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခန့်က အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ကြောင်း ရေဦးပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"အခုထိတော့ ၁၂ ယောက်။ လူတချို့ပျောက်နေသေးလို့ သတင်းအတိကျမရေးနိုင်သေးပါဘူး"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေဦးမြို့ပေါ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အထက (၂) စာသင်ကျောင်းအတွင်း ဖမ်းဆီးထားတာလို့ သိရပါတယ်။ လွတ်မြောက်လာတဲ့ လူငယ်တွေကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးထားပါတယ်။
စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် ယခင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

👏33❤14👍3🥰2👎1🔥1🖕1
■အတွေးအမြင်
နှလုံးမလှတဲ့ လူမိုက်ကြီးများသို့
ဝဇီရာ/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေ
ကြားချက်တွေအပေါ် ပြည်သူတွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
မြေးဖြစ်သူကို နိုင်ငံခြားကိုကျောင်းသွားတက်
ခိုင်းထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတယ်။ "စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိဘူး။ အမေရိကားမှာလည်း ထမ်းတာပဲ။ တရုတ်ပြည်မှာလည်း ထမ်းတာပဲ။ ရုရှားမှာလည်း ထမ်းတာပဲ။ အိန္ဒိယလည်း ထမ်းတာပဲ။ ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။..ဒါမထူးဆန်းဘူး။ ဒီဟာပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်"လို့ ပြောဆိုခဲ့တယ်။ ပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်လက်အောက်မှာ မင်းအောင်လှိုင်မိသားစုကိုချဥ်းကပ်ပြီး စစ်တပ်အလိုကြဝါဒဖြန့်ချီရေးတွေမှာတက်တက်ကြွကြွ လုပ်ရင်း ပရောဂျက်များစွာရနေသူပါ ။
အလားတူ သရုပ်ဆောင် နေအောင်ကလည်း "လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အသက်
မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်
တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး"လို့ ပြောပြန်ပါတယ်။ နေအောင်ကလည်း စစ်သားမိသားစုကကြီးပြင်းလာတာမို့ စစ်
တပ်ကျေးဇူးဆပ်မကုန်ဆိုပြီး အာဏာလုအုပ်စုအတွက် တက်တက်ကြွကြွဝါဒဖြန့်ပေးတဲ့ ဦးလေကြီးမှာ အဲဒီစစ်တပ်ကပေးတဲ့ ကြွေးတဲ့ငွေတွေ၊ထမင်းတွေဟာ ပြည်သူ့ဘဏ္ဍာတွေ ၊တိုင်းပြည်ရဲ့ရင်းမြစ်တွေသာဖြစ်တယ်ဆိုတာထိကို မမြင်နိုင်ဘဲ စစ်တပ်ကိုပဲ
အစဥ်အမြဲ ကိုးကွယ်နေသူပါ ။
ဦးလေးတို့ခင်ဗျာ။ စစ်မှုထမ်းတာဟာ ပုံမှန်အားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတာက နိုင်ငံတော်အတွက် လုံးဝ မဟုတ်ပါဘူး။ အာ
ဏာသိမ်းစစ်တပ်ကို ကာကွယ်ဖို့ပါ။ နိုင်ငံ
တော်ကို ကာကွယ်တာနဲ့ မိဘပြည်သူကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို ကာကွယ်ပေးတာ မတူပါဘူး။ နိုင်ငံအတွက် စစ်မှုထမ်းရတာ ဂုဏ်ယူစရာ ဖြစ်နိုင်ပေမဲ့ ပြည်သူကို ပြန်ပစ်နေတဲ့ တပ်ထဲမှာ စစ်မှုထမ်းရတာကတော့ ဂုဏ်ယူစရာ လုံးဝမဟုတ်ပါဘူး။
ပိုဆိုးတာက ဒီစစ်တပ်က ၁၉၆၂ အာဏာ
