People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒါရိုက်တာပန်းချီစိုးမိုးရဲ့ သမီး ၊သားမက်၊​မြေးနှစ်ဦး /အာဏာသိမ်း​ခေါင်း​ဆောင်မိသားစုနဲ့ရင်းနှီးတဲ့ခရိုနီလက်သစ် နိုင်ဖြိုး​​ကျော် ၊ဝတ်မှုန်​ရွှေရည် တို့ကိုပန်းချီစိုးမိုးနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ-File photo
🤮41🖕194👍2🤣2🔥1👏1
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်နေ

စက်တင်ဘာ -၁၅၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၅ရက်)မနက်ပိုင်း ၉ နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုမြို့နယ်က ပဆေးလာရွာဘက်ခြမ်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

"လေယာဉ်ကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ထုလာတာ။ပြည်သူတွေပဲရှိနေတာလေ"လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

မြေပြင်အခြေအနေအရ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘဲ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ကျောင်းတွေ ပိတ်ထားဖို့နဲ့ ဒေသခံပြည်သူတွေ ဗုံးခိုကျင်းတွေမှာ နေထိုင်ဖို့ ကရင်နီစစ်ရှောင်အရေးကူညီသူတွေက တိုက်တွန်းပါတယ်။

"၉ နာရီ ကျော်ကစပြီး လေယာဉ်နဲ့ကြဲတာ ။၁၀ နာရီနောက်ပိုင်း ၁၁ ကျော်တဲ့အထိ လက်နက်ကြီးနဲ့ပစ်တယ်။အဲဒီဘက်က ဘာတိုက်ပွဲမှတော့ မရှိဘူး"လို့ ကရင်နီစစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။

စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့အနီး၀န်းကျင်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

အခု စက်တင်ဘာအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။

ရုပ်သံ - Karenni Hope

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဒီးမော့ဆိုအနောက်ခြမ်း #စစ်တပ်ဗုံးကြဲမှု #ကယားစစ်ရေး #ကရင်နီစစ်ရေး #မြန်မာ့စစ်ရေးသတင်း #DemosoAirStrike #DemosoWest #KarenniState #MyanmarJuntaBombing #MyanmarConflict #MyanmarNews
👎19🤬162👏1🎉1
Media is too big
VIEW IN TELEGRAM
👎22🤬15🤮4👍3👏1🎉1🖕1
စစ်မှူထမ်းတာဟာ ဂုဏ်ယူစရာဟု​မြေးနှစ်ဦးနိုင်ငံခြားပို့ထားတဲ့ဒါရိုက်တာ ပန်းချီစိုးမိုးပြော

■"စစ်မှူထမ်းခိုင်းတာဂုဏ်ယူစရာဆိုရင်သူ့မြေးတွေအရင်ထမ်းခိုင်းလေ။သူ့မြေး၂
ယောက် က နိုင်ငံခြားလွှတ်ထားတာ"-ရုပ်ရှင်​လောကသားတဦး

■"တိုင်းပြည်ကို ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစုရဲ့အကျိုးစီး
ပွားကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် မတရားစစ်မှုထမ်းဥပဒေကိုဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး"-ကိုရှင်းသန့်(စစ်ကိုင်း
တိုင်း သပိတ်အင်အားစု)

စက်တင်ဘာ ၁၅၊ ၂၀၂၆။ မေရီ/People's Spring

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါ
ရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ မြဝတီစင်တာမှာပြုလုပ်တဲ့ အာဏာသိမ်းစစ်တပ်ကနေ စီစဥ်ရိုက်ကူးတဲ့ စစ်မှုထမ်း ဝါဒဖြန့်ချိရေး ဇာတ်ကား ပရက်ရှိုးမှာ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောဆိုခဲ့တာပါ။

စစ်မှုထမ်းကို ကြောက်အောင်လှုံဆော်နေကြသူ​တွေကြောင့် ကြောက်နေကြတာသာဖြစ်ပြီး စစ်မှုထမ်းခြင်းဟာ ဂုဏ်ယူစရာကောင်းကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

"စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့"လို့ ၎င်းက ဆိုပါတယ်။

"စစ်မှူထမ်းခိုင်းတာဂုဏ်ယူစရာဆိုရင်သူ့မြေးတွေအရင်ထမ်းခိုင်းလေ။သူ့မြေး၂ယောက်
က နိုင်ငံခြားလွှတ်ထားတာ"လို့ရုပ်ရှင်​လောက
သားတဦးကတုန့်ပြန်ပါတယ်။

ပန်းချီစိုးမိုးဟာ မောင်မောင်အုန်း ပြန်ကြား​ရေးဝန်ကြီးဖြစ်တုန်းကလည်း ပေါင်းပြီး
ပရောဂျက်တွေရယူခဲ့သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင် အကြိုက် ဝါဒဖြန့်ချီ​ရေး​တွေလုပ်ပြီး မင်း​အောင်လှိုင် ဆီကပရောဂျက် တွေယူနေတယ်လို့ စစ်တပ်အတွင်းကဖြစ်စဥ်​တွေကိုသိသူက​ပြောပါတယ် ။

သူ့သားမက်မှာစစ်သားဖြစ်ပြီး စစ်တပ်အာဏာသိမ်းကတည်းကစစ်တပ်အတွက် အားတက်သ​ရော အလုပ်လုပ်ခဲ့တဲ့မိသားစုဖြစ်တယ်လို့ ပန်းချီစိုးမိုးကသိသူက​ပြောပါတယ် ။

"သူသမီးကဆန္ဒပြတဲ့သူ​တွေကိုနာမည်လိပ်စာနဲ့မှတ်ထားပြီးသူနဲ့မတည့်တဲ့သူ​တွေကိုသ
တင်း​ပေးပြီးလိုက်ဖမ်းခိုင်းဖူးတယ်။မိသားစုလိုက်ယုတ်မာတာ"လို့ ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ် ။

ပန်းချီစိုးမိုးမှာ ​မြေးအမျိုးသားတစ်ဦး ၊အမျိုးသမီးတဦးရှိပြီးသူတို့ကို​တော့ စစ်မှုမထမ်းခိုင်းဘဲ နိုင်ငံခြားပို့ထားတာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိကြောင်း၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာ နာမည်ကျော်အနုပညာရှင်တွေကအစ စစ်မှုထမ်းနေရကြောင်း ပန်းချီစိုးမိုးက ပြောပါ​သေးတယ်။

"ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။ ဟိုးအရင်ခေတ်တုန်းကဆိုရင် ခေတ်ဟောင်းမင်းသား Presley နာမည်ကြီးတဲ့ မင်းသားဆိုလည်း စစ်မှုထမ်းသွားရတာပဲ။ ကိုရီးယားမှာလည်း နာမည်ကြီးမင်းသားမင်းသမီး စစ်မှုထမ်းသွားရတာပဲ။ ဒါမထူးဆန်းဘူး။ ဒီအပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်"လို့ ၎င်းက ပြောပါတယ်။

သို့သော် လက်ရှိအချိန်ထိ ရုပ်ရှင်၊ သဘင်၊ ဂီတလောကက ဘယ်အနုပညာရှင်မှ စစ်မှု
ထမ်းရတာမရှိသေးကြောင်း သိရပါတယ်။

"မြေးတွေမြစ်တွေတော့ရှိမှာပေါ့။ ထမ်းခိုင်းလိုက်ပါလား စစ်တပ်အတွက်အကျိုးရှိသွားမှာပေါ့။ ပြီးတော့အနုပညာရှင်ဆိုတဲ့ကောင်တွေကိုလဲထမ်းဖို့တိုက်တွန်းပါလား။ ပိုလို့တောင်အကျိုးရှိဦးမယ်"လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ပန်းချီစိုးမိုးရဲ့ ပြောကြားချက်နဲ့ပတ်သတ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟကလည်း လက်ရှိမှာ ပန်းချီစိုးမိုးဟာ ရုပ်ရှင်အစည်းအရုံးမှာ တာဝန်ရှိတဲ့ လူကြီးတစ်ဦးဖြစ်တဲ့အတွက် အစည်းအရုံးအနေနဲ့ နိုင်ငံကျော် နာမည်ကြီး အနုပညာရှင်တွေ စစ်မှုမထမ်းမနေရ သို့မ
ဟုတ် စစ်မှုထမ်းပြီးမှသာ ရုပ်ရှင်ရိုက်ကူးခွင့်ပြုမယ်လို့ တရားဝင် စာထုတ်ပြန်ပေးဖို့တုံ့ပြန်ပါတယ်။

