စစ်မှုထမ်းအတွက်လူဝယ်တာမှာ ရန်ကုန်ကဘောလုံးသမားကိုဝယ်မိတဲ့အောင်ပန်းကဗိုလ်ကြီး ဖမ်းဆီးခံရ
■သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်း
မြစ်အချို့ပြော
စက်တင်ဘာ-၁၆၊၂၀၂၆။နေ့သစ်/People's Spring
ရန်ကုန်မြို့က ဘောလုံးသမား ၁ဦးကိုစစ်မှု
ထမ်းအစားထိုးဖို့ ကျပ်သိန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံကဆရာဝန် ဗိုလ်ကြီးကို စစ်တပ်ကဖမ်းဆီးထားတယ်လို့ လူထုနွေ
ဦးက စုံစမ်းသိရပါတယ်။
ဖမ်းဆီးခံထားရတဲ့အောင်ပန်းမြို့ကုတင်
(၇၀၀)စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးဖြစ်ပြီး စစ်မှုထမ်းဖို့ လိုအပ်တဲ့ အရေအတွက်ကို လစဉ် ရန်ကုန်မြို့ကို သွားရောက်ဝယ်လေ့ရှိသူ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"ရန်ကုန်ကနေ ဘောလုံးသမားဝယ်လာမိလို့ သူ့ကို ဖမ်းထားတယ်။သူကလစဉ်အဲလိုပဲ
ရန်ကုန်ကိုသွား သွားဝယ်နေတာ"လို့ ၎င်းက ပြောပါတယ်။
ကုတင်(၇၀၀)စစ်ဆေးရုံက ဗိုလ်ကြီးဖမ်းဆီးခံရတဲ့ ရက်ပိုင်းဟာ ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပျောက်
ဆုံးမှုဖြစ်ပြီးနောက်ပိုင်းနဲ့ တိုက်ဆိုင်နေပါတယ်။ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ရန်ကုန်မြို့ကနေ စစ်မှုထမ်းဖို့ ရောင်းစားခံရသူဟာဘောလုံးသမားတစ်ဦးလို့သာ အတည်
ပြုပြီး ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား Pa Lung ဟုတ်၊မဟုတ် အတည်မပြုပေမယ့်ဖြစ်နိုင်တယ်လို့မှတ်ချက်ပြုပါတယ်။
ဒါ့အပြင်အောင်ပန်းမြို့ခံအခြားသတင်းရင်း
မြစ်တဦးက အဆိုပါ ဗိုလ်ကြီးဝယ်မိတဲ့သူဟာ Pa Lung ဖြစ်တယ်လို့ ပြောပါတယ်။
အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းကရန်ကုန်မြို့မှာဖူဆယ်ပွဲကြည့်ပြီး အပြန်
ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်
ပိုင်းအဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၂၂ ရက်မှ စတင်ကာဩဂုတ်၂၇ ရက်အထိ(၅)ရက်တိုင်အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူး
ပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာသြဂုတ်၂၉ရက်မှာပြန်လည်
တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်
အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဆိုပါတယ်။ ဒါပေမယ့်ပြည်သူတွေက မယုံ
ကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကို
လမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြပါတယ်။People's Spring ရဲ့သတင်းရင်းမြစ်တဦးကလည်း Pa Lung ကိုလူတစ်စုကဖမ်းခေါ်သွားတာဖြစ်ပြီး သူ့ကို ရန်ကုန်-မန္တလေး အမြန်လမ်းတစ်နေရာကို ငွေပေးပြီးပြန်သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ် ။
စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောင်း အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်တပ်လက်
အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ နယ်မြေလူမိုက်အဖွဲ့တွေက လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး စစ်မှုထမ်းဖို့အရေအတွက်လိုအပ်တဲ့ မြို့နယ်၊ ရပ်ကွက်တွေကို ပြန်ရောင်းစားတဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ဆက်
တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က ပေါ်တာဆွဲတာကို ပျူစောထီးတွေ၊လူမိုက်တွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ၊ရဲနဲ့စစ်သားတွေက အဓိက လုပ်နေကြတာဖြစ်ပါတယ်။ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစုဆောင်းရသူတွေကို ပြန်လည်ရောင်းချတဲ့ဈေးကွက်လည်းရှိနေပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ၊သိန်းရာနဲ့ချီပြီးအထိ ရှိနေတယ်လို့စုံစမ်းသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လက စစ်
မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး အခု စက်တင်ဘာမှာပြုလုပ်မယ့်စစ်မှုထမ်းအပါတ်
စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်
သားသစ်တွေကိုသာအဓိကအသုံးပြုနေပြီးသေဆုံဒဏ်ရာရသူ ၊ထွက်ပြေးသူ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူတွေလည်းများနေပါတယ်။ဒါကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေ စစ်တပ်ထိန်းချုပ်ဒေသတွေမှာ ပိုမိုပြုလုပ်နေပါတယ် ။ဒါကြောင့်တော်လှန်ရေးတပ်တွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်သတိပြုပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

😁33❤9🖕3🔥2👎1👏1
ဗန်းမော်ကစုန်ဆင်းတဲ့ စစ်သင်္ဘော ၇စီးနဲ့ ရွှေကူကဆန်တက်တဲ့ စစ်သင်္ဘော ၃စီးကို KIA ပူးပေါင်းတပ် ထပ်မံ တိုက်ခိုက်
■စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား
