People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဖဲဝိုင်းကပြန်လာတဲ့ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊ တပ်သားနဲ့ တန်းစီး ပစ်ခတ်ခံရပြီး သေဆုံး

စက်တင်ဘာ-၁၆၊၂၀၂၆။မိုမို/People's Spring

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် - သာဂရလမ်းပိုင်းမှာ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊တပ်သားနဲ့ တန်းစီးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

ဘဝသစ်အကျဥ်းထောင် လက်ထောက်ကြီးကြပ်ရေးထွန်းထွန်းလင်း ၊ တပ်သား ၁ဦးနဲ့ ထောင်တန်းစီး လိုက်ပါစီးနင်းလာတဲ့ကားကို လမ်းပိုင်းမှာ စစ်ဆေးချိန် မောင်းနှင်ထွက်ပြေးတာကြောင့် ဩဂုတ် ၂၈ ရက်က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း MA 12 ၁ လက် ၊ MA 11 ၁ လက် နဲ့ ကျည့်တချို့ ၊၀န်ထမ်းကဒ်၊ဖဲထုတ် နဲ့အရက်ပုလင်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

"ဖဲဝိုင်းမှ ပြန်လာသည်ဟု သိရ"လို့ ပစ်ခတ်ခံရတဲ့ထောင်၀န်ထမ်းတွေနဲ့ တန်းစီးတွေအကြောင်းကို သရက်ခရိုင်တပ်ရင်း(၅) တာ၀န်ရှိသူက ပြောပါတယ်။

၂၀၂၆ မေလကလည်း ကေတီဗီ(KTV)က ပြန်လာတဲ့ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးတို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။

ဘ၀သစ်ထောင်ဟာ ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်း (ယခင်အခေါ် ရဲဘက်စခန်း) ဖြစ်ပြီး ကိုးပင်-သာဂရလမ်းပိုင်းအနီးမှာရှိတာ ဖြစ်ပါတယ်။
👏3124🔥3🥰2🖕2👍1🤬1🤣1
ဓာတ်ပုံ - သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း
29👏14👍2🔥2🥰2💩2👎1
ဝါရီဆူးပလိုင်ရွာတိုက်ပွဲ KNA ရဲဘော် ၂ဦး ကျဆုံး

စက်တင်ဘာ -၁၆၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီပြည်ဒေသအစပ်က ဝါရီဆူးပလိုင်ရွာ တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) တာ၀န်ရှိသူက လူထုနွေဦးကို ‌ပြောပါတယ်။

ဝါရီဆူးပလိုင်ရွာ အနီး၀န်းကျင်မှာရှိတဲ့ KNAရဲ့ ကာကင်းစခန်းကို ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၄ ရက်က တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ဦးဟာ အမှတ် (၂၁၀၈)တပ်ရင်းက ရဲဘော်ခွန်းလုကာပန်း နဲ့ရဲဘော် ခွန်းမာနွေးလယ်တို့ ဖြစ်တယ်လို့ အသိပေးပါတယ်။

"အကြမ်းဖက်စစ်ကောင်စီကန ဒီကနေ့ လူထုရဲ့ ရပ်ရွာတွေ ပျက်စီးအောင်ရော နောက် တော်လှန်ရေး အင်အားစုတွေကိုရော ချေမှုန်းဖို့အတွက် သူတို့က လက်နက်ကြီး၊ လေယာဉ်ကို အလွန်အကျွံ အသုံးပြုတာရှိတယ်။ အဲ လက်နက်ကြီး၊ လေယာဉ် အလွန်အကျွံအသုံးပြုပြီးတော့မှ ချီတက်နေတာ ဖြစ်တော့ လူထု ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ကလည်း လူထုကို အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေနဲ့ ကာကင်းတွေဆောင်ရွက်နေရတာဖြစ်တယ်"လို့ KNA တာ၀န်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်ကစပြီး ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့ကနေ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦး ကို ပြောထားပါတယ်။

မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
😢318👎2💩2👏1🙏1🤣1
😢44😁3👍2💩2💔2🫡2🤣1🖕1
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင် မြင်းခြံထောင်မှာ ကွယ်လွန်

စက်တင်ဘာ-၁၆၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ဦးဒိန်း‌ဒေါင်ဟာ ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၁၉၈၉မှာ စစ်တပ် ဖမ်းဆီးမှုခံခဲ့ရပြိး ၁၉၉၆မှာ ပြန်လည်လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။

