People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တပ်စစ်​ကြောင်းထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-​ပေးပို့
👏4316👍16😁4👎3🥰3🤣1🖕1
ဖာပွန်ခရိုင်တိုက်ပွဲ စစ်တပ်ထံမှ လက်နက် ၃လက် သိမ်းရ၊ တပ်သား ၁ဦး လက်နက်ကြီးငယ်၊ ၂လက်နဲ့ အလင်းဝင်

စက်တင်ဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNUက တိုက်ပွဲသတင်းကို ကရင်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြအသိပေးထားပါတယ်။ အဲဒီ ထုတ်ပြန် ချက်ကို ကရင်သတင်းရင်းမြစ်တစ်ဦးက ဗမာလိုဘာသာပြန် ရှင်းပြထားပါတယ်။

KNU တပ်မဟာ(၅)ဟာ ဖာပွန်ခရိုင် ကတိုင်တိနဲ့ ကမမောင်းကြားက စစ်တပ်ကို စက်တင်ဘာ ၁၄ရက်မှာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ KNLA တပ်ရင်း(၁၀၂)နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ထံက MA1 ၃လက် သိမ်းရခဲ့ကြောင်း အသိပေးထားပြီး ထိခိုက်ကျဆုံး အခြေအနေတွေတော့ ဖော်ပြမထားပါဘူး။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးလက်နက်တွေ ယူလာပြီး အလင်းဝင်ခဲ့တာကိုလည်း KNU တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၃ရက်မှာ စစ်တပ်ရဲ့ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ(၃၅၇) တပ်က တပ်သား ၁ဦးဟာ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်မှာ KNLA တပ်ရင်း(၁၀၂)ထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားက MA-1 (၁)လက် နဲ့ BA-100 (၁)လက်၊ လက်နက်ကြီးကျည်အချို့နဲ့ လက်နက်ငယ်ကျည်တွေ ယူဆောင်လာကြောင်းလည်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

KNU တပ်မဟာ(၅)ဟာ အာဏာသိမ်းပြီးနောက် နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ စစ်တပ်ဘက်ကလည်း ဖာပွန်ခရိုင်အတွင်း ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်အင်အားဖြည့်ထိုးစစ်ဆင်နေလို့ KNLA တပ်မဟာ(၅) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဆက်ရှိနေပါတယ်။
👍329👏7🥰2👎1🤣1🖕1
(အလင်းဝင်လာတဲ့ စစ်သားနဲ့ ယူလာတဲ့ လက်နက်တွေ။ ဓာတ်ပုံ - KNU)
👍45👏84👎2🥰2🤣2🫡2🖕1
စစ်သင်္ဘောလုံခြုံရေးလုပ်​နေတဲ့ Y-12လေ
ယာဉ်ပစ်ခတ်ခံရပြီးထိမှန်ဟုကနဦးသတင်းရ

■ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

စက်တင်ဘာ-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြား စစ်
သင်္ဘောလုံခြုံရေးအတွက်ဗုံးလိုက်ကြဲ​​နေ တဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို ကချင်လွတ်
လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ကပစ်ခတ်ခဲ့ရာ ထိမှန် မီးခိုးအူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၁၆ရက်မနက်မှာ စစ်သင်္ဘောတွေဟာ ဗန်းမော်ဘက်ကနေ ရွှေကူမြို့ဘက်ကို စုန်းဆင်းလာတာရှိသလို ရွှေကူကနေလည်း ဗန်းမော်မြို့ဘက်ကို ဆန်တက်တာရှိကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာရှိသလို စစ်တပ်ရဲ့သင်္ဘောလမ်းကြောင်းလုံခြုံရေးအတွက် လာတဲ့ လေယာဉ်ကိုလည်း တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းရရှိခဲ့တာပါ။