စက်တင်ဘာ ၁၆ရက်၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်တဲ့ စစ်တပ်ရဲ့ သင်္ဘော ၃စီးနဲ့ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ် သင်္ဘော ၇စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ တိုက်ခိုက်ခဲ့ရာ သင်္ဘောအများစု ထိခိုက်ပျက်စီးပြီး ရေမြုပ်သွားတဲ့ သင်္ဘောတွေလည်းရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာအတွင်းမှာ ရွှေကူ-ဗန်းမော်အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၁၈စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ဆက်လက်ကြိုးပမ်းတာ၊ ဗန်းမော်မြို့က သင်္ဘောတွေ အောက်ဘက်ကို ဆက်လက်စုံဆင်းခဲ့လို့ KIA ပူးပေါင်းတပ်က လမ်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
“ဒီမနက်က ဗန်းမော်က ဆင်းလာတဲ့ သင်္ဘောတွေ မနေ့ကတည်းက ကျနော်တို့ ပစ်တာ ဒီမနက်က ဗန်းမော်အောက် စာ၀တီးနဲ့ မြလယ်-စင်းခန်း အဲဒီကြားမှာ သင်္ဘော ၇စီးလုံး တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီ။ တချို့ကဘေးစောင့်အနေးအထားနဲ့။ စင်းခန်းတံတားအောက်မှာ တစီးမြုပ်တယ် အထက်နားမှာ တစီးမြုပ်တယ်။ ရွှေကူကလည်း သင်္ဘော ၃စီးတက်လာတာ အဲဒါ ၁စီးကတော့ ဝဲမကြီးမှာ မြုပ်သွားပြီ။ နှစ်စီးကတော့ ရွှေကူဘက် ပြန်ခေါက်သွားပြီ။ ပြန်ခေါက်တဲ့ သင်္ဘောလည်း မီးခိုးတလူလူနဲ့ပျက်စီးသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့က ဆင်းလာတဲ့ သင်္ဘော ၇စီးဟာလည်း ရေမြုပ်သွားမယ်လို့ ယူဆကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
“တဝက်မြုပ်တဝက်ပေါ် ၇စီးကလည်း ပြန်မြုပ်မှာပါ။ ညနေပိုင်းဆိုမြုပ်မယ်ထင်တယ်။ ရေဝင်နေတယ်ဆို တော့ မရတော့ဘူးလေ အင်ဂျင်တွေ အကုန်လုံးမြုပ်ကုန်ပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းကစပြီး သင်္ဘောတွေ အသုတ်လိုက် ကချင်ပြည်နယ်ကို ဝင်ရောက်လာရာ ရွှေကူ-ဗန်းမော်ကြား မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ ရက်ပေါင်း ၂၀ကျော်အတွင်း စစ်တပ်သင်္ဘော ၂၅စီးထက်မနည်းကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ရာ အများစုဟာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသ ဝန်းကျင်မှာ ရေနစ်မြုပ်တာ မီးလောင်တာတွေဖြစ်ပွားခဲ့ပါတယ်။ သင်္ဘောတွေကို တိုက်ခိုက်နိုင်မှု ရုပ်သံမှတ်တမ်းတွေကိုလည်း ကချင်သတင်းရင်းမြစ်တွေက တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး ဖော်ပြခဲ့တာတွေ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စင်အင်အားဖြည့်ဖို့၊ ကချင်ဒေသ ဆုံးရှုံးနယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းသုံး ကြိုးပမ်းနေပေမဲ့ ရေကြောင်းတိုက်ပွဲနဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာလည်း သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ စစ်တပ် Y12 လေယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာထိမှန်ခဲ့ပြီး မီးခိုးအူသွားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒေသခံတွေက လေယာဉ်ပျက်ကျသွားတယ်ဆိုတဲ့ သတင်းပို့မှုရှိလို့ ပျက်ကျတယ်လို့ ယူဆရတဲ့ နေရာကို လိုက်ရှာနေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ဗန်းမော်မြို့နယ် ကောင်ဂျာယာန်တိုက်ပွဲမှာ စစ်တပ် စစ်ကြောင်းတခုလုံး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးကာ ၃၀ ကျော်အရှင်ဖမ်းမိခဲ့သလို စင်းခန်း၊ ဇင်းဘုံ ဒေသ တိုက်ပွဲတွေမှာလည်း စစ်တပ်စစ်ကြောင်းပျက် အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လတ်တလော စစ်ရေး အခြေအနေတွေမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဒီမနက်ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
ဗိုလ်မှူးကြီးနော်ဘူအနေနဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ် စတင်ဝင်ရောက်လာချိန်ကတည်းက KIA ပူးပေါင်းတပ်အနေနဲ့ စစ်တပ်သင်္ဘောတွေကို လက်ဗလာနဲ့ ကြိုဆိုမှာမဟုတ်ဘဲ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အသိပေးထားသလို အမှန်တကယ်အထိနာအောင်လည်း တိုက်ခိုက်ထားနိုင်တာဖြစ်ပါတယ်။
(စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်နေစဉ်။ ရုပ်သံ - CJ)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #ဗန်းမော်စစ်သင်္ဘော #ရွှေကူစစ်ရေး #KIAပူးပေါင်းတပ် #စစ်သင်္ဘောတိုက်ခိုက်ခံရမှု

Facebook
#LuduNwayOo in Video
#LuduNwayOo | 20K people are posting about this | Watch popular videos about #LuduNwayOo in Video
❤41👍10👏4👎2🥰2🖕2🔥1
ခန္တီးမှာ နာဂလက်နက်ကိုင်အဖွဲ့ ဖမ်းသွားတဲ့ အရပ်သား ၁၀၀ ကျော် ၂လနီးပါးကြာတဲ့အထိ ပြန်လွတ်မလာသေး၊ တချို့ ငွေရာနဲ့ချီ ရွေးယူရ
စက်တင်ဘာ-၁၆၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းသွားတဲ့ အရပ်သား ၁၀၀ ကျော်အနက် အချို့မှာ ကျပ်သိန်းရာချီပေး အာမခံနဲ့ရွေးယူခဲ့ရကာ ကျန်သူတွေ ၂လနီးပါးကြာတဲ့အထိလွတ်မြောက်လာခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ခန္တီးမြို့နယ် မှန်ပင်ကျေးရွာနဲ့ရွှေမြင့်မိုရ်ရွာက အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင်