"အခု ဒီအင်တာဗျူးထဲမှာပြောသလို နိုင်ငံ
ကျော် နာမည်ကြီး သရုပ်ဆောင်တွေတောင်
စစ်မှူထမ်းရတယ်၊ ဒါကို ဂုဏ်ယူရမယ့်အစား ကြောက်နေကြတယ် ဆိုရင်အစည်းအရုံးကနေ နိုင်ငံကျော် နာမည်ကြီးတွေ စစ်မှု မထမ်းမနေရ ဆိုပြီး စာထုတ်ကြည့်လိုက်ပါ။ စစ်မှူထမ်း ပြီးမှ ရိုက်ကူးခွင့်ပြုမယ်လို့ စာထုတ်ကြည့်လိုက်။ အဲဒီမှာ နာမည်ကြီး နိုင်ငံကျော် တွေက အန်ကယ့်မျက်နှာကို ဘယ်ဟာ နဲ့ ထိုး ကြမလဲဆိုတာ လက်တွေ့သိပါလိမ့်မယ်။ ကိုယ်လွတ်တိုင်း ဖားပြီးမပြောပါနဲ့"လို့ သူက လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ပန်းချီစိုးမိုးက "လူတွေရဲ့မလိုလားအပ်တဲ့ လူတွေရဲ့အသိဉာဏ်သေးသိမ်တာပေါ့။လူတချို့ရဲ့ အသိဉာဏ်သေးသိမ်မှုကြောင့် အမြင်လွဲတာပေါ့။ စစ်မှုထမ်းခြင်းသည်ဘာမှမကောင်းစရာအ​ကြောင်းမရှိဘူး။ နိုင်ငံ့တာဝန်ကျေသွားတာပေါ့။ နှစ်နှစ်တာကာလ ဘာမှမကြာလိုက်ဘူး"လို့ဆိုခဲ့တာပါ။
🤮366🖕4👍2👎1👏1🤣1
ပန်းချီစိုးမိုးရဲ့​ပြောကြားချက်အ​ပေါ်စစ်ကိုင်း
တိုင်း သပိတ်အင်အားစုမှကိုရှင်းသန့်ကလည်း"ဒါရိုက်တာပန်းချီစိုးမိုးဆိုတာကတော့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖိနပ်ကို လျှာနဲ့ခဏခဏယပ်နေတဲ့သူ ဖြစ်တဲ့အတွက် ဒီလိုစကားမျိုး ထွက်လာတာတော့ မဆန်းဘူးပေါ့နော်။မတရားစစ်မှူထမ်းဥပဒေဆိုတာက တိုင်း
ပြည်ကို ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ မင်းအောင်
လှိုင်နဲ့ အပေါင်းအပါတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် မတရားစစ်မှုထမ်းဥပဒေကိုဘယ်လိုမှလက်ခံနိုင်စရာ အ
ကြောင်းမရှိဘူး။ ပြီးတော့ မင်းအောင်လှိုင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့အာ
ဏာကို မတရားသိမ်းထားတာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုအဆင့်ပဲ ရှိတယ်။ ဓါးပြအဆင့်ပဲရှိတယ်။ ဒါမျိုးတွေကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုအကြောင်းပြချက်နဲ့မှ လက်ခံလို့မရဘူးဆိုတာတော့ အားလုံးသိအောင်ပြောချင်ပါတယ်"လို့ တုံ့ပြန်ပါတယ်။
တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုဟာ စစ်မှုထမ်း ဝါဒဖြန့် ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးထားတာဖြစ်ပါတယ်။

ပန်းချီစိုးမိုးဟာ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကားအပါအဝင် စစ်တပ် ဝါဒဖြန့်ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ အများအပြားရိုက်
ကူးခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းကာလ ၂၀၂၃ ခုနှစ်မှာပဲ ရုပ်ရှင်တစ်သက်တာဆုကို ရရှိခဲ့ပါတယ်။


