People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဖက်ဒရယ်စနစ်မပါဝင်သော ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်သကဲ့သို့ ဒီမိုကရေစီစံနှုန်းများ ကင်းမဲ့သည့် ဖက်ဒရယ်စနစ်သည်လည်း စစ်မှန်သော လွတ်လပ်မှုကို ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် SCEF အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ခိုင်မာသော မူဝါဒလမ်းကြောင်း များဖြင့် အစွမ်းကုန် စုစည်းဆောင်ရွက်လျက်ရှိနေသည်ကို တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းကို ယနေ့တွင် ထပ်လောင်း အသိပေးအပ်ပါသည်” လို့ ခူဦးရယ်က သဝဏ်လွှာ ပေးပို့ပါတယ်။

ဒီမိုကရေစီရဲ့ အဓိကသဘောတရားဟာ "အာဏာသည် ပြည်သူ့ထံမှလာသည်" ဆိုသည့် အတိုင်း ပြည်ထောင်စုရဲ့ အနာဂတ်ကို သေနတ်၊ စစ်အင်အား၊ ဟန်ပြပွဲများဖြင့်မဟုတ်ဘဲ မြန်မာပြည်သူလူထုရဲ့ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမယ်လို့လည်း ကရင်နီ ခေါင်းဆောင်တဦးဖြစ်တဲ့ ခူဦးရယ်က ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသားအင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရနဲ့ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ပြီး တူညီသော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ ဘုံပန်းတိုင်ဖြင့် ချီတက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တချိန်တည်းမှာ ထုတ်ပြန်ချက်တွေနဲ့ တုန့်ပြန်တာထက် ကျော်လွှန်ပြီး စစ်အုပ်စုရဲ့ အာဏာထိန်းချုပ်ထားမှုကို ရပ်တန့်နိုင်ဖို့ ၊ ပြည်သူ့အာဏာကို ပိုင်ရှင်အစစ်ဖြစ်သော ပြည်သူလူထုထံ ပြန်လည်ပေးအပ်ဖို့ ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ တိုက်ရိုက်ရောက်ရှိရေး ဆောင်ရွက်ပေးဖို့နဲ့ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီမိတ်ဆွေများကို တိုက်တွန်းကြောင်းလည်း SCEF အလှည့်ကျသဘာပတိက ပြောကြားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ သွားရာလမ်းဟာ ကြမ်းတမ်းကောင်း ကြမ်းတမ်းမှာ ဖြစ်ပေမဲ့ ပြည်သူများရဲ့ တွန်းလှန်စွမ်းအား၊ အင်အားစုများရဲ့ ညီညွတ်မှုတို့ဖြင့် မျှော်မှန်းသည့်အနာဂတ်ကို မုချဆွတ်ခူးနိုင်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ခူဦးရယ်က ပြောကြားပါတယ်။
29👍10👏5🤣2🤮1🖕1
(ပြင်သစ်ရောက်မြန်မာတွေ SCEF ကို ကြိုဆိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ - NUG Representative Office - France)
👍33🥰8👏52🤣2🤮1🖕1
ပုလဲမြို့အနီး စစ်တပ် ဗုံးကြဲမှု အရပ်သားထိခိုက်မှုရှိ

စက်တင်ဘာ-၁၅၊ ၂၀၂၆။ ‌ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

ကံပေါက်ရွာကို ဒီနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်မှာ Gyrocopter ၃ စီးနဲ့ ဗုံးကြဲချတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ပုလဲတောင်ပိုင်း ကံပေါက်ကို ကြဲတာ။ မြို့နဲ့ နှစ်မိုင်လောက်ပဲ ဝေးတယ်။ ဒေသခံတွေ ထိတယ်။ သေဆုံးတာတွေ ရှိတယ်တဲ့။ အခု ကျ‌မတို့တွေ ပုန်းကျင်းထဲက မထွက်ရဲသေးဘူး"လို့ ကံပေါက်ရွာအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်ထဲမှာ ပါဝင်ပါတယ်။ စစ်တပ်က မြို့ပေါ်မှာ တပ်စွဲထားပြီး ကျေးရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ လာပြီးဗုံးကြဲတာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကို အသေးစ်ိတ်မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်အချို့ကိုလည်း လေကြောင်းကနေမကြာခဏ ဗုံးကြဲနေပါတယ်။

စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
😢23🤬13👎2👏2🎉1🤮1
😢25🤬6👎2👏2🎉1
■အ​တွေးအမြင်

တရားဝင်မှု မရတဲ့ မင်းအောင်လှိုင်ရဲ့သံတမန်
ရေး ခရီးစဉ်​တွေနဲ့ အိမ်နီးချင်းနိုင်ငံ​တွေရဲ့
တာဝန်ရှောင် လှည့်ကွက်များ