“ဒီမနက် Y12 ၁စီးကတော့ ထိသွားတာ ထိသွားပြီး စောင်းသွားတယ်။ မီးခိုးတလူလူနဲ့။ ရွာသားတွေမြင်တာကတော့ ကျသွားပြီလို့ ပြောတယ်။ တောင်ပေါ်ဘက်မှာ။ ရွာမရှိဘူး အဲဒီ တောင်ပေါ်ဘက် အဝေးကြီး အဲဒါ သွားစစ်ဆေးနေတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်အနေနဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ကို လာကတည်းက သင်္ဘောတွေကို တိုက်ခိုက်ခဲ့သလို သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ လေယာဉ်တွေကို စက်
သေနတ်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိခဲပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း စစ်တပ်လေယာဉ်ကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့တဲ့ ရုပ်သံတွေထွက်ပေါ်ခဲ့ဖူးပေမဲ့ ထိခိုက် ထိမှန်တဲ့ သတင်းတွေမကြားရဘဲစက်တင်ဘာ ၁၆ရက်မှာတော့ လေယာဥ် ၁စီးကို ထိမှန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က သယ်ယူပို့​ဆောင်​ရေး​လေယာဥ်အဖြစ်အများဆုံးအသုံး
ပြုတဲ့ တရုတ်နိုင်ငံထုတ် Y-12 ​လေ​ယာဥ်ကို အာဏာသိမ်းပြီး​နောက်မှာ ပြန်လည်ပြုပြင်ပြီး ဗုံးကြဲ​လေယာဥ်အဖြစ်အဓိကအသုံးပြု​နေတာဖြစ်ပါတယ်။ ​ကောင်ကင်အမြင့်မှာပဲပျံသန်း​ဗုံးကြဲလေ့ရှိတာ​ကြောင့်​တော်လှန်​ရေးတပ်​တွေကပစ်ချဖို့ခက်ခဲခဲ့ပါတယ်။ဒါ​ကြောင့် KIA ကပစ်ချနိုင်ခဲ့ရင် အာဏာသိမ်းပြီး​နောက်ပိုင်း Y-12 ​လေယာဥ်ကိုပထမဆုံးပစ်ချနိုင်တာဖြစ်လာမှာဖြစ်ပါတယ် ။

စက်တင်ဘာ ၁၆ ရက်စစ်သင်္ဘောတွေ တိုက်
ခိုက်ခံရမှု၊ လေယာဉ် ထိမှန်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ နဲ့ လေယာဉ်​တွေကို​တော်လှန်​ရေးတပ်​တွေက ပစ်ခတ်ဖျက်ဆီးတာမှာ KIA ကအစီး​ရေးအများဆုံးပစ်ချထားတာ ဖြစ်ပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းက ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲမှာ စစ်တပ် တိုက်လေယာဉ် ၁စီးကို KIAက ပစ်ချခဲ့ဖူးပါတယ်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA ပူး​ပေါင်းတပ်ပစ်ခတ်ဖျက်ဆီးနိူင်ခဲ့တဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး ၆ စီးရှိပြီဖြစ်ပါတယ်။
62👍12👏7🤣4🥰2🖕1
စစ်တပ်ရဲ့ Y-12 ​လေယာဥ်တစ်စီး။
ဓါတ်ပုံ-စစ်​ကောင်စီ
👍58👎5🔥5👏32🥰1🖕1
စစ်မှုထမ်းအတွက်လူဝယ်တာမှာ ​ရန်ကုန်က​ဘောလုံးသမားကိုဝယ်မိတဲ့​အောင်ပန်းကဗိုလ်ကြီး ဖမ်းဆီးခံရ

■သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်း
မြစ်အချို့​ပြော

စက်တင်ဘာ-၁၆၊၂၀၂၆။နေ့သစ်/People's Spring

ရန်ကုန်မြို့က ဘောလုံးသမား ၁ဦးကိုစစ်မှု
ထမ်းအစားထိုးဖို့ ကျပ်သိန်း ၇၀ နဲ့ ဝယ်ယူခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုတင်(၇၀၀)စစ်ဆေးရုံကဆရာဝန် ဗိုလ်ကြီးကို စစ်တပ်ကဖမ်းဆီးထားတယ်လို့ လူထုနွေ
ဦးက စုံစမ်းသိရပါတယ်။

ဖမ်းဆီးခံထားရတဲ့အောင်ပန်းမြို့ကုတင်
(၇၀၀)စစ်ဆေးရုံက ‌ဆရာဝန်ဗိုလ်ကြီးဖြစ်ပြီး စစ်မှုထမ်းဖို့ လိုအပ်တဲ့ အရေအတွက်ကို လစဉ် ရန်ကုန်မြို့ကို သွားရောက်​ဝယ်​လေ့ရှိသူ ဖြစ်တယ်လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"ရန်ကုန်ကနေ ဘောလုံးသမားဝယ်လာမိလို့ သူ့ကို ဖမ်းထားတယ်။သူကလစဉ်အဲလိုပဲ
ရန်ကုန်ကိုသွား သွားဝယ်နေတာ"လို့ ၎င်းက ပြောပါတယ်။

ကုတင်(၇၀၀)စစ်ဆေးရုံက ‌ဗိုလ်ကြီးဖမ်းဆီးခံရတဲ့ ရက်ပိုင်းဟာ ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ပျောက်
ဆုံးမှုဖြစ်ပြီး​နောက်ပိုင်းနဲ့ တိုက်ဆိုင်နေပါတယ်။ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ရန်ကုန်မြို့ကနေ စစ်မှုထမ်းဖို့ ရောင်းစားခံရသူဟာဘောလုံးသမားတစ်ဦးလို့သာ အတည်
ပြုပြီး ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား Pa Lung ဟုတ်၊မဟုတ် အတည်မပြုပေမယ့်ဖြစ်နိုင်တယ်လို့မှတ်ချက်ပြုပါတယ်။