အရပ်သား ၁၂၀ ခန့်ကို ဇူလိုင်၂၉ရက်မှာ ENNO အဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ဖမ်းဆီးသွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အမျိုးသမီးအချို့နဲ့ သက်ကြီးရွယ်အိုအချို့ပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
" ဖမ်းထားတာ ၁၀၀ ကျော်တယ်။ နည်းမျိုးစုံလိုက်ထုတ်တော့ တချို့ ပြန်ရတယ်။ တစ်ယောက်ကို သိန်း ၃၀၀ လောက်ပေးရတယ်။ ငွေမရှိလို့ အာမခံနဲ့ ပေးရတာတွေလည်း ရှိတယ်။ အခုဆိုရင် လုံးဝပြန်လွတ်မလာတဲ့သူတွေ အဆက်အသွယ်ပြတ်သွားပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ခန္တီးမြို့နယ်ကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပြင် ရှမ်းနီနဲ့ နာဂတိုင်းရင်းသားလူငယ်တွေ ပါဝင်ပါတယ်။ ENNO က ဖမ်းဆီးသွားတဲ့ အရပ်သားတွေကိုပြန်လွှတ်ပေးဖို့ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုဗဟိုနဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)တို့က ဇူလိုင် ၃၁ရက်နဲ့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
ENNO ကတော့ ဖမ်းဆီးသွားတဲ့အရေအတွက်ကို မဖော်ပြဘဲ အမျိုးသားရေးအတွက်တပ်ဖွဲ့ဝင်စုဆောင်းတာဖြစ်ကြောင်းနဲ့ လွှတ်သင့်တဲ့သူတွေကိုလွတ်ပေးမယ်လို့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုဖမ်းဆီးမှုဟာ စစ်တပ်နဲ့ တိုင်ပင်ပြီးလုပ်ဆောင်ခဲ့ပုံရတယ်လို့လည်း ဒေသခံတွေက သံသယရှိနေကြပါတယ်။
ခန္တီးမြို့မှာ စစ်တပ်က ခလရ (၂၂၉)၊ ခလရ(၅၂)၊ ခလရ(၃၄၇)တပ်ရင်းအပြင် ဗျူဟာလည်း ရှိပါတယ်။မှန်ပြင်ကျေးရွာဟာ ခန္တီးမြို့ပေါ်နဲ့ ၅မိုင်ခန့်သာဝေးပြီး ခလရ(၂၂၉)တပ်ရင်းနဲ့လည်း အလှမ်းမဝေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"ENNOအဖွဲ့က စစ်တပ်နဲ့ အကျိုးစီးပွား ဆက်
စပ်နေတာ။ ဒါကြောင့် စစ်တပ်ကလည်း ရပ်ကြည့်နေတာပဲ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization -ENNO )ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
သီးခြားရပ်တည်နေတဲ့လက်နက်ကိုင်အဖွဲ့ ဖြစ်သလို စစ်တပ်ကိုတိုက်ခိုက်တဲ့တိုက်ပွဲတွေ ဖော်ဆောင်တာမတွေ့ရဘဲ လုပ်ငန်းရှင်တွေဆီကနေ အခွန်ငွေတောင်းယူနေတာနဲ့ လူငယ်တွေကိုဖမ်းဆီးနေတာတွေမကြာခဏပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ENNOဟာ ပြီးခဲ့တဲ့၂၀၂၃ တုန်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်
စိမ်းတူးဖော်ရေးလုပ်ငန်းခွင်ဝင်နေတဲ့ နာဂလူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းဖူးလို့ အပြင်းအထန်ဝေဖန်ခံခဲ့ရဖူးပါတယ်။တပ်သားသစ်စုဆောင်းတာဟာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာမဟုတ်ဘဲ အမျိုး
သားရေးအလုပ်ကို နာဂလူငယ်တွေ နားလည်လာဖို့ လမ်းပြတာလို့ ENNO တာဝန်ရှိသူက သတင်းမီဒီယာအချို့ကို ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ ENNO ဟာ စစ်အာဏာရှင်တော်လှန်ရေးရော၊ဒေသအရေးပါ ဆောင်ရွက်ခြင်းမရှိဘဲ ဆတ်ကြေးကောက်နေတဲ့အဖွဲ့သာဖြစ်တယ်လို့ပြောကြပါတယ်။ENNOကို မေးမြန်းဖို့ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ခန္တီးမြို့နယ်မှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီတပ်( SNA)အပြင် နာဂအမျိုးသားဆိုရှယ်
လစ်ကောင်စီ(NSCN) အဖွဲ့တွေလည်း လှုပ်
ရှားပါတယ်။ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး
ဌာန(MOD) အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နာဂပြည်သူ့ကာ
ကွယ်ရေးတပ်(NPDF)နဲ့ နဲ့ KPDF တို့လည်း အခြေစိုက်ထားပါတယ်။
#အရှေ့နာဂအမျိုးသားအဖွဲ့အစည်း
#ENNO #ခန္တီးမြို့ #peoplesspring
#ludunwayoo

🔥18❤10👎7🤬5💩1🤣1🖕1
စစ်တပ်လက်အောက်မှာ ကုန်ဈေးနှုန်းကြီး
မြင့်တာ ၊ ကုန်ပစ္စည်းတွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှုပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိအောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်က စစ်တပ်ရွေးကောက်ပွဲက ပေါ်လာတဲ့လွှတ်တော်အမတ် ဦးစိုင်းထွန်းလင်းက သူရဲ့မိခင်ပါတီဖြစ်တဲ့ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်း ဧည့်ခံတဲ့ ကျပ်သိန်း ၁၅၀ တန်ကြေးရှိအရက်ကိုသောက်ခွင့်ရကြောင်း စက်တင်ဘာလ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် တင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။ လူထုနွေဦးက အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့ရွေးကောက်ပွဲ ၊လွှတ်တော်တွေကို စစ်တပ်ရွေးကောက်ပွဲ ၊စစ်တပ်လွှတ်တော် တွေလို့ပဲ ရေးသားလို့ သူ့ကိုလည်း စစ်တပ်အမတ်လို့ပဲရေးပါတယ် ။
