People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရန်ကုန်မှာ စားအုန်းဆီဈေး သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်

စက်တင်ဘာ-၁၅၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

စားအုန်းဆီကို စစ်တပ်က သတ်မှတ်ထားတဲ့ဆိုင်တွေမှာ တစ်ပိဿာ ၇၆၅၀ ကျပ်နဲ့ ရောင်းချပေမယ့် ဈေးကွက်ထဲမှာတော့ စားအုန်းဆီဈေးဟာ တစ်ပိဿာ ကျပ် ၁၈၀၀၀ အထိ ဈေးပေါက်နေတာလို့ပြည်သူတွေက ပြောပါတယ်။

စစ်တပ်က ရပ်ကွက်တွေမှာ စားအုန်းဆီကို ၁၀ရက် တစ်ပိဿာနှုန်း ရောင်းချပေးနေတာဖြစ်ပြီး ဒီ နောက်ပိုင်းမှာတော့ ခွဲတမ်းပြည့်အောင်ရောင်း‌မပေးနိုင်ဘူးလို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

"အရင်က ဈေးရောင်း တဲ့လူတွေဆိုရင် တစ်ပတ်ကို နှစ်ပိဿာလောက် ရည်ညွန်းဈေးနဲ့ရောင်းပေးတာရှိတယ်။ အခုကတော့ လုံးဝရောင်းမပေးတာကြာပြီ။ ဈေးတွေထဲမှာက ၁၈၀၀၀ လောက်ပေါက်တာ ။ ဒါတောင်ဝယ်ချင်တိုင်းဝယ်လို့မရဘူး" လို့ လမ်းဘေးဈေးဆိုင်ရောင်းချသူတစ်ဦးက ပြောပါတယ်။

ရပ်ကွက်တွေမှာ စားအုန်းဆီထုတ်ပေးဖို့အတွက် ခွဲတမ်းရရှိတဲ့ ပမာဏက နည်းလာတယ်လို့ လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဒီတစ်ပတ်ဆို ဆီက တစ်ပေပါပဲရောက်လာတယ်။ ထုတ်ပေးဖို့ စာရင်းနဲ့ဆို ဘယ်လိုမှ ခွဲပေးလို့ အဆင်မပြေဘူး" လို့ ပြောပါတယ်။

စစ်တပ်က စားသုံးဆီရောင်းချတာကိုလည်း သူတို့သတ်မှတ်ပေးထားတဲ့ ဆိုင်တွေမှာပဲ ရောင်းခွင့်ပြုတာဖြစ်ပြီး ပြင်ပဆိုင်တွေမှာ ရောင်းချခွင့်ပေးမထားပါဘူး။

"စားအုန်းဆီတွေက‌တွေကဝယ်မရတော့ ပဲအရောဆီ ဝယ်သုံးနေရတော့ ကုန်ကျစရိတ်ကပိုများလာတယ် " လို့ အစားအသောက်ရောင်းချတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
😢229🔥3👎1💩1
(ရန်ကုန်မြို့မှာ စားအုန်းဆီဝယ်ယူဖို့ စီတန်းနေသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - RFA)
😢256💩2👎1🔥1
ဒီးမော့ဆိုက မိဘမဲ့ကျောင်း စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်မှု ကလေး ၁ဦး သေဆုံး၊ ၃ဦး ဒဏ်ရာရ

စက်တင်ဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၆ ရက်) ညနေ ၄နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ကာမီကာဇေဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့ပြီး မိဘမဲ့ကျောင်းမှာ ဆော့ကစားနေတဲ့ ကလေးတွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ကာမီကာဇေဒရုန်း ထိမှန်ခဲ့တဲ့နေရာမှာပဲ (၉)နှစ်အရွယ် ကလေး ၁ဦး သေဆုံးခဲ့ရပြီး ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၃ဦးက စိုးရိမ်ရတဲ့အခြေအနေလို့ ကရင်နီစစ် ရှောင်အရေးကူညီနေသူတစ်ဦးက အသိပေးပါတယ်။

"စကစကိုပြောချင်တာ အရပ်သားပြည်သူ ကလေးငယ်တွေကို သတ်ဖြတ်ပြနေတာက စစ်တိုက်တာမဟုတ်ဘူး။ မင်းတို့ ပြည်သူတွေကို သတ်ဖြတ်လာတာ မနည်းတော့ဘူး"လို့ သူက ပြောပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းအပါအ၀၍် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက ကရင်နီဒေသတွင်း ပိုးဆိုးရွာလာ‌တာကြောင့် လုံခြုံရေးဂရုစိုက်ဖို့လည်း ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