ဒါ့​အပြင်အောင်ပန်းမြို့ခံအခြားသတင်းရင်း
မြစ်တဦးက အဆိုပါ ဗိုလ်ကြီးဝယ်မိတဲ့သူဟာ Pa Lung ဖြစ်တယ်လို့ ​ပြောပါတယ်။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းကရန်ကုန်မြို့မှာဖူဆယ်ပွဲကြည့်ပြီး အပြန်
ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်
ပိုင်းအဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှ စတင်ကာဩဂုတ်၂၇ ရက်အထိ(၅)ရက်တိုင်အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူး
ပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာသြဂုတ်၂၉ရက်မှာပြန်လည်
တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်
အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဆိုပါတယ်။ ဒါ​ပေမယ့်ပြည်သူတွေက မယုံ
ကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကို
လမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြပါတယ်။People's Spring ရဲ့သတင်းရင်းမြစ်တဦးကလည်း Pa Lung ကိုလူတစ်စုကဖမ်း​ခေါ်သွားတာဖြစ်ပြီး သူ့ကို ရန်ကုန်-မန္တ​လေး အမြန်လမ်းတစ်​နေရာကို ​ငွေ​ပေးပြီးပြန်သွား​ခေါ်ခဲ့ရတာဖြစ်တယ်လို့ ​ပြောပါတယ် ။

စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစား
သမား ၂ဦးလည်း ပျောက်ဆုံးနေကြောင်း အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်တပ်လက်
အောက်ခံ ပျူစောထီးအဖွဲ့တွေနဲ့ နယ်မြေလူမိုက်အဖွဲ့တွေက လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး စစ်မှုထမ်းဖို့အရေအတွက်လိုအပ်တဲ့ မြို့နယ်၊ ရပ်ကွက်တွေကို ပြန်ရောင်းစားတဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ဆက်
တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က​ ပေါ်တာဆွဲတာကို ပျူ​စောထီး​တွေ၊လူမိုက်​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊ရဲနဲ့စစ်သား​တွေက အဓိက လုပ်​နေကြတာဖြစ်ပါတယ်။​ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစု​ဆောင်းရသူ​​တွေကို ပြန်လည်​ရောင်းချတဲ့​ဈေးကွက်လည်းရှိ​နေပြီး ကျပ်သိန်းဆယ်ဂဏန်းက​နေ၊သိန်းရာနဲ့ချီပြီးအထိ ရှိ​နေတယ်လို့စုံစမ်းသိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လက စစ်
မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး အခု စက်တင်ဘာမှာပြုလုပ်မယ့်စစ်မှုထမ်းအပါတ်
စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်
သားသစ်​တွေကိုသာအဓိကအသုံးပြု​​နေပြီး​သေဆုံဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ​တွေလည်းများ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာ​တွေ စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ ပိုမိုပြုလုပ်​နေပါတယ် ။ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်သတိပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ပြည်သူ​တွေကို တိုက်တွန်းထားပါတယ်။
😁339🖕3🔥2👎1👏1
#စစ်မှုထမ်းအတွက်လူဝယ်
#အောင်ပန်းကုတင်၇၀၀ဆေးရုံ
#ဆရာဝန်ဗိုလ်ကြီး #ချင်းလန်းအက်ဖ်စီ
#palung
🖕14🔥3🤬3😁21
ရန်ကုန်မြို့က မီးရထားဝန်ထမ်းအိမ်ရာတခုအတွင်းCDMလှုပ်ရှားမှုမှာပါဝင်သူတွေကို စီးနင်းနေရှာဖွေနေတဲ့ စစ်သားတချို့ကို ၂၀၂၁ မတ်လ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-EPA
🖕33🤣5👎31
ဗန်းမော်ကစုန်ဆင်းတဲ့ စစ်သင်္ဘော ၇စီးနဲ့ ရွှေကူကဆန်တက်တဲ့ စစ်သင်္ဘော ၃စီးကို KIA ပူးပေါင်းတပ် ထပ်မံ တိုက်ခိုက်
■စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား
စက်တင်ဘာ ၁၆ရက်၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်တဲ့ စစ်တပ်ရဲ့ သင်္ဘော ၃စီးနဲ့ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ် သင်္ဘော ၇စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာ တိုက်ခိုက်ခဲ့ရာ သင်္ဘောအများစု ထိခိုက်ပျက်စီးပြီး ရေမြုပ်သွားတဲ့ သင်္ဘောတွေလည်းရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာအတွင်းမှာ ရွှေကူ-ဗန်းမော်အကြားမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၁၈စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ ဆက်လက်ကြိုးပမ်းတာ၊ ဗန်းမော်မြို့က သင်္ဘောတွေ အောက်ဘက်ကို ဆက်လက်စုံဆင်းခဲ့လို့ KIA ပူးပေါင်းတပ်က လမ်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
“ဒီမနက်က ဗန်းမော်က ဆင်းလာတဲ့ သင်္ဘောတွေ မနေ့ကတည်းက ကျနော်တို့ ပစ်တာ ဒီမနက်က ဗန်းမော်အောက် စာ၀တီးနဲ့ မြလယ်-စင်းခန်း အဲဒီကြားမှာ သင်္ဘော ၇စီးလုံး တဝက်မြုပ် တဝက်ပေါ် ဖြစ်နေပြီ။ တချို့ကဘေးစောင့်အနေးအထားနဲ့။ စင်းခန်းတံတားအောက်မှာ တစီးမြုပ်တယ် အထက်နားမှာ တစီးမြုပ်တယ်။ ရွှေကူကလည်း သင်္ဘော ၃စီးတက်လာတာ အဲဒါ ၁စီးကတော့ ဝဲမကြီးမှာ မြုပ်သွားပြီ။ နှစ်စီးကတော့ ရွှေကူဘက် ပြန်ခေါက်သွားပြီ။ ပြန်ခေါက်တဲ့ သင်္ဘောလည်း မီးခိုးတလူလူနဲ့ပျက်စီးသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့က ဆင်းလာတဲ့ သင်္ဘော ၇စီးဟာလည်း ရေမြုပ်သွားမယ်လို့ ယူဆကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
“တဝက်မြုပ်တဝက်ပေါ် ၇စီးကလည်း ပြန်မြုပ်မှာပါ။ ညနေပိုင်းဆိုမြုပ်မယ်ထင်တယ်။ ရေဝင်နေတယ်ဆို တော့ မရတော့ဘူးလေ အင်ဂျင်တွေ အကုန်လုံးမြုပ်ကုန်ပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းကစပြီး သင်္ဘောတွေ အသုတ်လိုက် ကချင်ပြည်နယ်ကို ဝင်ရောက်လာရာ ရွှေကူ-ဗန်းမော်ကြား မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ ရက်ပေါင်း ၂၀ကျော်အတွင်း စစ်တပ်သင်္ဘော ၂၅စီးထက်မနည်းကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့ရာ အများစုဟာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသ ဝန်းကျင်မှာ ရေနစ်မြုပ်တာ မီးလောင်တာတွေဖြစ်ပွားခဲ့ပါတယ်။ သင်္ဘောတွေကို တိုက်ခိုက်နိုင်မှု ရုပ်သံမှတ်တမ်းတွေကိုလည်း ကချင်သတင်းရင်းမြစ်တွေက တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး ဖော်ပြခဲ့တာတွေ ရှိခဲ့ပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စင်အင်အားဖြည့်ဖို့၊ ကချင်ဒေသ ဆုံးရှုံးနယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းသုံး ကြိုးပမ်းနေပေမဲ့ ရေကြောင်းတိုက်ပွဲနဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာလျက်ရှိပါတယ်။ ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၆ရက်မှာလည်း သင်္ဘောလုံခြုံရေးလိုက်ပါလာတဲ့ စစ်တပ် Y12 လေယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာထိမှန်ခဲ့ပြီး မီးခိုးအူသွားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဒေသခံတွေက လေယာဉ်ပျက်ကျသွားတယ်ဆိုတဲ့ သတင်းပို့မှုရှိလို့ ပျက်ကျတယ်လို့ ယူဆရတဲ့ နေရာကို လိုက်ရှာနေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ဗန်းမော်မြို့နယ် ကောင်ဂျာယာန်တိုက်ပွဲမှာ စစ်တပ် စစ်ကြောင်းတခုလုံး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးကာ ၃၀ ကျော်အရှင်ဖမ်းမိခဲ့သလို စင်းခန်း၊ ဇင်းဘုံ ဒေသ တိုက်ပွဲတွေမှာလည်း စစ်တပ်စစ်ကြောင်းပျက် အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လတ်တလော စစ်ရေး အခြေအနေတွေမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဒီမနက်ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
ဗိုလ်မှူးကြီးနော်ဘူအနေနဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ် စတင်ဝင်ရောက်လာချိန်ကတည်းက KIA ပူးပေါင်းတပ်အနေနဲ့ စစ်တပ်သင်္ဘောတွေကို လက်ဗလာနဲ့ ကြိုဆိုမှာမဟုတ်ဘဲ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အသိပေးထားသလို အမှန်တကယ်အထိနာအောင်လည်း တိုက်ခိုက်ထားနိုင်တာဖြစ်ပါတယ်။
(စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်နေစဉ်။ ရုပ်သံ - CJ)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #ဗန်းမော်စစ်သင်္ဘော #ရွှေကူစစ်ရေး #KIAပူးပေါင်းတပ် #စစ်သင်္ဘောတိုက်ခိုက်ခံရမှု
41👍10👏4👎2🥰2🖕2🔥1
Media is too big
VIEW IN TELEGRAM
49👏9👍3🥰2🤣2🖕2
ခန္တီးမှာ နာဂလက်နက်ကိုင်အဖွဲ့ ဖမ်းသွားတဲ့ အရပ်သား ၁၀၀ ကျော် ၂လနီးပါးကြာတဲ့အထိ ပြန်လွတ်မလာသေး၊ တချို့ ငွေရာနဲ့ချီ ရွေးယူရ