ကျောင်းသားအရေးလှုပ်ရှားမှုတွေမှာ အမြဲတမ်းဝန်းရံအားပေးခဲ့သူဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ မန္တလေးမြို့က လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဦးဒိန်းဒေါင်ကို စစ်တပ်က စွပ်စွဲဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၁ ဂ ၊၅၀၅တို့နဲ့ ထောင်ဒဏ် ၁၃နှစ် ချမှတ်ထားတာလို့ သိရပါတယ်။

"နှလုံး ရောဂါနဲ့ပါ။ဆုံးမှာ သိနေတယ်ဗျာ။သူလည်း သိတယ်။ဆေးပို့ထားတာ သုံးရက်ပဲရှိ သေးတယ်"လို့ လူငယ်ကျောင်းသားခေါင်းဆောင် နိုင်ကျဉ်းတစ်ဦးက ပြောပါတယ်။

ဦးဒိန်းဒေါင်ဟာ မန္တလေးမြို့ ၊အမရပူရမြို့သားဖြစ်ပြီး အထက်ဗမာပြည်နိုင်ငံရေးအကျဉ်းသား ဟောင်းများအသင်းရဲ့ အမှုဆောင်တစ်ဦးဖြစ်ပါတယ်။

မြင်းခြံအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်မှုမှာ အိုးဘိုထောင်နည်းတူ နာမည်ဆိုးနဲ့ ကျော်ကြားပြီး ပြီးခဲ့တဲ့ ဩဂုတ်မှာ နိုင်ကျဥ်းတွေကို နေ့လည်စာ ထမင်းတစ်နပ်ပဲ ကျွေးတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။
😢34👎2🤮21👏1
😢32🫡9🙏3🥰1👏1🤮1
ရှမ်းတပ် RCSS နဲ့ စစ်တပ်စီ ထပ်မံ တွေ့ဆုံဆွေးနွေး

▪️ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

စက်တင်ဘာ-၁၆၊၂၀၂၆။ ရွက်ဝါ/People’s Spring

ရှမ်းတပ် RCSSနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ စက်တင်ဘာ ၁၅ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

အရင်ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကိုသွားရောက်ပြီး စက်တင်ဘာ ၁၅ရက်မှာ စစ်အုပ်စုနဲ့ ဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့တာပါ။

ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပိုမြှင့်တင်နိုင်ခဲ့ကြောင်း RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ RCSSက ထုတ်ပြန်ထားပါတယ်။

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆက်သွယ်ဆက်ဆံခြင်းလုပ်ငန်းများ၊ ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းများ၊၊ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းနှင့် အခြားကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးပြီး နားလည်မှုတွေ ရရှိခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် သက်ဆိုင်ရာ Stakeholders များအားလုံးနဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆန္ဒသဘောရှိကြောင်း ဆွေးနွေးခဲ့တယ်လို့ RCSSက ထုတ်ပြန်ထားပါတယ်။

RCSS ဟာ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်မှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေ ကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့ပါတယ်။ ဩဂုတ်လအတွင်းမှာ PNLA တပ်က အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ မိသားစုဝင်တွေ စုစုပေါင်း ၇၈ဦးဟာ RCSSထံ ပူးပေါင်းလာကြောင်း RCSSက ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အဲဒီသူတွေကို စစ်တပ်ထံ လွှဲပေးခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၄ရက်က PNLA တပ်မှ ဗိုလ်မှူးကာမို့နဲ့ အဖွဲ့ဟာ စစ်တပ်ထံ လက်နက်ချရန် လက်နက်တွေနဲ့အတူ ထွက်ခွာလာစဉ် RCSS တပ်မဟာ(၇၅၉) တပ်က ထိန်းသိမ်းခဲ့တာလို့ ပအိုဝ်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ PNLO/PNLA တပ်ဖွဲ့ဝင် မိသားစုဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်လက်ခံနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေစဉ်မှာပဲ RCSS က ဩဂုတ် ၂၇ရက်မှာ ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ PNLA တပ်ဖွဲ့ဝင်များ မိသားစုဝင်များ စုစုပေါင်း ၇၈ဦး RCSSထံ အလင်းဝင်လာလို့ တစ်ဦးကို ကျပ် ၅သိန်း ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

PNLA တပ်ဖွဲ့ဝင်တွေကို ပြန်လွှဲပေးဖို့ RCSSထံ စာပို့ခဲ့ပေမဲ့ ဩဂုတ် လကုန်ပိုင်းမှာ RCSSက စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

