People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒါ​ပေမယ့် စက်တင်ဘာ ၁၀ ရက်​နေ့က​တော့ နိုင်ငံတစ်ဝန်းဗုံးပတ်ကြဲ​နေတဲ့ ​လေတပ်ကစစ်သား​တွေအတွက် သတိ​ပေး​ခေါင်း​လောင်းသံထွက်​ပေါ်လာပါတယ် ။ စစ်တပ်အဓိကအသုံးပြုတဲ့​လေတပ်တစ်ခုဖြစ်တဲ့ တံတားဦး​လေတပ်ကို PDF ​တွေရဲ့ FPVဒရုန်း​တွေကဖြတ်​ကျော်ဝင်​ရောက်လာပြီး တိုက်ခိုက်သွားတာပါ ။ တိုက်​လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးကသုံးမရ​အောင်ပျက်စီးခဲ့တယ်လို့ PDF ​တွေက​ပြောပါတယ် ။

စစ်တပ်က​တော့ ကနဦး ဒရုန်း​တွေက ​လေတပ်ထဲထိ​တောင်မ​ရောက်ခဲ့ဘဲ တားဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ PDF ​တွေရဲ့ဒရုန်း​တွေက ​တိုက်​လေယာဥ်​တွေအနီးပျံသန်းတိုက်ခိုက်တဲ့ ရုပ်သံအ​ထောက်အထား​တွေထွက်​ပေါ်လာတဲ့အခါမှာ​တော့ တိုက်​လေယာဥ်​တွေဟာ ပိုက်ကွန်​တွေကာထားလို့ ပျက်စီးမှူမရှိဘူးလို့ ဝါဒဖြန့်ပြန်ပါတယ်။

လူထု​နွေဦးစုံစမ်းရတဲ့အချက်အလက်​တွေအရ တိုက်​လေယာဥ်အချို့ပျက်စီးခဲ့တဲ့အပြင် ​လေတပ်ကစစ်သားအချို့ပါထိခိုက်​သေဆုံးမှု​တွေရှိခဲ့ပါတယ် ။ဒါ့အပြင် ​လေတပ်တိုက်ခိုက်ခံရပြီး ဒရုန်း​တွေလာရာဘက်ကို ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကကား​တွေ ၊ရဟတ်ယာဥ်​တွေနဲ့ လိုက်ရှာတာမှာ PDF ​တွေ ၊ပကဖ​တွေက​စောင့်တိုက်လို့ ဗျူ
ဟာမှူးအပါအဝင် စစ်သား ၅ ဦး​သေဆုံးခဲ့တယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

စစ်တပ်အဓိကအားကိုး​နေတဲ့ ​တိုက်​လေယာဥ်​တွေ ၊လဆိပ်​တွေထဲကို ​တော်လှန်​ရေးတပ်​တွေရဲ့ ဒရုန်း​တွေ ဖြတ်​ကျော်ဝင်​ရောက်နိုင်ပြီဆိုတာက ​လေယာဥ်ဘယ်နှစ်စီးပျက်စီးတယ်ဆိုတာထက် ပို​ကြောက်စရာ​ကောင်းတဲ့သတင်းဖြစ်တယ်လို့ စစ်​ရေး​လေ့လာသူအချို့က​ပြောပါတယ် ။ PDF ​တွေက ​လေတပ်​တွေကို ထိုး​ဖောက်ဝင်​ရောက်နိုင်တဲ့ နည်းပညာရသွားပြီိဆိုတဲ့ အဓိပ္ပါယ်က ဘယ်အထိကျယ်ပြန့်တယ်ဆိုတာ ​လေတပ်ကစစ်သား​တွေပိုသ​ဘော​ပေါက်နားလည်ကြပါတယ် ။