စက်တင်ဘာ-၁၆၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းသွားတဲ့ အရပ်သား ၁၀၀ ကျော်အနက် ‌အချို့မှာ ကျပ်သိန်းရာချီပေး အာမခံနဲ့ရွေးယူခဲ့ရကာ ကျန်သူတွေ ၂လနီးပါးကြာတဲ့အထိလွတ်မြောက်လာခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခန္တီးမြို့နယ် မှန်ပင်ကျေးရွာနဲ့ရွှေမြင့်မိုရ်ရွာက အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင်
အရပ်သား ၁၂၀ ခန့်ကို ဇူလိုင်၂၉ရက်မှာ ENNO အဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ဖမ်းဆီးသွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အမျိုးသမီးအချို့နဲ့ သက်ကြီးရွယ်အိုအချို့ပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ဖမ်းထားတာ ၁၀၀ ကျော်တယ်။ နည်းမျိုးစုံလိုက်ထုတ်တော့ တချို့ ပြန်ရတယ်။ တစ်ယောက်ကို သိန်း ၃၀၀ လောက်ပေးရတယ်။ ငွေမရှိလို့ အာမခံနဲ့ ပေးရတာတွေလည်း ရှိတယ်။ အခုဆိုရင် လုံးဝပြန်လွတ်မလာတဲ့သူတွေ အဆက်အသွယ်ပြတ်သွားပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ခန္တီးမြို့နယ်ကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပြင် ရှမ်းနီနဲ့ နာဂတိုင်းရင်းသားလူငယ်တွေ ပါဝင်ပါတယ်။ ENNO က ဖမ်းဆီးသွားတဲ့ အရပ်သားတွေကိုပြန်လွှတ်ပေးဖို့ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုဗဟိုနဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)တို့က ဇူလိုင် ၃၁ရက်နဲ့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ENNO ကတော့ ဖမ်းဆီးသွားတဲ့အရေအတွက်ကို မဖော်ပြဘဲ အမျိုးသားရေးအတွက်တပ်ဖွဲ့ဝင်စုဆောင်းတာဖြစ်ကြောင်းနဲ့ လွှတ်သင့်တဲ့သူတွေကိုလွတ်ပေးမယ်လို့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုဖမ်းဆီးမှုဟာ စစ်တပ်နဲ့ တိုင်ပင်ပြီးလုပ်ဆောင်ခဲ့ပုံရတယ်လို့လည်း ဒေသခံတွေက သံသယရှိနေကြပါတယ်။

ခန္တီးမြို့မှာ စစ်တပ်က ခလရ (၂၂၉)၊ ခလရ(၅၂)၊ ခလရ(၃၄၇)တပ်ရင်းအပြင် ဗျူဟာလည်း ရှိပါတယ်။မှန်ပြင်ကျေးရွာဟာ ခန္တီးမြို့ပေါ်နဲ့ ၅မိုင်ခန့်သာဝေးပြီး ခလရ(၂၂၉)တပ်ရင်းနဲ့လည်း အလှမ်းမဝေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"ENNOအဖွဲ့က စစ်တပ်နဲ့ အကျိုးစီးပွား ဆက်
စပ်နေတာ။ ဒါကြောင့် စစ်တပ်ကလည်း ရပ်ကြည့်နေတာပဲ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization -ENNO )ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