PNLO/PNLAတပ်ဖွဲ့ဝင်တွေကို RCSSက စစ်အုပ်စုထံ လွှဲပေးခဲ့တဲ့ လုပ်ရပ်ဟာ မလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်လို့ PNLO/PNLA ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ လက်ရှိ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ ကျနော်နဲ့ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်(RCSS ဥက္ကဋ္ဌ)နဲ့ ၂၀၁၇ တုန်းက ကျနော်တို့ သဘောတူညီချက်လက်မှတ် ထိုးထားတာရှိတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် ကျနော်တို့ PNLOနဲ့ RCSS ကြားမှာ ပြဿနာတွေရှိလာရင် ညှိနှိုင်းဖြေရှင်းမယ်ဆိုတဲ့ဟာ။ အခုက PNLO တပ်ဖွဲ့ဝင်တွေက သူတို့ အထက်က တာဝန်ပေးထားတဲ့သူက လက်နက်သွားချတဲ့အချိန်မှာ သူတို့က ဘာကြောင့်ရယ်မသိဘူး အောက်ကလူဆိုတာက ဘယ်လာ ဘယ်လာဆို လိုက်လာတဲ့အချိန်မှာ RCSS ရဲ့ တပ်မဟာမှူးက PNLOက လူတွေ ရန်သူဆီမှာ လက်နက်သွားချမှာကို စိုးလို့ ထိန်းထားလိုက်တယ်။ ကျနော်တို့ဆီလည်း အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျနော်တို့ဆီက RCSS အနေနဲ့ ဆက်ထိန်းထားပေးပါ။ ကျနော်တို့ လာရောက်ခေါ်ယူပါမယ်ပေါ့။ အဲဒီလို လာရောက်ခေါ်ယူဖို့ ညှိနှိုင်းနေစဉ်မှာ RCSSက စစ်ကောင်စီရယ် စစ်ကောင်စီ လက်အောက်ခံ PNO ရယ် ဆီကို အဲဒီလူတွေလွှဲပြောင်းပေးအပ်လိုက်တယ်။” လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

RCSS ရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ကြားမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့လည်း PNFC ဥက္ကဋ္ဌက ပြောကြားပါတယ်။

RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဦးဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပေမဲ့ နောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ကာ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားမှု မရှိခဲ့ပါဘူး။
🤬30🤮87👎6😁2🔥1👏1🎉1
(ရှမ်းတပ် RCSSနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Tai Freedom - Shan Version)
🖕34🤮8🤬5👏2👎1🎉1
■​ဆောင်းပါး

​​​ဝေဟင်မှ ကြေးစားလူသတ်သမားများ

●PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အ
တွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

​နေ့သစ်/People's Spring

လေယာဉ်နဲ့ ဗုံးကြဲပြီးတခေါက်ဆင်းရင် စာအိတ်ညို တအိတ်ဟာ စားပွဲ ပေါ်မှာ စောင့်ကြို နေပါတယ်။ပြည်သူ့​တွေအသက်သတ် ပေးတဲ့ လေသူရဲကောင်းတ ယောက်အတွက်ဂုဏ်ပြုငွေပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လေတပ်စခန်း ၁၁ ခုရှိပြီး အခု​နောက်ပိုင်းထပ်
မံတိုးချဲ့ထားတာ တွေနဲ့ဆိုရင် ၁၅ခုနဲ့အထက်ရှိပါတယ်။

အများဆုံးအသုံးပြုပြီးပြည်သူတွေကိုအဓိက သတ်ဖြတ်နေတဲ့လေတပ်စခန်း တွေကတော့ တံတားဦး လေတပ်စခန်း၊နေပြည်တော်(အေလာ လေတပ်)၊မိတ္ထီလာရှမ်းတဲလေတပ်၊‌‌မကွေးလေတပ်စခန်းတို့ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကအရာရှိတွေဟာ တခြားတပ် တွေထက်ပိုပြီးအခွင့် အရေးရပါတယ်။အရာရှိဆိုတာDSAကျောင်း
ဆင်း တပွင့်ကနေအထက်စပြီး ခေါ်တာပါ။

