People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍332🤣2🖕2🤮1
AAက စစ်တွေမှာစစ်တပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်

“တိုက်ပွဲပုံစံပြောင်းသွားပြီ။စစ်တပ် စစ်
ကြောင်းတွေကတော့ဒီအတိုင်းရပ်နေတယ်။ ကိုယ့်ဘက်ကလည်းကိုယ့်လမ်းကြောင်းနဲ့ကိုယ် စစ်တပ်စခန်းတွေကိုသီးသန့်တန်ပြန်
ထိုးစစ်ဆင်နေတယ်" -AAနဲ့နီးစပ်တဲ့စစ်​ရေးရင်းမြစ်

စက်တင်ဘာ-၁၄၊၂၀၂၆။ခိုင်မြတ်/People's Spring

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အ
မြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် ပါဒလိတ်တပ်ရင်အနီးရှိအမြင့်ကျွန်းရွာဝန်းကျင်၊ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)၊ကျားမသောက်တပ်ရင်းတို့အနီး တောကန်ရွာဝန်း
ကျင် နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်စခန်းတွေကိုအာရက္ခတပ်​တော်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ဒီနေ့(စက်တင်ဘာ-၁၄)တနေ့လုံးနီးပါးတိုက်ပွဲပြင်းကာ စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူအများအပြားရှိ နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲပုံစံပြောင်းသွားပြီ။စစ်တပ်စစ်
ကြောင်းတွေကတော့ဒီအတိုင်းရပ်နေတယ်။ ကိုယ့်ဘက်ကလည်းကိုယ့်လမ်းကြောင်းနဲ့ကိုယ် စစ်တပ်စခန်းတွေကိုသီးသန့်တန်ပြန်
ထိုးစစ်ဆင်နေတယ်။အရင်ကတိုက်လက်စနေရာတွေမှာဆက်ပြီးထိုးနေတာ။တိုက်ပွဲပြင်းနေတယ်”လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA ရဲ့တန်ပြန်ထိုးစစ်တိုက်ပွဲ​တွေအတွင်းမှာ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းက စစ်
တပ်ဘက်က တစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ “တောကန်နဲ့ ကံ့ကော်ကျွန်းဘက်မှာတဆယ်ကျော်လောက်ရလိုက်တယ်။ အမြင့်ကျွန်းဘက်မှာတော့ ရှေ့တိုးမလာနိုင်အောင်တားထားတဲ့သဘောလောက်ပဲ၊ တိုက်ပွဲသိပ်မပြင်းဘူး”လို့AA နဲ့နီးစပ်တဲ့စစ်​ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်နဲ့အစပ် စစ်တွေမြို့နယ် ဝါဘိုကျွန်းအနီးဝန်းကျင်ဘက်မှာတော့ အင်
အားဖြည့်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်
ကြောင်းတခုကျန်နေပြီး အဲဒီစစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရွှေ
မင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာဘက်သို့ တစ်ကြောင်း၊ ဝါဘိုကျွန်း၊ မြစ်နာရွာဘက်သို့ တစ်ကြောင်း၊ စစ်
ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေခဲ့တာပါ။

အဲဒီစစ်ကြောင်းနှစ်ကြောင်းထဲက ခမောင်းတောရွာဘက် စစ်ကြောင်းဟာ ဆယ်ချီသေ
ဆုံးထိခိုက်ပြီး ရဲရိုးပြင်ရွာနား ထိ နောက်ပြန်ဆုတ်သွားခဲ့ရကာ မြစ်နားရွာအနီးစစ်ကြောင်းတစ်ခုပဲ ကျန်နေတော့တယ်လို့ မြေပြင်သ
တင်းရင်းမြစ် တွေက ပြောကြပါတယ်။