ဒါအပြင် စက်တင်ဘာ ၁၆ ရက်မှာ ဧရာဝတီမြစ်အထက်ပိုင်း ဗန်း​မော်နဲ့ ​ရွှေကူကြား စစ်​ရေယာဥ်​တွေကို လုံခြုံ​ရေးလုပ်​ပေးရင်​တော်လှန်​ရေးတပ်​တွေကို ဗုံးကြဲတဲ့ Y-12 ​လေယာဥ်ကို KIA ကပစ်ခတ်လို့ မီးခိုးအူပြီး နိမ့်ဆင်းသွားပါတယ်။ ​လေယာဥ်ပျက်ကျတယ်လို့ သုံးသပ်ပြီး ​တော်လှန်​ရေးတပ်​တွေက လိုက်ရှာ​နေကြပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့တိုက်​လေယာဥ်၊ရဟတ်ယာဥ် အနည်းဆုံး ၁၄ စီးကိုပစ်ခတ်ဖျက်ဆီးထားပါတယ် ။ဒီစာရင်းမှာ တံတားဦး​လေတပ်က တိုက်​လေယာဥ်ပျက်စီးမှုနဲ့ ဗန်​း​မော်တိုက်ပွဲမှာ Y-12 ​လေယာဥ်ပစ်ချမှု​က အတည်ပြု​နေဆဲမို့မပါ​သေးပါဘူး ။

ဒီထဲမှာ PDF ​တွေက စစ်တပ်​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်ပြီး တိုက်​လေယာဥ်​တွေကို FPV ဒရုန်းနဲ့တိုက်ခိုက်နိုင်တာက အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပါတယ် ။အာဏာသိမ်းစစ်တပ်အတွက်​တော်လှန်​ရေးတပ်​တွေအ​ပေါ် အဓိကအသာစီးရတဲ့ ​လေတပ်ကို ​တော်လှန်​ရေးတပ်​တွေက FPV ဒရုန်း​တွေနဲ့ ဘယ်​လောက်အထိစိန်​ခေါ်နိုင်မလဲ ဆိုတာ ​ဆက်လက်မြင်​တွေ့ရမှာဖြစ်ပါတယ် ။

PDF စစ်ရုံးချုပ်က​တော့စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်​တွေအပါအဝင် စစ်တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ​တွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့ထုတ်ပြန်​ကြေညာထားပါတယ် ။

တံတားဦး​လေတပ်ကို PDF ​တွေက ဒရုန်းနဲ့တိုက်ခိုက်လိုက်တဲ့ရုပ်သံမှတ်တမ်းထုတ်ပြန်လိုက်ချိန်မှာ ပြည်သူ​တွေက ဗီဒီယိုကိုကြည့်ရှုရင်း ဝမ်းသာအားရမှတ်ချက်​တွေ​ရေးသားကြပါတယ် ။အဲဒီမှတ်ချက်​တွေကို ဖတ်ကြည်​လေတပ်ကစစ်သား​တွေအ​ပေါ် ပြည်သူ​တွေရဲ့အမြင်သ​ဘောထားအလွယ်တကူအကဲခတ်နိုင်ပါတယ် ။

"ကောင်းလိုက်တဲ့ သတင်းပြည်သူပိုင်ဆိုင်တဲ့ ပြည်သူလေယာဉ်တွေနဲ့ ပြည်သူကို ထင်တိုင်းကြဲ အကြမ်းဖက်သတ်ဖြတ်နေတဲ့စစ်​ေးတွေ။အားရတယ်ဟေ့တော်လှန်ရေးသမားများ ဘေးကင်းပါစေ"လို့ပြည်သူတဦးက လူထု​​နွေဦးက​ဖော်ပြတဲ့သတင်း​အောက်မှာ​မှတ်ချက်ပြုပါတယ်။