အခြေခံလစာအပြင်​လေယာဥ်​မောင်းတဦးအတွက် အပိုကြေးလစဥ် ၅၀,၀၀၀ ကျပ်ရှိပါတယ်။ဒါ့အပြင် ထမင်း၊ဟင်းဟာ တခြားတပ် တွေနဲ့မတူဘဲ ကောင်း ကောင်းမွန်မွန် ကျွေးသလို ကော်ဖီ၊အအေးနဲ့ ဘီစကွက်မုန့် အလျှံအပယ်ခံစားခွင့်ရှိပါတယ်။

အနားယူခွင့်ကလည်း ကြည်းတပ်​၊​ရေတပ်
တွေထက်ပိုရသလို ၊ လုံခြုံ​ရေးမစိုးရိမ်ရတဲ့အ​ခြေအ​နေမှာဆိုရင် တရက်ခြားအပြင်ထွက်ခွင့်ပိုရတဲ့တပ်ဖြစ်တယ်လို့စစ်သားအချို့က​ပြောပါတယ်။

စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။​လေတပ်မှာ​လေသူရဲ (ခေါ်)လေယာဉ်မောင်း
(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။

ဒီအဖွဲ့ တွေဟာကိုယ့်​လေယာဥ်​မောင်းဗုံးကြဲရမယ့်​နေ့တွေမှာ လေယာဉ်​ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေ
တပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် ​အေလာလေတပ်စခန်းတွေကနေ ‌‌ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။

သူတို့ရဲ့ဝင်ငွေဟာ လေယာဉ်ဆီ ရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အ
ခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ‌ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရ​လေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။

ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့
မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။

"လူအ သေပျောက်များတဲ့အခါဆိုရင် ပစ်မှတ်ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်"လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။

စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတစ်
ဝန်းလူမျိုး ၊ဘာသာ ၊​ဒေသ မခွဲခြားဘဲပြည်သူ တွေကိုပစ်မှတ်ထားလေကြောင်းတိုက်
ခိုက်မှု တွေကို စစ်တပ်က ဆက်တိုက်လုပ်ခဲ့၊ လုပ်​နေဆဲဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ခုနှစ်က​နေ ၂၀၂၆ ဇွန်လကုန်အထိ ​လေ​ကြောင်းတိုက်ခိုက်မှု​ပေါင်း ၁၂ ၈၉၆ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ​ပေါင်း ၅၈၄၆ ဦး​သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်​ရေးအစိုးရ
(NUG) လူ့အခွင့်အ​ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ပြန်ထားပါတယ် ။ကုလ
သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)ကလည်း ၂၀၂၅ တစ်နှစ်တည်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူအနည်းဆုံး ၉၈၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သေဆုံးသူ​တွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်ပါဝင်မှုဟာ ၅၀ရာခိုင်နှုန်း ကျော်ရှိတယ်လို့ သိရပါတယ်။

ရက်စက်မှုမှာထင်ရှားဖြစ်ခဲ့တဲ့ ၂၀၂၂ခုနှစ်၊စက်တင်ဘာလ၁၆ ရက် နေ့ကဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင် ကျောင်း ဗုံးကြဲခံရမှု၊၂၀၂၃ခုနှစ်၊ဧပြီလ၁၁ရက်နေ့က
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊၂၀၂၆ သြဂုတ်လ၂၁ ရက်မြောင်မြို့နယ်၊ဆွဲလွဲအိုရွာက တရားစခန်းဗုံးကြဲခံရမှု တွေဖြစ်ပါတယ်။

ဒီလိုစစ်ရာဇဝတ်ကျူးလွန်မှုမှာ ပူးပေါင်းပါ
ဝင်သူအများအပြားရှိပါတယ်။လေတပ်အ
ရာရှိကြီး တွေကစလို့ လေတပ်စခန်းရဲ့ စခန်းမှူး၊အုပ်မှူးကနေ ပိုင်းလော့(​လေသူရဲ)ဗိုလ်
ကြီးတွေအထိပါ။

ရုပ်ရှင်တွေထဲကကြေးစားလူသတ်သမား တွေဟာ ပစ်မှတ်တခုကိုပဲ လိုက်လံရှင်းလင်းခဲ့ပေမယ့် လေတပ်က စစ်ဗိုလ် တွေကတော့သံဃာနဲ့ကလေးငယ်၊​ကျောင်းသား၊သက်ကြီး​
ရွယ်အို၊ကိုယ်ဝန်​ဆောင်တွေပါမချန်အစု
လိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူး
လွန် နေကြတာပါ။