အဲဒီလို တိုက်ပွဲပြင်းနေချိန် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လေကြောင်းတိုက်
ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးစက်တင်ဘာ ၁၄ညနေပိုင်းမှာလည်း ပေါက်တောမြို့နယ်ဘက်ခြမ်းကို ဗုံး ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့တရက်တည်းမှာလေယာဉ်ငါးစီး၊ ခြောက်စီးရှိပြီလာတာ။ အစပ်တွေကို ကြဲတယ်။ ပေါက်တော ဆံတော်ရှင် ကျွန်းကိုလည်း အခု ကြဲနေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ဒီနေ့ ညနေ လေးနာရီဝန်းကျင်မှာ ပြော ပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ်၊အမြင့်ကျွန်း၊ ရွှေမင်းဂံတို့ကနေ အင်အား ထောင်ဂဏန်းနဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ အမြင့်ကျွန်းဘက် စစ်ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲအထိနာနောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။

အဲဒီလို နောက်ပြန်ဆုတ်သွားခဲ့စစ်တပ်စစ်
ကြောင်း​တွေကို AA က လိုက်တိုက်သလို နောက်ထပ် တောကန်၊ ကံ့ကော် ကျွန်းတို့ဘက်မှာလည်း စစ်ကြောင်းသစ်ထိုးကာ တန်ပြန်ထိုးစစ်လုပ်နေတာပါ။

“စစ်တပ်က ပုဏ္ဏားကျွန်းဘက်ခြမ်းမှာ စစ်ကျွံသွားတာပေ့ါ။အဲဒါ ပြန်ဆုတ်ဖို့ မလွယ်တော့ဘူး။လက်နက်ချရင်ချ၊မချရင် သေဖို့ပဲ ရှိမှာ။ AA ကလည်းစစ်တွေဘက် ဒကစနားထိ နဂိုကတည်းက လမ်းကြောင်းပေါက်ပြီးသား၊ ပြင်းပြင်းထန်ထန်မတိုက်လို့ပဲ ငြိမ်နေတာ။ အခုအတိုင်းဆိုရင် AA က ထိုးစစ်ကို အရှိန်မြင့်လာမယ်ထင်တယ်။ ဒကစနားတွေမှာ တိုက်ပွဲတွေ ပိုပြင်းလာနိုင်တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့ လာသူတဦးက ပြောပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေတစ်ပါတ်​ကျော်အထိ AA စခန်းတစ်ခုမှမသိမ်းနိုင်ခဲ့သလို ၊စစ်တွေစစ်မျက်နှာမှာပဲ စစ်တပ်က သေဆုံးရသူ နှစ်ရာကျော်ထိ ရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း စစ် တပ်ဘက်က အထိနာနေတယ်လို့ သတင်းရရှိပါတယ်။



#အာရက္ခတပ်တော် #AA
#စစ်တွေ #ကျောက်ဖြူ #တန်ပြန်ထိုးစစ်
#peoplesspring #လူထုနွေဦး
44👏18👍5🥰4😁3🤣2🖕2
အာရက္ခတပ်​​တော်(AA)တပ်ဖွဲ့ဝင်​တွေ။
ဓါတ်ပုံ-AA Infodesk
50👍13🥰3👏2🤮2🖕2😁1🫡1
အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတက်ရောက်

စက်တင်ဘာ-၁၅၊ ၂၀၂၆။ People’s Spring

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ ထုတ်ပြန်အပြီး တစ်ရက်အကြာ မနေ့က တနင်္လာနေ့မှာ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိတဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် ကွယ်လွန် နတ်ရွာစံခြင်းအတွက် သူ့ကိုအောက်မေ့လွမ်းဆွတ်တဲ့ အခမ်းအနားကို မနေ့ မနက်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိက ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံး ထိပ်တန်းတာဝန်ရှိသူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်စား တက်ရောက်ကာ အောက်မေ့ဖွယ်စကား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂရှိ သက်ဆိုင်ရာ ဒေသအုပ်စုများရဲ့ အလှည့်ကျဥက္ကဋ္ဌများကလည်း ပါဝင်တက်ရောက်ကာ အမှတ်တရ အောက်မေ့ဖွယ်စကားများ ပြောကြားခဲ့ကြတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းမှာ ဘုရင်ကြီးအနေနဲ့ မင်းစံသက် (၃၅) နှစ်တာကာလတွင် စည်းလုံးညီညွတ်မှု၊ ကရုဏာတရား ထားရှိမှုနဲ့ ဂုဏ်သိက္ခာပြည့်ဝမှုတို့ရဲ့ မီးပြတိုက်တစ်ခု ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြောင်း ထည့်သွင်းပြောကြားပါတယ်။ နောက်ပြီး ဘုရင်ကြီးဟာ မင်းစံသက်တစ်လျှောက်မှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စဉ်ဆက် မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိကဝတ်ထားကာ ကြိုးပမ်းအားထုတ်ခဲ့တဲ့ လုပ်ဆောင်ချက်များကြောင့် ဥရောပဒေသ နယ်နိမိတ်များကို ကျော်လွန်ကာ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများရဲ့ နှလုံးသားကိုပင် လှုပ်ခတ်နိုင်ခဲ့တဲ့ လေးစားဖွယ် ဘုရင်တစ်ပါး ဖြစ်ခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားပါတယ်။