#ပန်းချီစိုးမိုး #စစ်မှုထမ်း #ရုပ်ရှင်လောာက
#peoplesspring #ludunwayoo
🤮31🖕41🔥1👏1
Media is too big
VIEW IN TELEGRAM
🤮33🖕30👍4🤣31👏1💩1
ချင်းတောင်ပိုင်း စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားတွေ ယူနီဖောင်းတွေချွတ် ထွက်ပြေးနေဟုဆို

စက်တင်ဘာ-၁၅၊၂၀၂၆။ဖိုးသား/People's Spring

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၆ဦးထက်မနည်းဟာ လောင်းရှည်-တောင်ဘို့ကြီးရွာကြားမှာ ထွက်ပြေးခဲ့တာလို့ဆိုပါတယ်။

"ထွက်ပြေးတဲ့သူများတယ်။တော်လှန်ရေးဘက်ကတော့ ထုတ်ပြန်ဦးမယ်မထင်ဘူး။ မနေ့က လမ်း ကြောင်း၀င်ရှင်းတော့ တပ်မ(၉၉) ဘတ်တံဆိပ်နဲ့ အ၀တ်အထည်တွေ တွေ့ရတာကြောင့် ယူနီဖောင်ပါချွတ်ပြီး ထွက်ပြေးကြတယ်လို့ ပြောလို့ရတယ်"လို့ ဆောမြို့နယ် တေယ်လှန်ရေးတပ်တွေနဲ့နီးစပ်သူတစ်ဦးက ‌ပြောပါတယ်။

လက်ရှိစစ်တပ်စစ်ကြောင်းက လောင်းရှည် နဲ့ ဆောမြို့လမ်းပိုင်းပေါ်က သီးကုန်းကျေးရွာကနေ ဆောမြို့ကို တချို့၀င်ရောက်နေပြီလို့ သူက အသိပေးပါတယ်။

အင်အား ၃၀၀ ၀န်းကျင်ပါတဲ့စစ်ကြောင်းက လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်းလမ်းအတိုင်းစက်တင်ဘာ ၁၂ ရက်က ဆောမြို့ကို ဦးတည်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအင်အားတွေက ဆောမြို့နဲ့ ၁၂ မိုင်၀န်းကျင် အကွာမှာရှိတဲ့ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စစ်ကူပို့လိမ့်မယ်လို့ ‌ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

"ဆောမြို့နယ်ထဲက ဆောမြို့မှာရော၊ကျောက်ထုမြို့မှာ ပါ မြေပြင် အင်အားရော လေကြောင်းကနေ ပါရိက္ခာခဲယမ်းတောက်လျှောက်ဖြည့်နေတာရှိတယ်။ချင်းတောင် ကို ထပ်တိုးမယ့် အနေအထားတွေပါ"လို့ သူက ပြောပါတယ်။

‌စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

မေလကစပြီး ကပစ (၂၅) မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

လောင်းရှည်-ဆောလမ်းပိုင်းမှာ ဩဂုတ်လပထမပတ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းတွေအပါအ၀င် ဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာတဲ့ စစ်သုံ့ပန်း ၂၀ ကျော်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောထားပါတယ်။

လက်တလော ဆောမြို့ကို အင်အားဖြည့်နေတဲ့ စစ်ကြောင်းဟာ လည်း ဆိပ်ဖြူ ကပစ(၂၂)ကတဆင့် လောင်းရှည်မြို့ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ကို စက်တင်ဘာ ၇ ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင် ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
🤣31👍13👏92🖕2👎1
(ချင်းတောင်ပိုင်း စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းက ထွက်ပြေးသွားသူတွေရဲ့ ယူနီဖောင်းတွေ တွေ့ရစဉ် ။ဓာတ်ပုံ - မင်းဒင်)
👍39🤣9👏7😁3👎1🖕1
စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ရေး ညီညွတ်ကြိုးပမ်းဖို့ SCEF ခေါင်းဆောင်တွေ တိုက်တွန်း

