“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(စက်တင်ဘာ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဗန်းမော်ကပြန်ဆင်းလာတဲ့ စစ်တပ်သင်္ဘော ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် ဒီနေ့မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ဗန်းမော်မြို့ရှိ သင်္ဘောတွေနဲ့ စက်တင်ဘာ ၁၃ရက် မနေ့က ထပ်မံ စုန်ဆင်းလာချိန်မှာ တိုက်ခိုက်ခံရပြီး သင်္ဘောအချို့ နစ်မြုပ်မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၁၃ရက်မနေ့ က တိုက်ခိုက်ခံရတဲ့ သင်္ဘော ၆စီး ရှိပြီး အဲဒီထဲက ၃စီး နစ်မြုပ်ကာ ၁စီးပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်က ဆင်းလာတဲ့ သင်္ဘော ၁စီး ဒီနေ့ မနက်ပိုင်းမှာ ဇင်းဘုံနားမှာ မြုပ်သွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဒီမနက် တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ မနေ့က တိုက်ခိုက်ခံရလို့ စက်ပျက်ပြီး မျောလာတဲ့ သင်္ဘောဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီသင်္ဘောဟာ ဒီမနက်တိုက်ခိုက်မှုကြောင့် ရေယာဉ် တိုက်ရိုက်ထိမှန်ကာ မီးလောင်နစ်မြုပ်သွားတာလို့ ဆိုပါတယ်။ လတ်တလောမှာ စစ်သင်္ဘောတွေ ဖြတ်သန်းရာ ဗန်းမော်မြို့နယ် စင်းခန်းဒေသမှာ မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။
◾️ကောင်ဂျာယန်မှာ စစ်သုံ့ပန်း ၃၀ ကျော်ကို KIA ဖမ်းမိ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပြုတ်ပြီး အရှင်ဖမ်းမိသူ ၃၀ကျော်ရှိလာတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ထိုးစစ်ဆင်လာလို့ ကောင်ဂျာယန်ဒေသမှာ စက်တင်ဘာ ၁၂ရက်ကတည်းက တိုက်ပွဲစတင်ခဲ့ရာ စက်တင်ဘာ ၁၃ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ KIA ပူးပေါင်းတပ်က စက်တင်ဘာ ၁၄ရက် ဒီနေ့ မနက်အထိ လိုက်လံရှင်းလင်းရာ စစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ အရှင်ဖမ်းမိတာတွေ ရှိခဲ့တာပါ။ ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ ကောင်ဂျာယန်ဘက်ကို ထိုးတဲ့ စစ်တပ်တဲ့ စစ်ကြောင်းတကြောင်းလုံးပြုတ်သွားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က သေဆုံးတာ လေးဆယ်ကျော်၊ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိတာ ၃၀ကျော်သွားပြီလို့ ဆိုပါတယ်။
◾️ချောင်းဦးနယ်မှာ စစ်တပ်က အရပ်သား ၆ဦးထက်မနည်း သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ဩဂုတ်၂၉ ရက်ကစပြီး စက်တင်ဘာ ၁၂ ရက်အထိ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်က ခင်မွန်ရွာကတဆင့် ချောင်းဦးမြို့အနောက်ခြမ်း ကျေးရွာတွေကို ၂ပတ်နီးပါးကြာ စစ်တပ်က စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရတာရှိပြီး လက်ရှိ တွေ့ထားတာက ၅ဦးကနေ ၆ဦးအထိ ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ရွာပြင်နဲ့နီးစပ်ရာ လယ်တဲမှာရှောင်နေကြသူတွေ စစ်တပ် စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံကြရတာလို့ အဲဒီသတင်းရင်းမြစ်က ရှင်းပြပါတယ်။