ဒါ့အပြင် နော်ဝေဘုရင်ကြီးဟာ အလွှာပေါင်းစုံမှာ ရှိတဲ့ ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံခြင်းနဲ့ အမြဲတစေ နှိမ့်ချဆက်ဆံခြင်းတို့ကို ပေါင်းစပ်ထားတဲ့ ထူးကဲသော စွမ်းရည်များကြောင့် ခေတ်သစ်တော်ဝင်စနစ်ကို အမျိုးသားရေး စိတ်သက်သာရာရမှုနဲ့ ကြံ့ကြံ့ခံနိုင်မှုတို့ရဲ့ တည်တံ့ ခိုင်မြဲသော သင်္ကေတအဖြစ် ပြောင်းလဲ ပုံဖော်နိုင်ခဲ့ကြောင်းလည်း သံအမတ်ကြီးက သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လက်ရှိ ကျင်းပနေတဲ့ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သလို ကုလသမဂ္ဂရဲ့ ပင်မကော်မတီနဲ့ ဆက်စပ်အစည်းအဝေးတွေမှာလည်း တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက လူထုနွေဦးကို ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ် (၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလတလျှောက်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ မိန့်ခွန်းပေါင်း ၈၀ ကျော်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
54👍14🥰6👏3🤣2😁1🖕1
(ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး)
64🥰9👍5🖕3🤣1
KNPP အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး နေရာ အစားထိုးခန့်အပ်

စက်တင်ဘာ -၁၅၊၂၀၂၆။ဇော်၀င်း/People's Spring

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူး ရာထူးနေရာကို ပြန်လည်ရွေးချယ်တာနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် လစ်လပ် သွားသော KNPPရဲ့ကိုယ်စားပြုမှုကို အစားထိုး ခန့်အပ်တာတွေ ဆောင်ရွက်ခဲတယ်လို့ ဆိုပါတယ်။

ပါတီအထွေထွေအတွင်းရေးမှူး ရာထူးနေရာမှာ လက်ရှိ ပါတီအတွင်းရေးမှူး (၁)ဖြစ်သူ ရဲဘော်ပလူးရယ် နဲ့ ပါတီအတွင်းရေးမှူး(၁) ရာထူးနေရာမှာ လက်ရှိ ပါတီအတွင်းရေးမှူး(၂) ဖြစ်သူ ရဲဘော်နဲနယ်ပလိုးကို ပါတီလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ရာထူးတာဝန်လွှဲပြောင်း ခန့်အပ်ခဲ့တယ်လို့ KNPP က ထုတ်ပြန်ပါတယ်။

ရာထူးတာဝန်အလွှဲအပြောင်းတွေကြောင့် လစ်လပ်သွားတဲ့ အတွင်းရေးမှူး(၂) ရာထူးနေရာ အတွက် အမြဲတမ်းပါတီဗဟိုကော်မတီဝင်တွေနဲ့ ပါတီဗဟိုကော်မတီဝင်တွေ အကြား ပါတီအခြေခံမူ လမ်းစဉ်၊ဖွဲ့စည်းပုံဥပဒေ နဲ့အညီ လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်တင်မြောက်ခဲ့ရာ ရဲဘော်သဲမာ က ပါတီအတွင်းရေးမှူး(၂) အဖြစ်မဲအရေအတွက် အများဆုံးရရှိခဲ့တာ‌ကြောင့် အတည်ပြုခန့်အပ် ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှာလစ်လပ်သွားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်နေရာမှာ ပါတီဒုတိယဥက္ကဌ ရဲဘော်ခူးထဲဘူးကို ရွေးချယ်စေလွှတ် ခဲ့တယ်လို့လည်း KNPP က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန် သွားတဲ့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို အုတ်မြစ်ချခဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ ပြီးကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ တော်လှန်ရေးမှာ မြန်မာနိုင်ငံ ကာလမှာ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖို့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ဖို့နဲ့ နိုင်ငံရေးအရ ဦးဆောင်မှုတွေမှာလည်း ပါ၀င်ခဲ့ပါတယ်။