"သုံးလေးရက် ဆက်တိုက်ဖြစ်နေပြီ။လေယာဉ်ဝဲတာရော။လေယာဉ်ဗုံးကြဲတာရော နဲ့ လက်နက်ကြီး ပစ်တာ တွေလည်း ဖြစ်နေတာ။အနောက်ခြမ်းက ဘာတိုက်ပွဲမှ မရှိဘူးလေ။တခြားနေရာမှာ ခံနေရပြီဆို ဒီးမော့ဆို အနောက်ခြမ်းပဲ သူတို့(စစ်တပ်) အကြောင်းမဲ့ ကိုဖိတာ"လို့ သူက ကြုံတွေ့နေရတဲ့ လတ်တလော အခြေအနေကို ပြောပါတယ်။

အခုစက်တင်ဘာ အတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေအပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စက်တင်ဘာ ၁၅ရက်က ဒီးမော့ဆို၊လွိုင်ကော်မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
🤬279🔥4🖕2😭2👏1
(ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်လို့ ဒဏ္ရာရတဲ့ ကလေးတစ်ဦး။ ဓာတ်ပုံ - Khun Chit Htoo Htoo)
😡32😭8👎1🔥1👏1🤬1😢1🖕1
အမေရိကန်ရောက်မြန်မာတွေ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်

စက်တင်ဘာ-၁၆၊၂၀၂၆။သုည/People's Spring

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြမြန်မာတွေက "Anti Dictators in Burma" ၊ "Burmese Military Stop Killing Us" ၊ "Save Myanmar" ၊ "Let's End Military Dictatorship" ၊ "Impose No Fly Zone End Deadly Air Strike in Myanmar" ၊ "ကမ္ဘာမကြေဘူး" ၊ "စစ်အာဏာရှင်စနစ် ကျရှုံးရမည်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်​ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
38👍5🥰2🤮1🤣1
ဓာတ်ပုံ - Anti Dictatorship in Burma - DC Metro Area
43🔥2🥰2👏2🤮1💩1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရွှေဘိုမှာ ဘုန်းကြီးကျောင်းရေသန့်စက်ဖွင့်ပွဲ စစ်တပ်ဗုံးကြဲမှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့်စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက် ဒီနေ့ နေ့လယ် ၁၂နာရီခွဲခန့်မှာ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ရွာ ဘုန်းကြီးကျောင်းမှာ ရေသန့်စက်ဖွင့်ပွဲပြုလုပ်ချိန် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တရွာလုံးသုံးတဲ့ ရေသန့်စက်ရုံအသေးစားလေးကို ကျောင်းထိုင်ဆရာတော်က ဦးစီးဆောက်လုပ်ပေးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပျံလွန်တော်မူတဲ့ ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၄၃နှစ်ရှိပြီး နောက်ထပ်အမျိုးသား ၂ဦးဟာ အသက်၆၀ ကျော်တွေဖြစ်ကာ ကျေးရွာရဲ့ရပ်မိရပ်ဖတွေဖြစ်တယ်လို့ သိရပါတယ်။

◾️ဒီးမော့ဆိုက မိဘမဲ့ကျောင်း စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်မှု ကလေး ၁ဦး သေဆုံး၊ ၃ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၆ ရက် ညနေ ၄နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ကာမီကာဇေဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့ပြီး မိဘမဲ့ကျောင်းမှာ ဆော့ကစားနေတဲ့ ကလေးတွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ကာမီကာဇေဒရုန်း ထိမှန်ခဲ့တဲ့နေရာမှာပဲ (၉)နှစ်အရွယ် ကလေး ၁ဦး သေဆုံးခဲ့ရပြီး ၃ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကရင်နီစစ် ရှောင်အရေးကူညီနေသူတစ်ဦးက အသိပေးပါတယ်။

