ကချင်ပြည်နယ်၊ ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောလုံခြုံရေးအတွက် ဗုံးလိုက်ကြဲနေတဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၁၆ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကနေ ရွှေကူမြို့ဘက်ကို စုန်းဆင်းလာတာရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာရှိကြောင်း သိရပါတယ်။ အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောလမ်းကြောင်းလုံခြုံရေးအတွက် လာတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းရရှိခဲ့တာပါ။ စစ်တပ်ရဲ့ Y-12 လေယာဥ် ထိခိုက်ပြီး မီးခိုးတလူလူဖြစ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဖြစ်စဥ်ကို မြင်လိုက်တဲဲ့ ရွာသားတွေရဲ့ ပြောကြားချက်ကို ပြန်ရှင်းပြပါတယ်။ လေယာဥ်ပျက်ကျ၊ မကျ တိတိကျကျ မသိရသေးဘဲ တောင်ပေါ်ဘက်ကိုတော့ KIA က သွားရောက်စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️စစ်မှုထမ်းအတွက်လူဝယ်တဲ့ အောင်ပန်းက ဗိုလ်ကြီးတစ်ဦး ဖမ်းဆီးခံရ
ရန်ကုန်မြို့က ဘောလုံးသမား ၁ဦးကို စစ်မှုထမ်းအစားထိုးဖို့ ကျပ်သိန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံက ဆရာဝန် ဗိုလ်ကြီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာဝန် ဗိုလ်ကြီးဟာ စစ်မှုထမ်းဖို့ လိုအပ်တဲ့ အရေအတွက်ကို လစဉ် ရန်ကုန်မြို့ကို သွားရောက်ဝယ်လေ့ရှိသူ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လကတော့ ရန်ကုန်ကနေ ဘောလုံးသမားဝယ်လာမိလို့ အဲဒီဗိုလ်ကြီးကို ဖမ်းထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဗိုလ်ကြီးဖမ်းဆီးခံရတဲ့ ရက်ပိုင်းဟာ ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ ပါလုမ်း ပျောက်ဆုံးမှု ဖြစ်ပြီးနောက်ပိုင်းနဲ့ တိုက်ဆိုင်နေပါတယ်။ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ရန်ကုန်မြို့ကနေ စစ်မှုထမ်းဖို့ ရောင်းစားခံရသူဟာ ဘောလုံးသမားတစ်ဦးလို့သာ အတည်ပြုပြီး ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား ပါလုမ်း ဟုတ်၊မဟုတ် အတည်မပြုပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ အောင်ပန်းမြို့ခံအခြားသတင်းရင်းမြစ်တစ်ဦးကတော့ အဖမ်းခံရတဲ့ ဗိုလ်ကြီးဝယ်မိတဲ့သူဟာ ပါလုမ်း ဖြစ်တယ်လို့ ပြောပါတယ်။
◾️ရန်ကုန်မှာ စားအုန်းဆီဈေး သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်
ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စားအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စားအုန်းဆီကို စစ်တပ်က သတ်မှတ်ထားတဲ့ဆိုင်တွေမှာ တစ်ပိဿာ ၇,၆၅၀ ကျပ်နဲ့ ရောင်းချပေမယ့် ဈေးကွက်ထဲမှာတော့ စားအုန်းဆီဈေးဟာ တစ်ပိဿာ ကျပ် ၁၈,၀၀၀ အထိ ဈေးပေါက်နေတာလို့ပြည်သူတွေက ပြောပါတယ်။ စစ်တပ်က ရပ်ကွက်တွေမှာ စားအုန်းဆီကို ၁၀ရက် တစ်ပိဿာနှုန်း ရောင်းချပေးနေတာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ ခွဲတမ်းပြည့်အောင် ရောင်းမပေးနိုင်ဘူးလို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ရပ်ကွက်တွေမှာ စားအုန်းဆီထုတ်ပေးဖို့အတွက် ခွဲတမ်းရရှိတဲ့ ပမာဏက နည်းလာတယ်လို့ လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️PDF ဇိုလဲန်းတပ်ဖွဲ့ထံက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ထက်ဝက်ခန့် လွတ်မြောက်၊ ၂၀ ဦးခန့် ပြန်ဖမ်းမိ
ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ရဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၈၀ ဦးလောက်ဟာ စက်တင်ဘာ ၁၃ရက် က အစောင့်ရဲဘော်တွေကို အလစ်အငိုက်တိုက်ခိုက်ပြီး ထွက်ပြေးသွားတာပါ။ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း PDF ဇိုလဲန်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၄ရက်မှာ ပြောထားပါတယ်။ အဲဒီလို စစ်သုံ့ပန်းတွေ ပြန်ဖမ်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စက်တင်ဘာ ၁၅ရက်မှာ အရာရှိ အပါအဝင် စစ်သုံ့ပန်း ၃၀ကျော် တီးတိန်မြို့ရှိ စစ်တပ်ထံ ပြန်ပူးပေါင်းနိုင်ပြီဆိုတဲ့ ပြောဆိုချက် တွေရှိသလို ထွက်ပြေးတဲ့ သုံ့ပန်း ၂၀ဦးလောက်ကိုလည်း ပြန်ဖမ်းမိတာရှိတယ်လို့ သိရပါတယ်။
◾️ရှမ်းတပ် RCSS နဲ့ စစ်တပ်စီ ထပ်မံ တွေ့ဆုံဆွေးနွေး

❤10👍7🤣2🤮1🖕1
ရှမ်းတပ် RCSSနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ စက်တင်ဘာ ၁၅ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။ အရင်ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကို သွားရောက်ပြီး စက်တင်ဘာ ၁၅ရက်မှာ စစ်အုပ်စုနဲ့ ဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပိုမြှင့်တင်နိုင်ခဲ့ကြောင်း RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ RCSSက ထုတ်ပြန်ထားပါတယ်။ RCSS ဟာ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်မှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေ ကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့ပါတယ်။
◾️တယ်လီနောအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အပေါ်ကြိုဆိုကြောင်း JFM နဲ့ ICJ Norway ထုတ်ပြန်
လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုနဲ့ Telenor ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။ နော်ဝေဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့မှုတွေအတွက် တယ်လီနောအပေါ် အခုလို နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုတယ်လို့ ဆိုပါတယ်။ တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဝဲလ် လွှဲပြောင်းပေးခဲ့တာနဲ့ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်း အများအပြားကိုလည်း နော်ဝေရဲတပ်ဖွဲ့ကို ပေးပို့ထားပြီးဖြစ်တယ်လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စစ်တပ်ကို ပေးခဲ့တာက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောက အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်တယ်လို့ မရတနာမောင်က ပြောပါတယ်။

👍30❤2🥴2🤣2👏1💩1🖕1
ရွှေမင်းဂံရေတပ်စခန်းအနီး ရဲရိုးပြင်ရွာနားက စစ်ကြောင်းကိုAAတိုက်ခိုက်၊တိုက်ပွဲပြင်းနေ
■စစ်သားအချို့ထွက်ပြေး ၊အချို့အလင်းဝင်
စက်တင်ဘာ-၁၆ ၊၂၀၂၆။ခိုင်မြတ်/People's Spring
စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို စစ်ကျွံလာတဲ့ အာဏသိမ်း စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကာစစ်တပ်ဘက်ကထွက်
ပြေး၊ အလင်းဝင်သူအချို့ ရှိနေတယ်လို့ မြေ
ပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အားသုံးထိုးစစ်ဆင်ခဲ့ပေမယ့်ရှေ့မတိုးနိုင်ပြန်ဆုတ်ခဲ့ရပြီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ချောင်းတဘက်ကမ်း ရဲရိုးပြင်ရွာနားမှာ တန့်နေတဲ့စစ်ကြောင်းကို AA ကစက်တင်ဘာလ ၁၆ ရက် မနက်အစောပိုင်းကနေ တိုက်ခိုက်နေတာပါ။