အခြားပြည်သူတဦးကလည်း"ပျံနေတဲ့ ငှက်ကို ပစ်ချမရရင်... ငှက်သိုက်မှာ နားနေချိန် ဝင်ပစ်...အိုဟို ရှယ်ပဲ"လို့​ဆိုထားပါတယ် ။ ။
28👍7👏5🔥4🤣2👎1🖕1
အာဏာစစ်တပ်ရဲ့ တိုက်​လေယာဥ်မှူ​တွေနဲ့
စစ်တပ်က ၂၀၂၅ ​​မေ ၁၂ ရက်မှာစစ်ကိုင်း
တိုင်း၊ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်​ကျောင်းကိုဗုံးကြဲလို့ ​ကျောင်းသား​ကျောင်းသူနဲ့ဆရာမစုစု​ပေါင်းနှစ်ဆယ်​ကျော်​သေဆုံးခဲ့ပြီး​နောက် နာ​ရေးပြုလုပ်​နေစဥ်။
ဓါတ်ပုံ-စစ်တပ်​လေယာဥ်​မောင်း​တွေတစ်​တော့ ၊ Getty
🤬34👍3😭3🔥2👎1👏1😁1🤩1
ကပစ(၁၆)အနီး တိုက်ပွဲဆက်ပြင်းထန်နေ

စက်တင်ဘာ-၁၆၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကပစ(၁၆)အနီးက မသုန်ရွာနဲ့ ညောင်ကျိုးရွာပတ်ဝန်းကျင်မှာ စက်တင်ဘာ ၄ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၁၆ရက်အထိ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာလို့ သိရပါတယ်။

"ကျတော်တို့ သတိထားမိသလောက် စစ်တပ် တယ်လီဂရန်တွေကနေ ၄၉၂၆ စစ်ဆင်ရေးလို့ ပြောတဲ့ စက်တင်ဘာလ၄ရက်နေ့ကနေစပြီး တိုက်ပွဲ ပြန်ပြင်းထန်တာ။ တစ်ရက်မှကို မနားဘူး။ ဒီနေ့လည်း လေယာဉ် သုံးစီးမကဘူး လာတယ်"လို့ ပန်းတောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၅ရက် မနေ့ မနက်ပိုင်းက တိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်မှူးဝေကမ္ဘာစိုး ဆိုသူအပါအဝင် ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ညောင်ကျိုးကျေးရွာက စစ်တပ်စခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက စနိုက်ဘာ၊ လက်နက်ကြီး‌တွေနဲ့ပစ်ခတ်စဥ် သေဆုံးတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗိုလ်မှူးဝေကမ္ဘာစိုးဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့ လူသိများပါတယ်။ သူက ဗေဒင်ဟောပြီး နှစ်လုံးထီဂဏန်းပေးနေတာလို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ(၁၆)ဟာ ပန်းတောင်းမြို့နဲ့ ၂၅မိုင်ခန့်အကွာမှာ ရှိတာပါ။ ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ AAနဲ့ မဟာမိတ်တွေက ကပစ(၁၆)ကို ဦးတည်တိုက်ခိုက်ခဲ့တာရှိပါတယ်။

အဲဒီတုန်းက စစ်တပ်ဟာ စကခ-၁၀ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေပို့ပြီး ခုခံခဲ့တာပါ။

AA ထိုးစစ်စတင်တဲ့ ဇန်နဝါရီလထဲမှာပဲ ကပစ(၁၆)ရဲ့ ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကို သိမ်းယူခဲ့ပါတယ်။ ၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စကခ-၁၀ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

AA နဲ့ မဟာမိတ်တွေက ကပစ(၁၆)အပြင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရေးတွေဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။ ပန်း‌တောင်းမြို့နယ်အပါအဝင် မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်ထဲက ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေရာတွေကနေ စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ AAက ဩဂုတ်လထဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ AAက သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ အာဏာသိမ်းစစ်တပ်ကလည်း စစ်ရေးအခြေအနေကို သတင်းအမှောင်ချထားပါတယ်။
👍399🔥2🤣2👎1👏1
(ရခိုင်-ပဲခူးအစပ်က စစ်တပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk)
👍2915👏3🔥1🥰1🤣1🖕1
ရွှေဘိုမှာ ဘုန်းကြီးကျောင်းရေသန့်စက်ဖွင့်ပွဲ စစ်တပ်ဗုံးကြဲမှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၊ အမျိုးသား ၂ဦး သေဆုံး