စက်တင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၅ရက်မှာ ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ SCEF ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်တို့က မိန့်ခွန်းပြောကြားခဲ့ရာ အခုလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစစ်စစ် မဖြစ်ထွန်းခဲ့ဖူးသေးတဲ့ နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ကြုံပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးက ရပ်တန့်သွားခဲ့ရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီမိုကရေစီ စနစ်ကို လေ့လာကြည့်ရင်၊ အားနည်းချက် အနည်းဆုံးသော စနစ်တစ်ခုဖြစ်တာကို တွေ့ရတယ်လို့ ယာယီသမ္မတက ပြောကြားပြီး ဒီမိုကရေစီအတွက် အသက်နဲ့ ခန္ဓာကို မြှုပ်နှံစတေးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း များစွာတို့ကို လေးစားဦးညွှတ်ကြောင်း ဖော်ပြပါတယ်။

“ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုကရေစီဟာ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးမှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံဟာ လူမျိုးစု အမှတ်သရုပ်ပေါင်းစုံ- များပြားစုံလင်တဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အဲသည့်အတွက် ဖက်ဒရယ်စနစ်ကိုပါ ထည့်သွင်း တည်ဆောက်ဖို့ လုပ်ကြရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အားလုံး ဖြတ်သန်းချီတက်နေတဲ့ "နွေဦးတော်လှန်ရေး" ဟာ၊ "ဖက်ဒရယ်ဒီမိုကရေစီစနစ်" နဲ့ တိုင်းသစ်ပြည်သစ်တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ ရုန်းကန်မှုကြီးပဲဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

အခုဆိုရင် SCEFလို့ ခေါ်တဲ့ "တပ်ပေါင်းစုံ သဏ္ဍန်" တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြပြီး ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက်ဖြစ်တယ်လို့ အသိပေးပါတယ်။ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ထုတ်တိုက်ဖျက်ပစ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

“ပြည်သူတစ်ရပ်လုံးဟာ လက်ရှိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ SCEF ရဲ့ တော်လှန်ရေးတပ်ပေါင်းစု၏ ခေါင်းဆောင်မှုနောက်ကို ယုံကြည်စွာ လိုက်ပါနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ ယနေ့ ကြုံတွေ့ဖြတ်သန်းနေရတဲ့ တော်လှန်ရေးဖြစ်စဉ်ကြီးဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဖက်ဒရယ်လှုပ်ရှားမှု လှိုင်းနှစ်ခုကို ဟန်ချက်ညီညီ မောင်းနှင်နေတဲ့ သမိုင်းကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမိုကရက်တစ် (Democratic) တွေနဲ့ ဖက်ဒရယ်လစ် (Federalist) တွေအကြား အပြန်အလှန် / အညီအညွတ် / အပေါင်းအစပ်ပြုရေးကို ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း နွေဦးတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရုံသက်သက်သာ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများ မျှော်လင့် တောင့်တနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်ရွယ်တဲ့ တိုက်ပွဲတစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားပါတယ်။

“လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိလာခဲ့ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုမရှိဘဲ အားလုံးတန်းတူ ပါဝင်ခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ မယိမ်းမယိုင် ဆက်လက်ချီတက်နေပါတယ်” လို့ ဝန်ကြီးချုပ်က ပြောကြားပြီး အခမ်းအနားမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ရာ လိုလားတောင့်တလျက်ရှိတဲ့ ဒီမိုကရေစီဟာ ရိုးရိုး ဒီမိုကရေစီမျှသာမဟုတ် စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သဟဇာတဖြစ်မှုကို အာမခံနိုင်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီ" ဖြစ်ကြောင်း ပြောကြားပါတယ်။
👏288👍1🤮1🤣1🖕1
“ဖက်ဒရယ်စနစ်မပါဝင်သော ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်သကဲ့သို့ ဒီမိုကရေစီစံနှုန်းများ ကင်းမဲ့သည့် ဖက်ဒရယ်စနစ်သည်လည်း စစ်မှန်သော လွတ်လပ်မှုကို ပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် SCEF အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ခိုင်မာသော မူဝါဒလမ်းကြောင်း များဖြင့် အစွမ်းကုန် စုစည်းဆောင်ရွက်လျက်ရှိနေသည်ကို တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းကို ယနေ့တွင် ထပ်လောင်း အသိပေးအပ်ပါသည်” လို့ ခူဦးရယ်က သဝဏ်လွှာ ပေးပို့ပါတယ်။