“ချောင်းကူးပြီးပြေးတဲ့သူပြေး၊လက်နက်ချတဲ့သူတွေချနဲ့ပဲ။တချို့ကောင်တွေရွှေမင်းဂံဘက်ကို ထွက်ပြေးကြ တယ်။ အလင်းဝင်တဲ့ကောင်တွေလည်းရှိတယ်။ပစတွေတော်တော်
များတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါ တယ်။ ဝါဘိုဘက်မှာလည်း ဖြစ်နေတယ်”လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်မှသတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူတွေရှိသလို ထွက်ပြေး၊ အလင်းဝင်သူလည်း အချို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရွှေမင်းဂံရေတပ်စခန်းကနေ အင်အားရာချီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်၊ ခမောင်းတောရွာဘက်ကို ထိုးစစ်ဆင်ခဲ့တာပါ။ဒါပေမယ့် AA ရဲ့တိုက်
ခိုက်မှုကြောင့် ရဲရိုးပြင်ရွာနားထိ နောက်ပြန်ဆုတ် ခဲ့ရတာပါ။ ဒီနေ့မှာတော့ အဲဒီရဲရိုးပြင်နားက အဲဒီ စစ်ကြောင်းကိုပါ AA က ထပ်မံတိုက်နေတာဖြစ်ပါတယ်။
“ချောင်းလေး တခုပဲခြားတာ ရေတပ်နဲ့ဆိုရင် ဒီကောင်တွေကို ရှင်းပြီးရင်တော့ ရွှေမင်းဂံကို ရောက်ပြီ။ ကိုယ်လူ တွေလည်း ထိုးစစ်ပြန်လုပ်နေပြီဆိုတော့ ရွှေမင်းဂံထိ ထိုးနိုင်တယ်။ ရွှေမင်းဂံရရင်တော့စစ်တွေမြို့ထိလမ်းပေါက်
ပြီ”လို့ စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးထားတဲ့ စစ်တွေမြို့နယ် ဝါဘိုကျွန်း မင်းလှရွာဝန်းကျင်မှာလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။AA က စစ်တပ်ရဲ့ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကို တိုက်
ခိုက်နေသလို စစ်တွေမြို့နယ် ပါဒလိတ် တပ်
ရင်းအနီးရှိ အမြင့်ကျွန်းရွာဝန်းကျင်၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)၊ ကျား
မသောက်တပ်ရင်းတို့ အနီး တောကန်ရွာဝန်း
ကျင်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်စခန်းတွေကိုပါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလို တိုက်ပွဲပြင်းနေချိန် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလေကြောင်းတိုက်
ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးစက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာပုဏ္ဏား ကျွန်းမြို့နယ်ဘက်ခြမ်းကို ဗုံးကြဲနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ရွှေမင်းဂံတို့ကနေ အင်အား ထောင်ဂဏန်းနဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။အမြင့်ကျွန်းဘက် စစ်
ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲ အထိနာ နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာ ၁၆ အထိနှစ်ပါတ်နီးပါးအတွင်း စစ်တွေစစ်မျက်နှာမှာ သေဆုံးရသူ နှစ်ရာကျော်ထိ ရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအာရက္ခတပ်တော်
(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်
ပြည်နယ်နဲ့ ရခိုင်အစပ်နေရာ တွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ နှစ်ပါတ်နီးပါးကြာတဲ့ထိ AA စခန်းတစ်ခုမှသိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
#အာရက္ခတပ်တော် #စစ်တွေမြို့
#ရွှေမင်းဂံရေတပ် #ရဲရိုးပြင်ရွာ
#peoplesspring #ludunwayoo

❤52👍18🤣4🥰3👏2💩1🖕1