စက်တင်ဘာ၁၆-၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လည် ၁၂နာရီခွဲခန့်မှာ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ရွာ ဘုန်းကြီးကျောင်းမှာ ရေသန့်စက်ဖွင့်ပွဲပြုလုပ်ချိန် စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"တရွာလုံးသုံးတဲ့ ရေသန့်စက်ရုံအ သေးစား လေး ပေါ့။ဘုန်းကြီးကဦးစီးပြီး ဆောက်ပေးထားတာ။အဲတာလေး ဖွင့်ပွဲလုပ်တာကိုဗျာ လာကြဲချသွားတယ်။ဆရာတော်လည်း ပျံလွန်တော်မူသွားတယ်။‌‌အဘိုးနှစ်ယောက်လည်း သေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၄၃နှစ်ရှိပြီး နောက်ထပ်အမျိုးသား ၂ဦးဟာ အသက်၆၀ ကျော်တွေဖြစ်ကာ ကျေးရွာရဲ့ရပ်မိရပ်ဖတွေဖြစ်တယ်လို့ သိရပါတယ်။

လာရောက်တိုက်ခိုက်သွားတဲ့ လေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ဟာ အများပြည်သူပိုင်နေရာတွေ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေဦးတည် လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြောင်မြို့နယ်၊ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းတရားစခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
🤬367😢71👎1🔥1👏1🎉1🤣1
🤬35😢82🔥2🙏21👎1👏1🎉1🤣1
PDF ဇိုလဲန်းတပ်ဖွဲ့ထံက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ထက်ဝက်ခန့် လွတ်မြောက်၊ ၂၀ ဦးခန့် ပြန်ဖမ်းမိ

စက်တင်ဘာ ၁၆၊၂၀၂၆။။ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ရဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၈၀ ဦးလောက်ဟာ စက်တင်ဘာ ၁၃ရက် က အစောင့်ရဲဘော်တွေကို အလစ်အငိုက်တိုက်ခိုက်ပြီး ထွက်ပြေးသွားတာပါ။

ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း PDF ဇိုလဲန်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၄ရက်မှာ ပြောပြပါတယ်။ သတင်းတွေထွက်သွားပါက စစ်ကောင်စီတပ်က သူ့လူတွေ လာကယ်ဖို့ သတင်းပေးသလို ဖြစ်လို့ အခြေအနေတွေ အသေးစိတ် ပြောပြဖို့ အခက်အခဲရှိကြောင်းလည်း သူက ပြောပါတယ်။

အဲဒီလို စစ်သုံ့ပန်းတွေ ပြန်ဖမ်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စက်တင်ဘာ ၁၅ရက်မှာ အရာရှိ အပါအဝင် စစ်သုံ့ပန်း ၃၀ကျော် တီးတိန်မြို့ရှိ စစ်တပ်ထံ ပြန်ပူးပေါင်းနိုင်ပြီဆိုတဲ့ ပြောဆိုချက် တွေရှိသလို ထွက်ပြေးတဲ့ သုံ့ပန်း ၂၀ဦးလောက်ကိုလည်း ပြန်ဖမ်းမိတာရှိတယ်လို့ ပြောကြားချက်တွေရှိပါတယ်။

“ကနေဒီတောင်တိုက်ပွဲတို့ ဖလမ်းတိုက်ပွဲတို့မှာ မိတဲ့ သုံပန်းတွေ များမယ့်ပုံပဲ။ခလရ(၂၆၉)တပ်ရင်းထဲကို တချို့တဝက် ပြန်ဝင်သွားတာကတော့ မှန်ပါတယ်။ အယောက် ၃၀ ကနေ ၄၀ လောက် မနေ့က ရောက်သွားတယ်လို့ သိရတယ်။ PDF ဇိုလဲန်းက ပြန်ဖမ်းမိထားတဲ့ဟာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့တော့ ကြားမိတယ်” လို့ ချင်းသတင်းရင်းမြစ်က ပြောပြပါတယ်။

စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းညီနောင် တာဝန်ရှိသူ အချို့နဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ တာဝန်ရှိသူအချို့ထံ ဆက်လက်ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

PDF ဇိုလဲန်းဟာ တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသလို ဖလမ်းမြို့သိမ်း တိုက်ပွဲကိုလည်း ချင်းညီနောင်အဖွဲ့ဝင် မဟာမိတ်တွေနဲ့အတူ ဆင်နွှဲခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် ချင်းမြောက်ပိုင်း စစ်တပ်ထိုးစစ်ကိုလည်း ချင်းတော်လှန်ရေးတပ်တွေနဲ့ အတူ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပါတယ်။
🤬29👍97👎2🤣2🔥1🤯1💩1🖕1
(ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ဖမ်းမိထားသောစစ်သုံ့ပန်းဖိုင်)
👏32👍7👎2🔥2🤣2💩1🖕1
ရန်ကုန်မှာ စားအုန်းဆီဈေး သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်

စက်တင်ဘာ-၁၅၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

စားအုန်းဆီကို စစ်တပ်က သတ်မှတ်ထားတဲ့ဆိုင်တွေမှာ တစ်ပိဿာ ၇၆၅၀ ကျပ်နဲ့ ရောင်းချပေမယ့် ဈေးကွက်ထဲမှာတော့ စားအုန်းဆီဈေးဟာ တစ်ပိဿာ ကျပ် ၁၈၀၀၀ အထိ ဈေးပေါက်နေတာလို့ပြည်သူတွေက ပြောပါတယ်။

စစ်တပ်က ရပ်ကွက်တွေမှာ စားအုန်းဆီကို ၁၀ရက် တစ်ပိဿာနှုန်း ရောင်းချပေးနေတာဖြစ်ပြီး ဒီ နောက်ပိုင်းမှာတော့ ခွဲတမ်းပြည့်အောင်ရောင်း‌မပေးနိုင်ဘူးလို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

"အရင်က ဈေးရောင်း တဲ့လူတွေဆိုရင် တစ်ပတ်ကို နှစ်ပိဿာလောက် ရည်ညွန်းဈေးနဲ့ရောင်းပေးတာရှိတယ်။ အခုကတော့ လုံးဝရောင်းမပေးတာကြာပြီ။ ဈေးတွေထဲမှာက ၁၈၀၀၀ လောက်ပေါက်တာ ။ ဒါတောင်ဝယ်ချင်တိုင်းဝယ်လို့မရဘူး" လို့ လမ်းဘေးဈေးဆိုင်ရောင်းချသူတစ်ဦးက ပြောပါတယ်။

ရပ်ကွက်တွေမှာ စားအုန်းဆီထုတ်ပေးဖို့အတွက် ခွဲတမ်းရရှိတဲ့ ပမာဏက နည်းလာတယ်လို့ လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဒီတစ်ပတ်ဆို ဆီက တစ်ပေပါပဲရောက်လာတယ်။ ထုတ်ပေးဖို့ စာရင်းနဲ့ဆို ဘယ်လိုမှ ခွဲပေးလို့ အဆင်မပြေဘူး" လို့ ပြောပါတယ်။

စစ်တပ်က စားသုံးဆီရောင်းချတာကိုလည်း သူတို့သတ်မှတ်ပေးထားတဲ့ ဆိုင်တွေမှာပဲ ရောင်းခွင့်ပြုတာဖြစ်ပြီး ပြင်ပဆိုင်တွေမှာ ရောင်းချခွင့်ပေးမထားပါဘူး။