-ခါကာဘို ရေးသားသည်။

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်
တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီး
ချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာဧပြီလမှာ မိမိကိုယ်မိမိ သမ္မတအဖြစ်ကြေညာပြီးနောက်
လာအို ၊အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို ဆက်တိုက်ဆိုသလို သွားရောက်ခဲ့ပြီး ယခု စက်တင်ဘာလ ၁၁ ရက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကို ၇ နိုင်ငံမြောက်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ပါတယ်။ငါးလအတွင်း၇နိုင်ငံအထိ နိုင်ငံတကာ
သံတမန်ရေးရာ ထိုးစစ်ဆင်နေတာဟာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပယ်ကျဉ်းခံထားရတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး နိုင်ငံတကာစင်မြင့်ဆီ ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေတာပါ။

ဒါပေမဲ့ ဒီလို သွားရောက်တွေ့ဆုံမှုတွေဟာ မင်းအောင်လှိုင် မျှော်လင့်နေသလို တကယ့် "တရားဝင်မှု" ကို ရရှိတာဟုတ်မဟုတ် ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အဓိကသွား​​ရောက်တဲ့ နိုင်ငံ​တွေကို ကြည့်ရင်၊ အာဏာမသိမ်းခင်ကရော ၊အာဏာသိမ်းပြီး​နောက်ပိုင်း​ရော မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံ​တွေဖြစ်​နေတာကိုတွေ့ရပါတယ်။မြန်မာပြည်သူတွေကြားမှာရော ဒီမိုကရေစီတန်ဖိုးများကို အားပေးတဲ့ အနောက်နိုင်ငံတွေ နဲ့ အာဆီယံအဖွဲ့ဝင်အချို့နိုင်ငံတွေမှာပါ တရားဝင်မှု မရရှိသေးပါဘူး။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊စင်ကာပူ၊ဖိလစ်ပိုင် ၊တီ​မောတို့လို အာဆီယံနိုင်ငံတွေကတော့ စစ်အစိုးရဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်
အထည်မဖော်သမျှ စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကမ္ဘော
ဒီးယားနိုင်ငံတို့ရဲ့လက်ခံတွေ့ဆုံမှု အခင်းအ
ကျင်းတွေကို သေချာကြည့်ရင် မင်းအောင်
လှိုင်ကို တကယ်တမ်း အသိအမှတ်ပြုချင်လို့ထက် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်
ငံရေးအရ တာဝန်ယူရမှုကို လျှော့ချချင်တာကြောင့် သံတမန်ရေးရာ နည်းဗျူဟာတွေ သုံးထားတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံဆိုရင် ကီလိုမီတာ ၂,၄၀၀ ကျော် ထိစပ်နေတဲ့ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ ရွှေ့ပြောင်းအလုပ်သမား နဲ့ အွန်လိုင်းလိမ်
လည်မှု ဂိုဏ်းတွေလို လက်တွေ့ကျတဲ့ နှစ်နိုင်ငံ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်သာ တွေ့ဆုံတာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။

ထိုင်းအစိုးရဟာ လက်တွေ့လိုအပ်ချက်အရ တွေ့ဆုံဆွေးနွေးတာ(Engagement)နဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ (Recognition)ကိုသီးခြားစီခွဲခြားထားပြီးမင်း
အောင်လှိုင်စစ်အစိုးရကို တရားဝင်အသိအ
မှတ်ပြုဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။သို့သော်
လည်း လက်တွေ့မှာ ကော်ဇောနီခင်း ကြိုဆိုတာမျိုးတွေဟာ အာဏာသိမ်းအစိုးရအတွက် နိုင်ငံရေးအရ ထင်ယောင်ထင်မှား အသုံးချစရာ ဖြစ်သွားစေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်ပိုပြီးတော့တောင်
ပါးနပ်တဲ့နိုင်ငံရေးလှည့်ကွက်ကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံအချို့နဲ့ အနောက်အုပ်စုက မင်းအောင်လှိုင်ကို တရားဝင်မှုမပေးရေး ပြင်းပြင်းထန်ထန် ရပ်တည်နေချိန်၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းသတင်းတွေထွက်ပေါ် နေချိန်မှာအ
ထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဝန်ကြီးချုပ် ဟွန်မာနက်တို့ အစိုးရအဖွဲ့ဟာတိုက်ရိုက် တာ
ဝန်ယူရမှုကို ရှောင်လွှဲချင်ခဲ့တာကြောင့် မင်းအောင်လှိုင်ကို ဖိတ်ကြားရာမှာ ဘုရင် နိုရိုဒွန်သီဟမိုနီရဲ့အမည်ကိုသုံးပြီးနန်းတွင်းသံတမန်ရေးရာ ထုံးတမ်းစဉ်လာ (Royal Protocol) အဖြစ် ပုံဖော်ဖိတ်ကြားခဲ့တာပါ။