"သူပုန်အားပေးလို့ရှင်းလင်းတယ်"ဆိုတဲ့ဝါဒဖြန့် စကားကို အတွင်တွင်သုံးပြီး ကိုယ့်ဇာတိ မြေကို ဗုံးပြန်ကြဲခဲ့တဲ့ လေတပ်အရာရှိပေါင်းများစွာရှိ‌‌​နေဆဲဖြစ်ပါတယ်။
🤬2115👍7🤮2🤣2👎1🖕1
ဒါ​ပေမယ့် စက်တင်ဘာ ၁၀ ရက်​နေ့က​တော့ နိုင်ငံတစ်ဝန်းဗုံးပတ်ကြဲ​နေတဲ့ ​လေတပ်ကစစ်သား​တွေအတွက် သတိ​ပေး​ခေါင်း​လောင်းသံထွက်​ပေါ်လာပါတယ် ။ စစ်တပ်အဓိကအသုံးပြုတဲ့​လေတပ်တစ်ခုဖြစ်တဲ့ တံတားဦး​လေတပ်ကို PDF ​တွေရဲ့ FPVဒရုန်း​တွေကဖြတ်​ကျော်ဝင်​ရောက်လာပြီး တိုက်ခိုက်သွားတာပါ ။ တိုက်​လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးကသုံးမရ​အောင်ပျက်စီးခဲ့တယ်လို့ PDF ​တွေက​ပြောပါတယ် ။

စစ်တပ်က​တော့ ကနဦး ဒရုန်း​တွေက ​လေတပ်ထဲထိ​တောင်မ​ရောက်ခဲ့ဘဲ တားဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ PDF ​တွေရဲ့ဒရုန်း​တွေက ​တိုက်​လေယာဥ်​တွေအနီးပျံသန်းတိုက်ခိုက်တဲ့ ရုပ်သံအ​ထောက်အထား​တွေထွက်​ပေါ်လာတဲ့အခါမှာ​တော့ တိုက်​လေယာဥ်​တွေဟာ ပိုက်ကွန်​တွေကာထားလို့ ပျက်စီးမှူမရှိဘူးလို့ ဝါဒဖြန့်ပြန်ပါတယ်။

လူထု​နွေဦးစုံစမ်းရတဲ့အချက်အလက်​တွေအရ တိုက်​လေယာဥ်အချို့ပျက်စီးခဲ့တဲ့အပြင် ​လေတပ်ကစစ်သားအချို့ပါထိခိုက်​သေဆုံးမှု​တွေရှိခဲ့ပါတယ် ။ဒါ့အပြင် ​လေတပ်တိုက်ခိုက်ခံရပြီး ဒရုန်း​တွေလာရာဘက်ကို ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကကား​တွေ ၊ရဟတ်ယာဥ်​တွေနဲ့ လိုက်ရှာတာမှာ PDF ​တွေ ၊ပကဖ​တွေက​စောင့်တိုက်လို့ ဗျူ
ဟာမှူးအပါအဝင် စစ်သား ၅ ဦး​သေဆုံးခဲ့တယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

စစ်တပ်အဓိကအားကိုး​နေတဲ့ ​တိုက်​လေယာဥ်​တွေ ၊လဆိပ်​တွေထဲကို ​တော်လှန်​ရေးတပ်​တွေရဲ့ ဒရုန်း​တွေ ဖြတ်​ကျော်ဝင်​ရောက်နိုင်ပြီဆိုတာက ​လေယာဥ်ဘယ်နှစ်စီးပျက်စီးတယ်ဆိုတာထက် ပို​ကြောက်စရာ​ကောင်းတဲ့သတင်းဖြစ်တယ်လို့ စစ်​ရေး​လေ့လာသူအချို့က​ပြောပါတယ် ။ PDF ​တွေက ​လေတပ်​တွေကို ထိုး​ဖောက်ဝင်​ရောက်နိုင်တဲ့ နည်းပညာရသွားပြီိဆိုတဲ့ အဓိပ္ပါယ်က ဘယ်အထိကျယ်ပြန့်တယ်ဆိုတာ ​လေတပ်ကစစ်သား​တွေပိုသ​ဘော​ပေါက်နားလည်ကြပါတယ် ။