သီးခြားရပ်တည်နေတဲ့လက်နက်ကိုင်အဖွဲ့ ဖြစ်သလို စစ်တပ်ကိုတိုက်ခိုက်တဲ့တိုက်ပွဲတွေ ဖော်ဆောင်တာမတွေ့ရဘဲ လုပ်ငန်းရှင်တွေဆီကနေ အခွန်ငွေတောင်းယူနေတာနဲ့ လူငယ်တွေကိုဖမ်းဆီးနေတာတွေမကြာခဏပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ENNOဟာ ပြီးခဲ့တဲ့၂၀၂၃ တုန်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်
စိမ်းတူးဖော်ရေးလုပ်ငန်းခွင်ဝင်နေတဲ့ နာဂလူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းဖူးလို့ အပြင်းအထန်ဝေဖန်ခံခဲ့ရဖူးပါတယ်။တပ်သားသစ်စုဆောင်းတာဟာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာမဟုတ်ဘဲ အမျိုး
သားရေးအလုပ်ကို နာဂလူငယ်တွေ နားလည်လာဖို့ လမ်းပြတာလို့ ENNO တာဝန်ရှိသူက သတင်းမီဒီယာအချို့ကို ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ ENNO ဟာ စစ်အာဏာရှင်တော်လှန်ရေးရော၊ဒေသအရေးပါ ဆောင်ရွက်ခြင်းမရှိဘဲ ဆတ်ကြေးကောက်နေတဲ့အဖွဲ့သာဖြစ်တယ်လို့ပြောကြပါတယ်။ENNOကို မေးမြန်းဖို့ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ခန္တီးမြို့နယ်မှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီတပ်( SNA)အပြင် နာဂအမျိုးသားဆိုရှယ်
လစ်ကောင်စီ(NSCN) အဖွဲ့တွေလည်း လှုပ်
ရှားပါတယ်။ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး
ဌာန(MOD) အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နာဂပြည်သူ့ကာ
ကွယ်ရေးတပ်(NPDF)နဲ့ နဲ့ KPDF တို့လည်း အခြေစိုက်ထားပါတယ်။
#အရှေ့နာဂအမျိုးသားအဖွဲ့အစည်း
#ENNO #ခန္တီးမြို့ #peoplesspring
#ludunwayoo
🔥1810👎7🤬5💩1🤣1🖕1
အရှေ့နာဂအမျိုးသားအဖွဲ့အစည်း-ENNO
တပ်ဖွဲ့ဝင်အချို့။ဓါတ်ပုံ-ENDA
18🔥10💩3👎1🤬1🫡1
စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီး
မြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်က စစ်တပ်​ရွေး​ကောက်ပွဲက ​ပေါ်လာတဲ့လွှတ်​တော်အမတ် ဦးစိုင်းထွန်းလင်းက သူရဲ့မိခင်ပါတီဖြစ်တဲ့ ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုင်ပေါင်း ဧည့်ခံတဲ့ ကျပ်သိန်း ၁၅၀ တန်ကြေးရှိအရက်ကိုသောက်ခွင့်ရကြောင်း စက်တင်ဘာလ၆ရက်နေ့မှာ လူမှုကွန်ရက်ပေါ် တင်ပြီး ကြွားလုံးထုတ်ခဲ့တာပါ။ လူထု​နွေဦးက အာဏာသိမ်းစစ်အုပ်စုကလုပ်တဲ့​ရွေး​ကောက်ပွဲ ၊လွှတ်​တော်​တွေကို စစ်တပ်​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်​တော် ​တွေလို့ပဲ ​​ရေးသားလို့ သူ့ကိုလည်း စစ်တပ်အမတ်လို့ပဲ​ရေးပါတယ် ။

“ကျားဖြူပါတီဥက္ကဌကြီးက လွှတ်တော်မစခင်လွှတ်တော်ကိုယ်စားလှယ်ကိုသိန်း ၁၅၀ ကျပ်တန် ၁၃ မင်းဆက်မြောက်ပြင်သစ်ဘုရင်လူးဝစ်အမည်ရအရက် နဲ့ ဒီညမှာဧည့်ခံခဲ့ပါတယ်။ ကျားဖြူပါတီဥက္ကကြီးရဲ့ကျေးဇူးကြောင့်သိန်း၁၅၀ကျပ်တန်အရက်ကိုသောက်ဘူးခဲ့ပါပြီ”လို့ အရက်ပုလင်းပုံနဲ့ဓာတ်ပုံတွေနဲ့အတူ ရေးသားထားပါတယ်။

အခုလို အရက်တိုက်တဲ့အတွက်လည်း ကျားဖြူပါတီဥက္ကဌကြီးကိုအထူးကျေးဇူးတင်ရှိကြောင်း နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကျပ်သိန်းရာချီ တန်ကြေးရှိတဲ့အရက်ကိုသောက်နေကြောင်းကြွားလုံးထုတ်ခဲ့တဲ့ ဦးစိုင်းထွန်းလင်းနဲ့ အပေါင်းအပါတွေကို ဒေသခံတွေအပြင်လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။

အရှက်ကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ဝေဖန်နေကြသလို”သိန်း ၁၅၀ တန်အရက်သောက်ဖို့ကျားဖြူပါတီကို ဝင်ကြစို့”လို့လည်း လှောင်ပြောင်ကြသူ​တွေလည်းရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့ခံလူငယ်တစ်ဦးကတော့”အခုကာလ အမတ်ဖြစ်နေတဲ့ကောင် တွေတစ်ကောင်မှ × သုံးမကျဘူး။ သူတို့သောက်နေတဲ့ အရက်ပုလင်းလောက်တောင် တန်ဖိုးမရှိတဲ့ကောင်တွေ”လို့ ‌ပြောပါတယ်။