ရုတ်တရက်ကြည့်လိုက်ရင်ဘုရင်ကိုယ်တိုင်ဖိတ်ကြားထားသလိုထင်ရနိုင်ပါတယ်။ ဒါပေ
မဲ့တကယ်တမ်း ကမ္ဘောဒီးယား ဖွဲ့စည်းပုံအရ ဘုရင်မှာ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိဘဲ အခန်းအနားဆိုင်ရာ ကဏ္ဍမှာသာရှိပါတယ်။ အဓိက ဆုံးဖြတ်ချက်တွေကိုတော့ ဟွန်ဆန်နဲ့ ဟွန်မာနက်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကပဲ ချမှတ်တာပါ။ ဒါကြောင့် ဘုရင်ရဲ့ နာမည်ကို အသုံးပြုတာဟာ နိုင်ငံတကာက တိုက်ရိုက်ဝေဖန်မှုတွေ၊ ဖိအားတွေကိုအစိုးရအဖွဲ့အပေါ်
တိုက်ရိုက်မကျရောက်အောင် တာဝန်ယူမှုကို ရှောင်ရှားတဲ့ နည်းဗျူဟာ ဖြစ်နိုင်ကြောင်း လေ့လာသူအများစုက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နဲ့ အနောက်
နိုင်ငံတွေကတော့ ပြည်သူက ရွေးကောက်
တင်မြှာက်ထားတဲ့ အစိုးရကို အာဏာသိမ်းပြီး စစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို အတုအယောင်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားနေတာကြောင့်လည်းပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးမယ့် လက္ခဏာ လုံးဝမရှိသေး
ပါဘူး။
👍2015😁3🤣2🖕1
အချုပ်အားဖြင့် မင်း​အောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်​တွေဟာအပေါ်ယံအားဖြင့် သံတမန်ရေး အောင်မြင်မှု တစ်ရပ်အဖြစ် ပုံဖော်ထား​ပေမယ့် လက်တွေ့မှာ အိမ်နီးချင်းနိုင်ငံ​တွေရဲ့လက်တွေ့အကျိုးစီးပွားနဲ့သံတမန်ရေးတွက်
ချက်မှု​တွေအပေါ် အခြေခံထားတဲ့ထိတွေ့ဆက်ဆံမှုများသာဖြစ်​နေပါတယ်။ဒါကြောင့် မင်းအောင်လှိုင်ဦးဆောင်‌သော စစ်အုပ်စုအ
တွက် စစ်မှန်တဲ့ နိုင်ငံတကာ တရားဝင်မှု ရရှိဖို့က လက်ရှိအခြေအနေအရ အလွန်ဝေးကွာ​နေကြောင်း မြင်တွေ့ရပါတယ်။ ။

ကိုးကား - DW, Reuters, Associated Press (AP), Cambodia Ministry of Foreign Affairs

#မင်းအောင်လှိုင် #ပြည်ပခရီးစဥ်
#အိမ်နီးချင်းနိုင်ငံတွေ #အာဏာရှင်
#peoplesspring #ludunwayoo
👍37🤣3🖕31👎1👏1💩1
🖕32🤮7🤣32🔥2💩1😘1
စစ်တပ်လေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ PDF၊ ပကဖ ပူးပေါင်းတပ်တွေကို NUG ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် ဂုဏ်ပြု

▪️စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

စက်တင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကပဖ) ပူးပေါင်းအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က စက်တင်ဘာ ၁၄ရက်နေ့ရက်စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ပြည်သူလူထုအပေါ် လေကြောင်းမှတစ်ဆင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ရှိ စစ်တပ်ရဲ့ ပင်မစစ်ဘက်သုံး လေတပ်စခန်းကို စက်တင်ဘာလ (၁၀) ရက်နေ့မှာ PDF ပူးပေါင်းတပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဒရုန်းစစ်ဆင်ရေး အောင်မြင်စွာ ဖော်ဆောင် တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ထား ဂုဏ်ပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပြီးတော်လှန်ရေး ရဲဘော်များရဲ့ ညီညွတ်မှုကို အသိမှတ်ပြု မှတ်တမ်းတင်ကြောင်း ပါရှိပါတယ်။

“ ရန်သူ့ YAK-130 တိုက်လေယာဉ်များ ရပ်နားထားသည့် နေရာများကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့သည့် အပြင်၊ မြေပြင်စစ်ဆင်ရေးတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့် တော်လှန်ရေး ရဲဘော်များ၏ စစ်ရေးစွမ်းရည်နှင့် ရဲရင့်မှုကို အထူးမှတ်တမ်းတင် ဂုဏ်ပြုပါသည်။စစ်ဆင်ရေးအတွင်း တိုင်းပြည်နှင့် ပြည်သူအတွက် အသက်ကို ပဓာနမထားဘဲ မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ရသော တော်လှန်ရေးရဲဘော် (၃) ဦး၏ စွန့်လွှတ်စွန့်စားမှုကို လေးနက်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်” လို့ NUG ခေါင်းဆောင်တွေရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်များနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းလည်း NUGက ဖော်ပြပါတယ်။