ဒီမိုကရေစီရဲ့ အဓိကသဘောတရားဟာ "အာဏာသည် ပြည်သူ့ထံမှလာသည်" ဆိုသည့် အတိုင်း ပြည်ထောင်စုရဲ့ အနာဂတ်ကို သေနတ်၊ စစ်အင်အား၊ ဟန်ပြပွဲများဖြင့်မဟုတ်ဘဲ မြန်မာပြည်သူလူထုရဲ့ ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမယ်လို့လည်း ကရင်နီ ခေါင်းဆောင်တဦးဖြစ်တဲ့ ခူဦးရယ်က ပြောပါတယ်။

ဒါကြောင့် တိုင်းရင်းသားအင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရနဲ့ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ပြီး တူညီသော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ ဘုံပန်းတိုင်ဖြင့် ချီတက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တချိန်တည်းမှာ ထုတ်ပြန်ချက်တွေနဲ့ တုန့်ပြန်တာထက် ကျော်လွှန်ပြီး စစ်အုပ်စုရဲ့ အာဏာထိန်းချုပ်ထားမှုကို ရပ်တန့်နိုင်ဖို့ ၊ ပြည်သူ့အာဏာကို ပိုင်ရှင်အစစ်ဖြစ်သော ပြည်သူလူထုထံ ပြန်လည်ပေးအပ်ဖို့ ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ တိုက်ရိုက်ရောက်ရှိရေး ဆောင်ရွက်ပေးဖို့နဲ့ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီမိတ်ဆွေများကို တိုက်တွန်းကြောင်းလည်း SCEF အလှည့်ကျသဘာပတိက ပြောကြားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ သွားရာလမ်းဟာ ကြမ်းတမ်းကောင်း ကြမ်းတမ်းမှာ ဖြစ်ပေမဲ့ ပြည်သူများရဲ့ တွန်းလှန်စွမ်းအား၊ အင်အားစုများရဲ့ ညီညွတ်မှုတို့ဖြင့် မျှော်မှန်းသည့်အနာဂတ်ကို မုချဆွတ်ခူးနိုင်မယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း ခူဦးရယ်က ပြောကြားပါတယ်။
28👍9👏5🤣2🤮1🖕1
(ပြင်သစ်ရောက်မြန်မာတွေ SCEF ကို ကြိုဆိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ - NUG Representative Office - France)
👍31🥰8👏52🤣2🤮1🖕1
ပုလဲမြို့အနီး စစ်တပ် ဗုံးကြဲမှု အရပ်သားထိခိုက်မှုရှိ

စက်တင်ဘာ-၁၅၊ ၂၀၂၆။ ‌ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

ကံပေါက်ရွာကို ဒီနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်မှာ Gyrocopter ၃ စီးနဲ့ ဗုံးကြဲချတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ပုလဲတောင်ပိုင်း ကံပေါက်ကို ကြဲတာ။ မြို့နဲ့ နှစ်မိုင်လောက်ပဲ ဝေးတယ်။ ဒေသခံတွေ ထိတယ်။ သေဆုံးတာတွေ ရှိတယ်တဲ့။ အခု ကျ‌မတို့တွေ ပုန်းကျင်းထဲက မထွက်ရဲသေးဘူး"လို့ ကံပေါက်ရွာအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ပုလဲမြို့နယ်ဟာ ယင်းမာပင်ခရိုင်ထဲမှာ ပါဝင်ပါတယ်။ စစ်တပ်က မြို့ပေါ်မှာ တပ်စွဲထားပြီး ကျေးရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ လာပြီးဗုံးကြဲတာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေကို အသေးစ်ိတ်မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်အချို့ကိုလည်း လေကြောင်းကနေမကြာခဏ ဗုံးကြဲနေပါတယ်။

စက်တင်ဘာ ၁၃ရက်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ၊ ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်အချို့အပါအဝင် ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
😢22🤬13👎2👏2🎉1🤮1
😢24🤬6👎2👏2🎉1
■အ​တွေးအမြင်