ဦးစိုင်းအိုက်ပေါင်းဦးဆောင်တဲ့ အရက်ဝိုင်းမှာ သောက်နေကြတာက ၁၇ရာစု အစောပိုင်းက ပြင်သစ်ဘုရင်LOUIS XIII ကို အစွဲပြုပြီး အမည်ပေးထားတဲ့ LOUIS XIII Cognac အရက်ပုလင်းဖြစ်ပါတယ်။ ကမ္ဘာတန်ဖိုးအမြင့်ဆုံး အရက်တွေထဲမှာပါဝင်ပါတယ်။ဦးစိုင်းထွန်းလင်း ပြောတဲ့ အရက်တစ်ပုလင်း ကျပ်သိန်း၁၅၀နဲ့တွက်ချက်ရင်တောင် အထည်ချုပ်အလုပ်သမတစ်ဦး ၆နှစ်လောက် နေ့စဉ် အလုပ်လုပ်မှ ရမယ့် ငွေကြေးဖြစ်ပါတယ်။ လက်ရှိမှာ အခြေခံလုပ်စားတစ်ဦး တစ်နေ့လုပ်အားခက ၆၈၀၀ ကျပ်ပဲ ရတာပါ။

ဦးစိုင်းထွန်းလင်းဟာ ပြည်သူလူထု နဲ့ ဒီမိုက​ရေစီကိုတန်ဖိုးထားတဲ့နိုင်ငံတကာကအသိအမှတ်မပြုတဲ့ စစ်တပ်ရဲ့လုပ်ပွဲ- ၂၀၂၅ ရွေးကောက်ပွဲမှာ ကျားဖြူပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်လွှတ်တော်မှာသူတင်ခဲ့တာတွေက ရေမြောင်းဖောက်၊ အမှိုက်ရှင်းကိစ္စတွေလောက်သာဖြစ်ပြီး ရှမ်းပြည်နယ်ကစစ်ဒဏ်သင့်ဒေသခံတွေရဲ့အခက်အခဲကို တစ်ခွန်းမှမဟခဲ့ဘူးလို့ ရှမ်းတိုင်းရင်းသားတွေကပြောပါတယ်။

ဦးစိုင်းထွန်းလင်းကို အရက်တိုက်တဲ့ ကျားဖြူပါတီ(ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဟာ စစ်တပ်နဲ့နီးစပ်သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ်၊သယံဇာတနဲ့ သစ်တောဝန်ကြီးဖြစ်ခဲ့ဖူးပါတယ်။ အသက် ၈၀ အရွယ်ဦးစိုင်းအိုက်ပေါင်းက စစ်တပ်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်နေသလို အာဏာ
သိမ်းစစ်အုပ်စုကပေးအပ်ထားတဲ့ သီရိပျံချီဘွဲ့လည်း လက်ခံရယူထားပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့အဲဒီမြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး စစ်ရေးအရလည်းခြိမ်းခြောက်နေပါတယ်။

ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့လေ
ကြောင်းအန္တရာယ်၊ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တ‌ကျော့ပြန်တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တဲ့စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်
နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမြို့နယ်တွေမှာလည်း တရားဥပဒေစိုးမိုးမှုလျော့ရဲနေပြီး ကျားဖြန့်လိမ်လည်တဲ့လုပ်ငန်းတွေရှိနေတဲ့အတွက် အခြေခံလူတန်းစားတွေဟာနေ့စဉ်စားဝတ်နေရေးအတွက် အထွေထွေအကြပ်အတည်းကိုရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဝေးလံခေါင်ဖျားဒေသတွေမှာဆိုရင် အစာ
ရေစာငတ်မွတ်မှုတွေ၊ ဆေးကုသဖို့ခက်ခဲတာတွေကြောင့် သေဆုံးရတဲ့သူတွေတောင်ရှိတယ်။ စာသင်ကျောင်းမရှိတဲ့ရွာတွေလည်းအများကြီးပဲ။ ကုန်စျေးနှုန်းဆိုရင်လည်း ပြည်မထက်ကြီးတယ်။မသေရုံတမယ်ပဲရုန်းကန်နေကြရတာ”လို့ဦးစိုင်းထွန်းလင်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မိုးနဲမြို့ခံတစ်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအ​​ခြေအ​နေကိုလည်းတချက်ကြည့်ရ​​အောင်ပါ ။
15🖕12👎3🔥3😁2🤮2🤣2😱1🤬1💩1
စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း အခုအခါ မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းနဲ့ စုစုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှု တနည်းအားဖြင့် ငတ်မွတ်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကမ္ဘာ့​ပေါ်မှာ အငတ်​ဘေးကို အဆိုးဝါးဆုံးရင်ဆိုင်​နေရတဲ့ ၆ နိုင်ငံ​မြောက် ဖြစ်​နေပါတယ် ။ ၂၀၂၄ ခုနှစ်မှာဝမ်းရေးမဖူလုံသူ လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးလာတာလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)ကဖော်ပြပါတယ်။

အဲဒီထဲကမှ လူဦးရေ ၂ ဒဿမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ် ။​ငွေ​ကြေး​ဖောင်းပွမှုကလည်း ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၆ တစ်နှစ်တည်း ၂၅ ရာခိုင်နှုန်းရှိပါတယ်။