◾️ကပစ(၁၆)အနီး တိုက်ပွဲဆက်ပြင်းထန်နေ

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကပစ(၁၆)အနီးက မသုန်ရွာနဲ့ ညောင်ကျိုးရွာပတ်ဝန်းကျင်မှာ စက်တင်ဘာ ၄ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၁၆ရက်အထိ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာလို့ သိရပါတယ်။ စက်တင်ဘာ ၁၅ရက် မနေ့ မနက်ပိုင်းက တိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်မှူးဝေကမ္ဘာစိုး ဆိုသူအပါအဝင် ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ညောင်ကျိုးကျေးရွာက စစ်တပ်စခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက စနိုက်ဘာ၊ လက်နက်ကြီး‌တွေနဲ့ပစ်ခတ်စဥ် သေဆုံးတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗိုလ်မှူးဝေကမ္ဘာစိုးဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့ လူသိများပါတယ်။ သူက ဗေဒင်ဟောပြီး နှစ်လုံးထီဂဏန်းပေးနေတာလို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

◾️စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းတပ် ထပ်မံ တိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်တဲ့ စစ်တပ်ရဲ့ သင်္ဘော ၃စီးနဲ့ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၇စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့ စက်တင်ဘာ ၁၆ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ရာမှာ သင်္ဘောအများစု ထိခိုက်ပျက်စီးပြီး ရေမြုပ်သွားတဲ့ သင်္ဘောတွေလည်းရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာအတွင်းမှာ ရွှေကူ-ဗန်းမော်အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၁၈စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ဆက်လက်ကြိုးပမ်းတာ၊ ဗန်းမော်မြို့က သင်္ဘောတွေ အောက်ဘက်ကို ဆက်လက်စုန်ဆင်းခဲ့လို့ KIA ပူးပေါင်းတပ်က လမ်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ မနက်တိုက်ခိုက်ခဲ့တဲ့ သင်္ဘော ၇ စီးလုံး တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီး တချို့ ဘေးတစောင်းအနေအထားတွေ ဖြစ်ကုန်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။

◾️စစ်သင်္ဘောလုံခြုံရေးယူပေးတဲ့ Y-12လေယာဉ်ပစ်ခတ်ခံရ
15👍8🤮2🤬1🤣1🖕1
ကချင်ပြည်နယ်၊ ရွှေကူ-ဗန်းမော်ကြား စစ်သင်္ဘောလုံခြုံရေးအတွက် ဗုံးလိုက်ကြဲ​​နေတဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၁၆ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကနေ ရွှေကူမြို့ဘက်ကို စုန်းဆင်းလာတာရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာရှိကြောင်း သိရပါတယ်။ အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောလမ်းကြောင်းလုံခြုံရေးအတွက် လာတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းရရှိခဲ့တာပါ။ စစ်တပ်ရဲ့ Y-12 လေယာဥ် ထိခိုက်ပြီး မီးခိုးတလူလူဖြစ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဖြစ်စဥ်ကို မြင်လိုက်တဲဲ့ ရွာသားတွေရဲ့ ပြောကြားချက်ကို ပြန်ရှင်းပြပါတယ်။ လေယာဥ်ပျက်ကျ၊ မကျ တိတိကျကျ မသိရသေးဘဲ တောင်ပေါ်ဘက်ကိုတော့ KIA က သွားရောက်စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️စစ်မှုထမ်းအတွက်လူဝယ်တဲ့​ အောင်ပန်းက ဗိုလ်ကြီးတစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့က ဘောလုံးသမား ၁ဦးကို စစ်မှုထမ်းအစားထိုးဖို့ ကျပ်သိန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံက ဆရာဝန် ဗိုလ်ကြီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ‌ဆရာဝန် ဗိုလ်ကြီးဟာ စစ်မှုထမ်းဖို့ လိုအပ်တဲ့ အရေအတွက်ကို လစဉ် ရန်ကုန်မြို့ကို သွားရောက်​ဝယ်​လေ့ရှိသူ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လကတော့ ရန်ကုန်ကနေ ဘောလုံးသမားဝယ်လာမိလို့ အဲဒီဗိုလ်ကြီးကို ဖမ်းထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဗိုလ်ကြီးဖမ်းဆီးခံရတဲ့ ရက်ပိုင်းဟာ ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ ပါလုမ်း ပျောက်ဆုံးမှု ဖြစ်ပြီး​နောက်ပိုင်းနဲ့ တိုက်ဆိုင်နေပါတယ်။ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ရန်ကုန်မြို့ကနေ စစ်မှုထမ်းဖို့ ရောင်းစားခံရသူဟာ ဘောလုံးသမားတစ်ဦးလို့သာ အတည်ပြုပြီး ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား ပါလုမ်း ဟုတ်၊မဟုတ် အတည်မပြုပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ အောင်ပန်းမြို့ခံအခြားသတင်းရင်းမြစ်တစ်ဦးကတော့ အဖမ်းခံရတဲ့ ဗိုလ်ကြီးဝယ်မိတဲ့သူဟာ ပါလုမ်း ဖြစ်တယ်လို့ ​ပြောပါတယ်။