အဲဒီ စစ်ဆင်ရေးကို မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်၍ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၁၈၄၈ ဒရုန်း တပ်ဖွဲ့ (MDDS)၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း ၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ STF (Special Task Force) နဲ့ ရွှေဘို ခရိုင်စစ်ဌာန အမှတ် (၁)၊ (၂) ပူးပေါင်းတပ်ဖွဲ့တို့ စုဖွဲ့ကာ ဟန်ချက်ညီစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ စစ်ဘက်ဗဟိုချက်မနေရာများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
50👍12👏6🤣2🤮1🖕1
(စက်တင်ဘာ ၁၀ ရက်က တံတားဦးလေတပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု မြင်ကွင်း။ ဓာတ်ပုံ - Screen grab)
👍3614👏5🤣2🤮1🖕1
မြေမြှုပ်မိုင်းက ရှမ်းမြောက်ဒေသခံတွေကို အကြီးမားဆုံးခြိမ်းခြောက်နေဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း ထုတ်ပြန်

စက်တင်ဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် အရပ်သားတွေထိခိုက်မှုနဲ့ပတ်သက်ပြီး TWOက ဒီနေ့ စက်တင်ဘာ ၁၅ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၂၆ ဇန်နဝါရီကနေ သြဂုတ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အသုံးပြုပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက်ကြွင်းကျန်ပစ္စည်းတွေနဲ့ မြေမြုပ်မိုင်း ပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး ကလေး ၃ဦးအပါအဝင် ၇ ဦးသေဆုံးကာ၄၂ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ ကွတ်ခိုင်၊ ‌မူဆယ်နဲ့နမ့်ခမ်းမြို့နယ်တွေမှာလက်လှမ်းမှီသလောက် ကောက်ယူထားတဲ့အချက်အလက်တွေဖြစ်တယ်လို့TWOက အသိပေးထားပါတယ်။

မြေမြှုပ်မိုင်းဟာ ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့နယ်ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံး မြို့နယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။မြေမြှုပ်မိုင်းတွေကို စိုက်ပျိုးရေးခြံတွေ၊ တောင်ယာစိုက်ခင်းနဲ့ လယ်ယာတွေ၊ လူနေအိမ် ခြံဝန်းတွေအပြင် အများပြည်သူ
သွားလာတဲ့ လမ်းမကြီးတွေ၊ စာသင်ကျောင်း ပရဝုဏ်အတွင်းတွေမှာတွေ့ရပြီး အဲဒီနေရာတွေမှာအများဆုံး ပေါက်ကွဲနေတယ်လို့ ဆိုပါတယ်။

TWO ထုတ်ပြန်ချက်မှာ မပါဝင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမကြာခဏရှိနေပါတယ်။

သီပေါမြို့နယ်ဟာ မိုင်းပေါက်ကွဲမှုမကြာခဏဖြစ်ပြီး ၂၀၂၆ အတွင်း အရပ်သား ၅ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

" ကလေးတွေကို ကျောင်းကိုလွှတ်ရတာတောင်စိတ်မချဘူး။ စာသင် ကျောင်းခြံထဲမှာ မိုင်းတွေရှိနေတာကို ရှင်းမပေးကြသေးဘူး"လို့ ကျောက်မဲမြို့ခံတစ်ဦးက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့အာရက္ခတပ်တော်(AA)တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ် ထိန်းချုပ်ထားတဲ့မြို့တွေကို တိုက်ခိုက်သိမ်းယူခဲ့ပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။   တရုတ်အစိုးရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ဧပြီလမှာ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပါတယ်။

TNLAက သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်းနဲ့မိုင်းငေါ့မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊မိုးမိတ်၊ မိုးကုတ်မြို့တွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သွားပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အဲဒီမြို့နယ်တွေမှာ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်ပြဿနာ ကြီးမားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း ဒေသတွင်းနိုင်ငံရေးနဲ့စစ်ရေးအခြေအနေဟာ မတည်ငြိမ်သေးဘဲ TNLAနဲ့ MNDAA ထိန်းချုပ်ထားတဲ့ မြို့တွေကိုစစ်တပ်က ပြန်တောင်းနေပါတယ်။

TNLAနဲ့ MNDAAကလည်း ထိန်းချုပ်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတတည်ဆောက်နေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းက ကင်းထောက်နေမှုတွေနဲ့ စစ်အင်အားတိုးချဲ့မှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
👍28🔥4🤣2🤬1
🥰18👍9🔥2👎1🤬1🖕1
■​ဆောင်းပါး