တရားဝင်မှု မရတဲ့ မင်းအောင်လှိုင်ရဲ့သံတမန်
ရေး ခရီးစဉ်​တွေနဲ့ အိမ်နီးချင်းနိုင်ငံ​တွေရဲ့
တာဝန်ရှောင် လှည့်ကွက်များ

-ခါကာဘို ရေးသားသည်။

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်
တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီး
ချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာဧပြီလမှာ မိမိကိုယ်မိမိ သမ္မတအဖြစ်ကြေညာပြီးနောက်
လာအို ၊အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို ဆက်တိုက်ဆိုသလို သွားရောက်ခဲ့ပြီး ယခု စက်တင်ဘာလ ၁၁ ရက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကို ၇ နိုင်ငံမြောက်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ပါတယ်။ငါးလအတွင်း၇နိုင်ငံအထိ နိုင်ငံတကာ
သံတမန်ရေးရာ ထိုးစစ်ဆင်နေတာဟာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပယ်ကျဉ်းခံထားရတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး နိုင်ငံတကာစင်မြင့်ဆီ ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေတာပါ။

ဒါပေမဲ့ ဒီလို သွားရောက်တွေ့ဆုံမှုတွေဟာ မင်းအောင်လှိုင် မျှော်လင့်နေသလို တကယ့် "တရားဝင်မှု" ကို ရရှိတာဟုတ်မဟုတ် ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အဓိကသွား​​ရောက်တဲ့ နိုင်ငံ​တွေကို ကြည့်ရင်၊ အာဏာမသိမ်းခင်ကရော ၊အာဏာသိမ်းပြီး​နောက်ပိုင်း​ရော မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံ​တွေဖြစ်​နေတာကိုတွေ့ရပါတယ်။မြန်မာပြည်သူတွေကြားမှာရော ဒီမိုကရေစီတန်ဖိုးများကို အားပေးတဲ့ အနောက်နိုင်ငံတွေ နဲ့ အာဆီယံအဖွဲ့ဝင်အချို့နိုင်ငံတွေမှာပါ တရားဝင်မှု မရရှိသေးပါဘူး။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊စင်ကာပူ၊ဖိလစ်ပိုင် ၊တီ​မောတို့လို အာဆီယံနိုင်ငံတွေကတော့ စစ်အစိုးရဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်
အထည်မဖော်သမျှ စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကမ္ဘော
ဒီးယားနိုင်ငံတို့ရဲ့လက်ခံတွေ့ဆုံမှု အခင်းအ
ကျင်းတွေကို သေချာကြည့်ရင် မင်းအောင်
လှိုင်ကို တကယ်တမ်း အသိအမှတ်ပြုချင်လို့ထက် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်
ငံရေးအရ တာဝန်ယူရမှုကို လျှော့ချချင်တာကြောင့် သံတမန်ရေးရာ နည်းဗျူဟာတွေ သုံးထားတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံဆိုရင် ကီလိုမီတာ ၂,၄၀၀ ကျော် ထိစပ်နေတဲ့ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ ရွှေ့ပြောင်းအလုပ်သမား နဲ့ အွန်လိုင်းလိမ်
လည်မှု ဂိုဏ်းတွေလို လက်တွေ့ကျတဲ့ နှစ်နိုင်ငံ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်သာ တွေ့ဆုံတာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။