နှစ်ပေါင်း ၇၀ နီးပါး စစ်အစိုးရကို တော်လှန်ခဲ့တဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ လက်နက်ကိုင်တပ်ဟာ ကရင်နီတပ်မတော် (KA)ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်းအသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ရှိနေပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို KNPP က ဖွဲ့စည်းခဲ့ပါတယ်။

KSCC ကနေပြီး ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCက အကောင်အထည် ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။
👍404🥰3🤮2👏1🤣1🖕1
(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပနေစဉ်။ ဓာတ်ပုံ - KNPP)
👍38🥰6🤮2🖕21
စစ်မှူထမ်းတာဟာ ဂုဏ်ယူစရာဟု​မြေးနှစ်ဦးနိုင်ငံခြားပို့ထားတဲ့ဒါရိုက်တာ ပန်းချီစိုးမိုးပြော

■"စစ်မှူထမ်းခိုင်းတာဂုဏ်ယူစရာဆိုရင်သူ့မြေးတွေအရင်ထမ်းခိုင်းလေ။သူ့မြေး၂
ယောက် က နိုင်ငံခြားလွှတ်ထားတာ"-ရုပ်ရှင်​လောကသားတဦး

■"တိုင်းပြည်ကို ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစုရဲ့အကျိုးစီး
ပွားကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် မတရားစစ်မှုထမ်းဥပဒေကိုဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိဘူး"-ကိုရှင်းသန့်(စစ်ကိုင်း
တိုင်း သပိတ်အင်အားစု)

စက်တင်ဘာ ၁၅၊ ၂၀၂၆။ မေရီ/People's Spring

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါ
ရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ မြဝတီစင်တာမှာပြုလုပ်တဲ့ အာဏာသိမ်းစစ်တပ်ကနေ စီစဥ်ရိုက်ကူးတဲ့ စစ်မှုထမ်း ဝါဒဖြန့်ချိရေး ဇာတ်ကား ပရက်ရှိုးမှာ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောဆိုခဲ့တာပါ။

စစ်မှုထမ်းကို ကြောက်အောင်လှုံဆော်နေကြသူ​တွေကြောင့် ကြောက်နေကြတာသာဖြစ်ပြီး စစ်မှုထမ်းခြင်းဟာ ဂုဏ်ယူစရာကောင်းကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။

"စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့"လို့ ၎င်းက ဆိုပါတယ်။

"စစ်မှူထမ်းခိုင်းတာဂုဏ်ယူစရာဆိုရင်သူ့မြေးတွေအရင်ထမ်းခိုင်းလေ။သူ့မြေး၂ယောက်
က နိုင်ငံခြားလွှတ်ထားတာ"လို့ရုပ်ရှင်​လောက
သားတဦးကတုန့်ပြန်ပါတယ်။

ပန်းချီစိုးမိုးဟာ မောင်မောင်အုန်း ပြန်ကြား​ရေးဝန်ကြီးဖြစ်တုန်းကလည်း ပေါင်းပြီး
ပရောဂျက်တွေရယူခဲ့သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင် အကြိုက် ဝါဒဖြန့်ချီ​ရေး​တွေလုပ်ပြီး မင်း​အောင်လှိုင် ဆီကပရောဂျက် တွေယူနေတယ်လို့ စစ်တပ်အတွင်းကဖြစ်စဥ်​တွေကိုသိသူက​ပြောပါတယ် ။