ငုတ်တုပ်မေ့...အိုးဝေ

နေမင်းသစ်/People's Spring

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အ
ဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သုံးဘီးယာဥ်တွေများတော့ အလုပ်ဖြစ်နေပြီလို့ ထင်ရင် လွဲပါလိမ့်မယ်။ "တနေ့အိမ်ကိုပြန်ပြီး ၃ ခါ​​လောက်အိပ်လို့ရတယ်"လို့ အသက် ၂၅ နှစ်ဝန်းကျင် သုံးဘီးသမားတဦးကပြောပါတယ်။

​မန္တလေးမြို့ရဲ့လမ်းမတွေပေါ်မှာသုံးဘီးယာဉ်တွေသိသိသာသာများပြားလာခဲ့ပေမယ့် နေ့
စဉ်ဝမ်းစာအတွက်ရုန်းကန်နေရတဲ့ သုံးဘီးမောင်းသူအချို့အတွက်ကတော့ စျေးဦးတောင် မပေါက်တဲ့နေ့တွေနဲ့ရင်ဆိုင်နေရတယ်လို့ သုံးဘီးယာဥ်မောင်းနှင်သူတွေက ပြောပါတယ်။

"အိုးဝေတွေကအရမ်းများလာတယ်။နေ့လယ်တစ်နာရီထိုးတာတောင် စျေးဦးမပေါက်တဲ့ရက်တွေရှိတယ်"လို့ အသက် ငါးဆယ်ကျော်အရွယ် သုံးဘီးယာဥ်မောင်းတစ်ဦးက​ ပြောပါတယ်။

မန္တလေးမြို့မှာအိန္ဒိယလုပ် Bajaj RE ကဲ့သို့ သုံးဘီးယာဥ်တွေကို အငှားယာဥ်အဖြစ် စ
တင်လုပ်ကိုင်ခဲ့တဲ့ Oway ကုမ္ပဏီရဲ့ မီနီအိုးဝေဆိုတဲ့အခေါ်အဝေါ်ကိုပဲ ဆက်လက်သုံးစွဲကြတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ သုံးဘီးယာဉ်တွေ စတင်ကျယ်
ပြန့်စွာ ပေါ်ပေါက်လာတာကတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဖြစ်ပြီး လိုင်းကားစနစ်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားတာကြောင့် ခေတ်စားလာတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ယခုအခါ မန္တလေးမြို့မှာ သုံးဘီးယာဥ်တွေ အဆမတန်များပြားလာခဲ့ပြီး အစီးရေ သောင်းချီရှိနေပြီဖြစ်ကြောင်း သုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

​နိုင်ငံအနှံ့ ဒေသအသီးသီးကနေ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေ၊ အခြားအလုပ်
အကိုင်တွေ အဆင်မပြေကြလို့ သုံးဘီးကို အဆင်ပြေမယ်ထင်ပြီး ဝယ်ယူငှားရမ်းကာ လုပ်ကိုင်လာကြသူတွေ များပြားလာလို့ လမ်းပေါ်မှာ သုံးဘီးတွေ များပြားလာရတာဖြစ်
ကြောင်း သုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

"ခုက အိုးဝေ စီးမဲ့ခရီးသည် ဆယ်ယောက်ရှိရင် အိုးဝေက အစီး ငါးဆယ်လောက်ဖြစ်နေတာ"လို့ သုံးဘီးယာဥ်မောင်းတစ်ဦးကပြောပါတယ်။

အငှားမောင်းသူတွေဟာတစ်လကိုအုံနာကြေး
၄၅၀,၀၀၀ ကျပ်ခန့်ပေးရပြီး စက်သုံးဆီဖိုးမှာလည်း သွားရတဲ့အပေါ်မှာမူတည်ပြီး ၄၅၀,၀၀၀ ကျပ် ကုန်ကျကြောင်း၊ ​အင်ဂျင်
ဝိုင်ဖိုးကလည်း ၆၅,၀၀၀ ကျပ်ထက်မနည်းကုန်ကျပြီး ကွမ်း၊ ဆေး၊ လက်ဖက်ရည်ဖိုး ၁၂၀,၀၀၀ကျပ်ခန််ကုန်ကြောင်း၊ ပုံသေကုန်
ကျစရိတ်တင် ၁၀ သိန်းကျော် ကုန်ကျနေပြီး ဘီးပေါက်တာ၊ အပိုပစ္စည်းလဲလှယ်ရတာ၊ စက်ပြင်စရိတ်တွေ အထွေထွေပြင်ဆင်စရိတ်တွေ ပါဝင်လာပါက ကုန်ကျစရိတ်မှာ ထက်
ဝက်မက ပိုမိုများပြားသွားကြောင်း သုံးဘီးယာဥ်မောင်းအချို့က ပြောပါတယ်။