“ကျားဖြူပါတီဥက္ကဌကြီးက လွှတ်တော်မစခင်လွှတ်တော်ကိုယ်စားလှယ်ကိုသိန်း ၁၅၀ ကျပ်တန် ၁၃ မင်းဆက်မြောက်ပြင်သစ်ဘုရင်လူးဝစ်အမည်ရအရက် နဲ့ ဒီညမှာဧည့်ခံခဲ့ပါတယ်။ ကျားဖြူပါတီဥက္ကကြီးရဲ့ကျေးဇူးကြောင့်သိန်း၁၅၀ကျပ်တန်အရက်ကိုသောက်ဘူးခဲ့ပါပြီ”လို့ အရက်ပုလင်းပုံနဲ့ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။
အခုလို အရက်တိုက်တဲ့အတွက်လည်း ကျားဖြူပါတီဥက္ကဌကြီးကိုအထူးကျေးဇူးတင်ရှိကြောင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။
ကျပ်သိန်းရာချီ တန်ကြေးရှိတဲ့အရက်ကိုသောက်နေကြောင်းကြွားလုံးထုတ်ခဲ့တဲ့ ဦးစိုင်းထွန်းလင်းနဲ့ အပေါင်းအပါတွေကို ဒေသခံတွေအပြင်လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။
အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ဝေဖန်နေကြသလို”သိန်း ၁၅၀ တန်အရက်သောက်ဖို့ကျားဖြူပါတီကို ဝင်ကြစို့”လို့လည်း လှောင်ပြောင်ကြသူတွေလည်းရှိပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့ခံလူငယ်တစ်ဦးကတော့”အခုကာလ အမတ်ဖြစ်နေတဲ့ကောင် တွေတစ်ကောင်မှ × သုံးမကျဘူး။ သူတို့သောက်နေတဲ့ အရက်ပုလင်းလောက်တောင် တန်ဖိုးမရှိတဲ့ကောင်တွေ”လို့ ပြောပါတယ်။
ဦးစိုင်းအိုက်ပေါင်းဦးဆောင်တဲ့ အရက်ဝိုင်းမှာ သောက်နေကြတာက ၁၇ရာစု အစောပိုင်းက ပြင်သစ်ဘုရင်LOUIS XIII ကို အစွဲပြုပြီး အမည်ပေးထားတဲ့ LOUIS XIII Cognac အရက်ပုလင်းဖြစ်ပါတယ်။ ကမ္ဘာတန်ဖိုးအမြင့်ဆုံး အရက်တွေထဲမှာပါဝင်ပါတယ်။ဦးစိုင်းထွန်းလင်း ပြောတဲ့ အရက်တစ်ပုလင်း ကျပ်သိန်း၁၅၀နဲ့တွက်ချက်ရင်တောင် အထည်ချုပ်အလုပ်သမတစ်ဦး ၆နှစ်လောက် နေ့စဉ် အလုပ်လုပ်မှ ရမယ့် ငွေကြေးဖြစ်ပါတယ်။ လက်ရှိမှာ အခြေခံလုပ်စားတစ်ဦး တစ်နေ့လုပ်အားခက ၆၈၀၀ ကျပ်ပဲ ရတာပါ။
ဦးစိုင်းထွန်းလင်းဟာ ပြည်သူလူထု နဲ့ ဒီမိုကရေစီကိုတန်ဖိုးထားတဲ့နိုင်ငံတကာကအသိအမှတ်မပြုတဲ့ စစ်တပ်ရဲ့လုပ်ပွဲ- ၂၀၂၅ ရွေးကောက်ပွဲမှာ ကျားဖြူပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်လွှတ်တော်မှာသူတင်ခဲ့တာတွေက ရေမြောင်းဖောက်၊ အမှိုက်ရှင်းကိစ္စတွေလောက်သာဖြစ်ပြီး ရှမ်းပြည်နယ်ကစစ်ဒဏ်သင့်ဒေသခံတွေရဲ့အခက်အခဲကို တစ်ခွန်းမှမဟခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားတွေကပြောပါတယ်။
ဦးစိုင်းထွန်းလင်းကို အရက်တိုက်တဲ့ ကျားဖြူပါတီ(ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဟာ စစ်တပ်နဲ့နီးစပ်သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်၊သယံဇာတနဲ့ သစ်တောဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ အသက် ၈၀ အရွယ်ဦးစိုင်းအိုက်ပေါင်းက စစ်တပ်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေသလို အာဏာ
သိမ်းစစ်အုပ်စုကပေးအပ်ထားတဲ့ သီရိပျံချီဘွဲ့လည်း လက်ခံရယူထားပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့အဲဒီမြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး စစ်ရေးအရလည်းခြိမ်းခြောက်နေပါတယ်။
ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့လေ
ကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်
နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာ
ရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့် သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်းကန်နေကြရတာ”လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။
တစ်နိုင်ငံလုံးအခြေအနေကိုလည်းတချက်ကြည့်ရအောင်ပါ ။

LuduNwayOo
အရက်ကို သိက္ခာချတဲ့ ခေတ်ပျက်ထဲက စစ်တပ်အမတ် | LuduNwayOo
စစ်တပ်လက်အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်းတွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှုပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့…
❤15🖕12👎3🔥3😁2🤮2🤣2😱1🤬1💩1
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့ပေါ်မှာ အငတ်ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်နေရတဲ့ ၆ နိုင်ငံမြောက် ဖြစ်နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။
အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။ငွေကြေးဖောင်းပွမှုကလည်း ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။
အလုပ်အကိုင်တွေရှားပါးတဲ့အပြင် လူငယ်တွေကိုစစ်တပ်က ပေါ်တာဆွဲပြီး စစ်သင်တန်းပေးရှေ့တန်းပို့စစ်တိုက်ခိုင်းနေလို့ သိန်းနဲ့ချီတဲ့ လူငယ်တွေ နိုင်ငံကနေထွက်ပြေးနေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအခြေအနေမှာပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက သိန်း ၁၅၀ ကျော်တန်အရက်သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်နေတာဖြစ်ပါတယ် ။
https://www.ludunwayoo.com/feature-mm/2026/09/09/167829/
အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။ငွေကြေးဖောင်းပွမှုကလည်း ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။
အလုပ်အကိုင်တွေရှားပါးတဲ့အပြင် လူငယ်တွေကိုစစ်တပ်က ပေါ်တာဆွဲပြီး စစ်သင်တန်းပေးရှေ့တန်းပို့စစ်တိုက်ခိုင်းနေလို့ သိန်းနဲ့ချီတဲ့ လူငယ်တွေ နိုင်ငံကနေထွက်ပြေးနေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအခြေအနေမှာပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက သိန်း ၁၅၀ ကျော်တန်အရက်သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်နေတာဖြစ်ပါတယ် ။
https://www.ludunwayoo.com/feature-mm/2026/09/09/167829/
LuduNwayOo
အရက်ကို သိက္ခာချတဲ့ ခေတ်ပျက်ထဲက စစ်တပ်အမတ် | LuduNwayOo
စစ်တပ်လက်အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်းတွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှုပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူတွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့…
❤16🖕10👎5🔥3🤬1😢1🤣1
တယ်လီနောအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အပေါ်ကြိုဆိုကြောင်း JFM နဲ့ ICJ Norway ထုတ်ပြန်
စက်တင်ဘာ-၁၆၊ ၂၀၂၆။ တေဇ/People's Spring
လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။
"မြန်မာနိုင်ငံမှာ နော်ဝေဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့မှုတွေအတွက် တယ်လီနောအပေါ် အခုလို နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပါတယ်။ တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဝဲလ် လွှဲပြောင်းပေးခဲ့တာနဲ့ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်း အများအပြားကိုလည်း ရဲတပ်ဖွဲ့ထံ ပေးပို့ထားပြီးဖြစ်ပါတယ်" လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စစ်တပ်ကို ပေးခဲ့တာက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောက အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်တယ်လို့ မရတနာမောင်က ပြောပါတယ်။
တယ်လီနော် ASA ကို စက်တင်ဘာ ၁၅ ရက်မှာ လူသားမျိုးနွယ်အပေါ် စစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံရဲတပ်ဖွဲ့က တယ်လီနော ASA ရုံးကိုလည်း မနေ့ကပဲ စီးနင်းရှာဖွေခဲ့တာပါ။
"ကျွန်တော်တို့ဟာ လေးနက်ပြီး လွတ်လပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်၊ အခုတော့ ဒီလိုဖြစ်လာဖို့ အလားအလာရှိနေတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဒီစွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံက အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရပ်ခံကာကွယ်သူတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေနဲ့ ဆက်စပ်နေနိုင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ မတူညီသော ရာဇဝတ်မှုတွေကို ရည်ညွှန်းနေတာပါ” လို့ ICJ Norway ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Terje Einarsen ကပြောပါတယ်။
တယ်လီနော ASA အနေနဲ့ ၂၀၁၈ ကနေ ၂၀၂၂ အတွင်း နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပြဌာန်းချက် (‘Myanmarforskriften’) အရ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ချိုးဖောက်ခဲ့တဲ့ အကြောင်းအရာတွေကို JFM နဲ့ ICJ Norway တို့က ၂၀၂၄ ဒီဇင်ဘာမှာ နော်ဝေရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာပါ။
ဒါပေမဲ့လည်း အဲဒီ့တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးတာ မပြုလုပ်ဘဲ ပယ်ချခံခဲ့ရတာကြောင့် JFM နဲ့ ICJ Norwayက ၂၀၂၅ အောက်တိုဘာမှာ အထက်အဆင့် တရားစွဲဆိုရေးအာဏာပိုင်အဖွဲ့ကို ထပ်မံတိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီ့တိုင်ကြားချက်မှာတော့ တယ်လီနောအနေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ စစ်တပ်ဆီကို အရေးကြီးတဲ့ထိရှလွယ်တဲ့ အချက်အလက် တွေကို မျှဝေပေးခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီခဲ့တယ်ဆိုတဲ့ စွဲချက်ကို အကျုံးဝင်စေဖို့ တိုင်ကြားချက်ကို တိုးချဲ့တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
"တယ်လီနောရဲ့ တာဝန်ရှိမှုကို ရှင်းလင်းဖော်ထုတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အထောက်အထားတွေအပေါ် မူတည်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တာဝန်ရှိမှုတွေကိုလည်း ဖော်ထုတ်ဖို့ လိုအပ်ပါတယ်" လို့ ICJ Norway ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Terje Einarsen က တိုက်တွန်းထားပါတယ်။

👍33👏9❤6🖕3🥴2🥰1🤣1
ဖဲဝိုင်းကပြန်လာတဲ့ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊ တပ်သားနဲ့ တန်းစီး ပစ်ခတ်ခံရပြီး သေဆုံး
စက်တင်ဘာ-၁၆၊၂၀၂၆။မိုမို/People's Spring