◾️ရန်ကုန်မှာ စားအုန်းဆီဈေး သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စားအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။ စားအုန်းဆီကို စစ်တပ်က သတ်မှတ်ထားတဲ့ဆိုင်တွေမှာ တစ်ပိဿာ ၇,၆၅၀ ကျပ်နဲ့ ရောင်းချပေမယ့် ဈေးကွက်ထဲမှာတော့ စားအုန်းဆီဈေးဟာ တစ်ပိဿာ ကျပ် ၁၈,၀၀၀ အထိ ဈေးပေါက်နေတာလို့ပြည်သူတွေက ပြောပါတယ်။ စစ်တပ်က ရပ်ကွက်တွေမှာ စားအုန်းဆီကို ၁၀ရက် တစ်ပိဿာနှုန်း ရောင်းချပေးနေတာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ ခွဲတမ်းပြည့်အောင် ရောင်း‌မပေးနိုင်ဘူးလို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ရပ်ကွက်တွေမှာ စားအုန်းဆီထုတ်ပေးဖို့အတွက် ခွဲတမ်းရရှိတဲ့ ပမာဏက နည်းလာတယ်လို့ လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

◾️PDF ဇိုလဲန်းတပ်ဖွဲ့ထံက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ထက်ဝက်ခန့် လွတ်မြောက်၊ ၂၀ ဦးခန့် ပြန်ဖမ်းမိ

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ရဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၈၀ ဦးလောက်ဟာ စက်တင်ဘာ ၁၃ရက် က အစောင့်ရဲဘော်တွေကို အလစ်အငိုက်တိုက်ခိုက်ပြီး ထွက်ပြေးသွားတာပါ။ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း PDF ဇိုလဲန်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၄ရက်မှာ ပြောထားပါတယ်။ အဲဒီလို စစ်သုံ့ပန်းတွေ ပြန်ဖမ်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စက်တင်ဘာ ၁၅ရက်မှာ အရာရှိ အပါအဝင် စစ်သုံ့ပန်း ၃၀ကျော် တီးတိန်မြို့ရှိ စစ်တပ်ထံ ပြန်ပူးပေါင်းနိုင်ပြီဆိုတဲ့ ပြောဆိုချက် တွေရှိသလို ထွက်ပြေးတဲ့ သုံ့ပန်း ၂၀ဦးလောက်ကိုလည်း ပြန်ဖမ်းမိတာရှိတယ်လို့ သိရပါတယ်။

◾️ရှမ်းတပ် RCSS နဲ့ စစ်တပ်စီ ထပ်မံ တွေ့ဆုံဆွေးနွေး
10👍7🤣2🤮1🖕1
ရှမ်းတပ် RCSSနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ စက်တင်ဘာ ၁၅ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။ အရင်ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကို သွားရောက်ပြီး စက်တင်ဘာ ၁၅ရက်မှာ စစ်အုပ်စုနဲ့ ဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပိုမြှင့်တင်နိုင်ခဲ့ကြောင်း RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ RCSSက ထုတ်ပြန်ထားပါတယ်။ RCSS ဟာ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်မှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေ ကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့ပါတယ်။

◾️တယ်လီနောအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အပေါ်ကြိုဆိုကြောင်း JFM နဲ့ ICJ Norway ထုတ်ပြန်

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ Telenor ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။ နော်ဝေဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့မှုတွေအတွက် တယ်လီနောအပေါ် အခုလို နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုတယ်လို့ ဆိုပါတယ်။ တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဝဲလ် လွှဲပြောင်းပေးခဲ့တာနဲ့ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်း အများအပြားကိုလည်း နော်ဝေရဲတပ်ဖွဲ့ကို ပေးပို့ထားပြီးဖြစ်တယ်လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။ တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စစ်တပ်ကို ပေးခဲ့တာက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောက အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်တယ်လို့ မရတနာမောင်က ပြောပါတယ်။
👍302🥴2🤣2👏1💩1🖕1
🔥16👍32🤣2🖕2😁1💩1