◾️မင်းတုန်းမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တွေအပါအ၀င်ပြည်သူ ၆ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်က ဇွန်းကျကျေးရွာမှာ မနေ့က စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ သရက်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ(စက်တပ်လေထီး) ၃စီးနဲ့ ဗုံး ၈ လုံးကြဲချတိုက်ခိုက်မှုကြောင့် အသက်(၇၀)အရွယ် ဒေါ်ပစာ၊မခင်ဝေဇင်မိုး အသက် (၁၇)နှစ်၊မနွယ်နွယ်ဝင်း အသက် (၂၅)နှစ် ၊ မထက်သဇင်လှိုင် အသက် (၁၁)နှစ် ၊မငုဝါလှိုင် အသက် (၁၀)နှစ် နဲ့ မောင်ကောင်းထက်ကျော် အသက် (၁၅)နှစ် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် မမာလာ ၊ မောင်မင်းထက်ဦး၊ မောင်ချစ်မဝ ၊မမြမှုးမေနဲ့ မသင်းသင်းလှိုင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ အပြစ်မဲ့အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုများ ကျူးလွန်တာလို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ဆိုပါတယ်။
◾️မြိုင်မြို့နယ်က ရေနံမှော်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

🤬19❤3🖕2👍1👏1🤮1🤣1
မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ Well-2 ဒေသအခေါ် ဝဲလ်ဝမ်းနဲ့ ဝဲလ်တူးရေနံမှော်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ တစ်ရက်ကို ရေနံစည် ထောင်ဂဏန်း၀န်းကျင်ထွက်တဲ့ အဲဒီ ရေနံမှော်တွေထဲက လုပ်ကွက်တွေနဲ့ အနီးဆုံး တဲကြီးကျေးရွာမှာ ရက်၂၀ကြာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ရေနံတွင်းလုပ်ကွက်တွေကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ မီးရှို့တာတွေ လုပ်နေတာလို့ ဆိုပါတယ်။ စစ်ကြောင်းကတော့ ရေနံမြေကို မရမက ဖျက်မယ်လို့ ယူဆကြောင်း မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ စစ်တပ်စစ်ကြောင်း အတော်အထိနာနေတယ်လို့ အဲဒီမြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
◾️SNAစစ်ဆေးရေးဂိတ် ဗုံးကွဲပြီး ၅ဦး သေဆုံး
ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၀ရက် ညက ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်က သတင်းမထွက်အောင် ဖုံးထားတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ SNA တပ်သားအချင်းချင်း ရန်ဖြစ်ရာကနေ လက်ပစ်ဗုံးခွဲပစ်လို့ ၅ဦး ပွဲချင်းပြီး သေဆုံးကာ ၂ဦးကို မြစ်ကြီးနားဆေးရုံပို့ရတယ်လို့ အင်းတော်ကြီးမြို့ ထွေအုပ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ နောက်ထပ်ဒေသခံတစ်ဦးကလည်း ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ မိုင်းနောင်သားနဲ့ လုံးတုံးသား အချင်းချင်း လက်ပစ်ဗုံးအတူ ခွဲစားကြတယ်လို့ လူမှုကွန်ရက်ပေါ်တင်ပြီး နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။ အဲဒီသတင်းကို စစ်တပ်ကရော SNA ကပါ သတင်းကို လိုက်ပိတ်နေပြီး လူမှုကွန်ရက်ပေါ်တင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေရှိနေကြောင်း မိုင်းနောင်ရွာသားတစ်ဦးက ပြောပါတယ်။
◾️စစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AAထုတ်ပြန်
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၄ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျိန္တလီနဲ့ ဆမီးမြို့တွေက အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေကို တိုက်လေယာဉ်၊ စက်သေနတ်၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ဘေး ရှောင်တွေအပါအဝင် အမျိုးသမီး နှစ်ဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက်က ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီး ဝန်းကျင်ကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဂူဝဘုရားကို စစ်တပ်က လေကြောင်းက နေဗုံးကြဲလို့ ဘုရားဆင်းတုတော်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