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် - သာဂရလမ်းပိုင်းမှာ ဘဝသစ်အကျဥ်းထောင်က ထောင်အရာရှိ၊တပ်သားနဲ့ တန်းစီးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။
ဘဝသစ်အကျဥ်းထောင် လက်ထောက်ကြီးကြပ်ရေးထွန်းထွန်းလင်း ၊ တပ်သား ၁ဦးနဲ့ ထောင်တန်းစီး လိုက်ပါစီးနင်းလာတဲ့ကားကို လမ်းပိုင်းမှာ စစ်ဆေးချိန် မောင်းနှင်ထွက်ပြေးတာကြောင့် ဩဂုတ် ၂၈ ရက်က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း MA 12 ၁ လက် ၊ MA 11 ၁ လက် နဲ့ ကျည့်တချို့ ၊၀န်ထမ်းကဒ်၊ဖဲထုတ် နဲ့အရက်ပုလင်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
"ဖဲဝိုင်းမှ ပြန်လာသည်ဟု သိရ"လို့ ပစ်ခတ်ခံရတဲ့ထောင်၀န်ထမ်းတွေနဲ့ တန်းစီးတွေအကြောင်းကို သရက်ခရိုင်တပ်ရင်း(၅) တာ၀န်ရှိသူက ပြောပါတယ်။
၂၀၂၆ မေလကလည်း ကေတီဗီ(KTV)က ပြန်လာတဲ့ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးတို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။
ဘ၀သစ်ထောင်ဟာ ကိုးပင်-သာစည် စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှုအတတ်သင်စခန်း (ယခင်အခေါ် ရဲဘက်စခန်း) ဖြစ်ပြီး ကိုးပင်-သာဂရလမ်းပိုင်းအနီးမှာရှိတာ ဖြစ်ပါတယ်။

👏31❤24🔥3🥰2🖕2👍1🤬1🤣1
ဝါရီဆူးပလိုင်ရွာတိုက်ပွဲ KNA ရဲဘော် ၂ဦး ကျဆုံး
စက်တင်ဘာ -၁၆၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်း-ကရင်နီပြည်ဒေသအစပ်က ဝါရီဆူးပလိုင်ရွာ တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဝါရီဆူးပလိုင်ရွာ အနီး၀န်းကျင်မှာရှိတဲ့ KNAရဲ့ ကာကင်းစခန်းကို ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်က တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ဦးဟာ အမှတ် (၂၁၀၈)တပ်ရင်းက ရဲဘော်ခွန်းလုကာပန်း နဲ့ရဲဘော် ခွန်းမာနွေးလယ်တို့ ဖြစ်တယ်လို့ အသိပေးပါတယ်။
"အကြမ်းဖက်စစ်ကောင်စီကန ဒီကနေ့ လူထုရဲ့ ရပ်ရွာတွေ ပျက်စီးအောင်ရော နောက် တော်လှန်ရေး အင်အားစုတွေကိုရော ချေမှုန်းဖို့အတွက် သူတို့က လက်နက်ကြီး၊ လေယာဉ်ကို အလွန်အကျွံ အသုံးပြုတာရှိတယ်။ အဲ လက်နက်ကြီး၊ လေယာဉ် အလွန်အကျွံအသုံးပြုပြီးတော့မှ ချီတက်နေတာ ဖြစ်တော့ လူထု ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ကလည်း လူထုကို အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေနဲ့ ကာကင်းတွေဆောင်ရွက်နေရတာဖြစ်တယ်"လို့ KNA တာ၀န်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်ကစပြီး ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့ကနေ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦး ကို ပြောထားပါတယ်။
မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

😢30❤8👎2💩2👏1🙏1🤣1
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင် မြင်းခြံထောင်မှာ ကွယ်လွန်
စက်တင်ဘာ-၁၆၊၂၀၂၆။ကတ်သရင်း/People's Spring
မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
ဦးဒိန်းဒေါင်ဟာ ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၁၉၈၉မှာ စစ်တပ် ဖမ်းဆီးမှုခံခဲ့ရပြိး ၁၉၉၆မှာ ပြန်လည်လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။
ကျောင်းသားအရေးလှုပ်ရှားမှုတွေမှာ အမြဲတမ်းဝန်းရံအားပေးခဲ့သူဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ မန္တလေးမြို့က လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဦးဒိန်းဒေါင်ကို စစ်တပ်က စွပ်စွဲဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၁ ဂ ၊၅၀၅တို့နဲ့ ထောင်ဒဏ် ၁၃နှစ် ချမှတ်ထားတာလို့ သိရပါတယ်။
"နှလုံး ရောဂါနဲ့ပါ။ဆုံးမှာ သိနေတယ်ဗျာ။သူလည်း သိတယ်။ဆေးပို့ထားတာ သုံးရက်ပဲရှိ သေးတယ်"လို့ လူငယ်ကျောင်းသားခေါင်းဆောင် နိုင်ကျဉ်းတစ်ဦးက ပြောပါတယ်။
ဦးဒိန်းဒေါင်ဟာ မန္တလေးမြို့ ၊အမရပူရမြို့သားဖြစ်ပြီး အထက်ဗမာပြည်နိုင်ငံရေးအကျဉ်းသား ဟောင်းများအသင်းရဲ့ အမှုဆောင်တစ်ဦးဖြစ်ပါတယ်။
မြင်းခြံအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်မှုမှာ အိုးဘိုထောင်နည်းတူ နာမည်ဆိုးနဲ့ ကျော်ကြားပြီး ပြီးခဲ့တဲ့ ဩဂုတ်မှာ နိုင်ကျဥ်းတွေကို နေ့လည်စာ ထမင်းတစ်နပ်ပဲ ကျွေးတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

😢34👎2🤮2❤1👏1
ရှမ်းတပ် RCSS နဲ့ စစ်တပ်စီ ထပ်မံ တွေ့ဆုံဆွေးနွေး
▪️ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့
စက်တင်ဘာ-၁၆၊၂၀၂၆။ ရွက်ဝါ/People’s Spring
ရှမ်းတပ် RCSSနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ စက်တင်ဘာ ၁၅ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။
အရင်ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကိုသွားရောက်ပြီး စက်တင်ဘာ ၁၅ရက်မှာ စစ်အုပ်စုနဲ့ ဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့တာပါ။
ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှု ပိုမြှင့်တင်နိုင်ခဲ့ကြောင်း RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ RCSSက ထုတ်ပြန်ထားပါတယ်။
“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆက်သွယ်ဆက်ဆံခြင်းလုပ်ငန်းများ၊ ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းများ၊၊ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းနှင့် အခြားကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးပြီး နားလည်မှုတွေ ရရှိခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် သက်ဆိုင်ရာ Stakeholders များအားလုံးနဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆန္ဒသဘောရှိကြောင်း ဆွေးနွေးခဲ့တယ်လို့ RCSSက ထုတ်ပြန်ထားပါတယ်။
RCSS ဟာ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်မှာ စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေ ကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့ပါတယ်။ ဩဂုတ်လအတွင်းမှာ PNLA တပ်က အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ မိသားစုဝင်တွေ စုစုပေါင်း ၇၈ဦးဟာ RCSSထံ ပူးပေါင်းလာကြောင်း RCSSက ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီသူတွေကို စစ်တပ်ထံ လွှဲပေးခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၄ရက်က PNLA တပ်မှ ဗိုလ်မှူးကာမို့နဲ့ အဖွဲ့ဟာ စစ်တပ်ထံ လက်နက်ချရန် လက်နက်တွေနဲ့အတူ ထွက်ခွာလာစဉ် RCSS တပ်မဟာ(၇၅၉) တပ်က ထိန်းသိမ်းခဲ့တာလို့ ပအိုဝ်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ PNLO/PNLA တပ်ဖွဲ့ဝင် မိသားစုဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ပြန်လက်ခံနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေစဉ်မှာပဲ RCSS က ဩဂုတ် ၂၇ရက်မှာ ရှမ်းဘာသာနဲ့ သတင်းထုတ်ပြန်ခဲ့ရာ PNLA တပ်ဖွဲ့ဝင်များ မိသားစုဝင်များ စုစုပေါင်း ၇၈ဦး RCSSထံ အလင်းဝင်လာလို့ တစ်ဦးကို ကျပ် ၅သိန်း ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PNLA တပ်ဖွဲ့ဝင်တွေကို ပြန်လွှဲပေးဖို့ RCSSထံ စာပို့ခဲ့ပေမဲ့ ဩဂုတ် လကုန်ပိုင်းမှာ RCSSက စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
PNLO/PNLAတပ်ဖွဲ့ဝင်တွေကို RCSSက စစ်အုပ်စုထံ လွှဲပေးခဲ့တဲ့ လုပ်ရပ်ဟာ မလုပ်သင့်တဲ့ အလုပ်ဖြစ်တယ်လို့ PNLO/PNLA ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ လက်ရှိ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
“ ကျနော်နဲ့ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်(RCSS ဥက္ကဋ္ဌ)နဲ့ ၂၀၁၇ တုန်းက ကျနော်တို့ သဘောတူညီချက်လက်မှတ် ထိုးထားတာရှိတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် ကျနော်တို့ PNLOနဲ့ RCSS ကြားမှာ ပြဿနာတွေရှိလာရင် ညှိနှိုင်းဖြေရှင်းမယ်ဆိုတဲ့ဟာ။ အခုက PNLO တပ်ဖွဲ့ဝင်တွေက သူတို့ အထက်က တာဝန်ပေးထားတဲ့သူက လက်နက်သွားချတဲ့အချိန်မှာ သူတို့က ဘာကြောင့်ရယ်မသိဘူး အောက်ကလူဆိုတာက ဘယ်လာ ဘယ်လာဆို လိုက်လာတဲ့အချိန်မှာ RCSS ရဲ့ တပ်မဟာမှူးက PNLOက လူတွေ ရန်သူဆီမှာ လက်နက်သွားချမှာကို စိုးလို့ ထိန်းထားလိုက်တယ်။ ကျနော်တို့ဆီလည်း အကြောင်းကြားတယ်။ အကြောင်းကြားတော့ ကျနော်တို့ဆီက RCSS အနေနဲ့ ဆက်ထိန်းထားပေးပါ။ ကျနော်တို့ လာရောက်ခေါ်ယူပါမယ်ပေါ့။ အဲဒီလို လာရောက်ခေါ်ယူဖို့ ညှိနှိုင်းနေစဉ်မှာ RCSSက စစ်ကောင်စီရယ် စစ်ကောင်စီ လက်အောက်ခံ PNO ရယ် ဆီကို အဲဒီလူတွေလွှဲပြောင်းပေးအပ်လိုက်တယ်။” လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
RCSS ရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ကြားမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့လည်း PNFC ဥက္ကဋ္ဌက ပြောကြားပါတယ်။
RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဦးဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပေမဲ့ နောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ကာ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားမှု မရှိခဲ့ပါဘူး။

🤬30🤮8❤6👎6😁2🔥1👏1🎉1
■ဆောင်းပါး
ဝေဟင်မှ ကြေးစားလူသတ်သမားများ
●PDF တွေရဲ့ဒရုန်းလေတပ်ကိုထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အ
တွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမလား။
နေ့သစ်/People's Spring
လေယာဉ်နဲ့ ဗုံးကြဲပြီးတခေါက်ဆင်းရင် စာအိတ်ညို တအိတ်ဟာ စားပွဲ ပေါ်မှာ စောင့်ကြို နေပါတယ်။ပြည်သူ့တွေအသက်သတ် ပေးတဲ့ လေသူရဲကောင်းတ ယောက်အတွက်ဂုဏ်ပြုငွေပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က လေတပ်စခန်း ၁၁ ခုရှိပြီး အခုနောက်ပိုင်းထပ်
မံတိုးချဲ့ထားတာ တွေနဲ့ဆိုရင် ၁၅ခုနဲ့အထက်ရှိပါတယ်။