"စားအုန်းဆီတွေက‌တွေကဝယ်မရတော့ ပဲအရောဆီ ဝယ်သုံးနေရတော့ ကုန်ကျစရိတ်ကပိုများလာတယ် " လို့ အစားအသောက်ရောင်းချတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
😢229🔥3👎1💩1
(ရန်ကုန်မြို့မှာ စားအုန်းဆီဝယ်ယူဖို့ စီတန်းနေသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - RFA)
😢256💩2👎1🔥1
ဒီးမော့ဆိုက မိဘမဲ့ကျောင်း စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်မှု ကလေး ၁ဦး သေဆုံး၊ ၃ဦး ဒဏ်ရာရ

စက်တင်ဘာ-၁၆၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၆ ရက်) ညနေ ၄နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ်က ကာမီကာဇေဒရုန်း ၂စီးနဲ့ တိုက်ခိုက်ခဲ့ပြီး မိဘမဲ့ကျောင်းမှာ ဆော့ကစားနေတဲ့ ကလေးတွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ကာမီကာဇေဒရုန်း ထိမှန်ခဲ့တဲ့နေရာမှာပဲ (၉)နှစ်အရွယ် ကလေး ၁ဦး သေဆုံးခဲ့ရပြီး ၃ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ၃ဦးက စိုးရိမ်ရတဲ့အခြေအနေလို့ ကရင်နီစစ် ရှောင်အရေးကူညီနေသူတစ်ဦးက အသိပေးပါတယ်။

"စကစကိုပြောချင်တာ အရပ်သားပြည်သူ ကလေးငယ်တွေကို သတ်ဖြတ်ပြနေတာက စစ်တိုက်တာမဟုတ်ဘူး။ မင်းတို့ ပြည်သူတွေကို သတ်ဖြတ်လာတာ မနည်းတော့ဘူး"လို့ သူက ပြောပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းအပါအ၀၍် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက ကရင်နီဒေသတွင်း ပိုးဆိုးရွာလာ‌တာကြောင့် လုံခြုံရေးဂရုစိုက်ဖို့လည်း ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

"သုံးလေးရက် ဆက်တိုက်ဖြစ်နေပြီ။လေယာဉ်ဝဲတာရော။လေယာဉ်ဗုံးကြဲတာရော နဲ့ လက်နက်ကြီး ပစ်တာ တွေလည်း ဖြစ်နေတာ။အနောက်ခြမ်းက ဘာတိုက်ပွဲမှ မရှိဘူးလေ။တခြားနေရာမှာ ခံနေရပြီဆို ဒီးမော့ဆို အနောက်ခြမ်းပဲ သူတို့(စစ်တပ်) အကြောင်းမဲ့ ကိုဖိတာ"လို့ သူက ကြုံတွေ့နေရတဲ့ လတ်တလော အခြေအနေကို ပြောပါတယ်။

အခုစက်တင်ဘာ အတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေအပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စက်တင်ဘာ ၁၅ရက်က ဒီးမော့ဆို၊လွိုင်ကော်မြို့နယ် နေရာတချို့ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
🤬279🔥4🖕2😭2👏1
(ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်လို့ ဒဏ္ရာရတဲ့ ကလေးတစ်ဦး။ ဓာတ်ပုံ - Khun Chit Htoo Htoo)
😡32😭8👎1🔥1👏1🤬1😢1🖕1
အမေရိကန်ရောက်မြန်မာတွေ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်

စက်တင်ဘာ-၁၆၊၂၀၂၆။သုည/People's Spring

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြမြန်မာတွေက "Anti Dictators in Burma" ၊ "Burmese Military Stop Killing Us" ၊ "Save Myanmar" ၊ "Let's End Military Dictatorship" ၊ "Impose No Fly Zone End Deadly Air Strike in Myanmar" ၊ "ကမ္ဘာမကြေဘူး" ၊ "စစ်အာဏာရှင်စနစ် ကျရှုံးရမည်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်​ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
38👍5🥰2🤮1🤣1
ဓာတ်ပုံ - Anti Dictatorship in Burma - DC Metro Area
43🔥2🥰2👏2🤮1💩1🖕1