◾️နန်းမယ်ခုံမြို့အနီးကို စစ်တပ် ပစ်ခတ်တိုက်ခိုက်နေ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းကတည်းက နန်းမယ်ခုံမြို့အနီးက ကျေးရွာတွေကို ဒရုန်း၊လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် ညပိုင်းအထိ ဒရုန်းတွေ ပျံဝဲနေဆဲလို့ ဆိုပါတယ်။ သာယပ်ရွာက သတ်လတ်ပိုင်းအမျိုးသားတစ်ဦး ဒရုန်းထိပြီး သေဆုံးသလို နောက်နှစ်ဦးလည်း ဒဏ်ရာရတယ်လို့ ကြားသိရကြောင်း ဒီးမော့ဆိုမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မိုးဗြဲမြို့ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း ကရင်နီတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
◾️စစ်တပ်လက်နက်ကြီးကြောင့် စဉ့်ကူးက စစ်ရှောင်လင်မယားနှစ်ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိ ကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၄ရက် မနက် ၉ နာရီကျော်မှာ ကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာရဲ့ အနောက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။ အဲဒီလက်နက်ကြီးဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရွာသာရွာရဲ့ မြောက်ဘက်ကိုကျပြီး စစ်ရှောင် လင်မယားနှစ်ဦး ထိမှန်ခဲ့တာလို့သိရပါတယ်။ လက်နက်ကြီး ထိမှန်သူတွေဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ ကြက်တူရွေးရွာကဖြစ်ပြီး စစ်ရှောင်ရင်းအလုပ်လုပ်နေတုန်းမှာ လက်နက်ကြီးကျည် ထိခဲ့တာဖြစ်ပါတယ်။
◾️ရန်ကုန်မှာ ၂ပတ်အတွင်း ဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော်ရှိ

🤬19👍2🖕2🤮1🤣1
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Rangoon Scout Network-RSN ရဲ့ဖော်ပြချက်တွေအရ စက်တင်ဘာ ၁ ရက်ကနေ ၁၃ ရက်အတွင်း မတရားဖမ်းဆီးခံရသူ ၉၂ ဦးရှိတယ်လို့ သိရပါတယ်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်အင်းစိန် ၊ကမာရွတ်၊ တာမွေ၊ လှိုင်သာယာ ၊သန်လျင်၊ သာကေတ၊ တာမွေ၊ တောင်ဒဂုံ၊ ပုဇွန်တောင်နဲ့ လသာမြို့နယ်တွေမှာ ဖမ်းဆီးပေါ်တာဆွဲမှုတွေပြုလုပ်ခဲ့တာလို့ RSN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူအများစုက လမ်းမပေါ်မှာသွားလာနေစဉ် ဖမ်းဆီးခံရသူ ၈၂ ဦးရှိပြီး ရှောင်တခင်စစ်တာ ၊ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးတာ ၁၀ ဦးရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေက သတင်းရရှိတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ အခုအရေအတွက်ထက်ပိုများနိုင်တယ်လို့ ဒေသခံကင်းထောက် အဖွဲ့တွေက ပြောထားပါတယ်။
◾️စစ်ကိုင်းမှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့၊ အမှတ်(၁၆)ရဲတပ်ရင်း အနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တပ်မ(၃၃) သွားတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၁စီး ပျက်စီးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီ ပျက်စီးသွားတဲ့ ကားကို ကရိန်းနဲ့ လာဆွဲချိန်မှာလည်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး လမ်းကို အချိန်အတန်ကြာ ပိတ်ထားခဲ့ပါတယ်။ စစ်သားတွေက ကားပေါ်ကဆင်းပြီး ရမ်းသမ်းပစ်ခတ်ရင်း အသင့်ပြင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာတာမို့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီဖြစ်စဉ်တွေအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ဦး သေဆုံးကာ နောက်တစ်ဦး ခြေထောက် သေနတ်မှန် ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
◾️စက်တင်ဘာ ပထမပတ်အတွင်း အလင်းဝင်လက်နက်ချတဲ့ စစ်သား ၁၂၈ဦးရှိ
အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းတိုင်က အပတ်စဉ်တက်ဆက်နေတဲ့ စကစရဲ့ ပြေးဟပရောဂျက် ယခုတပတ် အစီအစဉ် ဖော်ပြချက်မှာ စက်တင်ဘာ ပထမပတ်အတွင်း အလင်းဝင်ရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို အသိပေးထားတာပါ။ အလင်းဝင် လက်နက်ချ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှု အခြေအနေကိုလည်း ဖော်ပြထားရာ စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၁၂၈ဦးအနက် ၁၂၁ဦးဟာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာဖြစ်ပြီး ၇ဦးက အလင်းဝင်ပူးပေါင်းလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
◾️စစ်ကိုင်းမှာ ရာသီဥတု ပူပြင်းမှုကြောင့် စစ်ရှောင်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရ
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လတ်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ဘေးသင့်ဒေသတွေမှာ စက်တင်ဘာ ဒုတိယပတ်အတွင်း နေ့ခင်းပိုင်းမှာ အပူချိန်တွေမြင့်မားနေပြီး စစ်ဘေးရှောင်တွေဟာ ယာယီတဲတွေမှာ အပူဒဏ်ကို ပြင်းထန်စွာ ခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အာဏာသိမ်း စစ်တပ် မီးရှို့လို့ မီးလောင်ကျွမ်းထားတဲ့ ရွာတွေမှာ သစ်ပင်ကြီးတွေပါ မီးထဲပါသွားခဲ့လို့ ရွာအတွင်း အရိပ်အာဝါသ မရှိတော့ဘဲ ဖြစ်နေကြောင်း၊ ဒါ့ကြောင့် ရွာပြန်နေသူအချို့မှာ အရိပ်မရှိတဲ့ကြားက အိမ်တွေ အသစ်ပြန်လည် ဆောက်လုပ်နေကြရသလို အချို့မှာလည်း သစ်ပင်ရိပ်တွေနဲ့ ယာယီတဲတွေမှာ အဆင်ပြေသလို နေထိုင်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။
◾️ရန်ကုန် မြို့နယ်လေးခုမှာ လေပြင်းကြောင့် သစ်ပင်တွေလဲ
ရန်ကုန်မြို့မှာ ဒီနေ့ စက်တင်ဘာ ၁၄ရက် နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာ သစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေ့လယ် ၂နာရီကျော်မှာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ကား ၂စီးပေါ် သစ်ပင်လဲကျခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ လှည်းတန်းလမ်းဆုံ အနီးမှာဖြစ်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားခဲ့ပြီး ကမာရွတ်မြို့နယ်မီးသတ်စခန်းက ရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ သစ်ပင်လဲကျမှုတွေဖြစ်နေပြီး လေပြင်းတိုက်ချိန်နဲ့ မိုးရွာချိန်တွေမှာ သစ်ပင်ရှိတဲ့လမ်းတွေကို ရှောင်သင့်ကြောင်း ပြည်သူ အချင်းချင်းသတိပေးထားကြပါတယ်။

😢16👍5🤮2❤1🤣1🖕1
◾️ဦးကျော်မိုးထွန်းကို ကုလမှာ ဆက်အသိအမှတ်ပြုရေး ဩစတြေးလျရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကိုစက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဩစတြေးလျရောက် မြန်မာတွေက ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားပြုမှု ဆက်လက်အသိအမှတ်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ကင်မ်အဲရစ် ဦးဆောင်ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Free Her Campaign ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

👍30❤5🖕2🤮1🤣1
AAက စစ်တွေမှာစစ်တပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင်
“တိုက်ပွဲပုံစံပြောင်းသွားပြီ။စစ်တပ် စစ်
ကြောင်းတွေကတော့ဒီအတိုင်းရပ်နေတယ်။ ကိုယ့်ဘက်ကလည်းကိုယ့်လမ်းကြောင်းနဲ့ကိုယ် စစ်တပ်စခန်းတွေကိုသီးသန့်တန်ပြန်
ထိုးစစ်ဆင်နေတယ်" -AAနဲ့နီးစပ်တဲ့စစ်ရေးရင်းမြစ်
စက်တင်ဘာ-၁၄၊၂၀၂၆။ခိုင်မြတ်/People's Spring
၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အ
မြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ပါဒလိတ်တပ်ရင်အနီးရှိအမြင့်ကျွန်းရွာဝန်းကျင်၊ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)၊ကျားမသောက်တပ်ရင်းတို့အနီး တောကန်ရွာဝန်း
ကျင် နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်စခန်းတွေကိုအာရက္ခတပ်တော်တိုက်ခိုက်နေတာဖြစ်ပါတယ် ။ဒီနေ့(စက်တင်ဘာ-၁၄)တနေ့လုံးနီးပါးတိုက်ပွဲပြင်းကာ စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူအများအပြားရှိ နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲပုံစံပြောင်းသွားပြီ။စစ်တပ်စစ်

ထိုးစစ်ဆင်နေတယ်။အရင်ကတိုက်လက်စနေရာတွေမှာဆက်ပြီးထိုးနေတာ။တိုက်ပွဲပြင်းနေတယ်”လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
AA ရဲ့တန်ပြန်ထိုးစစ်တိုက်ပွဲတွေအတွင်းမှာ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းက စစ်
တပ်ဘက်က တစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ “တောကန်နဲ့ ကံ့ကော်ကျွန်းဘက်မှာတဆယ်ကျော်လောက်ရလိုက်တယ်။ အမြင့်ကျွန်းဘက်မှာတော့ ရှေ့တိုးမလာနိုင်အောင်တားထားတဲ့သဘောလောက်ပဲ၊ တိုက်ပွဲသိပ်မပြင်းဘူး”လို့AA နဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်နဲ့အစပ် စစ်တွေမြို့နယ် ဝါဘိုကျွန်းအနီးဝန်းကျင်ဘက်မှာတော့ အင်
အားဖြည့်ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်
ကြောင်းတခုကျန်နေပြီး အဲဒီစစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရွှေ
မင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာဘက်သို့ တစ်ကြောင်း၊ ဝါဘိုကျွန်း၊ မြစ်နာရွာဘက်သို့ တစ်ကြောင်း၊ စစ်
ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေခဲ့တာပါ။
အဲဒီစစ်ကြောင်းနှစ်ကြောင်းထဲက ခမောင်းတောရွာဘက် စစ်ကြောင်းဟာ ဆယ်ချီသေ
ဆုံးထိခိုက်ပြီး ရဲရိုးပြင်ရွာနား ထိ နောက်ပြန်ဆုတ်သွားခဲ့ရကာ မြစ်နားရွာအနီးစစ်ကြောင်းတစ်ခုပဲ ကျန်နေတော့တယ်လို့ မြေပြင်သ
တင်းရင်းမြစ် တွေက ပြောကြပါတယ်။
အဲဒီလို တိုက်ပွဲပြင်းနေချိန် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကို လေကြောင်းတိုက်
ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးစက်တင်ဘာ ၁၄ညနေပိုင်းမှာလည်း ပေါက်တောမြို့နယ်ဘက်ခြမ်းကို ဗုံး ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့တရက်တည်းမှာလေယာဉ်ငါးစီး၊ ခြောက်စီးရှိပြီလာတာ။ အစပ်တွေကို ကြဲတယ်။ ပေါက်တော ဆံတော်ရှင် ကျွန်းကိုလည်း အခု ကြဲနေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ဒီနေ့ ညနေ လေးနာရီဝန်းကျင်မှာ ပြော ပါတယ်။
အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ်၊အမြင့်ကျွန်း၊ ရွှေမင်းဂံတို့ကနေ အင်အား ထောင်ဂဏန်းနဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ အမြင့်ကျွန်းဘက် စစ်ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲအထိနာနောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။
အဲဒီလို နောက်ပြန်ဆုတ်သွားခဲ့စစ်တပ်စစ်
ကြောင်းတွေကို AA က လိုက်တိုက်သလို နောက်ထပ် တောကန်၊ ကံ့ကော် ကျွန်းတို့ဘက်မှာလည်း စစ်ကြောင်းသစ်ထိုးကာ တန်ပြန်ထိုးစစ်လုပ်နေတာပါ။