လေယာဉ်နဲ့ ဗုံးကြဲပြီးတခေါက်ဆင်းရင် စာအိတ်ညို တအိတ်ဟာ စားပွဲ ပေါ်မှာ စောင့်ကြို နေပါတယ်။ပြည်သူ့တွေအသက်သတ် ပေးတဲ့ လေသူရဲကောင်းတ ယောက်အတွက်ဂုဏ်ပြုငွေပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လေတပ်စခန်း ၁၁ ခုရှိပြီးအခုနောက်ပိုင်းထပ်
မံတိုးချဲ့ထားတာ တွေနဲ့ဆိုရင် ၁၅ခုနဲ့အထက်ရှိပါတယ်။
အများဆုံးအသုံးပြုပြီးပြည်သူတွေကိုအဓိက သတ်ဖြတ်နေတဲ့လေတပ်စခန်း တွေကတော့ တံတားဦး လေတပ်စခန်း၊နေပြည်တော်(အေလာ လေတပ်)၊မိတ္ထီလာရှမ်းတဲလေတပ်၊မကွေးလေတပ်စခန်းတို့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကအရာရှိတွေဟာ တခြားတပ် တွေထက်ပိုပြီးအခွင့် အရေးရပါတယ်။အရာရှိဆိုတာDSAကျောင်းဆင်း တပွင့်ကနေအထက်စပြီး ခေါ်တာပါ။
အခြေခံလစာအပြင်လေယာဥ်မောင်းတဦးအတွက် အပိုကြေးလစဥ် ၅၀,၀၀၀ ကျပ်ရှိပါတယ်။ဒါ့အပြင် ထမင်း၊ဟင်းဟာ တခြားတပ် တွေနဲ့မတူဘဲ ကောင်း ကောင်းမွန်မွန် ကျွေးသလို ကော်ဖီ၊အအေးနဲ့ ဘီစကွက်မုန့် အလျှံအပယ်ခံစားခွင့်ရှိပါတယ်။
အနားယူခွင့်ကလည်း ကြည်းတပ်၊ရေတပ်တွေထက်ပိုရသလို ၊ လုံခြုံရေးမစိုးရိမ်ရတဲ့အခြေအနေမှာဆိုရင် တရက်ခြားအပြင်ထွက်ခွင့်ပိုရတဲ့တပ်ဖြစ်တယ်လို့စစ်သားအချို့ကပြောပါတယ်။
စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။လေတပ်မှာလေသူရဲ(ခေါ်)လေယာဉ်မောင်း
(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။
ဒီအဖွဲ့ တွေဟာကိုယ့်လေယာဥ်မောင်းဗုံးကြဲရမယ့်နေ့တွေမှာ လေယာဉ်ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေ
တပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် အေလာလေတပ်စခန်းတွေကနေ ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။
သူတို့ရဲ့ဝင်ငွေဟာလေယာဉ်ဆီရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အ
ခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရလေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။
ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။
“လူအ သေပျောက်များတဲ့အခါဆိုရင် ပစ်
မှတ်ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်”လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။
စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။
(ဆောင်းပါးအပြည့်အစုံကို မှတ်ချက်လင့်မှာ
ဖတ်ရှုနိုင်ပါတယ်)
#လေသူရဲ #စစ်တပ်လေယာဥ်မောင်း #ps
#လေတပ် #ဗုံးကြဲ #peoplesspring

💩25❤8👎7🖕5👍3🤬2👏1
■ဆောင်းပါး
"ဒုက္ခကြားက ကြင်နာမှု"
"The White Balloon ကို ခံစားခြင်း"
- ရှဉ့်ညို ရေးသားသည်။
ဒီနေ့ ၁၉၉၅ ခုနှစ်ကို ပြန်သွားချင်ပါတယ်။ အီရန် ရုပ်ရှင်ဒါရိုက်တာ ဂျာဖာပါနာဟီ ( Jafar Panahi) ၁၉၉၅ မှာ ရိုက်ခဲ့တဲ့ The White Balloon ကို ပြောကြရအောင်နော်။ သူက အီရန်နိုင်ငံရဲ့ အလွန်ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်
တာတစ်ဦးဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်လောကမှာ အီရန်ရုပ်ရှင်ရဲ့ အနုပညာတန်ဖိုးကို မြှင့်တင်ပေးခဲ့သူပါ။ ဂျာဖာပါနာဟီရဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၅ က ကိန်းစ် ( Cannes) မှာ Palme d'Or ဆုရခဲ့တဲ့ကား "It Was Just an Accident" ကိုတော့ ကြည့်ပြီးကြပြီ ထင်ပါတယ်။
အီရန်မှာမပြရတဲ့အီရန်ရုပ်ရှင်ကား။ဂျာဖာပါနာဟီရဲ့ကားတွေက ထူးခြားပါတယ်။ သူ့ရဲ့ ရုပ်ရှင်ကားအများစုက အီရန်အစိုးရ မဖော်ပြချင်တဲ့ အမျိုးသမီးအခွင့်အရေး၊ လူမှုမညီမျှမှု၊ အာဏာထိန်းချုပ်မှုနဲ့ လွတ်လပ်ခွင့်ပြဿ