အများဆုံးအသုံးပြုပြီးပြည်သူတွေကိုအဓိက သတ်ဖြတ်နေတဲ့လေတပ်စခန်း တွေကတော့ တံတားဦး လေတပ်စခန်း၊နေပြည်တော်(အေလာ လေတပ်)၊မိတ္ထီလာရှမ်းတဲလေတပ်၊မကွေးလေတပ်စခန်းတို့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကအရာရှိတွေဟာ တခြားတပ် တွေထက်ပိုပြီးအခွင့် အရေးရပါတယ်။အရာရှိဆိုတာDSAကျောင်း
ဆင်း တပွင့်ကနေအထက်စပြီး ခေါ်တာပါ။
အခြေခံလစာအပြင်လေယာဥ်မောင်းတဦးအတွက် အပိုကြေးလစဥ် ၅၀,၀၀၀ ကျပ်ရှိပါတယ်။ဒါ့အပြင် ထမင်း၊ဟင်းဟာ တခြားတပ် တွေနဲ့မတူဘဲ ကောင်း ကောင်းမွန်မွန် ကျွေးသလို ကော်ဖီ၊အအေးနဲ့ ဘီစကွက်မုန့် အလျှံအပယ်ခံစားခွင့်ရှိပါတယ်။
အနားယူခွင့်ကလည်း ကြည်းတပ်၊ရေတပ်
တွေထက်ပိုရသလို ၊ လုံခြုံရေးမစိုးရိမ်ရတဲ့အခြေအနေမှာဆိုရင် တရက်ခြားအပြင်ထွက်ခွင့်ပိုရတဲ့တပ်ဖြစ်တယ်လို့စစ်သားအချို့ကပြောပါတယ်။
စစ်တပ်ရဲ့ လေတပ် အုပ်မှူးတဦးဟာ တလကို ကျပ်သိန်း ထောင်ချီပြီးဝင် ငွေရပါတယ်။လေတပ်မှာလေသူရဲ (ခေါ်)လေယာဉ်မောင်း
(ဗိုလ်ကြီး)တွေကို အဖွဲ့တွေခွဲထားပါတယ်။
ဒီအဖွဲ့ တွေဟာကိုယ့်လေယာဥ်မောင်းဗုံးကြဲရမယ့်နေ့တွေမှာ လေယာဉ်ပေါ်တက်ဖို့ အသင့်အနေအထား စောင့်နေရတာပါ။ဗုံးကြဲဖို့အမိန့်ကျလာရင် အလှည့်ကျဂျူတီထွက်ရပြီး အခုနောက်ပိုင်းဆိုရင် တကြိမ်ကို ၂စီး၊၃စီး လေ
တပ်စခန်းတခုတည်းက ထွက်သလို မိတ္ထီလာ၊တံတားဦး၊နေပြည်တော် အေလာလေတပ်စခန်းတွေကနေ ချိတ်ဆက်ပြီး တပြိုင်တည်း ဗုံးကြဲစစ်ဆင် ရေးပြုလုပ်တာ တွေလည်းရှိတယ်လို့စုံစမ်းသိရပါတယ်။
သူတို့ရဲ့ဝင်ငွေဟာ လေယာဉ်ဆီ ရောင်းချမှု ခွဲတမ်းကနေရသလိုလေယာဉ်တက်တဲ့အ
ခေါက် အရေအတွက်အတိုင်းလည်းရပါတယ်။တပတ်ကို အရာရှိငယ်တဦးဟာ ငွေကျပ် ၄သိန်းကနေ ၆သိန်းကျပ်အထိရလေ့ရှိပြီး အပတ်စဉ် ကြီးတဲ့ဗိုလ်ကြီး တွေဟာကျပ် ၇သိန်းကနေ ၁၀သိန်း ကျော်အထိရတယ်လို့ စုံစမ်းသိရပါတယ်။
ဒါဟာ လေယာဉ်ထွက်ဗုံးကြဲရတာနည်းတဲ့
မကွေး လေတပ်စခန်းကစာရင်းဖြစ်ပြီး ဗုံးပိုကြဲရတဲ့ တံတားဦး လေတပ်စခန်းက အရာရှိတွေရဲ့ ဝင်ငွေ ဟာဒီထက်ပိုများနိုင်ပါတယ်။
"လူအ သေပျောက်များတဲ့အခါဆိုရင် ပစ်မှတ်ထိတယ်ဆိုပြီးအပိုဆုကြေးတွေလည်းရတယ်။ချီးကျူးဂုဏ်ပြုဆိုလည်းလေတပ်က ကောင်တွေကပိုရလွယ်တယ်။စစ်သာမတိုက်တက်တာ လေပေါ်ကဗုံးကြဲရုံကို ရာထူးတက်ကြရင်လည်း ဒီကောင် တွေကပိုမြန်တယ်"လို့ ကြည်းတပ်အရာရှိတဦးက ပြောပြပါတယ်။
စစ်အုပ်စုအတွင်းချီးကျူးဂုဏ်ပြုတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်လက်မှတ်နဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပြီး ဒီမှတ်တမ်းရထားသူ တွေဟာ ရာထူးတပ်ဖို့ပိုမြန်ပါတယ်။ဒီဝင်ငွေနဲ့ခံစားခွင့် တွေကြောင့် လေတပ်အရာရှိအများစုဟာ ပြည်သူ တွေကို ဗုံးကြဲသတ်ဖို့ လက်မရွံလူသတ်သမားအလုပ်ကို တက်တက်ကြွကြွလုပ်နေကြတာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတစ်
ဝန်းလူမျိုး ၊ဘာသာ ၊ဒေသ မခွဲခြားဘဲပြည်သူ တွေကိုပစ်မှတ်ထားလေကြောင်းတိုက်
ခိုက်မှု တွေကို စစ်တပ်က ဆက်တိုက်လုပ်ခဲ့၊ လုပ်နေဆဲဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ဇွန်လကုန်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၂ ၈၉၆ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူပေါင်း ၅၈၄၆ ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ
(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကပြီးခဲ့တဲ့ ဇူလိုင်လမှာထုတ်ပြန်ထားပါတယ် ။ကုလ
သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)ကလည်း ၂၀၂၅ တစ်နှစ်တည်းမှာပဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပြည်သူအနည်းဆုံး ၉၈၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်ပါဝင်မှုဟာ ၅၀ရာခိုင်နှုန်း ကျော်ရှိတယ်လို့ သိရပါတယ်။
ရက်စက်မှုမှာထင်ရှားဖြစ်ခဲ့တဲ့ ၂၀၂၂ခုနှစ်၊စက်တင်ဘာလ၁၆ ရက် နေ့ကဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းရွာစာသင် ကျောင်း ဗုံးကြဲခံရမှု၊၂၀၂၃ခုနှစ်၊ဧပြီလ၁၁ရက်နေ့က
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု၊၂၀၂၆ သြဂုတ်လ၂၁ ရက်မြောင်မြို့နယ်၊ဆွဲလွဲအိုရွာက တရားစခန်းဗုံးကြဲခံရမှု တွေဖြစ်ပါတယ်။
ဒီလိုစစ်ရာဇဝတ်ကျူးလွန်မှုမှာ ပူးပေါင်းပါ
ဝင်သူအများအပြားရှိပါတယ်။လေတပ်အ
ရာရှိကြီး တွေကစလို့ လေတပ်စခန်းရဲ့ စခန်းမှူး၊အုပ်မှူးကနေ ပိုင်းလော့(လေသူရဲ)ဗိုလ်
ကြီးတွေအထိပါ။
ရုပ်ရှင်တွေထဲကကြေးစားလူသတ်သမား တွေဟာ ပစ်မှတ်တခုကိုပဲ လိုက်လံရှင်းလင်းခဲ့ပေမယ့် လေတပ်က စစ်ဗိုလ် တွေကတော့သံဃာနဲ့ကလေးငယ်၊ကျောင်းသား၊သက်ကြီး
ရွယ်အို၊ကိုယ်ဝန်ဆောင်တွေပါမချန်အစု
လိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူး
လွန် နေကြတာပါ။
"သူပုန်အားပေးလို့ရှင်းလင်းတယ်"ဆိုတဲ့ဝါဒဖြန့် စကားကို အတွင်တွင်သုံးပြီး ကိုယ့်ဇာတိ မြေကို ဗုံးပြန်ကြဲခဲ့တဲ့ လေတပ်အရာရှိပေါင်းများစွာရှိနေဆဲဖြစ်ပါတယ်။

🤬20❤15👍7🤮2🤣2👎1🖕1