ထိုင်းအစိုးရဟာ လက်တွေ့လိုအပ်ချက်အရ တွေ့ဆုံဆွေးနွေးတာ(Engagement)နဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ (Recognition)ကိုသီးခြားစီခွဲခြားထားပြီးမင်း
အောင်လှိုင်စစ်အစိုးရကို တရားဝင်အသိအ
မှတ်ပြုဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။သို့သော်
လည်း လက်တွေ့မှာ ကော်ဇောနီခင်း ကြိုဆိုတာမျိုးတွေဟာ အာဏာသိမ်းအစိုးရအတွက် နိုင်ငံရေးအရ ထင်ယောင်ထင်မှား အသုံးချစရာ ဖြစ်သွားစေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်ပိုပြီးတော့တောင်
ပါးနပ်တဲ့နိုင်ငံရေးလှည့်ကွက်ကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံအချို့နဲ့ အနောက်အုပ်စုက မင်းအောင်လှိုင်ကို တရားဝင်မှုမပေးရေး ပြင်းပြင်းထန်ထန် ရပ်တည်နေချိန်၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းသတင်းတွေထွက်ပေါ် နေချိန်မှာအ
ထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဝန်ကြီးချုပ် ဟွန်မာနက်တို့ အစိုးရအဖွဲ့ဟာတိုက်ရိုက် တာ
ဝန်ယူရမှုကို ရှောင်လွှဲချင်ခဲ့တာကြောင့် မင်းအောင်လှိုင်ကို ဖိတ်ကြားရာမှာ ဘုရင် နိုရိုဒွန်သီဟမိုနီရဲ့အမည်ကိုသုံးပြီးနန်းတွင်းသံတမန်ရေးရာ ထုံးတမ်းစဉ်လာ (Royal Protocol) အဖြစ် ပုံဖော်ဖိတ်ကြားခဲ့တာပါ။

ရုတ်တရက်ကြည့်လိုက်ရင်ဘုရင်ကိုယ်တိုင်ဖိတ်ကြားထားသလိုထင်ရနိုင်ပါတယ်။ ဒါပေ
မဲ့တကယ်တမ်း ကမ္ဘောဒီးယား ဖွဲ့စည်းပုံအရ ဘုရင်မှာ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိဘဲ အခန်းအနားဆိုင်ရာ ကဏ္ဍမှာသာရှိပါတယ်။ အဓိက ဆုံးဖြတ်ချက်တွေကိုတော့ ဟွန်ဆန်နဲ့ ဟွန်မာနက်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကပဲ ချမှတ်တာပါ။ ဒါကြောင့် ဘုရင်ရဲ့ နာမည်ကို အသုံးပြုတာဟာ နိုင်ငံတကာက တိုက်ရိုက်ဝေဖန်မှုတွေ၊ ဖိအားတွေကိုအစိုးရအဖွဲ့အပေါ်
တိုက်ရိုက်မကျရောက်အောင် တာဝန်ယူမှုကို ရှောင်ရှားတဲ့ နည်းဗျူဟာ ဖြစ်နိုင်ကြောင်း လေ့လာသူအများစုက သုံးသပ်ကြပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နဲ့ အနောက်
နိုင်ငံတွေကတော့ ပြည်သူက ရွေးကောက်
တင်မြှာက်ထားတဲ့ အစိုးရကို အာဏာသိမ်းပြီး စစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို အတုအယောင်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားနေတာကြောင့်လည်းပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးမယ့် လက္ခဏာ လုံးဝမရှိသေး
ပါဘူး။
👍1915😁3🤣2🖕1
အချုပ်အားဖြင့် မင်း​အောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်​တွေဟာအပေါ်ယံအားဖြင့် သံတမန်ရေး အောင်မြင်မှု တစ်ရပ်အဖြစ် ပုံဖော်ထား​ပေမယ့် လက်တွေ့မှာ အိမ်နီးချင်းနိုင်ငံ​တွေရဲ့လက်တွေ့အကျိုးစီးပွားနဲ့သံတမန်ရေးတွက်
ချက်မှု​တွေအပေါ် အခြေခံထားတဲ့ထိတွေ့ဆက်ဆံမှုများသာဖြစ်​နေပါတယ်။ဒါကြောင့် မင်းအောင်လှိုင်ဦးဆောင်‌သော စစ်အုပ်စုအ
တွက် စစ်မှန်တဲ့ နိုင်ငံတကာ တရားဝင်မှု ရရှိဖို့က လက်ရှိအခြေအနေအရ အလွန်ဝေးကွာ​နေကြောင်း မြင်တွေ့ရပါတယ်။ ။

ကိုးကား - DW, Reuters, Associated Press (AP), Cambodia Ministry of Foreign Affairs

#မင်းအောင်လှိုင် #ပြည်ပခရီးစဥ်
#အိမ်နီးချင်းနိုင်ငံတွေ #အာဏာရှင်
#peoplesspring #ludunwayoo
👍35🤣3🖕31👎1👏1💩1