နာတွေကို ပြတ်ပြတ်သားသား ပြသလို့ နိုင်ငံတွင်းမှာပြခွင့်မရခဲ့ပါဘူး။The White Balloon က အီရန်မှာ ပြခွင့်ရတဲ့ ကားအနည်းစုထဲက တကားပါ။ ပြီးတော့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကား။ပထမဆုံးကားမှာတင်ကိန်းစ် ရဲ့ Caméra d’Or မှာ ဆုရခဲ့တဲ့ကားပါပဲ။
ဇာတ်ကားရဲ့အဓိကဇာတ်ကောင်က အသက် ၇ နှစ်အရွယ် မိန်းကလေး ရာဇီယာ (Razieh) ပါ။ အီရန်နှစ်သစ်ကူး နော်ရူးဇ် (Nowruz) နီးလာတဲ့အချိန်၊ ရာဇီယာ ဟာ ရွှေငါးလေးတစ်ကောင် ဝယ်ချင်ပါတယ်။ သူတို့မိသားစုက ငွေကြေးချမ်းသာတဲ့မိသားစုမဟုတ်ပါဘူး။ ၁၀၀ တိုမန် (Toman) ပေးရမယ့် ရွှေငါးက သူတို့အိမ်အတွက် ဈေးကြီးပါတယ်။ ပြီးတော့ သူတို့အိမ်မှာကိုက ရွှေငါးတွေ ကန်ထဲမှာရှိတယ်။ တခြားက ကလေးတယောက် နှစ်သစ်ကူးအတွက် သူတို့ဆီက ရွှေငါးကို လာယူတာလား၊ လာဝယ်တာလားတွေ့ရတယ်။ ဒါပေမယ့် ရာဇီယာက သူတို့အိမ်က ငါးတွေကို မကြိုက်ဘူး။ ရွှေငါးဆိုင်က အဖြူရောင်ရွှေငါးက ပိုဝလို့ ပိုလှလို့ လိုချင်တယ်။ ရာဇီယာ ရဲ့ အကို အလီကပါ ကူပြောပေးလို့ သူ့အမေက နှစ်သစ်ကူးအတွက်သုံးရမယ့်ငွေ ၅၀၀ တိုမန် ကနေ ရွှေငါးဝယ်ဖို့ အမေက နောက်ဆုံးမှာ ပေးလိုက်ပါတယ်။
ဒါပေမယ့် ရွှေငါးဝယ်ဖို့ သွားတဲ့လမ်းမှာ အဲဒီ ၅၀၀တန် ငွေစက္ကူဟာရေမြောင်းအဖုံးအောက်ကို ကျသွားပါရော။ အဲဒီကနေစပြီး ရာဇီယာနဲ့ သူ့အစ်ကို အလီတို့ဟာ ပိုက်ဆံပြန်ရဖို့ ကြိုးစားကြပါတယ်။ ဇာတ်လမ်းတစ်ခုလုံးနီးပါးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၂ နာရီအထိ ဖြစ်ပျက်ပြီးကလေးမလေးရဲ့ သေး
ငယ်တဲ့ ပြဿနာတစ်ခုကို အချိန်တိုအတွင်း ချဲ့ထွင်ပြသထားတာပါ။
ဇာတ်လမ်းက ကလေးတယောက် ရွှေငါးလို
ချင်တဲ့ဇာတ်လမ်းလို့ပဲ ရိုးရိုးလေးမြင်လိုက်ရင် ပြီးသွားမှာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ ကလေးတယောက်ရဲ့ ဆန္ဒဟာအရွယ်
ရောက်ပြီးသား လူတယောက်အတွက် သေးသေးလေးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ အမြင်မှာတော့ အဲဒီဆန္ဒက တစ်ကမ္ဘာလုံးလောက် အရေးကြီးနေပါတယ်။ ကြီးမားတဲ့ အဖြစ်အပျက်တွေ မလိုဘဲ လူသားတစ်ယောက်ရဲ့ဆန္ဒကိုအလွန် စိတ်
ဝင်စားစရာဖြစ်အောင် ဖန်တီးနိုင်တာပါ။
ရေမြောင်းထဲ ငွေကျသွားတာဟာ လူကြီးတယောက်အတွက်ဆိုရင်တော့ ပြန်ယူဖို့ လွယ်
ကူနိုင်ပါတယ်။ ကလေးတယောက်အတွက်တော့ အဲဒီငွေပြန်မရရင်ရွှေငါးမဝယ်နိုင်တော့
ဘူး၊ အမေ ဆူမယ်၊ နှစ်သစ်ကူးအပျော်တွေပျက်စီးမယ်။ ရာဇီယာရဲ့ ပူပန်မှုမှာ ရုပ်ရှင်ကြည့်သူကပါ ဝင်ပြီးပူပန်တဲ့စိတ်ဖြစ်ရတယ်။လူကြီးတွေရဲ့အမြင်ကိုအတင်းအကြပ်မထည့်ထားဘဲ ကလေးတယောက်ရဲ့ ကမ္ဘာထဲကို ဝင်ကြည့်စေတာပါ။ ဒီကားက ကလေး
တွေအတွက်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရင် မမှန်နိုင်ပါဘူး။ ကလေးတယောက်ရဲ့အမြင်ကနေ ကမ္ဘာကြီးကို မြင်ကြည့်စေတဲ့ကားလို့ပဲ ပြောရမှာ။ ပြီးတော့ လူကြီးတွေလည်း ငယ်တုန်းက ကမ္ဘာကြီးကို ဘယ်လိုမြင်ခဲ့သလဲလို့ ပြန်သတိရစေပါလိမ့်မယ်။
ကလေးလေးရာဇီယာ (Aida Mohammadkhani) ရဲ့ သဘာဝကျတဲ့ သရုပ်
ဆောင်မှုနဲ့ ရာဇီယာရဲ့ စိတ်အားထက်သန်မှုက ပရိသတ်ကဒီကားကိုယုံကြည်လာရစေတယ်။ ဒီလို ဖန်တီးနိုင်တာက ဒီကားရဲ့ အောင်မြင်မှုအတွက် တော်တော်ကိုအရေးပါ ပါတယ်။ သူ
က လိုချင်တာကို လွယ်လွယ်နဲ့ လက်မလျှော့ဘူး။ အခက်အခဲတွေထဲမှာ ရအောင် ကြိုးစားတယ်။ အကူအညီလိုတာကို လူကြီးတွေဆီမှာ အကူအညီ တောင်းတတ်တယ်။ သူက ရိုး