ကိုယ်ပိုင်ဝယ်ယူထားသူတွေမှာလည်း သုံးဘီးတစ်စီး ကျပ်​သိန်းနှစ်ရာကျော် ရင်းနှီးမြှုပ်နှံထားရပေမဲ့ နေ့စဥ်ဝင်ငွေပုံမှန်မရှိတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်းသုံးဘီးယာဥ်မောင်းတွေက ပြောပါတယ်။

"သိန်း၂၀၀အတိုးပေးစားပြီးထိုင်နေတာမှကိုက်ဦးမယ်"လို့သုံးဘီးသမားတစ်ဦးက ပြောပါတယ်။

သုံးဘီးယာဥ်များပြားလာတဲ့အပြင်မလုံခြုံတာကြောင့် ညဘက်ထွက်သူတွေ နည်းပါးလာတာ၊ ငွေတန်ဖိုးကျဆင်းတာကြောင့် အ
သွားအလာနည်းပါးသွားတာတွေကလည်း သုံးဘီးယာဥ်တွေအပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မကြာခဏလုယက်မှုတွေ၊ဖမ်းဆီးခံရမှုတွေ ဖြစ်ပွားနေတာကြောင့် သုံးဘီးသမားနဲ့ ခရီးသည်ကြားယုံကြည်မှုတွေပျောက်ဆုံးကုန်တာတွေလည်း ဖြစ်ပေါ်နေကြောင်း သုံးဘီးသမားအချို့က ပြောပါတယ်။

"ကိုယ်နဲ့သိတဲ့သူတွေပဲငှားကြတာတွေရှိတယ်"
လို့သုံးဘီးယာဥ်မောင်းတစ်ဦးကပြောပါတယ်။

မန္တလေးမြို့အ​တွင်းမှာလည်း လမ်းဆုံလမ်းခွတွေမှာ သုံးဘီးယာဥ်တွေ ရပ်တန့်ထားကြပါတယ်။ သုံးဘီးယာဥ်မောင်းတွေဟာ ဖုန်းကိုပွတ်ရင်း ခရီးသည်တွေ ဖုန်းဆက်မှာကို
စောင့်မျှော်နေကြပါတယ်။ ။
👍254😢3👏1🤮1🖕1
မန္တ​လေးမြို့က အို​ဝေသုံးဘီးဆိုင်ကယ်​တွေ။
ဓါတ်ပုံ-CJ
🥰14👍10😢41🤮1🤣1
မြန်မာစစ်တပ်ရဲ့လူသားမျိုးနွယ်အပေါ် ကျူး
လွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး Telenor စစ်ဆေးခံနေရ

■Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံ
ထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

စက်တင်ဘာ-၅၊၂၀၂၆။People's Spring

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာအားပေးအားမြှောက် ပါဝင်ပတ်သက်ခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Telenorကို စုံစမ်း စစ်ဆေးနေကြောင်း နော်ဝေးရဲတပ်ဖွဲ့ကပြောပါတယ်။

နော်ဝေးအခြေစိုက်Telenorကုမ္ပဏီဟာ မြန်
မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး စျေးကွက်မှာ ပါဝင်ခဲ့ဖူးပေမယ့် ၂၀၂၁ ခုနှစ် စစ်အာ
ဏာသိမ်းမှု အပြီးမှာတော့ မြန်မာလုပ်ငန်းခွဲ ရှယ်ယာတွေကို ရောင်းချပြီး မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။

ဒါပေမဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာစစ်
တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ Telenorက အားပေးကူညီခဲ့သလားဆိုတဲ့ သံသယ အခြေအနေတွေအတွက် အခုအခါ နော်ဝေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာပါ။အဓိက သံသယရှိတဲ့ အချက်တွေထဲမှာတော့ ပိတ်ဆို့အရေးယူမှုဆိုင်ရာဥပဒေတွေကိုပါTelenorကချိုးဖောက်
ခဲ့သလားဆိုတာမျိုးတွေလည်းပါဝင်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ အော့စလိုမြို့တော်မှာ ရှိနေတဲ့ Telenor ဌာနချုပ်ကို ရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။မြန်မာစစ်တပ်ကအရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အချိန်မှာ Telenorရဲ့ မြန်မာ လုပ်ငန်းခွဲဟာသုံးစွဲသူတွေဆီကရရှိထားတဲ့ အချက်
အလက်တွေကို စစ်တပ် အာဏာပိုင်တွေဆီ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့တယ်လို့ နော်ဝေး ရဲတပ်ဖွဲ့က ပြောပါတယ်။