သိမ်းပြီးချိန်ကနေ အခုချိန်ထိ တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေအခါခါကျူးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ် ၊အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာကစပြီး စာသင်နေတဲ့ကျောင်းသားငယ်တွေ၊တရားစခန်းက သံဃာတော်တွေ ၊စစ်ရှောင်စခန်းတွေက ကိုယ်ဝန်ဆောင်သယ်တွေ သက်ကြီးရွယ်ပါမရှောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ ၊သတ်
ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေသာဖြစ်ပါတယ်။အခုလိုဘက်ပေါင်းစုံအကြပ်အတည်းဆိုက်ပြီးကျရှုံးနိုင်ငံဖြစ်အောင် စစ်အာဏာ
ရှင်တွေခိုင်းတဲ့အတိုင်းလိုက်လုပ်တဲ့ တိုင်း
ပြည်ကို ဖျက်ဆီးနေတဲ့စစ်ရာဇဝတ်သားတွေသာဖြစ်ပါတယ် ။တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်တေသူတွေမဟုတ်ပါဘူး ။
ဦးလေးတို့နှစ်ယောက် အသက်က ၈၀ ပတ်
ချာလည်တွေ။ ကိုယ်တိုင်လည်း ရှေ့တန်းသွားရမယ့် အသက် မဟုတ်တော့သလို၊ ကိုယ့်သားသမီး မြေးတွေလည်း စစ်မှုမထမ်းဘဲ ဂုဏ်ယူစရာလို့ လွယ်လွယ်မပြောစေချင်ပါ။ တကယ် ဂုဏ်ယူစရာလို့ ထင်ရင် ကိုယ့်သား
သမီး၊ ကိုယ့်မြေးတွေကို အရင်ဆုံး စစ်တပ်ထဲ ပို့ပြစေချင်ပါတယ်။
ဦးစိုးမိုးက နိုင်ငံတကာက စစ်မှုထမ်းတာတွေ ထောက်ပြတယ်။ ဦးရေ။ ကိုရီးယားနဲ့ အမေရိကန်မှာ စစ်မှုထမ်းရင် သက်ဆိုင်ရာ နိုင်ငံက စစ်သည်တွေရဲ့ အသက်အန္တရာယ်၊ အခွင့်အ
ရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးတယ်။ ပြီးတော့ သူတို့က ပြည်သူလူထုက ရွေးချယ်ပေးထားတဲ့အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တာဝန်ထမ်းတဲ့ လူ့အ
ခွင့်အရေးနဲ့ဒီမိုကရေစီကိုလေးစားတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် ။ ဒီမှာက စစ်တပ်က အာဏာသိမ်းထားတာ။စစ်အာဏာရှင်တစ်စုရဲ့အကျိုးစီးပွားအတွက် ကိုယ့်ပြည်သူကိုပျော်ပျော်ကြီးသတ်ဖြတ်နေတဲ့စစ်တပ် ပါ။ ပြည်သူကိုကာကွယ်နေတဲ့ စစ်တပ်တွေနဲ့ ပြည်သူကို ပြန်သတ်နေတဲ့ မင်းအောင်လှိုင်သစ်တပ်က နှိုင်းယှဥ်လို့တောင်မရပါဘူး။

👍15❤13🤮4👏1😁1🖕1
ပြီးတော့ စစ်မှုထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေ ဒေသတွေမှာ လုံခြုံရေးသဘောလောက် ထားမယ်ဆိုပြီး ပြောထားပြီး အခုကျ သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့ပြီး အသေခံစစ်တိုက်ခိုင်းနေတာပါ။ တခြားနိုင်ငံက စစ်မှုထမ်းတာနဲ့ ယှဥ်လို့မရပါဘူး။ ဒါကိုမယုံဘူးဆိုရင် အခု ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIA ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကိုသွားကြည့်ပါ ။ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး အာရက္ခတပ်တော် ချေမှုန်းတာခံနေရတဲ့ စစ်တပ်ရဲ့ စစ်သုံ့ပန်းတွေကို ကိုယ်တိုင်သွားမေးကြည့်ကြပါ ။ ပြည်သူ့စစ်တွေဘဝ ဘယ်လောက်ဆိုးတယ်ဆိုတာ မင်းအောင်လှိုင်နဲ့အတူ လူကြီးမင်းတို့ကိုပါ ကျိိန်စာတိုက်ပြီး ပြန်ပြောပေးကြပါလိမ့်မယ် ။
အခုဆိုရင် စစ်တပ်ဟာ ရှေ့တန်းကို တစ်ရာပို့ရင် အကြမ်းဖျင်း ရှစ်ဆယ်လောက်က စစ်