သားတယ်။ သူ့ကို ပိုပြီး လူသားဆန်စေတာက သူ့ဆန္ဒကို မလျှော့တာ၊ အမေအတွက် ခက်ခဲစေတာပါပဲ။
ရာဇီယာရဲ့အကို အလီ ဆီမှာ အကိုတယောက်ရဲ့ တာဝန်ယူမှုတွေကို တွေ့ရတယ်။ သူက ရာဇီယာထက် ပို လက်တွေ့ကျပေမယ့် သူလည်း ကလေးပဲ။ အလီနဲ့ ရာဇီယာတို့ရဲ့ ဆက်ဆံရေးကမိသားစုထဲမှာကလေးတွေဟာတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအားကိုးကြသလဲဆိုတာမြင်ရတယ်။လူကြီးတွေရဲ့ကလေးဘဝ
ကိုလည်း ပြန်သတိရစေရတယ်။
အမေဆီမှာကတော့ သားသမီးကို ချစ်တဲ့စိတ်နဲ့ မိသားစုရဲ့တာဝန်တွေကြား ငွေကြေးမပြည့်စုံတော့ ရာဇီယာရဲ့ဆန္ဒက သူ့အတွက် ဖြေရှင်းပေးဖို့ မလွယ်ကူဘူး။ မြန်မာနိုင်ငံရဲ့မိခင်တွေနဲ့ သားသမီးတွေ ကြားထဲ ဖြစ်ကြတဲ့အတိုင်းပါပဲ။
အဖေကိုတော့ အသံပဲကြားရတယ်။ ရေချိုးခန်းထဲကထင်ပါတယ် အော်ဟစ်ပြောနေတာ။ shampoo ဝယ်ခိုင်းတာ ဆပ်ပြာနဲ့မှားဝယ်လာတဲ့ အလီကို အော်ဟစ်ပြီး နောက်တကြိမ် အလီကို အပြေးအလွှား သွားဝယ်စေတာ။ မိသားစုမှာအာဏာရှိတဲ့သူဟာ အဖေဆိုတာ မြင်ရစေတယ်။

❤12👎6🖕3👍1🔥1
မြောင်းထဲက ငွေကို ပြန်ရအောင်ကြိုးစားနေရင်း လူငယ်စစ်သားလေးတယောက်နဲ့ ရာဇီယာတွေ့ပြီး မြောင်းဘေးမှာစကားထိုင်ပြောကြတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်သားကို အမိန့်ပေးသူ၊ ကြမ်းတမ်းသူ၊ အာဏာရှိသူအဖြစ် ပြတတ်ကြပေမယ့် ဒီထဲက စစ်သားလေးကတော့ သူကိုယ်တိုင်လည်း အိမ်ပြန်ချင်နေတဲ့ လူငယ်လေးပဲ။စစ်သားဟာအရေး
ကြီးတဲ့စစ်ရေးအကြောင်း၊နိုင်ငံရေးအ
ကြောင်း မပြောပါဘူး။ သူပြောတာတွေက ရိုးရိုးလေး အိမ်ပြန်ချင်တာ၊ အားလပ်ရက်ရချင်တာ၊ ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်တာ။ သူ့မှာ ရာဇီယာနဲ့မတိမ်းမယိမ်းညီမလေးနှစ်ယောက်ရှိတယ်။ သူတို့ကို တွေ့ချင်တယ်။ဒါပေမယ့် ပြန်ဖို့အခွင့်ရော ခရီးစရိတ်ရောသူ့မှာမရှိဘူး။ အဲဒီရိုးရိုးစကားတွေကပဲ စစ်သားဘဝရဲ့ အဓိပ္ပာယ်မဲ့မှုကို ဖော်ပြပါတယ်။ လူတစ်ယောက်ဟာ သူ့အသက်၊ သူ့အချိန်၊ သူ့လွတ်လပ်မှုကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ အမိန့်နဲ့ တာဝန်ကြားမှာ နေနေရတာ ဖြစ်တယ်ဆိုတာ မြင်ရတယ်။
ပနာဟီ က စစ်ပွဲ၊ နိုင်ငံရေးကို တိုက်ရိုက်မဝေဖန်ဘဲ စစ်သားတစ်ယောက်ရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒလေး နဲ့ပဲ စစ်စနစ်ရဲ့ လူသားဆန်မှုမရှိတာကို ပြသွားပါတယ်။စစ်သားရဲ့စကားတွေမှာ ယူနီဖောင်းဝတ်ထားတဲ့လူတစ်ယောက်ဟာလည်း အိမ်ပြန်ချင်တဲ့ သာမန်လူသားတစ်ယောက်ပဲ။ အာဏာနဲ့ တာဝန်အောက်မှာ လူတိုင်းရဲ့ ကိုယ်ပိုင်ဆန္ဒတွေ ဖိနှိပ်ခံနေရတယ်။ ဒီအဓိပ္ပာယ်တွေကို စစ်ရေးဝေဖန်ချက်ကြီးကြီးမားမားနဲ့ မပြောဘဲ ကလေးတစ်ယောက်နဲ့စစ်သားတစ်ယောက်ရဲ့ရိုးရိုးစကားဝိုင်းလေး ထဲကနေ မြင်ရအောင် ထုတ်ပြသွားတာပါ။
ရာဇီယာ သူ့ငွေပြန်ရဖို့ အကူအညီတောင်းတဲ့အထဲမှာအပ်ချုပ်ဆိုင်ပိုင်ရှင်တယောက်လည်း ပါတယ်။ ရာဇီယာ နဲ့ အလီတို့က သူတို့ဖြစ်နေတာကို ဆိုင်ထဲမှာပြောပြဖို့ကြိုးစားတယ်။ ဒါပေမယ့် ဆိုင်ထဲကလူကြီးက သူတို့ပြောနေတဲ့စကားကို အဆုံးထိနားထောင်ဖို့ကို မလုပ်နိုင်ဘူး။ သူတို့အတွက် ရွှေငါးပြဿနာက ဘာမှမဟုတ်တဲ့ကိစ္စ။ သူ့မှာလည်း သူ့အလုပ်နဲ့သူ ဖြေရှင်းနေရတာတွေရှိတယ်။ သူ့ကို လူဆိုးအဖြစ်ပြထားတာတော့မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အရေးပေါ်ပြဿနာဟာ တခြားလူတစ်ယောက်အတွက်တော့ သာမန်နေ့စဉ်ဘဝထဲကအနှောင့်အယှက်တစ်ခုသာဖြစ်နိုင်တယ်