“စစ်တပ်က ပုဏ္ဏားကျွန်းဘက်ခြမ်းမှာ စစ်ကျွံသွားတာပေ့ါ။အဲဒါ ပြန်ဆုတ်ဖို့ မလွယ်တော့ဘူး။လက်နက်ချရင်ချ၊မချရင် သေဖို့ပဲ ရှိမှာ။ AA ကလည်းစစ်တွေဘက် ဒကစနားထိ နဂိုကတည်းက လမ်းကြောင်းပေါက်ပြီးသား၊ ပြင်းပြင်းထန်ထန်မတိုက်လို့ပဲ ငြိမ်နေတာ။ အခုအတိုင်းဆိုရင် AA က ထိုးစစ်ကို အရှိန်မြင့်လာမယ်ထင်တယ်။ ဒကစနားတွေမှာ တိုက်ပွဲတွေ ပိုပြင်းလာနိုင်တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့ လာသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေတစ်ပါတ်ကျော်အထိ AA စခန်းတစ်ခုမှမသိမ်းနိုင်ခဲ့သလို ၊စစ်တွေစစ်မျက်နှာမှာပဲ စစ်တပ်က သေဆုံးရသူ နှစ်ရာကျော်ထိ ရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း စစ် တပ်ဘက်က အထိနာနေတယ်လို့ သတင်းရရှိပါတယ်။
#အာရက္ခတပ်တော် #AA
#စစ်တွေ #ကျောက်ဖြူ #တန်ပြန်ထိုးစစ်
#peoplesspring #လူထုနွေဦး

❤43👏18👍5🥰4😁3🤣2🖕2
အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတက်ရောက်
စက်တင်ဘာ-၁၅၊ ၂၀၂၆။ People’s Spring
ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ ထုတ်ပြန်အပြီး တစ်ရက်အကြာ မနေ့က တနင်္လာနေ့မှာ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိတဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် ကွယ်လွန် နတ်ရွာစံခြင်းအတွက် သူ့ကိုအောက်မေ့လွမ်းဆွတ်တဲ့ အခမ်းအနားကို မနေ့ မနက်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိက ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံး ထိပ်တန်းတာဝန်ရှိသူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်စား တက်ရောက်ကာ အောက်မေ့ဖွယ်စကား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂရှိ သက်ဆိုင်ရာ ဒေသအုပ်စုများရဲ့ အလှည့်ကျဥက္ကဋ္ဌများကလည်း ပါဝင်တက်ရောက်ကာ အမှတ်တရ အောက်မေ့ဖွယ်စကားများ ပြောကြားခဲ့ကြတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းမှာ ဘုရင်ကြီးအနေနဲ့ မင်းစံသက် (၃၅) နှစ်တာကာလတွင် စည်းလုံးညီညွတ်မှု၊ ကရုဏာတရား ထားရှိမှုနဲ့ ဂုဏ်သိက္ခာပြည့်ဝမှုတို့ရဲ့ မီးပြတိုက်တစ်ခု ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြောင်း ထည့်သွင်းပြောကြားပါတယ်။ နောက်ပြီး ဘုရင်ကြီးဟာ မင်းစံသက်တစ်လျှောက်မှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စဉ်ဆက် မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိကဝတ်ထားကာ ကြိုးပမ်းအားထုတ်ခဲ့တဲ့ လုပ်ဆောင်ချက်များကြောင့် ဥရောပဒေသ နယ်နိမိတ်များကို ကျော်လွန်ကာ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများရဲ့ နှလုံးသားကိုပင် လှုပ်ခတ်နိုင်ခဲ့တဲ့ လေးစားဖွယ် ဘုရင်တစ်ပါး ဖြစ်ခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားပါတယ်။
ဒါ့အပြင် နော်ဝေဘုရင်ကြီးဟာ အလွှာပေါင်းစုံမှာ ရှိတဲ့ ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံခြင်းနဲ့ အမြဲတစေ နှိမ့်ချဆက်ဆံခြင်းတို့ကို ပေါင်းစပ်ထားတဲ့ ထူးကဲသော စွမ်းရည်များကြောင့် ခေတ်သစ်တော်ဝင်စနစ်ကို အမျိုးသားရေး စိတ်သက်သာရာရမှုနဲ့ ကြံ့ကြံ့ခံနိုင်မှုတို့ရဲ့ တည်တံ့ ခိုင်မြဲသော သင်္ကေတအဖြစ် ပြောင်းလဲ ပုံဖော်နိုင်ခဲ့ကြောင်းလည်း သံအမတ်ကြီးက သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လက်ရှိ ကျင်းပနေတဲ့ (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သလို ကုလသမဂ္ဂရဲ့ ပင်မကော်မတီနဲ့ ဆက်စပ်အစည်းအဝေးတွေမှာလည်း တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက လူထုနွေဦးကို ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့နှစ် (၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလတလျှောက်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ မိန့်ခွန်းပေါင်း ၈၀ ကျော်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

❤52👍14🥰6👏3🤣2😁1🖕1