အလုပ်အကိုင်​တွေရှားပါးတဲ့အပြင် လူငယ်​တွေကိုစစ်တပ်က ​ပေါ်တာဆွဲပြီး စစ်သင်တန်း​ပေး​ရှေ့တန်းပို့စစ်တိုက်ခိုင်း​နေလို့ သိန်းနဲ့ချီတဲ့ လူငယ်​တွေ နိုင်ငံက​နေထွက်​ပြေး​နေကြရတဲ့အချိန်ကာလဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာပြည်သူ့ကိုယ်စားလှယ်လို့ အမည်ခံထားသူက သိန်း ၁၅၀ ​ကျော်တန်အရက်​သောက်ရတယ်ဆိုပြီး ကြွားလုံးထုတ်​နေတာဖြစ်ပါတယ် ။


https://www.ludunwayoo.com/feature-mm/2026/09/09/167829/
16🖕10👎5🔥3🤬1😢1🤣1
တယ်လီနောအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တဲ့အပေါ်ကြိုဆိုကြောင်း JFM နဲ့ ICJ Norway ထုတ်ပြန်

စက်တင်ဘာ-၁၆၊ ၂၀၂၆။ တေဇ/People's Spring

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

"မြန်မာနိုင်ငံမှာ နော်ဝေဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ခဲ့မှုတွေအတွက် တယ်လီနောအပေါ် အခုလို နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပါတယ်။ တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဝဲလ် လွှဲပြောင်းပေးခဲ့တာနဲ့ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံဖော်ပြနိုင်မယ့် အထောက်အထားမှတ်တမ်း အများအပြားကိုလည်း ရဲတပ်ဖွဲ့ထံ ပေးပို့ထားပြီးဖြစ်ပါတယ်" လို့ JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စစ်တပ်ကို ပေးခဲ့တာက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောက အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်တယ်လို့ မရတနာမောင်က ပြောပါတယ်။

တယ်လီနော် ASA ကို စက်တင်ဘာ ၁၅ ရက်မှာ လူသားမျိုးနွယ်အပေါ် စစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံရဲတပ်ဖွဲ့က တယ်လီနော ASA ရုံးကိုလည်း မနေ့ကပဲ စီးနင်းရှာဖွေခဲ့တာပါ။

"ကျွန်တော်တို့ဟာ လေးနက်ပြီး လွတ်လပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်၊ အခုတော့ ဒီလိုဖြစ်လာဖို့ အလားအလာရှိနေတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဒီစွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံက အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရပ်ခံကာကွယ်သူတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေနဲ့ ဆက်စပ်နေနိုင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ မတူညီသော ရာဇဝတ်မှုတွေကို ရည်ညွှန်းနေတာပါ” လို့ ICJ Norway ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Terje Einarsen ကပြောပါတယ်။

တယ်လီနော ASA အနေနဲ့ ၂၀၁၈ ကနေ ၂၀၂၂ အတွင်း နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပြဌာန်းချက် (‘Myanmarforskriften’) အရ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ချိုးဖောက်ခဲ့တဲ့ အကြောင်းအရာတွေကို JFM နဲ့ ICJ Norway တို့က ၂၀၂၄ ဒီဇင်ဘာမှာ နော်ဝေရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာပါ။

ဒါပေမဲ့လည်း အဲဒီ့တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးတာ မပြုလုပ်ဘဲ ပယ်ချခံခဲ့ရတာကြောင့် JFM နဲ့ ICJ Norwayက ၂၀၂၅ အောက်တိုဘာမှာ အထက်အဆင့် တရားစွဲဆိုရေးအာဏာပိုင်အဖွဲ့ကို ထပ်မံတိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ့တိုင်ကြားချက်မှာတော့ တယ်လီနောအနေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ စစ်တပ်ဆီကို အရေးကြီးတဲ့ထိရှလွယ်တဲ့ အချက်အလက်‌ တွေကို မျှဝေပေးခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီခဲ့တယ်ဆိုတဲ့ စွဲချက်ကို အကျုံးဝင်စေဖို့ တိုင်ကြားချက်ကို တိုးချဲ့တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

"တယ်လီ‌နောရဲ့ တာဝန်ရှိမှုကို ရှင်းလင်းဖော်ထုတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အထောက်အထားတွေအပေါ် မူတည်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တာဝန်ရှိမှုတွေကိုလည်း ဖော်ထုတ်ဖို့ လိုအပ်ပါတယ်" လို့ ICJ Norway ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Terje Einarsen က တိုက်တွန်းထားပါတယ်။
👍33👏95🖕3🥴2🥰1🤣1
ဓာတ်ပုံ - telenor IoT
25👍10🥰3💩3🥴2🖕2🔥1🤣1