ဒါအပြင် စက်တင်ဘာ ၁၆ ရက်မှာ ဧရာဝတီမြစ်အထက်ပိုင်း ဗန်း​မော်နဲ့ ​ရွှေကူကြား စစ်​ရေယာဥ်​တွေကို လုံခြုံ​ရေးလုပ်​ပေးရင်​တော်လှန်​ရေးတပ်​တွေကို ဗုံးကြဲတဲ့ Y-12 ​လေယာဥ်ကို KIA ကပစ်ခတ်လို့ မီးခိုးအူပြီး နိမ့်ဆင်းသွားပါတယ်။ ​လေယာဥ်ပျက်ကျတယ်လို့ သုံးသပ်ပြီး ​တော်လှန်​ရေးတပ်​တွေက လိုက်ရှာ​နေကြပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့တိုက်​လေယာဥ်၊ရဟတ်ယာဥ် အနည်းဆုံး ၁၄ စီးကိုပစ်ခတ်ဖျက်ဆီးထားပါတယ် ။ဒီစာရင်းမှာ တံတားဦး​လေတပ်က တိုက်​လေယာဥ်ပျက်စီးမှုနဲ့ ဗန်​း​မော်တိုက်ပွဲမှာ Y-12 ​လေယာဥ်ပစ်ချမှု​က အတည်ပြု​နေဆဲမို့မပါ​သေးပါဘူး ။

ဒီထဲမှာ PDF ​တွေက စစ်တပ်​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်ပြီး တိုက်​လေယာဥ်​တွေကို FPV ဒရုန်းနဲ့တိုက်ခိုက်နိုင်တာက အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပါတယ် ။အာဏာသိမ်းစစ်တပ်အတွက်​တော်လှန်​ရေးတပ်​တွေအ​ပေါ် အဓိကအသာစီးရတဲ့ ​လေတပ်ကို ​တော်လှန်​ရေးတပ်​တွေက FPV ဒရုန်း​တွေနဲ့ ဘယ်​လောက်အထိစိန်​ခေါ်နိုင်မလဲ ဆိုတာ ​ဆက်လက်မြင်​တွေ့ရမှာဖြစ်ပါတယ် ။

PDF စစ်ရုံးချုပ်က​တော့စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်​တွေအပါအဝင် စစ်တပ်ရဲ့ အဓိကကျောရိုးစစ်ဘက်ဗဟိုချက်မ​တွေကိုအရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့ထုတ်ပြန်​ကြေညာထားပါတယ် ။

တံတားဦး​လေတပ်ကို PDF ​တွေက ဒရုန်းနဲ့တိုက်ခိုက်လိုက်တဲ့ရုပ်သံမှတ်တမ်းထုတ်ပြန်လိုက်ချိန်မှာ ပြည်သူ​တွေက ဗီဒီယိုကိုကြည့်ရှုရင်း ဝမ်းသာအားရမှတ်ချက်​တွေ​ရေးသားကြပါတယ် ။အဲဒီမှတ်ချက်​တွေကို ဖတ်ကြည်​လေတပ်ကစစ်သား​တွေအ​ပေါ် ပြည်သူ​တွေရဲ့အမြင်သ​ဘောထားအလွယ်တကူအကဲခတ်နိုင်ပါတယ် ။

"ကောင်းလိုက်တဲ့ သတင်းပြည်သူပိုင်ဆိုင်တဲ့ ပြည်သူလေယာဉ်တွေနဲ့ ပြည်သူကို ထင်တိုင်းကြဲ အကြမ်းဖက်သတ်ဖြတ်နေတဲ့စစ်​ေးတွေ။အားရတယ်ဟေ့တော်လှန်ရေးသမားများ ဘေးကင်းပါစေ"လို့ပြည်သူတဦးက လူထု​​နွေဦးက​ဖော်ပြတဲ့သတင်း​အောက်မှာ​မှတ်ချက်ပြုပါတယ်။

အခြားပြည်သူတဦးကလည်း"ပျံနေတဲ့ ငှက်ကို ပစ်ချမရရင်... ငှက်သိုက်မှာ နားနေချိန် ဝင်ပစ်...အိုဟို ရှယ်ပဲ"လို့​ဆိုထားပါတယ် ။ ။
28👍7👏5🔥4🤣2👎1🖕1
အာဏာစစ်တပ်ရဲ့ တိုက်​လေယာဥ်မှူ​တွေနဲ့
စစ်တပ်က ၂၀၂၅ ​​မေ ၁၂ ရက်မှာစစ်ကိုင်း
တိုင်း၊ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်​ကျောင်းကိုဗုံးကြဲလို့ ​ကျောင်းသား​ကျောင်းသူနဲ့ဆရာမစုစု​ပေါင်းနှစ်ဆယ်​ကျော်​သေဆုံးခဲ့ပြီး​နောက် နာ​ရေးပြုလုပ်​နေစဥ်။
ဓါတ်ပုံ-စစ်တပ်​လေယာဥ်​မောင်း​တွေတစ်​တော့ ၊ Getty
🤬34👍3😭3🔥2👎1👏1😁1🤩1
ကပစ(၁၆)အနီး တိုက်ပွဲဆက်ပြင်းထန်နေ