ဆိုတဲ့ လူမှုဘဝအမှန်တရားကို ပြတာပါပဲ။ လူမှုအဖွဲ့အစည်းရဲ့ ပြဿနာကို လူဆိုးတစ်ယောက်နဲ့ မပြဘဲ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် အလုပ်ရှုပ်နေတဲ့အခါ အားနည်းတဲ့သူတစ်ယောက်ရဲ့ အသံက ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ပနာဟီက ပြခဲ့တာပါ။
ရာဇီယာ ရဲ့ ငွေ ပြန်ရအောင် ကူညီပေးခဲ့တာ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးပါ။ က
လေးတိုင်း အတွက် ပူဖောင်းဆိုတာ လိုချင်စရာပါ။ဇာတ်ကားအစမှာကိုရာဇီယာရဲ့ လက်
ထဲမှာ ပူဖောင်းအပြာလေး ကိုင်ထားတာကို ပြခဲ့တယ်။ ပူဖောင်းဆိုတာ ကလေးဘဝ၊ မျှော်
လင့်ချက်နဲ့ လွတ်လပ်မှုတို့ကို ကိုယ်စားပြုနိုင်ပါတယ်။ ကလေးတယောက်ရဲ့ ပျော်စရာဟာ ကလေးတယောက်ရဲ့ရောင်းချစရာ၊စားဝတ်
နေရေးဖြေရှင်းဖို့အရာ။ ဒီဇာတ်ကားမှာ ဇာတ်
ကောင်ငယ်တွေကနေ အီရန်လူ့အဖွဲ့အစည်း
ရဲ့ ကွဲပြားခြားနားမှုတွေကို မြင်ရနိုင်စေခဲ့တာပါပဲ။
ကင်မရာအမြင်ကို ကြည့်မယ်ဆိုရင် ကလေးတွေအမြင်ကနေ နီးစပ်အောင် ပနာဟီ သုံးခဲ့တယ်။ လူကြီးတွေရဲ့ အပေါ်စီးက ကြည့်သလိုမျိုးမဟုတ်ပဲ ကလေးတွေမြင်တဲ့ လမ်းတွေ၊ လူတွေ၊ ဆိုင်တွေကို ခံစားစေတယ်။ အဲဒီအမြင်ကြောင့်ရုပ်ရှင်ဟာမှတ်တမ်းရုပ်ရှင် (documentary)တခုလိုသဘာဝကျနေခဲ့တာ။
Editing အနေနဲ့လည်း အလွန်မြန်တဲ့အဖြတ်အတောက်တွေ မပါဘူး။ ကလေး သူ့ပိုက်ဆံပြန်ရဖို့ ကြိုးစားနေတာကို အချိန်ပြည့်နီးပါး ပြခဲ့တယ်။ အဲဒါကြောင့်လည်း ပရိဿတ်တွေပါ သူနဲ့အတူရောပြီး ငွေပြန်ရဖို့ စောင့်နေရသလို ခံစားရတယ်။အလွန်ရိုးရှင်းတဲ့ ဇာတ်လမ်း
ကို ပနာဟီက အလွန် စိတ်ဝင်စားအောင် ရိုက်ခဲ့ပါတယ်။
ဇာတ်ကားနောက်ခံအသံအဖြစ် ရေဒီယိုကနေ နှစ်သစ်ကူးချိန်နီးကပ်လာတာကို ကြေငြာနေတဲ့အသံကို မကြာမဏကြားနေရတယ်။ အဲဒီအသံက ဇာတ်ကားရဲ့အချိန်ကန့်သတ်ပေးတာကို သတိပေးနေတာလို့ ခံစားရစေတယ်။ ပရိ
သတ်ဟာ ရာဇီယာနဲ့အတူ ငွေပြန်ရဖို့ ကြိုးစားရင်း နှစ်သစ်ကူးအချိန် နီးလာတာကို ခံစားရပါတယ်။ ပြီးတော့ ရာဇီယာ နဲ့ အလီတို့ ပြေးကြတဲ့ ဖိနပ်သံလေးတွေ။ ဒီဖိနပ်သံလေးတွေ ကလည်းအချိန်ကအရေးကြီးနေပြီဆိုတဲ့ အ
သံလေးတွေပါပဲ။
နော်ရူးဇ် ဆိုတာ အီရန် နဲ့ ပါရှန်ယဉ်ကျေးမှုနိုင်ငံတွေရဲ့ နှစ်သစ်ကူး။ မတ်လ ၂၀ ရက် ဒါမှမဟုတ် ၂၁ ရက်ဝန်းကျင် နွေဦးရာသီဝင်တဲ့အချိန် မှာ စတင်ပါတယ်။ နှစ်သစ်ကူးမှာ အီရန်အိမ်တိုင်းလိုလို အိမ်သန့်ရှင်းရေးတွေ လုပ်ကြတယ်၊ အဝတ်စားသစ်တွေ ဝတ်ကြတယ်။ အလှဆင်စားပွဲတခု ပြင်ဆင်ကြတယ်။ ရာဇီယာရဲ့ ရွှေငါးက အဲဒီစားပွဲအတွက် အရေးကြီးနေတာပါ။ ရွှေငါးလေးကို စားပွဲပေါ်တင်ပြီး "နှစ်သစ်ရောက်ပြီ ရာဇီယာလည်း ပျော်ရွှင်ရတော့မယ်" ဆိုတဲ့ ဆန္ဒကို ပြည့်ဖို့အတွက် ရာဇီယာ ကြိုးစားခဲ့တာ။
တစ်နိုင်ငံတည်း၊ တစ်မြို့တည်း၊ တစ်နှစ်သစ်တည်းမှာတောင် လူတိုင်းရဲ့ “ပျော်ရွှင်ခွင့်” က တူညီမနေဘူး ဆိုတာကို ဇာတ်ကောင်တွေအမျိုးမျိုး နဲ့ ပနာဟီက ပြခဲ့တာပါ။ ဒါဟာ နှစ်သစ်ကူးချိန်ကို ဇာတ်ကားရဲ့ နောက်ခံအဖြစ်သုံးထားတဲ့ သူ့ရဲ့ရည်ရွယ်ချက်လို့ပဲ မြင်ရပါတယ်။

🔥10❤5👍5🖕2
မျှော်လင့်နေတာ အောင်မြင်သွားရင် ဇာတ်ကားအပြီးမှာ ဝမ်းသာရမယ်လို့ ထင်ခဲ့ရတာ ဒီကားမှာတော့ မဟုတ်ဘူးဖြစ်သွားပါတယ်။ ကင်မရာက ရာဇီယာကနေ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးဆီ ချက်ချင်းလှည့်သွားတယ်။ ပရိဿတ်က ရွှေငါးဖန်ချိုင့်လေးကိုင်ပြီး ပြေးသွားတဲ့ ရာဇီယာနောက် ကို ပြေးလိုက်သွားရမှာလား၊ ရောင်းမကုန်လို့ကျန်နေသေးတဲ့ ပူဖောင်းအဖြူရောင်လေး