Telenorကတော့ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့အနီးကပ်ပူးပေါင်းပြီးအခြေအနေတွေကိုရှင်းရှင်းလင်းလင်းဖြစ်လာအောင် အစွမ်း
ကုန် ကူညီမယ်လို့ ပြောပါတယ်။ Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ Telenorက “စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေအတွက် ကြေကွဲနာကျင်စရာပါ။အဲဒီအချိန်တုန်းကTelenorဟာလည်း ကောင်းမွန်တဲ့ရွေးချယ်စရာတစ်ခုခုရှာမတွေ့နိုင်လောက်အောင်အကျပ်အတည်းထဲရောက်
ခဲ့ပါတယ်”လို့ တုံ့ပြန် မှတ်ချက်ပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊မတ်လမှာတော့Telenorဟာမြန်
မာလုပ်ငန်းခွဲ ရှယ်ယာအားလုံးကို ရောင်းချပြီး မြန်မာမိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု စျေးကွက်ကိုအပြီးတိုင်ကျောခိုင်းသွားခဲ့ပါတယ်။

အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာရှိနေခဲ့တဲ့ ကာလအတောအတွင်းစစ်တပ်ရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေ ဖမ်းဆီးထောင်ချခံရတာ၊ နှိပ်စက်ခံရတာ၊ သေဒဏ်စီရင် ချမှတ်ခံရတာတွေထိ ဖြစ်နိုင်ခြေ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း၊ ကုမ္ပဏီ အနေနဲ့ ရွေးချယ်စရာ ဘာမှမရှိတော့ဘူးလို့ လက်ခံခဲ့ရပြီး ဝန်ထမ်းတွေရဲ့ အသက်နဲ့လည်း အရင်းအနှီးလုပ်ပြီး အရဲမကိုးရဲခဲ့ကြောင်း Telenorက ဆိုပါတယ်။

လက်ရှိ နော်ဝေးရဲတပ်ဖွဲ့က စစ်ဆေးမှုတွေကတော့ မြန်မာ လုပ်ငန်းခွဲကို ရောင်းချချိန်မှာ ပိတ်ဆို့တားမြစ်ထားတဲ့စောင့်ကြည့်ထောက်
လှမ်းမှုဆိုင်ရာ နည်းပညာ ပစ္စည်းတွေကို Telenorက လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့စွပ်စွဲ
ချက်အပေါ်အခြေပြုထားတာ ဖြစ်ပါတယ်။ အဲဒီ အရောင်းအဝယ်အတွက် Telenorဟာ နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက ခွင့်
ပြုချက်ကိုရယူခဲ့ခြင်းမရှိတာကြောင့် ရဲတပ်ဖွဲ့က အရေးယူ တုံ့ပြန်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေခဲ့ချိန် အတောအတွင်းနော်ဝေးနဲ့ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ခဲ့တဲ့ Telenorကို နော်ဝေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ ဆုံး
ဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Justice for Myanmarရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး
မရတနာမောင်က​ပြောပါတယ်။

Justice for Myanmarဟာ International Commission of Jurists (ICJ)နဲ့ ပူးပေါင်းပြီး အဲဒီစွပ်စွဲချက်ကို နော်ဝေး စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီ တင်ပြခဲ့တာ ဖြစ်ပါတယ်။ Spywareလို အချက်အလက်ဆိုင်ရာ အန္တ
ရာယ်ရှိတဲ့ နည်းပညာမျိုးကို Telenorက အာ
ဏာသိမ်း စစ်တပ်ဆီ မျှဝေခဲ့ကြောင်းကို ICJ
နဲ့ Justice for Myanmarတို့က ပူးပေါင်းပြုစုပြီး နော်ဝေး တရားဥပဒေ စိုးမိုးရေး အဖွဲ့အ
စည်းတွေဆီပေးပို့တဲ့ဖိုင်ထဲမှာအကျယ်တဝင့် ရှင်းပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Telenorရဲ့ လုပ်ဆောင်ခဲ့တာတွေ၊ မြန်မာနိုင်ငံကနေ ထွက်ခွာချိန်မှာ မြန်မာပြည်သူတွေ ထိခိုက်နစ်နာအောင် ဆုံးဖြတ်ခဲ့တာတွေအတွက်တာဝန်ယူမှု၊တာဝန်ခံမှုရှိလာစေဖို့မျှော်လင့်ကြောင်းJustice for Myanmar
က ပြောပါတယ်။

ကိုးကား-Reuters
👍45👏96🤣2🥴1
👏38🥴32🔥2🖕2👍1
ဗေဒင်ဟောပြီး၂လုံးဂဏန်းရောင်းတဲ့ဗိုလ်မှူး
ကပစ(၁၆)အနီးတိုက်ပွဲမှာသေဆုံး