သူ့သားမက်မှာစစ်သားဖြစ်ပြီး စစ်တပ်အာဏာသိမ်းကတည်းကစစ်တပ်အတွက် အားတက်သ​ရော အလုပ်လုပ်ခဲ့တဲ့မိသားစုဖြစ်တယ်လို့ ပန်းချီစိုးမိုးကသိသူက​ပြောပါတယ် ။

"သူသမီးကဆန္ဒပြတဲ့သူ​တွေကိုနာမည်လိပ်စာနဲ့မှတ်ထားပြီးသူနဲ့မတည့်တဲ့သူ​တွေကိုသ
တင်း​ပေးပြီးလိုက်ဖမ်းခိုင်းဖူးတယ်။မိသားစုလိုက်ယုတ်မာတာ"လို့ ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ် ။

ပန်းချီစိုးမိုးမှာ ​မြေးအမျိုးသားတစ်ဦး ၊အမျိုးသမီးတဦးရှိပြီးသူတို့ကို​တော့ စစ်မှုမထမ်းခိုင်းဘဲ နိုင်ငံခြားပို့ထားတာဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိကြောင်း၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာ နာမည်ကျော်အနုပညာရှင်တွေကအစ စစ်မှုထမ်းနေရကြောင်း ပန်းချီစိုးမိုးက ပြောပါ​သေးတယ်။

"ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။ ဟိုးအရင်ခေတ်တုန်းကဆိုရင် ခေတ်ဟောင်းမင်းသား Presley နာမည်ကြီးတဲ့ မင်းသားဆိုလည်း စစ်မှုထမ်းသွားရတာပဲ။ ကိုရီးယားမှာလည်း နာမည်ကြီးမင်းသားမင်းသမီး စစ်မှုထမ်းသွားရတာပဲ။ ဒါမထူးဆန်းဘူး။ ဒီအပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်"လို့ ၎င်းက ပြောပါတယ်။

သို့သော် လက်ရှိအချိန်ထိ ရုပ်ရှင်၊ သဘင်၊ ဂီတလောကက ဘယ်အနုပညာရှင်မှ စစ်မှု
ထမ်းရတာမရှိသေးကြောင်း သိရပါတယ်။

"မြေးတွေမြစ်တွေတော့ရှိမှာပေါ့။ ထမ်းခိုင်းလိုက်ပါလား စစ်တပ်အတွက်အကျိုးရှိသွားမှာပေါ့။ ပြီးတော့အနုပညာရှင်ဆိုတဲ့ကောင်တွေကိုလဲထမ်းဖို့တိုက်တွန်းပါလား။ ပိုလို့တောင်အကျိုးရှိဦးမယ်"လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ပန်းချီစိုးမိုးရဲ့ ပြောကြားချက်နဲ့ပတ်သတ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟကလည်း လက်ရှိမှာ ပန်းချီစိုးမိုးဟာ ရုပ်ရှင်အစည်းအရုံးမှာ တာဝန်ရှိတဲ့ လူကြီးတစ်ဦးဖြစ်တဲ့အတွက် အစည်းအရုံးအနေနဲ့ နိုင်ငံကျော် နာမည်ကြီး အနုပညာရှင်တွေ စစ်မှုမထမ်းမနေရ သို့မ
ဟုတ် စစ်မှုထမ်းပြီးမှသာ ရုပ်ရှင်ရိုက်ကူးခွင့်ပြုမယ်လို့ တရားဝင် စာထုတ်ပြန်ပေးဖို့တုံ့ပြန်ပါတယ်။