ကိုင်ပြီး လမ်းပေါ်မှာ တယောက်ထဲ ကျန်ခဲ့တဲ့ ပူဖောင်းသည်ကလေးနားမှာပဲ ရပ်ကျန်ပေးခဲ့ရမှာလား။ အဲဒီကင်မရာ ရွှေ့ပြောင်းလိုက်တာဟာ ဇာတ်လမ်းရဲ့ အဓိကအချက်ပါ။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု ပြည့်စုံသွားတဲ့အချိန်မှာ အခြားသူတစ်ယောက်ရဲ့ မပြည့်စုံသေးတဲ့ဘဝကို ငါတို့ မြင်နိုင်ကြပါရဲ့လား။ "အခု ကြည့်နေတဲ့ ကလေးမလေးရဲ့ ဇာတ်လမ်း ပြီးသွားပြီ။ ဒါပေမယ့် ဒီ တဟီရန်မြို့ထဲမှာ အ
ခြားကလေးတွေရဲ့ ဇာတ်လမ်းတွေက ဆက်ရှိနေတုန်းပဲ။” ဒါဟာ ပရိဿတ်တွေကို ပနာဟီပြောချင်တဲ့ message။
ဒီကွာခြားမှုက ပရိသတ်ကို စိတ်မကောင်းဖြစ်စေပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာလို့ပဲ မြင်လိုက်ရင် တဝက်ပဲ မှန်မှာပါ။ တစ်ဖက်မှာတော့ အဲဒီကလေးဟာ ရာဇီယာတို့ကို ကူညီပေးနိုင်ခဲ့တယ်။ သူ့မှာလည်း ကြင်နာမှုနဲ့ လူသားဆန်မှု ရှိနေပါတယ်။ဒါကြောင့် အဆုံး
သတ်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ပြသပေမယ့် လူသားတွေရဲ့ ကြင်နာနိုင်စွမ်းကို လုံးဝပျောက်ကွယ်သွားအောင် မလုပ်ထားပါဘူး။ လူသားတွေရဲ့ ကြင်နာနိုင်စွမ်းဟာ ချမ်းသာမှ၊ အဆင်ပြေမှ ရလာတာမဟုတ်ဘဲ ကိုယ်တိုင်ဒုက္ခရှိနေချိန်မှာတောင် ပေါ်ထွက်နိုင်တယ် ဆိုတာကို ပနာဟီပြခဲ့တယ်။မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင်က ခက်ခဲ ဒုက္ခတွေကြားထဲမှာ၊ ကိုယ်လည်းမပြည့်စုံပေမယ့် သူ့အတွက် တခုခု လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်တွေဟာ ပနာဟီပြသွားတဲ့အတိုင်းပဲ မဟုတ်လား။ မြန်မာလူမှုဘဝ မှာလည်း “ဒုက္ခထဲက ကြင်နာမှု” ရှိနေတာပဲ မဟုတ်လား။
ရိုးရှင်းမှုထဲကနေ လူသားဆန်မှုကို ထုတ်ဖော်ပြသနိုင်ခြင်း က ဒီကားရဲ့ အကောင်းဆုံးပါ။ အဆုံးသတ်ရဲ့ အလှတရားက ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်ကို တစ်ပြိုင်နက်တည်း ထားပေးထားခြင်းပါပဲ။ ။

💩9👍6❤2🖕2🔥1💔1
ရန်ကုန်မြို့လယ်မှာ မီးလောင်မှုဖြစ်
စက်တင်ဘာ-၁၇၊၂၀၂၆။ရောင်နီ၊သုည/People's Spring
ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်က တိုက်ခန်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး ၁နာရီ နီးပါးမီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။
ဒီနေ့ (စက်တင်ဘာ ၁၇) မနက် ၈နာရီကျော်က မဟာဗန္ဓုလ ပန်းခြံလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ တိုက်ခန်း အပေါ်ထပ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး Level 1 အဆင့် မီးငြှိမ်းသတ်ယာဉ်တွေနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုအကြောင်းနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က သီးသန့်ထုတ်ပြန်ထားတာမရှိပါဘူး။
"ကိုမင်းဖုန်းဆိုင်တို့ ကြက်ကြော်ဆိုင်တို့ ရှိတဲ့ တိုက်ခန်းအပေါ်ထပ်မှာ လောင်တာပါ။ မီးက များတယ် ထင်တယ် မီးခိုးတွေကို ပုစွန်တောင်ဘက်က လူတွေတောင် လှမ်းမြင်ရတယ်။ ၈ နာရီကျော်က စလောင်တာ နာရီဝက်နီးပါးလောက်ကြာမှ မီးငြိမ်းတယ်။ လူထိခိုက်တာ မရှိဘူးလို့ ကြားတယ်။ အောက်က တိုက်ခန်းအချို့တော့ ထိခိုက်ပျက်ဆီးတာ ရှိပါတယ်။ ဟိုရက်က စမ်းချောင်းမှာ မီးလောင်တာ လူသေထားတော့ မီးဆိုတာနဲ့ လန့်နေကြတယ်"လို့ ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ညပိုင်းက စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းရှိ Bar 4U မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

❤11👍8🔥4👎1