စက်တင်ဘာ-၁၅၊၁၀၂၆။ဇော်ရမ်း/People's Spring

ဗေဒင်ဟောပြီးနှစ်လုံးထီဂဏန်း​တွေ​ရောင်းပေးနေတဲ့ဗိုလ်မှူးတစ်ဦးဟာပဲခူးတိုင်း၊ ပန်း‌
တောင်းမြို့က ကပစ(၁၆)အနီး တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ သေဆုံးသွားတယ်လို့ စစ်တပ်သတင်းမြစ်ကပြောပါတယ်။

အာဏာသိမ်းစစ်တပ်အသိုင်းဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့လူသိများတဲ့ ဗိုလ်မှူးဝေကမ္ဘာစိုးဟာစက်တင်ဘာလ၁၅ရက်မနက်ပိုင်းမှာ စနိုက်ဘာထိပြီးသေဆုံးတာလို့ ၎င်းနဲ့အ
ဆက်အသွယ်ရှိတဲ့ ဗေဒင်ဆရာမတစ်ဦးကပြောပါတယ်။

"ကျမတို့လည်း ကြားကြားချင်းမယုံဘူး။ အ
လောင်းမြင်ရမှ ယုံတာ။ စနိုက်ဘာထိတယ်လို့ ကြားတာပဲ"လို့အထက်ပါဗေဒင်ဆရာမကပြောပါတယ်။

ဗိုလ်မှူးဝေကမ္ဘာစိုးဟာအသက်၃၆ နှစ်အရွယ်
ရှ်ိပြီးဝေကမ္ဘာစိုးအမည်နဲ့ ဖေ့ဘွတ်အကောင့် နှစ်ခုထက်မနည်းအသုံးပြုနေပါတယ်။

မသေဆုံးခင်ရက်အနည်းငယ်မှာလည်းဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ နှစ်လုံးထီဂဏန်းတွေ ရေးတင်ထားတာကိုတွေ့ရပါတယ်။ ဒါအပြင်တယ်လီဂရန်ဂရုဖွဲ့ထားပြီး တစ်ဦးကို တစ်ပတ် ၁၅,၀၀၀ ကျပ်ယူပြီး ဗေဒင်ဟောတာတွေ၊ နှစ်လုံးထီဂဏန်းပေးတာတွေလုပ်နေတယ်လို့ ၎င်းရဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။

မသေဆုံးခင်ရက်နည်းငယ်
"ခုမနက်ညီ အကို။တစ်ဘရိတ် ခွန်ဘရိတ် လာနိုင်။အဲတော့သုံးလေးရှစ်ကိုး။သုံညတစ် ငါးခြောက်" လို့ ၎င်းကလူမှုကွန်ရက်မှာ ဂဏန်း​တွေရေးသားထားတာကိုတွေ့ရပါတယ်။

ဗိုလ်မှူးဝေကမ္ဘာစိုးရဲ့ နာရေးကိုထောက်ပံ့ဖို့အတွက် စစ်တပ်အသိုင်းအဝိုင်းကြားမှာ ငွေ
ကြေးအလှူခံနေတာကိုလည်းတွေ့ရပါတယ်။

ယမ်းချက်ပြီး ဗုံးသီးတွေ အဓိကထုတ်တဲ့ အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံဟာ ပန်းတောင်းမြို့နဲ့ ၂၅မိုင်ခန့်အကွာမှာ ရှိတာပါ။ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။စစ်‌ ကောင်စီက စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊၃၆၉တပ်တွေအပြင် စစ်မှု
ထမ်းသင်တန်းဆင်းတွေပို့ပြီး ခုခံခဲ့တာပါ။

ထိုးစစ်စတင်တဲ့ဇန်နဝါရီလထဲမှာပဲကပစ
(၁၆)ရဲ့ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ကာကင်း
စခန်း အချို့ကိုသိမ်းယူခဲ့ပါတယ်။၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်းဖမ်းမိခဲ့ပါတယ်။ကပစ(၁၆)ကိုဦးတည်တဲ့တိုက်ပွဲတွေဟာအခု
ရက်ပိုင်းမှာ ပိုပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။


#ဝေကမ္ဘာစိုး #ဗေဒင်ဟောတဲ့ဗိုလ်မှူး​
#ကပစ၁၆အနီးတိုက်ပွဲ
#peoplesapring #ludunwaoo #ps
👏36🤣126👍3👎1🥰1🖕1
ကပစ(၁၆)အနီးတိုက်ပွဲမှာ AA နဲ့မဟာမိတ်တပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့တဲ့ ​​ဗေဒင်​ဟောပြီး နှစ်လုံးဂဏာန်း​ရောင်းတဲ့
ဗိုလ်မှူးဝေကမ္ဘာစိုး နဲ့ သူ့ရဲ့​ဖေစ်ဘွခ်မှာ ​ရေးသားထားမှု​တွေ ။ဓါတ်ပုံ-scree grab
🤣47👏5🖕3👻2👎1🥰1💩1