မှုထမ်းတပ်သားသစ်တွေလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ လပိုင်းကလေး သင်တန်းဆင်းပြီး ရှေ့တန်းမှာ အသေခံခိုင်းနေတာပါ။ ပြီးတော့ တိုက်နေရတာကလည်း တိုင်းတပါးက ကျူးကျော်စစ်လည်းမဟုတ်။ ကိုယ့်ညီအကိုချင်း ပြန်တိုက်ခိုင်းတာတွေ။
ဦးလေးတို့နှစ်ယောက်မှာ ပန်းချီစိုးမိုးက အသက် ၈၀ ကျော်။ နေအောင်ဆို ၇၆ နှစ်။ အနုပညာသမား စိတ်နှလုံးသား လှရတယ်တဲ့။ နှစ်ပေါင်းများစွာ ဘယ်လို နှလုံးသားတွေနဲ့များ အနုပညာအလုပ်တွေ လုပ်ခဲ့ကြပါလိမ့်။
ပန်းချီစိုးမိုးရဲ့ ငါသူတစ်ပါးယောကျာ်းမိန်းမဇာတ်ကားဆိုရင် ပရိသတ်တွေကသံဝေဂတွေရတဲ့အထိ ကြိုက်ခဲ့ကြတာပါ။နေအောင်ဆိုလည်း ကိုငြိမ်းမောင်ဇာတ်ရုပ်နဲ့ ဒီနေ့အထိ ပရိသတ်က တွဲဲမြင်ခဲ့ကြတယ်။ ဒါပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့စစ်တပ်ခိုင်းတာလုပ်ပေးနေတဲ့ ခင်ဗျားကိုပရိတ်သတ်
တွေက အတော်လေးရွံရှာနေကြပါပြီ။
ပရိသတ်တွေဟာ ဦးလေးတို့အနုပညာတွေကို ခေတ်အဆက်ဆက် အဆင်မပြေတဲ့ကြားထဲကနေ အားပေးခဲ့ကြဖူးပါတယ်။ ပရိသတ်တွေအားပေးလို့ ဦးလေးတို့ အိမ်ကောင်းကောင်းနေနိုင်တယ်။ အစားကောင်းကောင်းစားနိုင်တယ်။ သားသမီးမြေးအထိ နိုင်ငံခြားပို့ စာသင်နိုင်တယ်။
အခု ဦးလေးတို့ကို အားပေးခဲ့ဖူးတဲ့ ပရိသတ်တွေဟာနေ့နေ့ညည ပူပင်သောကတွေနဲ့ ဖြတ်
သန်းနေရတာပါ။ မြန်မာနိုင်ငံ သက်တမ်းတလျှောက်လုံး အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဦးစိုးမိုးရေ။ ဦးစိုးမိုးမြေးလေး နိုင်ငံခြားမှာ ရုပ်ရှင်ပညာ အေး
အေးလူလူသင်ခွင့်ရနေချိန် ကျနော်တို့တိုင်း
ပြည်မှာ ကျောင်းသွားတဲ့ကလေးကအစ ပေါ်တာဆွဲခံရသလို ၊စာသင်နေရင်း ဗုံးကြဲခံရလို့သေကြရတယ်ဗျာ။
ဦးနေအောင်ရေ။ သင်္ကြန်ရောက်တိုင်း ကိုငြိမ်းမောင်ကြီး မမထားနဲ့လွဲတာကို ခံစားနေတတ်တဲ့ အဒေါ်ကြီးလည်း သူ့သားပန်းရံလေး အလုပ်ကအပြန် ဖမ်းပြီးတပ်ထဲ ရောင်းစားခံရတယ်ဗျာ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းတွေကို ကြိုက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် သူ့မောင်လေး အလုပ်ကအပြန် စစ်ကားပေါ် ခေါ်တင်ခံရတယ်ဗျာ။ သောကတွေများနေရတဲ့ အဲဒီပြည်သူတွေဟာ ဦးလေးတို့ရဲ့ ပရိသတ်တွေပါခင်ဗျာ။ ကိုယ့်ကိုထမင်းအိုးတည်ပေးခဲ့တဲ့ ပရိသတ်တွေမျက်နှာကိုလည်း တချက်လေး ကြည့်ပေးကြပါဦး။
ဦးလေးတို့နှစ်ယောက် အိမ်မှာတပ်ထားတဲ့
မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်သံကြည့်တာ၊ နေ့စဥ်လာပို့တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊မြဝတီ သတင်းစာတွေဖတ်တာတွေ လျှော့စေချင်တယ်။ ရုပ်ရှင်ဒါရိုက်တာမဟုတ်တဲ့ မီးပွားက ဦးလေးတို့အိမ်ပေါ် ကျလာတော့မှ သိမယ်ဆိုရင် အတော်လေးနောက်ကျသွားပါလိမ့်မယ်။
လောလောဆယ်တော့ ကိုယ်အခြေအနေသိအောင် ပြည်သူတွေရဲ့ တုံ့ပြန်မှုလေးတွေကို
ခဏအချိန်ပေးဖတ်ကြည့်လိုက်ကြပါဦ ။
"သေခါနီး ရိက္ခာယူသွားတာ ငါတို့လဲတုံးအ
ပါ့ ဒီလူကိုအားပေးခဲ့ပြီး သေခါနီးမှ လူမဟုတ်မှန်းသိခဲ့ရတာ"
"သေခါနီးသူတပါးပျက်စီးအောင် ပြောတာ"
"အသက်ကြီးပြီး လူစိတ်မရှိတဲ့ဟာပေါ့
သူမိသားစု ထိမှ ကိုယ်ချင်းစာစိတ် ပေါ်မဲ့ဟာကြီးပါ"
ဒါတွေကတော့ စစ်မှုထမ်းရတာဂုဏ်ယူစရာပြောတဲ့ ပန်းချီစိုးမိုးအတွက် ပြည်သူအချို့ရဲ့ သတင်းစကားတွေပဲဖြစ်ပါတယ်။ ။

🖕19👍10❤7🤮3🔥1