စက်တင်ဘာ-၁၆၊ ၂၀၂၆။ ဇော်ရမ်း/People's Spring

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကပစ(၁၆)အနီးက မသုန်ရွာနဲ့ ညောင်ကျိုးရွာပတ်ဝန်းကျင်မှာ စက်တင်ဘာ ၄ရက်ကစပြီး ဒီနေ့ စက်တင်ဘာ ၁၆ရက်အထိ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာလို့ သိရပါတယ်။

"ကျတော်တို့ သတိထားမိသလောက် စစ်တပ် တယ်လီဂရန်တွေကနေ ၄၉၂၆ စစ်ဆင်ရေးလို့ ပြောတဲ့ စက်တင်ဘာလ၄ရက်နေ့ကနေစပြီး တိုက်ပွဲ ပြန်ပြင်းထန်တာ။ တစ်ရက်မှကို မနားဘူး။ ဒီနေ့လည်း လေယာဉ် သုံးစီးမကဘူး လာတယ်"လို့ ပန်းတောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၅ရက် မနေ့ မနက်ပိုင်းက တိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်မှူးဝေကမ္ဘာစိုး ဆိုသူအပါအဝင် ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ညောင်ကျိုးကျေးရွာက စစ်တပ်စခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက စနိုက်ဘာ၊ လက်နက်ကြီး‌တွေနဲ့ပစ်ခတ်စဥ် သေဆုံးတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗိုလ်မှူးဝေကမ္ဘာစိုးဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့ လူသိများပါတယ်။ သူက ဗေဒင်ဟောပြီး နှစ်လုံးထီဂဏန်းပေးနေတာလို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ(၁၆)ဟာ ပန်းတောင်းမြို့နဲ့ ၂၅မိုင်ခန့်အကွာမှာ ရှိတာပါ။ ပန်းတောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ AAနဲ့ မဟာမိတ်တွေက ကပစ(၁၆)ကို ဦးတည်တိုက်ခိုက်ခဲ့တာရှိပါတယ်။

အဲဒီတုန်းက စစ်တပ်ဟာ စကခ-၁၀ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေပို့ပြီး ခုခံခဲ့တာပါ။

AA ထိုးစစ်စတင်တဲ့ ဇန်နဝါရီလထဲမှာပဲ ကပစ(၁၆)ရဲ့ ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကို သိမ်းယူခဲ့ပါတယ်။ ၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စကခ-၁၀ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

AA နဲ့ မဟာမိတ်တွေက ကပစ(၁၆)အပြင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အခြေစိုက် ကပစ(၆)ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရေးတွေဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။ ပန်း‌တောင်းမြို့နယ်အပါအဝင် မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်ထဲက ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေရာတွေကနေ စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ AAက ဩဂုတ်လထဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ AAက သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ အာဏာသိမ်းစစ်တပ်ကလည်း စစ်ရေးအခြေအနေကို သတင်းအမှောင်ချထားပါတယ်။
👍399🔥2🤣2👎1👏1
(ရခိုင်-ပဲခူးအစပ်က စစ်တပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk)
👍2915👏3🔥1🥰1🤣1🖕1
ရွှေဘိုမှာ ဘုန်းကြီးကျောင်းရေသန့်စက်ဖွင့်ပွဲ စစ်တပ်ဗုံးကြဲမှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၊ အမျိုးသား ၂ဦး သေဆုံး