"အခု ဒီအင်တာဗျူးထဲမှာပြောသလို နိုင်ငံ
ကျော် နာမည်ကြီး သရုပ်ဆောင်တွေတောင်
စစ်မှူထမ်းရတယ်၊ ဒါကို ဂုဏ်ယူရမယ့်အစား ကြောက်နေကြတယ် ဆိုရင်အစည်းအရုံးကနေ နိုင်ငံကျော် နာမည်ကြီးတွေ စစ်မှု မထမ်းမနေရ ဆိုပြီး စာထုတ်ကြည့်လိုက်ပါ။ စစ်မှူထမ်း ပြီးမှ ရိုက်ကူးခွင့်ပြုမယ်လို့ စာထုတ်ကြည့်လိုက်။ အဲဒီမှာ နာမည်ကြီး နိုင်ငံကျော် တွေက အန်ကယ့်မျက်နှာကို ဘယ်ဟာ နဲ့ ထိုး ကြမလဲဆိုတာ လက်တွေ့သိပါလိမ့်မယ်။ ကိုယ်လွတ်တိုင်း ဖားပြီးမပြောပါနဲ့"လို့ သူက လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ပန်းချီစိုးမိုးက "လူတွေရဲ့မလိုလားအပ်တဲ့ လူတွေရဲ့အသိဉာဏ်သေးသိမ်တာပေါ့။လူတချို့ရဲ့ အသိဉာဏ်သေးသိမ်မှုကြောင့် အမြင်လွဲတာပေါ့။ စစ်မှုထမ်းခြင်းသည်ဘာမှမကောင်းစရာအ​ကြောင်းမရှိဘူး။ နိုင်ငံ့တာဝန်ကျေသွားတာပေါ့။ နှစ်နှစ်တာကာလ ဘာမှမကြာလိုက်ဘူး"လို့ဆိုခဲ့တာပါ။
20🤮18🤬4😁3🤣2👏1💩1
ပန်းချီစိုးမိုးရဲ့​ပြောကြားချက်အ​ပေါ်စစ်ကိုင်း
တိုင်း သပိတ်အင်အားစုမှကိုရှင်းသန့်ကလည်း"ဒါရိုက်တာပန်းချီစိုးမိုးဆိုတာကတော့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖိနပ်ကို လျှာနဲ့ခဏခဏယပ်နေတဲ့သူ ဖြစ်တဲ့အတွက် ဒီလိုစကားမျိုး ထွက်လာတာတော့ မဆန်းဘူးပေါ့နော်။မတရားစစ်မှူထမ်းဥပဒေဆိုတာက တိုင်း
ပြည်ကို ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ မင်းအောင်
လှိုင်နဲ့ အပေါင်းအပါတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်တဲ့အတွက် မတရားစစ်မှုထမ်းဥပဒေကိုဘယ်လိုမှလက်ခံနိုင်စရာ အ
ကြောင်းမရှိဘူး။ ပြီးတော့ မင်းအောင်လှိုင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့အာ
ဏာကို မတရားသိမ်းထားတာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုအဆင့်ပဲ ရှိတယ်။ ဓါးပြအဆင့်ပဲရှိတယ်။ ဒါမျိုးတွေကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုအကြောင်းပြချက်နဲ့မှ လက်ခံလို့မရဘူးဆိုတာတော့ အားလုံးသိအောင်ပြောချင်ပါတယ်"လို့ တုံ့ပြန်ပါတယ်။
တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” အမည်ရှိ ဝါဒဖြန့်ဇာတ်လမ်းတိုဟာ စစ်မှုထမ်း ဝါဒဖြန့် ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးထားတာဖြစ်ပါတယ်။

ပန်းချီစိုးမိုးဟာ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကားအပါအဝင် စစ်တပ် ဝါဒဖြန့်ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ အများအပြားရိုက်
ကူးခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းကာလ ၂၀၂၃ ခုနှစ်မှာပဲ ရုပ်ရှင်တစ်သက်တာဆုကို ရရှိခဲ့ပါတယ်။


#ပန်းချီစိုးမိုး #စစ်မှုထမ်း #ရုပ်ရှင်လောာက
#peoplesspring #ludunwayoo
🤮2216👍4😁3🤣2🔥1👏1
ဒါရိုက်တာပန်းချီစိုးမိုးရဲ့ သမီး ၊သားမက်၊​မြေးနှစ်ဦး /အာဏာသိမ်း​ခေါင်း​ဆောင်မိသားစုနဲ့ရင်းနှီးတဲ့ခရိုနီလက်သစ် နိုင်ဖြိုး​​ကျော် ၊ဝတ်မှုန်​ရွှေရည် တို့ကိုပန်းချီစိုးမိုးနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ-File photo
🤮40🖕194👍2🤣2🔥1👏1