စက်တင်ဘာ၁၆-၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် ဒီကနေ့ နေ့လည် ၁၂နာရီခွဲခန့်မှာ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ရွာ ဘုန်းကြီးကျောင်းမှာ ရေသန့်စက်ဖွင့်ပွဲပြုလုပ်ချိန် စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"တရွာလုံးသုံးတဲ့ ရေသန့်စက်ရုံအ သေးစား လေး ပေါ့။ဘုန်းကြီးကဦးစီးပြီး ဆောက်ပေးထားတာ။အဲတာလေး ဖွင့်ပွဲလုပ်တာကိုဗျာ လာကြဲချသွားတယ်။ဆရာတော်လည်း ပျံလွန်တော်မူသွားတယ်။‌‌အဘိုးနှစ်ယောက်လည်း သေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဟာ သက်တော် ၄၃နှစ်ရှိပြီး နောက်ထပ်အမျိုးသား ၂ဦးဟာ အသက်၆၀ ကျော်တွေဖြစ်ကာ ကျေးရွာရဲ့ရပ်မိရပ်ဖတွေဖြစ်တယ်လို့ သိရပါတယ်။

လာရောက်တိုက်ခိုက်သွားတဲ့ လေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ စုံစမ်းသိရပါတယ်။

စစ်တပ်ဟာ အများပြည်သူပိုင်နေရာတွေ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေဦးတည် လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြောင်မြို့နယ်၊ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းတရားစခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
🤬367😢71👎1🔥1👏1🎉1🤣1
🤬35😢82🔥2🙏21👎1👏1🎉1🤣1
PDF ဇိုလဲန်းတပ်ဖွဲ့ထံက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ထက်ဝက်ခန့် လွတ်မြောက်၊ ၂၀ ဦးခန့် ပြန်ဖမ်းမိ

စက်တင်ဘာ ၁၆၊၂၀၂၆။။ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ရဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၈၀ ဦးလောက်ဟာ စက်တင်ဘာ ၁၃ရက် က အစောင့်ရဲဘော်တွေကို အလစ်အငိုက်တိုက်ခိုက်ပြီး ထွက်ပြေးသွားတာပါ။

ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း PDF ဇိုလဲန်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၄ရက်မှာ ပြောပြပါတယ်။ သတင်းတွေထွက်သွားပါက စစ်ကောင်စီတပ်က သူ့လူတွေ လာကယ်ဖို့ သတင်းပေးသလို ဖြစ်လို့ အခြေအနေတွေ အသေးစိတ် ပြောပြဖို့ အခက်အခဲရှိကြောင်းလည်း သူက ပြောပါတယ်။

အဲဒီလို စစ်သုံ့ပန်းတွေ ပြန်ဖမ်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စက်တင်ဘာ ၁၅ရက်မှာ အရာရှိ အပါအဝင် စစ်သုံ့ပန်း ၃၀ကျော် တီးတိန်မြို့ရှိ စစ်တပ်ထံ ပြန်ပူးပေါင်းနိုင်ပြီဆိုတဲ့ ပြောဆိုချက် တွေရှိသလို ထွက်ပြေးတဲ့ သုံ့ပန်း ၂၀ဦးလောက်ကိုလည်း ပြန်ဖမ်းမိတာရှိတယ်လို့ ပြောကြားချက်တွေရှိပါတယ်။

“ကနေဒီတောင်တိုက်ပွဲတို့ ဖလမ်းတိုက်ပွဲတို့မှာ မိတဲ့ သုံပန်းတွေ များမယ့်ပုံပဲ။ခလရ(၂၆၉)တပ်ရင်းထဲကို တချို့တဝက် ပြန်ဝင်သွားတာကတော့ မှန်ပါတယ်။ အယောက် ၃၀ ကနေ ၄၀ လောက် မနေ့က ရောက်သွားတယ်လို့ သိရတယ်။ PDF ဇိုလဲန်းက ပြန်ဖမ်းမိထားတဲ့ဟာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့တော့ ကြားမိတယ်” လို့ ချင်းသတင်းရင်းမြစ်က ပြောပြပါတယ်။

စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းညီနောင် တာဝန်ရှိသူ အချို့နဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ တာဝန်ရှိသူအချို့ထံ ဆက်လက်ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

PDF ဇိုလဲန်းဟာ တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသလို ဖလမ်းမြို့သိမ်း တိုက်ပွဲကိုလည်း ချင်းညီနောင်အဖွဲ့ဝင် မဟာမိတ်တွေနဲ့အတူ ဆင်နွှဲခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် ချင်းမြောက်ပိုင်း စစ်တပ်ထိုးစစ်ကိုလည်း ချင်းတော်လှန်ရေးတပ်တွေနဲ့ အတူ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပါတယ်။
🤬29👍97👎2🤣2🔥1🤯1💩1🖕1
(ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ဖမ်းမိထားသောစစ်သုံ့ပန်းဖိုင်)
👏32👍7👎2🔥2🤣2💩1🖕1